book

Index 3

(အပိုင်း ၃)

  • Author : Kyawal
  • Genres : Drama

(🌈အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)


ပိုးအတွက်တော့ ကြားရတဲ့ သတင်းတွေက စိတ်မကောင်းစရာတွေကြည်ပါပဲ ဖေဖေကလဲ ဒေါ်မိုးကြည်လုပ်ရပ်ကြောင့် ဆုံးသွားခဲ့တယ်။အခုလဲ ဒေါ်မိုးကြည်၏ အသာတကြည် အဖမ်းမခံပဲ အကြမ်းဖတ်ခုခံမှုကြောင့် ရဲဘက်ကသေနတ်နဲ့ပစ်လိုက်တာ ထိုနေရာမှာတင်ပဲ အသက်ဆုံးသွားခဲ့သည်တဲ့.....

ခုတော့ သူမ အားကိုးစရာဖေဖေလဲမရှိ ဖေဖေဆွေမျိုးဆိုလို့ ဖေဖေရဲ့ ညီမတစ်ဝမ်းကွဲ ဒေါ်ခင်ခင် ကလွဲရင် ပိုး ဘယ်ဆွေမျိုးကိုမှ သူမမသိပါ။

သူမသိရသလောက်တော့ ဖေဖေက မေမေကို ခိုးပြေးခဲ့ပြီး မေမေဘက်က အသိုင်းဝိုင်းကြီးတွေက ဖေဖေနှင့် သဘောမတူတာကြောင့် မေမေကိုအမွေဖျတ် စွန့်လွှတ်လိုက်သည်။

ဖေဖေလုပ်ရပ်ကြောင့် မေမေရဲ့အသိုင်းဝိုင်းကြီးဘက်က အငြိုးထားကာ မဟုတ်မဟတ် သတင်းဆိုးတွေ လုပ်ကြံလွှင့်ခါ ဖေဖေ နေတဲ့ ပက်ဝန်းကျင်မှာ မျက်နှာမဖော်ရဲလောက်အောင်ကို အရှက်ရစေခဲ့သည်။

ဒါကြောင့် ဖေဖေက သူအရင်နေခဲ့တဲ့ မြို့လေးကို စွန့်ပြီး မန္တလေးကိူ မေမေနဲ့အတူ ပြောင်းလာခဲ့လိုက်သည်။မေမေကိုတော့သူမ ဓာတ်ပုံ၌သာ တွေ့ဖူးလိုက်သည်။

သူမကို မွေးမွးပြီးချင်းမှာပဲ မေမေက မီးတွင်းထဲမှာဆုံး သွားခဲ့သည်။

ဖေဖေထိုအချိန်တုန်းက နေရာသစ်မှာဆိုတော့ အလုပ်ကောင်းကောင်းမရှိသေးတာမို့ မေမေကို ဆေးရုံတင်ပြီးမွေးနိုင်အောင်ထိ ဖေဖေမှာ ပိုက်ဆံမရှိခဲ့ဘူးလေ....

ဒါကြောင့် ဖေဖေက မေမေကိုအိမ်တွင်သာ လက်သည်ခေါ်ပြီး မွှေးပေးနိုင်ယုံသာ ....သို့ပေမယ် စိတ်မကောင်းစွာပဲ မေမေကို ဖေဖေလက်လွတ်ဆုံးရှုံးလိုက်ရသည်။ဖေဖေကပြောဖူးတယ် ကျွန်မက မေမေနဲ့သိပ်တူတာပဲ တဲ့ ......။

~~~~~~~~~~~~~~~~

ပိုး ဖေဖေနဲ့မေမေရဲ့ဓာတ်ပုံလေး နှစ်ခုအား စားပွဲပေါ်တွင် အတူယှဉ်တွဲကာချထားလိုက်သည်။

ဓာတ်ပုံရှေ့ရှိ ပန်းအိုးထဲတွင် နှင်းဆီပန်းလေး (၃)ပွင့်အား ထိုးထားလေ၏။ ဖေဖေနာရေးလေးကတော့ မျက်နှာငယ်လှသည် ။

တစ်ရပ်ကွက်ကျော်က သူမသိတဲ့ ဖေဖေညီမတစ်ဝမ်းကွဲ မိသားစုနှင့်ရပ်ကွက်လူကြီးနဲ့လူတချို့သာဖိတ်ပြီး ဖေဖေအတွက် ဘုန်းကြီး၅ပါးပင့်ခါ ဆွန်းကပ်ယုံမျှသာ သူမ တတ်နိုင်သည်။

ပြောရရင် ဦးကံမောင်နာရေးအား သူမ အကျဉ်းချုပ်လေးလုပ်လိုက်သည်ဆိုပါတော့.....

“သမီး ပိုးသားကျုး ဖြစ်ရဲ့လားကွယ် သမီးတစ်ယောက်ထဲ ဒီအိမ်မှာနေရမာ
ဒေါ်လေးတို့နဲ့ လိုက်နေပါ့လား”

“ဖြစ်ပါတယ် ဒေါ်လေးခင်ရဲ့ ပိုးအတွက် ဘာမှ စိတ်မပူနဲ့နော်”

“ဟာ ဘယ်ဖြစ်မလဲ သမီးလေးပိုးရဲ့ ဦးတို့နဲ့လိုက်နေပါ့လား သမီး..အပျိူလေးတစ်ယောက်ထဲ ဒီအိမ်မှာနေတာ မဖြစ်သင့်ဘူးနော် အန္တရာယ်များတယ်”

ဦးကြိုင်ထွန်း စကားကြောင့် ပိုးသားကျူးပိုလို့တောင် ဒေါ်လေးခင်တို့စီ လိုက်မနေရဲပေ။

အဘယ်ကြောင့်ဆိုသော် ထို မျက်နှာနီဆက်ဆက် နှင့် အချိန်ပြည့်အရက်သောက်မူးရူးနေသော ဦးကြိုင်ထွန်းကြောင့်ဖြစ်သည်။

အဖေရှိစဉ်ထဲက သူ့မိန်းမ အိမ်ကိုအလည်လာလျှင်နောက်ကနေ ကောက်ကောက်ပါအောင် လိုက်လာတတ်ပြီး။

ခက်ရိုင်းရိုင်းပြောရလျှင် ပိုးရဲ့ အလှတရားတို့အား ခဏတွေ့ရတွေ့ရ ရသလောက် အချိန်လေးလာရောက်နှာထခြင်းသာဖြစ်သည်။

ဪ....လောက..လောက...လှလွန်းပြန်တော့လဲ ချိုးချင်ဖဲ့ချင်သူတွေနဲ့ အန္တရာယ်တွေက ဝိုင်းလို့ပါလားနော်.....

>>>>>>>

ပိုးဖေဖေဆုံးတာနဲ့မို့ ကိတ်မုန့်ဆိုင်နှင့် ကော်ဖီဆိုင်မှ ခွင့် ၅ရက်ယူခါ နားခဲ့ပြီးဖြစ်သည်။

Barကနေတော့ သူမအလုပ်ထွက်လိုက်ပြီ ဖြစ်သည်။

Barလိုနေရာမျိုးမှာ သူမ ညနက်၁၀နာရီ/၁၁ ထိပြန်ရတာ အန္တရာယ်များမှန်းသိပေမယ့် ဖေဖေရှိတုန်းက ဖေဖေဆေးဖိုးအတွက် သူမ သည်းခံပြီးလုပ်နေရခြင်းဖြစ်သည်။ ယခုတော့ ဖေဖေမရှိတော့ပါ....။

နံနက် ၆နာရီထကာ ပိုးအလုပ်သွားဖို့အတွက် ပြင်ဆင်ရပြီ ။ဒီနေ့တော့ ပိုးဖေဖေရှိစဉ်ကလို ထမင်းချိုင့်လဲ ထုတ်မသွားနိုင်တော့ပါ။

သူမ အမြဲအလုပ်မသွားခင် ဆန်ပြုတ်နှင့်ဆေးတစ်ခွက် ပြင်ဆင်ပေးနေကြဖြစ်တဲ့ ဖေဖေလဲ သူမအနားမရှိတော့ပါ။ သူမစီကမိုးလင်းတာနဲ့ ပိုက်ဆံလက်ဖြန့်တောင်းတတ်တဲ့ ဒေါ်မိုးကြည်လဲ မရှိတော့ပါ။

သူမ ကံဆိုးတာပဲလား ကံကောင်းတာပဲလား မသိတော့ပါ။သေချာတာကတော့ သူမ ဖေဖေကိုလွမ်းသည် ။”ဖေဖေကို သမီးအရမ်းလွမ်းတယ် ဖေဖေရယ်”သူမ အလုပ်မသွားခင်လေး ဖေဖေနေခဲ့တဲ့ အခန်းသို့ သွားကြည့်မိသည်။

မျက်ရည်တွေက တားစည်းမရအောင်ကို ပြိုကျနေမိသည်။ရင်ထဲမှာလဲ ဟာတာတာနှင့် ဖြစ်နိုင်ရင် သူမကိုနွေးထွေးစေမယ့် ရင်ခွင်တစ်စုံကိုတော့ အခုချိန်အတော်လိုအပ်နေသည်။

“ဂျောက် ဂျ လောက်”

“ဟင် ဘာသံပါလိမ့် ...”

စိတ်ထဲမှ ရေရွတ်ရင်း အသံကြားရာစီသို့ သူမ ထွက်လာလိုက်သည်။

“ဟင်!! ရှင်!!.. ရှင်!! ကိုကောင်းခန့် ဘယ်လိုလုပ် ကျွန်မ အိမ်ထဲရောက်နေတာလဲ ကျွန်မ တံခါးကို သော့ခက်ထားတာပါ ရှင်ဘယ်လိုလုပ် ဝင်လာတာလဲ”

ပြောရင် ပိုး အိမ်ရှေ့တံခါးအားလှန်းကြည့်တော့ သော့ဖျတ်လိုက်သည်ထင်ပ ...အိပ်ရှေ့ တံခါးမကြီးက ပွင့်နေ၏။

“ဟို ကိုယ် ကိုယ်မင်းကိူ စိတ်ပူလို့ပါ မင်းသတင်းကိူလဲ ကိုယ် မေမေနဲ့ဖေဖေစီက ပြန်ကြားရတယ်လေ အဲ့တွက် ကိုယ် စိတ်မကောင်းပါဘူး ပိုး”

“ရှင်အပိုတွေ လျှောက်ပြောမနေနဲ့ ကျွန်မအိမ်ထဲ ဘာကိစ္စဝင်လာတာလဲ သာပြောစမ်းပါ”

ကောင်းခန့် ပိုး၏အမေးကို ချက်ချင်း အဖြေမပေးနိုင်ပဲ ပိုးကိုသာ စိုက်ကြည့်နေ၏။

အမှန်က ကောင်းခန့် ဒေါ်မိုးကြည်ပြောခဲ့သလိုပဲ သူ့မိဘတွေခေါ်ပြီး ပိုးလေးကို သိန်း၁၀၀၀နဲ့လာတင်တောင်းမို့ပါ။

ငွေမက်တဲ့ ကောင်းခန့် အမေနဲ့အဖေက ပိုးအား အဲ့လောက် တင်တောင်းရအောင်ထိ မတန်ကြောင်းပြောကာ သူ ရန်ကုန်ဘက်သွားတုန်း မသိလိုက်သည့် ပိုးမိသားစုကိစ္စအား ပြောပြလိုက်သည်။ကောင်းခန့်သူ့အမေ နဲ့အဖေပြောခဲ့သည့် စကားများအားပြန်တွေးမိသည်။

“မင်းသိပ်လိုချင်သပဆို အခုလိုသူ အားကိုးမရှိ အကာကွယ်မဲ့နေချိန်မှာ သိန်း၁၀၀၀တောင်မလိုပဲ အပိုင်သိမ်းလို့ရတယ် အလကားသက်သက် ပိုက်ဆံမဖြုန်းစမ်းနဲ့ ငါ့သားရယ်”

“ဟုတ်တယ် ငါ့သား မင်းမေမေပြောတာမှန်တယ် သိန်း၁၀၀၀က ဒီခေတ်ကြီးမှာ ရှာရလွယ်တာမဟုတ်ဘူး အဲ့လောက် မတန်တဲ့ မိန်းမအတွက် ငွေအပိုမဖြုန်းတီးချင်နဲ့”

“ကြားတယ်နော်သား မင်းမာမီပြောသလို နည်းနဲ့မပိုင်ဆိုင်ချင် အဲ့မိန်းကလေးကို လက်လွတ်လိုက်ဖို့ ပဲ ရှိတော့တယ်
မာမီကတော့ လိုက်တောင်းပေးမှာမဟုတ်ဘူးနော် ...အဟွန်း သားသူ့ကို ယူတော့လဲ မေမေတို့အတွက် အိမ်ဖော်ခေါ်စရာမလိုတော့ဘူးပေါ့ ဟားဟားဟား”

အမေတို့ အဖေတို့ ဘယ်လိုပြောပြောပါ ကောင်းခန့်ကတော့ ပိုးကိုပိုင်ဆိုင်ချင်တာပဲသိသည်။သူမ နာကြင်ရမည် ၊ ပင်ပန်းနိပ်စက်ခံရမည် ဆိုရင်တောင် သူ သူမကိုပိုင်ဆိုင်ပြီးခါမှပဲ သူတတ်နိုင်သလောက် ကာကွယ်ပေးလိုက်မည်လေ။

အခုတော့ ပိုင်ဆိုင်ရဖို့ အဓိကဆိုသည် လောဘဇောကြီးနှင့် မနက်စောစောစီးစီး သူ ကျက်သရေမရှိသည့် လုပ်ရပ်ကို လုပ်ရတော့မည်မဟုတ်လား....။

မနက်စောစော ယခုလို အစီစဉ်ရှိသည်ဆိုတာကို သူ၏တပည့် အောင်ဗလကိုပင် အသိမပေးနိုင်တော့ပဲ ပိုးကိုသာပိုင်ဆိုင်ချင်စိတ်က ကြီးစိုးနေသောကြောင့်....သူတစ်ယောက်ထဲသာ ထွက်လာခဲ့သည် ။ မိန်းမသားတစ်ယောက်ထဲ နေသည်မို့ အင်အားသုံးစရာမလို ဟုသူတွေးသောကြောင့်လဲ ပါသည်။

“ကိုကောင်းခန့် ...ရှင်!! ..ရှင်ရှေ့တိုးမလာနဲ့နော် ကျွန်မပြောနေတယ် “

ကောင်းခန့် ညစ်ကျယ်ကျယ် ပြုံးကာပိုးအားရမ္မက်အခိုး တလှုလှုဖြင့် စူးစိုက်ကြည့်ပြီး ခြေလှန်းများက ပိုးစီကို ဦးတည် လျှောက်လှန်းလာလေသည်။

“ကို ..ကို ကောင်းခန့် ..ရှင်!! ..ရှင် မယုတ်မာနဲ့နော် ကျွန်မ!!...ကျွန်မအော်လိုက်မှာနော် ...”

“ပိုး ..ပိုး... ကိုယ်လေ ပိုးကို အရမ်းချစ်တယ် နောက်ပြီး ပိုင်ဆိုင်ချင်လွန်းပြီ ပိုးရယ် ကိုယ့်ကို ခွင့်လွတ်ပါ”

“ဟင့်အင်း !! ဟင့်အင်း !!ရှင်လူယုတ်မာကြီး ကျွန်မစီမလာနဲ့ နော် ကယ်ကြပါ ကျွန်မကို ကယ်ကြပါဦးရှင့်”

“ပိုးဘာသိလို့လဲ ပိုးမိထွေးက ကိုယ့်စီမှာ သိန်း၁၀၀ကျော်တောင် အကြွေးတင်ခဲ့တာနော် ပိုးသာကိုယ့်ကို ယူလိုက်ရင် ပိုးဒီအကြွေးတွေ ပြန်ဆပ်စရာတောင် မလိုတော့ဘူးနော် ပိုး...”

“ဟင့်အင်း အဲ့ဒါသူယူတဲ့ အကြွေး ကျွန်မနဲ့မဆိုင်ဘူး ကျွန်မစီကို ရှင် မလာနဲ့နော် ကယ်ကြပါဦး အီး ဟီးဟီး ကယ်ကြပါဦးရှင် အပြင်မှာ ဘယ်သူမှ မကြားကြတော့ဘူးလား အီးဟီးဟီးဟီး ရှင် .. ရှင်မလာနဲ့လို့ပြောနေတယ်လေ ဟီး ဟီး ဟီး”

“ပိုးကလဲကွာ အခုချိန်ကြမှတော့ ကိုယ့်ကို မငြင်းပါနဲ့တော့ကွာ နော် နော် ကိုယ်ပိုးကို သိပ်ချစ်တယ်ကွာ ကိုယ် ပိုးကိုယူမှာပါကွာ”

ကောင်းခန့် ပိုး၏ လက်အားဆွဲဖမ်းလိုက်ပြီး ခါးသေးသေးလေးအားဆွဲ ဖတ်လိုက်သည်။ထို့နောက် ပိုးအား သူမအဖေ အိပ်ခဲ့သည့် ကုတင်ပေါ်သို့ တွန်းလှည်းကာ အပေါ်မှာ အုပ်မိုးပြီး ပိုး၏ နုတ်ခမ်းလှ လှလေးအား နမ်းရန် တစ်ဖြည်းဖြည်းတိုးလာ ခဲ့သည်။

ပိုးကတော့ ခေါင်းကိုအတွင်တွင်ခါရန်းနေပြီး ရုန်းကန်နေစမြဲပါ သို့သော် အားအင်ခြင်းမှ မမျှလေတာ...။ အညိုရောင်နုတ်ခမ်းထူထူကြီးက သူမမျက်နှာလှလှလေးစီသို့ ဦးတည်ပြီး လာနေတာကြောင့် မသတီမှု ၊မုန်းတီးမှု၊ရှက်ကြောက်မှုတွေလဲ သူမစိတ်ထဲအပြည့်ပါ။

သူမ မျက်လုံးအစုံကို မှိတ်ချလိုက်ပြီး ....

“သွားပြီ ကျွန်မ ဘဝတော့ ပျက်ပြီ သိပ်ကို ရက်စက်ပါ့လား လောကကြီးရယ် ကျွန်မ ဘာတွေများအပြစ်လုပ်မိလို့ ဒီလို အဖြစ်ဆိုးတွေ တစ်ခုပြီး တစ်ခု တွေ့နေရတာလဲ ကျွန်မ ကျွန်မ ဒီလို ဘဝမျိုးမှာ အသက်မရှင်ချင်တော့ဘူး “

မုန်းစရာနုတ်ခမ်းညိုကြီး နှင့် ပိုးရဲ့နုတ်ခမ်းလှလှလေးထိမိရန် ကြားတွင့်စပါးစေ့ တစ်စေ့စာလောက်သာ လွှတ်တော့သည်။

“တုတ် “

“အွတ် “

အသံ​ကြောင့် ချက်ခြင်းဆိုသလို ပိုးမျက်လုံးဖွင့်ကြည့်မိသည် ။သူမမျက်စိရှေ့တွင် ကောင်းခန့်မဟုတ်တော့ပဲ အနောက်တိုင်း ဝတ်စုံကို သန့်ပြန့်စွာ ဝတ်ထားသည့် ရုပ်ဖြောင့်ဖြောင့်လူတစ်ဦးနှင့် အသက် ၅၀ဟုပင် ထင်ရပ်စရာမရှိသော ဦးသော်မြင့်ချိန် ၏ရုပ်ခန့်ခန့်တို့အား ပိုးမြင်လိုက်ရသည်။

သူမထင်တာမမှားရင် ဒီအနောက်တိုင်း ဝတ်စုံနှင့်သူက ဒီဦးလေးကြီး၏ လူယုံဖြစ်လောက်မည်။တဖတ်တွင် သူမကိုယ်ပေါ်မှာ သတိမေ့နေသော ကောင်းခန့်ခန္ဓာကိုယ်ကြီးအား တွန်းထုတ်ခါ ထရပ်လိုက်တော့သည်။

“ဟို သမီးကို ခုလို ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ရှင့် တကယ် ကျေးဇူးတင်ပါတယ်နော် “

ပိုးလက်အုပ်လေး ချီခါ ဦးသော်မြင့်ချိန်အား ကျေးဇူးတင်ကြောင်းသာ အခါခါပြောနေမိတော့သည်။မျက်နှာလှလှလေးကလဲ မျက်ရည်တွေ ပြည့်နပ်နေလေသည်။

“မောင်ခန့်ကျော် ဒီကောင်လေးကိစ္စအတွက် ရဲစခန်းကိုအကြောင်းကြားလိုက်ပါ”

“ဟုတ်ကဲ့ သူဌေး”

“လာ သမီး ဦးနဲ့ ခဏစကားပြောရအောင်”

ပိုး ရှေ့ကထွက်သွားသည့် ဦးသော်မြင့်ချိန်နောက်သို့ အသာလေးလိုက်သွားလိုက်သည်။

“သမီးက ကံမောင် သမီးလား”

“ရှင် ...ဟုတ် ဟုတ်ပါတယ် ဦးက ဖေဖေကိုသိတယ်ပေါ့”

ဦးသော်မြင့်ချိန် ကျေးဇူးရှင် ဘယ်မှာနေသလဲဆိုတာ တစ်နေ့ကမှ ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ယောက်ဖြစ်သူ ဦးနေမင်းခ စီကသိခွင့်ရလိုက်ခြင်းဖြစ်သည်။

သူ တစ်ချက်ပြုံးလိုက်ပြီး အသက်သခင်ကျေးဇူးရှင်၏ အဖြစ်ကို ရပ်ကွက်ထဲစုံစမ်းကြည့်ရသလောက် ကြားရသည်က စိတ်မကောင်းစရာပေ ။

သို့သော် တစ်ဖက်ကလဲ သူ့ကျေးဇူးရှင်အတွက် ကျေးဇူးပြန်ဆပ်ခွင့်ရမည် ဖြစ်သောကြောင့် ဝမ်းသာမိသည်။ ထို့ကြောင့် သူ့လူယုံ ခန့်ကျော်အား ကားအမြန်စီစဉ်ခိုင်းပြီး သူမနေရာ ရပ်ကွက်သို့ရောက်လာခြင်းဖြစ်သည်။

ကံကောင်းသည်က သူအမြန် ရောက်လာလို့ပေါ့ သူသာ ခြေတစ်လှန်းနောက်ကျခဲ့လျှင် ဒီကောင်မလေးဘဝတော့ ဖျတ်စီးခံရ​လေမည်။

“သမီးအဖေက ဦးအသက်ကို ကယ်ခဲ့တဲ့ အသက်သခင်ကျေးဇူးရှင်ပါ ဒါကြောင့် ဦးကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ သမီးကို ဦး စောင့်ရှောက်ပါရစေ”

“ရှင် ..ဦးလေး”

“သမီး ဦးလေးတို့အိမ်မှာလိုက်နေပါ ဦးလေးတို့ အိမ်မှာနေရင် သမီးအတွက် လုံခြုံပါတယ် ...”

“ဟို ဦးလေး သမီး..”

ပိုးစကားမဆုံးသေး ဦးသော်မြင့်ချိန် စကားဖြတ်ပြောလိုက်သည်။

“မငြင်းပါနဲ့သမီး ဦးတို့ အိမ်မှာ သမီးအရွယ် အိမ်အကူမိန်းကလေးတစ်ယောက်နဲ့ အိမ်တော်ထိန်း ဒေါ်ဝေ​ဝေလည်း ရှိပါတယ် နောက်ပြီး သမီးအကိုတစ်ယောက်လို အားကိုးလို့ရမယ့် ဦးရဲ့သား ချိန်းလဲရှိပါတယ် သမီးမကြောက်ပါနဲ့ ဦးတို့နဲ့လိုက်နေပါ သမီးအဖေအတွက် ကျေးဇူးပြန်ဆပ်ခွင့်ပြုပါ ဦးတောင်းဆိုပါတယ်သမီး”

ပိုးလည်း ဒီပက်ဝန်းကျင်မှာ သူမဆက်နေလျှင် သူမအတွက် အန္တရာယ်ကခက်များများပင် ။ လှလွန်းတာထက်ပိုသူလေးမို့ ရပ်ကွက်ထဲတွင် ကျားချောင်းချောင်းနေတဲ့ သူများလဲ ရှိနေသည်မဟုတ်လား ။ဒီမှာသာ သူမဆက်နေရင် သူမဘဝကို ချိူးချင်ဖဲ့ချင်သူတွေပေါတာမို့ တစ်နေ့မဟုတ် တစ်နေ့ ဘဝပျက်ခါ ဒူးနဲ့မျက်ရည်သုတ်ရလိမ့်မည်။ထို့ကြောင့် ဦးသော်မြင့်ချိန် စကားအားလက်ခံဖို့သာ သူမဆုံးဖြတ်ချက်ချ လိုက်တော့သည်။

~~~~~~~~~<<<>>>>~~~~~~~~

“တီး ... တီ တီး ...တီး”

ကျယ်လောင်သော ကားဟွန်းတီးသံကြောင့် ပိုး စားပွဲပေါ်ရှိ ဖုန်းအား ဆွဲယူကာ နာရီကို ကြည့်လိုက်တော့ ၁နာရီပင်ထိုးနေသည်။
Tvကလဲ ဖွင့်လျက်သား...
“အိုး ငါဇာတ်ကားကြည့်ရင်း အိပ်ပျော်သွားတာဘဲ Tvတောင် မပိတ်မိဘူး ကျန်း”

“ခုဏက ကားဟွန်းသံပဲ ဒီ ချိန်ထိ အကိုက အပြင်မှာ နေတတ်တာလား “

ပိုးတစ်ရေးနိုးလေးဖို့ ရေဆာလာသည် ။ထို့ကြောင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

“သားချိန်းရယ် စောစောပြန်လာရောပေါ့ အချိန်ကြည့်ပါဦး ၁နာရီတောင်ထိုးနေပြီ ဒေါ်လေးမှာ သားကို မအိပ်ပဲစောင့်နေရတာကွယ့် “

“ဪ ကြီးဝေကလဲဗျာ တစ်ခါတလေလေး အိပ်ရေးပျက်တာကို ဘာဖြစ်တာကြနေတာပဲ”

“အကို ပြန်လာပြီလား”

ပိုးလှေကားပေါ် မှ ဆင်းလာရင်းပြောလိုက်ခြင်းဖြစ်သည်။
ညအိပ်ဂါဝင် ပန်းဆီရောင်ဒူးဖုံးလေးအား ဝတ်ထားပြီး အပေါ်မှ အနွေထည်အပါးလေး ထက်ဝတ်ထားသည့် သူမ တကယ် လှပြီးချစ်စရာလည်းကောင်းသည်။
သို့သော် ချိန်းအတွက်တော့ သူမဒီလိုလှနေသည်က အကြောင်းပြချက်မရှိ မျက်စိ ဆံပင်မွှေးဆူးစရာကောင်းနေသည်။ချိန်း ပိုး၏ စကားအား မကြားသလိုဖြင့် ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်သည်။ပိုးမျက်နှာ​လေးပျက်သွားမိသည် ။သူမ သူ့ကို စိတ်ရင်းအမှန်နဲ့ နုတ်ဆက်မေးလိုက်တာကို သူကတော့ မထီမဲ့မြင်ပြုသွားသည်။

“သမီးလေး သားချိန်းက နဲနဲလက်ပေါက်ကပ်တယ် သူက မိန်းကလေးတွေနဲ့ အရောတဝင်မနေဘူး စကားလဲမပြောဘူးကွဲ့ ဟိုရွာပြန်သွားတဲ့ ခလေးမကြူကြူမွှေးတောင် ဒီအိမ်မှာ အလုပ်လုပ်တာ၃နှစ်ရှိပြီ သားက သူလိုမှစကားပြောယုံရှိတာကွဲ့ သမီး စိတ်ထဲမထားနဲ့နော်”

“ဟုတ် ရပါတယ် ကြီးဝေရဲ့ သမီးဘာမှမဖြစ်ပါဘူး “

“သမီးဘာလိုလို့ဆင်းလာတာလဲ ကွယ့်“

“သမီးတစ်ရေးနိုး ရေဆာလို့ပါ ကြီးဝေ ရေဆင်းသောက်တာပါ”

“ဪ ..အေးကွယ် ဒါဆို ကြီးဝေသွားနားတော့မယ် သမီး”

“ဟုတ်ကဲ့ ကြီးဝေ”

ကြီးဝေထွက်သွားသည်နှင့် ပိုးလည်း ထမင်းစားခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
ထမင်းစားပွဲရှိ ထိုင်ခုံတွင် လက်တစ်ဖက်ကို စားပွဲပေါ်ထောက်ခါ စမက်ကျကျ ခြေချိတ်ထိုင်နေသည့် ချိန်း။ ဆေးလိပ်အား မှီးညှိပြီး တစ်ဖွာရှိုက်လိုက် အငွေ့လေးတွေမှုတ်ထုတ်လိုက်နှင့် သူ့ကြည့်ပြီး ပိုးရေသောက်ဖို့တောင် မေ့နေမိသည်။

“ဘာကြည့်နေတာလဲ နင်”

“ဟင် ဟို ..ဟို ပိုးရေသောက်မလို့ပါ အကို”

“သောက်စရာရှိတာသောက် ပြီးရင် အမြန်ငါ့ရှေ့က ထွက်သွားလိုက်တော့”

“ဟုတ်..ဟုတ်ကဲ့ အကို”

မိန်းမတစ်ယောက်လို နက်မှောင်တဲ့ ဆံနွယ်ရှည်ရှည်တွေ နဲ့ ခပ်မိုက်မိုက် သူ့style လေးက ပိုးကြည့်လိုက်သည့် ကိုရီးယားကားထဲက မင်းသားနဲ့တောင် သွားတူချင်သည်။ သေချာတာကတော့ ချိန်းကတောင် မင်းသားထက် ပိုချောနေပါဦးမည်။ အသားရည်ကလဲ သူဌေးသားပီပီ ဖြူနုနေ၏။ အရပ်မြင့်မြင့်နှင့် မိန်းမချောချောသူလဲဖြစ်ခါ အဖြူရောင် ကော်လံပါ လက်ရှည်ကို လက်တွင်ခေါက်ထားရင်း ရင်ဘက်ရှိ ကျယ်သီး ၂လုံးကိုဖြုတ်ထားတာကြောင့် ရင်ဘက်မှကြွက်သားဖောင်းဖောင်းကြီးက ထင်းနေလေသည်။

စားပွဲပေါ်ရှိလင်ဗန်းထဲ၌ မှောက်ထားသော ဖန်ခွက်လေးအား သူမ မရဲတရဲနှင့်ယူခါ ရေခဲသတ္တာထဲမှ ရေပုလင်းအားယူလိုက်သည်။ရေအား ဖန်ခွက်ထဲထည့်ခါ ပိုးသားကျူး တစ်ချိုက်တည်း မော့သောက်ချလိုက်တော့သည်။အေးတာတွေကြင်တာတွေ ဘာမှမသိ ..သူမသိတာ ....
အခုမှပဲ သူမရင်ထဲက အလုံးကြီးကျသွားတော့သည်။ချိန်းရဲ့ညို့အားပြင်း ဆွဲဆောင်တဲ့ ရင်ဘက်ကျယ်ကြီးအား သူမ အကြည့်ရောက်မိ၍ ရင်ခံသွားခြင်းဖြစ်သည်။

ပိုးရေသောက်ပြီးသည်မို့ အခန်းသို့ ပြန်ရန် လှေကားပေါ်အတတ်

“ဟေး နေဦး “

ပိုးလှည့်ကြည့်လိုက်တော့ ချိန်း ခုဏက သူမသောက်ခဲ့သည့် ရေပုလင်းနှင့်ဖန်ခွက်အားကိုင်ထား၏။

“ဟုတ် အကို ဘာဖြစ်လို့လဲ”

“ငါ့ကို အကို လို့လာလာခေါ်မနေနဲ့ နင်နဲ့ငါက ဘာမှသွေးတော်တာမဟုတ်ဘူး မခေါ်နဲ့မကြိုက်ဘူး ငါ့နာမည် ချိန်း ချိန်းလို့ပဲခေါ် ရော့ နင်နောက်ခါ ရေသောက်ချင် တကူးတကအောက်ဆင်းပြီး လာလာ မသောက်နဲ့ ဒါနင့် အခန်းထဲယူသွားလိူက်”

“ဟုတ် ကျေးဇူးပါ အကို”

“ဟေး နင်ငါပြောတာ နားမလည်တာလား အကိုလို့မခေါ်နဲ့လို့”

“ဟို ... ပိုးအတွက် ချိန်းလို့ တစ်လုံးထဲခေါ်ရမှာ ရိုင်းနေသလိုကြီးမို့ပါ နောက်ပြီး အကိုက ပိုးထက်အကြီးမလား”

သူမပြောတော့လည်း ဟုတ်သား ချိန်းက သူမထက် ၅နှစ်ကြီးသည်။
သူမအတွက် ချိန်းလို့ တစ်လုံးထဲ သုံးဖို့ကအဆင်မပြောသည်က အမှန်မို့ သူမခေါ်တတ်သလိုသာ ခေါ်ပါစေတော့လေ..။

“Ok မင်းခေါ်တတ်သလိုသာ ခေါ်တော့ကွာ”

“ဟုတ် အကို ဒါဆို ပိုးသွားအိပ်တော့မယ်နော်”

ချိန်း သူမအား ဘာမှပြန်မပြောပဲ ချာကနဲ ထိုနေရာမှ လှည့်ထွက်ခဲ့လိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~

“ဟာ ငါ မေ့နေတာ ပြန်ရောက်ရောက်ချင်း သျှားက သူ့စီ ဖုန်းဆက်လို့ မှာလိုက်တာကိုကွာ သျှားစိတ်ဆိုးနေပြီလားမသိဘူး ...ဟူး”

ချိန်း အလျင်စလို ဘောင်းဘီ အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး သျှားဖုန်းနံပါတ်အား ကောက်နိပ်ပြီး နား၌ဖုန်းကို ကပ်လိုက်ထားလိုက်သည်။

“ဟယ်လို သျှား ချိန်းခုပဲအိမ်ပြန်ရောက်တယ် ...သျှားအိပ်နေပြီလား”

“......”

“ဟုတ်တယ်သျှား ချိန်းပြန်ရောက်တာ နောက်ကျတယ် “

“........”

“အဟက် သျှားစိတ်ချပါ ချိန်းကသျှားလောက်ဘယ်သူ့ကိုမှ မစွဲလန်းဘူးကွ”

“......#%^*+”

“အဟား...ဟုတ်ပါပြီ သျှားရာ သျှားလဲပင်ပန်းနေပြီ နားလိုက်ဦးနော် ချိန်းလဲနားတော့မယ် သျှား”

“.....♥️....”

“အဟွန်း ချိန်းလဲချစ်တယ် ဒါပဲနော် သျှား ချိန်းဖုန်းချလိုက်တော့မယ်”

ချိန်း သျှားနဲ့ဖုန်းပြောပြီး လန်းဆန်းစွာပြုံးလိုက်ရင်းက

“ဟူး....တော်သေးတယ် သျှားစိတ်ဆိုးမနေလို့ အဟွန်း....”

ချိန်းအိမ်ပေါ်သို့ ပြေးတတ်ရန် အနောက်သို့အလှည့် လှေကားနားတွင် မက်တတ်ရပ်နေသော ပိုးအားမြင်လိုက်သည်ကြောင့် မျက်နှာရှိန်းကနဲ ဖြစ်သွားသည်။

“ဟာ မင်း ..မင်း ..ဒီချိန်ထိ မအိပ်သေးပဲ အဲ့မှာဘာရပ်လုပ်နေတာလဲကွ”

“ဟို ပိုး အကိုကို ပြောစရာရှိတာ မပြောခဲ့ရလို့ပါ”

“ဘာပြောမို့လဲ “

“ဦးက သူအလုပ်ကိစ္စနဲ့ဂျပန်ကို အလျင်စလို သွားရတာကြောင့် ၁ပက်လောက်ကြာမယ်တဲ့ “

“ဒါပဲမလား မင်းပြောစရာဆိုတာ “

“ဟုတ်ကဲ့”

“အဖေက ငါ့ကိုလည်း ဖုန်းဆက်ပြောရင် ရတယ်သားနဲ့ မင်းကိုဘာလို့ ဆက်ရတာလဲ
မင်းကို အဖေက ဖုန်းဝယ်ပေးလိုက်ပြီပေါ့”

ပိုး တံတွေးများအကြိမ်ကြိမ်မျိုချရင်း ...ဘာကြောင့်မှန်းမသိ ပိုးကို သူအပြစ်မြင်မှာကိုသာ စိုးရိမ်နေမိသည်။

“ဟုတ် အကို ဦးကဝယ်ပေးသွားပါတယ် ဦးက ပိုးစီကို အကိုထင်သလို တကူးတကဆက်တာ မဟုတ်ပါဘူး ပိုးကိုလဲမှာစရာလေးရှိနေတာနဲ့ လမ်းကြုံပြောသွားတဲ့ သဘောပါ”

“ပျော်လား “

“ရှင် အကို ဘာ .. ဘာကိုလဲဟင်”

“နင် ငါ့အဖေစီက အဲ့လိုတွေရတာ ပျော်ရဲ့လားလို့”

ချိန်း၏ သူမအပေါ် အထင်မြင်သေးသလို မေးလိုက်သည့် စကားကြောင့် နုတ်ခမ်းလေးကို ဖိကိုက်မိသည်။

“ပိုး ... ပိုး မပျော်ရပါဘူး အကို ..အကို မကြိုက်ရင် ဦးဝယ်ပေးခဲ့တဲ့ ဖုန်းကို ပိုး ပြန်ပေးပါ့မယ် ခဏပေးစောင့်နော်”

ပိုးက ရိုးတာပဲလား တုန်းအတာပဲလားမသိ /သူမ အခန်းထဲဝင်ပြီး သူ့အား သွားယူပေးရန် ပြင်လိုက်သည်။

“မလိုဘူး နင့်ငါပြောထားမယ်နော် ကျေးဇူးရှိတယ်ဆိုပြီး ငါ့အဖေကိုလာမချုပ်နဲ့
ငါ့အဖေက မိန်းမတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် သိပ်နေတာမဟုတ်ဘူး
မင်းကိုကြမှ ကျေးဇူးရှင်သမီးဆိုပြီး အိမ်ပေါ်ထိပါ ခေါ်တင်ထားတာ တလက်စတည်း မင်းငါ့အဖေရဲ့ပိုက်ဆံတွေ မက်ပြီး မြူစွယ်မယ်တော့ မကျန်နဲ့
အဲ့လိုသာဆို ငါမင်းကို အိမ်ပေါ်က ကန်ချမှာ
မင်းနားလည်လား ...ဟွန်း”

ချိန်းကဆိုးပေမယ့် သူ့အဖေကိုတော့ မသိမသာ အတော်ကိုချစ်ပါသည်။ရန်ဖြစ်သည်ဆိုတာကလဲ တဖက်ကသူ့ကို မခံမရပ်နိုင်အောင်ပြော၍သာ ...
သူ့ဘာသာသူဆို ဘယ်သူ့ကိုမှ အရင်ရန်မစတတ်ပေ..။
ချိန်း သူမပုခုံးအား တွန်းတိုက်ခါ အပေါ်သို့တတ်သွား၏။
သူမကတော့ ချိန်းစကားကြောင့် ကိုယ့်ကိုကိုယ်တောင် ရှက်မိသွားသည်။သူမဒီအိမ်သို့ လိုက်လာခဲ့တာ “မှားများမှားသွားပြီလား “ဟုတောင် စိတ်ထဲမှာတွေးမိသည်။ မျက်ရည်ကြည်များကလဲ ဝဲတတ်လာသည်။

“အကိုရယ် ရုပ်ချောချောလေးနဲ့မှ မလိုက် ပြောရပ်လိုက်တာ ပိုးမျက်နှာက အဲ့လောက်တောင် ငွေမက်ပြီး အကိုပြောသွားသလို လုပ်မဲ့ရုပ်ပေါက်နေပြီလား ဟင် ...အကိုက ပိုးဒီအိမ်စရောက်ထဲက သိပ်မကြည်တာကိုလည်း ပိုးသတိထားမိပါတယ် ။ဒါမယ့် ဦးလေးတောင်းဆိုမှုကြောင့် ပိုးဒီအိမ်ကိုရောက်လာခဲ့ရတာပါ ပိုးစိတ်နဲ့ ပိုးသာဆို ဒီလိုနေရာမျိုး မလာဝံ့ပါဘူး အကိုရယ်”

“ဟေး ကလေးမ ခုဏ ငါဖုန်းပြောနေတုန်း နင်ရောက်နေတာမလား နင်ဘာတွေကြားလိုက်သေးလဲ”

သူမ ချိန်းအသံကြောင့် မျက်ရည်ကြည်တွေ မျက်တောင်နဲ့အမြန်ပုတ်ထုတ်လိုက်ပြီး နောက်သို့ ဆက်ကနဲ့လှည့်ခါ အပြုံးလေးဖြင့်

“ပိုး ဘာမှ မကြားလိုက်ပါဘူး အကို”

“သေချာလို့လား “

“သေချာပါတယ် အကိုရဲ့ ပိုးတကယ်ဘာမှမကြားလိုက်ဖူး ပိုးလည်းဆင်းလာကော အကိုက ဖုန်းပြောလို့တောင် ပြီးနေပြီ”

“ပြီးတာပဲ အဲ့ဆိုလဲ နောက်ခါ ငါ့အနား အသံမပေးပဲ မလာခဲ့နဲ့ ကြားလား”

“ဟုတ်ကဲ့ ပိုးသိပါပြီ”

“နင့် နာမည်က ပိုး တစ်လုံးထဲလား “

“မဟုတ်ပါဘူး ပိုးသားကျူးပါ အကို”

“လှသားပဲ “

“ဟင် “

ချိန်းစကားကြောင့် သူမ “ဟင်”ကနဲ နေခါ မျက်နှာကလေးပူသွားရပြီး ရှက်သွေးဖြာ မိသွားတာတော့အမှန်။

“နာမည်ပြောတာ လူကိုမပြောဘူး လူကတော့ ငါကြည့်လို့ကို မရတာ လှလဲမလှဘူး ကုတ်ချောင်းချောင်းနဲ့ နင် ဒီနားမှာပဲရပ်မနေနဲ့ နာရီသွားကြည့်ဦး ၂နာရီထိုးနေပြီ သွားအိပ်တော့ ... ကျွတ် ....ဘာလဲကွာ အူကြောင်ကြောင်နဲ့”

“ဟုတ်ကဲ့ အကို”

သူမလည်း သူ့စကားကြောင့် အခန်းထဲသို့ အပြေးလေးဝင်သွားတော့သည်။

~~~>>>>>>>>>~~~~

“တီ 🎶 တီ🎵 တီ”

“ဟယ်လို သျှားမာန်ငြိုး ပြောနေပါ တယ်“

“.........”

“ဗျာ ...”

အိပ်ချင်မူးတူးအသံဖြင့် သျှားပြောနေရာမှ တစ်ဖက်က စကားကြောင့် သျှားပျော်သွားကာ အသံအားပြင်လိုက်သည်။

“အဟွန်း ဟို တကယ်ပဲလားဗျ “

“..........”

“ဟာ ကျွန်တော် လက်ခံပါတယ်ဗျာ .. လက်ခံပါတယ် ... ဟား ဒီလိုအခွင့်ရေးကောင်းကို ကျွန်တော် ဘယ်လိုလုပ် လက်လွတ်ခံလို့ ဖြစ်မလဲဗျ ဟုတ် ...ဟုတ် ..ဟုတ် ကျွန်တော်အခု ပဲလာခဲ့ပါမယ် ဗျ”

တစ်ဖက်က ဖုန်းချသွားပေမယ် သျှားကတော့ အပျော်ကြီး ပျော်နေ၏။

“ချိန်းသာ သိလို့ကတော့ သူလဲ ငါ့လို ပျော်မှာ သေချာတယ် အခုတော့ ငါချိန်းထားတဲ့ နေရာကို အမှီသွားမှရဖြစ်မယ် ချိန်းကိုတော့ နောက်မှပဲ ပြောပြတော့မယ် အဟွန်း”

သူဝမ်းသာစွာဖြင့် ရေချိုးခန်းထဲသို့ တစ်ချိုးထဲ ပြေးဝင်သွားတော့သည်။

~~~~~~~~~~~~~~~
အပိုင်း ၄ ဆက်ရန်>>>
#Eaindray


rate now: