🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
“အဟွန်း...ဒီမှာရုပ်ချောချောမော်ဒယ်ကောင်လေး အကြိုတွေ့ဆုံပွဲနေ့က မင်းငါ့ကို နုတ်ဆက်ခဲ့ဖူးတယ်လေ မမှတ်မိဘူးလား”
ထိုအခါမှ မျက်နှာအားသေချာ ကြည့်ခါ သျှား အမှတ်ရသွားသည်။
“ခင်ဗျက ပွဲရဲ့ စီစဉ်သူ ဒေါ်မီကီရိ..”
“အဟင်း....ဟုတ်တယ် ငါပဲ ယူမီက ငါ့သမီးပဲ”
“ဗျာ”
ကြမ်းပြင်တွင် လှဲကျနေတဲ့ သူမကတော့ဘာမှ မသိချေ။
“မေမေနဲ့သူက တွေ့ဖူးကြတာလား”
“အေး အခုနင့်နောက်မှာရှိနေတဲ့ ကောင်လေးက နင့်ဒီဇိုင်းတွေကို မြန်မာနိုင်ငံကိုယ်စားပြု ပွဲထုတ်လျှောက်ပြမယ့် မော်ဒယ်ပဲ”
“ရှင်...” “ဘယ်လို...”
“အဟင်း ....အတူသာအိပ်လိုက်ကြတယ် တစ်ယောက်အကြောင်း တစ်ယောက်ဘာမှ ကိုမသိပါ့လား...အံ့ဩစရာပဲ
ဘယ်လိုတွေ့ကြတာလဲ”
ဒေါ်မီကီရိစန် စကားကြောင့် ယူမီကော သျှားပါ အတော်ခံပြင်းခါ ရှက်မိသည်။
“နင်တို့အဖြစ်ကို မနက်ဖြန် ငါ့ရဲ့ပွဲကြီးပြီးခါမှ ဆက်ရှင်းမယ်
မင်း...ငါ့သမီးကို တာဝန်ယူပါ မဟုတ်ရင် မနက်ဖြန်ပွဲပြီးတာနဲ့ မင်း မျက်နှာမဖော်နိုင်အောင် ငါလုပ်ပြမယ်”
အပေါက်ဝတွင် စောင့်နေသော လူနှစ်ယောက်အား
“ကျွန်မ မိသားစု ကိစ္စလေး ပြောပြီး ခဏနေလာခဲ့မယ် ရှင်တို့ကားပါကင်မှာ စောင့်နေပါ ပြီးရင်ရှင်တို့ သခင်လေး အိမ်ကို ကျွန်မလိုက်ခဲ့ပါ့မယ်”
ထိုစကားကြောင့် အပေါက်ဝတွင်ရပ်နေသော လူနှစ်ဦးမှာ ထွက်သွားကြသည်။
ထို အခါမှ ဒေါ်မီကီရိစန် မျက်ထားကိုပြန်ပြင်လိုက်ခါ ....
“အိုး...သမီးလေး....အတော်နာသွားလား သူတို့အရှေ့မှာမလို မေမေ ဒီလို လုပ်ရတာပါကွယ် မေမေတောင်းပန်ပါတယ်။”
ဒိုမိုနာလူတွေရှိတာကြောင့် သူမ ခုဏက ကြမ်းတမ်းခက်ထန်ချင်ယောင် ဆောင်လိုက်ရခြင်းပင်.။..
ကြမ်းတွင် စိတ်လေမှုပေါင်းများ စွာဖြင့် ထိုင်နေသော သျှားဘက်သို့ လှည့်ခါ
“ကောင်လေး ... မင်းကို ရိုက်ခဲ့မိတဲ့အတွက်ကော ပစ်ပစ်ခါခါပြောမိတာတွေ အတွက်ကော အန်တီတောင်းပန်ပါတယ်
သမီးနဲ့မင်း ဖြစ်ခဲ့တာအတွက်လည်း အန်တီအပစ်မပြောပါဘူး ဒါမယ့် တစ်ခုတော့ တောင်းဆိုပါတယ် သမီးလေးကို တာဝန်ယူပေးပါ ကာကွယ်ပေးပါ သမီးက အစောထဲက သားကို ချစ်နေခဲ့တာလေ
သား အပေါ် သူအသုံးချ သလိုဖြစ်သွားခဲ့ရင် အန်တီကပဲ ကြားထဲက တောင်းပန်ပါတယ်
သမီးလေးကိုတော့ အပြစ်မယူပါနဲ့ကွယ်”
ထိုစကားတွေကို သူမုန်းလိုက်တာ ဘာတဲ့ သူမက သူ့ကို ချစ်နေတာတဲ့ ချစ်တယ်ပြောပြီး သူ့ကို အခုလိုမျိူး အသုံးချတယ်ပေါ့ မယုံနိုင်စရာပဲ
မတော်တဆ ဖြစ်ခဲ့ကြရင်တောင်
သူဒီကိစ္စကို လက်ခံနိုင်သေးတယ်
အခုတော့ ဒါမတော်တဆမဟုတ်ပဲ တမင်ကိူကြံစည် ပြီး သူမကသူ့ကို မြူစွယ်ခဲ့တာပဲ.....အဟား ကြောက်စရာကောင်းလိုက်တဲ့ မိန်းမတွေပါ့လား..
မပက်သက်မိခဲ့ရင် ပိုကောင်းသား
ဖြူစင်သယောင်ပြပြီး မာယာလည်း အတော်များတဲ့ မိန်းမတွေပဲ
မုန်းဖို့ အတော် ကောင်းတယ်
“အဟင်း...အခုမှလာ တောင်းပန်မနေပါနဲ့ဗျာ စိတ်ချပါ ခင်ဗျတို့ ကျေနပ်အောင် ကျွန်တော် သူ့ကို တာဝန်ယူလိုက်ပါ့မယ်
ရင်းနှီးလို့လည်း မဟုတ်ဘူး၊ချစ်လို့လည်း မဟုတ်ဘူး အသုံးချခဲ့တဲ့ ဒီမိန်းမကို သိပ်မုန်းလို့ပဲ...
ခွင့်ပြုပါဦး”
ကုတင်ပေါ်ရှိ အပေါ်ဝတ်အင်္ကျီထပ်အား ယူခါ ထထွက်သွားတော့သည်။
အခန်းထဲတွင် ဒေါ်မီကီရိစန်နှင့်ယူမီတို့သာ ကျန်ခဲ့တော့သည်။
ရှိုက်သံပါအောင် အော်ငိုလိူက်ပြီး
“မေမေ လုပ်ပါဦး ဟီး ဟီး သူ သမီးကို မုန်းသွားပြီ သမီးသူ့ကို သိပ်ချစ်တယ် သူမုန်းသွားတာကို သမီးမခံစားနိုင်ဘူး ဟီး ဟီး ဟီး မေမေကယ်ပါဦး”
“မေမေအပစ်တွေပါကွယ် မေမေ မဆင်မချင် နှုတ်ကပြောလိုက်လို့ ဖြစ်ရတာပါ မေမေ အတတ်နိုင်ဆုံး သမီးတို့ကို အဆင်ပြေအောင် လုပ်ပေးပါ့မယ်ကွယ်”
“သမီးကို သူမုန်းသွားမှာ အရမ်းကြောက်တယ် ..သမီး သူ့ကို အသုံးချချင် ယုံသက်သက်လဲ မဟုတ်ခဲ့ပါဘူး သမီးချစ်တဲ့သူမလို့ သမီးဘဝကိုပေးခဲ့တာပါ ဟီး ဟီး ဟီ”
ရင်ခွင်မှာ မှီငိုနေသော သမီးဖြစ်သူအား သူမ ပုခုံးလေး ပုတ်ခါ နှစ်သိမ့်ရင်း....
“အေးပါ သမီးရယ် သမီးစိတ်ကို မေမေသိပါတယ်...သူမုန်းမှာ ကြောက်ရရင်တောင် သမီးသူ့ကို ပိုင်ဆိုင်ရပါပြီ သူ့ထက်ပို ကြောက်ရမာက ဒိုမိုနာကိုပဲ သမီး ဒီကိစ္စ ဒိုမိုနာ သိရင်မလွယ် ဘူး...အခုလည်း မေမေသူ့ကို သွားတွေ့ရဦးမယ် ... ထပါ သမီးရယ် ငိုမနေပါနဲ့တော့”
ကြမ်းပြင်မှာ ပြိုလှဲနေတဲ့ သမီးဖြစ်သူအား ထူခါ
“အရာအားလုံး အဆင်ပြေသွားမှာပါ သမီရယ်..မေမေသွားလိုက်ဦးမယ်နော်...ဆက်မငိုနဲ့တော့”
💥💥💥💥💥💥💥
“💢ဘာကွ...တောက်..ယူမီက အခြားယောကျာ်းတစ်ယောက်နဲ့ အတူအိပ်ခဲ့တယ် ဟုတ်လား”
ကြားရသည့် သတင်းကြောင့် ဒိုမိုနာခေါင်းတစ်ပိုင်း ကြီးသွားသလို ဒေါသများလည်း အလိပ်လိပ်ထွက် လာသည်။
“ဟုတ်ပါတယ် သခင်လေး သူမ အနောက် နောက်ယောင်ခံပြီး လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတဲ့ ခီတာစီက ကျွန်တော် သတင်းရခဲ့တာပါ “
“တောက်...ငါတောင်မခြွေရသေးတဲ့ ပန်းလေးတစ်ပွင့်ကို ဘယ်ခွေးကောင်က လာခြွေရဲတာလဲ”
သတင်းလာပို့သောသူ၏ အင်္ကျီကော်လံအား ဒိုမိုနာစောင့်ဆွဲယူခါ
“မင်းတို့ အတော် စောက်သုံးမကျတဲ့ ကောင်တွေပဲ မင်းတို့ကို ငါဘာမှာထားလဲ သူမအနားလာကပ်တဲ့ ကောင်တွေမှန်သမျှ တစ်ခါတည်း အကုန်အပျက်ရှင်းပစ်လို့ ပြောထားတယ်မလား....”
သတင်းလာပို့သူမှာ ဒိုမိုနာလက်စာအား ကြောက်နေရသည်...
“ဟုတ်...ဟုတ်ပြောခဲ့ပါတယ် သခင်လေး ဒါပေမယ် အခုတစ်ယောက်က ကျွန်တော်တို့ နိုင်ငံသားမဟုတ်တဲ့ အပြင် နိုင်ငံတစ်နိုင်ငံရဲ့ နာမည်ကြီးမော်ဒယ်တစ်ယောက် ဖြစ်နေတာကြောင့် သူ့ကိုသာရှင်းလိုက်ရင် သခင်လေးအတွက် အကြီးကျယ် ပြဿနာတတ်နိုင်လို့ မရှင်းပဲ ထားလိုက်ရတာပါ”
“💢အေး မရှင်းတော့ အခု ယူမီကအဲ့ကောင်လက်ထဲ ပါသွားပြီလေ...ဟာကွာ...တောက်...မင်းတို့စောက်သုံး မကျတာက မကျတာပဲ.....ကဲကွာ
“ဘုန်း”
“အား..”
ဒိုမိုနာ၏ ကန်ချက်ကြောင့် ဘုန်းကနဲ ကြမ်းပြင်တွင် လှဲကျသွားရပြီး...
ချက်ချင်းဆိုသလို ဒူးအမြန်ထောက်ခါ “တောင်းပန်ပါတယ် သခင်လေး...ကျွန်တော်တို့ ပေါ့ဆမှုကြောင့်ပါ”
“မင်းတို့ တောင်းပန်တော့ကော ငါ့ယူမီလေးက အပျိုပြန်ဖြစ်မှာလား
အခုတော့ ဘယ်ကခွေးသားမှန်းမသိတဲ့ ကောင်ရဲ့ လက်ထဲ ယူမီပါသွားပြီ ကွ”
“ကျွန်တော်တို့အပစ်ပါ တောင်းပန်ပါတယ် သခင်လေး”
“တောင်းပန်တာတွေ ငါမလိုချင်ဘူး...
ယူမီအနောက် နောက်ယောင်ခံတဲ့ ကောင်ဘယ်ကောင်လဲ အဲ့ကောင်ကို အခုချက်ချင်း တစ်ခါတည်း သတ်ပစ်လိုက် ... စောက်သုံးကိုမကျဘူး ...သူများလက်ထဲ ပါသွားပြီးခါမှ ငါ့ကိုလာ သတင်းပို့ခိုင်းတယ် ....တောက်...ခွေးသား💢”
ရိုးရာဆေးပန်းချီများ ဆွဲထားသည့် စက္ကူထူ ဆွဲတံခါးလေးအား ဖွင့်ခါ ဂျပန်ကီမိုနိုဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးမှ....
“သခင်လေး ....miss မီကီရိစန် သခင်လေးနဲ့ တွေ့ဖို့ စောင့်နေပါတယ်”
“အေး ...ငါလည်းတွေ့ ချင်နေတာနဲ့ အတော်ပဲ လာခဲ့မယ်”
🍁🍁🍁🍁🍁🍁
“တီတောင်....တီတောင်...”
“ဂျလောက် “
“ဟာ...ညီသျှား ... မင်းတစ်ညလုံး ဘယ်တွေ ပျောက်နေတာလဲ...
ဒီမှာ ငါမင်းအတွက် စိတ်ပူလို့ရူးတော့မယ်“
အမေးတွေကို သူပြန်မဖြေပဲ သုတအားတိုးတိုက်ခါ အခန်းထဲသို့ ဇွတ်ဝင်သွားသည်။
“ညီသျှား...ညီသျှား နေဦး မင်းညကဘယ်တွေ သွားနေတာလဲလို့ အကိုမေးနေတယ်လေ. ဖြေပါဦး..ဘာလို့အခုမှ ပြန်လာရတာလဲ...”
ကုတင်စောင်းလေးပေါ် ထိုင်ခါ ခေါင်းမှဆံပင်တို့အား ရှုပ်ပွအောင် ထိုးဖွလိုက်ရင်း လက်နှစ်ဖက်က သူ၏မျက်နှာချောချောလေးအား ဖုံးအုပ်ခါ
“ကိုသုတ ...ကျွန်တော်ဘယ်လိုလုပ်ရမလဲ...ကျွန်တော် အရမ်းစိတ်ညစ်တာပဲဗျာ ...ကျစ်”
စိတ်ညစ်နေတဲ့ သူ့ပုံစံကြောင့် သုတနံဘေးတွင် ဝင်ထိုင်လိုက်ခါ
“ဘာတွေ စိတ်ညစ်နေတာလဲ ညီသျှားရ ညကဘာတွေ ဖြစ်ခဲ့လို့လဲ အကိုကိုပြောပြလေ ဒါမှ ကြုံတွေ့နေရတဲ့ ပြဿနာကို အကိုပါ အဖြေကူရှာပေးလို့ရမှာပေါ့”
သက်ပြင်းရှည်ကြီးချခါ သုတဘက်သို့ သျှားလှည့်ကြည့်လိုက်ပြီး..
“ညက ကျွန်တော် ပျောက်သွားတယ်ဆိုတာ miss မီကီရိစန်ရဲ့ သမီးနဲ့အတူရှိနေခဲ့လို့ပဲ”
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)