book

Index 35

(အပိုင်း ၃၅)

  • Author : Kyawal
  • Genres : Drama

🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️


တွန်းထုတ်ခံရ၍ ကုတင်ပေါ်မှ ပြုတ်ကျသွားသည့် ဦးသော်မြင့်ချိန်မှာ ခက်ထန်စူးရဲသော အကြည့်တို့ဖြင့် ပြန်စိုက်ကြည့်ခါ...
“အဟွန်း ငါမွေးစားထားလို့ အသက်ရှင်တဲ့ ကောင်ကများ အခုမှ လေကြီးလေကျယ်..လာပြောနေတယ်...ငါကိုက မှားတာ မင်း သေလောက်အောင် နိပ်စက်ခံနေရတာကို ငါမကယ်ပဲ ပစ်ထားခဲ့ရမှာကွ သိလား
မင်းလိုကောင်ကို ငါကယ်ခဲ့လို့ အတော်နောင်တရတယ်...မင်းက ငါ့ကျေးဇူးကြွေးတွေကိုမှ မထောက် ငါချစ်နေတဲ့ မိန်းကလေးကိုပါ လုယူရဲတယ် ...ကျေးဇူးကန်းတဲ့ ကောင်...
မင်းကို ငါသတ်မယ်...”

ထိုစကားများကြောင့် ချိန်းတစ်ယောက် ဘာကိုမှ နားမလည်တော့ဟန်ဖြင့် သူ့အား ကြောင်အစွာ ကြည့်နေရသည်။
ဘာတဲ့ ကျွန်တော်က အဖေ့ရဲ့ သားအရင်းမဟုတ်ဘူးတဲ့လား ဗျာ...

ချိန်းထံသို့ ပြေးခါ လက်သီးနဲ့ ထိုးဖို့ရွယ်လိုက်စဉ်မှာပင်...
“ဟိုး...ဟိုး...ထား ဦးစိုင်းဌာရ..အဟွန်း .. ခင်ဗျ အမှန်တကယ် သတ်သင့်တဲ့သူက သက်သက်ရှိနေတယ်နော်..”

အသံလာရာသို့ လှည့်ကြည့်လိုက်တော့
အစ်မဖြစ်သူ အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ထွန်းညီဆိုသော လူပင်...

“မင်း...မင်း ဒီကိုဘယ်လို ရောက်လာတာလဲ ..နောက်ပြီး မင်းဘာတွေ လာပြောနေတာလဲ ငါတို့ကိစ္စမင်း ဘာမှ မသိပဲ ဝင်မပါနဲ့”

“အဟွန်း အဟား ဟား ဟား ကျုပ်သိတာပေါ့ ကျုပ်ကောင်းကောင်း ကြီး သိတာပေါ့ ...ခင်ဗျကသာ နွားလှည်းဘီးတုန်း လူအ ဟားဟားဟား နှစ်ပေါင်းများစွာ ဟော့ဒီ့ မြွေပွေးမကြီးကို ခါးပိုက်ပိုက်ထား ခဲ့လို့ပဲ ...”

တံခါးအနောက်မှ ဆွဲထုတ်ပြသူအား ကြည့်လိုက်တော့..ကြီးဝေဆိုသူပင်...
💢...ဒေါ်ဝေ”
“ဟင်!...ကြီးကြီးဝေ”
“ဟင်!....ကြီးဝေ”
အားလုံးထဲက တစ်ယောက်သောသူ ချိန်းကတော့ အံ့ဩချင်း အလျင်းမရှိ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်သည်။...

“လာ ခင်ဗျကြီး ဒီကို ဘာအခုမှ တွံ့ဆုတ် တွံ့ဆုတ် လာလုပ်နေတာလဲ...အဟင်း ယုတ်မာ ကောက်ကျစ်တဲ့ မိန်းမယုတ်ကြီး....”

လက်နှစ်ဖက်အား နောက်ပြန် ကြိုးတုတ်ခံထားရပြီး မျက်နှာတွင်လည်း အညိုအမဲများ စွဲနေပြီး ငိုမဲ့မဲ့မျက်နှာဖြင့်....
“သ သခင်ကြီး ကျွန်မကို ကယ်ပါဦး ဟီး ဟီး ဟီး..”

“ဟား ဟား ဟား ရယ်ရတယ် ခင်ဗျကြီးက ကယ်ပါဦးလို့ ပြောရမှာမဟုတ်ဘူး ကျွန်မကို အသေသတ်ပေးပါ လို့ပြောရမှာ ရယ်ရတယ်...ပြောပြလိုက် လေ ခင်ဗျကြီး ဘယ်လိုတွေ ယုတ်မာ ကောက်ကျစ်ခဲ့လဲ ဆိုတာ သူတို့တွေ အားလုံးသိအောင်....”

“ဟင့်အင်း ...ငါမယုတ်မာခဲ့ ဘူး ငါကောင်းစားဖို့ အတွက်ပဲ ငါလုပ်ခဲ့ယုံပါ...”

“ဟား...အတော် အကျောတင်းတဲ့ ဘွားတော်ပဲ ကောင်းပြီလေ ခင်ဗျက ကိုယ်တိုင်ယုတ်မာခဲ့တာတွေ များနေပြီဆိူတော့ ...ဘယ်မှတ်မိပါတော့မလဲ..ကျုပ်ကပဲ ပြောပြလိုက်မယ်...”
“သေချာ နားထောင် ဦးစိုင်းဌာရ”

“ဒေါ်ဝေက ခင်ဗျရဲ့ သစ္စာခံ ကျွန် ဆိုပေမယ့်။ ခင်ဗျအပေါ် တစ်စက်မှ သစ္စာမရှိတဲ့ အပြင် ခင်ဗျရဲ့ တစ်မိသားစု တစ်ခုလုံးအပေါ်ကိုလဲ ယုတ်မာကောက်ကျစ်ခဲ့တယ်။ ဘာလို့ကောက်ကျစ်ရတာလဲ လို့မေးရင်...အဖြေကရှင်းရှင်းလေးပဲ ဒီဘွားတော်က ‘ရလေလိုလေ အိုတစ္ဆေ’မျိူး..’ခင်ဗျတို့ မျိုးရိုးဆင်ဆက် ပိုင်ဆိုင်ကြွယ်ဝမှုတွေကို လက်ဝါးကြီး အုပ်ချင်လို့ ခင်ဗျတို့အနားမှာ နှစ်ဆယ်ချီအောင် အနီးကပ် လုပ်ကြံယုတ်မာနေရတာပဲ...
ခင်ဗျရဲ့ အဖေနဲ့အမေကိုလည်း ရှေ့ဆင့်နောက်ဆင့် သေအောင် ဆေးမှားသောက်စေခဲ့တာ ဘယ်သူရဲ့လုပ်ကြံမှုလဲ သိလား အဲ့ဒါဒေါ်ဝေပဲ။
သူတမင် ဆေးအမှားတွေ သေချာ ထည့်တိုက်ခဲ့လို့ ခင်ဗျ အဖေနဲ့အမေ အမြန်ဆုံးသွားခဲ့တာ။ အဟင်း...ခင်ဗျက အဲ့ဒါကို မသိပဲ ဆေးဆရာတွေကို ထောင်ချခဲ့တယ်။
သူလုပ်ကြံတာတွေမှန်သမျှ ကျုပ်အကုန် မြင်လို့ သူက ကျုပ်ကို တိတ်တိတ်လေး ပူးပေါင်းကြမယ်ဆိုပြီး လာပြောတယ် ။ကျုပ်လို သမျှ ပိုက်ဆံတွေကိုလည်း သူက ထုတ်ထုတ်ပေးတော့ ..အဟွန်း ကျုပ်က သူ့ရဲ့သစ္စာခံ ကျွန်လိုပဲ ဖြစ်ခဲ့ရတယ်။
နောက်ပြီးခင်ဗျအမ USမှာ ကားအက်စီးဒန့်ဖြစ်အောင် လုပ်ကြံခိုင်းတာကရော ဘယ်သူလဲ သိလား ဒီဘွားတော် ဒေါ်ဝေပဲ ကျုပ်ကကျုပ်အမေနှလုံးရောဂါသည် အတွက် ဆေးဖိုးတွေ အများကြီးရအောင်ဆိုပြီး သူခိုင်းတာကို အရဲစွန့် လုပ်ခဲ့ရတာ ။
နောက်ဆုံး သူက ကျုပ်ကိုပါ ယုတ်မာပြီး မလိမ့်တပက်နဲ့ ရှိရှိသမျှ အပြစ်တွေ ကျုပ်အပေါ်ပုံချပြီး ထောင်ထဲထည့်ခဲ့တယ်။..
သူကျုပ်ကို ထောင်ထဲ ထည့်လိုက်တဲ့ သတင်းက အိမ်ကအမေစီ တစ်ဆင့်စကား တစ်ဆင့်နားကြားပြီး သတင်းပြန့်သွားခဲ့တယ် ။ အဲ့သတင်းကြားပြီး ကျုပ်အမေ နှလုံးရောဂါဖောက်ပြီး နေရာမှာတင်ပွဲ ချင်းပြီး ဆုံးသွားခဲ့ရတယ်...
အဟင်း...နောက်ပြီး ခင်ဗျအတွက် သတင်းကောင်းပြော ဦးမယ် ခင်ဗျ ကလေးခိုးလာပြီး မွေးစားထားတဲ့ သူရဲ့ သမီးကို ခင်ဗျ ဖမ်းထားတာလေ အဲ့ကောင်မလေး အခုလွတ်သွားပြီ...”

🎶တွန်.🎶.တွန် ဒွန် 🎶ဒွန်..”

ပြောပြောဆိုဆိုနှင့် ဦးသော်မြင့်ချိန်ထံ ဖုန်းဝင်လာခဲ့သည်။
ချက်ချင်းဆိုသလို သူဖုန်းကောက် ကိုင်လိုက်ပြီး..
“.📞......💢...”
“ဘာကွ...ဒါတကယ်ပဲလား”
“..........”
💢တောက်...”
“တူ...တူ တူ”

“အဟွန်း ဘယ်လိုလဲ ကောင်မလေး ရဲတွေ လက်ချက်နဲ့ လွတ်သွားခဲ့တယ်မလား...အဲ့လိုဖြစ်စေတဲ့ တရားခံကလည်း ဘယ်သူလဲ သိလား ..ခင်ဗျယုံကြည်စိတ်ချစွာ အမြဲ ရင်ဖွင့်တိုင်ပင်နေတဲ့ ဟော့ဒီက ဒေါ်ဝေရဲ့ လက်ချက်ပဲလေ...”

“ဘာ...💢

“အဟား ဟား ဟားဟုတ်တယ် ခင်ဗျကို အဖမ်းခံရပြီး တမင် ထောင်ထဲ အရောက်ပို့ချင်လို့ သူက ခင်ဗျတို့ မရှိတုန်း စာတိုက်ကနေ ရဲစခန်းကို သဲလွန်စပေးပြီး တိုင်ခဲ့တာပဲ....ကျွတ်...ကျွတ်..သနားစရာကောင်းပါ့လား ဦးစိုင်းဌာရ နှစ်ပေါင်းများစွာ အနီးကပ်အလိမ်ခံနေရတာက..သိပ်သနားစရာ ကောင်းလွန်းတယ်နော်...”

ထိူစကားများကြောင့်...ဦးသော်မြင့်ချိန် ကြီးဝေအား မနှစ်မျို့မသတီသလို ရွံ့ရှာမုန်းတီးသည့် အကြည့် များဖြင့်
“ခင်ဗျ ကြီး သူပြောနေတာတွေက အမှန်ပဲလား... ခင်ဗျကြီးကျုပ်ကို နှစ်ပေါင်းများ စွာ အနီးကပ်လုပ်ကြံနေခဲ့တာပေါ့လေ...”

“အဟော်...ဟုတ်ပါတယ်ဆို ဘာလို့ ထက်မေးနေသေးလဲဗျာ...”

ထွန်းညီ ကြီးဝေဘက်အား လှည့်ခါ..
“ဒေါ်ဝေ ဒီဓားလေး ခင်ဗျ မှတ်မိသေးလား”

ခါးကြားမှ ဆွဲထုတ်ပြလိုက်သည့် ဓားမြှောင်ကြောင့် ကြီးဝေ အတော်လန့်ဖြန့်သွားရပြီး ...ထိုဓားမှာ ထွန်းညီအား သူလုပ်ကြံတုန်းက သုံးခဲ့သည့် ဓားပင်ဖြစ်သည်။...
“အဟင်း..မမှတ်မိစရာ အကြောင်းမရှိပါဘူးနော့...”
“ရော့...ဦးစိုင်းဌာရ သူ့ဓားနဲ့ သူ့ကို ပြန်သတ်ပြီး ...သွေးကြွေးစပ်ခိူင်းလိုက်”

ထွန်းညီ မဲ့ပြုံးပြုံးခါ ဦးသော်မြင့်ချိန် လက်ထဲသို့ ဓားထည့်ပေးလိုက်သည်...။

မိကြူ/ပိုးနှင့်ချိန်းတို့မှာ ကြားရသည့်
စကားများကြောင့် ကြီးဝေအား အတော်ပင်ကြောက်ရွံ့မိသည်။
မထင်ရက်စရာ သဘောကောင်းလွန်းပြီး ချိုသာလွန်းနေသူက အခုတော့ အရာအားလုံးကို ယုတ်မာကောက်ကျစ်နေတဲ့သူတဲ့.....

“ဟေး...ဒါဘာလုပ်နေကြတာလဲ အားလုံး ရပ်လိုက်ကြ
ဆရာထူးဇော် ဦးသော်မြင့်ချိန်ကို အလိုမတူ ပြန်ပေးဆွဲမှုနဲ့ လက်ထိတ်ခက် ဖမ်းစီးလိုက်ပါ”

“ဟုတ်ကဲ့ ဆရာသစ္စာ..”

အလေးပြုခါ ထိုရဲသားမှ သူ့ထံ လက်ထိတ်ခက်ဖို့ လာနေတုန်း သူ၏အရှေ့တည့်တည့်ရှိ ကြီးဝေအား အံကြိတ်ခါ လက်ထဲရှိ ဓားမြှောင်ဖြင့်
“စွက်...စွက်...စွက်...စွက်....”
တစ်စွက်စွက် ဖြင့် ဘယ်ဘက်ရင်ဘက် တည့်တည့်ကို မရပ်မနား ထိုးစိုက်ခါ သတ်ပစ်လိုက်သည်။....
ဦးသော်မြင့်ချိန် မျက်နှာတစ်ခုလုံး သွေးများ အတိစွန်းထင်းခါ ဒေါသတို့ဖြင့် မခံစားနိုင်အောင် သွေးရူး သွေးတမ်းဖြစ်နေတော့လေသည်။...

“ဟာ..ဆရာတို့ ဆွဲကြလေဗျာ ဒီလောက် လူကိူ ပက်ပက်စက်စက် သတ်နေတာ..”

ထိုစကားကြားခါမှ အနီးနားရှိ ရဲ၃ယောက်မှ ဦးသော်မြင့်ချိန်အား ဆွဲဖမ်းခါ လက်ထိတ်ခက်လိုက်ပြီး ခေါ်သွားကြတော့သည်။..

အိမ်အောက်ထပ်တွင် ရောက်လာသော ပန်းကလျာတို့ မိသားစုမှာလည်း သွေးများ စွန်းထင်နေသည့် ဦးသော်မြင့်ချိန်အား ဖမ်းခေါ်သွားသည်ကို ကြည့်ခါ လန့်ဖြန့်သွားရပြီး...
မည်သူ့အား သတ်လိုက်တာလဲ ဆိုတာ သိချင်စိတ်ကြောင့် အိမ်ပေါ်သို့ ပြေးတတ်ရန် ပြင်လိုက်စဉ်....
လှေကားပေါ်မှ ရဲများနှင့် အတူ လူအုပ်တစ်စု အိမ်အောက်ထက် သို့ ဆင်းလာကြသည်။...

ချိန်းကတော့ ပိုး ပုခုံးလေးအား သိုင်း ဖက်ထားလျက် မိကြူက ဘေးမှ ပိုး၏ လက်မောင်းလေးအား ချိတ်ခါ အလျှိုလျှို ဆင်းလာကြသည်။..

ထိုအခါမှ ဦးစိုင်းခန်းသန့်တစ်ယောက်
ချိန်းထံသို့ သွက်လက်သည့် ခြေလှမ်းများဖြင့် .....
“သား...ဖေဖေရဲ့ သားလေး..”

ဆွဲဖက်လိုက်တဲ့ ဦးစိုင်းခန်းသန့်ကြောင့် ချိန်းမှာ ကြောင်အအဖြစ်သွားရပြီး
“ကိုကို ...”
နောက်ထပ် သူ့အား အပြေးလေး လာဖက်သူက ပန်းကလျာပင်....
အံ့ဩမှုတွေဖြင့် ဘာကိုမှနားမလည်နိုင်အောင်ဖြစ်နေရသည်။...

“သား...မေမေ့သားလေး...”
ထိုသို့ ခေါ်ခါ သူ့စီသို့ ဝှီးချဲပေါ်မှ ထခါ လာနေသူက ဒေါ်ရွှေရည်မှုန်ပင်......
သမီးဖြစ်သူ ပျောက်နေတာကြောင့် အိပ်ယာထဲလှဲနေရာမှ နားလံထူခါစမို့ ခြေလှမ်းတွေမှာ ယိုင်နဲ့နဲ့ဖြစ်နေလေ၏။ ထို့ကြောင့် လှဲကျမည်စိုး၍ ချိန်း လှမ်းထိန်းပေးလိုက်သည်။...

“သား..သားလေး..မေမေ့ရဲ့သားလေး နှစ်၃၀လုံး ပျောက်သွားခဲ့တဲ့ မေမေ့သားလေး..အခုတွေ့ပြီ...ဟီး..ဟီး..”

သားဖြစ်သူအား ဖက်ခါငိုနေသည့် ဒေါ်ရွှေရည်မှုန်ကိုကြည့်ရင်း ဦးစိုင်းခန်းသန့်မှာလည်း မျက်ရည်များ ဝဲတတ်လာရသည်။...

နှစ်၃၀လုံးဝေးကွာနေသည့် သားဖြစ်သူကို အသက်ရှင်လျက် ပြန်တွေ့ရ၍
ဝမ်းသာကြည်နူးမှုတိူ့က အတိုင်းထပ်လွန်ပင်....

မိခင်ရင်း / ဖခင်ရင်းတို့ဖြင့် ပြန်ဆုံတွေ့နေသူ ချိန်းတစ်ယောက်အား ပိုးနှင့်မိကြူကြည့်ခါ ပြုံးနေမိသည်။...

“မိကြူညီမလေး ... မမကို လာကူညီလို့ ကျေးဇူးအများကြီး တင်တယ်နော်”

လက်မောင်းအားချိတ်ထားသည့် မိကြူလက်လေးအား ဖွဖွလေး ဆုတ်ကိုင်ခါ ပြောလိုက်သောကြောင့်

“ရပါတယ် မမလေးရဲ့...
မမလေး ဘာမှမထိခိုက်မိတာကိုပဲ မိကြူကကျေနပ်နေပြီ”

ထိုစကားကြောင့် သူမပြုံးလိုက်ခါ မိကြူအား ချစ်စနိုးလေးဖြင့် ဦးခေါင်းချင်းထိတိုက်လိုက်သည်။....

🍃🕕🕣🕢🍃[၁လ ခန့်ကြာပြီးသော်]

ခန်းနားကျယ်ဝန်းလှသည့် စံအိမ်တော်ကြီးထဲမှ သျှားတစ်ယောက် ခရီးဆောင် လက်ဆွဲအိတ်၂လုံးနှင့် အခြားအထုတ်ကြီး အထုတ်ငယ်တို့အား အလျှိုအလျှို ကားပေါ်တင်ရန် ပြင်နေလေသည်။...

ထို့ကြောင့် ဒေါ်မီကီရိစန်မှ...
“အဲ...သား...အဲ့အထုတ်တွေ ဝါကတာ တင်လိုက်ပါလိမ့်မယ် ...လာပါ သားရဲ့ ဒဏ်ရာက သိပ်ကျက်သေးတာလဲ မဟုတ်ပဲနဲ့ တော်ကြာ အလေးပင်တွေမ လိုက်လို့ အနာ ပြန်ရင်းနေပါ့မယ် မ သယ်ပါနဲ့ လာ လာ”

“ရပါတယ် အမေရဲ့..”

“အို မရပါဘူးသားရယ် လာပါကွယ်...”

ဒေါ်မီကီရိစန် လက်မောင်းလေးအား ဆွဲခေါ်သွားတာကြောင့် သျှားလည်း အလိုက်သင့်ပါသွားတော့သည်။...

ဧည့်ခန်းရှိ စားပွဲပုလေးထံသို့ ခေါ်သွားခါ သျှားအား သက်တောင့် သက်သာ ထိုင်စေလိုက်ပြီး...
“သားနဲ့သမီးက မြန်မာပြည်ပြန်တော့ မှာဆိုတော့ မေမေကတော့ ဒီမှာ တစ်ယောက်ထဲ အထီးကျန်ပြီး လွမ်းနေခဲ့ရတော့မှာပဲ...”

“ဪ အမေရယ် အဲ့လို မလွမ်းစေချင်လို့ ယူမီလို နိုင်ငံသား ခံယူပြီး လိုက်ခဲ့ပါဆိုတော့လဲ အမေက..”

“အို ...အဲ့ဒါကလည်း မဖြစ်သေးပါဘူးကွယ် “

“တွေ့လား အမေက လက်မခံဘူး”

စက္ကူထူဆွဲတံခါးလေးမှာ လျောကနဲ ပွင့်လာခါ
“ဟိတ်...ဘာတွေ လက်မခံ ဖြစ်နေတာလဲ ..”

“ဒီမှာလေ ယူမီရဲ့ အမေက..”

“အို..ရှူး...”

“ဟင်...ဘာလဲ မေမေ”
သမီးဖြစ်သူအား ထိုအကြောင်းသာ ပြောပြလိုက်လျှင် သူမအားလိုက်ခဲ့ဖို့ ပူဆာမဆုံး ဖြစ်မည်စိုး၍ မပြောပါနဲ့ ဆိုသည့် ပုံစံဖြင့် နှုတ်လေးစေ့ပြခါ...
“အဟင်း ဘာမှ မဟုတ်ပါဘူး သမီးရဲ့
အချိန်ကြည့်ဦးနော် တော်ကြာ နောက်ကျနေဦးမယ်..”

“အယ်...ဖြေးဖြေးပေါ့ မေမေကလဲ ဘာတွေလောနေတာ ...”

🌟🌟🌟🌟 အပိုင်း ၃၆ ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: