အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
လိုက်ကာကြားမှ နေရောင်ပြပြလေးထိုးဖောက်ဝင်နေပြီး အဖြူရောင် ကုတင်ကြီးပေါ်မှာ တစ်ယောက်သောသူကတော့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေပြီး....
တစ်ယောက်ကတော့ ....အတွေးများ ပလပွဖြင့် နိုးထနေသည်။...
ငါ့ရွေးချယ်မှုအတွက် နောင်တတော့မရပါဘူး ဒါပေမယ့် ငါဒါကို အသုံးချပြီး ဟိုလူ့လက်က လွှတ်မြောက်ဖို့ သူ့ကို အသုံးချသလို ဖြစ်သွားရတဲ့အတွက်...စိတ်မကောင်းပါဘူး သျှားမာန်ရယ် ကျွန်မက ရှင့်ကို ဖြူစင်စွာပိုင်ဆိုင်ခွင့် ပြုတာမဟုတ်ပဲ ကျွန်မရဲ့ ကိုယ်ကျိုးအတွက်ရှင့်ကို အသုံးချခဲ့သလို ဖြစ်သွားခဲ့ပြီ။...
သူမ ဖုန်းကို ကောက်ကိုင်ခါ သန့်စင်ခန်းစီသို့ ထွက်လာခဲ့လိုက်သည်။
“တူ...တူ...”
“ဟယ်လို မေမေ...မေမေကို သမီးပြောစရာရှိတယ်....
⛈⛈⛈⛈⛈⛈
“တီတောင် တီတောင်”
ဘဲလ်သံကြောင့် သူမချက်ခြင်းဆိုသလို သွားဖွင့်ပေးလိုက်သည်။
စူးရဲ ခက်ထန်သည့် မေမေရဲ့ အကြည့်တွေနှင့် သူမ ရင်ဆိုင်လိုက်ရသည်။မေမေရဲ့အနောက်မှာလည်း အပိုလူ နှစ်ယောက်ပါလာ သည်။
ထိုလူတွေကို သူမသေချာ ကြည့်လိုက်တော့ ဒိုမိုနာရဲ့ လူတွေမှန်း သိလိုက်ရသည်။
ဒေါ်မီကီရိစန် သမီးဖြစ်သူအား တွန်းတိုက်ခါ အခန်းထဲသို့ ဝင်သွားလိုက်သည်။
အိပ်ယာတွင် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသော သျှားကို မြင်တော့ မျက်နှာကို ပိုတင်းမာလိုက်ပြီး....
ယူမီဘက်သို့ ပြန်လှည့်ကြည့်ခါ...
“နင့် အကောင်ကို အခုချက်ချင်း နင်ကိုယ်တိုင်နှိုးပေးမလား ငါရေနဲ့ပက်နှိုးပေးရမလား”
ချက်ချင်းဆိုသလို သူမ ကုတင်လေးစီ အပြေးလေး ရောက်လာခါ
“အဲ့လိုမလုပ်ပါနဲ့ မေမေရဲ့ မေမေပြောရင်သမီးကိုပဲ ပြောပါ သူနဲ့ဘာမှမဆိုင်ပါဘူး “
“နှိုးလိုက် နင့်အကောင်ကို မဟုတ်ရင် ငါကိုယ်တိုင်နှိုးလိုက်မယ်”
“မ မလုပ်ပါနဲ့ မေမေ သမီးနှိုးပေးပါ့မယ်”
“သျှားမာန် ..သျှားမာန်”
“အွန်း...”
လှုပ်နှိုးလိုက်တဲ့ သူမကြောင့် မှုန်တီမှုန်ဝါးဖြင့် မျက်လုံးလေးပွတ်ခါ ဖွင့်ကြည့်လိုက်သည်။မျက်ရည်ဉလေးတွေ ဝဲခိုနေတဲ့ သူမမျက်နှာအပြင် စူးရဲခက်ထန်သည့် မျက်နှာထားဖြင့် ဒေါ်မီကီရိစန်အား သူတွေ့လိုက်ရသည်။
“ဟင်! ...ယူမီ ဘာဖြစ်တွေတာလဲ”
ချက်ချင်းဆိုသလို သူကောက်ထိုင်ခါမေးလိုက်သည်။
“မေမေရောက်နေတယ် ကျွန်မအိမ်ပေါ်က ဆင်းသွားလို့ဆိုပြီး ဒီမနက်လာခေါ်တော့ သျှားမာန်နဲ့အတူရှိနေတာကို မေမေမြင်သွားတယ်”
“ဘာရယ်”
အမှန်တော့ သူမသေချာဖုန်းဆက် ပြောပြလိုက်ခြင်းပင်။
Sorry ပါ သျှားမာန်ရယ် ဒီလိုလိမ်ရလို့ ကျွန်မစိတ်မကောင်းပါဘူး
အံ့ဩမှုတွေဖြင့် ကုတင်ပေါ်မှာ ငေးထိုင်နေသော သျှားမာန်ငြိုးအား..
“မင်း အတော်အကြံပက်စက်ပါ့လား ငါ့သမီးမှာ စေ့စပ်ထားတဲ့ လူရှိတယ်ဆိုတာ မသိဘူးလား ... အခုတော့ မင်းလုပ်ရပ်ကြောင့် ငါတို့မျိုးရိုးဂုဏ်သိက္ခာကော မျက်နှာပါပျက်ရပြီ”
“ဗျာ...”
တကယ်ကို ဘာမှနားမလည်တော့သည့် သျှားအဖြစ်က အတော်သနားစရာကောင်းသည်။
“မေမေရေ သူ့ကိုမပြောပါနဲ့ သူဘာမှမသိပါဘူး ပြောရင် သမီးကိုပဲပြောပါ မေမေရယ်”
“နင်...နင်လည်း အမေဖြစ်သူရဲ့ မျိုးရိုးဂုဏ်ပျက်မယ်ဆိုတာ သိသိလျက်နဲ့ ဒီလိုနည်းနဲ့ ဖျတ်စီးလိုက်တယ်ပေါ့ အမိုက်မ”
“ဖြောင်း...ဖြောင်း”
ပါးကိုဘယ်ပြန်ညာပြန် ရိုက်လိုက်သည်ကြောင့် ယူမီကြမ်းပြင်သို့ ပြိုလှဲသွားရပြီး တရှုံ့ရှုံ့ငိုနေလေသည်။
“ငိုမနေနဲ့အမိုက်မ နင်ဒိုမိုနာလက်ကလွတ်ဖို့အရေး နင့်ဘဝကို ဒီကောင့်ပေးပြီး ဖျတ်စီးခိုင်းတယ်ပေါ့လေ တော်တော် မိုက်ရူးရဲဆန်တဲ့ ဟာမပဲ”
“💢ဗျာ..”
“ဟင့်အင်း မေမေ သူ့အရှေ့မှာ မပြောပါနဲ့.. အဲ့လိုမဟုတ်ဘူး”
သူမတားလိုက်ပေမယ့် နောက်ကျသွားခဲ့သည်။
ထိုစကားကြောင့် သျှားတစ်ကိုယ်လုံး ကျက်သီးများ တဖြန်းဖြန်းထခါ ညကအဖြစ်အတွက် အတော်ကိုရှက်ရွံ့မိသည်။
ကုတင်ပေါ်မှ ချက်ချင်းဆင်းခါ ကြမ်းပြင်တွင်လှဲကျနေသော သူမပုခုံးနှစ်ဖက်အား ကိုင်လှုပ်ခါ
“💢....ယူမီ ...မင်းအမေပြောလိုက်တာ အမှန်ပဲလား ... တကယ်ပဲ မင်းစေ့စပ်ထားတဲ့ လူရှိလျက်နဲ့ သူ့လက်ကလွတ်ဖို့ အတွက် မင်း ငါ့ကို အသုံးချခဲ့တာလား”
ကိုင်လှုပ်နေသည့် သျှားမာန်လက်တို့အား သူမပြန်ကိုင်လျက်...
မျက်ရည်စတို့ စိုရွှဲခါ
“အဟင့် .. ဟင့် ကျွန်မတောင်းပန်ပါတယ် သျှားမာန်”
“💢ဘာ...”
“ဟာ..ဒါဆို မင်းအမေရဲ့စကားက အမှန်ပဲပေါ့
ဟာ...မင်းလုပ်ရပ်လိုက်တာ တကယ်တမ်းကျ..မင်းက ငါ့ကို အသုံးချခဲ့တာပဲ
ဟား...ငါ့မှာတော့ ရိုးသားတယ်ထင်ခဲ့လို့ မင်းတောင်းဆိုမှုအတိုင်း စိတ်ရင်းမှန်နဲ့ နေပေးခဲ့တာ ...တကယ်တမ်းကျ မင်းက အကြောင်းရှိလို့ ငါ့ကို အသုံးချခဲ့တာပဲ”
“ဟီး..ဟီး..ဟီး ကျွန်မတောင်းပန်ပါတယ် ကျွန်မမှာရွေးချယ်စရာ မရှိတော့လို့ပါ “
“💢တော်စမ်းပါကွာ အဓိပ္ပာယ်မရှိတာ မင်းကို ဖြူစင်တယ်ထင်ခဲ့တာ တကယ်ကျမင်းက ယုတ်မာတယ် မင်းကို ခင်မင်မိတာက ငါ့အမှား မင်းကို ယုံကြည်မိတာက ငါ့အမှားပဲ
မင်းငါ့ကို အသုံးချတယ်”
မြန်မာစကားအား တစ်စွန်းတစ်ဆသာ နားလည်သည့် ဒေါ်မီကီရိစန် တစ်ယောက် နှစ်ယောက်ကြားတွင် ဖျတ်ခါ စကားဆိုလိုက်သည်။
“အခုချိန်ကျမှ ဘာတွေများ အငြင်းပွါးနေတာလဲ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးသွားပြီ ဒီတော့ မင်း ယူမီကို တာဝန်ယူလိုက် မဟုတ်ရင် ငါဉပဒေအတိုင်းသွားမယ်”
“💢ဘာဗျ...တာဝန်ယူရမယ် ကျွန်တော်နဲ့သူက သူငယ်ချင်းဗျ သူ့တောင်းဆိုမှုကြောင့်သာ ကျွန်တော်နေပေးခဲ့တာ ကန်တော့ဗျာ ရိုင်းရိုင်းပြောရင် အန်တီသမီးကိုယ်ဝန်မရပါဘူး ကျွန်တော်အကာအကွယ်ပါပါတယ်“
ထိုစကားကြောင့် ဒေါ်မီကီရိစန် တစ်ယောက်ဒေါသထွက်ခါ
“ဟင်..မင်း..မင်းမိုက်ရိုက်လှချီလား ကဲဟယ်...”
“ဖြောင်း....”
ဒေါ်မီကီရိစန်၏ရိုက်ချက်ကြောင့် သျှားမျက်နှာလေး လည်ထွက်သွားခါ ပါးနုနုလေးမှာ နီရဲသွားရသည်။
“ဟင်..! မေမေ မလုပ်ပါနဲ့ ဟီး...ဟီး မေမေရိုက်ချင်ရင် သမီးကိုရိုက်ပါ သူ့ကိုတော့ မရိုက်ပါနဲ့ သူပြောတာမှန်တယ် သမီးမှားတာပါ အားလုံးကသမီးအမှားတွေပါ ဟီး ဟီး သူ့ကိုမရိုက်ပါနဲ့ သမီးတောင်းပန်ပါတယ်”
သျှားအရှေ့မှ ကာခါ ငိုရိုတောင်းပန်နေသည့် ပုခုံးပေါ်တင်ထားတဲ့ သူမလက်တွေအား သူပုတ်ချခါ
“မင်း...အခုမှ လာပြီး မျက်ရည်ခံထိုးမနေနဲ့ ငါ့ကို မြူစွယ်အသုံးချတုန်းက ချခဲ့ပြီး အခုမှ ဘာမှ လာကာကွယ်ပြောပေးမနေနဲ့ မင်းက အတော်အကြံပက်စက်သလို ယုတ်မာတဲ့ မိန်းမ ”
“ဟီး...ဟီး..ပြောပါ ကျွန်မကို ရှင်ကြိုက်သလို ပြောပါ...အားလုံး ကျွန်မအပစ်တွေပါ”
“ဒီမှာကောင်လေး..ငါ့သမီးဘဝကို မင်းဖျတ်စီးလိုက်ပြီလေ တာဝန်မယူရင်တော့ မင်းရဲ့ အနုပညာလမ်းကြောင်းတော့ ပိတ်ဆို့သွားမှာပဲ”
ထိုစကားကြောင့် သျှားမျက်လုံးတွေ ပြူးကျယ်သွားရပြီး..
“💢ဘာဗျ...”