book

Index 30

(အပိုင်း ၃၀)

  • Author : Kyawal
  • Genres : Drama

[🌈အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️]


“အဟက်...ငါ့မှာ သားသမီးမှ မရှိတာ ဘာကို ကိုယ်ချင်းစားရမှာလဲ..”

“ဘာရှင့် ... ဒါဆို ချိန်းဆိုတဲ့ သူက ရှင့် သားမဟုတ်ဘူးလား..
ဒါမှမဟုတ် သူက သူက ကျွန်မရဲ့ အစ်ကိုများလား...”

ထိုစကားကြောင့် ဦးသော်မြင့်ချိန် ပြုံးရယ်နေရာမှ ကွက်ကနဲမျက်နှာ ပျက်သွားပြီး...
“ဟေး..မင်း...မင်းထင်သလို မဟုတ်ဘူး ချိန်းကငါ့သား ဟုတ်တယ် ငါ့မှာသားရှိတယ်”

ပန်းကလျာ မျက်နှာလေး မဲ့ခါ ရယ်လိုက်ပြီး..
“ဟား...ရှင့်မျက်နှာကလည်း အလိမ်ပေါ်သွားတဲ့ မျက်နှာကြီးပါ့လား ..အဟင်း ဒီလိုဆိုရင်တော့ သေချာတယ် ချိန်းဆိုတဲ့သူက ရှင့်သားအရင်းမဟုတ်ပဲ ရှင်ခေါ်သွားတဲ့ ကျွန်မအစ်ကိုပဲနေမှာ...
နောက်ဆုံးတော့ ကျွန်မအစ်ကိုကို ကျွန်မရှာတွေ့ပြီပဲ။.
ကျေးဇူးပါ ရှင့်ကို လေကုန်ခံပြီး ဘာမှဆက်ပြောနေစရာ မလိုတော့ဘူး ကျွန်မကို ခွင့်ပြုပါဦး ဦးသော်မြင့်ချိန်”

ဆိုဖာပေါ်ထိုင်နေရာမှ ထခါ ပြန်ဖို့အတွက် အခန်းတံခါးစီသို့ လျှောက်သွားနေသည့် သူမအား...အနောက်မှ...
ဦးသော်မြင့်ချိန် လက်ဝါးစောင်းဖြင့် မေ့ကြောအား ရိုက်ချလိုက်သည်။
“ဒုတ်...”

ခွေကနဲလှဲမည့် သူမ ခန္ဓာကိုယ်လေးအား သူထိန်းလိုက်ပြီး...
“အဟွန်း...မင်းက အမှန်တရားကို သိသွားမှတော့ ငါကမင်းကို အိမ်ပေးပြန်လို့ ဘယ်ဖြစ်ပါ့မလဲ....”

ဦးသော်မြင့်ချိန် သူ၏အိတ်ကပ်ထဲမှ
ဖုန်းထုတ်ခါ ခန့်ကျော်စီသို့ ဖုန်းဆက်လိုက်သည်။
ခဏကြာတော့ အခန်းထဲသို့ ခန့်ကျော် ရောက်လာခဲ့သည်။
“သူဌေး ကျွန်တော်ရောက်ပါပြီ”

“အေး...သူက အဖြစ်မှန်ကို သိသွားပြီ ဒါကြောင့် ငါတို့ သူ့ကို အိမ်ပေးပြန်လို့မဖြစ်ဘူး...မင်းသူ့ကို ငါချိန်းကို ဝယ်ပေးထားတဲ့ ကွန်ဒိုစီခေါ်သွားပြီး ခဏပိတ်ထားလိုက် ... နောက်မှနေရာ ပြောင်းမယ်..“

“ဟုတ်ကဲ့ သူဌေး..”

အခန်းထဲမှ ပန်းကလျာအား ပွေ့ချီခါ ထွက်သွားသည့် ခန့်ကျော်အား အတွင်းရေးမှူးမလေးက ခပ်ကြောင်ကြောင်ဖြင့် လိုက်ကြည့်နေသည်။

“ဒီမှာ...”
“ဟင်...”
အနောက်မှ လာသည့်အသံကြောင့် သူမလှည့်ကြည့်လိုက်တော့ သူဌေးဖြစ်သည်။
“ဒီကို ဘယ်သူလာမေးမေး သူမ မလာဘူးလို့ပဲဖြေ ကြားလား...”
“ရှင်...သူဌေး ဘာဖြစ်လို့လဲ”

“စကားမရှည်နဲ့ ရော့ ဒီမှာနင့်အတွက်”
ချက်လက်မှတ်အား အတွင်းရေးမှူးမလေးထံ ကမ်းပေးလိုက်သည်။
ကမ်းပေးသော ချက်လက်မှတ်အား သူမဆွဲယူခါ ကြည့်လိုက်တော့ ၁၀သိန်းထုတ်ရန် ရေးပေးထားသည်။
ထိုအခါမှ သူမငွေမျက်နှာဖြင့်
“ဟုတ်ကဲ့ သူဌေး ဘယ်သူလာမေးမေး မလာဘူးလို့ပဲ ဖြေပါ့မယ်”
“အေ့ နင့်ပါးစပ်လုံပါစေနော် မဟုတ်လို့ကတော့ နင့်ပါအစဖြောက်ပစ်မှာ”
“စိတ်ချပါသူဌေးရဲ့ ကျွန်မပါးစပ်လုံပါတယ်..ဟီး..”

အတွင်းရေးမှူးမလေးအား ပြန်မပြောစေရန် ဦးသော်မြင့်ချိန် ငွေဖြင့် စို့ပိတ်ထားလိုက်တော့ အပူတစ်ပူငြိမ်းတာပေါ့....

🍥🍥🍥🍥🍥🍥

ပန်းခြံထဲတွင် ယူမီဆင်းထိုင်နေပြီး ...ပန်းပွင့်လေးတွေကို မထိတထိလေး လုပ််ခါ ကစားနေသည် ။...
ထိုစဉ် သူမထံသို့ ဖုန်းဝင်လာခဲ့သည်..
“တွန်🎶 ဒွန် 🎵ဒွန် 🎶တွန်”

ဖုန်းလေးအား သူမကောက်ကြည့်လိုက်တော့ သျှား စီကဖြစ်သည်။
စိတ်ဆိုးနေသည့် သျှားက သူမအား ဖုန်းဆက်လာတော့ သူမအတော်ပျော်သွားမိသည်။

“ဟယ်လို...သျှားမာန်..”
“....................”

“ဟင်...ယူမီကားနဲ့ ကိုယ်တိုင်လာခဲ့မယ်လေ ..”
“...................”

“ဘာလို့လဲ...ယူမီမှာလည်း ကားရှိနေတာပဲ ကို “
“.................”

“ဟင်...အဲ့လိုတော့ မလုပ်ပါနဲ့ သျှားမာန်ရယ် ကျွန်မ စံအိမ်ရဲ့ လမ်းထိပ်မှာ စောင့်နေပါ့မယ် နော် ကားမယူနဲ့ဆိုလဲ မယူတော့ပါဘူး”
“.....................”

“အင်း ဒါဆို ကျွန်မ အဝတ်စားလဲပြီး ထွက်စောင့်နေပါ့မယ်”
“...........”

“ဟုတ်...”
“တူ .တူ.”

ရုတ်တရက် ကောင်းကောင်းမွန်မွန်ဆက်ဆံခါ ကားမယူပဲ သူနဲ့အတူလိုက်ခဲ့ဖို့ခေါ်နေသည့် သျှားကြောင့် သူမနည်းနည်းတော့ ထူးဆန်းမိသည်။
သို့သော်လည်း သူမအတွက်ကတော့ စိတ်မဆိုးတော့ပဲ ပြန်ခေါ်သည့်အတွက်ကိုပင် အလွန်ဝမ်းသာပျော်ရွှင်နေမိသည်။...

~~~~~~~~~~

“တီ...တီ”

လမ်းထိပ်တွင် စောင့်နေသော သူမအရှေ့သို့ ပြိုင်ကားဆန်ဆန် ကားအနီလေး တစ်စင်း ထိုးရပ်လာခါ
ကားမှန်အား ချလိုက်ပြီး ...
“လာ အမြန် တတ်..”
“ဒါနဲ့ ဘယ်သွားမလို့လဲ သျှားမာန်”

“ဟာ...ရောက်ရင်သိလိမ့်မယ်ပေါ့ လာတတ်မှာသာ တတ်စမ်းပါ”

ဇွတ်တတ်ခိုင်းနေသည့် သူ့ကြောင့် သူမကားလေးပေါ် တတ်ထိုင်လိုက်သည်နှင့် ချက်ချင်းပဲ အရှိန်လေးမြှင့်ခါ မောင်းထွက်သွားတော့သည်။...

🍥🍥🍥🍥🍥🍥

ပြိုးပြိုးပျက်ပျက် မီးရောင်စုံတို့ဖြင့် ကခုန် မြူးတူးနေသည့် Chi Tona Clubသို့ ယူမီအား သျှားခေါ်လာခဲ့သည်။
ဒီ Clubက သူမခါတိုင်း သွားနေသည့် club နဲ့မတူပဲ နည်းနည်းအရိုင်းဆန်ခါ စရိုက်ဆန်လှသည်။
Clubကို ဝင်လာထဲက သူမတို့ နှစ်ယောက်အား ကြည့်နေသည့် လူတွေရဲ့အကြည့်မှာ ..ကြာခိုတာလိုလို မရိုးမသားအကြည့်တို့ကြောင့်...
သူမအနည်းငယ် လန့်နေမိသလို..
ကျက်သီးမွှေးညင်းများလည်း တစ်ဖြန်းဖြန်းထနေသည်။
သျှားကတော့ သူမလက်အား ဆွဲခါ ဇွတ်တင်းအထဲသို့ ခေါ်လာခဲ့သည်။

အနီ/အဝါ/အပြာ/အစိမ်း စုံလင်လှသည့် မီးရောင်စုံအောက်ရှိ စတိတ်စင်ပေါ်တွင် အဖော်အချွတ်မယ်တွေ တိုင်ပတ်အကဖြင့် ဟိုလှုပ်ဒီလှုပ် လှုပ်ပြခါ ပိုက်ဆံတောင်းနေသည်ကို... သူမမြင်တော့...ချက်ချင်းဆိုသလို သျှားအနောက် လိုက်နေသည်ကို သူမ ရပ်လိုက်သည်။...
“သျှား မာန် ..ကျွန်..ကျွန်မ ဆက်မလိုက်ရဲတော့ ဘူး ...ကျွန်မတို့ အိမ်ပြန်ရအောင်...”

ထိုစကားကြောင့် သျှားမျက်နှာ ပျက်သွားရပြီး....
“ဘာလို့လဲ ဒီမှာအထဲတောင် ရောက်နေပြီဟာ....လာပါ ရောက်နေပြီးမှတော့ မပြန်ပါနဲ့ ငါက မင်းကိုပျော်စေချင်လို့ ခေါ်လာတဲ့ဟာကို”

“ဒါမယ့်...သျှားမာန်ရယ် ပျော်စေချင်တယ်ဆိုလည်း အခြား သန့်တဲ့ club တွေရှိနေတာပဲကို ဘာလို့ဒီလို..”

စကားကို အဆုံးထိ နားမထောင်ပဲ စိတ်မရှည်သည့် ပုံစံဖြင့် သူ စုတ်တစ်ချက်သပ်ခါ..
“ကျစ်...ယူမီ မင်းအထဲတောင် ရောက်နေပြီပဲ လှည့်ပြန်ဖို့တွေးမနေနဲ့ လာ ... ငါတို့ နှစ်ယောက်ထဲ သီးသန့်ခန်းမှာ သွားပျော်မှာပါ ...ဒီလို လူအုပ်ကြားထဲမနေပါဘူး..လာ..လာအခန်းကိုရောက်တော့မယ်”

ဇွတ်တင်း သူလိုရာသို့သာ သူမလက်အား ဆွဲခေါ်သွားသောကြောင့်...
ဘာမှ အတွန့်တတ်ချိန်မရပဲ ရင်တထိန့်ထိန့်ဖြင့် သူအနောက်သို့ ပါလာခဲ့သည်။

မီးနီ/မီးစိမ်း များထွန်းထားသည့် လမ်းကျဉ်းလေးတွင် တစ်ဖက်တစ်ချက် စီတိုင်းမှာ အခန်းကိုယ်စီရှိကြပြီး OA 07 နံပါတ်ရှိသည့် အခန်းထဲသို့ သူမအားခေါ်သွားလိုက်သည်။

အခန်းအမျိုးအစားမှာ မကျဉ်းမကျယ်လေးဖြင့် သက်တောင့် သက်သာရှိစေရန် ပြင်ဆင်ပေးထားသည်။
အခန်းထဲတွင် ပက်လည်ဆိုဖာ အရှည် ၃ခုံ၊စားပွဲပြင်ကျယ် ၁ခုံ ၊တီဗွီ မှန်ပြင်ကျယ်နှင့် အခြားကိုယ် ဆိုချင်သည့် သီချင်းများ ဆိုလိုရအောင် မိုက်နှင့်စောင်းဘောက် များလည်း တပ်ဆင်ပေးထားသည်။
အခန်းထဲမှာ ခပ်ကြောင်ကြောင်လေး ရပ်နေသည့် ယူမီအား...
“သွား ဟိုမှာ သွားထိုင်ချီ...
ငါသောက်စရာနဲ့ စားစရာလေးမှာလိုက် ဦးမယ် ပြီးရင် သန့်စင်ခန်း ဝင်ဦးမှာမလို နည်းနည်းကြာမယ်”

ထိုစကားကြောင့် ယူမီစိုးရိမ် ကြောက်လန့်သွားရပြီး ဒီလိုနေရာမျိုးမှာ သူမ တစ်ယောက်ထဲ မနေခဲ့ချင်ပါ...
ထို့ကြောင့်..
“ဟင်...ကျွန်မကို ဒီမှာ တစ်ယောက်ထဲ ထားခဲ့မှာလား မလုပ်ပါနဲ့...ကျွန်မကြောက်တယ်...”

မျက်မှောင်ကျုံ့ခါ သူမအား သျှား ကြည့်လိုက်ပြီး..
“ဘာကြောက်စရာ ရှိလို့လဲ...ပြီးရင် ငါပြန်လာမှာပဲ ... ငါမှာထားတာလေးတွေ လာချခဲ့ရင် စိတ်ပြေလက်ပျောက် မင်းသောက်ချင်သောက်ထားနှင့် ကြားလား ... ဒီမှာပဲနေခဲ့”

“ဟင်!..သျှား..သျှားမာန် ..”

သူမခေါ်နေသည့် စကားလေးတောင် မဆုံး​သေး ဇွတ်အခန်းထဲမှ သူထွက်သွားတော့သည်။
အခန်းထဲ တစ်ယောက်ထဲ ကျန်ခဲ့သည်ကြောင့် သူမ ကျက်သီးမွှေးလေးများထခါ ချမ်းသလိုလို ရှိတာကြောင့်..လက်မောင်းလေးနှစ်ဖက်အား ပွတ်ခါ နွေးအောင်လုပ်လိုက်ရသည်။

ဟူး..ဒီနေရာကြီးက ဘယ်လိုကြီးမှန်းမသိဘူး ငါ့စိတ်ထဲ မသန့်သလိုခံစားရတယ်။...လူတွေရဲ့အကြည့်တွေကလည်း မရိုးမရွနဲ့ လူကို မဟုတ်တာ လုပ်တဲ့လူလို လာကြည့်နေကြတယ်...
ဟင်း..ပြောရင်း ကျောတောင်ချမ်းတယ်...သျှားမာန်ကလည်း ဒီလိုနေရာမျိုးကို ဘာလို့များ ငါ့ကိုပျော်စေချင်တယ်ဆိုပြီး ခေါ်လာရလဲ မသိပါဘူး...
အခြားလူသန့်တဲ့ နေရာတွေအများကြီး ရှိတာကို ဘယ့်နဲ့ဒီလိုနေရာကိုမှ...

“ဒေါက်...ဒေါက်..ဒေါက်”

“ဟင်...သျှားမာန်လား ..”

တံခါးလေးခေါက်တော့ သျှားမာန် အထင်နဲ့ သူမလှမ်းခေါ်မိလိုက်သည်။
ပိတ်ထားတဲ့ တံခါးလေးမှာပွင့်လာခါ...
“အမ မှာထားတာလေးတွေ ရလို့ လာပို့တာပါဗျ...”

“ဪ...ဟုတ်ဟုတ်..”

ဗန်းကြီးထဲရှိ သောက်စရာ ဝိုင် နှင့် အခြား လိုက်ဖက်မည့် အသားနဲ့စားစရာတွေ စုံလှသည့် ပန်းကန်တို့အား waiterကောင်လေးမှ သပ်သပ်ရပ်ရပ် ချပေးလိုက်ခါ
“ရပါပြီဗျ နောက်လိုတာရှိရင်လည်း ဒါလေးနိပ်ပြီး ခေါ်နိုင်ပါတယ်ဗျ..”

တြိဂံ အမှတ်တံဆိတ်ပါ ခလုပ်အမဲလေးအား စားပွဲပေါ် တင်ပေးလိုက်ခါ waiterကောင်လေး ပြန်ထွက်သွားတော့သည်....။
တဖြည်းဖြည်း သျှားကိုစောင့်နေရတာ ကြာသည်နှင့် လာပို့သည့် ဖောက်ပြီးသား ဝိုင်အား ငှဲ့ခါ တစ်ခွက်လောက် သူမသောက်လိုက်ပြီး ထိုင်စောင့်နေလိုက်သည်။...
မိနစ်အနည်းငယ် ကြာပြန်တော့လည်း မလာသေးသည်ကြောင့် နောက်ထက်တစ်ခွက်ငှဲ့ပြီး သူမသောက်လိုက်ပြန်သည်။
စောင့်နေရင်း မလာမလာနှင့် သူမလည်း ဝိုင် ပုလင်းအား ငှဲ့ငှဲ့သောက်နေလိုက်တာ တစ်ပုလင်းလုံးတောင် ကုန်သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ပြန်မလာပဲ အလွန်ကြာနေသည့်သျှားကြောင့် သူမလိုက်သွားရန် ဆုံးဖြတ်ခါ ထလိုက်တော့သည်။..
“အား...ကျွတ် ကျွတ်..”
ရိပ်ကနဲဆိုသလို ခေါင်းလေး မူးသွားရပြီး...သူမတစ်ကိုယ်လုံး ပူထူလာသည်။
ထို့အပြင် ရင်ဘက်ကြောများလဲ တင်းလာသည်။
“ဟင်...ဒါ ငါငါဘာဖြစ်တာလဲ ဘာလို့တစ်ကိုယ်လုံး ပူထူလာရတာလဲ”

သူမပါးလေးတွေရဲတတ်လာခါ နှုတ်ခမ်းလေးအား ဖိကိုက်ရင်း...
တစ်ခုခုကို ဆာလောင်တောင်းတလာသလို ဖြစ်လာသည်။
ဝတ်ထားသည့် လည်ဝိုက် လက်ရှည်လေးအား ပုခုံးလေးပေါ်အောင်ထိ ဆွဲချလိုက်ရင်း ...တစ်ကိုယ်လုံး ပွတ်သပ်နေမိသည်။
ကယ်ကြပါဦး ငါဘာတွေ ဖြစ်နေမှန်းမသိတော့ဘူး တစ်ကိုယ်လုံးလဲပူထူနေပြီ...အဟင့် ဟင့်...သျှားမာန် ရှင်ဘယ်မှာလဲ ကျွန်မကို ကယ်ပါဦး...

အသားရောင် ခေါင်းလောင်းဘောင်းဘီ တိုလေးဝတ်ထားသည့် သူမ ပေါင်နှင့် ဒူးနှစ်ဖက်အား ယှက်နွယ် ပွတ်တိုက်လျက်...
တဖြည်းဖြည်း သူမ၏ ဆာလောင်မှုတို့က ပြင်းထန်လာသည်။
သူမနှုတ်ခမ်းလေး ဖိကိုက်ထားပြီး မျက်ရည်တွေလည်း စီးကျခါ ပါးမို့မို့လေး နှစ်ဖက်မှာ ရဲတွတ်နေသည်။
သျှားမာန်ရေ ကယ်ပါဦး ကျွန်မ ဘာဖြစ်နေမှန်းမသိဘူး အရမ်းပူလောင်နေတယ် ..ဟီး...ဟီး..

ထိုစဉ် တံခါးဖွင့် သံနှင့်အတူ အခန်းထဲသို့ လူတစ်ယောက်ဝင်လာခဲ့သည်။...
ထိုသူအား သူမကြည့်လိုက်တော့ ...
ဒိုမိုနာပင် ဖြစ်သည်။..

ဦး ကျွန်မ ဘာဖြစ်နေမှန်းမသိဘူး အရမ်းပူလောင်နေတယ် ..ဟီး...ဟီး..

ထိုစဉ် တံခါးဖွင့် သံနှင့်အတူ အခန်းထဲသို့ လူတစ်ယောက်ဝင်လာခဲ့သည်။...
ထိုသူအား သူမကြည့်လိုက်တော့ ...
ဒိုမိုနာပင် ဖြစ်သည်။..
“ဟင်!...ရှင်..ရှင်..ဒိုမိုနာ”

ပီတည်တည် မျက်နှာထားဖြင့် ဒိုမိုနာ အသံထွက်အောင် ရယ်နေသည်
“ဟား ဟား ဟား...ဘယ်လိုလဲ ယူမီ မင်းကိုယ့် အကူညီ လိုအပ်နေပြီ မလား...အဟင်း ..ဟုတ်တယ်မလား”

ယူမီ မျက်လုံးလေးများ ပြူးကျယ်ခါ “ဟင့် အင်း..မဟုတ်ဘူး ...မလိုဘူး မလိုအပ်ဘူး ..ရှင် ကျွန်မအနား မလာနဲ့နော်”

“ဟော်...ကိုယ့်ရဲ့ နတ်သမီးလေးရယ် မင်းအဖြစ်ကို မင်းပြန်ကြည့်ပါဦးလား..
အဟင်း ..မင်းပါးစပ်ကသာ အကူညီမလိုဘူး ပြောနေတာ...
မင်းခန္ဓာကိုယ်တွေကတော့ အကူညီလိုနေပြီ...”

ဒိုမိုနာစကားကြောင့် သူမ သူ့ကိုသူ သတိထားပြီး ပြန်ကြည့်လိုက်တော့
စိမ်းဖျော့ရောင် သူမ၏ လည်ဝိုက် လက်ရှည်လေးမှာ ပခုံးတစ်ဝက်လောက်အထိ လျောကျခါ ဖုံးကွယ်ထားသည့် အလှတရားတစ်ချို့လဲ ပေါ်လွင်နေသည်။
ဒူးနှင့်ပေါင်တံမှာလဲ ယှက်နွယ် ပူးကပ်လျက် ဖြင့် သူမအဖြစ်က အရှက်မဲ့နေသူ တစ်ယောက်လိုပင်...

“ဟင်! “
ကမန်းကတမ်းဖြင့် သူမ အင်္ကျီလေးအား ပြန်ဆွဲတင်ခါ ဆိုဖာပေါ်ထိုင်နေရာမှ ထခါ အခန်းထဲမှ ပြေးထွက်ဖို့ လုပ်လိုက်သည်။....

“ဟိတ် ဒါ ကဘယ်ကို ပြေးတာလဲ ... လာပါ ယူမီရယ် ကိုယ်တို့ အတူပျော်ကြရအောင်လေကွာ....”

သူမခါးအား အနောက်မှ သိုင်းဖက်ခါချုပ်ထားရင်း ဒိုမိုနာ နှာခေါင်းချွန်ချွန်တို့က ပေါ်နေသည့် သူမပုခုံးသားလေးအား ဆွဲယူနမ်းရှိုက်နေလေသည်။
ထိုအဖြစ်ကြောင့် သူမစက်စုတ်ရွံ့ရှာစွာ အော်ငိုနေရင်း...
“ဟီး...ဟီး..သျှားမာန်ရေ ရှင်ဘယ်မှာလဲ ကျွန်မကို ကယ်ပါဘူး ဟင့်အင်း..လွှတ်...လွှတ်ကျွန်မကို...ဟီး...ဟီး..သျှားမာန် ကျွန်မကိုကယ်ပါဦး ...”

အခန်းတွင်းမှ သူမ၏ငိုသံနှင့် သူ့နာမည်အား ခေါ်ခါ အကူညီတောင်းနေသည့် အသံအား သူကြားပေမယ့်...ထိုအခန်းအား ကျောခိုင်းခါ သူလှည့်ထွက်ခဲ့လိုက်သည်။

နားထဲတွင် သူမငိုသံတွေက ပဲ့တင်ထပ်နေပြီး ...တစ်ဖြည်းဖြည်း သူ့စိတ်တွေကို ရှုပ်ထွေးလာစေသည်။...

သို့သော်သူ လှည့်မကြည့်ပဲ ကားပါကင်စီသို့သာ လျှောက်လာပြီး ကားပေါ်ဝင်ထိုင်လိုက်သည်။...
ပြီးနောက် အနောက်ခန်းတွင် ရှိနေသည့် သူ၏ကျော်ပိုး အိတ်အား ယူခါ ဖွင့်လိုက်ပြီး...
သူဝတ်ထားသည့် သရေဂျာကင်အမဲရောင် အားချွတ်ခါ ထည့်ဖို့ ပြင်လိုက်စဉ် ထို လွယ်အိတ်ထဲမှ...
မျက်မှန် ထုထူထူတစ်လပ်ကို တွေ့တာကြောင့် သူထုတ်ယူကြည့်လိုက်သည်။

ထိုမျက်မှန်မှာ ယူမီသူ့အား ဘုရားဖူးရင်း ရုပ်ဖျတ်ဖို့အတွက် ဝယ်ပေးခဲ့သည့် မျက်မှန်လေးပင်....
ထိုအခါမှ သျှားတစ်ယောက် သူမနှင့်အတူ စကားပြောခဲ့တာတွေ ၊ ပျော်စရာပုံရိပ်တွေကို သူ့မျက်လုံးထဲ တစ်ဖျက်ဖျက် ပြန်မြင်ယောင်လာသည်။...
ထိုမျက်မှန်လေးအား သူဖိဆုတ်ကိုင်ရင်း ရင်ဘက်မှာ ဖိကပ်ထားလိုက်သည်။.
နောက်ပြီး သူမအပေါ် မဆင်မချင်စွာလုပ်မိသည့် လုပ်ရပ်အတွက် သူပြန်တွေးရင်း မျက်ရည်များ ဝဲတတ်လာသည်။...
“ဟင်..! ယူမီ ယူမီ..”
ဖျတ်ကနဲဆိုသလို သူအတွေးစတွေကို ဖျောက်လိုက်ပြီး ...ချက်ချင်းဆိုသလို .. ကားပေါ်မှ ဆင်းခါ...
သူမအား ထားခဲ့သည့် အခန်းလေးစီသို့ တွေ့သမျှ လူနှင့်အကုန်တွန်းတိုက်ခါ ပြေးသွားလိုက်တော့သည်.။..

“ဂျလောက်..”
“ယူမီ..ငါ မင်းကို လာ..”
သူတံခါးအား ဆွဲဖွင့်ခါ အားရပါးရ သူမနာမည်အား ခေါ်လိုက်ပေမယ့် အခန်းထဲတွင် သူမအား မတွေ့ရတော့ ချေ။

🧚🏻‍♂️🧚🏻‍♂️🧚🏻‍♂️🧚🏻‍♂️အပိုင်း ၃၁ ဆက်ရန်>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)





rate now: