book

Index 27

(အပိုင်း ၂၇)

  • Author : Kyawal
  • Genres : Drama

🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️


“ဒေါက်...ဒေါက် ဒေါက်”

“ကြီးဝေလား... ဝင်ခဲ့ပါ”

“ဂျလောက်...”

“ကြီးဝေ ကျွန်တော် ဆေးသောက်...”
ကြီးဝေအထင်နဲ့ လှည့်ကြည့်ခါ မှ..
“ဟင်!...ပိုး..”

ဆံပင်အရှည်ကနေ ယခုဆံပင်အတိုသို့ ပုံစံ ချိန်းလိုက်တော့ ပိုပြီးရှင်းသန့်ခါ ကြည့်လို့ကောင်း သွားပေမယ့်
မျက်နှာလေးကတော့ မျက်တွင်းများခွက်ခါ အရင်ကချောမော သန့်ပြန့်လှသည့် မျက်နှာလေးမှာ ယခုတော့ ညိုးငယ်နေသည်။
ထိုပုံစံလေးကို မြင်တော့ ပိုးတစ်ယောက် ချက်ချင်းဆိုသလို မျက်ရည်တွေ ဝဲတတ်လာ၏။
ပြတင်းပေါက်နား ရပ်နေသည့် သူ့ထံသို့ သူမပြေးသွားလိုက်ပြီး ...
ခါးလေးအား တင်းနေအောင် သိုင်းဖက်လိုက်သည်။...
“ကို...ကို ဒီလောက်ထိ ဖြစ်တာတောင် ပိုးကို တစ်စက်လေးမှ အသိမပေးပဲ ဘာမှမဖြစ်သလို နေနိုင်ရတာလဲ...ပိုးကလည်းနော် တုန်းအလိုက်တာ ကိုယ့်ချစ်သူ တစ်ယောက်လုံး ဒီလိုဖြစ်နေတာတောင် ကိုယ့်ဘာသာ အလိုက်သိမယ်မရှိဘူး...ကို့ ကို လာမကြည့်ပဲ ပစ်ထားခဲ့တယ်..ကို့ကို မျက်ကွယ်ပြုခဲ့တယ်...ကို့ကို အထီးကျန်စေခဲ့တယ်..ပိုးက တော်တော် အသုံးမကျတဲ့ ချစ်သူပဲ...ဟီး..ဟီး..ဟီး ပိုးမှာ အပစ်ရှိပါတယ်ကိုရယ် ပိုးအမှားတွေပါ.. ပိုးတောင်းပန်ပါတယ်...”

ဖက်တွယ်ခါငိုနေသည့် သူမပုခုံးလေးအား သူပြန်ဖက်ထားရင်း..
“မဟုတ်တာပဲ ပိုးရယ် ..မငိုပါနဲ..ပိုးမှာ အပစ်လည်း မရှိသလို ကိုယ့်ကို တောင်းပန်စရာလဲ မလိုပါဘူး ကွာ ... ကိုယ်ကသာ ပိုးကို အသိမပေးပဲ နေခဲ့လို့ အခုလို ပိုးမြင်ပြီး စိတ်မကောင်းဖြစ်ရတာ ကိုယ်တောင်းပန်ပါတယ်”

ချက်ချင်းဆိုသလို မှီထားသည့် သူ့ရင်ခွင်ထဲမှ တိုးထွက်ခါ...
ပါးနှစ်ဖက်ကို သူမလက်ခုံလေးနဲ့ ညင်သာစွာ ကိုင်လိုက်ပြီး...
“ဟင့်အင်း...ဟင့်အင်း..ကိုတောင်းပန်စရာမလိုဘူးနော် ... ပိုးကသာ တောင်းပန်ရမှာ...ပိုးက ကို့အနားမှာ နေပြီး ဂရုစိုက်မပေးလို့...ကိုဒီလိုဖြစ်ရတာ..အခုကစပြီး ပိုးကို့အနားမှာနေပြီး ကို့ကို ဂရုစိုက်​မယ်နော် ...ပိုးကို့ကို ပစ်မထားတော့ဘူးနော်...အရမ်းချစ်တယ်ကို..”

ခြောက်ကပ်ဖြူဖက်နေသည့် သူ့နှုတ်ခမ်းလေးအား နူးညံ့အိထွေးသည့် သူမနှုတ်ခမ်းလေးဖြင့် ဖွဖွလေးထိခါ နမ်းလိုက်သည်။...
ထိုအဖြစ်ကြောင့် ချိန်း အံ့အားသင့်ရသည်။
ချစ်သူမဖြစ်ခင်နှင့် ချစ်သူဖြစ်ပြီးချိန်ကစလို့ သူ့ဘက်ကသာစပြီး သူမကို အနမ်းတွေခြွေခဲ့ရတာ...
သူမဘက်က စပြီး အခုလိုသူ့ကို ယုယုယယ နမ်းဖူးတာဆိုလို့ ဒီတစ်ခါသာ ရှိသည်။..
အဲ့အတွက် သူအလွန်ပျော်မိသည်..။
သူမအား တင်းကြပ်စွာ သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်ပြီး....
ချစ်တယ် ပိုးရယ်။...
ကိုမင်းကို အဆုံးရှုံးမခံနိုင်သလို
မင်းနဲ့ဝေးရမှာလည်း ကိုကြောက်တယ်..
မင်းကိုထားခဲ့ပြီး ထွက်သွားရမှာကိုလည်း ကိုယ်အရမ်းကြောက်တာပဲ ပိုးရယ်...
ကိုယ်မင်းနဲ့မဝေးချင်ဘူး မဝေးချင်ဘူး..မဝေးပါရစေနဲ့...။

~~~***~~~***~~~***~~~

အခန်းထဲရှိ ပန်းကလျာတစ်ယောက် ကွန်ပျူတာအရှေ့ ထိုင်ခါ အလုပ်ရှုပ်နေသည်...။
ကော်ဖီလေး တစ်ငုံသောက်လိုက်ပြီး...ကွန်ပျူတာနိပ်ခါ သေချာကြည့် နေသည်။...
စားပွဲတစ်ခုလုံးလည်း စာရွက်ဖြူတွေနှင့် ရှုပ်ပွနေသည်။
သူမရှာနေသည့် အချက်အလက်က ဦးသော်မြင့်ချိန်ဟူသော...လူကြီးအကြောင်းပင်....

နာမည်အား English လိုရိုက်ခါ google တွင်ရှာကြည့်လိုက်တော့ ဦးသော်မြင့်ချိန်နာမည်နှင့်ပုံများ အပါအဝင် အချက်အလက်များ ကျလာသည်။
ထိုထဲမှ သူမစိတ်ဝင်စားသည့် အကြောင်းအရာများ ဖတ်ရှူရင်း ဦးသော်မြင့်ချိန်ဟာ Fashion Diamond 💎 ကုမ္ပဏီရဲ့ ဉက္ကထမှန်းသိလိုက်ရသည်။အခြားလုပ်ငန်းခွဲတွေလည်း ရှိပေမယ့် ဦးသော်မြင့်ချိန်နာမည်ဖြင့် လူသိအများဆုံး လုပ်ငန်းမှာ ထို ကုမ္ပဏီသာဖြစ်သည် ။...

နောက်ဆက်တွဲအနေဖြင့် အောက်သို့သူမဆွဲကြည့်လိုက်တော့ ဦးသော်မြင့်ချိန်နှင့်အတူရိုက်ထားသည့် လူ၃ယောက်ပုံအားတွေ့လိုက်ရသည်။
ထိုလူ၃ယောက်လုံး အနက်မှ ၂ယောက်ကိုတော့ သူမကောင်းကောင်းသိသည်။ တစ်ယောက်က သူမအမေကို ကားနှင့်တိုက်မိခဲ့ဖူးသည့် ချိန်းဖြစ်ပြီး တစ်ယောက်ကတော့ နာမည်ကြီး မော်ဒယ်သျှားမာန်ငြိုးဖြစ်သည်။နောက်တစ်ယောက်ကိုတော့ သူမလုံးဝမသိချေ။
ဓာတ်ပုံအောက်ရှိ စာသားများအား သူမဖတ်ကြည့်တော့....
ချိန်းဟာ ဦးသော်မြင့်ချိန်၏ တစ်ဦးတည်းသော သားဖြစ်ကြောင်း ရေးထားမှန်းတွေ့လိုက်ရသည်။
“ဟင်! ဒီဒီလူက သူ့သားလား”
“ဟင့် သူ့မှာလည်းသားတစ်ယောက်လုံးရှိနေတာတောင် မိဘချင်းကိုယ်ချင်းမစာပဲ သူများသားသမီးကို ခိုးယူပြီး ဖျောက်ထားရဲတယ်...တော်တော် ယုတ်မာတဲ့ လူကြီးပဲ ...”

အကြောင်းအရာ စုံကို ဖတ်ပြီးတဲ့နောက် သူမ ထိုလူကြီးအား သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။...
သူမအတွက်တွေးစရာက ဖေဖေခေါ်တော့ ဦးစိုင်းဌာရ သူမအား သူပြောတော့ ဦးသော်မြင့်ချိန်....
ကြားထဲမှာ ဘာတွေများ ထက်ပြီး လွဲနေပြန်တာလဲ

“ဦးသော်မြင့်ချိန် ..ဦးသော်မြင်ချိန် တကယ်တမ်းကျ ရှင်က ကျွန်မအမေ ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ အဓိကတရားခံပဲကိုး...ကျွန်မရှင့်ကို လုံးဝခွင့်မလွှတ်ဘူး အဲ့အတွက်ကျွန်မ ရှင့်ကို လက်စားပြန်ချေပြမယ်...”

စားပွဲပေါ်တင်ထားသည် လက်ကလေးအား ကျစ်နေအောင် ဆုတ်ထားရင်း ပန်းကလျာ အံကြိတ်လိုက်သည်။...

ယခုလိုခေတ်မှီနေတဲ့ ခေတ်ကြီးထဲမှာ အရာရာကို ဖုံးဖိထားနိုင်ဖို့ဆိုတာ ခက်ခဲလှသည်မလား...

***~~~***~~~***~~~***

လေတစ်ချွန်ချွန်ဖြင့် အပြင်မှပြန်လာသည့် သားဖြစ်သူအား ဧည့်ခန်းစားပွဲရှေ့တွင် ဂျပန်တမင်ခွေထိုင်ခါ ဦးမိုတာနို လှမ်းခေါ်လိုက်သည်။
“ဒိုမိုနာ...ဒီကိုလာဦး “

ကိုယ့်အတွေးနှင့်ကိုယ် စိတ်ကူးယဉ်ခါ လေလေးချွန် အခန်းထဲဝင်ဖို့ လုပ်နေရာမှ အဖေဖြစ်သူ၏ ခေါ်သံကြောင့်...
“ကျစ်..ဘာလဲ အဖေရာ..အာရုံပျက်လိုက်တာ”

“ဒီမှာ ခဏ လာထိုင်ဦး”

ဆိုးချင်သလိုဆိုး မိုက်ချင်သလို မိုက်ပေမယ့် ဖခင်ဖြစ်သူဦးမိုတာနိုကိုတော့ သူကြောက်ရသည်။
သို့သော် အပြောအဆိုတော့ မယဉ်ကျေးပေ။ ဒီလောက်ဆိုးသွမ်းနေသည့် သူ့အားမည်သူမှ မထိရဲလောက်အောင် ဖြစ်နေသည်က သူ့ဖခင်အရှိန်အဝါကြောင့်ပင်....
ဖအေအားကိုးဖြင့် ဆိုးမိုက်နေသည့် သားဆိုးပင်ဖြစ်သည်....။

အဖေဖြစ်သူခေါ်နေသောကြောင့် မထိုင်ချင်သော်လည်း အောင့်အီးခါ ထိုင်လိုက်ရသည်။
“ငါမင်းကို ပြောစရာရှိတယ်....”

“ဟုတ် ပြောပါ..”
စိတ်မပါသောလေသံဖြင့် ပြောလာသော သားဖြစ်သူအား ဦးမိုတာနို မျက်မှောင်ကျုံ့ ကြည့်လိုက်ပြီး...
“မီကီရိစန်စီက မင်းနဲ့ယူမီရဲ့ စေ့စပ်ပွဲဖျတ်သိမ်းကြောင်းနဲ့ တောင်းပန်စာကို ငါလက်ခံလိုက်ပြီ “

💢ဗျာ...အဖေ.......
အဖေ ဘာပြောလိုက်တယ်...
စေ့စပ်ပွဲ ဖျတ်သိမ်းတယ် ဟုတ်လား
ဒါလုံးဝ မဖြစ်နိုင်တဲ့ အရာပဲ
ကျွန်တော် လက်မခံဘူး အဖေ”
ထိုစကားကြောင့် ဒိုမိုနာတစ်ယောက် အသဲခိုက်အောင် ဒေါသထွက်သွားရသည်။

“မင်းကနွားဖြစ်ချင် နေတာလား ...
ဒီလောက်ထိ သူဘက်က ပွင့်ပွင့်လင်းလင်း ပြောပြလာတာတောင် မင်းက သူ့ကို လက်မလွှတ်နိုင်သေးဘူးလား ကွ”

“သူ့ဘာသာ ဘယ်သူနဲ့ အိပ်ခဲ့အိပ်ခဲ့ဗျာ
ကျွန်တော် သူ့ကိုပဲ ပိုင်ဆိုင်ချင်တယ်
စေ့စပ်ပွဲ ဖျတ်သိမ်းတာကို ကျွန်တော် လုံးဝ လက်မခံဘူး”

“ဒီမှာငါ့သား သူ့ထက်သာတဲ့ မျိုးရိုးနဲ့ သူ့ထက်သာတဲ့ မိန်းကလေးတွေ အများကြီး ရှိသေးတယ် အဲ့ထဲက သားကြိုက်တာရွေးလိုက် ဖေဖေကိုယ်တိုင် လိုက်တောင်းပေးမယ် ...
မင်းရဲ့ အခုယူမီနဲ့တော့ လုံးဝမဖြစ်နိုင်တော့ဘူး..
ဖေဖေတို့ ရဲ့ မျိုးရိုးစဉ်စပ် ဘိုးဘွားကတိတွေကို သူတို့ဘက်က အခုလို ဖောက်ဖျတ်လိုက်လို့ ဒဏ်ခက်ခံရဦးမှာပါ...”

“ဟာ...အဲ့ဒါတွေ ကျွန်တော် မသိဘူးဗျာ..ကျွန်တော် သူ့ကိုပဲ တကယ်ချစ်တယ် သူ့ကိုပဲလက်ထက်ချင်တယ် ဆိုတာပဲ”

“တိတ်စမ်း ဒိုမိုနာ ... မင်းနွားမဖြစ်ချင်စမ်းနဲ့...ဘိုးဘွားတွေရဲ့စည်းမျဉ်းမှာ အပျိုစင်ဖြစ်မှ လက်ထက်ခွင့်ရှိတာကွ အခုမင်းရဲ့ ယူမီက အပျိုစင်တစ်ယောက် မဟုတ်တော့ဘူး ဒီတော့ မင်းသူ့ကို မေ့လိုက်...
နောက်ပြီး တစ်ခါတည်းမှာလိုက်မယ်
မင်း...သူတို့အိမ်ကို ချောင်းပေါက်မတတ် သွားလာနေတာတွေ...အခုကစပြီး ရပ်တန်းက ရပ်လိုက် ငါနှစ်ခါမပြောချင်ဘူး ဒိုမိုနာ ဒါပဲ”

ပြောပြီး ထသွားဖို့ပြင်လိုက်သည့် ဦးမိုတာနိုအား...
“တောင်းပန်ပါတယ် အဖေ...
အဖေဘယ်လိုပဲ တားတား ကျွန်တော်ကတော့ ... ယူမီကို ရအောင်ယူမှာပဲ...”

ထိုစကားကြောင့် ဦးမိုတာနို တစ်ယောက် ထောင်းကနဲ အမျက်ဒေါသထွက်သွားခါ...
💢ဘာကွ...ဒီလောက် ဖအေက တားနေတာတောင် နားမထောင်ပဲ နေတဲ့ကောင် ကဲကွာ..”
“ခွပ်..”

ဦးမိုတာနို၏ လက်သီးချက်ကြောင့် ကြမ်းပြင်ပေါ် ပက်လက်အနေထား လှဲကျသွားသည့် ဒိုမိုနာမှာ
မျက်နှာကိုတင်းမာထားပြီး...
“အဖေ ကြိုက်သလောက်ထိုး ကျွန်တော်ကတော့ ယူမီကို ရအောင်ယူပြမယ်”

💢တောက်..မင်း... ကဲကွာ ကဲကွာ ဖအေ့စကားတောင် နားမထောင်ပဲ မိုက်လုံးကြီးတဲ့ကောင် အလကား မိန်းမ တစ်ယောက်အတွက် တဏှာရူးနေတဲ့ ကောင် ကဲကွာ”
“ခွပ် ..ခွပ်..ခွပ်”

ဒိုမိုနာအား အဆက်မပျက် လက်သီးဖြင့်ထိုးနေသောကြောင့် အိမ်တော်ထိန်းနှင့် လူယုံတော်များ ရောက်လာပြီး
လူခွဲလိုက်သည်...
“သခင်ကြီး ...စိတ်ထိန်းပါ သခင်ကြီး
မလုပ်ပါနဲ့ “

“တောက် ...💢မင်း ကျက်ကျက်သတိထား မိန်းမမရှားဘူးကွ နွားအဖြစ်ခံပြီး ယူရဲယူကြည့် ...
ငါ့မျိုးရိုးဂုဏ်ကိုတော့ အထိခိုက်အစော်ကား မခံနိုင်သလို ငါ့သိက္ခာကျအောင် လုပ်ဖို့ မစဉ်းစားနဲ့...
မင်းကို တစ်ခါတည်း အသေသတ်ပစ်မယ်”

ထိုသို့ကြိမ်းဝါးခါ ဦးမိုတာနို ခြေသံပြင်းပြင်းဖြင့် ထိုနေရာမှထွက် သွားတော့သည်။

ဒိုမိုနာ နှုတ်ခမ်းထောင့်မှ သွေးတို့ကို လက်ခုံဖြင့် ဖိသုတ်လိုက်ပြီး...
စိတ်ထဲမှ...
ကျွန်တော်ကတော့ ရအောင် ယူမှာပဲ...

🍥🍥🍥🍥🍥🍥


rate now: