🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
“ဟာကွာ...ခန့်ကျော်”
ဦးသော်မြင့်ချိန် ခန့်ကျော်ဘက်သို့ မေးဆက်ပြလိုက်သည်။
ချက်ချင်းဆိုသလို ခန့်ကျော်မှာ ခြေထောက်ကိုဆွဲဖက်ထားသည့် ဦးစိုင်းခန်းသန့် လက်တိူ့အား အတင်းဆွဲဖယ်ခါ တွန်းထုတ်ပစ်လိုက်သောကြောင့် ခါးရိုးမြတ်ခါနာသွားသည်။
“အား...”
ထောင်ထောင်မောင်းမောင်း နှင့် သန်မာသည့် ခန့်ကျော်အားကြောင့် ဦးစိုင်းခန်းသန့်၏ ဖယ်တွယ်ထားသော လက်များမှာ ပြုတ်ထွက်သွားပြီး ပက်လက်အနေထားဖြင့် ကြမ်းပြင်ပေါ် လှဲကျသွားရသည်။
“အမလေး ဖေဖေ...”
လှဲကျသွားသည့် အဖေဖြစ်သူကို ပန်းကလျာ ထူပေးရင်း
“ဟင်...ရှင်တို့ ကျွန်မအဖေကို လုပ်တာ အတော် တရားလွန်နေပြီနော် “
ဦးသော်မြင့်ချိန် သူမအား ခပ်မဲ့မဲ့ပြုံးပြခါ ထွက်သွားတော့သည်။
“နေဦး စိုင်းဌာရ...စိုင်းဌာရ.. ”
သူမအဖေကတော့ လှဲကျနေရာမှ နာကြင်နေလည်း မရမက ထခါ အိမ်ရှေ့ သိူ့ ပြေးထွက် လိုက်သွားခဲ့ပေမယ့် ဦးသော်မြင့်ချိန်၏ ကားမှာ မောင်းထွက်သွားပြီ ဖြစ်သည်။..
ထိုခါ ဦးစိုင်းခန်းသန့်တစ်ယောက် ထိုနေရာလေးမှာ အရူးတစ်ယောက်လို ဒူးထောက်လျက် ထိုင်ငိုချရင်း...
“ဟီး...ဟီး..ဟီးငါ့သားကို ပြန်ပေးပါ ..စိုင်းဌာရ ငါတောင်းပန်ပါတယ် နှစ်၃၀လုံးခွဲထားခဲ့ပြီးပြီပဲ တော်ပါတော့ကွာ ငါ့သားလေးနဲ့ မသေခင်အတူရှိချင်သေးလို့ပါ ငါတို့ မိသားစုတွေ အတူ စုံစုံလင်လင်နဲ့နေချင်သေးလို့ပါ
ပြန်ပေးပါ ငါ့သားကို ဟီး ဟီး”
ဒူးထောက်ခါ ငိုယိုနေသည့် အဖေဖြစ်သူအနားသို့ ပန်းကလျာပြေးသွားရင်း အနောက်မှ သိုင်းဖက်ထားလိုက်ပြီး
“ဘယ်လို ဖြစ်ရတာလဲ ဖေဖေရယ် ...ဖေဖေငယ်ငယ်က သမီးကိုပြောတော့ ကိုကိုက သေသွားပြီဆို အခုကြ ဘယ်လို ဖြစ်ရပြန်တာလဲ”
သိုင်းဖက်ထားသော သမီးဖြစ်သူလက်အား ပြန်ကိုင်ခါ “ဖေဖေတောင်းပန်ပါတယ် သမီးရယ် ဖေဖေ သမီးကိုကို ကို ပြန်ရှာတွေ့ခါမှ အကြောင်းစုံ ပြောပြတော့မယ်လို့ စီစဉ်ထားတာ အခုတော့ သမီးကြားတဲ့ အတိုင်းပါပဲ သမီးကိုကိုက အသက်ရှင်နေသေးတယ် သမီးကိုကိုက သူ့လက်ထဲမှာပဲ”....
🪴🪴🪴🪴🪴
“💢တောက်...”
ကားနောက်ခန်းမှ ကျယ်လောင်စွာ တောက်ခေါက်သံကြောင့်
ခန့်ကျော် ကားမှန်မှ ကြည့်လိုက်မိသည်။
ဦးသော်မြင့်ချိန် မျက်နှာတစ်ခုလုံးရဲရဲနီခါ ဒေါ်သမှုန်တိုင်းများ တိုက်ခက်နေသလိုပင်....
ကျစ် အတော်ကံဆိုးတဲ့နေ့ပဲ နှစ်တွေအများကြီးကြာပြီးခါမှ မတွေ့ချင်တဲ့သူနဲ့ အခုမှ ပြန်လာတွေ့ရတယ်လို့ကွာ...တောက်
ဘာလဲ ဟိုကောင်မလေးက သူ့သမီးအရင်းပဲလား...
ကလေးကို ငါခိုးသွားလို့ ဒေါ်ရွှေရည်မှုန်တစ်ယောက် စိတ်ဖောက်ပြန်သွား တယ်လို့တော့ ကြားမိတယ်....သူတို့ ကလေးထပ်ယူမှာတော့ မဟုတ်ဘူး
ဒါမှမဟုတ်မွေးစားထားတာလား... ဒါမှမဟုတ်ရင် သားတစ်ယောက်/သမီးတစ်ယောက်များ အမွှာမွေးတာလား မျက်နှာကျတော့ ချိန်းနဲ့ခပ်ဆင်ဆင်ရှိသားပဲ...
အဟွန်း..ထားလိုက်ပါ ဒါထက် ကျုပ်အစ်မကို ပေးခဲ့တဲ့ကတိအတိုင်း ချိန်းကိုဘယ်တော့မှ ခင်ဗျတို့လက်ထဲပြန်ထည့်မှာ မဟုတ်ဘူး....ဦးစိုင်းခန်းသန့်
ချိန်းကို ခင်ဗျတို့နဲ့ အဝေးဆုံးတစ်နေရာကို ကျုပ်ပို့ပစ်မယ်.....
စိတ်ထဲမှ ရေရွတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်သည်။
🍃🍃🍃🍃🍃🍃
“မမလေး ထမင်းကြော်ရပါပြီ”
ထမင်းကြော်ပန်းကန်လေးအား ပိုးအရှေ့သို့ ချပေးခါ
“မမလေး အခုတလော မမလေးနဲ့ အကိုလေး ချစ်သူတွေဖြစ်ပြီးကတည်းက အကိုလေးက ကျန်းမာရေးမကောင်းလို့ဆိုပြီး
တရှောင်ရှောင်ဖြစ်နေတာနော် “
ပိုးရဲ့မျက်နှာလေး ညိုးငယ်သွားရပြီး
“အင်း ..ဟုတ်တယ် မိကြူရယ်”
မျက်လုံးထောင့်ရှိ ထိုင်နေသော ပိုးနားအနားသို့ မိကြူကပ်ခါ....
နှစ်ကိုယ်ကြား ယုံမျှ အသံဖြင့် ..
“မမလေး...မိကြူတစ်ခုလောက် အကြံပေးပါရစေ ...”
ခပ်တိုးတိုးလေးပြောလာသည့် မိကြူအသံကြောင့် ပိုးကလည်းအလိုက်သင့် နှစ်ကိုယ်ကြားယုံမျှ အသံဖြင့်
“ဘာများလဲ မိကြူ”
“မမလေး အလုပ်က ၁ပတ်လောက် ခွင့်ယူပြီး အကိုလေးအနားမှာ ပြုစုစောင့်ရှောက်ပေးဖို့ပါ....”
“ဘယ်လို...”
မျက်လုံးဝိုင်းလေးဖြင့် ပြန်မေးလာသည့် ပိုးကြောင့် ..
“ဟုတ်တယ် မမလေး...မိကြူတိတိကျကျ သိတဲ့နေ့မမလေးကို ပြောပြပါ့မယ် အခုတော့ မိကြူအကြံပေးသလို အကိုလေးအနားမှာနေပြီး စောင့်ရှောက်ပေးပါ”
နှစ်ဦးသား မျက်လုံးချင်းစုံသည့် အနေထားဖြင့် မိကြူက ပိုးကို သူပြောသလို လက်ခံပေးရန် ခေါင်းလေး ဆက်ကနဲ့ညိမ့်ပြလေသည်။
ပိုးကတော့ မိကြူ စကားကြောင့် ထူးဆန်းနေရပြီး ဘာကိုတိကျသေချာအောင် သိမှ ပြောပြဖို့ လုပ်နေသလဲ ဆိုသည့် အကြည့်ဖြင့်သာ......
ထိုစဉ် ကြီးဝေတစ်ယောက် ထမင်းစားခန်းထဲသို့ ဝင်လာခါ...
“မိကြူ ပိုးအနားကပ်ပြီး အဲ့ဒါဘာလုပ်နေတာလဲ”
လှမ်းအော်လိုက်သော အသံကြောင့် မိကြူတုန်ကနဲ လန့်သွားရပြီး..
“အို ဟို ဟို ...မမလေးက မျက်လုံးထဲ ဖုန်ဝင်သွားလို့ မှုတ်ပေးပါဦးဆိုလို့ပါ”
မိကြူ၏ လိမ်လိုက်သော စကားကြောင့် ပိုးမှာကြောင် စီစီဖြင့် ကြည့်နေမိသည် ...
ကြီးဝေ ပိုးကိုကြည့်လိုက်ခါ
“သူပြောတာ ဟုတ်လားသမီးလေးပိုး”
ဇောချွေးတွေ မိကြူပြန်လာသည်။
ပိုးက မဟုတ်ဘူးလို့သာ ငြင်းလိုက်ရင် သူမတော့ သွားပြီ ဖြစ်သည်။
ထိုသို့ မိကြူဖြစ်နေသည့် ပုံစံကြောင့် ပိုးကလည်းအလိုက်သင့် ပြောပေးလိုက်သည်။
“ဟုတ်တယ် ကြီးဝေရဲ့ ပိုးမျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ”
မျက်လုံးလေး ပုတ်ခက်ပုတ်ခက်ဖြင့် လုပ်ပြနေသည့် ပိုးကြောင့် မယုံချင်ပေမယ့်လည်း ကြီးဝေယုံပေးလိုက်ရသည်။
“အင်းပါကွယ် အဲ့ဒါဆိုလည်းပြီးရော ဒီကောင်မလေးနဲ့ သိပ်အရောမဝင်နဲ့ သမီးရေ သူက အလိုက်ကန်းဆိုးမသိ အနားကို ဇွတ်ကပ်တတ်တာ...”
ထိုစကားကြောင့် မိကြူ စိတ်မကောင်းတော့ ဖြစ်မိသည် ။
ကြီးကြီးဝေ ခုတစ်လောသူမကို အရင်နဲ့မတူ ဆက်ဆံပုံတွေက ပြောင်းလဲနေသည်။
“ဪ...ဒါနဲ့ ကြီးဝေဘယ်ကပြန်လာတာလဲ “
“သားချိန်းအတွက် ဆန်ပြုတ်လေး ပို့ပြီး ပြန်ဆင်းလာတာလေ သမီးရဲ့”
“ဟုတ်လား..အကို သက်သာရဲ့လား ကြီးဝေ အခုတလော အကိုက သမီးကိုလည်း တရှောင်ရှောင်နဲ့ မတွေ့ဖြစ်ဖူး အခန်းထဲ အခန်းပြင်တောင် သိပ်မထွက်တော့သလိုပဲနော်”
“အင်း..အဲ့ဒါ သမီးရဲ့ ဒီ...”
ပြန်ဖြေဖို့လုပ်နေသည့် ကြီးဝေစကားအား မိကြူကြားမှ ဖြတ်၍ ...
“ဒါဆို မမလေးက အကိုလေး ဆံပင်ညှပ်လိုက်တာတောင် သိပုံမရဘူးပေါ့နော်”
ဖြတ်ပြောလိုက်သော မိကြူစကားကြောင့် ကြီးဝေအတော်ပင် မျက်နှာပျက်သွားရပြီး....
မိကြူအားမကျေနပ်ပေ.။.သို့သော်မလွဲသာလို့ ဘာမှမပြောပဲ ဟန်ဆောင်ပြုံးခါ ကြည့်နေလိုက်သည်။
“ဟင်!...အကိုက ဆံပင်ညှပ်လိုက်တယ် ဟုတ်လား ဘယ်တုန်းကလဲ”
“တပြန်မနေ့ကလေ မမလေးရဲ့ ..ရော်..မမလေးကလည်းနော် လူကြီးတွေအသိ ချစ်သူတွေဖြစ်နေပြီပဲကို အကိုလေးအခန်းစီကို အလုပ်ကပြန်လာရင် သတင်းလေးဘာလေး သွားမေးပေါ့ စကားလေးဘာလေး ပြောပြီး အေးအေးဆေးဆေးလေး တွေ့ကြည်ပါဦးလားလို့”
ထိုအခါမှ ပိုးလည်း သတိရမိသည် ။ မနက်ဆိုလည်း အလုပ်သွားရ၊ ညနေဆိုလည်း ဦးနဲ့အတူပြန်လာပြီး ရေမိုးချိုးထမင်းစား ပင်ပန်းတာနဲ့ တမ်းနားလိုက်တာပဲ။ သူနဲ့တွေ့ဖို့ အချိန်မရှိသလောက်ကို ဖြစ်နေသည်။
ခါတိုင်း ချိန်းနေကောင်းတုန်းက အလုပ်ခွင်မှာ သူ့ရုံးခန်းကို ခေါ်လို့ သွားရင် သူမနဲ့ခဏခဏ တွေ့စုံနေရပေမယ့် ၊
အခုလို သူနေမကောင်းတဲ့အချိန်က စလို့ တစ်အိမ်ထဲ အတူနေပြီး ကောင်းကောင်းမတွေ့ဖြစ်တာ ၄ရက်လောက်ရှိတော့မည်။
အခုဆို ကိုကဆံပင်တောင်ညှပ်လိုက်ပြီတဲ့ ...ကို့ကိုကောင်းကောင်းမတွေ့ဖြစ်တော့ ဒီကဘာမှတောင် မသိလိုက်ဘူး...
ကိုကလည်း ပိုးကိုဆို တမင်ရှောင်နေသလိုပဲနော်....
“ကြီးဝေဒါဆို ပိုး အကိုကို သွားကြည့်လိုက်ဦးမယ် သေချာမတွေ့ရတာလဲ ၄ရက်လောက်ရှိပြီ လွမ်းလာလို့”
သွားကြည့်မည်ဆိုသည့် စကားကြောင့် ကြီးဝေတစ်ယောက် မျက်စိမျက်နှာပျက်သွားရပြီး....
ဒီလိုဖြစ်အောင် ညော်ပေးတဲ့ မိကြူကိုလည်း သူနားရွက်ကိုဆွဲ လိမ်ပစ်ချင်သည်။...
“သမီးကလည်း အလုပ်ချိန်နီးနေပြီကို ပြန်လာခါမှ သားလေးကို အေးဆေးတွေ့ကောပေါ့”
“ဟင့်အင်း..ပိုးဒီနေ့ အလုပ်မသွားတော့ဘူး ခွင့်ယူလိုက်တော့မယ် ဒီနေ့တော့အကိုအတွက် ပိုးအချိန်ပေးလိုက်တော့မယ်”
“ဟင် ! သမီးကလည်း သားလေးချိန်းကို ပြုစုပေးဖို့က မိကြူနဲ့ ကြီးဝေလည်းရှိနေတာပဲ အလကားသက်သက် အလုပ်ပျက်ခံပြီး မနားပါနဲ့လားကွယ်”
မတွေ့စေချင်လို့ တားနေသည့် ကြီးဝေအား မိကြူကြည့်ခါ အတော်စိတ်ခုမိသည် ။စိတ်ထဲမှလည်း....
ဘာဖြစ်လဲ ချစ်သူတွေ လွမ်းလို့ တွေ့တာပဲ ခွင့်ပြုပေးလိုက်ပေါ့ ကြီးကြီးဝေက ဘာဖြစ်မှာမလို့ မတွေ့စေချင်နေရတာလဲ...
မမလေးနဲ့ အကိုလေးအတွက်တော့ ငါရင်လေးမိတယ်...ဟူး...
“အလကားသက်သက်နားတာမဟုတ်ပါဘူး ကြီးဝေ သမီးအတွက် အဓိပ္ပာယ်အများကြီး ရှိပါတယ် ဘာလို့လဲ ကြီးဝေကိုကြည့်ရတာ သမီးက အကိုနဲ့ သွားတွေ့မှာကို ကြောက်နေသလိုပဲနော်”
ထိုစကားကြောင့် တစ်ခုခုကို ရိပ်မိသလို ဖြစ်သွားမှာ စိုးသည့်မျက်နှာထား ဖြစ်သွားရပြီး....
အတတ်နိုင်ဆုံး မျက်နှာထားကို ချိုလိုက်ခါ...
“အို...အဲ့လိုမဟုတ်ရပါဘူးကွယ် သမီးလေးက သားအတွက်အချိန်ပေးချင်တယ်ဆိုလည်း သဘောပါပဲ ကြီးဝေဘာမှ မပြောတော့ပါဘူးကွယ် “
ကြီးဝေအား နှုတ်ခမ်းလေးခုံးယုံမျှ ပြုံးပြလိုက်ပြီး ထမင်းစားခန်းမှ ထွက်ခါ အိမ်ပေါ်သို့ အပြေးလေးတတ်သွားတော့သည်။
ထိုအခါမှ မိကြူအား ကြီးဝေ မျက်ထောက်နီကြီးဖြင့် ခက်ထန်စွာ ကြည့်လိုက်ပြီး...
“ညီးကို ငါပြောထားမယ် နေရာတကား ကြားဝင်မပါနဲ့ သိပ်ပြီး စပ်စပ်စုစုလဲ မလုပ်နဲ့ အေး ညီးလုပ်လို့ကတော့ ညီးလာရာလမ်းအတိုင်း ရွာပြန်ဖို့သာ အထုတ်ပြင်ထား..ကြားလား ငါပြောတာ”
ခက်ထန်စွာပြောလိုက်သည့် ကြီးဝေစကားကြောင့် မိကြူခေါင်းလေး ငုံ့ခါ နာခံလိုက်ရသည်။
“ဟုတ်..ဟုတ်ကဲ့ ကြီးကြီးဝေ”
ရွာပြန်ပြီး ပင်ပန်းလွန်းလှတဲ့ လယ်အလုပ်ကိုတော့ သူမမလုပ်ချင်ပေ။...
ထို့ကြောင့် သူမရွာပြန်ရမှာတော့ ကြောက်မိသည်။...
နောက်တစ်ခါတော့ ကြီးဝေအရှေ့မှာ ဆင်ဆင်ခြင်ခြင် သူမ နေရမှာပေါ့....
🎍🎍🎍🎍အပိုင်း ၂၇ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)