🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
ဒူးဖုံးဂါဝန် အညိုရောင်လေးဝတ်ထားသည့် သူမ ဒူးအားသူလှန်းကြည့်ရင်းပြောလိုက်သည်။
တစ်လက်စတည်း မြင်ရသည်က ထိုကောင်မလေးမှာ ဖိနပ်မပါပဲ ပြေးလာသည်ကြောင့် ထင်သည် ခြေဖဝါးနုနုလေးတွေမှာ ပွန်းရာပဲ့ရာတွေအပြင်
မျက်နှာမှာလဲ ရိုက်နှပ်ကုတ်ခြစ်ခံထားရသည့် ဒဏ်ရာများဖြင့်.....
“နေပါစေဦး သမီးအဆင်ပြေပါတယ်”
“သမီးကို ကြည့်ရတာ တစ်ခုခုနိပ်စက်ခံရလို့ ထွက်ပြေးလာတဲ့ ပုံပဲနော် “
“ဟို...ဟုတ် အိမ်ကမေမေနဲ့စကားများလာ လို့ပါ”
“ဟင် ခလေးမ အမေက အဲ့လိုရိုက်တတ်လား”
“မေမေက စိတ်ဝေဒနာသည် မို့ပါ ဦး”
“ဪ ဖြစ်ရလေ လာ ခလေးမဒဏ်ရာတွေ ဗလပွနဲ့ ဦး ဆေးခန်းအရင် လိုက်ပို့ပေးမယ် ကဲ လာထ “
“ဟို...နေပါစေ ဦးရဲ့ သမီး သမီးမှာ ပိုက်ဆံပါမလာဘူး “
ထိုကောင်မလေး စကားကြောင့် ဦးသော်မြင့်ချိန် သွားပေါ်အောင်ရယ်လိုက်ပြီး ...
“ရတယ် ဦးရှင်းပေးမယ် ထပါ ခလေးမရယ်”
ကူ၍ထူပေးနေသည့် ဦးသော်မြင့်ချိန်အား သူမ အမှီပြုခါ ထလိုက်လိုက်ပြီး
“ကျေးဇူးပါ ဦး “
“အဟင်း..ရပါတယ် “
“မောင်ခန့်ကျော် ကားတံခါး အဆင်သင့်ဖွင့်ပေးထားပါ”
ရပ်စောင့်နေသော ခန့်ကျော်မှ နောက်ခန်း ကားတံခါးအား အဆင်သင့်ဖွင့်ပေးလိုက်သည်။
ခြေထောက် ထော့နင်းနင်းဖြစ်နေတဲ့ ပန်းကလျာအားသူ ကူတွဲခါ ကားပေါ်တင်လိုက်သည်။
ပြီးနောက် သူလည်း သူမ၏နံဘေးနေရာအလွတ်တွင် ဝင်ထိုင်ခါ တံခါးပိတ်လိုက်သည်။
“မောင်ခန့်ကျော် ဆေးခန်းကို မောင်းပါ”
“ဟုတ်ကဲ့ ...သူဌေး”
ကားအကောင်းစားကြီးမှာ ထိုနေရာလေးမှ တရွေ့ရွေ့ထွက်ခွါသွားတော့သည်။
***~~~***~~~***~~~***
ကြီးဝေမှ ချိန်းလက်မောင်းလေးအား တွဲခါ ဝင်လာခြင်းကြောင့်
မိကြူ လှန်းနုတ်ဆက်လိုက်သည်။
“ဟယ် ကြီးကြီးဝေနဲ့ အကိုလေးတို့ အပြင်ကပြန်လာတာလား ဘယ်သွားကြတာလဲ...”
မိကြူအမေးကြောင့် ကြီးဝေကော ချိန်းပါ မျက်နှာလေးပျက်သွားပေမယ့်..
ကြီးဝေမှ...
“မမြင်ဘူးလား ဘာထူးခြားလဲ ဆိုတာ”
ထိုအခါမှာ သူမ ဘယ်ဟာကထူးခြားလဲ ဆိူပြီး လိုက်ရှာလိုက်တော့
ချိန်းတစ်ယောက် ဆံပင်ညှပ်လိုက်ခြင်းပင်
“ဟယ် အကိုလေး ဆံပင်ညှပ်လိုက်တယ်ပေါ့ ...ဟွန်း ဟိုဆံပင် ရှည်ကြီး နှမျောစရာကောင်းလိုက်တာ....ဟီး ဒါပေမယ့် အရင်ထက် ဒီဆံပင်ကေလေးနဲ့ ပိုချောသွားပြီ”
“ဟဲ့ မိကြူ စကားများမနေနဲ့ ညီးအကိုလေး သောက်ဖို့ ရေတစ်ခွက်ခက်ခဲ့”
“ဟုတ်ကဲ့ ကြီးကြီးဝေ”
ထမင်းစားခန်းထံသို့ အပြေးလေးဝင်သွားခါ ဖန်ခွက်နှင့်ရေတစ်ခွက် ခက်ခါ ယူလိုက်ပေးလိုက်သည်။
စပ်စပ်စုစုနှင့်မေးလိုက် မိပြန်သည်
“နေပါဦး အကိုလေး ဆံပင်သွား ညှပ်တာကို ကြီးကြီးဝေက ဘာလိုက်လုပ်တာလဲ “
ထိုအမေးကြောင့် ရေသောက်နေသည့် ချိန်း မှာ...
“အဟွတ်...”
“ဟယ် သားဖြေးဖြေးသောက်ပါကွယ် သီးကုန်ပြီ”
“မိကြူရယ် ညီးကလည်းအတော် စပ်စုတာ သွား သွား နောက်ဖေးမှာ ညီးအဝတ်တွေ စိမ်ထားတယ်မလား “
“အယ်...ဟုတ်ပတော်..ကြီးကြီးဝေပြောမှပဲ သတိရတော့တယ် .မိကြူအဲ့ဒါကိုမေ့နေတာ “
“အေး...ညီးကတော့ ဖြစ်ရမယ် သွားသွား နေပြင်းတုန်းလေး လျှော်လှန်းချီ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကြီးကြီးဝေ”
နောက်ဖေးပေါက်စီသို့ မိကြူ အပြေးလေးဝင်သွားတော့
ကြီးဝေအား ချိန်းကြည့်၍ ခေါင်းလေးညိမ့်ပြလိုက်ခါ....
“ကျွန်တော် သွားနားတော့မယ် ကြီးဝေ”
“အေး...အေးဟုတ်ပြီသား ဆရာဝန်ပြောလိုက်တဲ့ ဆေးကို ပုံမှန်ဖြစ်အောင် သောက်နော်သား”
“ဟုတ်ကဲ့ ကြီးဝေ”
ငေးငိုင်သော ခြေလှန်းများဖြင့် အိမ်ပေါ်သို့ ချိန်းတတ်သွားခဲ့လိုက်တော့သည်။
“ဟွန်း ကြီးကြီးဝေ စကားလမ်းကြောင်းလွဲမှန်း မိကြူသိတာပေါ့ ဒါပေမယ့်လျှော်စရာရှိတာကို မိကြူက တကယ်မေ့နေတာ...ဒါကြောင့် ကြီးကြီးဝေ မိကြူမေးတာကို မဖြေပဲ ထွက်သွားခွင့် ရတယ်မှတ်ပါ
ဟင့် အိမ်ကလူတွေ မသိအောင် ဘာတွေများ လုပ်နေလို့ စကားလမ်းကြောင်းလွဲ လိုက်တာမှန်းမသိဘူး
မသိစေချင်လေ ဒီကမိကြူတို့က ပိုပိုသိချင်လေပဲ အဲ့ဒါ အကျင့်ဆိုး အကျင့်ဆိုး...ဟွန်း
အဝတ်လျှော်ရင်းမှ မိကြူ တစ်ယောက် ပွစိပွစိပြောနေသည်။
****~~~****~~~****~~~
ကိတ်မုန့်ကောင်တာတွင် လိုအပ်သည့် မုန့်များ ထပ်ဖြည့်နေသည့် ပိုးအနားအား ဂျာကြီးနှင့်အတူ ယွန်းသီရီ၊ဟေမာန်ပါ ရောက်လာပြီး...
“ညီမလေး ပိုးသားကျူး bossက ဆိုင်ကို မလာတာ ၁ပက်တောင် ကျော်နေပြီ ဘာဖြစ်လို့လဲ ချစ်သူနှစ်ဦး ရန်ဖြစ်ထားလို့များလား”
ဟေမာန်နှင့်ယွန်းသီရိမှာ ဘာဖြေမလဲ ဆိုသည့် အကြည့်တို့ဖြင့် ဘေးမှ ရပ်ကြည့်နေကြသည်။
“မဖြစ်ပါဘူး ဂျာကြီးရဲ့ သူ အခုရက်ပိုင်း နေမကောင်းလို့ ပါ “
“အွန်း အကိုကိုလည်း bossက နေမကောင်းလို့မလာတာဆိုပြီး ဖုန်းတော့ဆက်ပြောပါတယ် ဒါမယ့် ၁ပက်တောင်ကျော်နေပြီဆိုတော့ ဟီး အကိုက မသင်္ကာလို့ ချစ်သူတွေ ရန်များဖြစ်ထား သလားလို့ပါ ဟဲဟဲ”
“ဪ အဟင်း ...မဖြစ်ရပါဘူး ဂျာကြီးရယ် bossက ပိုးကို သိပ်ချစ်တာ ဘာပြဿနာမှ ကို မရှာတာ အဲ့တော့ ရန်လည်း မဖြစ်ရဘူး ပေါ့”
“အိုး ဟိုး ....အား ကျလိုက်တာနော် “
“အွန်း....”
ဟေမာန်နှင့်ယွန်းသီရိမှာ ၂ယောက်သား အားကျဟန်ဖြင့် ပြုံးဖြီးရင်းပြောလိုက်တာကြောင့် ဂျာကြီးမှာလဲ
“အဟင်း ဟင်း ကောင်းပါတယ်ဗျာ ကောင်းပါတယ်”
“တွေ့လား ဂျာကြီး ကိုယ့်နောက်မှလာတဲ့ ဂျူနီယာလေးတောင် ချစ်သူရသွားပြီ စီနီယာဖြစ်တဲ့ ဂျာကြီးကတော့ တစ်သက်လုံး Faပဲ ဖြစ်တော့မယ် ထင်ပါတယ် ဟား ဟား ဟား”
“တိတ်ကြစမ်း အေး ငါ့ကို Faမဖြစ်စေချင်ရင် နင်တို့နှစ်ယောက်ထဲက တစ်ယောက်ငါနဲ့ ယူလိုက် “
“ဟွန်း မယူပါဘူး ယွန်းမှာက ကိုကိုရှိပြီးသား ...မရှိသေးတာက ဟော့ဒီက ဟေမာန် ....”
“ဟေမာန် နင်ယူလိုက် ဂျာကြီးကို “
“အမလေး တော်ပါဟယ် ဂျာကြီးလို ကော်တစ်ရာ ကပ်စေးနဲကိုတော့ မယူပါရစေနဲ့...တော်ကြာနေတိုင်း ငပိရည်နဲ့ နှစ်ပါးသွား ရလိမ့်မယ်”
“ဟား ဟား ဟား”
ဂျာကြီးတို့ ၃ယောက်ကိုကြည့်၍ ပိုးလည်း ပြုံးနေမိသည်။
နောက်ပြီး ချိန်းကိုလည်း သူမသတိရသည်။
ချစ်သူတွေဖြစ်သွားပြီးမှ ချိန်းနဲ့တွေ့ဆုံတဲ့ အချိန်တွေက ပိုနည်းသွားသလို သူမခံစားရသည်။
အဲ့ထက်သူမပိုပြီး စိတ်ပူတာက ချိန်းဟာ ဘာရောဂါဝေဒနာကို ခံစားနေရသလဲ ဆိုတာကိုပင်...
သူမ ချိန်းကို စစသိတုန်းက ဝေဒနာသည်လေးဟုပင် ထင်ရပ်စရာမှ မရှိတာ။ခန့်ခန့်သန့်သန့် ထောင်ထောင်မောင်းမောင်း ဆိုတော့ ကိုယ်လိုသူလို လူတစ်ယောက်ဟုသာ ထင်ခဲ့သည်။
ယခုမှပဲ သူကပြင်းစွာသော ခေါင်းကိုက်ဝေဒနာကို ခံစားနေရသူ တစ်ဦးမှန်း သူမသိလိုက်တော့သည်။...
🍁🍁🍁🍁🍁🍁🍁
“🎶တွန် ဒွန်🎶 ဒွန် တွန်🎶 တွန်🎵”
“အင်းပြော...”
“..........................”
“အဟွန်း ကောင်းတယ် အချိန်ယူပြီး ခင်ဗျ အစီစဉ်အတိုင်းသာ ဆက်လုပ်ပါ”
“................”
“ဟုတ်ပြီ”
“တူ .တူ .တူ”
ဖုန်းချလိုက်ပြီး စိတ်ကျေနပ်သောအပြုံး ဖြင့် ပြုံးခါ ပန်းကလျာထိုင်သည့် ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကားပြတင်းပေါက်မှန် ချထားသည့် အပေါ် လက်လေးတင်ခါ အပြင်သို့ငေးကြည့်နေပြီး သူမ၏ ပုခုံးတစ်ဝက်လောက်ရှိသည့် ဆံနွယ်ရှည်တို့မှာ တိုက်ခက်လာသည့်လေကြောင့် လွှင့်ပြယ်နေသည်။
“ခလေးမ မင်းနာမည် ဘယ်လိုခေါ်လဲ”
နံဘေးမှ မေးလိုက်သောအသံကြောင့် သူမလှည့်ကြည့်လိုက်ခါ
“ပန်းကလျာပါ ဦး”
“ပန်းကလျာ ..အွန်း...ဦးနာမည်က ဦးသော်မြင့်ချိန်ပါ”
“ဟုတ်ကဲ့...ဒါနဲ့ ဦးအသက်က ဘယ်လောက်ရှိပြီလဲဟင် ...”
“ဦး အသက်လား ...”
ဦးသော်မြင့်ချိန် တစ်ချက်ပြုံးလိုက်ပြီး ...
“၅၃..”
“ဟင်!..”
ကောင်မလေး၏ အာမေဋိတ်သံကြောင့် ကားမောင်းနေသည့် ခန့်ကျော်မှာ ကားမှန်မှ သူမအား လှမ်းကြည့်လိုက်သည်။
“ဟုတ်လို့လား ဦးရဲ့ “
“အဟုတ်ပါ”
“မထင်ရဘူးနော် သမီးက အလွန်ဆုံးရှိ ၃၀လောက်ပဲမှန်းထားတာ ဒါမယ့် ဦးရဲ့styleကြောင့် ၃၀ထင်ရတာပါ ဦးရဲ့ ရုပ်ကတော့ ၂၀ကျော်နီးပါးနုတယ်”
ကောင်မလေးအပြောကြောင့် သူအသံထွက်အောင် ရယ်လိုက်ပြီး ....
“အဟက်..ဦးကို အဲ့လာက်လဲ အမွှန်းမတင်ပါနဲ့”
“မွှန်းတာမဟုတ်ပါဘူး သမီးအမြင်ကိုပြောပြတာပါ “
ကားအရှေ့သို့သူမ လှန်းကြည့်လိုက်ခါ
“ဟော...အိမ်ကိုတောင် ရောက်ပြီပဲ ဟိုရှေ့ကခြံပဲ ဦး”
“ဟုတ်ပြီးသမီး ...”
“ခန့်ကျော် အဲ့ ခြံရှေ့မှာကားရပ်လိုက်”
“ဟုတ်ကဲ့ သူဌး”
ခြံရှေ့နားရောက်တော့ ကားကို ဖြည်းဖြည်းချင်း အရှိန်လျော့ခါ ရပ်လိုက်သည်။
ကားတံခါးလေးဖွင့်ခါ ခြေဗလာဖြင့် ပန်းကလျာ ဆင်းလိုက်ပြီး
“ဦး အိမ်ထဲ ဝင်လည်ပါဦးလား”
“အဟင်း တော်ပါပြီ သမီးရဲ့ ဦးသွားစရာလေးရှိသေးလို့ “
“ဟာ..ခဏလေးဖြစ် ဖြစ် ဝင်လည်ပါဦးရယ် ...အထဲဝင်ပြီး ရေသောက်ပြန်လည်း သမီးကျေနပ်ပါတယ် လာပါနော် ခဏလေး ဖြစ်ဖြစ် ဝင်လည်ပါ သမီးကို ကူညီတဲ့ ဦးကို ကျေးဇူးတင်တဲ့ အနေနဲ့ ဧည့်ခံ ချင်သေးလို့ပါ လာပါဦး ရယ် မငြင်းပါနဲ့ ဦးမဝင်ပဲ ဒီတိုင်း ပြန်သွားရင် သမီးစိတ်ထဲကောင်းမှာ မဟုတ်ဘူး လာပါနော်ဦး”
ကားပေါ်မှာ မဆင်းပဲ ထိုင်နေသည့် ဦးသော်မြင့်ချိန်အား ပန်းကလျာ လက်လေးလှန်းခါ ဇွတ်အိမ်ထဲ ဝင်လည်ဖို့ ခေါ်နေသည်။
ထို့ကြောင့် ခဏပါလေဆိုသည့် စိတ်ဖြင့် ကားပေါ်မှ ဆင်းလိုက်တော့သည်။
“ခန့်ကျော် ဒီမှာခဏစောင့် ငါပြန်လာခဲ့မယ်”
“ဟုတ်ကဲ့ သူဌေး”
၃ထပ်တိုက်ဖြစ်ခါ အိမ်ဝန်းမှာလည်း ကျယ်လှသည်။
ခြံထဲတွင်လည်း သူ၏အိမ်ကဲ့သို့ ပန်းပင်များ အစုံစိုက်မျိုးထားသည်။
အိမ်ထဲသို့ဝင်လိုက်တော့ အိမ်ထောင်ပရိဘောဂတွေမှာ စျေးကြီးအသုံးအဆောင် ပစ္စည်းတွေကြည်ပင်
ထို့ကြောင့် သူတွေးလိုက်ပါသည် ဒီကောင်မလေးဟာ သာမန်ချမ်းသာယုံလူ၏ သမီးမဖြစ်နိုင်မှန်း...
ဧည့်ခန်းအတွင်း ရောက်တော့..
“ဦး လာထိုင်ဦး ...”
“အိချောရေ အိချော ...ပန်းကို သံပုရာရေအေးအေးလေး တစ်ခွက်လောက် ဖျော်ခဲ့ပေးပါ”
“ဟုတ်ကဲ့ မမလေး”
ထမင်းစားခန်းစီမှ အသံပြုလိုက်သည့် အိချောပင် ဖြစ်သည်။
“နေပါစေ သမီးရဲ့ ဦးကခဏပဲလာတာ”
“ခဏလည်းဘာဖြစ်လဲ ဦးရယ် အမောပြေလေးတော့ သောက်သွားပေါ့”
ပန်းပြန်ရောက်လာသံကြောင့် ဦးစိုင်းခန်းသန့် အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။
“သမီး ...”
ခေါ်သံကြောင့် ပန်းကော ဦးသော်မြင့်ချိန်ပါ လှည့်ကြည့်မိသည်။
ဦးသော်မြင့်ချိန်တစ်ယောက် ဦးစိုင်းခန်းသန့်ကို မြင်တော့ ...
“ဟင်!....”
ထိုနည်းတူ သူ့အား ဦးစိုင်းခန်းသန့် မြင်လိုက်ရတော့...
“ဟင်!...မင်း..စိုင်းဌာရ...”
“ဟင်..ဖေဖေတို့က သိနေကြတာလား”
ချက်ချင်းဆိုသလို ဦးသော်မြင့်ချိန် ထိုင်ရာမှ ထခါ ထွက်သွားမည် အလုပ်
“နေဦး စိုင်းဌာရ ...”
“ကျုပ်ကို လွှတ်ပါ ဦးစိုင်းခန်းသန့်”
လှမ်းဆွဲလိုက်သည့် ဦးစိုင်းခန်းသန့် လက်အား ပုတ်ချလိုက်သည်။
“ငါတို့ စကားခဏပြောကြရအောင် ..စိုင်းဌာရ”
“ကျုပ်မှာ ခင်ဗျကို ပြောစရာ စကားမရှိဘူး ခွင့်ပြုပါဦး”
“ငါ့သား ဘယ်မှာလဲ...”
“ဟင်...!”
ထိုစကားကြောင့် ဦးသော်မြင့်ချိန်ရင်ထဲ ဒုန်းကနဲ နင့်သွားရပြီး ...
“မသိဘူး ဘယ်ကခင်ဗျသားလဲ ...ကျုပ်ဘာမှ မသိဘူး”
“မင်းမလိမ်နဲ့ ငါ့ကို မင်းနဲ့မင်းအမ လက်စားချေချင်လို့ ငါ့စီကငါ့သားကိုခိုးသွားခဲ့တာ ငါအားလုံးစမ်းလို့ သိပြီးပြီ အခု ဘယ်မှာလဲ ငါ့သား”
ထိုစကားကြောင့် ကြားထဲမှ ပန်းကလျာတစ်ယောက် အတွေးများသွားရသည်။
ဟင် ဦးက ကိုကို ကို ခိုးသွားခဲ့တာ!..
“မသိဘူးလို့ ကျုပ်ပြောနေတယ်လေ ကျုပ်သွားတော့မယ်”
ဇွတ်ပြန်ဖို့ လုပ်နေသော ... ဦးသော်မြင့်ချိန်၏ အင်္ကျီ ကော်လံစအား ချက်ချင်းလက်နှစ်ဖက်ဖြင့် ဆွဲကိုင်ခါဦးစိုင်းခန်းသန့် ထက်မေးလိုက်သည်။
“ငါမေးနေတယ် ငါ့သားဘယ်မှာလဲ လို့
မင်းတို့ နှစ်၃၀လုံးလုံး ငါ့သားနဲ့ ငါ့ကိုခွဲခဲ့ပြီးပြီလေ အခုငါ့သား ဘယ်မှာလဲ”
“ကျုပ်မသိဘူးလို့ ပြောနေတယ်လေ လွှတ်ကျုပ်ကို”
“ဖေဖေ ဖေဖေတို့ ဘာတွေပြောနေကြတာလဲ သမီးကိုလည်း ရှင်းပြကြပါဦး ဘာမှ နားမလည်တော့ဘူး “
“သမီးအသာနေ ဒီလူက သမီးကိုကို ကို မွေးမွေးချင်းမှာ ခိုးသွားခဲ့တဲ့ လူပဲ သမီးကိုကိုက အခုထိမသေသေးဘူး အသက်ရှင်နေသေးတယ် ဆိုတာ ဖေဖေ သိနေတယ်”
“ရှင်...”
“ဟာကွာ ခင်ဗျကို ကျုပ်လွှတ်လို့ ပြောနေတယ်”
“မလွှတ်ဘူး စိုင်းဌာရ ပြော ငါ့သား ဘယ်မှာလဲ”
ထိုစဉ် ချက်ချင်းဆိုသလို ဦးစိုင်းခန်းသန့်အား စောင့်တွန်းခြင်းခံလိုက်ရပြီး ကြမ်းပြင်သို့ လှဲကျသွားရသည်။
“ဟင် !..,ဖေဖေ...”
လှဲကျသွားတဲ့ ဖေဖေအဖြစ်ကြောင့် သူမလန့်ဖြန့်သွားရသည်။
“ရှင်တို့ ဘယ်လိုလုပ်လိုက်တာလဲ ကျွန်မဖေဖေကို “
ပန်းကလျာအား ခန့်ကျော်ဘာမှမပြောပဲ ကြည့်ယုံမျှသာ ကြည့်၍...
သူ၏သူဌေးအား မေးလိူက်သည်။
“သူဌေးရရဲ့လားဗျ “
“အင်း ငါရတယ် ဘာမှ မဖြစ်ဘူး”
“ခဏဆိုပြီး ကြာနေလို့ ကျွန်တော်လိုက်လာခဲ့ လိုက်တာ”
“အေ့ အဲ့ဒါကောင်းသွားတာပဲ သွားစို့”
လှဲကျနေရာမှ ဦးသော်မြင့်ချိန် ခြေထောက်အား လှန်းဆွဲဖမ်းလိုက်ပြီး
“ငါ့သားကို ငါ့စီပြန်ပေးပါကွာ ငါတောင်းပန်ပါတယ် စိုင်းဌာရ ငါ့အမှားတွေရှိခဲ့ရင် ငါ့ကိုပဲ အပစ်ပေးပါ အပစ်မရှိတဲ့ ငါ့သားကိုတော့ ခေါ်မထားပါနဲ့ကွာ ပြန်ပေးပါ
ငါ့မှာ နှစ်၃၀လုံးလုံး သားကိုရှာနေခဲ့ရတာကွ ...
ငါ့မိန်းမဆိုလည်း သားတစ်ယောက် ဆုံးရှုံးရတဲ့ စိတ်နဲ့ အရူးတစ်ပိုင်းဖြစ်နေခဲ့တာ အခုချိန်ထိပါပဲကွာ...
ဒီလောက်ဆို မင်းတို့ကျေနပ်ပါတော့ ...
ငါ့သားကို ငါ့စီပြန်ပေးပါကွာ”
ထိုသို့ပြောနေသော စကားများကို ဦးသော်မြင့်ချိန် မကြားဟန်ပြုခါ
ခြေထောက်ကို ရုန်းထွက်လိုက်ပြီး
“သွားစို့ ကောင်းခန့်...”
ဦးစိုင်းခန်းသန့်မှာ ခြေထောက်အား ထက်၍ ဆွဲဖမ်းထားလိုက်ပြီး
“ငါ့သားဘယ်မှာလဲ စိုင်းဌာရ ငါ့ကိုပြောပြပါ ငါတောင်းပန်ပါတယ်
မင်းတို့ လက်စားချေချင်ရင် ငါ့ကိုပဲ လုပ်ပါ ငါ့သားကိုတော့ ပြန်ပေးပါကွာ”
စုတ်တစ်ချက်သပ်လိုက်ပြီး...
“ကျစ် ..ဦးစိုင်းခန်းသန့် ခင်ဗျကျုပ်ခြေထောက်ကို အခုလွှတ်လိုက်ပါ”
“မလွှတ်ဘူး လုံးဝမလွှတ်ဘူး ဘယ်မှာလဲ ငါ့သား မင်းငါ့သားကို ပြန်ပေးမှ ငါလွှတ်မယ်”