🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
သားမိနှစ်ယောက် ပြောနေခြင်းအား သျှားတစ်ယောက် ပြုံး၍ကြည့်နေသည်။
ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် လက်တွင်ပက်ထားသည့် နာရီအား သျှားငုံ့ကြည့်လိုက်ခါ အချိန်လဲ နီးပြီဖြစ်၍ ယူမီ၏ ပခုံးလေးအား လှမ်းကိုင်ကာ ပြောလိုက်သည်
“ဟေး..ယူမီ ဖြေးဖြေးလုပ်လို့ မရတော့ဘူး ကိုယ့်မှာ ဝင်စရာ နေရာရှိသေးတယ် အဲ့ဒါကြောင့် အခုပဲ သွားကြစို့နော်...”
“ဟင် ဘယ်နေရာဝင်စရာရှိသေး လို့လဲ သျှားမာန်ရဲ့...”
“လာပါ ယူမီရယ်..ရောက်ရင် သိလိမ့်မယ် ကိုယ်တို့ အမေ့ကို ကန်တော့ပြီး သွားကြစို့...”
“ဟွန်..အင်းပါ အင်းပါ..”
စံအိမ်တော်ကြီးတွင် တစ်ယောက်တည်း ကျန်ခဲ့မည့် ဒေါ်မီကီရိစန်အား သျှားနှင့် ယူမီ နှုတ်ဆက် ကန်တော့၍
ကားပေါ်တွင် နေရာယူလိုက်ကြသည်။..
“မေမေ သမီး လွမ်းနေမယ်နော်”
“အေးပါသမီးရယ် မေမေလည်းလွမ်းနေပါ့မယ်”
ပြောရင်း ဒေါ်မီကီရိစန်မှာ မျက်ရည်လေးများ ဝဲတတ်လာရသည်။..
“မေမေစိတ်မပူပါနဲ့ သမီးတို့ ဂျပန်ပွဲတော်ရက်နဲ့တွက်ပြီး မေမေစီ အကြာကြီး မကြာမကြာ လာလည်မယ်နော်...”
“ဟုတ်ပါပြီကွယ်...”
“သား..မင်းလည်းဒဏ်ရာကို မပေါ့ဆနဲ့နော် ဆေးလည်းသေချာသောက် နောက်ပြီး ဆေးရောသေချာ ထည့်”
“အဟင်း..ဟုတ်ကဲ့ပါအမေရဲ့ “
“သမီးလေး သားကို ဂရုစိုက်နော်..”
“အဟွန်း စိတ်ချပါမေမေရယ် သမီးရဲ့ချစ်ခင်ပွန်းကို မေမေပြောတာထက်တောင် သမီးက ပိုဂရုစိုက်သေးတယ်..ဟီး”
သျှားလက်မောင်းလေးအား ဖက်ခါ ပြောလိုက်သည့် သူမကြောင့် ဒေါ်မီကီရိစန်ရော..သျှားပါ ပြုံးသွားကြသည်။
“ဟုတ်ပါပြီကွယ် ဒါဆိုလည်း သွားကြတော့လေ..ဝင်စရာနေရာရှိသေးတယ်ဆို တော်ကြာနောက်ကျနေမှ ဖြင့်သွား သွား သားနဲ့သမီး”
“ဟုတ်ကဲ့ မေမေ ဒါဆိုသမီးတို့ သွားပြီနော် တာ့တာ”
“သားတို့ သွားပြီနော် အမေ”
“အေး အေးပါကွယ် တာ့တာ”
လက်ပြနှုတ်ဆက်ရင်း...ဒေါ်မီကီရိစန် တစ်ယောက် မျက်ရည်လေးများ စီးကျခါ စံအိမ်တော်ကြီးတွင် ကျန်ခဲ့လေတော့သည်။.....
☘️☘️☘️☘️✨☘️
ချိန်းနှင့်ပိုးသားကျူးမှာ ဦးသော်မြင့်ချိန်၏ အိမ်တွင် အခင်းဖြစ်ပွါး ပြီးနေ့မှစလို့ ..မနေဖြစ်ကြတော့ပဲ သူ၏ ပြန်တွေ့သော မိဘရင်းများ အိမ်တွင်သာ နေထိုင်သည်မှာ ယခုဆို ၁လပင်ရှိပြီ ဖြစ်သည်....
သဘက်ခါ ဆိုလျှင်သူတို့နှစ်ဦး၏ မင်္ဂလာပွဲလေးလဲ ကျင်းပတော့ မည်ဖြစ်သည်။...
အိမ်ပန်းခြံထဲရှိ ၃ယောက်စီး ဒန်းလေးပေါ်တွင် ငေးထိုင်နေသည့်..ပိုးသားကျူးအား ချိန်းအနောက်မှ..တိတ်တိတ်လေးလာကာ ခြောက်လန့်လိုက်သည်
“ဟေး...”
“အမလေး..အမေ့...ဟင် ကို လန့်လိုက်တာနော် အသံမပေးပဲ ရောက်လာတယ်”
“ဘာတွေ ငေးနေတာလဲ ကိုယ့်အချစ်ကလေးက...”
“အဟွန်း...ကိုတို့ မိသားစုလေးကိုကြည့်ပြီး ပိုးလည်း ဆုံးသွားတဲ့ မေမေနဲ့ဖေဖေကို လွမ်းလာလို့ပါ..”
မျက်ရည်လေးဝဲခါ ပြောလာသည့် သူမအနားသို့ ချိန်းကပ်ထိုင်လိုက်သည်.
“ဟော်...ပိုးရယ် ဖြစ်ရလေ..အခုချိန်မှာ ကိုယ့်ရဲ့ ဖေဖေနဲ့မေမေဟာလည်း ပိုးရဲ့ ဖေဖေနဲ့မေမေပါပဲ မဟုတ်ဘူးလား ပိုးရဲ့...”
“ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမယ့်...”
“ဘာကို ဒါပေမယ့်လည်း ပိုးရဲ့”
မျက်လွှာလေးချနေသည့် သူမ မျက်နှာလေးအား ဆွဲကိုင်မော့ခါ မေးလိုက်တာကြောင့် သူမမျက်ဝန်းဝိုင်းလေးဖြင့် သူ့အား စိုက်ကြည့်နေသည်။....
“ပြော ပိုး ကိုယ့်ကို မချစ်ဘူးလား..”
“ဘယ်လိုမေးလိုက်တာလဲ ကိုရယ် ချစ်တာပေါ့ ချစ်လွန်းလို့လည်း ဒီက သူထွက်သွားပြီ ဆိုတုန်းက အသဲခိုက်မတတ် နာကြင်အောင် ငိုယိုနေခဲ့ရတာ သိရဲ့လား...”
ထိုစကားကြောင့် အရင်လို ပြေပစ်ခါ ချောမောခန့်ညားလာသည့် သူ့မျက်နှာလေးမှာ စိတ်မကောင်းဖြစ်ကာ ညိုးကျသွားရသည်။
“အဲ့အတွက် ကိုယ် တောင်းပန်ပါတယ် ပိုးရယ် ကိုမရည်ရွယ်ပါဘူး...”
“ဟွန့်...သွားပါ ခုကြမှ လာတောင်းပန်ပြမနေနဲ့...ဒီက ခွင့်မလွှတ်ဘူး...”
“ဟာ...ပိုးကလည်း ကိုယ်တောင်းပန်နေပြီပဲ ခွင့်လွှတ်ပါနော်”
“ဟင့်အင်း လုံးဝခွင့်မလွှတ်ဘူး..”
“တကယ် ခွင့်မလွှတ်ဘူးလား..”
“တကယ်..”
“အဲ့ဒါဆို...ရော့ကွာ”
ထော်ဆူနေသည့် သူမနှုတ်ဖူးဖူးလေးအား သူဖိကပ်လို့ နမ်းလိုက်တာကြောင့် မျက်လုံးလေး ပြူးကျယ်ကာ ဝိုင်းစက်သွားသည်
“ဟာ ကို ဘာလုပ်တာလဲ ဒါက”
“ပိုးကမှ ကိုယ့်ကို ခွင့်လွှတ်မပေးတာ အဲ့တော့ ကိုယ်က ပိုး ခွင့်လွှတ်မပေး မချင်း ပိုးကိုနမ်းမှာ..”
“ဟာ...ကိုနော် အဲ့လို မညစ်နဲ့”
“ဟောဗျာ ကိုယ်မညစ်ပါဘူး ပိုးကမှ ကိုယ့်ကို ခွင့်မလွှတ်တာ ဒီတော့....”
“ဟယ်...ကို...”
ဖွေးနုနေသည့် ပိုး၏ မျက်နှာအနှံ့အား သူ့စိတ်ကြိုက်ချယ်လှယ်ခါ နမ်း ရှုံ့လိုက်သည် ၊ထို့နောက် မေးဖျားလေးအား ကိုင်ကာ မေးလိုက်သည်
“ပြော ခွင့်လွှတ်ပြီလား ကိုယ့်ကို”
“ဟင့်...လူဆိုးကြီး လူညစ်ကြီး...”
“ဘာလဲ ပိုးက ကိုယ့်ကို ခွင့်မလွှတ်သေးဘူးလား ဒါဆိုလည်း ရတယ်လေ ဒီနေ့တစ်နေ့လုံး ပိုးကို ထိုင်နမ်းယုံပဲ...”
အနားသို့ ထပ်၍တိုးကပ်လာသော သူ၏နှုတ်ခမ်းလေးအား သူမလက်လေးဖြင့် ဖိပိတ်တားစည်းလိုက်သည်
“ဟွန်း...တော်ပြီနော်...ပိုးခွင့်လွှတ်တယ်”
ထိုအခါမှ ဖိပိတ်တားထားသည့် သူမလက်ကလေးအား ဆွဲဖယ်လိုက်သည်
“အဟင်း..တကယ်လား ..ခွင့်လွှတ်ပြီဆိုတာက...”
“အင်း...တကယ်..”
“အဲ့ဒါဆိုလည်း ကိုယ်ကမရဘူး ပိုးခွင့်လွှတ်ပေးတဲ့ အထိန်းအမှတ်အနေနဲ့ နမ်းမှာပဲ..”
“ဟာ..ကိုနော်..အွန့်...”
ပြောပြောဆိုဆိုနှင့် သူမနှုတ်ခမ်းလေးအား ညင်သာစွာ ဖိကပ်နမ်းရှိုက်လိုက်ရင်း...သူမ၏ခါးလေးကိုလည်း ပိုလို့တိုးဖက်ထားမိသည်။..သူမလေးမှာလည်း သူ၏အနမ်းတို့အား အလိုက်သင့် ပြန်လည်တုံ့ပြန်ရင်း......
ချစ်ရသူနှစ်ဦးအတွက် ထိုအခိုက်အတန့်လေးဟာ ကြည်းနူးပျော်ရွှင်မှုတို့နှင့် ပြည့်ဝခါ ရင်ခုန်ဖို့လည်း ကောင်းလှပေသည်။....
🌧🌧🌧🌧🌧🌧
မသည်းမဲသည့် မိုးဖွဲလေးများ ကြွေကျနေပြီး...
ခဲရောင်အင်္ဂတေ ကျောက်တိုင်လေး၏ ရှေ့တွင် နှင်းဆီဖြူ ပန်းစီးကြီးအား သျှား ချလိုက်ရင်း....
ဒူးထောက်ခါ ငိုယိုနေလေသည်။...
ထိုကျောက်တိုင်လေးတွင် သုတ၏ ဓာတ်ပုံ/နာမည်/အသက်/သေဆုံးသည့် နေ့ရက်တို့အား ဂျပန်စာတလှည့် မြန်မာစာတလှည့် ထွင်းထုပေးထားပြီး....
ကျောက်တိုင်ရှေ့တွင် အမွှေးတိုင်ခွက် နှင့် သုတကြိုက်တတ်သည့် အသီးအနှံ့လေးများလည်း ထားပေးထားသည်။
ဂျပန်နိုင်ငံတွင် ဆုံးသည့်အတွက် သုတအား ဒေါ်မီကီရိစန်တို့ မိသားစုမှ ဂျပန်ရိုးရာအတိုင်း အသုဘချပေးထားချင်းပင်....
သုတဟာ မိဘမဲ့တစ်ယောက်ဖြစ်တာကြောင့် သူ၏သေဆုံးမှုဟာ ပို၍အထီးကျန်ဆန်လှသည်။...
ငိုနေသည့် သျှားအား နံဘေးမှ အကြည်ရောင် ထီးလေးကိုင်မိုးပေးထားခါ သျှားနှင့်အပြိုင်မျက်ရည်လေးများ ကျနေသူက ယူမီပင်.....
သူမသိပ်ချစ်ရတဲ့ ချစ်သူကို ကယ်လိုက်ရင်း ဆုံးပါးသွားသည်ကြောင့် ရင်ထဲအတော်ပင် စိတ်မကောင်းဖြစ်မိခါ သုတ၏ ကာကွယ်အနစ်နာ ခံပေးသည့် စိတ်ဓာတ်ကိုလည်း လေးစားမိသည်။..
မြက်ခင်းပြင်တွင် ဒူးထောက်ခါငိုနေသည့် သျှားအား သူမလည်း ဒူးလေးထောက်ခါ ထီးလေးမိုးပေးရင်း...လက်တစ်ဖက်က ပုခုံးလေးအား သိုင်းဖက်ပေးထားပြီး....
“သျှား...ကျွန်မတို့ သွားကြရအောင် လေယာဉ်ချိန်နောက်ကျ တော့မယ် ..”
ဖက်တွယ်ပေးထားသည့် သူမ မျက်နှာလေးအား သူမော့ကြည့်လိုက်ခါ...
“ကိုယ့်အပေါ် အစ်ကိုရင်းတစ်ယောက်လို အရမ်းကောင်းပေးခဲ့တဲ့ သူကို ဆုံးရှူံးလိုက်ရတာ ကိုယ် အရမ်းနာကြင်နေရ တယ် ယူမီရယ်...”
“အင်း...ကျွန်မနားလည်ပါတယ် အဲ့ခံစားချက်ကို
ခဏတာ ခင်ခဲ့ကြတဲ့ ကျွန်မတို့တောင် ကိုသုတအတွက် ဝမ်းနည်းနာကြင်နေရရင် ...
ညီအစ်ကိုတွေလို နေခဲ့ကြတဲ့ သျှားမာန်သာဆို ပိုပြီး နာကြင်ခံစားနေရမယ်မှန်း ယူမီကောင်းကောင်းသိပါတယ် သျှားမာန်ရယ်...”
ကျောက်တိုင်တွင် ထွင်းကပ်ထားသော သုတ၏ ဓာတ်ပုံလေးပေါ်ရှိ ရေသီးရေပေါက်လေးများအား သျှား လက်ဖျားလေးဖြင့် ပွတ်သုတ်ဖယ်ရှားပေး လိုက်ရင်း...
“ကိုသုတကို ကျွန်တော်တို့ နုတ်ဆက်ခဲ့ပါတယ်ဗျာ ... နောက်နှစ်တွေ ဂျပန်ကို မကြာ မကြာ လာလည်တဲ့အခါ ကိုသုတစီကိုလည်း ကျွန်တော်တို့မကြာမကြာ လာခဲ့ပါ့မယ်နော်....အခုတော့လေယာဉ်ချိန် နောက်ကျမှာ စိုးလို့ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး ကိုသုတ..”
သုတအား နုတ်ဆက်၍ ဒူးထောက်ထိုင်နေရာမှာ နှစ်ဦးသား ထရပ်လိုက်ခါ..တစ်ယောက်လက်တစ်ယောက် လက်ချင်းချိိတ်လိုက်ပြီး...
ထိုနေရာလေးအား ကျောခိုင်းခါထွက် ခွါသွားခဲ့တော့သည်။....
အငွေ့ရိပ်လေးဖြင့် သုတတစ်ယောက် မိုးဖွဲလေးများကြားမှ သူတို့ချစ်သူနှစ်ဦးအား ပြုံး၍ကြည့်ခါ အုတ်ဂူနားတွင် ကျန် ရစ်နေခဲ့တော့သည်။.....
🎊🪞🪞🪞🎊
ကြည်လင်ရှင်းလင်းနေသည့် မှန်ပြင်ကြီးရှေ့တွင် ပိုးတစ်ယောက် ရွှေရောင်လက်လက်ထနေသည့် မင်္ဂလာဂါဝန် ဝတ်စုံလေးဖြင့် ခါတိုင်း လှသည်ထက် ပိုတိုးလို့ လှပနေလေသည်။...
ပန်းစည်းလေး ကိုင်ခါ မှန်ရှေ့တွင်ရပ်ကြည့်နေသည့် ပိုး၏ ခါးလေးအား ချိန်းအနောက်မှ သိုင်းဖက်လိုက်ခါ...
“ကိုယ့်သတို့သမီးလေး ဒီနေ့အရမ်းလှတာပဲကွာ...”
ပြောရင်း ပေါ်နေသော သူမ၏ဝင်းမွှတ်နေသည့် ပုခုံးသားလေးအား..တယုတယ ငုံ့နမ်းလိုက်သည်။..
ပိုးတစ်ယောက် ရှက်ကိုး ရှက်ကန် ဖြစ်သွားရခါ...
“ကိုကတော့...ပိုပြန်ပြီ...”
“ဟောဗျာ...မပိုပါဘူး လိုတောင်လိုနေသေး..ကိုယ်က အမှန်ကိုပြောနေတာ“
“ဟင့် မယုံပါဘူးနော်..”
“ပိုးနော် ကိုယ့်စကားဆို တစ်ခါတည်းနဲ့ ယုံတယ်လို့ကို မရှိဘူး စိတ်မရှည်ရင် ဆိုးထားတဲ့ နှုတ်ခမ်းနီတွေ ပျက်အောင် နမ်းပစ်မှာဗျ...”
မျက်နှာနားသို့ ဇွတ်တိုးကပ်လာသည့် ချိန်းကြောင့် သူမကျောလေးကော့ခါ နောက်သို့ ဆုတ်ရင်း..
“အဟင်း...ပိုးက စတာပါကိုရဲ့ မလုပ်ပါနဲ့..”
ထိုစဉ် မိကြူနှင့် ပန်းကလျာ တံခါးဖွင့်ခါ ဝင်လာလိုက်ပြီး ထိုမြင်ကွင်းကို မြင်တော့ လက်နှစ်ဖက်ဖြင့် အုပ်ကာခါ...
“ဟယ်...ကိုကို တို့နော် မိတ်ကပ်ပြင်ပေးတဲ့ မာမီနှစ်ယောက်ကို အပြင်ပထုတ်ပြီး..အထဲမှာ သူတို့နှစ်ယောက်ထဲ ဇွတ်ကဲနေကြတာပေါ့လေ ဟွန်း..မကြာခင်ပဲ လက်ထက်ကြရတော့မှာပါနော် ...ဖြေးဖြေးကဲကြပါ..”
“ဟီး...ဟုတ်ပနော် အကိုလေးကလည်း မမလေးကို သိပ်အနိုင်မကျင့်ပါနဲ့ တော်ကြာအလှတွေ ပျက်ကုန်မှဖြင့် ဓာတ်ပုံရိုက်တဲ့အခါ မလှပဲနေပါဦး မယ်နော်..”
ထိုစကားကြောင့် ချိန်းသွားလေးပေါ်အောင် ရယ်လိုက်ပြီး..
“အကို့ မိန်းမက ဘယ်လိုနေနေလှပြီးသားမို့ အခုပြင်ထားတဲ့အလှတွေ ပျက်သွားလည်း သေချာပေါက် လှနေဦးမှာပဲ အပြင်မှာတောင် ဒီလောက်လှနေတာ ဓာတ်ပုံထဲဆို ပိုလို့တောင်လှနေလိမ့်မယ် စောင့်ကြည့်လိုက်..”
“ဟွန်း...ကိုကိုတို့များနော် သူ့မိန်းမကို တော်တော်အမွှန်းတင်ချက် ဒီကမနာလိုဘူးနော်...”
“အဟားဟားဟား ဒါကတော့ ကိုကိုက ချစ်တာကိုးဗျ...နော့ အချစ်လေး...”
မေးစေ့လေးကိုင်ခါ ပြောလိုက်သောကြောင့်...
“ဟွန်း ကိုကလည်း...”
“အယ်...ခုချိန်မှ ရှက်မနေပါနဲ့ မမလေးရယ် ဟီး...ဒါနဲ့ ခဏနေ မင်္ဂလာပွဲစတော့မှာနော် အဲ့ဒါ မိကြူတို့လာပြောတာ”
“ဟုတ်တယ် ကိုကို ချစ်ရေကြည်လူးမနေနဲ့ ပွဲစတော့မှာ သေချာ အဆင်သင့်ဖြစ်အောင်လုပ်ထားဦး...”
“ဟုတ်ကဲ့ပါ မမတို့ရဲ့...”
“ဟီး..အဲ့ဒါဆို အောက်ထပ်မှာ လူအရမ်းကျနေလို့ ဧည့်သည်တွေကို ညီမတို့ နေရာချပေးလိုက်ဦးမယ်နော် ပွဲစတော့မှ တစ်ခါပြန်လာခေါ်လိုက်မယ်...”
“ဟုတ်ပြီ ညီမလေး”
“လာမိကြူ “
ပန်းကလျာ မိကြူလက်မောင်းလေးအား ချိတ်ခါ အခန်းထဲမှ ထွက်သွားတော့သည်။
သွက်လက်ပွင့်လင်းသည့် မိကြူအား ပန်းကလျာ အဆင့်တန်းမခွဲခြားပဲ ညီအစ်မတွေလို ခင်မင်နေမိသည်။...
ထွက်သွားသည့် မိကြူနှင့်ပန်းကလျာအား ပြုံးကြည့်နေရင်းမှ...
သူ့အကြည့်တို့က သတို့သမီးဖြစ်သူ ပိုးစီသို့ ...
“ပိုး..မကြာခင် ကိုယ်တို့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကြီး စတော့မယ်နော်...ပိုး ရင်မခုန်ဘူးလား..”
“ရင်ခုန်တာပေါ့ကိုရယ် ..”
“အဲ့ဒါဆို...ကို့ယ်ကိုချစ်လား..”
အဆက်စပ်မရှိမေးလိုက်သော သူ့စကားကြောင့် ပိုးမျက်လုံးလေးဝိုင်းသွားခါ..
“ဟင်..ဘာဆိုင်လို့လဲ ကိုကလည်း..”
“မသိဘူးကွာ ဆိုင်ဆိုင်မဆိုင်ဆိုင် ဖြေပါ ကိုယ့်ကိုချစ်လားလို့..”
“ချစ်တာပေါ့ရှင် ပိုးက ဒီလူကြီးကို အရမ်းချစ်တာ သိပြီလား..”
“အဲ့ဒါဆို ကို့ကို မင်္ဂလာပွဲမစခင် အနမ်းလေးပေး...”
ထိုစကားကြောင့် ပိုးမျက်နှာလေး ပြုံးစိစိဖြစ်ခါ...
ချိန်း၏ပါးပြင်လေးအား နှာခေါင်းလေးနှစ်ဝင်အောင် အနမ်းပေးလိုက်သည်။..
ချိန်းပြုံးလိုက်ပြီး...
“အဲ့နေရာမဟုတ်ဘူး...ဒီနေရာ”
“ဟင်!..”
နှုတ်ခမ်းလေးအား လက်ညိုးလေးဖြင့် ထောက်ပြတာကြောင့်...
“နော် ပိုး...ကို့ယ်ကို ချစ်ရင် အနမ်းလေးပေးပါ နော် နော် please “
ခလေးတစ်ယောက်လို ပူဆာနေသည့် ချိန်းအား သွားတတ်လေးပေါ်အောင် ပိုးပြုံးလိုက်မိသည်။....
ရှင်းသန့်သည့် ချိန်းမျက်နှာလေးကို သူမ စိုက်ကြည့်ရင်း ပြုံးနေတာလေး ရပ်ခါ မျက်နှာလေးကို အနီးကပ်ဆွဲယူလိုက်ပြီး နှုတ်ခမ်းလေးအား ဖိကပ်နမ်းပေးလိုက်သည်....။
လိုချင်တာရလိုက်သည့် ချိန်းတစ်ယောက် သူမအား ချစ်လှစွာ ထွေးပွေ့သိမ်းဖက်ထားလိုက်တော့သည်။...
🎊🎊🤵🏻💐👰🏻♀️🎊🎊🎊
မင်္ဂလာပွဲတွင် ချိန်း၏ လက်မောင်းလေးအား ပိုးချိတ်ထားခါ တစ်ဖက်တွင် ပန်းစီးလေးအား ကိုင်ထားရင်း ဧည့်သည်များအား ပြုံးရွှင်စွာဧည့်ခံနေလေသည်။
ထိုစဉ် သျှားတစ်ယောက် ချိန်းအနားသို့ ရောက်လာခါ..
စိတ်တိုနေသည့် မျက်နှာထားဖြင့်..
“ချိန်း .....ဒါဘာတွေလဲ ဒါဘာသဘောလဲ ဟမ် ပြောပါဦးချိန်း “
သျှား၏မျက်နှာထားနှင့် အပြောတို့ကြောင့် ချိန်းတစ်ယောက် ထိန့်လန့်သွားခါ...
“ဟင်..သျှား....သျှားဘယ်လိုလုပ်ပြီး ဒီကို..“
“ဘာလဲ သျှားကချိန်းအခုလို မင်္ဂလာဆောင်တာတောင် သိခွင့်မရှိ လာခွင့်မရှိဘူးလား ချိန်း..”
“အဲ့ အဲ့လိုမဟုတ်ပါဘူး သျှားရဲ့ ဒေါ်လေးစီကို ချိန်းဖိတ်စာ ပို့ထားခဲ့ပါတယ် သျှားရဲ့..”
“ဟုတ်တယ်လေ ဒါပေမယ့် ဖိတ်စာမှာ ချိန်းက ဒေါ်လေးနာမည် သီးသန့်နဲ့ ဖိတ်ထားတာလေ သျှားကိုကျ ထည့်တွက်ထားပုံတောင် မပေါ်ဘူးနော်..”
ချိန်းမျက်လွှာလေး ချခါ...
“သျှား..ချိန်း တောင်းပန်ပါတယ် သျှားရဲ့...အခုက မင်္ဂလာပွဲမှာလေ”
“ချိန်း ... ချိန်း သျှားကိုကြည့် သျှားကို ကြည့်ဦးလို့ “
သျှား ချိန်းမျက်နှာအား သူ့ဘက်ဆွဲလှည့်ပြီး နဖူးချင်းတေ့ခါ မျက်နှာချင်းဆိုင်ထားလိုက်သည်။
“အား ...ဟီး ဟီး ဟီး ချိန်း,,,ချိန်း သျှားအပေါ်လုပ်ရပ်တယ်ကွာ ...ချိန်းကို သျှားယုံကြည်လို့ ဂျပန်ကို အလုပ်ကိစ္စနဲ့သွားခဲ့တာ အချိန်ဘယ်လောက်ကြာလို့လဲ ဟင် ဟီး ဟီး ချိန်းကွာ....”
ရက်စက်တယ် အရမ်းရက်စက်တယ် ...သျှားအပေါ် လုပ်ရပ်လိုက်တာကွာ”
ထိုမြင်ကွင်းကြောင့် ပိုးရော ချိန်းမိသားစုအပါအဝင် /မင်္ဂလာပွဲသို့ တတ်ရောက်သည့် ဧည့်သည်များအားလုံး..ပြူးကြောင်ကြောင်ဖြင့် တီးတိုးပြောခါကြည့်နေကြတော့သည်။...
ထိုအခါမှ ယူမီတစ်ယောက် သျှားအနောက်မှ ရောက်လာခါ ပုခုံးအား လှမ်းပုတ်လိုက်ပြီး
“အဟမ်း..အဟမ်း တော်တော့ သတို့သမီးကော/ဧည့်သည်တွေပါ ရှင့်ကြောင့် လန့်ဖြန့်ကုန်ပြီ...”
ထိုအခါမှ သျှား ချိန်းအနားမှ ခွါလိုက်ခါ အသံထွက်အောင်ရယ်လိုက်ပြီး..
“ဟား ဟား ဟား သျှားကနောက်တာပါ ချိန်းရဲ့ အတော်များလန့်သွားလား ချိန်း”
ထိုအခါမှ ချိန်းတစ်ယောက် အရှက်ကွဲပြီး ပိုးအထင်လွဲသွားပြီ ထင်နေသည့် စိုးရိမ်စိတ်အလုံးကြီး သက်ပြင်းရှည်ကြီးနှင့်အတူ ပါသွားတော့သည်။...
“ဟူး....သျှားရာ ချိန်းဖြင့်လန့်လိုက်တာ..ကွာ..”
“အဟက်...Sorry sorry အဟင်း..”
မင်္ဂလာပွဲ သို့လာကြသည့် ပရိတ်သက်တွေ ဘက်သို့ သျှား မျက်နှာမူလိုက်ခါ...
“အားလုံးပဲ ထိန့်လန့်သွားရင် ကျွန်တော် အနူးညွှန့်တောင်းပန်ပါတယ်ဗျ...ချိန်းနဲ့ကျွန်တော်က ငယ်သူငယ်ချင်းကြီးတွေမလို့ ကျွန်တော်က နောက်လိုက်တာပါဗျ...အားလုံးကို ကျွန်တော်တောင်း ပန်ပါတယ်နော်..”
ထိုအခါမှ ပိုးရော ချိန်းမိသားစုပါ အားလုံးကလည်း သက်ပြင်းချသံတွေနဲ့အတူ အေးဆေးပြန်ဖြစ် သွားကြတော့သည်။...
နံဘေးတွင် ရပ်နေသော ယူမီ ပုခုံးလေးအား ဆွဲဖက်လိုက်ခါ...
“ချိန်း ဒါက သျှားရဲ့ ချစ်ဇနီး ဂျပန်မြန်မာကပြားမလေး နာမည်က ယူမီတဲ့..”
ထိုစကားကြောင့် ချိန်းကော ပိုးပါ အံ့ဩသွားရပြီး..
“ဟာ....သျှား မင်းက ဂျပန်သွားပြီး မိန်းမယူလာ ခဲ့တာလား..”
“အဟက်...အဲ့လိုပဲ ဆိုလိုက်ပါတော့ကွာ..ဟားဟား”
“မင်းကတော့ကွာ ယူမဲ့ယူတော့လည်း ငါ့ထက်တောင် မြန်နေသေးနော် မထင်ရဘူး ဟားဟား ..”
“အေ့ကွာ ဘယ်လို ဖြစ်သွားမှန်း ငါလည်းမသိတော့ဘူး...ဟားဟား
ဒါနဲ့ ဒေါ်လေးစီက ဦးလေးရဲ့ သတင်းကော မင်းရဲ့ အဖြစ်မှန်ကော ငါကြားခဲ့ရတယ်..ဦးလေးအတွက်တော့ ငါစိတ်မကောင်းပါဘူး ကွာ...”
ထိုစကားကြားတော့ အဖေအဖြစ်ချစ်နေခဲ့သည့် ချိန်းတစ်ယောက် မျက်နှာလေးညိုးခါ စိတ်မကောင်း ဖြစ်သွားရပြီး...
“အေးကွာ...အဖေ့တွက် ငါလည်း စိတ်မကောင်းပါဘူး...”
“အဟွန်း ...ဘာပဲဖြစ်ဖြစ်ကွာ အခုမင်းရဲ့ မိဘအရင်းတွေနဲ့ စုံစုံလင်လင် ရှိနေပြီပဲ ..မင်းအတွက်ငါ ဂုဏ်ယူပါတယ်ကွာ..”
“ကျေးဇူးပါပဲကွာ...”
“ဒါနဲ့ ညီမလေးပိုး ဒီနေ့အရမ်းလှတယ်..သိလား”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကိုသျှား ..”
သူမအား သျှားပြုံးပြလိုက်ပြီး...
“ချိန်း ငါတို့နှစ်ယောက်က ဒီတိုင်း မက်တပ်ရပ်နေရမှာလား .. ငါတို့အတွက် နေရာချပေးဦးလေကွာ...”
“ဪ...အေးဟုတ်သား အဟား ငါမေ့နေတာ လာလာ..”
“ဖြစ်ရမယ်မင်းကတော့..”
“လာ...မိန်းမ သွားထိုင်ကြရအောင်..”
ယူမီ သျှားအား တံတောင်လေးနဲ့တွက်လိုက်ခါ..
“ဟွန့် ဘယ်လိုကြီးခေါ်နေတာလဲ..”
“ဟာ..ကိုယ့် မိန်းမမလို မိန်းမခေါ်တာလေ ဘာတွေ ဒီလောက်ရှက်နေ ..လာပါ ဟိုမှာ သတို့သားနဲ့ သတို့သမီးက နေရာချပေးဖို့ ရှေ့မှာရောက်နေပြီ လာ”
ယူမီ၏လက်ကလေးအား ဆုတ်ကိုင်ခါ ထိုနေရာမှ တွဲခေါ်သွားလိုက်တော့သည်။...
🏵🏵🏵🏵🏵
မင်္ဂလာပွဲရှိ စားပွဲဝိုင်းတစ်နေရာတွင်...
“ဂျာကြီး...Bossနဲ့ဂျူနီယာပိုးလေး တို့တောင် မင်္ဂလာဆောင် သွားကြပြီနော် ...”
“အေ့လေ အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ..”
ယွန်းသီရိ၏ အပြောကြောင့် ဂျာကြီးမှာ နှာခေါင်းရှုံ့လို့ ပြန်ပြောလိုက်သည်..
“ဂျာကြီး..အားမကျဘူးလား...”
“အားကျတယ်လေ..အဲ့ဒါဘာဖြစ်လဲ..”
“အဟင်း..ဂျာကြီးက အားကျလည်း တစ်သက်လုံး လူပျိုကြီးဘဝနဲ့ Faဖြစ်မယ့် ရုပ်ပါ...စိတ်ကူးယဉ်မနေနဲ့..”
ထိုစကားကြောင့် ဂျာကြီးက သွားပေါ်အောင်ပြုံး လိုက်ပြီး..
“အဟွန်း...ငါတစ်သက်လုံး Faဖြစ်မယ်လို့ နင့်ဘယ်သူပြောလည်း ...ဟားဟား ဒီမှာ ဒါငါ့ချစ်သူ...”
ဘေးနားတွင် ထိုင်နေသော ဟေမာန် လက်အားဆွဲကိုင်ကာ ပြလိုက်သည်
ယွန်းသီရိ တစ်ယောက် မျက်လုံးပြူး မျက်စံပြူး ဖြစ်သွားရပြီး..
“ဟင်..!ဂျာကြီးနဲ့ ဟေမာန်က..”
အံ့ဩတကြီးဖြင့် မေးမိသည်
“ဟဲ ဟဲ ဟဲ ...ချစ်သူတွေ ဖြစ်သွားကြပြီလေ..”
“ဟမ်!...တကယ်ကြီးလား ..”
“ဪ တကယ်ပါဆို မိယွန်းရယ် ချစ်သူမဟုတ်ဘဲ ငါကသူ့လက်ကိုင်တာကို သူကခံပါ့မလားဟ စဉ်းစား”
“ဟဲ..ဟေမာန်မ..ဂျာကြီးပြောတာ တကယ်ပဲလား...”
ထိုအခါမှ ဟေမာန်က ပြုံးဖြီးဖြီးဖြင့် ယွန်းသီရိအား ပြန်ကြည့်ခါ ရှက်ကိုး ရှက်ကန်ဖြင့်.. ခေါင်းငုံ့လို့ ပြန်ဖြေလိုက်သည်
“ဟီး...ဟုတ်တယ်ဟ..”
“ဘာပြောတယ်...
ဟယ်..မိန်းမ ရှင်က လျှိုတိတ်နော်...ချစ်သူဖြစ်သွားတာတောင် သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ငါက ဘာမှ မသိရပါ့လား...ဟွန်း..ပြောတော့ ငါးပိရည်ကြို နေ့တိုင်း မစားနိုင်ဘူးလေး ဘာလေးနဲ့..အခုကျတော့”
“ဟီး...အခုကျတော့ ဂျာကြီးက ငါ့အချစ်ကိုသာ ရရင် သူကပ်စေးနဲတဲ့ အကျင့်ပြင်ပါ့မယ်ဆိုလို့ ပါအေ..အဲ့ဒါ..”
“ဪ..အဲ့ဒါနဲ့ ရှင်က ပြန်ချစ်လိုက်တယ် ဆိုပါတော့ အဟွန်း...ကောင်းပါတယ် ...ဂျာကြီးလိုလူကို Faဘဝက အမြန်ကျွတ်အောင် နင်လုပ်ပေးလိုက်တာပဲ ငါကျေးဇူးတင်ပါတယ် အဟွန်း ဟားဟားဟား”
ဂျာကြီးတို့ စားပွဲဝိုင်းလေးမှာ သူတို့၃ယောက်၏ ရယ်သံများဖုံးလွှမ်းခါ ပျော်ရွှင်စရာကောင်းနေတော့သည်။...
💐💐📨📨💐💐💐
ချိန်းနှင့်သျှားတို့ စကားပြောနေသည့် စားပွဲဝိုင်းအနီးသို့...
ရှေ့နေဖြစ်ပုံပေါ်သည့် လူကြီးတစ်ဦး ရောက်လာခဲ့သည်
“ကောင်လေး...ဦးသော်မြင့်ချိန်က မင်းကို စာတစ်ဆောင်ပါးလိုက်တယ်..”
ထိုစကားကြောင့် ပြုံးပျော်နေတာတွေ ချိန်း ခဏရပ်တန့်လိုက်ပြီး ကမ်းပေးသော စာအိတ်လေးအား ဖွင့်ဖောက်လို့ဖတ်ကြည့်လိုက်သည်..
သို့ချိန်း...
ဖြစ်ခဲ့တဲ့ အမှားတွေအတွက် ငါတောင်းပန်ပါတယ်။
ငါမင်းကို မင်းမိဘတွေစီက ငါ့အစ်မလက်စားချေးနိုင်ဖို့ ခိုးယူပေးခဲ့မိတဲ့ အတွက်လဲ ငါမှားမှန်း သိပါပြီ။
မင်းရဲ့ အဖေနဲ့အမေကိုလည်း ပြောပေးပါ ငါအနူးညွှန့်တောင်းပန်တယ်လို့။
ချိန်း ဒီနေ့က မင်းရဲ့ မင်္ဂလာပွဲ ဆို
အဲ့အတွက် ငါမင်းကို ဂုဏ်ပြုပါတယ်ကွာ
မင်းတို့ချစ်သူနှစ်ဦး သေတစ်ဖန်သက်တစ်ဆုံး ပျော်ရွှင်စွာပေါင်းသင်းသွားရပါစေလို့ ငါဆုတောင်းပေးပါတယ်။..
ပိုးကိုလည်း ငါ့လုပ်ရပ်နဲ့အမှားတွေအတွက် ငါစာလေးကနေ တစ်ဆင့် တောင်းပန်လိုက်တယ်လို့ ပြောပေးပါ။.,
နောက်ပြီး မင်းတို့ နှစ်ဦးအတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ ငါ့ရဲ့ပိုင်ဆိုင်မှု တစ်ဝတ်တိတိကို ရှေ့နေကနေတစ်ဆင့် ငါလွှဲပြောင်းပေးလိုက်ပါတယ်။..
မင်းရဲ့ ပြီးပြည့်စုံလင်တဲ့ မိသားစုလေးနဲ့ ပျော်ရွှင်စွာ တစ်သက်လုံး နေထိုင်သွားကြရပါစေလို့
ဆုတောင်းပေးလိုက်ရင်း....
ဦးစိုင်းဌာရ ခေါ် ဦးသော်မြင့်ချိန်
ချိန်းတစ်ယောက် ထိုစာလေးအား ဖတ်ကြည့်ရင်း...ဝမ်းနည်းစွာ ပြုံးလိုက်မိသည်။...
ဦးသော်မြင့်ချိန်ဟာ ဘယ်လောက်ပဲ သူ့အပေါ်မှာ မရိုးမသားလုပ်ခဲ့လုပ်ခဲ့
ဖခင်တစ်ယောက်လို သူ့အပေါ်မှာ အပြည့်အဝ တာဝန်ကျေခဲ့သူဟုလည်း ဆိုနိုင်သည်။
မှတ်ဉာဏ်တွေအားလုံး သူ သတိရလို့ သေချာပြန်စဉ်းစားကြည့်ရာ
ဦးသော်မြင့်ချိန်ဟာ သူ့အသက်ကို ကယ်ခဲ့ပြီး သူ့အား စိတ်ကြိုက် ပေးဆိုးထားယုံက လွဲလျှင် သူ့အပေါ်ထိခိုက်အောင် မကောင်းကြံစည်ခြင်း မပြုခဲ့ပေ။...
အားလုံးဟာ ကြီးဝေ၏ စနပ်တွေသာဖြစ်ခဲ့သည် ...
♥️♥️♥️♥️ Extra ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)