[🌈အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️]
ခေတ်မီစွာဆောက်လုပ်ထားသော အဆောက်အအုံကြီးအတွင်းရှိ ခန်းနားစွာပြုလုပ်နေသည့် ဆွေးနွေးပွဲတစ်ခု...
ဦးသော်မြင့်ချိန် ဂျပန်နိုင်ငံရှိ လုပ်ငန်းပါတဏာများဖြင့် စကားပြောနေရင်းက.....
အိမ်ကသားဖြစ်သူ နှင့်ပိုးသားကျူးအား စိတ်မချဖြစ်မိသည်....
ဂျပန်ကို လုပ်ငန်းကိစ္စဖြင့် အလျင်စလို သွားရခြင်းကြောင့် သူ ချိန်းကို အမှာစကားပင် မခြွေခဲ့ရ။
သမီးပိုးကိုသာ ဖုန်းဆက်၍ ခရီးသွားသည့်အကြောင်း ချိန်းအား လမ်းကြုံသတင်းပါးခိုင်း လိုက်ရသည်။
သားက သမီးပိုးကို သူအိမ်ပေါ် စခေါ်လာကတည်းက အမြင်မကြည်မှန်း သူသတိထားမိသည်။
သူသတိထားမိအောင်ပဲ တမင် လုပ်နေသလားမသိ...
ဒီမှာ လုပ်ငန်းကိစ္စကလဲ ကြေးကြီးသလို ပွဲလဲကြီးသည်။အချီကြီးရဖို့လဲရှိသည်။ထို့ကြောင့် သူအိမ်ကိုပင် ဖုန်းမဆက်အား......
သားဖြစ်သူချိန်းမှာလဲ သူ့စီ အလိုက်တသိ ဖုန်းဆက်မယ်မရှိ... နေချင်သလိုသာနေနေသည်။
မိတဆိုးလေးဖြစ်တာကြောင့် သနားခါ သူအလွန်ချစ်သည်။ထို့ကြောင့် ဘာမှမပြေပဲ စိတ်ကြိုက် ပေးဆိုးထားသည်.....။
*><*><*><*><*><*><*
“ဦးလေးခရီးသွားတာ ဒီနေ့နဲ့ဆို ၃ရက်တောင် ရှိပြီပဲ”
ဦးကိုအားကိုးပြီး သမီးဒီကို လိုက်လာခဲ့တာပါ ဦးမရှိတော့ သမီး ဒီမှာနေရတာ အားငယ်သလိုပဲ
လှေကားပေါ်မှ အပြေးလေးဆင်းလာခဲ့တဲ့ သူမ....
မီးဖိုချောင်း ခန်းသို့ အလျင်စလို ပြေးဝင်လိုက်ပြီး...
“ကြီးဝေ ...သမီးဘာ ကူပေးရမလဲ “
“မလိူပါဘူး သမီးလေးပိုးရယ် လာဒီမှာထိုင်....
မနက်စာအတွက် ပေါင်မုန့်ကြက်ဉကြော်နဲ့ အသားသုတ်စားမလား...
ဒါမှမဟုတ် ထမင်းကြော်စားမလား!
ဒါမှမဟုတ်ရင် ကိတ်မုန့်နဲ့ ကော်ဖီလေးလုပ်ပေးရမလား...သမီးကြိုက်တာပြော”
“ပိုး ထမင်းကြော်ဘဲစားမယ် ကြီးဝေ”
“ဟုတ်ပြီ သမီးလေး ခဏစောင့်နော် ကြီးဝေပြင်ပေးမယ်”
“ဒါနဲ့ အကိုကကော အပြင်သွားပြီလားဟင်”
“သားချိန်းက အခုထိဆင်းမလာသေးဘူး သမီးရဲ့ ...ပြီးမှ ကြီးဝေသွားခေါ်ရမှာ...”
ကြီးဝေ ကြက်ဉကိုဖောက်ခါ ကြော်နေရင်းက သူမဘက်သို့လှည့်ပြီး
“ဪ သမီး သားချိန်းကို မနက်စာစားရအောင် သွားခေါ်ခဲ့ပါ့လားကွယ်”
ကြီးဝေ စကားကြောင့် သူမနည်းနည်းလန့်မိသည် ။
ချိန်းက သူမကို အမြင်မှမကြည်တာ....
သူသာ သူမကိုမြင်ရင် ဘယ်လို စကားလုံးကြမ်းကြမ်းတွေ ထွက်လာဦး မည်မသိ.....
သူမတွေးမိရင်း ရင်မောကာ ကြောက်မိသည်။
တစ်အိမ်ထဲ အတူနေမှတော့ မပက်သက်ချင်လို့မှ မရတာ.......
စိတ်ထဲမှ ကြီးဝေမသိအောင် သက်ပြင်းလေးသာ ခိုးချလိုက်ရင်း...
“ဟုတ် .. ကြီးဝေ ပိုးသွားခေါ်လိုက်ပါ့မယ်”
“ဟုတ်ပြီ သမီးလေး ကြီးဝေ သမီးတို့ဆင်းလာတာနဲ့ အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်မယ်နော်”
သူမ ကြီးဝေအားခေါင်းလေး ညိမ့်ပြခါ အိမ်ပေါ်သို့ တတ်ခဲ့သည်။
အခန်းတံခါးရှေ့တော့ ရောက်ပါပြီ
တံခါးကို ခေါက်ရနိုး မခေါက်ရနိုးနှင့် ချီတုန်ချတုန်ဖြစ်နေသော သူမ.....
နောက်ဆုံးတော့ အရဲစွန့်ခါ အခန်းတံခါးကို ခေါက်လိူက်သည်။
“ဒေါက် ဒေါက် ဒေါက်”
“အကို ကြီးဝေက မနက်စာစားဖို့ ခေါ်ခိုင်းလိုက်လို့ပါ”
“ဒေါက် ဒေါက် ဒေါက်”
“အကို မနက်စာ စား...”
သူမခေါ်သံမဆုံးသေး အခန်းတံခါးပွင့်လာသည်။
“ဂျလောက် ...ကျွီ....”
“အိုး!..ဘုရားရေ အကို ဘယ်လို ပုံစံနဲ့ တံခါးလာဖွင့်တာလဲ”
သူမချက်ခြင်းပဲ သူ့ကို ကျောပေးရပ်လိုက်သည်။
ချိန်း ရေချိုးခန်းမှအထွက် တံခါးခေါက်သံကြားသောကြောင့် ဖွင့်လိုက်ခြင်းသာ...
အပေါ်ပိုင်းခန္ဓာကိုယ် ဗလာကျင်းနှင့် မခြောက်သေးသော ဆံပင်တွေအား ဖိသုတ်နေရင်းက....
ခပ်အောအော အသံဖြင့်...
“ဟ ဘာလဲ ဟ ငါ့အခန်းတံခါး ငါ့ဟာငါ ဘယ်လို ပုံစံနဲ့ ဖွင့်ဖွင့်လေ နင့်အပူပါလို့လား “
“ဒါနဲ့...ဘာကိစ္စလဲ”
အောက်ပိုင်းကိုတော့ တပက်စောင် အထူပတ်ထားပြီး ယောကျာ်းပီသတဲ့ ဖောင်းကြွကြွက်သားများဖြင့်.....
တော်ယုံမိန်းကလေးသာဆို ကြွေလွန်းလို့ သွားရည်တောင် ယိုသွားမည်။
မျက်နှာချောချောလေးမှာ ရေသီးရေပေါက်များတွဲခိုနေပြီး သူ့ကို မြင်သည့် သူမမှာတော့ ...
အသက်ရှူရမှာကိုပင် မေ့နေလေသည်။
“ဟေး ...နင် ငါမေးတာမဖြေဘဲ...ဒီအတိုင်းကျောပေး ရပ်နေမှာလား ...အဲ့လို ရပ်နေမှာ ခြင်းအတူတူလာခဲ့ ...လာ“
အံကြိတ်သံကြီးနှင့် နောက်ကျောပေးရပ်နေသောသူမအား အခန်းထဲသို့ဆွဲသွင်းလိုက်သည်။
“ဟင် အကို...ဘာလုပ်မို့လဲ”
သူမ သူ့လုပ်ရပ်ကြောင့် မျက်ဝန်းလေးဝိုင်းစက်သွားခါ မေးလိုက်သည်
“ရော့ .... “
သူမလက်စီသို့ ပစ္စည်းတစ်ခု ကမ်းပေးလိုက်ခါ
“ငါ့ဆံပင်တွေ မခြောက်သေးလို့ ဆံပင်ခြောက်အောင် လုပ်ပေး”
“ရှင်...”
သူ စိတ်မရှည်စွာဖြင့်....
“မရှင်နဲ့ ရော့ မြန်မြန်လုပ်ပေး ငါသွားစရာရှိသေးတယ်”
သူမ ကမ်းပေးသည့် Hair Dryer အား လှန်းယူတော့ အေးစက်သည့်အထိအတွေ့ကြောင့် ရင်ထဲကျင်တတ်သွားခါ လွှတ်ချလိုက်မိသည်။
သူ့အသားကိုထိမိလိုက် ခြင်းကြောင့်သာ...
“ခလွှမ်း...ဒုတ် “
ကြမ်းပြင်က သိုးမွှေးပုံစံ ကောဇောခင်းထားတာကြောင့် ပြုတ်ကျသွားသော်လည်း အသံပင်သိပ်မထွက်....
“ဟာ နင်ကလေ ဒါလေး ကိုင်တာတောင် အနူလက်ကြနေတာပဲ လက်မခိုင်ဘူးလား”
သူဆူရင်လဲ ခံရမှာပဲလေ သူမတမင်ပစ်ချသလို ဖြစ်သွားခဲ့တာမလား....
“ပြန်ကောက် တစ်သျှုုးနဲ့ ဖုန်သေချာသုတ် ပြီးမှ ငါ့ဆံပင်တွေမှုတ်ပေး ..ကြားလား”
“ဟုတ်ကဲ့ “
ချိန်း တစ်ခါမှ ဒီလိုဘယ်သူ့ကိုမှ မခိုင်းဖူးခဲ့ပါ ..သူမကတော့ ပထမဆုံးခိုင်းခံရသူဖြစ်သည်..
သူမ ဆံပင်တို့အား ညှင်သာစွာ ကိုင်တွယ် ဖွပေးရင်း ရေစိုနေသော ဆံပင်များပင် မကျန်အောင် သေချာ ဂရုစိုက်၍ လေမှုတ်ပေးနေသည်။
မှန်ကြည်ကြည်ထဲမှ သူမမျက်နှာလှလှလေးအား စိုက်ကြည့်နေသူက ချိန်းပင်....
ဒီလိုဆိုတော့လဲ သူမက အလုပ်လုပ်တာ စေတနာပါပြီး မျက်နှာလေးကလဲ အပြစ်ကင်းစင်ခါ လှသည်ထက်ကို ပိုသည်...။
ထို့နောက်မထင်မှတ်ပဲ ပြုတ်နေသော ကြယ်သီးနှင့် ဟနေသော အင်္ကျီမှ အနည်းငယ်မြင်ရသည့် ဖောင်းနေတဲ့ သူမရင်ဘက်ဆီသို့ အကြည့်ရောက်သွားသည်
ဟာကွာ ငါဘာတွေ လိုက်ကြည့်နေတာလဲ
သူ့အကြည့်တို့ ထိုနေရာမှ လွှဲဖယ်လိုက်သည်။
နားသယ်စနားမှ ဆံနွယ်ရှည်ရှည်တွေကို နောက်သို့ ညင်သာစွာ လှန်ပို့ပေးနေသည့် သူမ ...
လက်ချောင်း သွယ်သွယ်ဆူးဆူးတို့က နားရွတ် ထိပ်ဖျားနှစ်ဖက်အား မထိတထိဖြင့် ကြည်စယ်နေသလိုပင်....။
သူ စိတ်လှုပ်ရှားမိသည်။
သူမ Hair Dryer အားပိတ်ခါ မှန်တင်ခုံပေါ်သို့ ခါးလေးကိုင်းခါ လှန်း တင်လိုက်သည်....
သင်းပျံ့တဲ့ မွှေးရနံ့ တစ်ခု နှာခေါင်းထိပ်မှ ဖြတ်ပြေးသွားသည်။
ထို ရနံ့တို့အား မျက်စိစုံမှိတ်ခါ အလုယှက် တစ်ဆုံးထိ ရှူရှိုက်ရင်း ....
ဟား...စွဲမက်စရာကောင်းတဲ့ ရနံ့ပဲ
မျက်လုံးဖွင့်ကြည့်တော့ နီးနီးကပ်ကပ် ဖျတ်ကနဲမြင်လိုက်ရသည်က သူမ မျက်နှာလှလှလေး....
လည်ပင်းနှင့်ဂုတ်ပိုးတွင် လျောကျနေသည့် ဆံပင်ရှည်ရှည်တွေကို လက်ချောင်းလေးတွေ ဆံပင်ထဲနှစ်ဝင်သွားသည်အထိ ပွတ်သက် ထိုးဖွကာ ဆံပင်ကို အခြောက်ခံပေးနေသည်။
ချက်ခြင်းဆိုသလို အသက်ရှူးနှုန်းတွေ မြန်ဆန်လာသည်။
စွဲမက်စရာရနံ့မွှေးမွှေးနှင့်အထိအတွေ့ ၊အမြင်တို့ ပေါင်းစပ်လိုက်တော့ ရမ္မက် စိတ်တို့ ထကြွ ချင်လာသည်။
လက်တွေကို ကျစ်ကျစ်ပါအောင်ဆုတ်ထားမိရင်းက...တုန်ရီလာသည်....
နဖူးနှင့်နားထင်တို့တွင် ရမ္မက်ချွေးစေးလေးများပင် စို့တတ်လာသည်....
သူ့အဖြစ်ကိုတော့ သူမ မသိချေ....
သူမအတွက်ကတော့ ပေးထားသည့် အလုပ်ကိုသာ တာဝန်ကျေဖို့ အဓိကဖြစ်သည်....
အထိအတွေ့တွေက ပိုပြီးညှင်သာလာလေလေ သူ့အတွေးမှာ.....
သျှားနှင့်သူ့ရဲ့ အချစ်ပင်လယ်ခရီးအား အတူ ကူးခက်မှုတွေ ၊ သူ့အပေါ် ပြုစုပေးသည့် သျှားရဲ့ နူးညံ့ညင်သာမှုတွေကို လွမ်းဆွတ် ခံစားမိလာသည်....
သူ့စိတ်တွေ မယိုးမယွဖြစ်လာခါ
တစ်ခုခုကို လိုချင်တောင်းတ လာသလို...
ဆာလောင်မွှတ်သိပ်လာသည်...ရေဆာသည်မဟုတ်တာတော့ သေချာသည်......
ချုပ်ထိန်းထားသည့် စိတ်တွေကို သူလွတ်ပေးလိုက်ချင်ပြီ။
မဖြစ်ဘူး မလုပ်နဲ့ ဒါလုံးဝမဖြစ်သင့်တဲ့ အရာပဲ
ချိန်း မင်းစိတ်ကို သေချာထိန်းစမ်း
ရမ္မက်တစ်ခုအတွက်နဲ့ မင်းချစ်ရသူအပေါ် မဖောက်ပြန်ချင်စမ်းနဲ့
ချက်ခြင်းပဲ...အသိစိတ်ပြန်ကပ်ခါ သူမ လက်တို့ကို အားဖြင့်ဖမ်းဆုတ်ကိုင်လိုက်ပြီး မှိတ်ထားတဲ့ မျက်လုံးအစုံကို ဖွင့်လိုက်သည်။
“အ ... ဘာဖြစ်လို့လဲ အကို ပိုးဘာအမှားလုပ်မိလို့လဲ လွတ်ပါ ပိုးလက်နာတယ် အကို“
သူမစီက နာကြင်သည်ဟု ကြားသော်လည်း မလွတ်တဲ့အပြင် ပိုပြီးကြမ်းတမ်းစွာ ဖိညစ်ပစ်လိုက်သည်။
ဝါးမျိုမတတ် စူးရှသောအကြည့်များဖြင့် သူမအား ကြည့်နေပြီး
“မင်း ငါ့ကို မြူစွယ်နေတာလား ပိုးသားကျူး “
လှည့်ထွက်ရန် ပြင်လိုက်သည့် သူ့အား...
“ဟို...ခဏ ...ရှင့်နာမည်က?”
“ငါ့နာမည် သျှားမာန်ငြိုး”
“ဟုတ် ...ကျွန်မ နာမည် ယူမီပါ”
ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ပြီး ထိုနေရာမှထွက်လာခဲ့သည်။
ထွက်မလာခင် တစ်ခဏ သူမ၏ဘေးဘက်အခန်းအား သူအကြည့် ရောက်ခဲ့သေးသည်။
သူမနာမည်ကိုတော့ သူသေချာမှတ်ထားမည် မဟုတ်...
ချိန်းဆိုတဲ့ နာမည်နဲ့လူကလွဲရင် ကျန်တဲ့ ဘယ်သူ့နာမည်ကိုမှ သူမှတ်
မထားချင်....
မိန်းကလေးဆို ပိုတောင်ဝေး...
သူမကတော့...
နောက်တစ်ခေါက်လောက် ထက်ဆုံချင်ပါသေးတယ် သျှားမာန်....
~~**~~**~~**~~
ဧည့်ခန်းတွင် ချိတ်ထားသော ချိန်း၏ဘွဲ့ ဝတ်စုံဖြင့် တည်ကြည်စွာပြုံးနေသည့် ဓာတ်ပုံအား သူမ စိုက်ကြည့်ရင်း
ပိုးလည်း ဘွဲ့ရချင်လိုက်တာ...
ပိုး ၁၀တန်းအောင်ပေမယ့်....
သူမ တက္ကသိုလ်တတ်မည့် နှစ်မှာ ဖေဖေရောဂါ အသည်းသန်ဖြစ်လို့ ကျောင်းတတ်ဖို့ စုထားသမျှ ပိုက်ဆံတွေ အကုန်သုံးလိုက်ရသည်။
သူမမိထွေးကလဲ အားအားရှိ ဖဲကြည်ရိုက်နေတော့ ဖေဖေကို သေချာမပြုစုဘူးလေ။ဒီတော့ သူမကျောင်းဆက်မတတ်တော့ဘဲ ဖေဖေဆေးဖိုးအတွက် အလုပ်ထွက်လုပ်ခဲ့ရသည်....။
သူမ အချစ်ဆုံးသူငယ်ချင်း ပန်းအိနဲ့လဲ အဆက်အသွယ်ပျက်သွား ခဲ့သည်။
အခုချိန်ဆို သူငယ်ချင်းပန်းအိလည်း ဘွဲ့ရပြီးလို့ အလုပ်အကိုင် ကောင်းကောင်းနဲ့ အဆင်ပြေနေရောပေါ့...
ဦးပြန်လာရင် ပိုးအပြင်မှာ အလုပ်ထွက်လုပ်မယ့်အကြောင်း ပြောရဦးမည်
တစ်သက်လုံး အလုပ်မရှိပဲ ဒီမှာကပ်နေဖို့ဆိုတာ မဖြစ်နိုင်ပေ
ဒီတော့ သူမအလုပ်အမြန်ရှာပြီး ကျေးဇူးရှင်မို့ ကျေးဇူးဆပ်သည် ဆိုသည့် ဒီလောင်းရိပ်မှ ရုံးထွက်ရမည်....
*\*\*\*\*\*\*\*\*အပိုင်း ၅ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)
စာဖတ်သူအားလုံးကို ချစ်တယ်♥️🙆🏻♀️