🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
🎋🎋🎋🎋🎋🎋🎋
အဝတ်လဲခန်း အတွင်းရှိ သီးသန့် ဘီရိုလေးထဲမှ အဝတ်စားယူခါ လဲလိုက်ပြီး
ကျောပိုးအိတ်ကို လွယ်ခါ ပြန်ဖို့ပြင်နေသည့် သျှားအား ပုခုံးမှ ဆွဲလှည့်ခါ...
“ညီသျှား ....မင်း ဒါဘယ်လို လုပ်လိုက်တာလဲ “
“ကျွန်တော်ဘာလုပ်လို့လဲ....”
“မင်း လုပ်တာ မသိချင်ယောင်ဆောင်နေတယ်ပေါ့လေ”
“တကယ်ဘာမှမသိတာ”
အေးတိအေးစက်ပြန်ပြောခါ ကျောပိုးအိတ်ထဲသို့ ပစ္စည်းများကောက်သိမ်းနေသည်။
“ကျွန်တော် ပြန်တော့မယ် ကိုသုတကော တစ်ခါတည်း ပြန်လိုက်မလား”
“ညီသျှား showလျှောက်ပြီးတာ မှ မကြာသေးဘူး မင်းကတမ်း ပြန်တော့မလို့လား”
“အင်း ...”
“ခဏလောက်တော့ နေပါဦးကွာ”
“ကျွန်တော် မမြင်ချင်တဲ့သူရှိတဲ့ အရပ်မှာ ၁စက္ကန့်တောင် မနေချင်ဘူး ကိုသုတမလိုက်ဘူးဆိုလဲ ကျွန်တော် ပြန်နှင့်မယိ”
“ဟာ...ညီသျှား...ညီသျှား အကိုပါပြန်လိုက်ခဲ့ မယ် ခဏစောင့်ပါဦး”
လှည့်ထွက်သွားသော သျှားအား အော်ခေါ်ခါ နောက်မှ ပြေးလိုက်သွားတော့သည်။
ဤသည်ကို ယူမီ ကာလိုက်ကာတစ်ခုနောက်မှ ကြည့်ခါ
နံရံလေးအား ကျောလေးမှီချလိုက်ရင်း..
မျက်ရည်တွေက ထိန်းမရနိုင်အောင် တစ်ပေါက်ပေါက် ကျနေသည်။
မမုန်းလိုက်ပါနဲ့ သျှားမာန်ရယ် ယူမီမခံစားနိုင်လွန်းလို့ပါ သျှားမာန် မုန်းတာကိုခံရရင် ယူမီတော့ ရင်ကွဲသေလိမ့်မယ်...
ယူမီမှားခဲ့ပါတယ် သျှားမာန်ရယ် အဲ့အတွက်လည်း တောင်းပန်ပါတယ် ....
မိန်းမလှလေးတစ်ဦး ကြီးစွာငိုကြွေးနေသည်ကို မည်သူသိမည်နည်း....
🌹🌹🌹🌹🌹
ရေမှုန်ရေမွှားလေးများ တစ်ဖျောဖျော ကျနေသည့် ရေပန်းအောက်တွင် ရေစိုနေသော ဆံနွယ်ရှည်တို့အား အနောက်သို့ လှန်သိမ်းခါ
ရှန်ပူဗူးလေးအား ညစ်လိုက်ပြီး ထွက်လာသည့် ခေါင်းလျှော်ရည်အား လက်တွင် အမြုပ်ထအောင် လုပ်ခါ
ခေါင်းပေါ်တင် လျှော်လိုက်သည်။
ချေးများပြောင်ခါ ဦးရေလေး တစ်ရှိန်းရှိန်းဖြစ်လာခါမှ ရေပန်းလေး တစ်ခါ ပြန်ဖွင့်ခါ ရေလျှော်ချလိုက်သည်။
“ဟင်....ဒါက...ဘ ဘယ်လိုဖြစ်”
ရေလျှော်ချရင်းမှ ဦးခေါင်းမှ ဆံပင်ကြည်များ အထွေးလိုက်နီးပါး ကျွတ်ပါလာသည်။
“ဒါ ...ဒါဘာလဲ မဟုတ်ဘူး မဟုတ်ဘူး ငါခါတိုင်း ဒီလိုမျိုး မကျွတ်ပါဘူး ဘာလို့ အခုမှ ...”
ချိန်းမျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်နေရပြီး ထိုအဖြစ်ကြောင့် အတော်ပင် လန့်နေသည်။
ခေါင်းအမြန်လျှော်ခါ ရေပန်းလေးအမြန်ပိတ်ပြီး အပြင်ဘက်သို့ သူအမြန်ထွက်ခဲ့လိုက်သည်။...
မှန်ထဲမှ သူ့ပုံရိပ်အား ကြည့်ခါ ကယောင်ခြောက်ခြားတွေ ဖြစ်နေရသည်။
မျက်နှာမှာလည်း အတော် ချောင်ကျသွားပြီး မျက်တွင်းလေးများပင် ခွက်လုလုဖြစ်နေပြီး ချောမောခန့်ညားသည့် အသွင်တော့မပျောက်သေးပေ။
“ဒီလို ဆံပင်တွေ ကျွတ်လာရတာက ငါ့မှာများ....”
သူ့ရင်ထဲ ဆူးနစ်စွာ ကြောက်စိတ်တို့ လွှမ်းမိုးနေပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိချေ....။
“မဖြစ်ဘူး မဟုတ်ဘူး သေချာအောင် ဆရာဝန် ...
ဆရာဝန်နဲ့ ပြကြည့် ရမယ်”
အဝတ်ဘီရိုမှ တွေ့သည့် အဝတ်အား ဆွဲယူ ဝတ်ဆင်ခါ အောက်ထပ်သို့ ပြေးဆင်းလာခဲ့တော့သည်။
“ကြီးဝေ...ကြီးဝေ..”
ခေါ်သံကြောင့် ကြီးဝေ နောက်ဖေးမှ အပြေးလေးရောက်လာ ခဲ့သည်။
“ဟေ...ဟေ သား..ဘာဖြစ်လို့လဲ ဘာခိုင်းစရာများရှိလို့လဲကွယ်”
“ကြီးဝေ ကျွန်တော့်ကို ဟိုနေ့ကဆရာဝန် ပြန်ခေါ်ပေးပါ”
“ဟေ ဘာဖြစ်လို့လဲ သားရဲ့ သားနေမကောင်းလို့လား ဘာများဖြစ်လို့လဲ “
“ဟို...ဟို ကျွန်တော် ရေချိူးတော့ ကျွန်ဆံပင်တွေ အထွေးလိုက်ကျွတ်ကျ လာလို့ ..”
ထိတ်လန့်မှုမျက်နှာဖြင့် ပြောလာသည့် ချိန်းကြောင့် ကြီးဝေအံ့ဩခါ ပြန်မေးလိုက်သည်။
“ဟင်!..အရင်ကရော သား အဲ့လိုဖြစ်လား”
“ဟင့်အင်း အရင်က ကျွန်တော်မဖြစ်ခဲ့ဖူးဘူး ဆံပင်ကျွတ်ရင်တောင် အဲ့လောက်မများခဲ့ဘူး ... အခုတခါကြ.....လုပ်ပါ ကြီးဝေရာ ကျွန်တော့်ကို အဲ့ဆရာဝန်အမြန် ခေါ်ပေးပါ “
“အေ...အေးပါကွယ် ကြီးဝေခေါ်ပေးပါ့မယ် ကွယ်နော် ..”
“မြန်မြန်နော်ကြီးဝေ ....”
“အေးပါကွယ် အေးပါ အေးပါ”
**~~~**~~~**~~~**~~~**
နားကြပ်အား ဦးကြည်သာ ပြန်သိမ်းလိုက်ပြီး ချိန်းအား စိုက်ကြည့်ခါ ....
“ကောင်လေး မင်း ဒီလိုဖြစ်တာက ဘယ်လောက်ကြာ ပြီလဲ”
“ဗျာ...ဘာကိုလည်းဗျ”
“မင်းအခုခံစားနေရတဲ့ လက်က္ခာတွေ
ကိုပြောနေတာ”
“ဗျာ..ကျွန်တော် ကျွန်တော် မကြာသေးပါဘူး အခုရက်ပိုင်းမှပါ”
“ဦးစိတ်ထင်တာ မလွဲဘူးဆိုရင် ဒါက ဦးနှောက်အကြိတ်ကင်ဆာရဲ့ အစပိုင်း လက္ခာတွေပဲ “
“ဗျာ.......ဦ ဦးနှောက်အကြိတ်ကင်ဆာ”
ထိုစကားကြောင့် ချိန်း မျက်လုံးတွေ ပြူးကျယ်သွားရပြီး လန့်ဖြန့်သွားရသည်။
“ဟင်!...သာ သားက ဦးနှောက်အကြိတ်ကင်ဆာ ရဲ့လက္ခာကို ခံစားနေရတာလားဆရာ”
“ဒါကကျွန်တော့်ရဲ့ လက်က္ခာကိုကြည့်ပြီး ယေဘုယျဆုံးဖြတ်ချက် အဖြေပါ ဆေးရုံမှာ စက်ကိရိယာတွေနဲ့ သေချာစမ်းသပ်စစ်ဆေးကြည့်ရင်တော့ ဒီထက်ပို တိကျတဲ့ အဖြေသိရမှာပါ”
ထိန့်လန့်ငေးငိုင်နေတဲ့ ချိန်းအား ကြီးဝေလှန်းကြည့်ခါ
သနားသော မျက်နှာထားဖြင့် ....
“သား...ဘယ်လိုလဲ တိကျတဲ့အဖြေယူကြည့်မလား သား”
ချိန်းဘာမှ ပြန်မပြောနိုင်ပဲ ဆွံ့အနေရသည် ။
အရင်ကလိုဆို သူ သေရမာမကြောက်ပေမယ့် အခုတော့သူ သေရမာကြောက်မိသည်....
ပိုးကို သူသိပ်ချစ်သည် အဆုံးရှုံးလည်း မခံနိုင်သလို ပိုးနဲ့ဝေးကွာရမှာကိုလည်း သူသိပ်ကြောက်နေမိသည်။
သူချစ်သလို ပိုးလည်းသူ့ကို ချစ်နေမည်ဟု သူယုံကြည်ထားသည်။...
“သား...ဘယ်လိုလဲကွယ် “
ကြောက်ရွံ့တုန်ရည်နေသော အသံမပေါ်အောင် ထိန်းခါ သူဖြေလိုက်သည်။
“ကျွန်တော်မသေချာတဲ့ အဖြေမလိုချင်ဘူး သေချာအောင် ကျွန်တော် စစ်ကြည့်မယ်”
“တကယ်လို့များ ...အဖြေက ဟုတ်နေခဲ့ရင် သားဘယ်လို ဆက်လုပ်မလဲ ကွဲ့
...ဟိူ ဟို ကြီးဝေက အဖြေကြောင့် သားလေးစိတ်ထိခိုက်ရမှာ ဆိုးလို့ပါ”
ချိန်းမျက်ဝန်းမှာ မျက်ရည်တွေဝဲတတ်လာရပြီး
“ရတယ် ဘယ်လိုအဖြေ မျိုးနေနေ..ကျွန်တော် လက်ခံနိုင်တယ်”
ကြီးဝေသက်ပြင်းလေး ချလိုက်ခါ ချိန်းပုခုံးလေးအား ဖွဖွလေးကိုင်လိုက်ပြီး...
“သား သဘောပါပဲကွယ် အရမ်းကြီး စိတ်မထိခိုက်ပါနဲ့ ...ကင်ဆာမဟုတ်ပါစေနဲ့လို့ပဲ ကြီးဝေဆုတောင်းပေးပါတယ် သားရယ်”
***~~~***~~~***~~~
“အား...ငါ့ကိုလွှတ် လွှတ် လိမ်တယ် နင်ပြောတော့ ဒီနေ့ငါ့သားက ငါ့ကို လာတွေ့မှာ ဆို အခုဘယ်မှာလဲ ငါ့သားက လူလိမ်တွေ ငါ့ကိုလိမ်ပြီး ဆေးတိုက်ကြတယ် အခုဘယ်မှာလဲ ငါ့သား ငါ့သားကဘယ်မှာလဲ ခေါ်ပေးအခုခေါ်ပေး ဟီး ဟီး ငါ့သားကိုတွေ့ချင်တယ်”
အခန်းတစ်ခုလုံး ပစ္စည်းများ ပွစာကျဲခါ ...ဒေါ်ရွှေရည်မှုန်တစ်ယောက် ချိန်းအားမတွေ့ရ၍ သောင်းကျန်းနေလေသည်။
“မှုန် ...မှုန် စိတ်ထိန်းပါဦးကွာ ဘယ်လိုဖြစ်လို့ သမီးကို ရန်ရှာနေရတာလဲကွ”
“သူကျွန်မကို လိမ်တာလေ ဒီနေ့ ကျွန်မသား လာမယ်ဆိုပြီး ကျွန်မကို လိမ်ပြီးဆေးတိုက်တယ် လူလိမ်မ “
မိခင်ဖြစ်သူ၏ သူမအပေါ် ရန်ရှာနေမှုကြောင့် မျက်ရည်တွေကျလာရသလို ရင်ထဲမှာလဲ တဆစ်ဆစ်နာကျင်နေရသည်။
ရင်ထဲမျိုသိပ်ထားသည့် ခံစားချက်များ မိခင်၏သူမအပေါ် ဆက်ဆံမှုကြောင့် ပေါက်ကွဲထွက်လာရသည်။
“မေမေအတွက်က အဲ့မရှိတော့တဲ့ သားကပဲ အရေးကြီးနေတာလား
အသက်ရှင်လျက် ကျန်ခဲ့တဲ့ သမီးကိုကျ မေမေနည်းနည်းလေးမှတောင် ဂရုတစိုက် ကြင်ကြင်နာနာမရှိခဲ့ဖူးနော်
အဲ့ပျောက်သွားတဲ့ နေရာမှ ကိုကို မဟုတ်ပဲ သမီးသာဆို မေမေဒီလိုဖြစ်မှာလား ...ဟင့် မေမေဖြစ်မှာ မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ မေမေကမွေးလာကတည်းကနေ ခုချိန်ထိ သမီးအပေါ်နွေးထွေးချစ်ခင်မှုလဲ မရှိခဲ့ပါဘူး
အဖေကတော့ အားပေးပါတယ် မေမေက ကျန်းမာရေးအခြေနေကြောင့်ပါတဲ့...သမီးလဲ အခုချိန်ထိ မေမေကျန်းမာရေးအခြေနေကြောင့်ပါဆိုပြီး သည်းခံနေခဲ့တာ
မေမေအခု နိုင်ငံခြားကနေ ဆေးကုပြီး ပြန်လာခဲ့ပြီ။ မေမေမှာအနည်းဆုံးတော့ လူကောင်းပကတိနီးပါးအထိ သက်သာလာခဲ့ပြီးပြီ အသိစိတ်တွေလဲ ပြန်ရှိလာခဲ့ပြီ
အခုလိုပြန်ကောင်းလာတဲ့ အချိန်ထိမေမေက သမီးကို ကြင်နာမှုလဲမရှိဘူး ချစ်ခင်မှုလဲ မရှိဘူး
သမီးကဘာလဲ
မေမေအတွက်လူအပို တစ်ယောက်အဖြစ်မွေးဖွားလာခဲ့တာလား
အဲ့လိုဆိုရင်တော့ သမီးက မွေးကတည်းက အသေလေးမွေးလာခဲ့ရမှာ
အခုတော့ အသေလေးမမွေးခဲ့လို့
ဒီလိုကိုချစ်ရတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုမရပဲ သေလောက်အောင်နာကြင်နေရတာ သိရဲ့လား “
ဒေါ်ရေရည်မှုန်မှာ မျက်ရည်တွေဝဲတတ်နေပေမယ့် သူ့စိတ်ထဲမှာတော့ ပျောက်သွားသည့် သားကိုသာ ဆွဲလမ်းနေမိသည်။
“အား...ငါအဲ့ဒါတွေ မသိချင်ဘူး မသိချင်ဘူး ငါ့သားကို ခေါ်ပေး ငါ့သားကိုပဲ တွေ့ချင်တယ် ခေါ်ပေးပါ”
ပန်းကလျာ ခနဲ့တဲ့တဲ့ရယ်သံလေးဖြင့် ..
“အဟင်း ...ဘာတဲ့ မေမေသားဟုတ်လား မေမေသားက သေပြီ မေမေသားက မွေးကတည်းက သူများ သတ်လို့သေသွားပြီ”
သမီးဖြစ်သူ၏ မဆင်ချင်ပဲ ပြောလိုက်သည့် စကားကြောင့်
“သမီး .. အဲ့လိုမပြောနဲ့လေ သမီးမေမေက အဲ့စိတ်နဲ့ ဒီလိုဖြစ်နေတာကို”
ထိုစကားကို ကြားသည်နှင့် ဒေါ်ရွှေရည်မှုန်မှာ ပွက်ပွက်ဆူအောင် ဒေါသများဖြစ်သွားရပြီး
“ဟင်! နင် နင် ငါ့သားကို သေတယ်လို့ပြောတယ် နင့်ကို ငါသတ်မယ် နင်ကိုငါသတ်မယ်”
ဒေါ်ရွှေရည်မှုန်တစ်ယောက် ချုပ်ထားသည့် ဦးစိုင်းခန်းသန့်လက်ထဲမှ လွတ်ထွက်လာခါ ပန်းကလျားအား ဆံပင်တွေဆွဲ ၊ပါးတွေရိုက် နှင့်ကုတ်ခြစ်နေတော့သည်။
“အ..အား ..မေမေ သမီးနာလှပြီ လွှတ်ပါ”
“မှုန် ...မှုန် မလုပ်ရဘူးလေ အဲ့ဒါ ကိုယ်တို့သမီး အရင်းပါကွ လွှတ်ပေးလိုက်ပါ သမီးကို မလုပ်ပါနဲ့”
“ငါ့သားကို သေတယ်ပြောတာ သတ်မယ် နင့်ကို ငါသတ်မယ်”
ဇွတ်ဆွဲကုတ်နေသည့် ဒေါ်ရွှေရည်မှုန်အား ဦးစိုင်းခန်းသန့် အတင်းဖမ်းချုပ်ခါ ထိန်းထားရင်း အိမ်အကူကောင်မလေးအား လှမ်းခေါ်လိုက်သည်။
“အိချောရေ ...အိချော”
“ရှင်...ရှင်သူဌေး ဒီမှာ နင့်မမကိုခေါ်သွား သွေးထွက်နေတဲ့ အနာတွေ မှန်သမျှ ဆေးထည့်ပေးလိုက်”
“ဟုတ်ကဲ့ သူဌေး...လာမမလေး”
“လွှတ်ငါ့ကို ...”
လက်ဆွဲခေါ်နေသည်ကို ရုန်းလိုက်ခါ
“မလိုဘူးဖေဖေ မေမေက သူ့သားကိုပဲ တအားချစ်တာ ဒါပေမယ့် သူ့သားက သမီးပြောတဲ့ အတိုင်းပဲ သူများသတ်လို့ သေပြီ”
“အို သမီး အဲ့လိုထက်မပြောနဲ့လေ”
“လွှတ် ငါ့ကို ငါသူ့ကို သတ်မယ် “
နာနာကြင်မျက်နှာထားဖြင့် ဒေါ်ရွှေရည်မှုန်အား ကြည့်ခါ
“မုန်းတယ် သမီးကိုချစ်မပေးနိုင်တဲ့ မေမေကို အရမ်းမုန်းတယ်.. မုန်းတယ် အီး ဟီး ဟီး ဟီး”
ထိုသို့ပြောခါ သူမ အိမ်အောက်ထပ်သို့ ပြေးဆင်းခါ ခြံထဲမှ ပြေးထွက်သွားတော့သည်။
“ဟင်!...သမီး...သမီး ဘယ်လဲ”
အိမ်အောက်ထက်သို့ ပေးဆင်း သွားသည့် ပန်းကလျာအား ဦးစိုင်းခန်းသန့် အော်ခေါ်နေပေမယ့် သူမလှည့်မကြည့်
ဖိနပ်မပါ ခြေဗလာဖြင့် ခြံထဲမှ ခြေဦးတည်ရာ ပြေးထွက်ခဲ့သည့် သူမ
ဆံလေးများဖွာခါ မျက်နှာမှာလည်း မိခင်ဖြစ်သူ၏ ကုတ်ဖဲ့ရာတွေနှင့် နှုတ်ခမ်းထောင့်တွင်လည်း သွေးများစို့ခါ ရဲတတ်နေသည်။
သူမပြေးနေရင်းမှ လမ်းကြားတစ်ခုမှ ဟွန်းတီးခါ ကွေ့လာသည့် ကားကြောင့်
ပြေးနေရင်းမှလန့်ခါ မြေပြင်သို့ ပစ်လှဲကျသွားသည်။
“ဟ ..မောင်ခန့်ကျော် ဘယ်လိုဖြစ်တာလဲ”
“သူဌေး သူက ကားရှေ့ဇွတ်ပြေးဝင်လာတာပါ... ကျွန်တော်က လမ်းကြောင်းမှန်ပါတယ်”
“ကျစ်..ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ကွာ “
နောက်ခန်းတွင်ထိုင်နေသော ဦးသော်မြင့်ချိန်ကားပေါ်မှ ဆင်းလိုက်ခါ..လှဲကျနေတဲ့ သူမအနားစီသို့ လျှောက်သွားလိုက်သည်။
“ခလေးမ... ရရဲ့လား “
“ဟုတ် ..ဟုတ်ရပါတယ် ဦး သမီးတောင်းပန်ပါတယ် သမီးကွေ့လာတဲ့ ဦးကားကို မမြင်ပဲ ဇွတ်ပြေးလာမိလို့”
မျက်လုံးဝိုင်းလေးများဖြင့် သူ့အား တောင်းပန်တိုလျှိုးနေသည့် သူမက ပိုးလောက်တော့ မလှပေမယ် ဖြူဖြူနုနုနှင့်ချစ်စရာတော့ကောင်းလှသည်။
နှုတ်ခမ်းလေးလှုပ်ယုံမျှ ဦးသော်မြင့်ချိန်ပြုံးလိုက်ပြီး ...
“ရပါတယ်သမီးရဲ့”
“ခလေးမ ဒူးမှာ သွေးတွေထွက်နေတယ် ဦး ဆေးခန်းလိုက်ပို့ပေးမယ်လေ”
🎍🎍🎍🎍အပိုင်း၂၅ဆက်ရန်>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)