book

Index 23

(အပိုင်း ၂၃)

  • Author : Kyawal
  • Genres : Drama

အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️

Show စလျှောက်ခါနီး အချိန်ထိ သျှား ပေါ်မလာသောကြောင့်
သုတတစ်ယောက် ခေါင်းတွေ ခြောက်ခါ ဟိုကုတ်ဒီကုတ်ဖြစ်နေရသည်။
ထိုစဉ် တခွတ်ခွတ်နှင့် ပြေးလာသော ဒေါက်ဖိနပ်သံကြောင့် သူလှည့်ကြည့်လိုက်တော့ ယူမီဖြစ်သည်။
သူမကြည့်ရတာ မောဟိုက်နေပြီး သူ့အားတစ်ခုခု အလျင်စလိုပြောချင်နေပုံပင်...
“ညီမ ..ညီမဖြေးဖြေး ဘာဖြစ်လို့လဲ”

“ဟို..သျှားမာန်ရဲ့ အင်္ကျီမှာ ဒါလေးတပ်ပေးဖို့ ကျန်နေခဲ့တယ် အဲ့ဒါသူအခုဘယ်မှာလဲဟင် ...ပွဲစတော့မယ် ဒါလေးအမြန်တပ်ပေးမှ ဖြစ်မယ်”

“အင်း..အဲ အကိုလည်း သူ့ကိုရှာနေတာ သူဘယ်ထွက်သွားလဲ အကိုလည်းမသိဘူး ညီမရဲ့ အကိုတို့ သူ့ကို အတူသွားရှာကြမလား ပွဲစဖို့က နာရီဝတ်ပဲလိုတော့တာ”

လက်မှနာရီအား ငုံ့ကြည့်ခါ သုတပြောလိုက်သည်။
သူမကလည်း ခေါင်းလေး တစ်ဆက်ဆက်ညိမ့်ပြလိုက်ခါ”အင်း...”

“ဒါဆို သွားရအောင်”

သန့်စင်နှင့် ခန်းမအနီးတစ်ဝိုက်လိုက်ရှာပေမယ့် မတွေ့ ပွဲစရန် မိနှစ်၂၀သာလိုတော့သည် ။
သျှားကို အခုထိ သူတို့မတွေ့သေးချေ။
သူခန်းမနဲ့ဝေးဝေးတော့ သွားမည်မဟုတ်ပေ။သို့သော် သူမ ရှာမတွေ့။
ယူမီ မျက်ရည်လေးတွေ ဝဲတတ်လာသည်။
ကျွန်မကို မုန်းလို့ မမြင်ချင်ဖူးဆိုလည်း ပွဲပြီးခါကျမှ ရှောင်နေပါ သျှားမာန်ရယ် အခုတော့ ခဏလောက်ထွက်လာခဲ့ပေးပါ။
နေရာအစုံ သူမ ဝေ့ဝဲရှာနေပေမယ် သူ့အရိပ်ယောင်တောင် မမြင်ရချေ။
တဖြည်းဖြည်း မျက်ရည်တွေတစ်ပေါက်ပေါက်ကျလာရပြီး ထိုနေရာလေးတွင်သာ သူမ ရပ်နေလိုက်တော့သည်။
ခဏကြာတော့ သူမနောက်ကျောဘက်စီမှ “ဟေး...ညီမ “

သူမအသံကြားရာသို့ လှည့်ကြည့်တော့ သျှားကို ဇွတ်တရွတ်ခေါ်လာသည့် သုတကိုတွေ့လိုက်ရသည်။
ကျနေတဲ့ မျက်ရည်တွေကို မျက်တောင်လေးနဲ့ ပုတ်ထုတ်ခါ လက်နဲ့အမြန်သုတ်လိုက်ပြီး ချက်ချင်းဆိုသလို သူမမျက်နှာလေး အရောင်လတ်သွားရသည်။ ဝမ်းသာအားရ ပြေးသွားလိုက်ပြီး
သူမလက်ထဲမှ ပုလဲနှင့် ရွှေကျိုးလေးများ လျှံကျနေသည့် အတော်ဆန်းသစ်လှပသည့် ပစ္စည်းလေးအား သျှားပုခုံးတွင်ဆင်ပေးရန် သူမ လက်ရွယ်လိုက်တော့..
“ဟာ..ဘာလုပ်တာလဲ ...ဖယ်စမ်းပါ”
“အ...”
ဖက်ကနဲ ပုတ်ချလိုက်သည့် သူကြောင့် တပ်ဆင်မည့် ပစ္စည်းလေးမှာ ကြမ်းပြင်သို့ ပြုတ်ကျသွားရပြီး
ထိုပစ္စည်းတွင် အပ်ချိတ်များပါသည့်အတွက် သူမလက်ကလေး အပ်နှင့်ထိုးမိခါ သွေးများထွက်လာသည်။
အပ်ကသူမအသားကို အတော်ဖောက်သွား ပုံပေါ်သည်။
သွေးများ တစိမ့်စိမ့်နှင့် စိမ့်ထွက်လာခဲ့သည်။

သူ့လုပ်ရက်ကြောင့် သုတမျက်နှာပျက်သွားပြီး...သူမစီသို့ အမြန် လျှောက်သွားလိုက်ခါ
“ဟာ...ဟျောင့်ညီသျှား မင်းဘယ်လိုလုပ်လိုက်တာလဲ ဒီမှာ အပ်နဲ့ထိုးမိလို့ သွေးတွေထွက်လာပြီ ကွ”

“အဲ့ဒါကျွန်တော်နဲ့ဘာဆိုင်လဲ သူဘာလို့ ကျွန်တော့်ကို လာထိဖို့ လုပ်တုန်း”

“ဟ...အကြောင်းမဲ့ထိတာမဟုတ်ဘူးကွ မကြာခင် ပွဲစတော့မှာ မင်းအင်္ကျီမှာ ဆင်ဖို့ ပစ္စည်းကျန်ခဲ့လို့ သူကတပ်ပေးမလို့ ထိတာကွ ... မင်းသိပ်အတွေးလွန်မနေနဲ့”

ယူမီကတော့ သွေးထွက်နေတဲ့ သူမလက်လေးအား ဖိခါ သူ့အားကြည့်နေပေမယ့်
သူကတော့ သူမကို တစ်စက်လေးမှ ပြန်မကြည့်။
“ညီမရရဲ့လား အပ်ကအတော်ထိုးမိသွားတယ်ထင်တယ် သွေးတွေအတော်ထွက်နေတယ် အကို့အိတ်ကပ်ထဲမှာ တစ်သျှူးပါတယ် ညီမ ..ခဏနော်”

အိတ်ကပ်ထဲမှ တစ်သျှူးလေးထုတ်ပေးခါ သူမလက်မှ သွေးများကို သုတ်ပေးလိုက်ပြီး ကျနေတဲ့ ပစ္စည်းလေးကို သုတပြန်ကောက်လိုက်သည်။
“ကဲညီမ အထိမခံတဲ့ သူ့ကို အကိုပဲ ဒီဟာတပ်ပေးလိုက်မယ် ဒီဘက်ပုခုံးမှာ တပ်မှာမလား”
သျှား၏ ညာဘက်ပုခုံးအား ထိုးပြခါမေးလိုက်သည်။
“ဟုတ်တယ် အကို အဲ့ဘက်မှာ တပ်မှာ “
သွေးထွက်နေသည့် လက်လေးကို ဖိခါ သျှားပုခုံးတွင် ပစ္စည်းတပ်ပေးနေပုံကို သူမ ကြည့်နေသည်။
“ဟာ..ညီမ အပ်ချိတ်တွေက များလိုက်တာ ဒီဟာတွေက ဘယ်လို တပ်ပြီး ဘယ်မှာ သွားချိတ်ရမှာလဲ အကို မလုပ်တတ်တော့ဘူး ကူပါဦး ညီမ”

သုတစကားကြောင့် သူမ သျှားအနားသို့ကပ်လိုက်ခါ သူ့အားမထိပဲ
“ဒီချိတ်လေးက ဘယ်ဘက်ကို တိုးချိတ်ရမှာ ...ဒီဟာလေး က ဒီအောက်နားမှာ ချိတ်ပေးရမှာ အင်္ကျီတွန့်မသွားအောင်တော့ ချိတ်ပေးဖို့လိုမယ်”

“ဟာ..ညီမရယ် အကို မလုပ်တတ်တော့ဘူး ညီမက ဒီင်္ကျီပိုင်ရှင်ပဲ ညီမပဲချိတ်ပေးလိုက်ပါနော် လက်က သွေးတိတ်သွားပြီမလား ညီမ”

“ဟုတ် တိတ်သွားပါပြီ ဒါပေမယ့် ဖြစ်ပါ့မလား”

သျှားဘက်သို့ သူမကြည့်ရင်း သုတအားမေးလိုက်သည်။
ဘာကိုဆိုလိုတာလဲ သိတာမို့
“အမလေးညီမ ရတယ်ထိသာ ထိ ဒီတစ်ခါ ခုဏလိုလုပ်လို့ကတော့ သူအကိုနဲ့တွေ့မယ် လုပ်..လုပ်..လုပ်ညီမ ပွဲစဖို့ ၉မိနစ်ပဲလိုတော့တယ်”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

သျှား၏အင်္ကျီအား ဂရုတစိုက် တပ်ပေးနေသည့် သူမပုံစံလေးမှာ အတော် ချစ်စရာကောင်းလှသည်။
သူမဘယ်လောက် ချစ်စရာကောင်းကောင်း သျှားကတော့ သူမမျက်နှာ အားတစ်စက်မှ မကြည့်ပဲ ဆန့်ကျင်ဘက်အရပ်သို့သာ လှည့်ထားသည်။
“ကဲ...ပြီးပြီ ပွဲစတော့မယ် စင်အနောက်မှာ ကျွန်မတို့ နေရာယူကြရအောင်”

“ဟုတ်ပြီ ညီမ....လာ ညီသျှား သွားစို့”
ပုခုံးမှ ဖက်ခါ သျှားအား သုတခေါ်သွားပေမယ့် စိတ်မပါသည့် ခြေလှန်းများဖြင့်သာ သျှားလိုက်သွားခဲ့သည်။

🎊🎊🎊🎊🎊

ပွဲစပြီမို့ ဒီဇိုင်းဆန်း ဖက်ရှင်များကို မော်ဒယ်များ တစ်ယောက်ပြီး တစ်ယောက် ဝတ်ဆင်ပြသလျှောက်ပြနေသည်။
ဒီဇိုင်းများကိူ ကြည့်ခါ လူတိုင်း သဘောကျနှစ်သက်သည့် အနေထားရှိပြီး....သူဌေးများကလည်း ဒီအပွဲအတွက် ဂုဏ်ယူ ချီးမွှန်းနေကြသည်။

ဒီတစ်ခါမှာတော့ သျှား၏ ဒုတိယအခေါက် လျှောက်တစ်လှည့်ဖြစ်ပြီး...
ဝတ်ထားသည့် ဝတ်စုံဒီဇိုင်းမှာဆန်းသစ်သလို သူ၏bodyနဲ့လည်းလိုက်ဖက်ခါ ခန်းညားပေါ်လွှင်သည်။

ကြည့်ရှူသူများ စီမှ ...
“ဝိုး...အတော်မိုက်ပါ့လား”
“အဲ ..အဲ ဒါလေး ဒီမော်ဒယ်နဲ့ အတော်လိုက်တယ်”
“ဟေး...ဒါလေးမဆိုးဘူးနော်”
“ဒီဟာလေးက သူဝတ်လိုက်တော့ အတော် ပေါ်လွင်သွားတယ် ”
“တကယ်ကြည့်ကောင်းတယ်”
“ဒီ..ဇိုင်းလေးကြိုက်တယ်”

သို့သော် ကြိတ်ကြိတ်တိုး ကြည့်ရှူသူများကြားမှ တစ်ယောက်သောသူကတော့ သျှားအား စူးနှစ်ခက်ထန်မှုတို့ဖြင့် စိုက်ကြည့်နေပြီး..
“မင်းတို့ပြောတာသူလား ..”
“ဟုတ်တယ် သူပဲ သခင်လေး ကျွန်တော်တို့ စုံစမ်း သိရသလောက်က မမလေးကသူနဲ့ မြန်မာနိုင်ငံသွားတုန်းက ရင်းနှီးခဲ့ကြပြီး သူ့ကို မမလေးဘက်က တစ်ဖက်သက် စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်”

“အဟွန်း ရုပ်ရည်သာရှိပြီး ဒီဘာမဟုတ်တဲ့အကောင်ကို ယူမီက စိတ်ဝင်စားနေတာလား ရယ်စရာပဲ”

“မင်းတို့ ဒီကောင့်အကြောင်း အကုန်စုံစမ်းထား နောက်ပြီး ဒီကောင့်ကို မျက်ခြေမပျက် စောင့်ကြည့်ထား”

“ဟုတ်ကဲ့ သခင်လေး”

🎊🎊🎊🎊🎊

လျှောက်round များလည်းစုံခါ ပြသမည့် ဒီဇိုင်းများလည်း ပြီးစီးသွားပြီမို့
(ပရယ်ဇန်တာ)ပွဲကြေညာသူမှ ပွဲ၏အဓိကတာဝန်ခံနှင့် ဒီဇိုင်နာအား ကြေညာလိုက်တာကြောင့် စင်နောက်တွင်ရှိနေသော ယူမီအားသွားတွဲခေါ်ရမည့် မော်ဒယ်မှာသျှားဖြစ်သည်။
သို့သော်သျှား သွားမခေါ်ပဲ သူမဟုတ်သလိုသာ ခပ်တည်တည်ရပ်နေသည်။
သွားမခေါ်ပဲ ရပ်နေသည့် သျှားအား စင်အောက်ရှိ သုတမှ လက်ဟန်ခြေဟန်ဖြင့် ပြခါ သွားခေါ်ရန် တီးတိုး တိုက်တွန်းနေသည်။
သုတအား သျှားမြင်ပေမယ် သူမအား သွားခေါ်ခိုင်းနေခြင်းကြောင့် မမြင်ဟန်ဆောင်နေလိုက်သည်။
(ပရယ်ဇန်တာ)ကြေညာသူမှာ နာမည်မတပ်ပေမယ် သျှားကို ကြည့်ခါ ပွဲ၏အဓိကတာဝန်ခံနှင့် ဒီဇိုင်နာကို ဖိတ်ခေါ်ပေးဖို့ရန် ဒုတိယတစ်ခါ ထပ်ကြေညာလိုက်သည်။...

ထို အခြေနေတစ်ခုကြောင့် စင်အောက်ရှိ ပွဲကြည့်သူများ၏ ဆူဆူညံညံစကားသံများ ဖြင့် တစ်ယောက်တစ်ပေါက် တီးတိုးပြောသံများ ထွက်ပေါ်လာသည်။
သျှားကတော့ သွားမခေါ်ပဲ မသိချင်ယောင်ဆောင်ခါ မတုန်မလှုပ်ပင် ဒီတိုင်းတိုင်းရပ်နေသည်။

စင်နောက်မှာရပ်နေသည့်ယူမီမှာ လာမခေါ်ပဲ ဒီတိုင်းတိုင်း ရပ်နေသည့်သျှားကြောင့် မျက်နှာများ ပူထူခါ ရှက်စိတ်များဝင်လာရသည်။
သျှားမာန်ရယ် ကျွန်မကို လုံးဝမမြင်ချင် မထိချင်တော့ လောက်အောင်ကို မုန်းသွားပြီးလား...ရွံ့သွားပြီလား
လာခေါ်ရမှန်း သိသိလျက်တောင် လာမခေါ်ပဲ မသိဟန်ဆောင်နေတယ် နော်။

စင်အနောက်ရှိ သမီးဖြစ်သူအား သွားမခေါ်ပဲ မသိသလို ဒီတိုင်းရပ်နေသည့် သျှားလုပ်ရပ်အား ကြည့်ခါ ဒေါ်မီကီရိစန်တစ်ယောက် ဒေါသဖြစ်မိသလို
သမီးလေးအတွက်လည်း စိတ်မကောင်းဖြစ်ရသည်။

ကြေညာသူမှ တတိယအကြိမ် ဖိတ်ခေါ်ပေးရန် ထက်မံကြေညာလိုက်ခြင်းကြောင့် ဂျပန်မော်ဒယ်ကောင်လေးတစ်ဦးမှ ထွက်ခါ ယူမီအား သွားခေါ်ခဲ့လိုက်တော့သည်။
မော်ဒယ်ကောင်လေးရဲ့လက်ကိုချိတ်ခါ စင်ပေါ်သာတတ်လာခဲ့ပေမယ့် သူမအကြည့်တို့က သျှားကိုသာ လှမ်းကြည့်နေသည်။
သျှားကတော့ သူမအား တစ်စက်လေးမျှ မကြည့်ပဲ အရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေသည်။
ပန်းဆီရောင် ဇာဂါဝန်ရှည်လေးဖြင့် ဖြည်းဖြည်းချင်းတတ်လာသည့် သူမအား ကြည့်ရှုသည့် ပရိတ်သက်များ မြင်တော့ တစ်ခဲနက်မက်တပ် ထခါ လက်ခုပ်ဩဘာ များချီးမြှင့်ကြသည်။
ဘယ်သူတွေ ဘယ်လိုပဲ လက်ခုပ်တွေ တစ်ဖြောင်းဖြောင်းတီးပြီး သောင်းသောင်းဖြဖြ ကြိုဆို ချီးမြင့်နေပါစေ
သျှားကတော့ ခပ်တည်ဖြင့် လက်ခုပ်မတီးပဲ ရပ်နေလေသည်။
ယူမီရင်ထဲမှာတော့ တစ်ခြားသူတွေ ရဲ့ လက်ခုပ်သံတွေ / ချီးမြှင့်မှုတွေထက် သျှားရဲ့ အသိအမှတ်ပြုမှုကိုသာ လိုချင်မိသည်။
လက်ခုပ်သံများနှင့်ကြည့်ရှူသူများ ကြားမှ တစ်ယောက်သောသူကတော့ ယူမီကိုကြည့်ခါ ကျေနပ်နေသည်။
“ဝိုး...ငါ့နတ်သမီးလေးပဲ အရမ်းလှတယ်ကွာ ...ကြည့်ရတာ ရင်ထဲကို အေးသွားတာပဲ”

“မမလေးက သခင်လေးနဲ့ နေလိုလလိုလိုက်ဖက်ပါတယ်ဗျာ”

“အဟား...ဟား မင်းပြောတာ မှန်တယ် ယူမီက ငါနဲ့ပဲပိုလိုက်ဖက်တာ”

ဒိုမိုနာကတော့ ယူမီအလှတို့အား ကြည့်ခါ သဘောတွေကျနေပေမယ့်
ယူမီကတော့ သျှားအတွက်နဲ့ မျက်နှာလေးမှာ မပြုံးနိုင်မပျော်နိုင်ဖြစ်နေရသည်။

🎋🎋🎋🎋အပိုင်း ၂၄ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: