🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
“ဟမ်...ဘယ်လို ဘယ်လို ညီသျှား အကိုကို သေချာနားလည်အောင် ပြောပြပါဦး”
“ ကျွန်တော်လေ.......@#%£.................@$%................... “
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့ .... သုတက အပစ်မတင်တဲ့အပြင်....
“ဝိုး....ကောင်းလိုက်တာ ညီသျှားရာ miss မီကီရိစန်လို ထိပ်တန်းသူဌေးမကြီးရဲ့ သမီးနဲ့ မင်း လက်ထက်ရမဲ့ အတွက် အရမ်းကံကောင်းတာပေါ့
ငါသာမင်းနေရာမှာဆို ပျော်လွန်းလို့ ထကပြီ သူ့သမီးက အလှလေးပါကွ
ငါကြားရသလောက် ဂျပန်ကသူဌေးသားတွေဆို သူမကိုအရမ်းလိုချင်ကြတာတဲ့ အခုမင်းက သူတို့တွေထက်သာလို့ သူမကိုယ်တိုင်တောင်အတူပေးအိပ်ခဲ့သလို လက်ထက်ခွင့်တောင်...”
“တော်ပါတော့ဗျာ အဲ့အိပ်တယ်ဆိုတဲ့ စကားကြီး ထည့်ထည့်မပြောပါနဲ့ ကျွန်တော် နားခါးလွန်းလို့ပါ၊ နောင်တတွေလည်း ရမိတယ်”
“သူဘယ်လိုပဲ လှလှ ကျွန်တော်စိတ်မဝင်စားဘူး ကျွန်တော်ကတော့ အသုံးချခံရတာကိုပဲ စိတ်နာတယ်
သူ့ကိုမုန်းတယ်”
ခေါင်းငိုက်စိုက်ကျခါ စိတ်ညစ်စွာပြောနေသည့် သျှားကို ကြည့်ခါ သုတလည်းစိတ်ထဲတော့ မကောင်းပေ။
ထို့ကြောင့် သျှား ပုခုံးလေးကို ပုတ်ခါ
“ညီသျှား မင်းချစ်တဲ့ အနုပညာလောကမှာ နာမည်မပျက်ချင်ရင်တော့ ဒါကိုလက်ခံရမှာပဲ မင်းမှာတခြားရွေးချယ်စရာမှ မရှိတာ... ကောင်မလေးကို တာဝန်မယူရင် miss မီကီရိစန်အငြိမ်နေမှာ မဟုတ်ဘူးဆိုတာတော့ ငါသိတယ်။”
“ဟား....မသိတော့ဘူးဗျာ...ကျွန်တော် စိတ်ညစ်တာပဲ သိတယ်”
“ဖြစ်လာတဲ့ အကြောင်း အကောင်းတွေးယုံပေါ့ ညီသျှားရာ အဲ့လောက်လည်း စိတ်မညစ်ပါနဲ့”
စိတ်ညစ်တယ်ဗျ ကျွန်တော် စိတ်ညစ်တယ် ချစ်တာက ချိန်းကို ဗျ
ဒီကိစ္စဖြစ်သွားရတယ်ဆိုတာကလည်း သူမမြူစွယ်တာလည်း ပါသလို ကျွန်တော် ချိန်းကို သတိရတာနဲ့ သူမနဲ့ပျော်လိုက်မိတာ လည်းပါတယ်။
ကျွန်တော့် အပစ်လည်းမကင်းပါဘူး ဒါမယ့် သူမကတော့ ကျွန်တော့်ကို ဒီလိုဖြစ်အောင် တမင် အကွက်ကျကျ လုပ်ဇာတ်ခင်းတယ်။
အသုံးချတယ်။အရူးလုပ်တယ်။
သူမနဲ့သာ လက်ထက်လိုက်ရင် ချိန်း ကျွန်တော့်ကို ဘာပြောမလဲမသိဘူး
သူ့ကို ချစ်ပါတယ် တဖွဖွပြောပြီး မိန်းမတစ်ယောက်နဲ့ လက်ထက်သွားတာကို သူသိရင် သူကျွန်တော့်အပေါ် ဘယ်လိုမြင်မလဲ....
သူကျွန်တော့်ကို အထင်သေးသွားမလား....
ကျွန်တော့် ရင်ထဲမှာ ချိန်းကိုပဲ မစွန့်လွှတ်နိုင်ဖြစ်နေတယ်။
သူမကိုတော့ ကျွန်တော်သူငယ်ချင်းထက်ပိုပြီး သံယောဉ်မရှိနိုင်ဘူး
သူမကို ကျွန်တော် ရိုးရိုးသားသားပဲ ခင်ခဲ့တာပါ
ဒီလိုဖြစ်သွားရတာကလည်း မတော်တဆပါ။
လက်ထက်ဖြစ်ခဲ့ရင်တောင် သူမနဲ့ ကျွန်တော် မဆိုင်သူတွေလို နေဖို့ စဉ်းစားထားတယ်
ကျွန်တော် ထက်ပြီးသူမကို ရင်းရင်းနှီးနှီး မဆက်ဆံတော့ဘူး
သူမနဲ့ ရင်းနှီးမိခဲ့တဲ့အတွက် ကျွန်တော် နောင်တအကြီးအကျယ် ရမိတယ်.....
🍁🍁🍁🍁🍁
ဖြူလွှလွှလိုက်ကာစလေးများက တိုက်ခက်လာသည့် လေပြေအေးကြောင့် လွှင့်ပြယ်နေပြီး....
ထိုပြတင်းပေါက်နားရှိ ထိုင်ခုံလေးတွင် ဖြူဖက်ဖြူရော်မျက်နှာဖြင့် မျက်တွင်းလေးများခွက်နေသည့် ဒေါ်ရွှေရည်မှုန်တစ်ယောက် ထိုင်ခါ အပြင်သို့ငေးစိုက်ကြည့်နေသည်။
“ဂျလောက်..”
“မေမေရေ ဆေးသောက်ဖို့ အချိန်ရောက်ပြီ “
အခန်းဝမှ ဝင်လာသော သမီးဖြစ်သူထံ တစ်ချက်လှည့်ကြည့်လိုက်သည်။
ထို့နောက် ပြတင်းပေါက်အပြင်သို့သာ ဆက်လက် ငေးနေလိုက်သည်။
ဆေးဗန်းယူလာသည့် ပန်းကလျာတစ်ယောက် အပြင်သို့ငေးစိုက်ကြည့်နေသည့် မိခင်ဖြစ်သူအား ပခုံးလေးကိုင်ခါ
“မေမေ ဆေးသောက်ရအောင်လေ”
“ဟင့်အင်း ငါမသောက်ချင်ဘူး ငါသားလေးကို ပဲလွမ်းတယ် ... သားလေးငါ့စီ မလာတာ ၃ရက်လောက်ရှိနေပြီ ငါသားလေးကို အရမ်းတွေ့ချင်တယ် ခေါ်ပေးပါ“
ပန်းကလျာ သက်ပြင်းလေးချလိုက်ခါ
“လာမှာပေါ့ မေမေရယ် မနက်ဖြန်ဆို သူလာမယ်လို့ သမီးကိုဖုန်းဆက်တယ်”
ဒေါ်ရွှေရည်မှုန် ထိုစကားကြားတော့ မျက်နှာလေး ဝင်းလက်သွားရပြီး
“တကယ်လား ...မနက်ဖြန် သားက တစ်ကယ်လာမှာလား “
လက်တစ်လုံးစာမျှရှိသည့် ဖန်ခွက်သေးလေးထဲသို့ သူမဆေးများဖောက်ထည့်လိုက်ရင်း...
“အင်း တကယ်ပေါ့ မေမေရဲ့ ဆေးသောက်ကြမယ်နော် ...ရော့”
“ဟင့်အင်း ဆေးတော့မသောက်ချင်ဘူး”
“ဆေးမသောက်လို့ မရဘူးလေ မေမေရဲ့ ကျန်းမာရေးအတွက် ဆေးသောက်ရမယ် တကယ်လို့ မေမေသာ ဆေးမသောက်ရင် မေမေသားက လာမတွေ့ပဲ နေလိမ့်မယ်နော် သူကသမီးကို မှာခဲ့တယ် မေမေကို ဆေးဝင်အောင်တိုတ်ပေးပါတဲ့ မေမေ ဆေးမသောက်လို့ သူမလာပဲနေရင် ဘယ်လိုလုပ်မလဲ”
“ဟင့်အင်း မလာပဲနဲ့တော့ မနေပါနဲ့လို့ ဆေးသောက်မယ်နော် သောက်မယ် ပေး ပေး”
ချက်ချင်းဆိုသလို သူမလက်ထဲမှ ဆေးခွက်အားယူခါ မော့ချလိုက်ပြီး ဖွန်ခွက်ထဲမှ ရေကို မောသောက်ချလိုက်သည်။
ဒီလိုလိမ်ညာပြီး သူမအမေကို ဆေးတိုက်ရတဲ့အတွက် သူမစိတ်ထဲတော့ စိတ်မကောင်းဖြစ်မိသည်။
သို့သော် သူမအမေ ဆေးသောက်ဖို့က ဒီတစ်နည်းသာ ရှိတော့သည်မို့ မလိမ်မဖြစ် လိမ်ရခြင်းပင်။
“လိမ္မာလိုက်တာ ...ဆေးသောက်လိုက်တော့ မနက်ဖြန် သေချာပေါက် မေမေသားလာမှာပဲ...ကဲ...အခုတော့ ကုတင်ပေါ်မှာ လှဲပြီး အနားယူလိုက်ဦးနော် အပြင်မှာ လေစိမ်းတွေတိုက်တယ်
မေမေကလေစိမ်းတွေ အတိုက်ခံလို့ မရဖူးလေ ..လာ “
ထိုင်နေသည့် သူမအမေအား ကုတင်စီသို့ ထူပို့ပေးလိုက်ပြီး...
ဖွင့်ထားသည့် ပြတင်းပေါက်အား ကလန့်ချခါ ပြန်ပိတ်ထားလိုက်သည်။
“နားလိုက်ဦးနော် မေမေ သမီး သွားတော့မယ် လိုအပ်တာရှိရင် ဒီခလုတ်လေး နိတ်လိုက် သမီးမဟုတ်ခဲ့ ရင်တောင် တစ်ယောက်ယောက် မေမေစီရောက်လာလိမ့်မယ်”
“အင်း”
အမေဖြစ်သူအား ရင်ဘက်လောက်ထိ ရောက်အောင် စောင်ပါးလေးခြုံပေးခဲ့ပြီး သူမ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။
🚪🚪🚪🚪🚪🇯🇵
“ညီသျှား မကြာခင်ပဲ showလျှောက်ရတော့မှာလေကွာ မျက်နှာကြီးကို မှုန်သုန်မထားစမ်းပါနဲ့
တည် တည်ကြည်ကြည်လေး အရင်ကလို ပြုံးစမ်းပါကွ”
“ကျွန်တော် မပြုံးနိုင်ဘူး ကိုသုတရာ
ဒီပွဲလျှောက်ရမှာလည်း ကျွန်တော် စိတ်မပါဘူး”
“ဟ..ငါ့ကောင်ရ..မင်းပဲ မြန်မာပြည်မှာတုန်းက ဒီပွဲအတွက် အားခဲထားတာလေကွာ အခုကျ ဘယ်လိုဖြစ်ရတာလဲ”
“မသိဘူးဗျာ ဒီပွဲလည်းမြန်မြန်ပြီး ပြီးတာပဲ ဒါမှ မမြင်ချင်တဲ့ သူတွေရဲ့ မျက်နှာကို ကြည့်နေစရာမလိုမှာ”
သျှားစကားကြောင့် သုတဘေးပက်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်ရာ...
Showလျှောက်မည့် မော်ဒယ်များအား
အခြေနေဘယ်လို ရှိလဲလိုက်ကြည့်ခါ ပြင်ဆင်ပေးနေသည့် ယူမီအားတွေ့လိုက်ရသည်။
ထိုအခါမှ သူသျှားဆိုလိုတာကို သဘောပေါက်သွားတော့သည်။
သျှား၏ ပုခုံးလေးအား သူလက်ဖြင့် ပုတ်လိုက်ခါ
“ဒီမှာညီသျှား မင်းက ခလေးလည်းမဟုတ်တော့ဘူး ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အလုပ်ကိစ္စကို မရောထွေးနဲ့ သူ့အကန့်နဲ့သူ အကန့်ခွဲထား
မင်းသူ့ကို မမြင်ချင်လည်း အလုပ်သဘောအရ မြင်ရမှာပဲ
နောက်ပြီးတစ်ခုပြောမလို့ ပွဲပြီးလို့ ဂုဏ်ပြုပန်းစီး သူမလက်ခံတဲ့အခါ မင်းလက်ကို ချိတ်ပြီးလျှောက်မဲ့ ဒီဇိုင်နာက သူမဆိုတာလည်း မမေ့နဲ့ဦး”
“ကျွန်တော်မလုပ်ဘူး တခြားမော်ဒယ် လုပ်လိမ့်မယ်”
ထိုသို့ပြောခါ သုတရှေ့မှ ထွက်သွားလိုက်တော့သည်။
“ဟာ..ဟေး..ညီသျှား မင်းအဲ့လို လုပ်လို့မရဘူးလေ ..ဟေး ..ဒါဘယ်သွားတာလဲ”
ပြန်လှည့်မကြည့်ပဲ ထွက်သွားသည့် သျှားကြောင့် သုတခေါင်းကုတ်ခါကျန်ခဲ့တော့သည်။
တဖက်မှာတော့ မော်ဒယ်တစ်ဦးအား အင်္ကျီရွေးပေးနေရင်း မှ ကျောခိုင်းထွက်သွားသည့် သျှားကို သူမလှန်းကြည့်နေမိသည်။
သုတလည်းဘာရယ်မဟုတ် သူမဘက်လှမ်းအကြည့် သူမကလည်း သျှားထွက်သွားတာကို လှမ်းကြည့်ရင်း
သူတို့နှစ်ယောက် မျက်လုံးချင်းစုံသွားပြီး....
သုတကပဲ သူမကိုခေါင်းလေးညွှန့်ခါ မချိုမချဉ်လေး ပြုံးပြလိုက်သည်။
သူမကလဲ အသက်မပါသည့် အပြုံးဖြင့် ပြန်နုတ်ဆက်ခါ ရွေးလက်စ အင်္ကျီကိုသာ အာရုံစိုက်လိုက်သည်။
🎊🎊🎊🎊🎊🎊