book

Index 37

(Extra part)

  • Author : Kyawal
  • Genres : Drama

🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️

🍂🍂🍂🕞🕣🕙

၁နှစ်ခန့်ကြာသော်....

ကမ်းခြေတစ်ခု၏ ကျောက်ဆောင်လေးအပေါ်တွင်..
ပုဇွန်ဆီရောင်သန်းခါ ပင်လယ်ရေအောက်ထဲသို့ တဖြည်းဖြည်းနစ် မြုတ် ဝင်နေသည့် နေလုံးကြီးအား ငေးထိုင်ကြည့်နေသည့် ချိန်းအား သျှားတစ်ယောက် အနောက်မှ တိတ်တိတ်လေး ပုခုံးအားသိုင်းဖက်လိုက်သည်
“ချိန်း ငါမင်းနဲ့ ချစ်သူဖြစ်ခဲ့တဲ့ အချိန်တွေကို လွမ်းလိုက်တာကွာ....အဲ့တော့ ငါတို့ ပြန်တွဲကြမလားဟင်...”

ထိုစကားကြောင့် ချိန်းကျောစိမ့်ခါ ဖက်ထားရာမှ အမြန် ရုန်းထွက်လိုက်သည်
“ဟေး..ဟေး.. သျှား မင်း မဟုတ်တာတွေ ပြန်မတွေးနဲ့ကွာ...
ငါ့မှာလည်း မိန်းမရှိနေပြီ
မင်းမှာလည်း မိန်းမနဲ့ ကို
ဘာတွေ ဗရမ်းဗတာ လာပြောနေ..”

“ဟား...တကယ်ကွ ချိန်းရ ငါမင်းကို လွမ်းတယ်..”

မျက်နှာနားသို့ တဖြည်းဖြည်းတိုးကပ်လာသည့် သျှားမျက်နှာအား လက်ဖြင့် ပုတ်ချလိုက်သည်
“ဟာ..သျှား မင်းဒါဘာဖြစ်နေတာလဲကွာ..ငါအေးဆေးလေး နေဝင်တဲ့အလှတရားကို ထိုင်ကြည့်ပါရစေကွာ လာမရှုပ်စမ်းပါနဲ့...”

ပြုံးစိစိမျက်နှာထားဖြင့် သျှားတစ်ယောက် ချိန်းအား အတည်ပေါက်ဖြင့် စနောက်လို့နေသည်
“ချိန်းရာ..လုပ်ပါ ငါတို့ ပြန်တွဲကြရအောင် နော်...နော် နော်ချိန်း...”

“ကျစ်...သျှားရာ မင်းစချင်နောက်ချင် အခြားအကြောင်းရာနဲ့ စကွာ အဲ့အကြောင်းကြီး ပြန်ပြန်ပြောပြီး မစ စမ်းပါနဲ့ကွာ...”

“ဟာ...ဒီတစ်ခါ မစဘူး ချိန်းရ အတည်ပြောနေတာ အတည် ..”

“ဟာ...ဘာအတည်လဲ သျှားရာ ဖယ်စမ်းပါကွာ..”

“လာပါချိန်းရာ ပြန်တွဲကြရအောင်နော် နော် နော် လာပါ”

“ဟာကွာ..ကျစ်..နေဝင်ချိန်လှလှလေးတောင် မင်းကြောင့် ကောင်းကောင်းမကြည့်ရဘူး မဟုတ်တာတွေ ဘာတွေလာပြောနေမှန်းမသိဘူး ဖယ်ကွာ ဖယ် ဖယ် ..”

တွန်းထုတ်ကာ ထပြေးသွားသည့် ချိန်းကြောင့်.၃၂ချောင်းသော သွားများ ပေါ်သည်အထိ သဘောကျစွာ သူပြုံးရယ်နေသည်...
“ဟာ..ဟေး ချိန်း ဘယ်ကို ထပြေးတာလဲကွ...သျှားတို့ ပြန်တွဲကြရအောင်လေကွာ...ချိန်း ...ချိန်း..”

သျှားတစ်ယောက် ပြုံးစိစိဖြင့် လှမ်းအော်နေပေမယ့် ချိန်းကတော့ လှည့်မကြည့်ပဲ အုန်းပင်တွေ ကြားမှ ဟော်တယ်ထဲသို့သာ ပြေးဝင်သွားတော့သည်။....

အမှန်က ချိန်းအား ညနေစာစားရန် လာခေါ်ချင်းဖြစ်သည် ...
နေဝင်တာကို ကြည့်နေ၍ သူ မလိုက်ပဲနေမည် စိုး၍ တမင်သက်သက် သျှား စနောက်လိုက်ချင်းသာ...
ထပြေးသွားသည့် ချိန်းအဖြစ်ကို သျှားတစ်ယောက် ပြုံးခါ ငေးကြည့်နေရင်း...
ဆုံးသွားတာ တစ်နှစ်ပြည့်ပြီဖြစ်သည့် သုတအား သတိရမိသည်။....

🍃🍂🍃🍂🍃🍂🍃

သုတဆုံးတာ တစ်နှစ်ပြည့် အနေဖြင့် ဒေါ်မီကီရိစန် တစ်ယောက် အုတ်ဂူပေါ်တွင် ...
ဖဲကြိုးနီလေးစီးထားသည့် ပန်းစီးကြီးအား တင်ပေးလိုက်သည်...
“စိတ်ဓာတ်ကောင်းတဲ့ ကောင်လေးရေ မင်းတစ်ယောက်ထဲ အထီးကျန်မနေအောင် အမြဲတမ်း အန်တီအပက်တိုင်း လိုလို စကားလာပြောပေးခဲ့တယ်နော်...
အခုဆို ကောင်လေး အန်တီတို့အနားက မင်းထွက်သွားခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်သွားခဲ့ပြီနော်...
အန်တီသမီးလေးနဲ့သားကို ချစ်သက်ရှည်အောင် ကူညီကယ်ပေးခဲ့တဲ့ ကောင်လေးကို အန်တီ အများကြီးကျေးဇူးတင်ပါတယ်ကွယ်...
ကောင်လေး အန်တီ သွားစရာလေးရှိသေးလို့ သွားတော့မယ်နော် ...
တမန်လွန်မှာ အေးချမ်းစွာ အနားယူနေနိုင်ပါစေကွယ်...”

“ဝှီး..🍃🍃
ထိုသို့ ဆုတောင်းပေးပြီး မကြာ ဖြူးကနဲဆိုသလို လေအေး တစ်ချက် သူမထံသို့ သိသိသာသာ တိုးဝေ့တိုက်ခက် လိုက်လာ၍
ပြုံးလိုက် မိသည်။.....

(ပြီးပါပြီ။.....)

#ခွန်းခတ္တာကြွယ်
ကြွယ်ရဲ့ ဒီပထမဆုံးရေးတဲ့ ဝတ္ထုလေးကို အပြီးထိ စိတ်ရှည်ရှည်နဲ့အားပေးဖတ်ရှူပေးတဲ့ စာဖတ်သူအားလုံးကို ကျေးဇူး အများကြီး အများကြီး တင်ပါတယ်ရှင့်🙏🏻♥️
အားလုံးကိုလည်း အရမ်းချစ်ပါတယ်ရှင့်♥️
စာဖတ်ပရိတ်သက်အားလုံး ကျန်းမာ ချမ်းသာကြပါစေလို့ ကြွယ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်😘🙏🏻


rate now: