🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
🚖🚖🚖🚖🚖
တရွေ့ရွ့မောင်းနင်နေသည့် ကားလေးပေါ်တွင် ချိန်းတစ်ယောက် ဝမ်းနည်းမှုတွေနှင့်အတူ ငေးငိုင်နေရပြီး....
ကြီးဝေတစ်ယောက်ကတော့ သူရေးဆွဲသည့်အစီစဉ်အောင်မြင်တာကြောင့် ကြိတ်၍ ပြုံးပျော်နေလေသည်။...
လွယ်ထားသည့် ကျောပိုးအိတ်ထဲမှ အလွမ်းပြေ ထုတ်ကြည့်ရန် ပိုးနှင့်သူ အတူတွဲရိုက်ခဲ့သည့် ဘောင်ခက်ထား သည့် ဓာတ်ပုံလေးအား ရှာလိုက်သည်။....
အကန့်တစ်ကန့်စီတိုင်းကို သေချာရှာပေမယ့် မတွေ့ရချေ။
ချက်ချင်းဆိုသလို သူပြာပြာသလဲ ဖြစ်သွားပြီး ဤအမှတ်တရပုံလေးဟာ သူနဲ့ပိုး ပထမဆုံးချစ်သူဖြစ်သည့် အချိန်က အမှတ်တရအဖြစ် ရိုက်ထားခြင်းကြောင့် သူတန်ဖိုးထားသည်။...
ဓာတ်ပုံကျန်ခဲ့သည်ထက် ပိုဆိုးတာကပိုးနှင့်သူ့ရဲ့ အမှတ်တရပစ္စည်းမှန်သမျှ Pink Mickey ဇစ်ပိတ်အိတ်လေးထဲတွင် သူသေချာကျကျနန ထည့်ထားခဲ့ပါသည်။ သို့သော် ထိုအိတ်လေးပါ ပါမလာခဲ့သောကြောင့် ချိန်း ရင်ထဲ ဒိန်းကနဲဆိုသလို အိမ်ပြန်လှည့်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။..
“ကားရပ် ..ကားရပ် ရပ်..”
ထိုစကားကြောင့် ကြီးဝေပြုံးနေသည့် အတွေးမှ နိုးထကာ...
“ချိန်း သား ဘာဖြစ်လို့လဲ လေယာဉ်ကွင်းတောင် ရောက်တော့မှာကို ဘာလို့ကားရပ်ခိုင်းရတာလဲ ကွယ်...”
ပူပူလောင်လောင် အကြည့်ဖြင့် ပြန်ကြည့်ခါ...
“ကျွန်တော့်အတွက် အရမ်း အရေးကြီးတဲ့ပစ္စည်း ကျန်ခဲ့လို့...အဲ့ပစ္စည်းပါမှ ဖြစ်မှာ မဟုတ်ရင် ကျွန်တော် အဝေးကို ထွက်သွားနိုင်မှာ မဟုတ်ဘူး”
ထိုစကားကြောင့် ကြီးဝေမျက်နှာက မှုန်သုန်သွားပြီး...
“အဲ့လိုတော့ လုပ်လို့မရဘူးလေ သားကလဲ ထွက်သွားဖို့ ပြင်ဆင်ပြီးနေပြီပဲ
သားအခုကျန်ခဲ့တာ ဘာပစ္စည်းမို့လဲ ကြီးဝေ ခန့်ကျော်ကို ယူခိုင်းပြီး လေယာဉ်ကွင်းကို လာပို့ခိုင်းလိုက်မယ်လေ....”
ချက်ချင်းဆိုသလို ခေါင်းရန်းခါလိုက်ပြီး “အဲ့ပစ္စည်းက ကျွန်တော် အမြတ်တနိုးထားတဲ့ ပစ္စည်း ဘယ်သူ့ကိုမှ လူလွတ်ပြီး မယူခိုင်းနိုင်ဘူး ကျွန်တော်ကိုယ်တိုင်ပဲ ပြန်သွားယူမယ်..ကားဆရာ ကားရပ်ပေးပါအခု “
“မဟုတ်ဘူးလေ သား
သားကိုယ်တိုင်သွားပြန်ယူတော့ အားလုံး ရှုပ်ကုန်မာပေါ့ အခုချိန်ဆို ပိုးလည်း သားထွက်သွားတာကို သိနေလောက်ပြီ...
သားပြန်သွားရင် ရှုပ်ကုန်လိမ့်မယ်
မပြန်ပါနဲ့ သားရယ်နော် ..ကြီးဝေစကားကို နားထောင်ပါ...”
“မရဘူး ကြီးဝေ ကျွန်တော့်အတွက် အဲ့ပစ္စည်းတွေက အရမ်းအရေးကြီးတယ် ဘဝနဲ့ချီပြီး အရေးကြီးတယ်ဗျာ
ကျွန်တော်ပြောနေတယ် ရပ်ပေးပါ ကားဆရာ “
တရွေ့ရွေ့မောင်းနေရင်းမှ ကားလေးမှာ အိကနဲရပ်သွားတာကြောင့်..
ချိန်းထွက်မသွားစေရန် လက်ကောက်ဝတ်အား ကြီးဝေ ဖမ်းဆွဲထားလိုက်ပြီး..
“ဟဲ့ ဘာလို့ရပ်သွားတာလဲ ဆက်မောင်း...ငါနင့်ကို ပိုက်ဆံပေး ငှါးထားတာ သူ့စကားနားထောင် စရာမလိုဘူး ဆက်မောင်း....”
ကားမောင်းနေသူမှ ငိုက်စိုက်စောင်းထားသည့် ဦးထုတ်အား ချွတ်ခါ
ကြီးဝေဘက်သို့ လှည့်ကြည့်၍...
နှုတ်ခမ်း တစ်ဖက်အား ကွေးညွှန့်ခါ ခပ်မဲ့မဲ့ပြုံးပြလိုက်သည်။...
အံ့ဩထိန့်လန့်သောအကြည့်တို့ ဖြင့် ကြီးဝေ တုန်ရင် သွားရပြီး..
ဖမ်းဆွဲထားသည့် ချိန်း၏လက်အား လွှတ်ပေးလိုက်မိသည်.။..
“နင်..နင်...ထွန်းညီ...ဘယ်လို ဖြစ်လို့..”
ထိုလူမှာ ကုတုံးပေါက်ကေနှင့် မျက်နှာတွင် ဓားဒဏ်ရာအဆင်းကြီးလည်း ရှိနေပြီး အသက်ရွယ်အားဖြင့် ၃၀ကျော်လောက်တော့ ရှိသည်...။..
ချိန်းဘက်သို့ ထိုလူက လှည့်ကြည့်လိုက်ပြီး..
“ကောင်လေး မင်းတို့က နှစ်၃၀လုံးလုံး မြွေပွေးခါးပိုက်ပိုက် ထားခဲ့တာပဲ”
“ဗျာ...”
ထိုစကားကြောင့်...ချိန်း၏ ဖြူဖက်နေသည့် မျက်နှာလေးမှာ အံ့ဩမှုတို့ နှင့်အတူ မျက်လုံးလေး ဝိုင်းစက်သွားရသည်..။
ဒေါသတွေ တစ်ထောင်းထောင်းထနေသည့် မျက်နှာထားဖြင့် ကြီးဝေမှ.
“ထွန်းညီ နင်ဒါ ဘာလုပ်တာလဲ...”
ညစ်ကျယ်ကျယ် အပြုံးဖြင့် ကြီးဝေဘက်သို့ ပြန်လှည့်ကြည့်ခါ
“ခင်ဗျ ဘာလုပ်တယ်လို့ ထင်လဲ...
အဟင်း ကျုပ်က ခင်ဗျ ဘာတွေလုပ်တယ် ...
ဘာတွေ ကြံစည်ထားတယ် ဆိုတာ ကအစ ကျုပ်အကုန်သိတယ် ...”
ချက်ချင်းပဲ ထိုလူကြီးမှာ ချိန်းစီသို့ စာရွက်စာတမ်း ဖိုင်တွဲ တစ်ခုအားပစ်ပေးလိုက်သည်..။..
“ရော့..ကောင်လေး မင်းရဲ့ ဆေးစစ်ချက်မှတ်တမ်း အစစ်...”
“ဗျာ...”
ဖိုင်တွဲလေးအား ကမှန်းကတမ်း ချိန်းထုတ်ကြည့်လိုက်တော့ ....
ချိန်းဟာ ဘာရောဂါမှ ရှိမနေပဲ...
ဆေးတစ်မျိုးကြောင့်သာ ဆိုဒ်အဖက်စ်(ဆိုးကျိုး) ကို ခံစားနေရခြင်းပင်...
ချိန်းမျက်လုံးလေးများ ပြူးကျယ်သွား ရပြီး
“ဟင်!...ဒါ ဒါက”
“မင်းမှာဘာ ကင်ဆာမှမရှိဘူး
ကင်ဆာရှိနေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်အောင် ဒေါ်ဝေက အနီးကပ်လုပ်ကြံထားတာ ..”
“ဗျာ....”
အံ့ဩတုန်လှုပ်စွာဖြင့် ကြီးဝေဘက်သို့ ချိန်းလှည့်ကြည့်လိုက်တာကြောင့်..
“မဟုတ်ဘူး သား မဟုတ်ဘူး သူပြောတာတွေ မယုံနဲ့ သူဘယ်သူ ဘယ်ဝါမှန်းတောင် သားက မသိပဲ သူ့စကားတွေကို ယုံကြည်နေတာလား..”
ကြီးဝေပြောသော စကားကြောင့် ထိုလူကြီးမှာ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး...
“ဟား..ဟား..ဟား..ဘာတွေ ဇွတ်ဖုံးနေတာလဲ ကျုပ်ပြောတာအမှန်တွေပဲလေ ခင်ဗျနဲ့ ဒေါက်တာကြည်သာ ဆိုတဲ့ လူပေါင်းပြီး ကောင်လေးကို ရောဂါမရှိပဲ ရောဂါရှိနေပါတယ်ဆိုပြီး စိတ်ဓာတ်ကျအောင် လုပ်ကြံထားတာလေ ...”
အမှန်တရားတွေ တစ်ဆတစ်ဆ ပေါ်ပေါ်လာလေ ချိန်းတစ်ယောက်အတော်ပင် ကြီးဝေကို မုန်းတီးထိန့်လန့်မိလာလေဖြစ်သည်...။
“ဘာဗျ ကြီးဝေ ခင်ဗျက ဒီလူပြောသလိုပဲ ကျုပ်ကို လုပ်ကြံထားတာပေါ့..”
ဖုံးကွယ်ထားသည့် အမှန်တရားတွေပေါ်သွားတာကြောင့် ကြီးဝေတစ်ယောက် ချိန်း အား ထိန့်လန့်တောင်းပန်တိုလျှိုးမှု အကြည့်တို့ဖြင့် ကြည့်ခါ...
“သား...အဲ့ အဲ့ဒါကလေ..”
စကားအားနားမထောင်ပဲ ချိန်းတစ်ယောက် ထိပ်မှ စီး၍ ပိတ်ပြောပစ်လိုက်သည်။.
“💢ဟား...ဒါဆို သူပြောနေတာတွေက အမှန်တွေပဲပေါ့...”
ကြီးဝေတစ်ယောက် ဘာမှ ပြန်မဖြေနိုင်ပဲ မျက်ရည်များသာ ဝဲတတ်လာရပြီး...စိတ်ထဲတွင် သူ၏ လွတ်လမ်းကိုသာ ရှာနေမိသည်။...
“ခင်ဗျကြီးက အတော်ယုတ်မာတာပဲ..”
“အဟင်း ...ကောင်လေး သူယုတ်မာနေတာက မင်းတစ်ယောက်ထဲကိုတင် မဟုတ်ပါဘူး မင်းတို့ တစ်အိမ်လုံးမှာ ရှိတဲ့ သူတွေအပေါ် အကုန်ပက် ယုတ်မာနေတာပဲ...”
“ဗျာ...”
“ဟုတ်တယ် ကောင်လေး မင်း အိမ်ကိုအမြန်ပြန်လိုက်တော့ ...”
ချိန်းရဲ့ ခေါင်းတစ်ခုလုံး ပူထူသွားရပြီး...သူပထမဆုံး သတိရလိုက်တဲ့သူက သူမ ...ပိုးသားကျူးကိုပင်...
“ပိုး....အိမ်မှာ ပိုးကျန်ခဲ့တယ်...”
ချက်ချင်းဆိုသလို ကားပေါ်မှ ဆင်းပြေးခါ နီးစပ်ရာ Taxi ကို တားစီးလိုက်တော့သည်..။..
“ဂျလောက်.”
“ဂျလက် ..ဂျလက်..ဂျလက်”
ထွန်းညီ ကြီးဝေထက်စောခါ ကားတံခါးတို့အား အကုန်လော့ချ ပစ်လိုက်သည်..။..
“ဟား ဟား ဟား ဒါဘာလုပ်တာလဲ ဒေါ်ဝေရဲ့ ခင်ဗျကြီးရဲ့ ကလိမ်ကျစ်ဉာဏ်တွေကို ကြိုသိလို့ ထွက်ပြေးမရအောင် သေချာ လော့ချလိုက်တာ”
“ထွန်း..ထွန်းညီ...ငါတောင်းပန်ပါတယ်
ငါအသက်အရွယ်လည်း ကြီးနေပါပြီ နင်က ငါ့ထက်အငယ်ပဲ...ငါ့အမှားတွေကို တစ်ခါလောက် ညှာတာသောအားဖြင့် ငါ့ကို လွှတ်ပေးပါဟာ..”
“ဟား..ဟား..ဟား ခင်ဗျကြီးက သိပ်ရယ်ရတယ်...ခင်ဗျကြီးက အသက်သာကြီးတာ ညှာတာမှုမရှိတဲ့ အလကားမိန်းမယုတ်ကြီး..ခင်ဗျ တစ်လှည့်ကျ တော့ သိတတ်လိုက်တာ သူများ တုန်းကကျတော့ ယုတ်ယုတ်မာမာတွေ လုပ်ခဲ့ပြီး ...အခုအလှည့်ကျရင် မနွဲ့စတမ်းပဲလေ...”
🕔🕙🕞🕞
လွန်ခဲ့သည့် နှစ် ၂၀ခန့်က..
လူသူမသိ တိတ်ဆိတ်သည့် အမှောင်ရိပ်များကျနေသည့် နေရာတစ်ခုတွင်..
“ဒေါ်ဝေ ဘယ်လိုလဲ ကျုပ်လုပ်ပေးတာ အဆင်ပြေပါတယ်နော်...
အောင်မြင်တဲ့ အတွက် ဘယ်မှာလဲ ကျူပ်အတွက် ပိုက်ဆံ...”
“ဪ...ပေးမှာပါအေ ဘယ်လိုဖြစ်နေ တာလဲ နင်ကလည်း..
ရော့...ဒီမှာ...”
ပေးလာသော ပိုက်ဆံထုတ်အား ထွန်းညီဆွဲယူခါ..
“ပေးမှပဲဗျ ကျုပ်အိမ်ကို အမေ့အတွက် ဆေးဖိုးဝါးခ လွဲပေးဖို့ ငွေအရမ်းလို့နေပြီဗျ..ကျုပ်အမေက နှလုံးရောဂါသည်လေ ဒါကြောင့်ငွေအမြဲလိုတယ်..ဟား..ပိုက်ဆံတွေ အများကြီးပဲ
အမေအတွက် ဆေးဖိုးဒီလအတွက်တော့ ဖူလုံပြီ...”
အိတ်အနက်ထဲမှ ဒေါ်လာငွေများအား ကြည့်ခါ ပြုံးရွှင်နေသည့် ထွန်းညီအား...
ယုတ်မာကောက်ကျစ်သည့် မျက်လုံးအစုံတို့ဖြင့် နောက်ကျောဘက်မှ ကြီးဝေကြည့်နေသည်..။..
ခါးကြားတွင် အိမ်မှအသင့်ဝှက် ယူခဲ့သော ဓားမြှောင်အား ဆွဲထုတ်လိုက်ခါ...
“ထွန်းညီ....”
အနောက်မှ ခေါ်သံကြောင့် ထွန်းညီလှည့်ကြည့်လိုက်တော့...
“ရွှန်း... 💢”
“အားး......💢💢”
နာကြင်လွန်း၍ ငိုက်စိုက်ကျသွားသည့် ထွန်းညီ၏ ဦးခေါင်းအား မြက်ခင်းပြင်နားတွင် ပဲ့ကျနေသည့် အုတ်ခဲကျိုးဖြင့် ထက်၍ ထုချလိုက်သည်..။
“အားးးးးးးး💢”
မျက်နှာအား ဓားနဲ့ ပိုင်းလိုက်တာကြောင့် ထွန်းညီတစ်ယောက် သွေးများ ရဲပလောင်းခက်ခါ...
ဦးခေါင်းကိုလဲ အုတ်ခဲဖြင့် ရိုက်လိုက်သည့် အရှိန်ကြောင့်..
ထွန်းညီ မြက်ခင်းပြင်တွင် လူးလိမ့်နေသည်...။...
ထိုအခါ ကြီးဝေက ပြုတ်ကျနေသော ပိုက်ဆံထည့်ထားသည့် အိတ်အနက်အား ကောက်ယူခါ...
“အဟွန်း...ငါဒီလိုလုပ်ရတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး ထွန်းညီ...ငါ့အစီစဉ်အတိုင်း ဒေါ်နန်းကနရီကို လုပ်ကြံပေးလို့တော့ ကျေးဇူးအထူးတင်ပါတယ်...ဒါမယ့် နင်ကတော့ ဒေါ်နန်းကနရီကို လုပ်ကြံတဲ့အမှုနဲ့ ထောင်ထဲမှာ အေးဆေးအနား ယူလိုက်ပါ အဟင်း ဟင်း..”
ညစ်ကျယ်ကောက်ကျစ်သော အပြုံးတစ်ပွင့်အား ဖန်တီးခါ..
ထိုနေရာမှ ပိုက်ဆံထုတ်အား ပိုက်ခါလှည့်ထွက်သွားတော့သည်။..
“အ..အစ်..ဒေါ ဒေါ်ဝေ..အဲ အဲ့လို မလု လုပ် ပါနဲ့ ..အ.”
မြင်ကွင်းတို့က တဖြည်းဖြည်းဝေဝါးလာခါ ဒဏ်ရာတွေမှာလည်း တစ်ဆစ်ဆစ် နာကြင်နေရင်း အမြင်အာရုံတို့ကအမှောင်အတိ ဖုံးလွှမ်းသွားခဲ့သည်။
🍂🍂🍂🍂🍂
ထွန်းညီဆေးရုံမှ သတိရလာတော့ သူ့အား အင်္ဂလိပ်စကားများ တပြောပြောဖြင့်ရဲနှစ်ယောက်က လက်ထိတ်ခက်ခါ ဒေါ်နန်းကနရီအား လုပ်ကြံသတ်ဖြတ်မှုနှင့် ငွေကြေးလုယှက်မှု နှစ်မှုပေါင်းခါ သူ့အား ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံလိုက်ရသည်....။
ဤသည်ကား ကြီးဝေဆိုသောသူ၏ ယုတ်မာကောက်ကျစ်မှု ကြောင့်ပင်...။
ထို့အပြင် စိတ်မကောင်းစရာ ဖြစ်ရပ်မှာ ထွန်းညီ၏အမေဖြစ်သူမှာ သူ့သားအဖြစ်အား သတင်းကြားခါ နှလုံးရောဂါဖောက်၍ ဆုံးပါးသွားခဲ့သည်။...
ထို့ကြောင့် ထွန်းညီက ကြီးဝေကို အငြိုးကြီးကြီးဖြင့် လက်တုံ့ပြန်ရန်
ဒီနေ့လို နေ့မျိုးကို အကွက်ကျကျချောင်းနေခြင်းပင်....။
🍂🍂🍂🍂🍂
ပိုးတစ်ယောက် ချိန်း၏နုတ်ဆက်စာလေးကို ရင်မှာဖိကပ်ခါ ထွေးပွေ့ထားရင်း ကြမ်းပြင်တွင် လှဲကျနေရာမှထရပ်လိုက်တော့...
ကုတင်နံဘေးရှိ မီးအိမ်တင်သည့် စားပွဲပေါ်တွင် ပန်းဆီရောင် Cuteဖြစ်တဲ့ Mickey အိတ်လေးအား သူမတွေ့လိုက်ရသလို သူမနှင့်အတူ ချစ်သူဖြစ်ခါစတွင်တွဲရိုက်ထားသည့် ဘောင်ကွက်ထားသော ဓာတ်ပုံလေးအား တွေ့လိုက်ရသည်။...
ထိုဓာတ်ပုံလေးအား သူမကောက်ကြည့်ခါ ပိုပိုဝမ်းနည်းလာရပြီး...
တသိမ့်သိမ့်တုန်အောင် သူမငိုကြွေးမိပြန်သည်။..
ငိုနေရင်းမှ ပန်းဆီရောင် Mickey အိတ်လေးအား သူမဖွင့်ကြည့်ရန် ပြင်လိုက်ချိန် ...
အနောက်ဖက်စီမှ ..တံခါး ဖွင့်သံနှင့်အတူ လူတစ်ယောက်ဝင်လာတာကို သူမသတိထားမိလိုက်သည်။
လှည့်ကြည့်လိုက်တော့ ဦးသော်မြင့်ချိန်ဖြစ်သည်...။
“ဟင်..! ဦး..”
ပြိုကျနေသည့် မျက်ရည်တွေကို သူမလက်ခုံဖြင့် ပွတ်သုတ်လိုက်ရင်းး
“ဦး...အကိုက ပိုးကို ထားခဲ့ပြီး ထွက်သွားပြီ...”ပြောရင်း သူမဝမ်းနည်းခါ မျက်ရည်လေးများ ပြိုကျလာရပြန်သည်..။ငိုနေသည့် သူမအား ဦးသော်မြင့်ချိန် ကြည့်ခါ စိတ်မကောင်းသည့် ဟန်ဖြင့် သူမအနားစီသို့ တဖြည်းဖြည်းတိုးကပ်ခါ နှစ်သိမ့်သည့် အနေဖြင့် ဆွဲဖက်ပေးထားလိုက်သည်။..ဝမ်းနည်းစွာ ငိုနေသည့် သူမမှာလည်း နှစ်သိမ့်အားပေးခါ ဖက်ထားပေးသော ဦးသော်မြင့်ချိန်အား ရိုးသားစွာထင်၍ ဘာမှ မတုံ့ပြန်ပဲ ညိမ်နေမိသည်။...တဖြည်းဖြည်း ဦးသော်မြင့်ချိန်၏ ဖက်တွယ်ထားမှုတို့က တင်းကြပ်လာခါ နှုတ်ခမ်းများကလည်း အငြိမ်မနေ သူမ၏ ဆံနွယ်ရှည်ရှည်လေးတို့အား တိုးဝေ့လိုက်နမ်းနေသည်။ထို့နောက်သူမ၏ နားရွက်ဖျားလေး စီသို့ နှုတ်ခမ်းတို့က ဦးတည်လာရင်း နယ်ကျွန်ခါ ပါးပြင်နုနုလေးနားသို့ ရောက်လာခဲ့သည်။ထိုအဖြစ်ကြောင့် သူမထိန့်လန့်သွားပြီး သူ့အား တွန်းထုတ်ပစ်လိုက်သည်။.“ဦး ...ဦးဒါဘာလုပ်တာလဲ ..သမီးက ဦးသားရဲ့ ချစ်သူပါ...ဦးဘာလို့ သမီးအပေါ် ဒီလိုမရိုးသားတဲ့ လုပ်ရပ်လုပ်လာရတာလဲ..”ရမ္မက်ဇောတတ်သလို အကြည့်တို့ဖြင့် သူမအား ကြည့်ခါ“ဦးမှာ သားမရှိဘူး ...ဦးကလူပျိုကြီးချိန်းဆိုတာက ဦးနဲ့ဘာမှ သွေးမတော် သားမစပ်တဲ့ သူ /သနားလို့ ဦးကမွေးစား ထားယုံ သက်သက်ပဲ...”“ရှင်...”မျက်လုံးဝိုင်းလေးဖြင့် ကြည့်နေသည့်သူမအနားသို့ တဖြည်းဖြည်း လျှောက်လှန်းသွားရင်း...“ဟုတ်တယ်...အဲ့ဒါကြောင့် ဦး ပိုးကိုချစ်တယ် ပိုးကို ဦးမြင်မြင်ချင်း ချစ်နေခဲ့တာ ကြာပါပြီ..ဖွင့်ပြောဖို့ ဦးအချိန်ယူနေတုန်းမှာပဲ ပိုးက ချိန်းနဲ့ချစ်သူဖြစ်သွားတော့ ဦးအသဲတွေ ကွဲခဲ့ရတယ်။နေ့ရက်တိုင်းမှာ နာကျင်ခံစားခဲ့ရတယ်။ အဟင်း...အခုတော့ ချိန်းက ပိုးအနားကနေ သူ့အလိုလို အဝေးဆုံးကို ထွက်သွားခဲ့ပြီဒီတော့ ပိုးက ဦးအတွက်ဖြစ်လာခဲ့သလို ပိုးကို ဦးပိုင်ဆိုင်လို့ရပြီလေ အဟင်း..”မျက်လုံးလေးများ ဝိုင်းစက်ခါ ပိုးတစ်ယောက် ဦးသော်မြင့်ချိန်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း...“ဒါ ဒါဆို ဦးက အကို ထွက်သွားမှာကို ကြိုသိနေလျက်နဲ့ မတားခဲ့ပဲ သေချာ လွှတ်ပေးထားခဲ့တာပေါ့..”“အင်း..ဟုတ်တယ် အဲ့ဒါက ဦး ပိုးကို ချစ်နေလို့ ..အဆုံးရှုံးမခံနိုင်လို့ပဲ...”ပိုးတစ်ယောက် သူယုံကြည်အားကိုးရသည့် ဦးက သူ့အပေါ်မရိုးသားပဲ ဒီလိုပါ့လားဆိုတာ သိရတော့ သွေးပျက်မတတ်ဖြစ်ရသည်။..ချိန်းသူမကို ဇွတ်စွက်စွဲခဲ့သည့်အရာတွေက သူမအလွန်ကြောင့် မဟုတ်ပဲဦးရဲ့အလွန်တွေမှန်း ချိန်း ရိပ်မိနေလို့ သူမအား အတင်းချစ်ရေးဆိုခါ သိမ်းပိုက်နေမှန်း သူမအခုမှ ရိပ်မိတော့သည်..။ဦးက သူ့သားအရင်း မဟုတ်တဲ့ ချိန်းအပေါ် မရိုးမသားကြံစည်နေခဲ့တာပဲ ချိန်းသာ ဒီအဖြစ်ကို သိသွားခဲ့ရင်ဘယ်လောက်တောင် ရင်တွေ နာနေလိုက်မလဲ....☘️☘️☘️☘️“🎶တွန်...🎶တူတူ.. ဒွန်.🎶.”ဒေါ်ရွှေရည်မှုန်နံဘေးတွင် လက်ကလေးအား ဖိဆုတ်ကိုင်ပေးထားရာမှ ဦးစိုင်းခန်းသန့် ဖုန်းသံကြောင့် ကောက်ကိုင်လိုက်သည်။“ဟယ်လို ဟုတ်ကဲ့ ကျွန်တော် ဦးစိုင်းခန်းသန့် ပြောနေပါတယ်...”“.📞.....✨”“ဗျာ...သမီးလေးကို ရှာတွေ့ပြီ ဟုတ်လားဗျ...”ထိုစကားကြောင့် ဦးစိုင်းခန်းသန့်၏ မျက်နှာမှာ လင်းလက်ဝင်ပ သွားသလို နံဘေးရှိ ဒေါ်ရွှေရည်မှုန် မျက်နှာလေးမှာလည်း ဝင်းလက်သွားရသည်...။“ဟုတ်ကဲ့ ဟုတ်ကဲ့ဗျ ကျွန်တော်အခုပဲ စခန်းကို လာခဲ့ပါ့မယ်ဗျ...”“တူ ..တူ..”သမီးလေးအား ပြန်ရှာတွေ့ပြီ ဆိုသောကြောင့် ပျော်ရွှင်ခါ ဒေါ်ရွှေရည်မှုန်၏ လက်ကလေးအား ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး...“မှုန်ရေ..ကိုယ်တို့ သမီးလေးကို ပြန်ရှာတွေ့ပြီတဲ့ အဟား ကိုယ်အရမ်းဝမ်းသာတာပဲကွာ...သမီးလေးကို ကိုယ်တို့ အခုပဲ သွားတွေ့ကြရအောင်နော် မှုန်..”ပြုံးရွှင်သောမျက်နှာလေးဖြင့် ဒေါ်ရွှေရည်မှုန်မှာလည်း ခေါင်းလေး အခါခါညိမ့်ပြလိုက်သည်။...☘️☘️☘️☘️☘️ကူညီပါရစေ စာသားအား အုတ်တံတိုင်းတွင် အပြာရောင်ဆေးသုတ်ခါ ထွင်းထုထားသည့် ရဲစခန်းဝန်းကျယ် ကြီးအတွင်းသို့...ဦးစိုင်းခန်းသန့်၏ ကားလေး အမြန်မောင်းဝင်လာခဲ့သည်။..“သမီး...သမီးလေး..”ထိုင်ခုံတန်းတွင် ထိုင်နေသည့် သမီးဖြစ်သူပန်းကလျာအား ဦးစိုင်းခန်းသန့် ပြေး၍ ထွေးဖက်ထားလိုက်သည်..။“သမီးလေး ...ဖေဖေသမီးလေး သမီးလေးဘာမှ မဖြစ်ပါဘူးနော်...ထိခိုက်ဒဏ်ရာ နဲ့ နိပ်စက်ထားတာတွေရှိသေးလားသမီး”သမီးဖြစ်သူကို ဖက်ထားရာမှ ခွါခါ စိုးရိမ်သော အကြည့်တို့ဖြင့် ပန်းကလျာ၏ တစ်ကိုယ်လုံးကို ခြုံကြည့်ခါ မျက်ဝန်းတို့မှာလည်း မျက်ရည်တွေအပြည့် ဝဲတတ်နေလေသည်။..ပန်းကလျာ အဖေဖြစ်သူအား ပြုံးပြခါ “သမီးဘာမှမဖြစ်ပါဘူး ဖေဖေရဲ့ဦးသော်မြင့်ချိန်က သမီးကို အစာရေစာအပြည့်စုံနဲ့ တိုက်ပိတ်ထားခဲ့ယုံပါထိခိုက်အောင် ဘာမှမလုပ်ခဲ့ပါဘူး..သမီးကို အဲ့တိုက်ထဲ တစ်ယောက်ထဲ ပိတ်ထားတာ အချိန်အတော်ကြာပဲ အဲ့ထဲမှာ ပိတ်မိနေတုန်းကဆို သမီးတစ်ယောက်ထဲမို့ နေ့တိုင်းလိုလိုကြောက်စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်..သမီးအရမ်းကြောက်တာပဲ ဖေဖေရယ်”ပြောရင်း အဖေဖြစ်သူအား သူမပြန်၍ထွေးဖက်ထားလိုက်သည်။..ဤကဲ့သို့ သားဖနှစ်ယောက် ထွေးပွေ့နေသည့်အနားသို့ ဒေါ်ရွှေရည်မှုန်အား ဝှီးချဲလေး တွန်းခါ အိချောရောက်လာခဲ့သည်။...အမေဖြစ်သူကို မြင်တော့ ပန်းကလျာ အဖေဖြစ်သူအား ဖက်တွယ်ထားသည်ကို လွှတ်လိုက်ပြီးခုံပေါ်ထိုင်နေရာမှ ထခါ မိခင်ဖြစ်သူအနားတွင် ထိုင်လိုက်ပြီး..မိခင်ဖြစ်သူ၏ သေးသိမ်သည့် လက်ကလေးအား ဆွဲယူခါ ဖိဆုတ်ကိုင်လိုက်ရင်း..“မေမေ ...သမီး မေမေသားကို ပြန်ရှာတွေ့ခဲ့ပြီ..”“ဟင်!...” “ဟေ!..”ပြုံးပြုံးလေးဖြင့် မျက်ရည်လေးများ ဝဲခါ ပြောလိုက်သည့် သူမစကားကြောင့် ဒေါ်ရွှေရည်မှုန်ရော ဦးစိုင်းခန်းသန့်ပါ အံ့ဩမှင်သက်သွားရသည်။..မိခင်အနားထိုင်နေသော ပန်းကလျာအနား သို့ ဦးစိုင်းခန်းသန့် အမြန်သွားခါ ပုခုံးလေးကိုင်လိုက်ရင်း“ဘယ် ...ဘယ်လိုသမီး...”ပုခုံးလေးကိုင်ခါ မေးလာသည့် အဖေဖြစ်သူ၏ မျက်နှာလေးအား သူမမျက်ရည်များဖြင့် မော့ကြည့်ခါ“ဟုတ်တယ်...ဖေဖေ သမီး ကိုကို ကိုရှာတွေ့ခဲ့ပြီ ...ကိုကိုက တခြားသူမဟုတ်ဘူး ဖေဖေ ...မေမေတမ်းတမ်းဆွဲ တွေ့ချင်ပါတယ်ဆိုပြီး ခဏခဏ ပူဆာနေတဲ့ အကိုချိန်းပဲ ....အကိုချိန်းက ဦးသော်မြင့်ချိန်ရဲ့ သားအရင်းမဟုတ်ပဲ ... ဖေဖေတို့စီက ခိုးယူသွားခြင်းခံခဲ့ရတဲ့ သမီးရဲ့ အစ်ကိုအရင်း ဖြစ်နေခဲ့တာပဲ ဖေဖေ”သမီးဖြစ်သူ၏ ပြောပြလာသောစကားကြောင့် ဦးစိုင်းခန်းသန့်ရော...ဒေါ်ရွှေရည်မှုန်ပါ ဘာပြန်ပြောရမှန်းမသိ..ဆွံ့အနေရပြီး...သားအရင်းတစ်ယောက်ကို ပြန်တွေ့ရသည် ဆိုသည့်အတွက်..သူတို့၏ ဝမ်းသာကြည်နူးမှုကတော့ အတိုင်းထက်လွန်ပင် ဖြစ်သည်။...ထိုစဉ် စခန်းမှူးစီသို့ ရဲသားတစ်ယောက်မှ...“ဆရာ...ဒီလူက အတော်ထူးဆန်းတယ်နော် ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် လူပျောက်ရှာနေတာကို တွေ့အောင် လာကူညီပေးတယ်...သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ လဲ ဦးစိုင်းခန်းသန့်ရဲ့ သမီးမပန်းကလျာကို အမြန်ဆုံးရှာတွေ့ဖို့က လွယ်မှာ မဟုတ်ဘူးဗျ”ထိုစကားကြောင့် ပန်းကလျာ မိခင်အနားထိုင်နေရာမှ ထခါ“ဟို စခန်းမှူးကြီးရှင့် ကျွန်မကို ရှာတွေ့ဖို့အတွက် လူတစ်ယောက်က ကူညီပေးခဲ့တာလားရှင့်..”“ဟုတ်ပါတယ်ဗျ...ကျွန်တော်တို့ စီကို မပန်းကလျာရှိတဲ့ နေရာကို လိပ်စာအပြည့်အစုံနဲ့အတူ စာနောက်တစ်ကြောင်းက ဒီလိုလုပ်ထားတဲ့ တရားခံက ဦးသော်မြင့်ချိန်ပါဆိုပြီး ဦးသော်မြင့်ချိန်ရဲ့ နေရပ်လိပ်စာကိုပါ ရေးပေးလာတယ်ဗျ”ပန်းကလျာ မျက်မှောင်လေးကျုံ့သွားရင်း...”သူဘယ်သူလဲဆိုတာကော စခန်းမှူးကြီး သိပါသလားရှင့်”“ဘယ်သူမှန်းတော့ ကျွန်တော်တို့လည်း မသိဘူးဗျ သူက ဒီအတိုင်း စာနဲ့ပဲပို့လာခဲ့တာပါ..”ပန်းကလျာ ခေါင်းလေးတစ်ချက် ညိမ့်ပြခါ“ဟုတ်ကဲ့ ခုလိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်...ဒါနဲ့ ကျွန်မကို အဲ့ လူပေးခဲ့တဲ့ ဦးသော်မြင့်ချိန်ရဲ့ အိမ်လိပ်စာလေး ပေးလို့ရမလားဟင်..”“ဪ ဟုတ်ကဲ့ ရပါတယ်ဗျ..ဆရာမျိုး မပန်းကလျာကို ဦးသော်မြင့်ချိန်ရဲ့ လိပ်စာလေးကူးရေးပေးလိုက်ပါဗျ ..”“ဟုတ်ကဲ့ စခန်းမှူး..”စခန်းမှူးမှ ပန်းကလျာဘက်သို့ ပြန်လှည့်ကြည့်ခါ “ဒီစာထဲကလူရေးထားသလို တရားခံက ဦးသော်မြင့်ချိန်ဖြစ်ကြောင်း မပန်းကလျာကလည်း ထွက်ဆိုလာ ခဲ့တာကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို ဦးသော်မြင့်ချိန်ကို ဖမ်းစီးဖို့ သူ့အိမ်ကို လွှတ်လိုက်ပြီးပါပြီဗျ”“ဪ ..ဟုတ်ကဲ့ ကျေးဇူးပါ စခန်းမှူးရှင့်..”အဟွန်း...ဦးသော်မြင့်ချိန် ရှင်ကြီးရဲ့ ယုတ်မာခဲ့မှုတွေအတွက် ရှင်ပြန် ပေးစပ်ဖို့ အချိန် ရောက်လာခဲ့ပြီ။...☘️☘️☘️☘️☘️ဖြူဖွေးနုဖက်နေသည့် ပိုးသားကျူးအား ဦးသော်မြင့်ချိန်မှာ အတင်းသိမ်းပိုက်ဖို့လုပ်နေပြီး...ကုတင်ပေါ်သို့ ဗလုံးဗထွေး လှဲကျခါ ..သူမအား အပေါ်မှစီးမိုးခါ ဦးသော်မြင့်ချိန် နေရာယူလိုက်သည်။..ပိုးကတော့ သူမ၏ ဘဝကို ချိန်းကလွဲလို့ ဘယ်ယောကျာ်းကိုမှ ပိုင်ဆိုင်ခွင့် ပြုမည် မဟုတ်တာကြောင့်အတင်းအကြပ် ပိုင်ဆိုင်ဖို့ ကြိုးစားနေသည့် ဦးသော်မြင့်ချိန်အား အားကုန်တွန်းထုတ် ကုတ်ခြစ်နေသည်။...“ဦး..ဦးဒီလို မယုတ်မာပါနဲ့ အဟင့်..ကယ်..ကယ်ကြပါဦးရှင်..ဒီမှာ ကျွန်မကို အနိုင်ကျင့်နေလို့ပါ ကယ်ကြပါဦး...ဦး...ဦးဒီလိုမလုပ်ပါနဲ့...သမီးက အကိုကိုပဲ ချစ်တယ် ဦးကို လုံးဝမချစ်ဘူး ...လွှတ်ပါ..”ချိန်းကို ပဲချစ်သည် ဟူသော စကားကြောင့်..သူပို၍ ဒေါသထွက်လာခါဒီထက်ပိုပြီး သူမအား အကြမ်းပတမ်း ပိုင်ဆိုင်ချင်စိတ် လောဘဇောများ ပို၍ပြင်းထန်လာရသည်။နှုတ်ခမ်းနှင့် နှာခေါင်းတို့မှာ တွန်းထုတ်နေသည့် ကြားမှ မှီရာ သူမ၏ လည်တိုင်ဖွေးဖွေးနုလေးအား ဇွတ်အတင်းတိုးကြိတ် နမ်းရှိုက်နေသည်။..ထိုအဖြစ်ကြောင့် ပိုးတစ်ယောက် လေးစားရပါသည် ဆိုသည့် ဦးကို အတော် ရွံ့မုန်းမိသည်။..“ဦး...ကျွန်မရှင့်ကို အတော်မုန်းတယ် သိလား...ပိုင်ရှင်ရှိနေတဲ့ မိန်းမသားတစ်ယောက်ကို ဒီလို အနိုင်ကျင့် စော်ကားရဲတဲ့ ဦးစိတ်ဓာတ်က သိပ်ကို အောက်တန်းကျတယ်...ဟီး ဟီး ...လွှတ် ကျွန်မကို ဟီး..ဟီး ..ဟီး ဦးကို ကျွန်မသိပ် ရွံ့တာပဲ..”သူမဘာတွေ ဘယ်လောက်ပဲ ပြောဆိုပြောဆို ဦးသော်မြင့်ချိန်ကတော့ မမှုပဲ တွန်းထုတ်နေသည့် သူမ၏ နှုတ်ခမ်းဖူးဖူးလေးအား အတင်းဖိကပ် နမ်းဖို့ လုပ်နေသည်။..ပိုးတစ်ယောက် ထိုရန်မှ လွတ်ရန် မျက်နှာလေးကို ဟိုရန်းသည်ရန်းဖြင့် ရှောင်ဖယ်နေလေသည်။...အခန်းတံခါးလေးဟခါ ဆူဆူညံညံအသံများ နှင့် ပိုး၏ အသံလေးကိုလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရတာကြောင့် ..’မနေ့ညနေက ကြီးဝေ အလုပ်ထုတ်လိုက်သည့် မိကြူမှာ စိတ်ပူခါ အခန်းထဲသို့ ပြေးဝင်လာခဲ့သည်။“ဟင်!...ဦးလေးသော်...ဉီးလေးသော် ဒါဘာလုပ်တာလဲ မမလေးကို လွှတ်လိုက်ပါ...”အားကိုးရမည့်သူ မိကြူအသံလေးကြားတာကြောင့် ပိုးတစ်ယောက် အားတတ်ခါဆွေ့ ဆွေ့ခုန်သွားပြီး..“မိကြူ ..မိကြူ မမကိုကယ်ပါဦး မိကြူရယ်..”“မမလေး ဘာမှ စိတ်မပူနဲ့ မိကြူမမလေးကို ကယ်မယ်နော်..”မိကြူဦးသော်မြင့်ချိန်အား ဇွတ်အတင်းဆွဲခွါနေတာကြောင့်“ဟာ...ရှုပ်တယ်ကွာ...နင့်ကို အလုပ်ထုတ်လိုက်ပြီမလား...ဒီနေရာကို ဘာကိစ္စပြန်လာတာလဲ သွားစမ်း...”တွန်းထုတ်လိုက်သောကြောင့် မိကြူ လှဲကျမည့်အချိန် အပြေးလေးရောက်လာသော ချိန်းမှ ကမန်းကတမ်း လှမ်းဆွဲဖမ်းခါ....မြင်လိုက်ရသည့် မြင်ကွင်းကြောင့်...ရင်ဘက်ထဲ ဆူးအောင့်ခါ နာကြင်သွားရသည်။..အယောင်ယောင်အမှားမှားဖြင့် သူခြောက်ချားသွားရပြီး...ကိုယ့်မျက်စိတောင် ကိုယ်မယုံကြည်နိုင်အောင် ပင်...“💢ဟာ...အဖေ....ဒါဘာလုပ်တာလဲ”ချိန်းပြန်ရောက်လာတာ ဦးသော်မြင့်ချိန်မြင်တော့ ..အံ့ဩသင့်သွားရပြီး ..ဘာမှ ပြန်မပြောနိုင်အောင် ကြောင်အအ ဖြစ်သွားရသည်...ပိုး အပေါ်မှ စီးမိုးထားသည့် ဦးသော်မြင့်ချိန်အား ချိန်းစောင့် တွန်းလိုက်ခါ ဖယိုဖရဲဖြစ်နေသည့် အိပ်ယာပေါ်ရှိ ပိုးအားဆွဲထူခါ သိမ်းဖက်ထားလိုက်သည်။သူမလေးကတော့ သူ့ရင်ခွင်ထဲတွင် တသိမ့်သိမ့်တုန်အောင် ငိုယိုနေရှာသည်။..နာကြီးစွာ ဦးသော်မြင့်ချိန်အား စူးစူးရဲရဲ ချိန်းစိုက်ကြည့်လိုက်ပြီး...“အဖေ ဒါဘာလုပ်တာလဲ ပိုးက ကျွန်တော့် ချစ်သူလေ ကျွန်တော် သိပ်ချစ်ရတဲ့ ကျွန်တော့်ချစ်သူဗျ...ဟာ အဖေက ဘယ်လိုလူလဲဗျ ကိုယ့်သားရဲ့ချစ်သူကိုတောင် ဘာလို့ ဒီလို ကြံစည်ရဲရတာလဲ ...”✨✨✨✨အပိုင်း ၃၅ဆက်ရန်>>>#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)