🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
🍥🍥🍥🍥🍥🍥
ခန်းနားကျယ်ဝန်းလှသည့် စံအိမ်တော်ကြီးတွင် ဆန်းသစ်လှပသည့် မီးပန်းဆိုင်ကြီးများနှင့် လှပထည်ဝါနေသည်။
အသုံးအဆောင်ပစ္စည်းများမှာလည်း ဂျပန် ရိုးရာနှင့် နီးစပ်ပြီး အရာအားလုံးက စျေးကြီး ပစ္စည်းတွေကြည်ပင်...
ဤသည်ကို သုတကြည့်၍ မျက်လုံးတွေ တစ်လက်လက်တောက်ပနေပေမယ့်....
သျှားကတော့ ဘာမှမဖြစ်သလို ဘာမှ မထူးခြားသလိုသာပင်...
စက္ကူထူ ဆွဲတံခါးလေးဖွင့်ခါ ဝင်လာသည့် ဒေါ်မီကီရိစန်မှ...
“အဟွန်း...စောင့်နေရတာ ကြာပြီလားကွယ်...”
ဒေါ်မီကီရိစန် ဧည့်ခန်းထဲဝင်လာခါ မေးလိုက်သောကြောင့် သုတ လှည့်ကြည့်ခါ ဖြေလိုက်သည်။
“အာ...မကြာသေးပါဘူးဗျ အခုပဲရောက်ပါတယ် “
“အာ...ဟုတ်ကဲ့”
သျှားကတော့ မကြားသလိုပင် ခပ်ချေချေဖြင့် ထိုင်နေသည်။
ဤသည်ကို ဒေါ်မီကီရိစန် တစ်ယောက် ရိပ်မိပါသည် သို့သော်လည်း မတတ်နိုင်ဘူး စီစဉ်စရာ ရှိတာတော့ စီစဉ်ရမည်။
သျှား၏ ညာဘက်ထောင့်ရှိ ဆွဲတံခါးလေး ပွင့်လာတာကြောင့် ဘာရယ်မဟုတ် သူဖျတ်ကနဲ့ ကြည့်လိုက်တော့ ဂျပန်ရိုးရာကီမိုနို ဝတ်စုံ ဝတ်ဆင်ထားသည့် ယူမီအားတွေ့လိုက်ရသည်...။
ဝတ်စုံနှင့်လိုက်ဖက်စွာ လှပနေသော်လည်း အရင်လိုဆိုရင်တော့ သူမကိုကြည့်ပြီး သူရင်ခုန်မိမှာပင်၊
ယခုတော့ သူမအား စိတ်နာမှုတွေကြောင့် ရင်ခုန်ရမှန်းတောင် သူမသိ။
ရုတ်တစ်ရက်မို့ ဒီတစ်ခါတော့ နှစ်ဦးသား အကြည့်ချင်း ဆုံသွားရသည်။
ယူမီက သျှားကို ပြုံးပြလိုက်ပေမယ့်
သျှားကတော့ ကြည့်နေရာမှ မျက်နှာပြန်လွဲလိုက်သည်။
ပြုံးပြနေသည့် သူမမှာ သူ့ကြောင့် ရင်ထဲ ဟာတာတာဖြစ်သွားရပြီး...
အနည်းငယ်ရှက်မိသည်။
“သမီး အဲ့မှာဘာရပ်လုပ်နေတာလဲ လာ ထိုင်လေ....”
“ဟုတ်ကဲ့ မေမေ”
ခပ်သွက်သွက်ကလေး သူမ၏ မိခင်နံဘေးတွင် ဝင်ထိုင်လိုက်ပေမယ့်...
သူမအကြည့်တို့က သျှားမျက်နှာလေး စီသို့သာ အရိပ်တကြည့်ကြည့် ဖြစ်နေသည်။
“ကဲ အန်တီအနေနဲ့ကတော့ မင်္ဂလာပွဲကို သဘက်ခါလောက် လုပ်ချင်တယ်ကွယ်...အဲ့နေ့လေးက ရက်ကောင်းရက်မြတ်လည်း ဖြစ်လို့ နေ့နံကိုက်မကိုက်တွက်ချက်ရအောင် အန်တီ ဘုန်းကြီးတစ်ပါး ပင့်ထားတယ်ကွဲ့ သားတို့ ဘက်ကကော ဘယ်လို သဘောရလဲ”
မေးနေတာကြောင့် ဖြေရန် သျှားအား သုတ လက်တို့လိုက်သည်။
“အန်တီတို့ သဘောအတိုင်း စိတ်ကြိုက်လုပ်ပါ ကျွန်တော့်အကုန်မငြင်းပဲ လက်ခံမှာမလို့ ကျွန်တော့်ကို ဘာမှ လာမမေးပါနဲ့ “
သျှား၏အပြောကြောင့် သုတမှာ မျက်နှာပူနေရပြီး စကားအားထိိန်းပြောဖို့ လက်ဖြင့် လှမ်းလှမ်းတို့နေ၏။
ခပ်ပျက်ပျက်ပြောလိုက်သော သျှားကြောင့် ဒေါ်မီကီရိစန်တစ်ယောက် ခပ်မဲ့မဲ့ပြုံးခါ
“ကောင်းပါပြီကွယ် မမေးတော့ပါဘူး အန်တီတို့ စိတ်ကြိုက်ပဲ စီစဉ်လိုက်တော့မယ်”
ယူမီကတော့ သျှားမျက်နှာလေးကို ကြည့်နေရင်းမှ...
သျှားမာန်ရယ် ဘာလို့များ ဒီလောက်ထိတောင် ယူမီကို စိတ်နာနေရတာလဲ
အရာရာကို ပျက်ပျက်သားသားနဲ့ ခါးခါးသီးသီးကို ဖြစ်နေပါရောလား ....
ကျေးဇူးပြုပြီး သျှားမာန်ရယ် .... ယူမီကို ဒီလိုတွေ မဆက်ဆံပါနဲ့လား...
ထိုစဉ် တံခါးလေးထက် ပွင့်လာခါ
“ဪ...ဘုန်းဘုန်းတို့ကြွလာပြီလား
ထိုင်ပါ ရှင့် ထိုင်ပါ ..”
သူတို့ ၄ယောက်သား ထိုဘုန်းကြီးအား မတ်တပ်ရပ်ခါ ဦးညွှန့် နုတ်ဆက်လိုက်ရပြီး ...
ထိုဘုန်းကြီးမှာ သူ့အတွက်ပြုလုပ်ပေးထားသည့် သီးသန့်စားပွဲနှင့် ခင်းကျင်းထားသည့်နေရာတွင်ထိုင်လိုက်သည်။
သူ၏ နောက်လိုက်များမှာ လည်း သူ့နံဘေးတွင် ကပ်ထိုင်လိုက်ကြသည်။
ပြီးနောက် သူလွယ်ထားသော ဖျင်လွယ်အိတ်ကြီးထဲမှ ကျမ်းစာအုပ်လိုလို ထူထူဟောင်းဟောင်း စာအုပ်ရှည်ကြီးကို ထုတ်လိုက်ခါ..
“မင်္ဂလာနေ့ရက်အတွက် စတွက်လိုက်ကြတော့မလား”
(စာဖတ်သူတို့ရေ ဒီထဲမှာပါတဲ့ ဘုန်းကြီးကတော့ မဟာယံဏ ဗုဒ္ဓ ဘုန်းကြီးပါနော် ...မဟာယံဏ ဗုဒ္ဓဘုန်းကြီးတွေဟာ ဘုန်းကြီးဝတ်နှင့်ကို တရားဝင်ဇနီးမယား ယူပိုင်ခွင့်ရှိပါတယ်။ကြွယ် တို့ ထေရဝါရဗုဒ္ဓဘာသာနဲ့တော့ အတော် ကွာခြားပါတယ်နော်။
ဒီတိုင်း သိစေချင်လို့ပါ😁)
ထိုသို့ပြောလာတာကြောင့် ယူမီ၏အမေမှာ ခပ်သွက်သွက်လေး ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ဘုန်းဘုန်း တွက်လိုက်ပါ့မယ်”
ကျမ်းစာအုပ်ကြီး ဖွင့်ခါ
စတင်တွက် ချက်နေကြပြီး သုတနှင့် ဒေါ်မီကီရိစန်တို့သာ စကားတပြောပြော ရှိနေပေမယ့်
သျှားကတော့ တုတ်တုန်မျှ မလှုပ် တိတ်ဆိတ်နေပြီး ..
ယူမီကတော့ သူ့မျက်နှာလေးကိုသာ ငေးစိုက် ကြည့်နေမိသည်။
တဖြည်းဖြည်းနှင့် သူ့အား စိုက်ကြည့်နေသည့် ယူမီကြောင့် အတော်နေရခက်လာသည်။
ထို့ကြောင့် သူလွှတ်ကနဲ ဆိုသလို...
“မင်းမှာငါ့မျက်နှာကလွဲပြီး တခြားကြည့်စရာနေရာ မရှိတော့ဘူးလား မင်းမှာ ကြည့်စရာနေရာ အဲ့လောက် ရှားနေလား ဟမ်..”
“ဟင်!...”
သူ့စကားကြောင့် ယူမီ မျက်နှာလေးနီရဲတွတ်သွားရပြီး...မေမေနဲ့ ကိုသုတအပြင် မင်္ဂလာ ရက်မြတ်တွက်ပေးနေသည့် ဂျပန်ဘုန်းကြီးနှင့်သူ၏နောက်လိုက်တို့ကပါ သူမထံသို့ အကြည့်များရောက်လာကြသည်။
ရှက်စိတ်တို့ကလည်း မွှန်ထူခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ချေ ။
“ဟို..ဟို ကျွန်မ...”
သမီးဖြစ်သူ၏အခက် အခဲကို သိလိုက်တာကြောင့် ဒေါ်မီကီရိစန်မှာ...
“ဪ...သားကလည်းကွယ် ကိုယ့်ခင်ပွန်းလောင်း မျက်နှာကိုယ်ကြည့်တာပဲ ဘာဖြစ်တာမှတ်လို့ အဟင်း အဟင်း
အားလုံးပဲ...လုပ်စရာရှိတာ ဆက်လုပ်ကြပါ အဟင်း...”
အားလုံးကလည်း သူမစကားကြောင့် တွက်စရာရှိတာပြန် တွက်နေလိုက်ပြီး
သုတကတော့ သျှားအား လက်တို့ခါ မသိမသာ အနားနာကပ်၍
“ဘယ်လိုလုပ်လိုက်တာလဲ သျှားရဲ့ မင်းလုပ်ရပ်က မိန်းကလေးဆန်လိုက်တာကွာ..ကိုယ့်ဇနီး ဖြစ််မယ့်သူက ကြည့်တာပဲ ကြည့်ပါစေပေါ့ကွာ..”
သျှားမျက်နှာကြီး မှုန်သုန်ခါ ဘာမှ ပြန်မပြောပဲနေနေသည်။
သျှားအဖြစ်ကို သုတကြည့်၍ ခေါင်းတစ်ရန်းရန်းဖြင့်
မင်းနဲ့တော့ ခက်တာပဲကွာ...
မိန်းကလေးဖြစ်တဲ့သူက ဘာသံမှမထွက်ရဘူး
ယောကျာ်းလေးဖြစ်တဲ့ မင်းက ဟိုဟာမကြိုက်ရတာနဲ့ ဒီဟာမကြိုက်ရတာနဲ့
အသံတွေထွက်နေတယ်..
မင်းနဲ့တော့ တကယ်ခက်တယ်....ဟူး..
သျှားကိုကြည့်ခါ သုတသက်ပြင်းရှည်ကြီး ချလိုက်မိသည်။...
🌴🌴🌴🌴🌴🌴
မှိန်ပြပြမီးအလင်းရောင်လေးအောက်တွင် သျှားတစ်ယောက် ဟိုလှိမ့် ဒီလှိမ့်ဖြင့် အိပ်မပျော်ပဲ ရှိနေသည်။
ထို့ကြောင့် မီးအိမ်တင်ထားသည့် စားပွဲပေါ်ရှိ ဖုန်းအားကောက်ယူကာ ကြည့်လိုက်တော့ 10:23 PM
ဟူး...ငါအိပ်မပျော်ဘူးကွာ....
ချိန်းစီဖုန်းဆက်ကြည့်ဦးမယ်..
တူ...တူ..
အမှတ်မရှိသူ ဖုန်းခေါ်နေပေမယ့် တစ်ဖက်ကတော့ လုံးဝမကိုင်ချေ။
၁ခါက ၂ခါ /၂ခါက ၃ခါအထိ သူကြိုးစားခေါ်နေပေမယ့် တစ်ဖက်ကတော့ ဘယ်လောက်ခေါ်ခေါ် ဖုန်းမကိုင်ချေ။...
သော်...ချိန်းရယ် နေနိုင်လိုက်တာကွာ
သျှား ဒီမှာဘယ်လောက် စိတ်သောက ရောက်နေရလဲ ချိန်းသိရဲ့လား...
ချိန်းကို သျှားရင်ဖွင့်ချင်လို့ပါ...
သျှားရင်ထဲမှာ ခံစားချက်တွေ အရမ်းတင်းကြပ် ပြည့်နပ်နေတယ် ...
သဘက်ခါဆို သျှားမချစ် မနှစ်သက်တဲ့ သူနဲ့ မင်္ဂလာဆောင်ရတော့မယ်
ချိန်းရဲ့....သျှားဘယ်လိုလုပ်ရမလဲ
သျှား သူ့ကိုလက်မထက်ချင်တာတော့ အမှန်ပဲ...သျှားသူမနဲ့ပက်သက်ခဲ့မိတာ
နောင်တတွေရလိုက်တာကွာ....
ရင်ဘက်ပေါ်သို့ ဖုန်းလေးတင်ခါ ကိုင်ထားရင်း...
သူမျက်နှာကျက်ကိုသာ စိုက်ကြည့်နေသည်။
ထိုစဉ်...”တွင်တောင်💬”
အသံကြောင့် သူဖုန်းကိုကြည့်လိုက်တော့....
အင်္ဂလိပ်စာဖြင့် သူ့စီသို့ စာတစ်ကြောင်း ရောက်လာသည်။
ဟင် ..ဒီအချိန်ကြီးကျမှ ငါ့စီ ဘယ်သူပို့တာလဲ...
ပို့ထားတဲ့ စာထဲ သူဝင်ကြည့်လိုက်တော့...
(English လိုရေးတယ်လို့ မှတ်ပေးပါ
English လိုထည့်ရေးရမှာ ပျင်းလို့🤒)
“မင်း ယူမီကို လက်မထက်ချင်ဘူးလို့ ငါသိထားတယ် ဒါဆိုမင်း သူမကို ငါ့စီပေးမလား💬”
ထိုစာကြောင့် သူအံ့ဩသွားရပြီး မည်သူမည်ဝါမှန်း သူမသိတာကြောင့်
“ခင်ဗျဘယ်သူလဲ ...ကျုပ်နဲ့ယူမီလက်ထက်မယ်ဆိုတာ ဘာကြောင့်သိနေရတာလဲ...💬”
“ဟား..ဟားဟား သိဆိုငါက မင်းထက်အရင်သူမနဲ့ ဦးအောင်စေ့စပ်ထားတဲ့သူ ဒိုမိုနာပဲလေ
အခုတော့ မင်းကြောင့်မလို့ ငါနဲ့သူ စေ့စပ်ထားတာ ပျက်သွားရပြီ
မင်းကို ငါသိပ်ကျေနပ်တာမဟုတ်ဘူး
သူမနဲ့ပက်သက်လာရင် ငါအရာအားလုံးသိနိုင်တယ်💬”
“ခင်ဗျက သူ့ကို တကယ်လိုချင်တာလား💬”
“ငါသူ့ကို တကယ်လိုချင်တာ💬”
“ခင်ဗျက သူ့ကို ချစ်နေတာလား💬”
“ချစ်တာထက်ပိုပြီး ပိုင်ဆိုင်ချင်တယ်
မင်းငါ့ကို ရှည်ရှည်ဝေးဝေးတွေ လာပြောမနေနဲ့ မင်းသူနဲ့ မလက်ထက်ချင်ဘူးမလား ငါ့ကို ပေးလိုက်
ငါသူမကို တာဝန်ယူလိုက်မယ်💬”
ထိုစကားကို သျှားသဘောကျ သွားပြီးသူ့စိတ်ထဲတွင် သူမကို လက်မထက်ချင်သည့် စိတ်သာ ရှိနေသောကြောင့်
“Ok ကျုပ် ပေးတယ် ခင်ဗျ သူ့ကိုယူလိုက်💬”
“ဟား ဟားဟား ကြိုက်တယ် ငါကဒါမျိုးမှကြိုက်တာ ဒါဆိုမင်း သူမကို
Chi Tona Club ကို မနက်ဖြန် ညနေ၅နာရီ ခေါ်ခဲ့ ငါတို့အဲ့မှာတွေ့ကြမယ်...💬”
“Ok ဟုတ်ပြီ ကျုပ် သူမကို အဲ့Club ၅နာရီအရောက် ခေါ်ခဲ့မယ်💬”
“အေးဒါပေမယ့် သူမကို ငါတို့အစီစဉ်တော့ မသိစေနဲ့နော်...
နောက်ပြီး မင်းသူမကို ငါ့ ပေးပြီးခါမှ ဇယားလာမရှုပ်နဲ့...
ပေးပြီးရင် သူမက ငါ့အပိုင်ပဲ...
ငါဘာလုပ်လုပ် မင်းပြန်ဝင်လာ မရှုပ်ရဘူး ..ဘယ်လိုလဲ ..💬”
“အဟင်း...ခင်ဗျဘာသာ ကြိုက်သလိုလုပ် အဓိကက ကျုပ်သူနဲ့ လက်မထပ်ရဖို့ အရေးကြီးတယ်...💬”
“အဟက်...တော်သေးတယ် ဒီလောက်လှတဲ့ ငါ့နတ်သမီးလေးကို မင်းမို့လို့ မပိုင်ဆိုင်ချင်တာ သူမကို လိုချင်နေတဲ့ သူတွေမှ ဂျပန်မှာပုံလို့💬”
“အဲ့ဒါကခင်ဗျတို့လေ ကျုပ်မှမဟုတ်တာ ကျုပ်ကတော့ သူမကိုမလိုချင်ဘူး ...အဲ့တော့ ခင်ဗျပြောတဲ့အတိုင်း ကျုပ်မနက်ဖြန် သူမကို အချို သပ်ခေါ်လာခဲ့မယ်💬”
“Ok..ငါစောင့်နေမယ် အဲ့အတွက် မင်းထိုက်တန်တဲ့ ငွေကြေးငါပေးမယ်💬”
“ကျူပ်ငွေမလိုဘူး စေတနာနဲ့ ခင်ဗျသူ့ကို ချစ်နေလို့ ကူညီလိုက်တယ် သဘောထားလိုက်ပါ💬”
“ဟားဟား ဒီတော့လည်း ကျေးဇူးပါကွာ မနက်ဖြန် Club မှာတွေ့ကြတာပေါ့ Bye💬”
ချက်ချင်းပဲသူ ဖုန်းကို ပိတ်ခါ စားပွဲပေါ်ပြန်တင်လိုက်သည်။...
ထို့နောက် သူကျေနပ်သော အပြုံးလေးဖြင့် မျက်နှာကျက်အား ကြည့်ခါပြုံးလိုက်သည်။...
ယူမီဆိုသောကောင်မလေးကို သူငယ်ချင်းထက်ပို၍ သူ မခင်တွယ်သလို ပိုင်လဲမပိုင်ဆိုင်ချင်ပါ ...
သူမအား လက်ထက်ရမည်ဆိုတော့ သူ့အတွက် တီကောင် ဆားနဲ့တို့ သကဲ့သို့ဖြစ်နေရသည်။
သူမ၏အမေရှေ့တုန်းက ဘာမဆိုလက်ခံတာဝန် ယူမည်ဟု သူပြောပေမယ့်
စိတ်ထဲကတော့ လုံးဝ တာဝန်လဲမယူချင်သလို လက်လဲမခံချင်ပေ။
မလွဲသာ၍သာ သူလက်ခံလိုက်ရခြင်းသာ...
ယခုတော့ သူလွတ်မြောက်ဖို့ ထွက်ပေါက် လွတ်လမ်းကို တွေ့ခဲ့ပြီဖြစ်သည်။..
လက်မထက်ရဖို့အရေးတွက် သျှားတစ်ယောက် မှားတာမှန်တာတွေ ခွဲခြားမနေပဲ လွှတ်မြောက်ချင်စိတ် တစ်ခုတည်း အတွက် သူအတ္တဆန်စွာ တစ်ကိုယ်ကောင်းစိတ်မွှေးလိုက်မိသည်။...
🍁🍁🍁🍁🍁🍁
**~~**~~**အပိုင်း ၂၉ ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)