book

Index 31

(အပိုင်း ၃၁)

  • Author : Kyawal
  • Genres : Drama

🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️


စားပွဲတွင် အစားအသောက်များ ပြန့်ကျဲခါ ပွစာတတ်နေပြီး သူမ၏ ဒေါက်ဖိနပ်/ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကိုသာ ကပိုကယို ပြန့်ကျဲစွာ တွေ့လိုက်ရသည်။..
ကုန်နေသည့် ဝိုင်ပုလင်းလေးအား သူငေးစိုက်ကြည့်ရင်း..

“ယူမီ...ယူမီကို သူတို့ဘယ်ခေါ်သွားတာလဲ...”

🏘🏘🏘🏘

Club နှင့်hotel မှာတစ်ဆက်တည်းဖြစ်တာကြောင့် သူမအားhotelခန်းစီသို့ ဇွတ်အတင်း ပွေ့ချီခေါ်လာခဲ့သည်။...
“အဟင့်... ကျွန်မကို လွှတ်ပေးပါ ကိုမိုဒိုနာရယ် ကျွန်မတောင်းပန်ပါတယ် ...ကျွန်မက မနက်ဖြန်ဆို လက်ထက်ရတော့မယ့် မိန်းကလေးတစ်ယောက်ပါ ဒီလိုမလုပ်ပါနဲ့ဟီး...ဟီး..ဒူးထောက်ပြီးတောင်းပန်ဆို ကျွန်မ တောင်းပန်ပါ့မယ်..”

ခနဲ့တဲ့တဲ့ ဒိုမိုနာရယ်လိုက်ခါ..
“အဟွန်း...မင်းကသာ သူ့ကိုဇွတ် လက်ထက်ချင်နေတာ သူကတော့ မင်းကို လက်ထက်ချင်တာမဟုတ်ဘူး အခုလည်းကြည့်လေ မင်းကို တစ်ယောက်ထဲ အခန်းထဲမှာပစ်ထားခဲ့ပြီး သူကဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင် မသိဘူး...အဟား ဟား..လာ ပါ ကိုယ်နဲ့သာ အေးဆေးပျော်လိုက်စမ်းပါ..”

“ဟင့် အင်း ဟင့်အင်း သူကျွန်မကို ပစ်ထားခဲ့တာမဟုတ်ဘူး...သူတစ်ခုခုဖြစ်နေလို့ ကြာနေတာပဲ နေမှာ..ဒါ ဒါမှမဟုတ်..ရှင် ..ရှင်သူ့ကို ရှင့်လူတွေ လွှတ်ပြီး တစ်ခုခုလုပ်လိုက်လို့များလား...ရှင် သူ့ကိုတော့ မထိနဲ့နော်...”

“အဟား..ဟား ဟား အခုချိန်မှာ အန္တရာယ်တွင်းထဲ ရှိနေတာက မင်းပါ...
မင်းအတွက်မင်း မစိုးရိမ်ပဲ...
ဘာကြောင့် တခြားလူအတွက်ပဲ ..မင်းစိုးရိမ်ပေးနေတာလဲ...အဟွန်း...ဘာလဲ မင်းက သူ့ကို ချစ်နေတာလား”

ခပ်မဲ့မဲ့ဖြင့်မေးလိုက်သော ဒိုမိုနာအား ယူမီ အလှပဆုံးပြုံးလိုက်ခါ
“ဟုတ်တယ် ကျွန်မသူ့ကိုချစ်တယ် ကျွန်မအသက်ထက်ကို ပိုချစ်တယ်...အဲ့ဒါ ရှင်အခုသိပြီလား”

ထိုစကားကြောင့် သူမအား ဒိုမိုနာ ဟက်ဟက်ပက်ပက် ထိုင်ဟားလိုက်ပြီး....
“အဟွန်း...ဟားဟားဟား ချစ်လေ ချစ်စမ်းပါ ဘာလုပ်ရမှာလဲ အခုမင်းက ငါ့လက်ထဲမှာ..ငါသွန်ချင်သလိုသွန် မှောက်ချင်သလို မှောက်လို့ရတဲ့ ငါ့လက်ခုပ်ထဲက ရေဖြစ်နေပြီ....”
ထိုသို့ ပြောခါ သူမမျက်နှာ အနားသို့ မွှန်ထူနေသည့် သူ့မျက်နှာက တဖြည်းဖြည်းတိုးကပ်လာသည်။..

“ရှင်..ရှေ့တိုးမလာနဲ့နော် ရှင်မယုတ်မာနဲ့..သျှား ..သျှားမာန် ကျွန်မကို ကယ်ပါဦး ဟီး ဟီး ဟီး..”

“မင်းအော်နေလဲ အပိုပဲ ဒီမှာ ငါ့လူတွေကလွဲလို့ ဘယ်သူမှမရှိဘူး...အဟွန်း..”

“လူယုတ်မာ ဖယ် ...လွှတ် အီး ...ဟီး..ဟီး ကျွန်မရှင့်ကို အရမ်းရွံ့တယ် မုန်းတယ် “
လည်တိုင်လေးအား အတင်းတိုးဝေ့ခါ နမ်းနေသည့် ဒိုမိုနာကြောင့် သူမနှလုံးသားကရော ဦးနှောက်ကပါ သွေးပျက်မတတ် ရွံ့ရှာမုန်းတီးမိသည်။
သူမလက်တို့မှာလည်း သူ့နောက်ကျောအား တစ်ဘုန်းဘုန်းထုရိုက်ခါ ကုတ်ခြစ်နေပြီး ...
ယုန်သူငယ်မလေးမှာ ကျားရိုင်းကြီးလက်က မလွှတ်မြောက်နိုင်ဖြစ်နေသည်။...

“ ဟေ့လူ ...”
ပခုံးအား လှန်းပုတ်လိုက်တာကြောင့် သူလှည့် ကြည့်တော့...
“ခလွမ်း...”

ပုလင်းခွံဖြင့် ရိုက်ချလိုက်တာကြောင့် ဒိုမိုနာ တစ်ယောက် ခေါင်းပေါ်မှ သွေးများ စီးကျခါ မူးမေ့သွားတော့သည်။

“ဟင်!...သျှားမာန်..ရှင် ဘာမှမဖြစ်ဘူးနော် ”

အိပ်ယာပေါ် တွင် အင်္ကျီဖယိုဖရဲဖြင့် လှဲကျနေသည့် သူမအား သူအမြန်ထူခါ
“ငါဘာမှ မဖြစ်ဘူး လာသွားစို့ “

သူမလက်အား ဆွဲခါ အခန်းပြင် ထွက်စဉ် ဒိုမိုနာ တပည့်စီမှ ယူလာသည့် ဖုန်းအား အိတ်ထောင်ထဲမှထုတ်ခါ သူမသိမသာလေး ပစ်ချခဲ့လိုက်သည်။...

အခန်းအပြင်ဖက်တွင် ဒိုမိုနာ၏ လူ ၃ယောက်မှာ သျှား၏ ပုလင်းရိုက်ချက်ကြောင့် မေ့မျောနေကြ၏။
ဤသည်အား သူမမြင်တော့ သျှားဘက်လှည့်ကြည့်ခါ ...
“အဲ့ဒါရှင် လုပ်လိုက်တာလား..”

မသိဟန်အနေထားဖြင့်...
“ကျစ်..ကဲလာပါ ဒီနေရာကနေအရင် ထွက်သွားရအောင်”

သူမလက်လေးအား တင်းနေအောင် ဆုတ်ကိုင်ခါ...ထိုနေရာမှ...သူအမြန်ဆွဲခေါ်သွားလိုက်တော့သည်..။

🌷🌷🌷🌷🌷

ဦးတည်ရာမဲ့ ကားကို မောင်းလာခဲ့ပြီး ...လျှောက်လမ်းပုံစံ မြက်ခင်းပြင်နှင့် တစ်ဖက်တွင် ရေကန်ဘောင်အား အနားကွတ်ထားသည့် နေရာရောက်တော့ သူကားလေးထိုးရပ်လိုက်သည်.။..
ထိုနေရာမှာ လူအသွားအလာ နည်းခါ တိတ်ဆိတ်အေးချမ်းသည့် နေရာလည်းဖြစ်သည်။..
လက်တွင်ပက်ထားသည့် နာရီအား သူကြည့်လိုက်တော့ ၆နာရီခွဲပင်...
ညနေ နေဝင် မှောင်ရည်ပြပြလေးလည်း ဖြစ်ခါ ထိုတိတ်ဆိတ်သည့် နေရာလေးတွင် သူနဲ့သူမ နှစ်ဦးသာရှိနေသည်။...
ထိုင်နေတဲ့ သူမဘက်သို့ သူလှည့်ကြည့်တော့ ...သူနှင့် ဆန့်ကျင်ဘက်အရပ်ရှိ ကားခုံလေးအား ခေါင်းလေးမှီခါ ...
နဖူးမှစ၍ ဖြူနုနုလည်တိုင်လေးတွေအထိ ချွေးစေးလေးများ စို့တတ်နေပြီး လက်နှစ်ဖက်မှာ သူမ၏ပေါင်ပေါ် သို့အတင်းဖိကပ် အုပ်ထားသည်။ထို့အပြင်..ပေါင်တံနှစ်ခုမှာ ပွတ်တိုက်ယှက်နွယ်နေပြီး သူမ၏ရင်အစုံတို့မှာလည်း နိမ့်လိုက်မြင့်လိုက်ဖြင့် အသက်ရှူနှုန်းတွေ မြန်ဆန်နေသည်။...

ဤသည်ကို သျှားမြင်တော့ “ဒါ ဒိုမိုနာ ဆေးခက်ပြီး သူမစီကို ပို့ပေးလိုက်တဲ့ ဝိုင်ပုလင်းလက်ချက်ပဲ” ဆိုတာ သူကောင်းကောင်းသိလိုက်သည်။....
ထိုကြောင့် ဆန့်ကျင်ဘက်သို့ လှည့်နေသည့် သူမမျက်နှာအား သူ့ဘက်သို့ ဆွဲလှည့်ခါ...
“ယူမီ...မင်း အဆင်ပြေရဲ့လား..”

မျက်နှာလေး ဆွဲလှည့်လိုက်တော့ အလိုက်သင့်လေးပါလာ၍...ချွေးများစို့ခါ မျက်ရည်တွေဝဲနေပြီး...သူမနှုတ်ခမ်းလေးမှာလည်း တစ်ဆက်ဆက် တုန်ရီနေသည်။..
ငိုမဲ့မဲ့မျက်နှာလေးဖြင့် သူမ သူ့ကိုကြည့်ခါ ...
“အဟင့် ..ဟင့်..ကျွန် ကျွန်မ...အဆင်ပြေမနေဘူး ..ဘာတွေဖြစ်နေမှန်းလည်း မသိဘူး ဒီလောက်ကားအဲကွန်း ဖွင့်ထားတာတောင် ကျွန်မရင်ဘက်ထဲကော တစ်ကိုယ်လုံးပါ ပူလောင်နေရတယ်....
ကျွန်မကို ကယ်ပါဘူး ကျွန်မဘာလုပ်ရမလဲဟင်...”

တုန်ရီခါ ချွေးလေးများ စို့နေသည့် သူမ အား စိတ်မကောင်းစွာ သူကြည့်ရင်း....
မင်းဒီလို ဖြစ်ရတာ ငါ့အပစ်တွေပါ
ငါ့ကြောင့် မင်းဒီလိုဖြစ်ရတာ
ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်ကြောင့် မိန်းကလေးတစ်ယောက်အပေါ် မလုပ်သင့်တဲ့ လုပ်ရပ်ကို ငါလုပ်ခဲ့တယ် တောင်းပန်ပါတယ်...
စိတ်ထဲမှ သူမအား တောင်းပန်ရင်း...
သူမနားအနားကပ်ခါ ...

“မင်းဒီလိုဖြစ်နေတာက သူခက်လိုက်တဲ့ဝိုင်ထဲက စိတ်ကြွဆေး အရှိန်တတ်နေတာပဲ...
ဒါကို ဖြေဖို့က တစ်နည်းပဲ ရှိတယ်..ယူမီ...အဲ့ဒါက..”

ငိုမဲ့မဲ့ ဖြစ်နေသည့် သူမမျက်နှာလေးနားသို့ တိုးကပ်ခါ ဖူးကြွတဲ့နှုတ်ခမ်းလေးအား ဖိနမ်းပေးလိုက်သည်။...
ထို့နောက် သူထိုင်နေသည့် ခုံအား အနောက်သို့ ပက်လက်အနေထား ပြေပြေလေးဖြစ်အောင် ရွေ့လိုက်တာကြောင့်...
“အဲ့ဒါ ရှင်ဘာလုပ်တာလဲ”

“ဘာလုပ်တယ်ထင်လဲ ..လာ..”

“ဟမ်!..”

ချွေးပေါက်လေးများ စီးကျခါ ခပ်ကြောင်ကြောင် ကြည့်နေသည့် သူမအား သူ့ကိုယ်ပေါ်ရောက်သည် အထိ ဆွဲတင်လိုက်သည်...။
သူ့အပေါ် ထိုင်လျက် အနေထားဖြစ်သွားသည် ကြောင့် ဟိုတစ်နေ့ ညကလို ဖြစ်ရပ်ကို သူမ အမှတ်ရသွားသည်။...
“မဟုတ်ဘူး..မဖြစ်ဘူး ...ကျွန်မရှင့်ကို အသုံးချနေတာမဟုတ်ဘူး ... အဲ့လိုမျိုးလည်း နောက်ထပ်မဖြစ်စေရပါဘူး ..’ကျွန်မကို အိမ်ပဲ ပြန်ပို့ပေးပါ သျှားမာန်...”

အသံထွက်အောင် သျှားရယ်လိုက်ပြီး..
“အဟက်...မင်း အိမ်ပြန်လည်း မင်းရဲ့ ဒုက္ခဆင်းရဲကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး တစ်ညလုံး ပူပူလောင်လောင်နဲ့ အိပ်မပျော်ပဲ စိတ်ဆင်းရဲနေရမှာ..
မင်းစိတ်ချပါ ဒီတစ်ခါတော့ မင်းကငါ့ကို အသုံးချတာမဟုတ်ဘူး..”
ငါကသာ မင်းကို အသုံးချခဲ့ မိတာပါ...ထိုစကားအား သူမကြားအောင် မပြောပဲ စိတ်ထဲမှာပင် သူပြောလိုက်သည်။...

ထိုသို့ပြောပြီး ရုတ်တရက်ဆိုသလို သူမလည်တိုင်လေးအား အရာထင်အောင် သူဆွဲနမ်းပစ်လိုက်သည်။
ထို့နောက် ပန်းဆီရောင် သူမနှုတ်ခမ်းလေးအား သူမက်မက်မောမော နမ်းရှိုက်လိုက်ရင်း...
ပွချောင်ချောင်ဖြစ်နေသည့် သူမအင်္ကျီလက်ရှည်အောက်သို့ ခါးလေးမှ တဆင့် တဖြည်းဖြည်း တိုးလျှိုခါ နူးညံ့သည့်အထိတွေ့စီသို့ သူနယ်ကျွန်မိသည်။...
ဆေးအရှိန်တွေကြောင့် သူမမှာလည်း သူပြုသမျှ နုနေရတော့သည်။...

ဒီအခါမှာတော့ သျှားတစ်ယောက် အသက်ဝင်လှပသည့် ကောက်ကြောင်း ပန်းချီလေးအား သူကိုယ်တိုင် စိတ်လိုလက်ရ ရေးဆွဲနေတော့လေသည်...။

🥀🥀🥀🥀🥀🥀

“တူ..တူ..”

သမီးဖြစ်သူထံ ဖုန်းတွေ ဆက်တိုက်ခေါ်နေပေမယ့် ... တစ်ဖက်ကတော့ လုံးဝ ဖုန်းကိုင်မလာချေ...။

အချိန်ကိုကြည့်တော့ ည၁၁:၀၀ပင် ထိုးနေပြီဖြစ်သည်...။

“ကျစ်...အိချောရေ ...အိချော..”

“ရှင်..ရှင် သူဌေး..”

“နင့်မမက မနက်က ဘယ်သွားမယ်လို့ ပြောသွားလဲ...”

“ဟင့်အင့် သူဌေး မမလေးက အိချောကို ဘာမှပြောမသွားဘူး..”

“ဟာကွာ...ကျစ်...ဒါဆိုဘယ်လိုလုပ်မလဲ အခုည၁၁တောင် ထိုးနေပြီ။
နင့်မမက အခုချိန်ထိကို ပြန်ရောက်မလာသေးဘူး...
ခါတိုင်း သမီးက ဒီလောက်ထိ အိမ်ပြန်နောက်ကျ တတ်တဲ့သူလည်း မဟုတ်ပါဘူး...
ဖုန်းဆက်တော့လည်း မကိုင်ဘူး
ဘာတွေများဖြစ်နေလို့ပါလိမ့် ...”

“ဟုတ် သူ​ဌေး အိချောလည်း မမလေးအတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူးရှင့်..”

ဦး စိုင်းခန်းသန့်တစ်ယောက် သမီးဖြစ်သူ ပန်းကလျာ ပြန်မလာသေး၍
စိုးရိမ်ကြီးစွာ သမီးဖြစ်သူ အိမ်ပြန်အလာကို စောင့်မျှော်နေလေသည်။...

🌓🌓🌓🌓🌓

ညဉ့်နက်သန်းခေါင် ကွန်ဒိုတိုက်ခန်း၏ အိပ်ခန်းထဲတွင် တံခါးအား တစ်ဒုန်းဒုန်းထုခါ ပန်းကလျာတစ်ယောက် အော်ခေါ်အကူညီတောင်းနေလေသည်။...
တိုက်ခန်းကပဲ အသံလုံ၍လား မသိ။
နေ့လည်ကတည်းက သူမသတိလည်လာ၍ ယခုလို အော်ခေါ်အကူညီတောင်းပေမယ့် အခုချိန်ထိပင် ဘာမှထူးခြားမလာပေ..။
အသံဝင်လို့ ထုရိုက်ရသည့် လက်များသာနာလာရသည်..။
ထို့ကြောင့် ထုရိုက်အော်ခေါ်နေတာတွေကို ရပ်လိုက်ပြီး တံခါးပေါက်လေးအား ကျောလေးမှီခါ သူမ လျောထိုင်ချလိုက်ရင်း...
“အဟင့် အဟင့် ဖေဖေ သမီးကိုကယ်ပါဦး သူတို့သမီးကို တိုက်ခန်းထဲမှာ ပိတ်ထားကြတယ်။..
သမီး ဒီကနေ လွတ်အောင် ဘယ်လို လုပ်ရမလဲဟင်...
သမီးရဲ့အစ်ကိုအရင်းနဲ့ တွေ့ခါနီးကျမှ ဒီလိုဖြစ်ရတယ်လို့...
အဟင့် ..သမီးကို ဘယ်သူမှ မကူညီနိုင်ကြတော့ ဘူးလားဟင်...”

ဖုန်းကလည်း ဦးသော်မြင့်ချိန် သိမ်းသွားတယ်.../...ဒီမှာထုရိုက်ပြီး အကူအညီတောင်းပြန်တော့လဲ ဘာမှ အရာမယွင်းပေ။..
လက်နှစ်ဖက်ကို မျက်နှာအား အုပ်လျက်...ပန်းကလျာတစ်ယောက် လမ်းစတွေပျောက်နေရသည်။...

⚡️⚡️⚡️⚡️

ခေါင်းတွင်ပက်တီး အဖြူကိုယ်စီဖြင့်
လူ၄ယောက်အနက်မှ ၁ယောက်သောသူမှာ တစ်ရှူး ရှူး တစ်ရှဲရှဲဖြင့် ဒေါသအခိုးများ လှိုင်လှိုင်ထနေ၏..။

“တောက် ...ခွေးကောင်က ပြောထားတဲ့ စကားအတိုင်း မဟုတ်ပဲ ..ယူမီကို ငါ အပိုင်ရခါနီးမှ မလိမ့်တစ်ပက်နဲ့ ငါ့ကိုအရူးကွက်နင်းသွားတယ်”

“ဟုတ်တယ် သခင်လေး ဒီကောင်အတော် အကြံပက်စက်တဲ့ကောင် အစောထဲက မမလေးကို မပေးချင် ငြင်းလိုက်ပေါ့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ဟန်နဲ့ မမလေးကို အပိုင်ကြံလို့ရသေးတယ် ...
အခုတော့ တစ်ရက်လေးရတဲ့ အချိန်ကို ဒီကောင် အရူးကွက်နင်းလို့ မမလေးကို သခင်လေး ဆုံးရှုံးလိုက်ရပြီ..”

ထိုစကားကြောင့် ဒိုမိုနာပို၍ ဒေါသမီးများ တောက်လောင်သွားရပြီး...
ပြောလိုက်သည့် လူ၏ ကော်လံစအား စောင့်ဆွဲညစ်လိုက်ခါ..
“ဘာ...မင်းဘာစကား ပြောလိုက်တယ်..”

ဒိုမိုနာ၏အပြုမူကြောင့် ထိုလူမှာ အသံတွေ တုန်ရင်သွားပြီး မပွင့်တပွင့်အသံလေးဖြင့်...
“သ သခင်လေးမေ့နေပြီးလား ဒီနေ့မနက် ၈:၀၀က မမလေးယူမီရဲ့ မင်္ဂလာပွဲလေ..”

ထိုစကားကြားမှ ဒီနေ့ဟာ သူမမင်္ဂလာဆောင်မှန်း ဒိုမိုနာ သတိရသွားတော့သည်။..
ဆွဲညစ်ထားသည့် ကော်လံစအား လွှတ်လိုက်ခါ..
“ဟုတ်သားပဲ....အခုဘယ်နှစ်နာရီ ရှိပြီလဲ...”

“၉နာရီ ခွဲပြီးပါပြီ..”

💢ဘာကွ..ဒါဆို သူတို့က အခုချိန်ဆို လက်ထက်ပြီးစီးလို့ ....ဘိုးဘွားတွေကိုတောင် ကန်တော့နေလောက်ပြီပေါ့...”

မရဲတရဲဖြင့် ပြန်ဖြေလိုက်သည့် ဒိုမိုနာ၏လူမှာ ကြောက်ဒူးများပင် တုန်နေသည်...
“ဟုတ်...ဟုတ်ပါတယ် သခင်လေး”



💢ဟာကွာ..ကဲကွာ...ကဲကွာ..အသုံးမကျတဲ့ အကောင်တွေ ငါ့ကို ဒီကိစ္စ စောစောအသိ ပေးကြပါ့လား ..အခုတော့ မင်းတို့ရဲ့ စောက်သုံး မကျမှုကြောင့် ငါက ယူမီကို ဆုံးရှုံးလိုက်ရပြီ.💢..။

ရပ်နေသည့် ၃ယောက်လုံးအား ဒိုမိုနာ ပိတ်ပိတ်ကန်ပစ် လိုက်သည်။သူ့ရင်ထဲမှာ သူမကို ဆုံးရှုံးလိုက်ရပြီ ဆိုသည့် အသိကြောင့် ဗလောင်ဆူပွက်နေသည်..။

လက်သီးကို ကျစ်နေအောင် ဆုတ်လိုက်ပြီး အံကိုကြိတ်ခါ...
“ငါမှ မပိုင်ဆိုင်ရရင် ငနဲ မင်းလည်း သူမကို မပိုင်ဆိုင်စေရဘူး ...”
အိမ်တိုင်တွင် ချိတ်ထားသော ဂျပန်ဓားရှည်အား ဆွဲဖြုတ်ယူခါ ...မျက်ထောင့်နီဖြင့် ထိုဓားအား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး...”မင်းလည်း သွေးဆာနေရောပေါ့..”

🌹🥀🥀🥀...အပိုင်း ၃၂ ဆက်ရန်>>>
အသုံးနှုန်းများ ရိုင်းသွားခဲ့လျှင် စာရေးသူမှ အနူးညွှန့်တောင်းပန်အပ်ပါသည်🙏🏻။..
ဇာတ်လမ်းအမြင်ဖြင့် ရေးခြင်းသာ ဖြစ်သည်..ကြိုစကားခံတာပါနော်🙏🏻
စာဖတ်သူအားလုံးကို ချစ်ပါတယ်♥️


rate now: