(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သောချစ်ခြင်း♥️)
“ချ လွင်.လွင်.လွင်”
“ဟဲ့ ...မနက်စောစော အိမ်ရှေ့ကဘယ်သူပါလိမ့်”
မနက်စာအတွက် ပြင်ဆင်နေရာမှ အိမ်ရှေ့သို့ ခေါင်းလေးစန့်ခါ ကြည့်ရင်းပြောလိုက်သူက ကြီးဝေပင်....
“ဟီး ....ကြီးကြီးဝေ”
ဟောတွေ့ပါပြီ ရွာပြန်သွားပြီး တော်တော်နဲ့ ပေါ်မလာတဲ့ သူမ...
“အမလေး မိကြူ ပေါ်လာသေးတယ်နော်...ညီးကို ငါကပြန်မလာတော့ဘူးကို ထင်နေတာ”
“ဟာကြီးဝေကလဲ ဦးလေးသော်ကို သမီး ၁ကြာမယ် လို့ပြောခဲ့တယ်လေ”
“အမလေး ဟုတ်ပါပြီအေ လာလာဝင်ဝင်”
“ဟဲ့....များလှကြည်လား အထုတ်ကြီးအထုတ်ငယ်တွေနဲ့ ဘာတွေများလဲ”
“ဟော်....ဒါလား..ရွာက မြို့အပြန်လက်ဆောင်ဆိုပြီး ပေးလိုက်တာလေ ဟီး...ဘူးသီး/ခရမ်းသီး/ဖရဲသီး/ရွာထွက်ပစ္စည်းလေးတွေ စုံနေအောင်ပဲ ပေးလွှတ်လိုက်တယ်”
“အမလေးဟယ် ...လာပါ လာပါ ငါကူသယ်ပေးပါ့မယ် “
“ဟီး...ဖြည်းဖြည်းနော် ကြီးကြီးဝေ တော်ကြာ ခါးနာနေလို့ သမီးဆေးလိမ်းပေးနေရမှဖြင့်”
“ဟဲ့...ညီးပစ္စည်းတွေကူသယ်ပေးလို့ နာတာလေ ဒီလောက်တော့ ပြန်လုပ်ပေးရမှာပေါ့”
“ဟီး ...ဟုတ်ပါတယ် သမီးက ကြီးကြီးဝေကို ချစ်လို့စတာပါ”
“ကဲလာပါအေ...အထဲဝင်ကြစို့ ငါမနက်စာပြင်ပေးနေတာ အခုထိမပြီးသေးဘူး ညီးအကိုလေးချိန်း ဆင်းလာရင် မပြီးသေးလို့ ရစ်ခံနေရဦးမယ် လာလာ”
ခေါင်းလေးတစ်ဆက်ဆက် ညိမ့်ခါ အိမ်ထဲသို့ ဝင်ခဲ့ကြတော့သည်။
အထုတ်ကြီး အထုတ်ငယ်များကို သေချာနေရာတကျ ဖြစ်အောင်ထားခါ နှစ်ဦးသာ မနက်စာအတွက်ပြင်ဆင် ကြသည်..။
“ကြီးဝေ...”
“ဟော...သမီးလေးပိုး ဆင်းလာပြီ ...လာ လာ မိကြူ ငါညီးကို မိတ်ဆက်ပေးမယ်”
“ဟုတ်ကဲ့ ကြီးကြီးဝေ”
ကြီးဝေအနောက်မှ ကပ်ပါလာခဲ့တဲ့ ကျစ်ဆံမြီး နှစ်ဖက်ကျစ်နဲ့ သူမ...
ပိုးနဲ့ အသက်ရွယ်တူသယောင်ရှိပြီး အမှန်က ပိုးက သူ့ထက် ၂နှစ်ကြီးသည်။
“ဟို ...သမီးလေးပိုး ...ဒါက ရွာပြန်သွားတဲ့ ခလေးမ ကြူကြူမွှေးတဲ့”
“ဪ ...ဟုတ်ကဲ့ ကြီးဝေ”
ပိုးအား ပြူးပြူးလေးကြည့်ခါ ကြက်သေသေနေသော သူမကြောင့်
ကြီးဝေက တံတောင်နဲ့တွတ် လိုက်ပြီး...
“ဟဲ့ ...ခလေးမ ဘာကြည့်နေ နုတ်ဆက်လိုက်လေ ဒါ သူဌေးခေါ်လာတဲ့ သူဌေးရဲ့ကျေးဇူးရှင် နာမည်က ပိုးသားကျူးတဲ့”
ပိုးဟာ သိပ်လှသူလေးမို့ မိန်းမချင်းပင် မှင်သက်နေမိသည်။
“ရှ ...ရှင်..ဪ ..ဟီးဟီး မမလေးက အတော်လှတော့ ငေးကြည့်နေမိတာပါတော့် ကြီးကြီးဝေကလဲ”
ဟုတ်..ဟုတ်ကဲ့ ကျွန်မနာမည် ကြူကြူမွှေးပါ မမလေး လိုတာရှိခိုင်းပါနော် အားမနာပါနဲ့ ကြူအဆင်သင့်ပါပဲ”
“အင်း...ကျေးဇူးပါ...ဒါနဲ့ အသက်က?”
“၂၀ပါရှင့် “
“ဪ ပိုးထက် ငယ်တာပဲ”
“ဟုတ်ကဲ့မမလေး”
ပိုးသွားထက်လေးပေါ်အောင်ထိ ပြုံးလိုက်မိရင်း ကြီးဝေဘက်သို့လှည့်ခါ
“ကြီးဝေ သမီးဘာကူပေးရဦးမလဲ”
“အကုန်ပြီးပြီ သမီးလေး အားလုံးအဆင်သင့်ပဲ”
ပိုးအား ငေးကြည့်နေသည့် မိကြူအား တံတောင်ဖြင့်တွက်လိုက်ခါ ပြောလိုက်သူက ကြီးဝေ...
“ဟဲ့...ဒီမှာ ဘာရပ်လုပ်နေတာလဲ နေ့လယ် ချက်ဖို့ ပုစွန်တွေကိုင်စရာရှိတယ်လေ သွား..အဲ့ဒါသွားလုပ်ထားကြည်”
“ဟုတ်ကဲ့ ကြီးကြီးဝေ”
မဆိုင်းမတွလေး ခပ်သွက်သွက်ပြေးဝင်သွားတဲ့ မိကြူကို ပိုးကြည့်ခါ သဘောကျမိသည်
သွက်သွက်လက်လက်ရှိပြီး စကားပြောတာလေးကလဲ ပွင့်လင်းသည်
“သမီးလေး စားတော့မလား ကြီးဝေပြင်လိုက်ရမလား”
“ဟင့်အင်း ကြီးဝေ အကိုဆင်းလာတော့မှပဲ စားလိုက်မယ် မဟုတ်ရင် သူ့ထက်အရင် စားလို့ ပြောဆိုနေပါ့မယ်”
“အေး ဒါလဲဟုတ်တာပဲကွယ်”
“ဒါနဲ့ကြီးဝေ...”
“ဟေ ပြောလေ သမီး”
“ဟို ဒီအိမ်မှာ ဘာလို့ ယောကျာ်းလေး အလုပ်သမား မထားတာလဲဟင်
ခြံရှေ့က ပန်းပင်လေးတွေ ညနေဆို ကြီးဝေကြည် ရေလောင်း ပေါင်းသင်လုပ်နေရတာ...
ကြီးဝေလဲ အသက်ရွယ် ရနေပြီဆိုတော့ ပင်ပန်းအားကြီးတာပေါ့
စျေးသွားရင်လဲ လိုက်ပို့မယ့်သူမရှိဘူး”
“ဪ ကြီးဝေအတွက် ဒါတွေက ပင်ပန်းစရာမရှိပါဘူး ပန်းပင်လေးတွေစိုက်ရတာ ကြီးဝေဝါသနာပါတော့ ပင်ပန်းတယ်လို့ကိုး မထင်ဘူး အဟင်း
နောက်ပြီး စျေးက အိမ်နဲ့ နီးပါတယ်သမီးရဲ့
ဒီတော့ လမ်းလျှောက်သွားရင်လဲရောက်
လမ်းလျှောက်ပြန်ရင်လဲ ရနေတော့
ကြီးဝေအတွက် ကျန်းမာရေးတောင် ကောင်းသေးတယ်”
“ဒါတော့ ဒါပေါ့ ကြီးဝေရယ် စျေးအသွားမှာက ဘာမှ မသယ်ရမပြုရ ကိစ္စမရှိပေမယ့် ...အပြန်ကြ သယ်စရာပစ္စည်းတွေအများကြီးနဲ့လေ ။နောက်ပြီး ပန်းအိုးတွေ ရွေ့တာပြုတာတွေကြ အခန့်မသင့် ခါးနာသွားနိုင်တာပဲ”
“အမေလေး ဒီအတွက်စိတ်ပူမနေနဲ့ သမီးရေ..မိကြူလဲ ပြန်ရောက်နေပြီလေ
သူမရှိခင်ကတော့ ကြီးဝေမသယ် နိုင်တာတွေရှိရင် လမ်းထိပ်က ဆိုက်ကားသမား ဖိုးတုတ်ကို အကူခေါ်လိုက်တာပဲ
စျေးအပြန် ခြေညောင်းရင်လဲ သူ့ဆိုက်ကားပဲ ငှါးစီးတာလေ။
အခုတော့ ကူဖော်ကူဖက် မိကြူပြန်ရောက်ပြီဆိုတော့ အဆင်ပြေပါတယ် သမီးရယ်
သားချိန်းက အိမ်ကို မလိုအပ်ပဲ သူစိမ်းလူခေါ်တာမကြိုက်ဘူးလေ ဒါကြောင့်ပါ“
“ဪ ဟုတ်ကဲ့ပါ ကြီးဝေ”
မိကြူဆိုသူ ကောင်မလေးက ရွာမှာ လယ်လုပ်ဖူးတော့ အကြမ်းပတမ်းခံခါ ခိုင်းကောင်းသည်။
ဒါကြောင့် ဦးသော်မြင့်ချိန်ရော /ချိန်းကပါ အခုချိန်အထိ သူ့ကို လက်ခံနေခြင်းဖြစ်သည်။
ချိန်းက သူ့အိမ်မှာ သူစိမ်းလူအပိုတွေခေါ်ထားရသည်ကို မကြိုက်သောကြောင့်လဲ ဖြစ်သည်။
ကြီးဝေကတော့ သူမမွေးခင်ကတည်းက ဖေဖေရဲ့ လူယုံတစ်ယောက်ဖြစ်လို့ ချွင်းချက်ပေါ့”
မိကြူကိုလဲ ကြီးဝေက ဆွေမျိုးမကင်းလေးမို့ ကူဖော်လေးရအောင် ချိန်းအား မနည်းပြောထားရချင်းဖြစ်သည်
တစ်အိမ်လုံးမှာ ဩဇာအရှိဆုံးက ဦးသော်မြင့်ချိန်ဆိုပေမယ့် သူဌေးက သူ့သား ချိန်း၏ စိတ်တိုင်းချဖို့ကိုသာ ဦးစားပေးခြင်းကြောင့် ချိန်းကဩဇာကြီးမားသူဖြစ်နေသည်။
ပိုးကို ခေါ်လာသည့် ကိစ္စနှင့်တော့ ချိန်း ဦးသော်မြင့်ချိန်အပေါ် ဘာမှ ပြောခွင့်မရှိပါ ဒီကိစ္စနဲ့ပက်သက်ရင်တော့ သူ ဦးသော်မြင့်ချိန်စကားကို တစ်သွေး တစ်သံ တစ်မိန့် နာခံရမည်
“ဟေး ...နင်က ဘာတွေဝင်ပြီး ခြယ်လှယ်ချင်လို့ အဲ့အကြောင်းကိုမေးနေတာလဲ”
လှေကားပေါ်မှ တစ်လှန်းချင်း ဆင်းလာနေသည့် သူက ချိန်း....
“မ..မဟုတ်ပါဘူး ပိုးခြယ်လှယ်ချင်လို့ မေးနေတာမဟုတ်ပါဘူး ဒီအတိုင်း...”
“ဒီအတိုင်းတွေ ဟိုအတိုင်းတွေလာမလုပ်နဲ့ မလိုအပ်ဘဲ အိမ်ကိစ္စတွေ လိုက်မမေးနဲ့ ကိုယ့်နေရာ ကိူယ်နေ နင့်စပ်စုချင်စိတ်နဲ့ ငါတို့အိမ်အကြောင်းပြောပြရအောင် နင်ကဘာမလို့လဲ”
သူမ စကားလေးမဆုံးသေး သူပြောသမျှကိုသာ ခေါင်းလေးငုံ့ခါနားထောင်နေရ၏
ထို့နောက် ကြီးဝေဘက်သို့ ခက်ထန်စူးရှသော အကြည့်တို့ဖြင့်
“ကြီးဝေလဲ သတိထား...ဘာမှတဲ့ အခြေအမြစ်မရှိတဲ့ သူမေးတာကို အလကားအချိန်ကုန်ခံ ဖြေမနေနဲ့
ကျွန်တော့်အတွက် မနက်စာပြင်ထားလိုက်
နောက်ပြီး ကော်ဖီပါ ဖျော်ထားလိုက်”
“သားကော်ဖီ ခါတိုင်းမသောက်ပါဘူး”
“ခါတိုင်း မသောက်ပေမယ့် အခုသောက်မယ် ဖျော်ထားလိုက်ပါ”
အေ..အေးပါကွယ်”
ကိုယ့်ထက်အသက်ကြီးသူကို ယဉ်ကျေးမှုမရှိ ဒီလိုရင့်ရင့်သီးသီး အမိန့်ပေးလိုက်တဲ့ သူ့ကို ပိုးမုန်းမိသည်။
ချိန်း သူမအား ယောကျာ်းတန်မဲ့ မျက်စောင်းလေး ဝေ့ထိုးလိုက်ပြီး
နုတ်ခမ်းတို့အား မဲ့ပစ်လိုက်သည်။
ထိုအကြည့်တွေ ဘာအဓိပ္ပာယ်လဲဆိုတာ ပိုးကောင်းကောင်းကြီး သိသည်။
*-*-*-*-*-*-*-*-*-*-*
“မွှတ်ရှီမွှတ်ရှီ(ဒီနေရာလေးကို ဂျပန်စကားပြောနေတယ်လို့ မှတ်ပေးပါ၊ဂျပန်စကားတတ်လို့ ရေးတာမဟုတ်ပါဘူး ကြည့်ကောင်းအောင် translate ထဲက ကူးလာတာပါ 🤫😒 နောက်ပိုင်းတော့ထည့်ရေးမှာမဟုတ်ပါဘူး၊အရှေ့ပိုင်းလေး စာဖတ်သူတွေ နားလည်အောင်ပါ)
母親が足を曲げるのはとても痛い
Hahaoya ga ashi o mageru no wa totemo itai
...မာမီရေ သမီးခြေထောက် ခေါက်လှဲလို့ အဲ့ဒါ ခြေချင်းဝတ်လည်သွားပြီး အရမ်းနာနေတယ်”
後
Ato
“နောက်ပြီး မာမီ....”
သူမ အသံလေးသိမ်ဝင်သွားပြီး....
娘のパーティーから時間通りにここに来ることができなくなります
Musume no pãtī kara jikandōrini koko ni kuru koto ga dekinaku narimasu
“သမီးပွဲကို အချိန်မှီဒီကနေ လာနိုင်မှာမဟုတ်တော့ဘူး”
娘、 申し訳ありません. 娘の過失のため
Musume ,mōshiwakearimasen,Musume no kashitsu no tame
“သမီးတောင်းပန်ပါတယ်နော် မာမီ
သမီးရဲ့ ပေါ့ဆမှုကြောင့်ပါ”
“.........”
ဒဏ်ရာက မပျင်းပါဘူး မာမီ ...သမီးဆေးလိမ်းထားပါတယ်..စိတ်မပူနဲ့နော်..ပွဲအတွက်သာ သမီးမလာနိုင်လို့ တကယ်စိတ်မကောင်းဘူး မာမီရယ်”
“...................”
“ဘယ်တတ်နိုင်မလဲ မာမီရယ် သမီးကအဓိကဆိုပေမယ့် ခြေထောက်နာနေတော့ ပွဲလုပ်မယ့်ရက် အမှီပြန်လာနိုင်မှာမဟုတ်ဘူး မာမီရဲ့....”
“++++++++++++++”
“အဲ.....မာမီက သမီးခြေထောက်သက်သာတဲ့အထိ စောင့်မယ်ဟုတ်လား
မဖြစ်နိုင်ဘူးနော် မာမီ။ မျက်နှာပျက်စရာတွေ ဖြစ်ကုန်လိမ့်မယ်”
“++++++++++”
“အင်းပါ သမီးကို အဓိကဆိုတော့လဲ....မာမီ အဆင်ပြေသလိုသာ စီစဉ်လိုက်ပါ...ဒါနဲ့ ဖိတ်စာတွေ အကုန်ကမ်းပြီးပြီမလား မာမီကလဲ”
“............”
“Ok အဲ့ဒါဆို မာမီသဘော...စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေကိုလည်း သေချာလေး ပြောပြလိုက်ပါနော်မာမီ သူတို့ နားလည်ပေးပါစေလို့ ပဲ ဆုတောင်းရတော့မှာ”
“................”
“အဟွန်း .....မေမေကတော့ သမီးကိုမြှောက်နေပြန်ပါပြီ”
“............”
“ဟုတ်မာမီ ဒါဆိုသမီးလည်း နားတော့မယ်နော်....
うん..さようなら
Un... Sayōnara
ဟုတ် နုတ်ဆက်ပါတယ် မာမီ”
ဖုန်းကို အသာလေး အိပ်ယာပေါ်ပစ်ချခါ ခြေလှန်းတွေက ရေချိုးခန်းစီသို့ ဦးတည်ခဲ့သည်...။
သူမအမေက ဂျပန်လူမျိုးဖြစ်ပြီး သူမအဖေကတော့ မြန်မာနိုင်ငံသားပါ.....
ဂျပန်ကိုကျောင်းလာတက်ရင်းမှ သူမအမေနဲ့ အကြောင်းပါခဲ့ခြင်းဖြစ်သည်...။
ကျွန်မအသက် ၅နှစ်မှာ... အဖေက အမေကို ပစ်ပြီး နောက်အိမ်ထောင်ပြု သွားခဲ့တယ်....
အဖေက အပျော်ပါးလိုက်စားပြီး ငွေလျှံတဲ့သူဌေးဖြစ်တာမို့ ငွေမက်တဲ့ မိန်းမတွေ အကြိုက်ပေါ့....
ဒီလို အိမ်ထောင်ရေးဖောက်ပြုမှုတွေကြောင့် အမေက အဖေကို သည်းမခံနိုင်တော့ပဲ ကွာရှင်းခဲ့တယ်။
ရေခိုးများရိုက်ခါ မှုန်နေတဲ့ မှန်ကို သူမလက်နဲ့သက်ချလိုက်ပြီး.....
Single mom တစ်ယောက်အဖြစ်ရပ်တည်ပြီး လူတစ်လုံး သူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မာမီကို သမီးအရမ်းကျေးဇူးတင်သလို အရမ်းလည်းချစ်တယ်နော်...။
မာမီတစ်ယောက်ထဲ ဒီအခြေအနေထိ ရပ်တည်ခဲ့ရတာ ဘယ်လောက်များ ပင်ပန်းလိုက်မလဲ.....။
<><><><><><><><><>
“ဒေါက် ဒေါက်....
သားချိန်း....အောက်မှာ သားသူငယ်ချင်း သျှားမာန်ငြိုးရောက်နေတယ်”
ချိန်း ထိုစကားကြောင့် gameဆော့နေတာရပ်လိုက်ပြီး ချက်ချင်း အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ဧည့်ခန်းထဲမှာ ဟိုကြည့်ဒီကြည့်နှင့် တစ်စုံတစ်ယောက်ကို အသည်းသန် ရှာဖွေနေသလိုပင်....
“သျှား ...ဘာတွေ ရှာနေတာလဲကွ”
“ချိန်းပြောတဲ့ သူ့ကိုလေ”
“အဟွန်း ရှာမနေနဲ့ သူက အိမ်ပေါ်ကနေ အိမ်အောက်ကို စားစရာ/သောက်စရာရှိတဲ့အချိန်မှ ဆင်းတာ ကျန်တဲ့အချိန်ဆို အခန်းအောင်းနေတာ ”
“ဪ အဲ့လိုလား”
“အင်း အဲ့လို ဒါနဲ့ဘာကိစ္စ?”
“အဟွန်း ဟုတ်သား သျှားလာရင်းကိစ္စတောင် မေ့တော့မလို့.....”
ချိန်း မျက်ခုံးထူထူကို ပင့်ပြလိုက်သည်။
“ သျှား နောက်အပက်ဆို ဂျပန်ကို သွားရတော့မယ်..အလုပ်ကိစ္စနဲ့ မို့ ၁လလောက်တော့ ကြာလိမ့်မယ်”
“ဘ..ဘယ်လို”
ချိန်း...ရင်ထဲ ပူထူသွားရပြီး ထိုစကားကြောင့် မျက်လုံးမျက်စံများပင် ပြူးကျယ်သွားရသည်။
“ဒါဆို သျှားက ချိန်းကို ၁လကြီးတောင် ပစ်ထားခဲ့မှာပေါ့”
“ဟာ ..ချိန်းကလည်း ပစ်မထားပါဘူး အမြဲအဆက်သွယ်ရှိနေမှာပါ...
သတိရတဲ့အခါ ဖုန်းတွေပြောမယ်
Message တွေအပြန်အလှန်ပို့မယ်
မျက်နှာလေး လွမ်းတဲ့အခါVideo callတွေပြောကြမယ်လေကွာ...နော်”
ချိန်း ပုခုံးအား လာကိုင်တဲ့ သျှားရဲ့လက်ကို ဖယ်ချလိုက်ပြီး
“တော်ပါသျှားရာ အလုပ်ကိစ္စ အကြောင်းပြပြီး ချိန်းကို ပစ်ထားတာတွေ များနေပြီ။
“မဟုတ်သေးဘူး....ချိန်း”
ချိန်းရဲ့မျက်နှာအား ကိုင်မည်အလုပ်
အလိုက်ကန်းဆိုးမသိ ဝင်လာခါ အအေးချပေးတဲ့ မိကြူကြောင့် လက်ကိုပြန် သိမ်းလိုက်ရသည်။
“ဂွပ်...”
“အကိုလေး လိုတာရှိရင် လှန်းခေါ်လိုက်နော် မိကြူနောက်ဖေးမှာရှိနေမယ်”
အအေးခွက်အားချခါ ထွက်သွားမည့် မိကြူအား...
“မိကြူ ..”
“ရှင် အကိုလေး”
“ပိုးသားကျူးကို ငါခေါ်တယ်လို့ပြောလိုက်”
“ဟုတ်ကဲ့ အကိုလေး”
မိကြူတတ်သွား ပြီးမကြာ ပိုးတန်းဆင်းလာခဲ့သည်။အချိန်ကြာနေရင် သူ့အပြောက သိတဲ့အတိုင်းပဲလေ...
“အကို ခေါ်တယ်ဆိုလို့ပါ”
“ဟုတ်တယ် ...မိတ်ဆက်ပေးမလို့ သူ့နာမည်က သျှားမာန်ငြိုး ဒီအိမ်ကို မင်းမရောက်ခင်ထဲက ဝင်ထွက်သွားလာနေတဲ့သူပေါ့
“ဟုတ်ကဲ့”
“နောက်ပြီး ငါ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းလဲဖြစ်သလို အချစ်ရဆုံးသူလဲဖြစ်တယ် မင်းသူလာလို့ရှင်ရင် ငါ့လိုပဲ ရိုရိုသေသေဆက်ဆံ ....ကြားလား”
ပိုးရဲ့စိတ်ထဲမှာတော့ ချိန်းစကားကြောင့် ခံပြင်းတာတော့ အမှန်ပါ
သို့သော်လည်း အိမ်ကြီးရှင်မို့ သူမ သည်းခံလိုက်ပြီး
“ဟုတ်ကဲ့ ကြားပါတယ် အကို”
ချိန်းစကားကြောင့် သျှားမျက်ခုံးပင့်မိသည်။
တယ် ဩဇာညောင်းပါ့လားပေါ့
“တွေ့ရတာဝမ်းသာပါတယ် ညီမ”
“ဟုတ် ဝမ်းသာပါတယ် အကိုသျှားမာန်ငြိုး”
“အကိုသျှားလို့ခေါ်ရင်လဲ ရပါတယ် ညီမရဲ့ နာမည်က ပိုးသားကျူးတဲ့လားလူနဲ့လဲလိုက်တယ် လှတယ်”
“ကျေးဇူးပါ အကိုသျှား”
ချိန်း ထိုစကားကြောင့် သျှားအား မသိမသာ မျက်စောင်းလေးထိုးပစ်လိုက်သည်။
နှစ်ယောက်သား သူရှေ့မှာ အတော်တွေ ဖော်ရွေပြနေတော့ ရင်ထဲကလိကလိနှင့် နေရခက်သည်။
သျှား ဟန်ဆောင်နေတာကိုတော့ သူမသိချေ..။
သူမအား ခေါင်းစခြေဆုံး အကဲခက်ကြည့်လိုက်တဲ့ သျှား...
တကယ်ကို လှတာပဲ.. ပူပူလောင်လောင် အလှမျိုးမဟုတ်ပဲ ကြည့်လိုက်တဲ့ သူရင်ထဲ အေးသွားစေတဲ့အထိ လှတယ်။ဝတ်ထားတဲ့ အညိုဖဲသားရင်ဖုံးဝမ်းဆက်က ခန္ဓာကိုယ်နဲ့ တစ်သားတည်း ချပ်ကပ်နေပြီး ကောက်ကြောင်းလေးတွေက လှပပေါ်လွင်နေသည်။
ဝါဝင်းဖြူနုနေတဲ့ ပါးပြင်လေးမှာ သနပ်ခါးရည်ကျဲလေး လိမ်းထားတော့ ပြောစရာမရှိအောင်ပင် ပြည့်စုံစွာလှပနေသည်။
လှနေတဲ့ ပိုးကို သျှားမြင်တော့ ချိန်းကိုစိတ်မချသလို စိတ်လဲပူမိလာသည်...။
ချိန်းများ သူမ အလှမှာ ကျရှုံးသွားခဲ့လျှင်.....
ထားခဲ့ခံရသူတော့ မဖြစ်ချင်ဘူး ချိန်းရာ....သျှား ချိန်းကို သိပ်ချစ်တယ်...။
သို့သော်....
စကားပုံရှိတယ်မလား “အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းညိ”...တဲ့
()()()()()()()()()()()()
ရေမိုးချိုး ကိုယ်လက်သန့် စင်ပြီး
အောက်ထက်သို့ ဆင်းတော့
စကားပြောခါ ရယ်မောနေသည့် အသံတွေကို ယဲ့ယဲ့လေးကြားနေရသည်။
ဦးသော်မြင့်ချိန် အသံကို သဲသဲကွဲကွဲကြားလိုက်ခါမှ....
အဖေပြန်ရောက် နေတာလား
ပြန်လာမယ်ဆိုတာတောင် သားဖြစ်တဲ့ငါ့ကို ဖုန်းဆက်မပြောဘူး ...နေတတ်လိုက်တာ ဟွန်း
ဒိန်းကနဲဆိုသလို မြင်ကွင်းတစ်ခုကြောင့် ကွက်ခနဲ မျက်နှာပျက်သွားသူက ချိန်း
ဘာလဲဒါက အဖေပြန်လာတာကို ငါကျမသိဘူး
ဒီမိန်းမကကျ ကြိုသိနေလို့ ငါ့ထက်အရင် အဖေကိုကြိုဆို နေတာလား...
ဟား..ကြည့်ပါဦး လက်ထဲမှာလဲ ငါ့အဖေပေးတဲ့ လက်ဆောင် ပစ္စည်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ပါ့လား...
ဒါတွေ ရလို့ နင်တော်တော်မှ ပျော်နေရဲ့လား ပိုးသားကျူး
ကြီးဝေနဲ့မိကြူမှာလဲ အဖေပေးတဲ့ လက်ဆောင်တွေကိူ ထုတ်ကြည့်ရင်း ပြုံးရွှင်နေကြတယ်
ငါ့ကိုကျ ဘယ်သူမှ လာမခေါ်ကြဘူး
ဘာလဲ...ငါက ဒီမိန်းမရောက်လာခါမှ အပယ်ခံဖြစ်သွားတာလား....
အဖေကရော ဘာလဲ ငါ့ကိုကျ ပြန်လာမယ်ဆိုတာတောင် ဖုန်းမဆက်ပဲ သူ့ကိုကျ ဖုန်းဆက်ပြောထားတာလား...
ပိုးသားကျူးကို ကြည့်ပြီး အဖေက တော်တော်ကို ကြည်နူးပျော်ရွှင်နေပါ့လား ...
နောက်ဆက်တွဲမြင်လိုက်ရသည်က...
တစ်ချက် တစ်ချက် ပိုးသားကျူးကို ခိုးခိုးကြည့်နေတဲ့အကြည့်တွေ၊စကားပြောနေရင်းက ပိုးသားကျူးရဲ့ အသားကို အကြောင်းမရှိ သွားသွား ထိနေတဲ့ သူ့အဖေလုပ်ရပ်အား ချိန်းမြင်လိုက်ချိန်မှာတော့...
ယောကျာ်းချင်းမို့ ဘာသဘောလဲဆိုတာ ချိန်းသဘောပေါက်ပါသည် ။
ရင်ထဲ ထိန့်လန့်သွားရပြီး..ဦးနှောက်စီကို တစ်ဒိန်းဒိန်း ပြေးစောင့်နေတဲ့ သတိပေးချက်တွေ...
ဒါ..ဘ....ဘာလဲ အဖေ ဒ..ဒါ ဘယ်လို အကြည့်တွေလဲ ....
အဖေက ပိုးသားကျူးအပေါ်မှာ မရိုးသားတာလား
ကျေးဇူးရှင် အနေနဲ့ ကျေးဇူး ဆပ်ချင်နေတာကော ဟုတ်ရဲ့လား ဟု ချိန်းတွေးမိလိုက်သည်။
“မင်္ဂလာပါ သူဌေးလေးချိန်း”
ဦးသော်မြင့်ချိန်ရဲ့ လူယုံဖြစ်သူမှ ချိန်းကို မြင်ခါ နုတ်ဆက်လိုက်ခြင်းဖြစ်သည်။
အားလုံးအကြည့်တွေက ချိန်းစီသို့ရောက်လာသည်။ပိုးက သူ့ကို မြင်တော့ လက်ထဲမှလက်ဆောင် ပစ္စည်းတို့အား ကမန်းကတန်းနှင့် ဆိုဖာပေါ်သို့ ပစ်ချခါ ဟန်မပျက် မက်တပ်ရပ်လိုက်သည်။
ကြောက်နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်နေသည့် သူမ.....
အဖေကတော့ သူ့စီသို့ လျှောက်လာပြီး လက်ထဲမှ လက်ဆောင်အိတ်တို့အား ကမ်းပေးလိုက်သည်။
“ရော့....ဒါ ငါ့သားအတွက် ဖေဖေဂျပန်ကဝယ်လာတာ သားအကြိုက်တွေကြည်ပါပဲ”
သူ့ရင်ထဲမှာတော့ ထိတ်လန့်မှုတို့ပြည့်နပ်ခါ တုန်ရီနေပေမယ့်လည်း ဟန်မပျက် အနေထားဖြင့်
ဦးသော်မြင့်ချိန်ပေးနေသော ပစ္စည်းများကိုယူလိုက်သည်။
“သား....နေကောင်းရဲ့လား ချွေးတွေ ထွက်နေတယ်”
“ဗ ..ဗျာ ကောင်းပါတယ် အဖေ ကျွန်တော်ဘာမှ မဖြစ်ပါဘူး နေကောင်းတယ်“
သူခံစားနေရတဲ့အဖြစ်ကိုတော့ မည်သူမှ သိမည်မဟုတ်ပါ
တစ်အိမ်လုံးမှာ သူတစ်ယောက်ထဲ ကွက်ပြီး မပျော်ရွှင်နိုင်ဖြစ်နေတာ မဟုတ်လား
“မိကြူ...”
“ရှင် အကိုလေး “
“ရော့ ဒါတွေ ငါ့အခန်းထဲသွားထားလိုက်”
“ဟုတ်ကဲ့ အကိုလေး”
လှန်းပေးတဲ့ ပစ္စည်းများအား ယူခါ အပေါ်သို့ မဆိုင်းမတွလေး တတ်သွားသူက မိကြူ...
ထို့နောက် သူ့အကြည့် စူးစူးတို့က ပိုးစီသို့ ရောက်သွားပြီး သတိပေးနေသော အကြည့်တို့ဖြင့်
မင်းသတိထားနေ ငါ့ကိုတင်မဟုတ်ဘူး...
ငါ့ အဖေကိုပါ မြူစွယ်နေတဲ့ မိန်းမယုတ်....
“ကျွန်တော် အပြင်သွားလိုက် ဦးမယ်အဖေ”
ထို့အကြည့်တွေရဲ့ အဓိပ္ပာယ်ကို ပိုးတစ်ယောက်ထဲသာနားလည်သည်....။
သူ့အကြည့်တွေကနေ ဆန့်ကျင်ဘက်စီသို့ သူမအကြည့်လွှဲလိုက်သည်။
“ဟေ မနက်စာ မစားတော့ဘူးလား သား”
“အပြင်မှာပဲ စားလိုက်တော့မယ်အဖေ ချိန်းထားတာလေးလဲ ရှိသေးလို့”
“ဟားဟား ငါ့သားတို့များ အဖေလောက် အလုပ်များပဲ ဘာတွေအရေးကြီးနေ”
“ကျွန်တော် သွားတော့မယ် အဖေ”
“အေး အေး ကားကိုဖြည်းဖြည်းမောင်းနော် သား”
သူခေါင်းညိမ့်ပြလိုက်ပြီး.....
Sorry ပါ အဖေ အဲ့စကားကို ကျွန်တော် လုံးဝ နားမထောင်နိုင်ဘူး .....
တစ်အိမ်လုံးကို ကျောခိုင်းခါ သူထွက်လာခဲ့တော့သည်.......။
*}{*}{*}{*}{*}{အပိုင်း ၆ဆက်ရန်>>>
#Eaindray