book

Index 29

(အပိုင်း ၂၉)

  • Author : Kyawal
  • Genres : Drama

🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️

🇲🇲……..

စာကြည့်ခန်းရှိ ကျွန်းသစ်ဖြင့် ပြုလုပ်ထားသော ထိုင်ခုံပေါ်တွင် ဦးသော်မြင့်ချိန်တစ်ယောက် ခြေချိတ်ထိုင် နေပြီး...
စီးကရက် တစ်လိပ်အား အရသာရှိရှိ ရှိုက်ဖွာလိုက်ရင်း...

“ခင်ဗျလုပ်ထားတဲ့အစီစဉ်နဲ့ ခင်ဗျပြောပြတဲ့ အစီစဉ်မဆိုးဘူး ကျုပ်သဘောကျတယ် ဒေါ်ဝေ”

အခန်းထောင့်တစ်နေရာတွင် ရပ်နေသည့် ကြီးဝေမှ ဦးညွှန့်လိုက်ခါ...
“ဟုတ်ကဲ့ သခင်ကြီး သဘောကျတယ်ဆိုလို့ ဝမ်းသာမိပါတယ်”

ဦးသော်မြင့်ချိန် နှုတ်တွန့်ခါပြုံးလိုက်ပြီး...
“အဲ့လိုဆိုတော့ သူတို့နှစ်ယောက်ကို ချက်ချင်းကြီး ခွဲလိုက်ရင် ကျုပ်သိပ်ရက်စက်ရာ ကျလွန်းမယ် အဟင်း..
ဒီတော့ သူတို့နှစ်ယောက်ကို အေးအေးဆေးဆေးလေး ၁ပက်လောက်အထိ အလွမ်းသည်ခွင့် ပေးထားလိုက်ပါ...
၁ပက်ပြည့်ခါမှ ကျုပ်တို့ အစီစဉ်အတိုင်း စလှုပ်ရှားကြတာပေါ့...”

“ဟုတ်ကဲ့ သခင်ကြီး “
“သမီးလေးပိုးက ချိန်းကို အနီးကပ်ပြုစုစောင့်ရှောက်မယ်ဆိုပြီး သူ့အလုပ်ကနေ ခွင့်ယူနားထားပါတယ် “

ဦးသော်မြင့်ချိန် အသံထွက်အောင် ရယ်လိုက်ပြီး..
“အဟား...ဒါကြောင့် မနေ့ကအလုပ်မှာ သွားကြိုတော့ သူမထွက်မလာသေးလို့ ခန့်ကျော်ကို သူ့အလုပ်စီသွားမေးခိုင်းတော့ သူမအလုပ်နားတယ်လို့ ကော်ဖီဆိုင်က ပြောလိုက်တာကိုး ...ပိုး ..ပိုး..
မင်းက ချိန်းကို အတော်ချစ်နေတာပါ့လား...မင်းရင်ထဲမှာ ငါ့အတွက်နေရာကော ကျန်သေးရဲ့လား...ပိုး
မကျန်လို့တော့မရဘူး နော်...
နေရာမကျန်လို့ကတော့ မင်းရင်ထဲမှာ နေရာပေးထားတဲ့ ချိန်းကို အမြစ်မကျန်အောင် ငါဆွဲနုတ်ပြီး မင်းနဲ့အဝေးဆုံးကို ငါပို့ပစ်မယ်...အဟွန်း”

မာန်ပါပါပြောနေသည့် ဦးသော်မြင့်ချိန် စကားကြောင့် ကြီးဝေ ပြုံးလိုက်ပြီး
“သခင်ကြီး ကျွန်မကို ခွင့်ပြုပါဦး”

“ကောင်းပြီ..”

အခန်းမှ ထွက်သွားဖို့ တံခါးအား ဖွင့်လိုက်ပြီးခါမှ ကြီးဝေတစ်ယောက် ဦးသော်မြင့်ချိန်ကို ပြောဖို့ စကားကျန်ခဲ့သည်။
ထို့ကြောင့် တံခါးအား အသာပြန်ပိတ်လိုက်ခါ..
“သခင်ကြီး မနက်က သခင်ကြီးကုမ္ပဏီစီက ဖုန်းလာပါတယ် ...
သခင်ကြီး ဖုန်းစီဆက်သွယ် မရလို့ဆိုပြီး အိမ်ဖုန်းကို ဆက်သွယ်လာတာပါ”

ထွက်သွားပြီအထင်နဲ့ ပြတင်းပေါက်ဘက်သို့ ကြည့်နေရာမှ ကြီးဝေ၏ ပြန်လှည့်ခါ လာပြောလာသော စကားကြောင့်...
သူမျက်ခုံးအား ပင့်ခါ..
“ဘာပြောလဲ...”

“သခင်ကြီးနဲ့ နေ့လယ်၁နာရီကျရင်တွေ့ ခွင့် တောင်းထားသူရှိပါတယ်တဲ့ အဲ့ဒါ..”

“Ok..ငါသိပြီး”

အပြီးထိနားမထောင်ပဲ သူလက်ကာပြလိုက်ခြင်းကြောင့်
“ဟုတ်ကဲ့ သူဌေး နောက်ပြီး သူဌေး ၁ပတ်ပြည့်လို့ အစီစဉ်တွေ စပြီးအကောင်ထည် ဖော်တဲ့အခါ မိကြူကိုအလုပ်နားခိုင်းစေချင်ပါတယ်...
ဒီကောင်မလေးက သိပ်စပ်စုပြီး ကိုယ်နဲ့မဆိုင်ပဲ ကြားဝင်ဝင်ပါတတ်လို့ပါ”

“ကျုပ်တို့ အစီစဉ်ကို ကန့်လန့်လာရှုပ်နိုင်တယ်ဆိုရင် ခင်ဗျစိတ်ကြိုက်သာ လုပ်လိုက်...”

ကြီးဝေခေါင်းညွှန့်ပြခါ...
“ဟုတ်ကဲ့ သခင်ကြီး ဒါဆိုခွင့်ပြုပါဦး”

ခေါင်းတစ်ချက်ညိမ့်ပြခါ ပြတင်းပေါက်သို့ သူပြန်ကြည့်နေလိုက်သည်။
ထိုပြတင်းပေါက်မှ မြင်နေရသည်ကပိုးနဲ့ချိန်း နှစ်ယောက်ထဲ ခြံထဲတွင်ထိုင်ခါ တစ်ယောက်နှင့်တစ်ယောက် ကြည်ကြည်နူးနူး ပြုံးခါ စကားပြောနေသည့် မြင်ကွင်းပင်...

သူထိုမြင်ကွင်းအား ဦးသော်မြင့်ချိန် ခပ်မဲ့မဲ့ကြည့်ခါ ပြုံးလိုက်ပြီး....
ဟွန့်...၁ပက်ပါပဲ...
၁ပက်ပြည့်ရင်...ဒီအပြုံးတွေ မင်းငါ့အတွက်ပဲ ပြုံးပြဖို့သာ ပြင်ထားပါပိုး...
ချိန်းကိုတော့ အပြီးပိုင် လက်ပြနုတ်ဆက်လိုက်ပါ...အဟွန်း ဟွန်း..

🌺🌺🌺🌺

နံဘေးနားတွင် နီနီထွေးထွေးဖြင့်လှပစွာ ပွင့်နေသည့် နှင်းဆီပန်းလေးအား
ချိန်း အသာလှမ်းခူးလိုက်သည်....
“အ!..ရှီး..”

ထိုအသံကြောင့် သူမ သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး..
“ဟယ် ..ဆူးနဲ့ထိုးမိသွားတာ ထင်တယ်..ပေးပေး..”

ချိန်း၏လက်ညိုးလေးအား သူမဆွဲ ယူခါ အာငွေ့လေးပေးရင်း..ထွက်လာသည့်သွေးများကြောင့် သူမပါးစပ်နဲ့ ငုံထားလိုက်သည်။
ထိုသို့ သူမ၏လုပ်ရပ်ကြောင့် ချိန်း အတော် မျက်လုံးပြူးသွားမိသည်
“ပိုး...ပိုးဒါဘာလုပ်တာလဲ..အဲ့လိုမလုပ်ပါနဲ့ကွာ”
“အွန်း...ညိမ်ညိမ်နေပါ ..”
တွန့်ကနဲသူ့အား ပြောလိုက်သည့် သူမအမူရာလေးကြောင့် သူဘာမှ ပြန်မပြောပဲ ကြည့်နေလိုက်သည်..
ခဏကြာတော့ သူမ သူ့လက်ညိုးလေးငုံထားရာမှ လွှတ်လိုက်ပြီး..
“ကဲ..ရော့ သွေးတိတ်သွားပြီး ...ပန်းခူးချင်ရင်လည်း ပိုးကိုပြောရောပေါ့ ကဒ်ကြေး သွားယူပြီး ပိုးခူးပေးမှာပေါ့”

“ကိုက ကို့လက်နဲ့ ကိုတိုင်ခူးပြီး ဒီပန်းလေးကို ပိုးခေါင်းပေါ် ပန်ပေးချင်လို့ပါ “

“ဖြစ်ရလေကိုရယ် ..”

ပြောပြောဆိုဆိုနှင့်သူ နှင်းဆီပန်းလေးအား မဆူးအောင်ခူးလိုက်ပြီး...
သူမ ဆံပင်ရှည်လေးတွေအား နားအနောက်သို့ သိမ်းခါ နှင်းဆီပန်းလေးအား ပန်ပေးလိုက်သည်။...
ပန်းရဲ့အလှနှင့် လူရယ်အလှပေါင်းဆပ်ခါ အတော်ကို ကြည့်လှသွားရသည်။
“ဟာ...လှလိုက်တာ ပိုးရယ် တကယ်ကို ကြည့်မဝနိုင်စရာပဲ..”

“အိုး...အဲ့လောက်လဲ မဟုတ်ရပါဘူးနော် လူကိုမြှောက်မနေပါနဲ့...”

“ဟော်ဗျာ...တကယ်လှတာဗျ..ဒီကမမြှောက်ဘူး အရှိကို အရှိတိုင်းပြောပြနေတာ”

“အဟီး...ဟုတ်ပါပြီရှင်..”

ရယ်နေသည့် သူမပုခုံးလေးအား သူသိုင်းဖက်လိုက်တာကြောင့် ပိုးရဲ့ကိုယ်လေးမှာ သူ့ရင်ခွင်ထဲ ပြိုလှဲသွားရပြီး...
ပိုးနဖူးပြင်လေးအား ညင်သာစွာ သူနမ်းလိုက်ပြီး..မေးဖျားလေးဖြင့် ထိခါ...
“ပိုး ... တကယ်လို့ ကိုယ့်မှာ အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်တဲ့ ရောဂါရှိနေခဲ့ရင် ပိုးကို့ကို ပစ်ထားခဲ့မှာလား ဟင်..”

ထိုအမေးကြောင့် ပိုးတစ်ကိုယ်လုံး ကျက်သီးမွှေးညင်းများ ထခါ ရင်ထဲဒိန်းကနဲ အောင့်မြတ်သွားရပြီး
“ဟင်!..ကို ဘာတွေပြောနေတာလဲ
ဘာအသက်အန္တရာယ်လဲ မဟုတ်တာတွေ မပြောစမ်းပါနဲ့ ကိုရယ်...ကို့ကို ပိုးအရမ်းချစ်တာ..ကိုပိုး ကိုထားခဲ့ပြီး ထွက်သွားမှာတောင် ပိုးကြောက်နေရတာ..သိရဲ့လား ..အဲ့လိုကြီးမပြောပါနဲ့နော် ...
တကယ်လို့ မပြောကောင်းမဆိုကောင်း ကိုရယ် ကို့မှာသာ အဲ့လိုရောဂါ ရှိနေခဲ့ရင်လည်း ပိုးကို့ကို ဘယ်တော့မှ ထားသွားခဲ့မှာမဟုတ်ဘူး နောက်ဆုံးအချိန်ထိ ပိုးကို့အနားမှာပဲ လက်တွဲမဖြုတ် ရှိနေမယ်....”

ထိုစကားကြောင့် ချိန်းစိတ်မကောင်းစွာ ပြုံးလိုက်ရင်း....
ဒေါက်တာဦးကြည်သာ ပြသည့် ဆေးမှတ်တမ်းနှင့် စကားတို့အား ပြန်ကြားယောင်မိသည်။..
“လူနာက ကျွန်တော် ထင်ထားသလို တကယ်ပဲ ဦးနှောက်အကြိတ်ကင်ဆာကို ခံစားနေရတာပါ...ဒီမှာ ဆေးမှတ်တမ်းကြည့်ကြည့်ပါ...”

ထိုသို့ပြောလိုက်သောစကားကြောင့် ချိန်း စိတ်ထိခိုက်ခါ မျက်ရည်များ ဝဲလာရသည်...။
လှမ်းပေးသော ဆေးမှတ်တမ်းများအား သူကြည့်ရင်း မျက်ရည်တွေ တစ်ပေါက်ပေါက် ကျလာသည်။
စာရွက်ထောင့် တစ်နေရာတွင် မှင်အနီဖြင့်(ကင်ဆာ ပထမအဆင့်)
——————————

ချက်ချင်းပဲ သူအားမရှိတော့သလို ပြိုလှဲကျသွားရင်း...
ရှိုက်သံ မထွက်အောင် လက်ခုံလေးဖြင့် ဖိခါငိုနေသည်။
ဤသည်ကို ကြီးဝေမြင်တော့ ဘေးမှာထိုင်ခါ ပုခုံးလေးပုတ်ပြီး အားပေးနေသလို ..
ဒေါက်တာ ဦးကြည်သာမှ လည်း..
“ဦးလည်း စိတ်မကောင်းပါဘူး သား..”

တွေးနေတဲ့ အတွေးစလေးကို သူဖျောက်ခါ ပြုံးနေရင်းမှ မျက်ရည်များ စီးကျလာတာကြောင့် သူမ မသိအောင် လက်ခုံဖြင့် ပွတ်သပ်ဖယ်ရှားလိုက်သည်။...
ပြီးနောက် သူငိုသံလေး မပေါ်အောင် ထိန်းလိုက်ပြီး...
“ချစ်တယ် ပိုးရယ်..ကိုမင်းကို အရမ်းချစ်တယ်...”

ရင်ခွင်လေးထဲမှာ နစ်မြုပ်နေသည့် သူမမှလည်း သူ့အားပြန်ဖက်တွယ်ထားလိုက်ပြီး...
“ပိုးလည်း အရမ်းချစ်တယ်ကို”

သူမ၏ချစ်တယ် ဆိုသည့် စကားလေးအဆုံးမှာ ချိန်းမျက်ရည်လေး တစ်စက် သူမပုခုံးပေါ် ပြိုကျသွားခဲ့တာကိုတော့ သူမမသိခဲ့ချေ။...

🍁🍁🍁🍁🍁🍁

နေ့လယ်၁နာရီ ကုမ္ပဏီမှာ တွေ့ဖို့စောင့်နေသူ ရှိသည်ဟူသော စကားကြောင့်
ဦးသော်မြင့်ချိန် ၁နာရီထိုးဖို့ ၅မိနစ်အလိုတွင် သူ့အခန်းရှေ့သို့ ရောက်လာခဲ့သည်။အခန်းဝကောင်တာနားရှိ အတွင်းရေးမှူးမလေးမှ...
“ဉက္ကထ အထဲမှာ သူမ စောင့်နေပါတယ်”

သူမ ဟူသည့် စကားကြောင့် ဦးသော်မြင့်ချိန် မျက်ခုံးအား ပင့်လိုက်မိသည်။...
သို့သော် ရောက်နေပြီ ဆိုမှတော့ ဘယ်သူနေနေ သူအတွက်မထူး တွေ့ရမည်မဟုတ်လား...
အတွင်းရေးမှူးမလေးအား သူခေါင်းညိမ့်ပြခါ အခန်းတံခါးဖွင့်၍ ဝင်သွားခဲ့တော့သည်။...

အခန်းတွင်းသို့ ရောက်တော့ ဆိုဖာခုံပေါ်တွင် သူ့အား နောက်ကျော ပေးထိုင်နေသည့် အမျိုးသမီး တစ်ဦးပင်...
သူတဖြည်းဖြည်း ဆိုဖာစီသို့ လျှောက်လာရင်း ထိုအမျိူးသမီးအား အနောက်မှ သေချာစိုက်ကြည့်ရင်း သူမရှေ့သို့ ရောက်လာခဲ့သည်။...
“အဟော...ဘယ်သူများလဲလို့ ခလေးမကိုး..ဟားဟား...ကဲဆိုစမ်းပါဦး
ဦးကိုတွေ့ချင်ရတာ ဘာကိစ္စ”

သွားပေါ်အောင်ရယ်နေသည့် ဦးသော်မြင့်ချိန်အား ပန်းကလျာ မျက်စောင်းလေးထိုးလိုက်ခါ....
“ကျွန်မ ကိုကို ဘယ်မှာရှိလဲ ဆိုတာ သိချင်တယ်...”

ထိုစကားကြားတော့ ဦးသော်မြင့်ချိန် ဟက်ဟက်ပက်ပက်ရယ်လိုက်ခါ
“ဟား ဟား ဟား ..အဟက် ..မင်းကဟာသတွေ လာပြောနေတာပဲ”

“ကျွန်မပြောတဲ့ အထဲမှာ ဟာသပါသွားလား ဦးသော်မြင့်ချိန်”

“အဟက်..ဦးလို့ တစ်လုံးထဲခေါ်ပါ ငါ့နာမည်အပြည့်စုံခေါ်ရလို့ မင်းမောနေပါ့မယ်”

“ဒီမှာ ဦးသော်မြင့်ချိန် ရှင်စကားတွေဝေ့မနေပါနဲ့ ကျွန်မမေးတာသာ ဖြေပါ”

“အဟင်း...ပြောမရပါလား...မင်းအကို ဘယ်မှာရှိလဲဆိုတာ ငါမသိဘူး”

“ရှင်လိမ်မနေနဲ့ ရှင့်မှာသားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့မိဘချင်းကိုယ်ချင်းစာစိတ်တောင် နည်းနည်းလေးမှ မရှိဘူးလား ဟင်..”

“အဟက်...ငါ့မှာ သားသမီးမှ မရှိတာ ဘာကို ကိုယ်ချင်းစားရမှာလဲ..”

“ဘာရှင့် ... ဒါဆို ချိန်းဆိုတဲ့ သူက ရှင့် သားမဟုတ်ဘူးလား..
ဒါမှမဟုတ် သူက သူက ကျွန်မရဲ့ အစ်ကိုများလား...”

ထိုစကားကြောင့် ဦးသော်မြင့်ချိန် ပြုံးရယ်နေရာမှ ကွက်ကနဲမျက်နှာ ပျက်သွားပြီး...
“ဟေး..မင်း...မင်းထင်သလို မဟုတ်ဘူး ချိန်းကငါ့သား ဟုတ်တယ် ငါ့မှာသားရှိတယ်”

ပန်းကလျာ မျက်နှာလေး မဲ့ခါ ရယ်လိုက်ပြီး..
“ဟား...ရှင့်မျက်နှာကလည်း အလိမ်ပေါ်သွားတဲ့ မျက်နှာကြီးပါ့လား ..အဟင်း ဒီလိုဆိုရင်တော့ သေချာတယ် ချိန်းဆိုတဲ့သူက ရှင့်သားအရင်းမဟုတ်ပဲ ရှင်ခေါ်သွားတဲ့ ကျွန်မအစ်ကိုပဲနေမှာ...
နောက်ဆုံးတော့ ကျွန်မအစ်ကိုကို ကျွန်မရှာတွေ့ပြီပဲ။.
ကျေးဇူးပါ ရှင့်ကို လေကုန်ခံပြီး ဘာမှဆက်ပြောနေစရာ မလိုတော့ဘူး ကျွန်မကို ခွင့်ပြုပါဦး ဦးသော်မြင့်ချိန်”

ဆိုဖာပေါ်ထိုင်နေရာမှ ထခါ ပြန်ဖို့အတွက် အခန်းတံခါးစီသို့ လျှောက်သွားနေသည့် သူမအား...အနောက်မှ...
ဦးသော်မြင့်ချိန် လက်ဝါးစောင်းဖြင့် မေ့ကြောအား ရိုက်ချလိုက်သည်။
“ဒုတ်...”

ခွေကနဲလှဲမည့် သူမ ခန္ဓာကိုယ်လေးအား သူထိန်းလိုက်ပြီး...
“အဟွန်း...မင်းက အမှန်တရားကို သိသွားမှတော့ ငါကမင်းကို အိမ်ပေးပြန်လို့ ဘယ်ဖြစ်ပါ့မလဲ....”

ဦးသော်မြင့်ချိန် သူ၏အိတ်ကပ်ထဲမှ
ဖုန်းထုတ်ခါ ခန့်ကျော်စီသို့ ဖုန်းဆက်လိုက်သည်။
ခဏကြာတော့ အခန်းထဲသို့ ခန့်ကျော် ရောက်လာခဲ့သည်။
“သူဌေး ကျွန်တော်ရောက်ပါပြီ”

“အေး...သူက အဖြစ်မှန်ကို သိသွားပြီ ဒါကြောင့် ငါတို့ သူ့ကို အိမ်ပေးပြန်လို့မဖြစ်ဘူး...မင်းသူ့ကို ငါချိန်းကို ဝယ်ပေးထားတဲ့ ကွန်ဒိုစီခေါ်သွားပြီး ခဏပိတ်ထားလိုက် ... နောက်မှနေရာ ပြောင်းမယ်..“

“ဟုတ်ကဲ့ သူဌေး..”

အခန်းထဲမှ ပန်းကလျာအား ပွေ့ချီခါ ထွက်သွားသည့် ခန့်ကျော်အား အတွင်းရေးမှူးမလေးက ခပ်ကြောင်ကြောင်ဖြင့် လိုက်ကြည့်နေသည်။

“ဒီမှာ...”
“ဟင်...”
အနောက်မှ လာသည့်အသံကြောင့် သူမလှည့်ကြည့်လိုက်တော့ သူဌေးဖြစ်သည်။
“ဒီကို ဘယ်သူလာမေးမေး သူမ မလာဘူးလို့ပဲဖြေ ကြားလား...”
“ရှင်...သူဌေး ဘာဖြစ်လို့လဲ”

“စကားမရှည်နဲ့ ရော့ ဒီမှာနင့်အတွက်”
ချက်လက်မှတ်အား အတွင်းရေးမှူးမလေးထံ ကမ်းပေးလိုက်သည်။
ကမ်းပေးသော ချက်လက်မှတ်အား သူမဆွဲယူခါ ကြည့်လိုက်တော့ ၁၀သိန်းထုတ်ရန် ရေးပေးထားသည်။
ထိုအခါမှ သူမငွေမျက်နှာဖြင့်
“ဟုတ်ကဲ့ သူဌေး ဘယ်သူလာမေးမေး မလာဘူးလို့ပဲ ဖြေပါ့မယ်”
“အေ့ နင့်ပါးစပ်လုံပါစေနော် မဟုတ်လို့ကတော့ နင့်ပါအစဖြောက်ပစ်မှာ”
“စိတ်ချပါသူဌေးရဲ့ ကျွန်မပါးစပ်လုံပါတယ်..ဟီး..”


rate now: