book

Index 33

(အပိုင်း ၃၃)

  • Author : Kyawal
  • Genres : Drama

☘️အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️

🎊🎊🎊🎎🎎🎎🎎🎊🎊🎊

ဖြူလွှလွှ လိုက်ကာစလေးများ တိုးဝေ့လာသည့် လေကြောင့် လွှင့်ပျံနေပြီး...
ပြတင်းပေါက်တွင် ရပ်နေသည့် ချိန်းအနား သို့ ကြီးဝေလျှောက်သွားလိုက်ခါ...
“သား ချိန်း....ဟိုနေ့က ကြီးဝေ ပြောတဲ့ ကိစ္စအပေါ် ဘယ်လိုသဘောရလဲ”

မေးလာသော မေးခွန်းကြောင့် ချိန်းတစ်ယောက် အခက်တွေ့နေရပြီး...
“ကျွန်တော် ပိုးနဲ့ မခွဲနိုင်ဘူး...၁နှစ်မပြောနဲ့ ၁ရက်လေးတောင် သူမနဲ့ အဝေးမှာမနေနိုင်တာကို ကျွန်တော် ဘယ်လိုလုပ်ပြီး...”

ငုံ့သွားသည့် ချိန်း၏ခေါင်းလေးအား ကြီးဝေလက်နှစ်ဖတ်ဖြင့် ကိုင်မော့ခါ
“ဒီမှာသား...သား ပိုးကို တစ်ကယ်ချစ်တယ်ဆိုရင် ပိုးကို မနာကြင်စေနဲ့လေ...တကယ်လို့ ပိုးသာ သားမှာ ဦးနှောက် အကြိတ်ကင်ဆာ ဖြစ်နေတာကိုသာ သိသွားရင် သားကိုသူ ဆုံးရှုံးရမယ့်စိတ်နဲ့ နာကြင်ခံစားရမှာ တကယ်လို့သာ သူမက သားရဲ့နေဝင်ချိန်ကိုမြင်သွားခဲ့ရင် ပိုးကပိုပြီးတော့တောင် ယူကျုံးမရခံစားနာကြင်ရမှာ ...သားချစ်တဲ့သူကို မနာကြင်စေချင်ဘူးမလား...”

ထိုစကားကြောင့် ချိန်းတစ်ယောက် မျက်ရည်တွေ ဝဲကျခါ မျက်နှာလေးမှာလည်း အတော်ချောင်ကျနေပြီဖြစ်သည်။
“ဟမ်..ဟုတ်တယ်မလား သားမနာကြင်စေချင်ဘူးမလား”

မျက်နှာအားကိုင်ထားသည့် ကြီးဝေ၏လက်တို့အား သူအားကိုးတကြီး ကိုင်လိုက်ခါ ခေါင်းလေးညိမ့်ပြလိုက်သည်...။

ကြီးဝေကပြုံးလိုက်ပြီး...
“ဒါဆို ကြီးဝေနဲ့အတူ ဘယ်သူမှမသိအောင် မနက်ဖြန်ပဲ နိုင်ငံခြားကို ထွက်သွားကြရအောင်နော်...”

ချစ်ရတဲ့သူမကို ချိန်း မနာကြင်စေချင်ပါ။
ဒီကံဆိုးတဲ့ ရောဂါသူ့မှာ ရှိနေမှန်းသာ သူမသိသွားရင် သူ့ကိုသိပ်ချစ်တဲ့ သူမ ရင်ကျိုးမတတ်ခံစားရမည် ..
ထို့ကြောင့် သူ ထွက်သွားပါ့မယ် သူမမနာကြင်စေဖို့...
ပိုး ကိုယ်မင်းကို သိပ်ချစ်တယ် ...
ကိုယ့်အတွက်နဲ့ မင်းနာကြင်ခံစားရမှာ ကိုယ်မကြည့်ရပ်ဘူး ..
ဒီတော့ ကိုယ်ဆုံးဖြတ်လိုက်ပြီ ...
မင်းကိုအဝေးကနေပဲ ကိုယ်တာဝန်ကျေစွာ ချစ်နေပါ့မယ်....
ကိုယ်မရှိတော့တဲ့အခါ အချစ်သစ်နဲ့ တွေ့ပြီး ပျော်ရွှင်စွာမင်းနေပါ...
မင်းပျော်ရွှင်နေတာလေးကို ကိုအဝေးကနေ ငေးကြည့်နေမယ်နော်...

ကြီးဝေ၏စကားကို ထောက်ခံခါ သူပြန်ဖြေလိုက်တော့သည်....
“ဟုတ်ကဲ့ ကြီးဝေ”

ထိုဖြေသံကြောင့် ကြီးဝေမျက်နှာမှာ ရွှန်းလဲ့ခါ အရောင်လက်သွားပြီး ...
မျက်ရည်တွေ စီးကျနေသည့် ချိန်းအား သူမနှစ်သိမ့်သည့်ဟန်ဖြင့် ထွေးပွေ့ပေးလိုက်သည်။..
မျက်ကွယ်တွင်ကျေနပ်စွာ ပြုံးနေပြီး ...
ချိန်းကို အဝေးသို့ပထုတ်ခါ ပိုးကို သခင်ကြီးနဲ့အတူ ချန်ထားခဲ့ပြီး နီးစပ်စေဖို့ အကွက်ကျကျ ဖော်လိုက် ခြင်းပင်....

အဟွန်း သခင်ကြီးကလည်း ငွေရှိသလို ဂုဏ်ရှိလည်းရှိပြီး ရုပ်ရည်လည်း ရှိတယ်လေ။
ဘယ်မိန်းမက မကြိုက်ပဲနေမလဲ..
ချိန်းသာ ကြားက ကန့်လန့်မတိုက်ရင်..
သခင်ကြီးနဲ့ ပိုးက နီးစပ်ဖို့ သေချာနေပြီးသား...
အလိုက်မသိတတ်တဲ့ ကောင်လေးပဲ မင်းကိုအသက်ရှင်ခွင့် ပေးထားတဲ့ ကျေးဇူးရှင်နဲ့မှ အချစ်ပြိုင်လုရတယ်လို့...
အဲ့လိုပြိုင်လုတာ မင်းသိပ်မှားတာပဲ အဟွန်း....
ကောင်လေးမင်းကိုတော့ ကြီးဝေအတော်သနားမိတယ် နှစ်၃၀လုံး အားလုံးရဲ့ လှည့်ကွက်တွေကြားမှာ မင်းရှင်သန်နေခဲ့ရလို့ပဲ...။
အခုလည်း မင်းကို စိတ်ဓာတ်ကျအောင် တမင်လှည့်ကွက်တွေ သုံးထားတာ အများကြီးပဲ.......

🍁🍁🍁🍁🍁🍁🍁

လှေကား လက်ရန်းလေးအား ကိုင်ခါ ဆင်းလာသည့် ပိုးမှာ ကြီးဝေအား မေးစရာလေးတွေ ရှိနေလေသည်။

နောက်ဖေးချောင်မှာလည်း တိတ်ဆိတ်နေပြီး အချိန်အားဖြင့် မနက် ၇:၀၀သာရှိသေးသည်။...
“ကြီးဝေ ကြီးဝေ...”

သူမအော်ခေါ်နေပေမယ့် ပြန်ထူးသံလည်း မကြားရပေ။..
ကြီးဝေ နေသည့် အခန်းအား ခေါက်ကြည့် ပြန်တော့ တုံ့ပြန်မှု မရှိတာကြောင့် လှပ်ကြည့်တော့လည်း ပစ္စည်းတွေ သိမ်းကောက်ထားပြီး ....လူကိုတော့မတွေ့

ဟင့် အခန်းထဲမှာလည်း မရှိဘူး
ကြီးဝေ ဘယ်တွေများ သွားနေပါလိမ့်
ဒါဆိုမိကြူကော ..

အခန်းနံဘေးကပ်လျက်ရှိ မိကြူအခန်းလေးအား သွားလှပ်ကြည့်ပြန်တော့
ပစ္စည်းတွေရှင်းလင်းခါ
လူနေသည့်ဟန်တောင် မပေါ်ချေ
ဟမ်...မိကြူက ဘယ်ရောက်သွားတာလဲ ...ဒီမှာ မိကြူရဲ့ပစ္စည်းဆိုလို့ ဘာဆို ဘာမှ မရှိတော့ပါ့လား...

ဟယ် တစ်အိမ်လုံးဘာတွေ ဖြစ်နေကြတာပါလိမ့်...

ချက်ချင်းပဲ သူမအပေါ်သို့ ပြန်ပြေးတတ်ခါ ...ချိန်းတံခါးအား ခေါက်ကြည့်လိုက်သည်။
“ဒေါက် ..ဒေါက် ..ဒေါက်”
မိနှစ်အနည်းငယ် ကြာတဲ့အချိန်ထိ တုံ့ပြန်သံမကြားတာကြောင့် ..
လှပ်ကြည့်လိုက်မိသည်...

အခန်းအတွင်း ရှင်းလင်းခါ ...အိပ်ယာဖြူဖြူလေး ပေါ်မှာတော့ အပန်းရောင်စာအိတ်လေး တစ်စောင်...
သူမ ထိုစာလေးအား ကောက်ယူခါ ဖွင့်ဖောက်ဖတ်ကြည့်တော့

ချစ်ရပါသော ပိုး...♥️

ကိုယ့်ကို ခွင့်လွှတ်ပါ ...
ကိုယ် ပိုးနဲ့အဝေးဆုံး နေရာတစ်ခုကို ကြီးဝေနဲ့အတူ ထွက်သွားပါပြီ။.
ပိုးကိုယ့်ကို စိတ်ဆိုးနေမယ်ဆိုတာ ကိုယ်သိပါတယ် ပိုးရယ်....
အမှန်တကယ်တော့ ကိုယ်ဟာ
လူ့လောကကြီးမှာ ကြာကြာနေလို့
မရတော့တဲ့ ကင်ဆာရောဂါဝေဒနာ
ကိုခံစားနေခဲ့ရတာပါ....
ဒါကြောင့် ပိုးသိတဲ့အတိုင်း ကိုယ့်ခေါင်းတွေခဏခဏ အရမ်းထိုးကိုက်နေရတာပေါ့.....
ကိုယ့်ရဲ့နေဝင်ချိန်ကို ပိုး မြင်ရလို့ နာကြင်ခံစားရမှာကို ကိုယ်မလိုလားဘူး
ဒါကြောင့် ကိုယ်ထွက်သွားခဲ့ရတာပါ
အဲ့အတွက်လည်း ကိုယ်တောင်းပန်ပါတယ် ပိုးရယ်...
ကိုယ့်ကြောင့်နဲ့ ပိုးရဲ့မျက်နှာလှလှလေးက မျက်ရည်တွေ အလကားမကုန်စေချင်ဘူး...
ကိုယ်ဟာ သေလူတစ်ယောက်ဖြစ်လို့
ပိုးရဲ့ အချစ်တွေနဲ့လဲ မထိုက်တန်တော့ပါဘူး
ကိုယ့်ကို ပိုးဘဝထဲက အပြီးအပိုင် မေ့ပစ်လိုက်ပါ။
ကိုယ်မရှိတော့တဲ့အခါ ပိုးအချစ်သစ်နဲ့ တွေ့ပြီး ကိုယ့်အတွက် များများပျော်ရွှင်အောင်နေပေးနော်..
ကိုယ်ကလေ ပိုးပျော်ပြီး ပြုံးနေတာလေးကိုပဲ မြင်ချင်တာ ...
ကိုယ်ကတော့ လောကကြီးကို မကြာခင်မှာ နုတ်ဆက်ရမယ့် သူမို့ ပျော်ရွှင်ဖို့ အချိန်ဆိုလဲမရှိတော့ပါဘူး ....
သေလူ တစ်ယောက်မို့ ကိုယ့်အတွက်တော့ သေမယ့်နေ့ကိုသာ ပြုံးပြုံးကြီးထိုင်စောင့်နေရတော့မှာ..
ပိုးကတော့ ကိုယ့်အတွက်ပါ အများကြီးပျော်ရွှင်အောင်နေပေးနော်
အရမ်းချစ်တယ် ပိုးရယ်..
ကိုယ်အသက်ရှင်နေတဲ့ အချိန်တိုင်းမှာ
ပိုးကိုပဲ သတိရနေသလို ပိုးကိုပဲချစ်နေမှာပါ...

ချစ်ရတဲ့ ချိန်း..🍃♥️#

စာရွက်လေးအား ရင်မှာပိုက်ခါ တစ်အင့်အင့်ဖြင့် သူမနာကြင်ရလွန်းလို့ အသံပင် မထွက်နိုင်တော့ချေ။....
နာနာကြင်ကြင်ငိုကြွေးနေရပြီး...
နှလုံးသားလေးကလည်း အရမ်းနာကြင်ရသည်ဟု သူမအား တစ်ဖွဖွပြောနေလေသည်။...
ထားခဲ့ရက်လေးခြင်း ...ဟုသာ သူမတွေးရင်း...ကြမ်းပြင်ပေါ်သို့ လှဲပြိုကျခါ လက်လေးအုပ်ပြီး ပိုးတစ်ယောက် ငိုယိုနေရှာသည်။
လစ်ဟာကျယ်ပြန့်သည့် အခန်းကျယ်ထဲတွင် အထီးကျန်ဆန်စွာ မိန်းမလှလေးတစ်ဦး အသံပင်မထွက်နိုင်အောင် နာကြင်လွန်းစွာ ငိုကြွေးနေရသည်။...

🍃🍃🍃🍃🍃

🍃🍃🍃အပိုင်း ၃၄ ဆက်ရန် >>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်) အားပေးဖတ်ရှူလို့ ကျေးဇူးပါ သဲလေးတို့ရေ


rate now: