🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
🎊🎊🎊🎎🎎🎎🎎🎊🎊🎊
ဂျပန်ဘိုးဘွားတို့အား သျှားနှင့်ယူမီ အတူတကွ ဝတ်ပြုကန်တော့နေပြီး..
ဘေးမှ ရပ်ကြည့်နေသည့် သုတမှာလည်း မြန်မာပြည် ပြန်လျှင် ကျန်ခဲ့သူ သျှား အဒေါ်အား အမှတ်တရ ပြရန်
ဖုန်းလေးဖြင့် video မှတ်တမ်းတင်နေသည်။
ဒေါ်မီကီရိစန်မှာလည်း သမီးဖြစ်သူနှင့် သားမက်ဖြစ်သူအား ကြည့်ခါ ပြုံးရွှင်နေမိသည်။..
ဖိတ်ကြားထားသော ဧည့်သည်များမှာ မင်္ဂလာပွဲပြီးပြီမို့ တစ်ဝတ်လောက်က ပြန်သွားကြပြီ ဖြစ်ပြီး...
တချို့တဝတ် လူရင်းတွေလောက်သာ ဘိုးဘွားတို့အား ကန်တော့ခန်းကို ကြည့်ရှူနေကြသည်။..
ကန်တော့လို့ ပြီးသွားသည်နှင့်....
“ကဲ...သားနဲ့သမီးက ဒီနေ့ဒီချိန်ကနေစပြီး အကြင်လင်မယားတွေ ဖြစ်သွားကြပြီနော်...နှစ်ဦးသားပျော်ပျော်ရွှင်ရွှင် နဲ့ သက်ဆုံးတိုင်..”
“💢မပေါင်းရပါစေနဲ့...”
“ဟင်!....”
ထိုအသံကြောင့် မင်္ဂလာပွဲရှိ ဧည့်သည်များနှင့် သူမတို့အားလုံး ထိုအသံပိုင်ရှင်အား လှည့်ကြည့်လိုက်ကြသည်..။
ဒိုမိုနာ၏လက်ထဲတွင် ဂျပန်ဓားရှည်အား ကိုင်ထားပြီး သူမတို့ ၃ယောက်အရှေ့သို့ လျှောက်လာခဲ့သည်...။
“ဟား...ဟားဟား ဘယ်လိုဖြစ်တာလဲ ခင်ဗျတို့ မျက်နှာတွေက...
ဘာလဲ ဒီပွဲကို ကျုပ်လာတာ မကြိုက်လို့လား...ဟမ်!”
ဒေါ်မီကီရိစန် တစ်ယောက် မျက်နှာထားအားတင်းမာလိုက်ပြီး
“မင်း...ဒီကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ..ဒီပွဲကို တတ်ဖို့ အန်တီမင်းကို ဖိတ်မထားဘူး ...အခုပြန်ပါ..”
ထိုစကားကြောင့် ဒိုမိုနာ အသံထွက်အောင် အော်ရယ်လိုက်ပြီး..
“ဟားဟားဟား...ဘာဖြစ်လဲ ကျုပ်ကို မဖိတ်ထားလို့ကို ကျုပ်က တမင်လာခဲ့တာ...
နောက်ပြီး ကျုပ်သာ ယူမီကို မပိုင်ဆိုင်ရရင်...ဘယ်သူမှ သူမကိုလည်း ပိုင်ဆိုင်ရဖို့ မစဉ်းစားနဲ့...”
သုန်မှုန်ပြီး အလိုမကျဖြစ်နေသည့် ယူမီမျက်နှာအား ဒိုမိုနာလှမ်းကြည့်လိုက်ခါ.....
“နောက်ပြီး ယူမီ မနေ့ကဖြစ်တဲ့ ကိစ္စမှာ ငါ့အလွန်ကြည်ထင်မနေနဲ့ မင်းအကောင်လဲ အလိုတူအလိုပါပဲနော်...”
ထိုစကားကြောင့် သျှားမျက်နှာ ကွက်ကနဲပျက်ယွင်းသွားရပြီး...
မသိဟန်ဆောင် လိုက်ခါ...
“အဟက် ...ခင်ဗျဘာတွေပြောနေတာလဲ ဘာကိုကျုပ်ကအလိုတူ အလိုပါလဲ...ဘာလဲ ခင်ဗျ အပစ်ကို ကျုပ်အပစ် လာလုပ်နေတာလား”
“ဟား ဟား ဟား အခုမှ မသိချင်ယောင် ဆောင်မနေစမ်းနဲ့ မင်းကိုယ်တိုင်ပဲ ကြည်ကြည်ဖြူဖြူနဲ့ ယူမီကို ငါ့စီပေးဖို့အတွက် Club ကိုခေါ်လာပေးခဲ့တာလေ...”
ထိုစကားကြောင့် သုတ/ယူမီ/ဒေါ်မီကီရိစန်တို့ အပါအဝင် ပွဲတစ်ခုလုံးရှိ ဧည့်သည်များကပါ “ဟာ”ကနဲ “ဟင်”ကနဲ ဖြစ်သွားကြရသည်....
“သျှားမာန် သူပြောတာအမှန်ပဲလား ...”
အမှန်တရားသာ ပေါ်သွားခဲ့လျှင် သူ့အခြေနေမှာ ဂုဏ်သိက္ခာအရကော /လူမှုရေးအရပါ မတွေးဝံ့စရာသာ...
ထို့ကြောင့် သူအတတ်နိုင်ဆုံး မပေါ်အောင် လိမ်ရမည်...
“ယူမီ မင်းက သူ့ရဲ့စကားကိုယုံနေတယ်ပေါ့လေ ကိုယ်အဲ့မှာတုန်းက သန့်စင်ခန်းသွားရင်း အပြင်ကနေ ပိတ်ထားခံခဲ့ရတယ်...
ဒါကြောင့်မို့လဲ ကိုယ်မရှိတုန်း သူက မင်းကို ဝိုင်ထဲဆေးခက်ပြီး ...လုပ်ကြံခဲ့တာပေါ့....”
ထိုစကားကြောင့် ယူမီမျက်လုံးလေးများ အရောင်လက်ခါ သူ့စကားကို အကြွင်းမဲ့ ယုံကြည်မိသည်။...
ဤသည်ကို ဒိုမိုနာ မြင်တော့ ဒေါသလဲဖြစ်မိသလို သျှား၏လိမ်ညာနေသည့် စကားအား ဒိုမိုနာ သက်သေပြရန်...
ဘောင်ဘီအိတ်ကပ် ထဲမှာ ဖုန်းကိူ ဆွဲထုတ်ယူခါ...
“သေချာလို့လား ဟေ့ကောင် မင်းက ဒီကိစ္စမှာ လိုတူလိုပါ ဟုတ်မဟုတ်ဆိုတာ ...ငါ့မှာ သက်သေရှိတယ်နော် ဟားဟား မင်းလိမ်လို့မရပါဘူး ဟား ဟား “
ဖုန်းအားထောင်ပြခါ ဒိုမိုနာ ပြောလိုက်သည်ကြောင့် ... သျှား ရင်ထဲ အတော်ကို ထိန့်မိသည် ...
ဟင် ..ဘာ..သက်သေတွေများလဲ...
ယူမီအနားစီသို့ ဒိုမိုနာလျှောက်လာခါ
“ရော့ မင်းဒီထဲဝင်ပြီး ကြည့်ကြည့်လိုက်ပါဦး..”
လှန်းပေးနေသည့် ဖုန်းအား သူမ ယူလိုက်ပြီး...မျက်မှောင်လေး ကျုံ့ခါ...အပေါ်ဆွဲ အောက်ဆွဲဖြင့် ကြည့်လိုက်သည်.။...
သျှားတစ်ယောက် ဇောချွေးများ ပြန်ခါ လိမ်ထားသည့်အရာ အမှန်ပေါ်သွားမည်ကို ရင်တထိန့်ထိန့်ဖြင့် သာ...
သျှားဖြစ်နေသည့် ပုံစံအား ဒိုမိုနာသဘောကျစွာ ကြည့်နေရင်း..ခေါင်းမှ ပက်တီးလေးအား စမ်းကြည့်မိသည်။.
အဟွန်း...ဒီနေ့ကတော့ မင်းရဲ့ ဇာတ်သိမ်းပဲ ..မင်းကို ယူမီအကြီးကျယ် မုန်းသွားတာလည်း ခံရမလို ငါ့အပေါ် မင်းလုပ်ခဲ့တာတွေ အတွက် အကြွေးပြန်စပ်ရမယ်...။
မိနစ်အနည်းငယ်လောက် နေတော့ ယူမီက ဘာမှ မဖြစ်သည့် ပုံစံဖြင့် ဒိုမိုနာအား ဖုန်းပြန်ပေးလိုက်ခါ...
“ရှင်ဘာတွေ လာပြနေတာလဲ ရှင့်ကောင်မတွေနဲ့ တော်ကီပစ်ထားတာတွေ ကျွန်မကို လာပြနေတာပဲ အဲ့ဒါတွေ ကျွန်မက ဘာလုပ်ရမှာလဲ...”
ထိုစကားကြောင့် ဒိုမိုနာ မျက်လုံးများ ပြူးကျယ် သွားရပြီး ဖုန်းကိုကမန်းကတမ်း လှမ်း ယူလိုက်ခါ
“မဟုတ်ဘူး ဒီထဲမှာ ငါနဲ့သူရဲ့ ပို့ထားတဲ့ စာတွေရှိနေတယ်လေ ..”
Message ထဲဝင်ခါ သူထိုစာတွေကို နှံ့နေအောင် ရှာလိုက်ပေမယ့် မတွေ့။
ထိုအခါမှ မသိမသာလေး သျှားပြုံးလိုက်ပြီး...
သူမနေ့က(သူမလက်အား ဆွဲခါ အခန်းပြင် ထွက်စဉ် ဒိုမိုနာ တပည့်စီမှ ယူလာသည့် ဖုန်းအား အိတ်ထောင်ထဲမှထုတ်ခါ သူမသိမသာလေး ပစ်ချခဲ့လိုက်သည်။...)
ဖုန်းထဲရှိ သူနဲ့ပြောခဲ့သည့် message မှန်သမျှ သူအကုန်ဖျတ်ခဲ့ခြင်းပင်
ထို့အပြင် record ဖမ်းထားတာမှန်သမျှကိုလည်း သူဖျတ်ခဲ့သေးသည် ။
သျှား တစ်ယောက် ဒိုမိုနာထက် ခြေတစ်လှမ်းသာခဲ့ခြင်းကြောင့် အလွန်ကံကောင်းသည်ဟု ဆိုရမည်..။
ဒိုမိုနာတစ်ယောက် message အားမတွေ့တော့သည်နှင့် သူrecords ဖမ်းထားသည့်အရာအား ပြဖို့ ရှာပြန်တော့လဲ မတွေ့တော့ချေ။...
တစ်ခုခုကို ရိပ်မိသွားဟန် ပေါ်သည့် ဒိုမိုနာတစ်ယောက် မျက်ထောင့်နီကြီးဖြင့် သျှားအား စိုက်ကြည့်လိုက်ခါ
“မင်းက ငါ့ဖုန်းကိုယူပြီး သက်သေတွေ ဖျတ်ထားခဲ့တာပဲ ...
ဟား..ရတယ်လေ...အဲ့ဒါတွေမရှိတော့လဲ ဘာမှမဖြစ်ဘူး ...အေ့ဒါပေမယ့် မင်း ငါ့နှသားထဲက ယူမီကို ခိုးယူသွားခဲ့တာရော/ငါ့အပေါ်လုပ်ခဲ့တဲ့ အရာတွေအတွက်ကော ပြန်ပေးဆက် ရမယ်။ငါပြောခဲ့ သလိုပဲ ငါမှ သူမကိိုမပိုင်ဆိုင်ရရင် ဘယ်သူမှ သူမကို မပိုင်ဆိုင်စေရဘူး.လို့ ဟား.. ဟား ဟား”
ထိုစကားပြောပြီးပြီးချင်း မှာပင် ချက်ချင်းဆိုသလို ဒိုမိုနာသူ၏ လက်ထဲမှ ဂျပန်ဓားရှည်အား ဆွဲနုတ်ခါ သျှားရှိရာဘက်သို့ ထိုးစိုက်လိုက်သည်..။.
ဤသည်ကို ယူမီမြင်တော့...
“အား...မလုပ်ပါနဲ့...”
“စွတ်...”
“ခလွပ်..တောက် တောက်...”
Video ရိုက်နေသည့် ဖုန်းလေးမှာ လက်ထဲမှ လွတ်ကျသွားပြီး...
သျှားအရှေ့တွင် သုတဝင်ကာလိုက်ပေမယ့်...ဓားဟာ အတိုင်းအတာရှည်လွန်းသောကြောင့် သုတ၏ဝမ်းဗိုက်မှ ထုတ်ချင်း ဖောက်ခါ သျှား၏ဝမ်းဗိုက်တွင် စိုက်ဝင်သွားတော့သည်..။
ထိုမြင်ကွင်းကြောင့် ဧည့်သည်များ အလန့် တကြားဖြင့် ထွက်ပြေးကုန်ကြပြီး..တချို့မှာတော့ ရဲအား ဖုန်းဆက်တိုင်နေကြသည်...။
ထိုအဖြစ်ကိုကြည့်ခါ ဒေါ်မီကီရိစန် တစ်ယောက် ပါးစပ်ကို လက်ဖြင့် အုပ်ခါ ထိန့်လန့်နေပြီး...
ယူမီကတော့...
“ဟင်!...ကိုသုတ ...သျှားမာန်... “
ထိုးစိုက်ထားသည့် ဓားအား ဒိုမိုနာပြန်ဆွဲထုတ်ခါ နောက်တစ်ချက် အားဖြင့်ထက်၍ထိုးစိုက်ခါ ဆွဲနုတ်ပစ်လိုက်တာကြောင့်....
သုတရော...သျှားပါ ..ပါးစပ်မှ သွေးများ ဗွက်ကနဲ စီးကျလာခါ ...
နှစ်ယောက်သား ဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက် အနေအထားဖြင့် လှဲကျ သွားကြပြီး....
“ကိုသုတ...သျှားမာန် .. ဟင့်အင်း ...
မဟုတ်ဘူး.. အားးးး...မဟုတ်ဘူး မဟုတ်ဘူး ရှင်တို့ မသေရဘူးနော် ကျွန်မကို ထားခဲ့ပြီး မသေရဘူးနော် ..
သျှားမာန်..ရှင် ကျွန်မကို ရှင်ချစ်တယ်လို့တောင် မပြောရသေးဘူးလေ...သျှားမာန်ထပါဦး ကျွန်မကို ကြည့် ..ကျွန်မမျက်နှာကို သေချာ ကြည့်ပါဦး သျှားမာန်ရဲ့ ..ဟီး ဟီး ဟီး....”
သျှား၏ သွေးများဖြင့် လှဲကျနေသည့် ခန္ဓာကိုယ်လေးအား သူမ ထူထားရင်း..
တစ်ဖက်ရှိ လှဲကျနေသည့် သုတအား
“ကိုသုတ ကိုသုတ...အဟင့်..ဟင့် သတိထားပါဦး ကိုသုတ ဟီး...ဟီး...မဟုတ်ဘူး မဟုတ်ဘူး ..မသေရဘူး ရှင်တို့နှစ်ယောက် စလုံး ကျွန်မကို ထားသွားလို့မရဘူးနော်...ဟီး ..ဟီး “
သွေးအိုင်ထဲတွင် လှဲကျနေသည့် သုတအား ဒေါ်မီကီရိစန် ဆွဲထူခါ လက်ကလေးဖြင့် ပွေ့ထားလိုက်ပြီး..
“ကောင်လေး ..ကောင်လေး ...မျက်စိဖွင့်ကြည့်ပါဦး ကောင်လေးရယ် ..ကောင်လေးတို့ ဒီလို ဖြစ်ရတာ အန်တီတို့ အပြစ်မကင်းပါဘူးကွယ်..အဟင့် ဟင့် အဲ့အတွက်...အန်တီတောင်းပန်ပါတယ်နော် “
သွေးများ ပေကျံနေသည့် သုတလက်ကလေးမှာ ဒေါ်မီကီရိစန်၏ လက်အား အားမရှိသလို ဆုတ်ကိုင်လိုက်ပြီး...
မပွင့်..တပွင့် အသံသဲ့သဲ့လေးဖြင့်
“ည ညီ..သျှာ သျှား အ..အသက်ကကို ရအော အောင် က ကယ် ပေ ပေးပါ....”
ထိုစကားလေးကို အားတင်းပြောခါ သုတလက်ကလေး ဒေါ်မီကီရိစန်၏ လက်အား ကိုင်ထားရာမှ လွတ်ချသွားလိုက်တော့သည်...
“ကောင် ကောင်လေး ..ကောင်လေး ဟင့်အင်း..ကောင်လေး သတိထားပါဦး..ကောင်လေး“
သုတပါးပြင်လေးအား ဖိလှုပ်ခါ ခေါ်နေရင်း
ဒေါ်မီကီရိစန်တစ်ယောက် ...သုတ၏ ရင်ဘက်နားသို့ တိုးကပ်ခါ နှလုံးခုန်သံကို နားထောင်ကြည့်လိုက်တော့ တိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်...။
ဒေါ်မီကီရိစန် မျက်လုံးလေးမှိတ်ခါ အားရပါးရ ငိုချလိုက်ရင်း...
“ဟင့်အင်း...ဒီလိုထွက်မသွားပါနဲ့...ကောင်လေးရဲ့..အန်တီတို့ အပြစ်တွေပါ အန်တီတို့ကြောင့် ဖြစ်ရတာပါ ဟီး ဟီး”
ထိုစဉ် ဒိုမိုနာစီသို့ သူ၏ လူ၃ယောက် ပြေးလာခါ
“သ သခင်လေး အပြင်ဘက်မှာ ရဲကားတွေရောက်လာပြီ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...”
ရှိုက်ကြီး တငင်ငိုနေသည့် ယူမီအား ဒိုမိုနာလှမ်းကြည့်ရင်း...
“အဟွန်း..ဘာလုပ်ရမှာလဲ ငါ့အပစ်အတွက် ငါပေးဆပ်ရမှာပေါ့ ...ငါသေစေချင်တဲ့ လူလဲ အခုငါ့ရှေ့မှာတွင် သေသွားခဲ့ပြီ ငါကျေနပ်တယ် ..ငါလဲသူမကို မပိုင်ဆိုင်ရရင် ဘယ်သူမှလဲ သူမကို မပိုင်ဆိုင်စေရဘူး...ဟား ဟား ဟား...”
အရူးတစ်ယောက်လို ရယ်နေသည့် ဒိုမိုနာအား ရဲများမှ လက်ထိပ်ခက်ခါ ...ဆွဲခေါ်သွား ကြပြီး...
ဒိုမိုနာ၏ အဖေမှာလည်း သူ့သားသတင်းကြား ၍ လက်ထိပ်ခက်ခေါ်သွားသည့် သူ၏သားနောက်သို့ လိုက်သွားတော့သည်...။
သွေးအိုင်ထဲမှာ အသက်မျှင်းမျှင်းလေးရှူခါ သတိမလစ်သေးသည့် သျှားအား သူမ ကြည့် ၍ ရှိုက်ကြီးတငင် ငိုနေသည်။...
ထိုငိုနေသည့် သူမမျက်နှာလေးအား သွေးများ ပေကျံနေသည့် လက်ကလေးဖြင့် ဖြည်းဖြည်းချင်း ထိလိုက်ပြီး...
“ကိုယ် ...မင် မင်းကို ချစ်တယ်”
ပါးပြင်မှ စီးကျနေသည့် သူမမျက်ရည်လေးအား ပွတ်သုတ်ပေးလိုက်ပြီး သျှား လက်ကလေးမှာ တဖြည်းဖြည်းအားလျော့ခါ အောက်သို့ လျောကျသွားတော့သည်...
“အဟင့်...သျှားမာန်..သျှားမာန် ..ဟင့်အင်း .. သျှားမာန်...ကျွန်မကို ထားမသွားပါနဲ့....ကျေးဇူးပြုပြီး ဟီး ဟီး ဟီး ကျေးဇူးပြုပြီး သျှားမာန်.ရယ်..
မထားခဲ့ပါနဲ့......”
သွေးအိုင်ထဲတွင် လှဲကျနေသည့် သျှား၏ ခန္ဓာကိုယ်လေးအား ပွေ့ဖက်ခါ ရူးခါမတတ်သူများ အော်ငိုနေလေသည်...။
သူမ၏ မင်္ဂလာပွဲနေ့လေးမှာ ဤကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံရလိမ့်မည်ဟု မည်သူထင်မည်နည်း.....။
🍂🍂🍂🍂🍂🍂🍂
အချိန်တွေဟာ တရွေ့ရွေ့ဖြင့် ကုန်လွန်တာမြန်လှသည်.....🕔🕙🕞🕣
သမီးဖြစ်သူပန်းကလျာ ပျောက်နေသည်မှာ ၁ပက်ကျော်ရှိပြီမို့ ဦးသော်မြင့်ချိန် ရဲစခန်းတွင် လူပျောက်တိုင်ခါ အမှုဖွင့်ထားသည်။...
အမှောင်အတိကျနေသည့် အခန်းငယ်လေးအား မီးလေးဖွင့်ခါ လင်းစေပြီး...သမီးဖြစ်သူ ပန်းကလျာကို လွမ်းတာကြောင့် သူမနေထိုင်သည့် အခန်းလေးအား ဦးစိုင်းခန်းသန့် အလွမ်းပြေလေး လာကြည့်ခြင်းဖြစ်သည်။....
မီးအိမ်တင်ထားသည့် စားပွဲပေါ်ရှိ သူနှင့်အတူတွဲရိုက်ထားသည့် သမီးဖြစ်သူ၏ ပုံလေးအား ကောက်ကြည့်ရင်း..
အိပ်ယာပေါ်တွင် ထိုင်ခါ...
လွမ်းမျက်ရည် ကျမိသည်...
သမီးလေး..ဘယ်တွေပျောက်နေတာလဲ...ဖေဖေသမီးကို လိုက်ရှာနေတာ နေရာတွေ့ နှံ့နေပြီ...
အသံလဲမကြား ဘယ်မှာမှလဲ ရှာမတွေ့နဲ့ ဖေဖေသမီးလေး ဘယ်တွေရောက်လို့ ဘာတွေများဖြစ်နေပါလိမ့်...
ဖေဖေသမီးလေးအတွက် စိတ်ပူရလွန်းလို့ ရင်တွေ ပူလိုက်တာ သမီးလေးရယ်....
ဓာတ်ပုံလေးအား ကြည့်ရင် တယုတယငုံ့နမ်းလိုက်ခါ ထိုအခန်းထဲမှ ထွက်ရန် မီးခလုတ်အား ပိတ်ရန်အလုပ်...
ကွန်ပျူတာစားပွဲပေါ်ရှိ ပွင့်ကျနေသည့် စာအုပ်နှင့်အတူ ရေးလက်စပုံစံ ဘောပင်လေး၏ အနေထားကြောင့်
ဘာရယ်မဟုတ် ဦးစိုင်းခန်းသန့် ယူကြည့်လိုက်သည်..။
ထိုစာအုပ်လေးထဲတွင်...
ဦးသော်မြင့်ချိန် = ဦးစိုင်းဌာရ >ဘာလို့ ဖေဖေခေါ်တဲ့ နာမည်နဲ့ သူငါ့ကို ပြောတဲ့နာမည် ကွဲလွဲနေရတာလဲ...
နာမည်ပြောင်းထားတာလား...?
သူ့ရုပ်ကြည့်တော့ ၃၀ကျော်လောက် နုဖက်နေတာကို အသက်၅၀ကျော်တဲ့ အဟင်း မဖြစ်နိုင်လိုက်တာ....လူလိမ်
ဦးသော်မြင့်ချိန် - Fashion Diamond💎 ကုမ္ပဏီရဲ့ ဉကတ္ထ
အခြားလုပ်ငန်းတွေကိုလည်း အများအပြားပိုင်ဆိုင်သော်လည်း လူသိများတာက ဒီကုမ္ပဏီကိုပဲ...
ချိန်းဆိုတဲ့ လူက သူ့ရဲ့ တစ်ဦးထဲသော သား
နေတာက ကျွဲဆည်ကန်ဝန်းကျင် စိတ်ညိမ်သူဌေးရပ်ကွက်မှာပဲ
အသေးစိတ် ထပ်စုံစမ်းရန်...
သူက ဖေဖေနဲ့မေမေစီကနေ ငါ့အစ်ကိုကို ခိုးပြီးဖျောက်ဖျတ်ခဲ့တဲ့ လူတဲ့ တော်တော် ကောက်ကျစ်တဲ့ လူယုတ်မာပဲ မထင်ရဘူး မင်းသားမျက်နှာဖုံးနဲ့ ဘီလူးကြီး.💢...
ငါ့မေမေကို စိတ်ဝေဒနာသည် ဖြစ်အောင် လုပ်ခဲ့တဲ့ အဓိတရားခံကလည်း ဒီလူကြီးပဲပေါ့....
ဖေဖေ/မေမေ စိတ်ချပါ သမီးကိုကို ကို တွေ့အောင်ရှာမယ်...
သမီးတို့ မိသားစုတွေ စုံစုံလင်လင်နဲ့ အတူနေရတော့မှာပါ...
သမီးယုံကြည်တယ် ကိုကို ကို သမီးတွေ့အောင် ရှာနိုင်လိမ့်မယ်လို့...
သမီးဖြစ်သူရေးထားသည့် စာများအားကြည့်ခါ သူမအစ်ကိုကို ရှာဖို့အတွက် ဦးစိုင်းဌာရနှင့် သွားပက်သက် လောက်သည် ဟု သူမှတ်ချက်ချလိုက်သည်။..
ထို့ကြောင့် မနက်ဖြန်သူ စခန်းမှာသွားပြီး သဲလွန်စပေးရမည်။....
🍃🍃🍃🍃🍃🍃
စိတ်ဝေဒနာရှင် ဒေါ်ရွှေရည်မှုန်မှာလည်း ဦးစိုင်းခန်းသန့်၏ သမီးဖြစ်သူအကြောင်း ဖြည်းဖြည်းချင်းနားဝင်အောင် ဖြောင်းဖြထားမှုကြောင့်
သူမ၏ သမီးဖြစ်သူအား လွမ်းဇွတ်မိလာသည်...။
သားဖြစ်သူကို စိတ်ဆွဲခါ သမီးဖြစ်သူ ပန်းကလျာအပေါ် သူမ ချစ်ခင်ကြင်နာပေးမှု မရှိခဲ့တာကြောင့် အသိစိတ်များ ဝင်ခါ နောင်တရမိသည်။
☘️☘️☘️☘️