(🌈အရောင်ပြောင်းကောင်းကင်☁️ Or
♥️ပြောင်းလဲတတ်သောချစ်ခြင်း♥️)
ပိုး ဒေါ်မိုးကြည်ဘက်လှည့်ကာ
“ဒေါ်လေး ဖေဖေကနေမကောင်းရတဲ့ထဲ ဒေါ်လေးဖဲဝိုင်းသွားတာတွေ ကျေးဇူးပြူပြီးလျော့ပါတော့လား”
“အိုး သူနေမကောင်းတာ ငါနဲ့ဘာဆိုင် ငါ့အလုပ်ကိုတော့ ဒီ လူပမာအတွက် မဖျတ်နိုင်ပါဘူးတော် မဟုတ်လဲ သူကသေတော့မှာပဲ”
“ဒေါ်လေး....”
ဒေါ်မိုးကြည် ပိုးခေါ်သံကို မထီမဲ့မြင်ပြုခါ ရေခက်သောက်လိုက်ပြီး မီးဖိုချောင်ထဲသို့ ထဘီမကာ ဝင်သွားတော့သည်။
ပိုးလဲ ဒေါ်မိုးကြည် ပြောလိုက်သော စကားကြောင့် ရင်ထဲတစ်ဆစ်ဆစ်နာကြင်ရပြီး မျက်ရည်များက ပါးပြင်လှလှလေးထက်မှာ အဖြိုင်ဖြိုင်ကျနေလေသည်။
ထိုစဉ် အေးစက်တုန်ရီနေသော လက်တစ်စုံက ပိုးရဲ့ပုခုံးလေးအား ဖွဖွလေးပုတ်ခါ အားပေးနေသည်က ဖေဖေသာဖြစ်သည်။
~~~~~~~~~~~~~~~~
“အိူး စားလိူ့ကောင်းလိုက်တာ ငပိရည်ကလဲ ဟူး ရှုး ရှုး အား...စပ်လိုက်တာအေ ကောင်းချက် ဒါမျိုးကမှ ငါ့ကို ထမင်းပိုမိန်စေတာပဲ အဟွန်း ရှူး ရှလွှတ် ”
ပိုး အဝတ်စားလဲပြီး ၇:၀၀မထိုးခင် ညနေစာစားဖို့နှင့် ၊ ဖေဖေအတွက် ဆန်ပြုတ်နှင့် ဆေးစီစဉ်ပေးရန် မီးဖိုချောင်ထဲသို့ ဝင်လာလိုက်သည်။ ဒေါ်မိုးကြည်ကတော့ ရှူးရှဲ ဝူးဝဲနဲ့ နှာရည်များပင်ကျခါ ငပိရည်နှင့်တို့စရာ ဘဲဉဟင်းကို ခက်မိန်မိန်စားနေ၏။
ဒေါ်မိုးကြည် စားနေသောကြောင့် ပိုးနောက်မှပဲ စားတော့မည်ဟုတွေးလိုက်သည်။
ပိုး စိတ်ထဲမှာတော့ ဖေဖေအတွက် သူ့ကိုကြည့်ရင်းကြည့်ရင်း ရင်နာရသည်။ သို့ပေမယ့် ၅နှစ်လုံးလုံး သူမဆိုးဝါးမှန်းသိပေမယ့် ကြိတ်မှိတ်သည်းခံခဲ့ပြီးပြီမလား အခုချိန်ကြမှ အမောက်ထောင်ပြလျှင် နဂါးလို့တော့ထင်မည်မဟုတ်။ ရေမြွေဆိုပြီး တွေ့ကရာတုတ်နှင့်ရိုက်သက်တတ်မည့် သူမျိုးက ဒေါ်မိုးကြည် မဟုတ်ပါလား။
“ဟက် မိပိုး”
“ရှင် ...ဒေါ်လေး”
ပိုး ဆန်ပြုတ်အိုးအား ဖိုပေါ်မှ ချနေတုန်းမှာပင် ...
ဒေါ်မိုးကြည် အခေါ်ကြောင့် သူမ ပုခုံးတွန့်မိသည်။သို့ပေမယ့် ပြန်ထူးလိုက်ပါသည်။
“ဒီမှာ ညီးအတွက် ဘဲဉဟင်းချန်ထားတယ် နှယ်စရာ အနှစ်ကတော့မရှိတော့ဘူး ငါစားလိုက်ပြီ ညီး ငပိရည်နဲ့သာ နှယ်စားလိုက်တော့ ကြားလား”
“ဟုတ်ကဲ့ ရတယ်ဒေါ်လေး”
“အေး နောက်ပြီး...ညီးကိုငါ သတင်းကောင်းပြောမလို့အေ့ အဟီး”
ဒေါ်မိုးကြည် လက်ကျန်တစ်လုတ်စာထမင်းလုတ်ကို ပါးစပ်ထဲထည့်ကာ ပန်းကန်ဆေး လိုက်ပြီး
“ညီးကိူ မောင်ကောင်းခန့်က သဘောကျလို့ သိန်း၁၀၀၀နဲ့လာတင်တောင်းမလိူ့တဲ့တော့်”
ပိုး ထိုစကားကြောင့် ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ။ခေါင်းတွေပူထူသွားသလို ရင်ဘက်ထဲမှာလဲ ထိုသူကို မနှစ်မျို့ မုန်းတီးသည့်စိတ်တွေကြောင့် ဗလောင်ဆူနေမိသည်။မျက်ရည်စတွေကလဲ မျက်ခမ်းစပ်နားမှာ ပြိုလှဲဖို့အဆင်သင့်လေးနေရာယူနေသည်။
“အိုး ဟင့်အင်း မဖြစ်ဘူး မဖြစ်နိုင်ဘူး လုံးဝကိုမဖြစ်နိုင်ဘူး ဒေါ်လေး ပိုး .. ပိုး လုံးဝကိုလက်မခံနိုင်ဘူး သူ့ကိုပိုးလုံးဝလက်မထက်နိုင်ဘူးနော်”
ဒေါ်မိုးကြည် ပိုးရဲ့ ခါးခါးသီးသီးငြင်းဆန်သည့် စကားကြောင့် မျက်နှာကွက်ကနဲ ပျက်သွားပြီး ခက်ထန်လာ၏။သူမ မျက်နှာထားက ခုဏ ပိုးအားစပြီး စကားပြောတုန်းကနဲ့ တခြားစီပင်ကွဲပြားသွားသည်။
“ဘာ ..ဘာကိစ္စနဲ့ ညီးလက်မထက်နိုင်ရမာလဲ မောင်ကောင်းခန့် က ချမ်းသာတယ်နော် သူ့ကို လိုချင်နေတဲ့ မိန်းမတွေများ ပေါလို့ ဒီထဲကမှ သူက ညီးကို အခွင့်ရေးပေးပြီး သိန်း၁၀၀၀နဲ့တောင်လာ တင်တောင်းမှာ ညီးလို ပိုက်ဆံမရှိတဲ့ မိန်းမအနေနဲ့တော့ သူ့လိုလူကို ငြင်းရပ် စရာမရှိပါဘူးအေ ...မာနလဲထားစရာမလိုပါဘူးဟဲ့”
“အိုး ဒေါ်လေးပြောသလို ပိုးက ပိုက်ဆံမရှိတဲ့ မိန်းမပါ ဟုတ်ပါတယ် ဒါပေမယ့် ပိုးမချစ်မနှစ်သက်တဲ့ သူနဲ့လုံးဝလက်မထက်နိုင်ဘူး...
နောက်ပြီး သူ့လိုလူကို ပိုးမုန်းတယ်..
သူ့ကို လိုချင်တဲ့မိန်းမတွေရှိတယ်ဆိုရင်လဲ အဲ့မိန်းမတွေနဲ့သာ လက်ထက်ခိုင်းလိုက်ပါ ..ပိုးကတော့....”
ပိုးစကားမဆုံးသေး ဒေါ်မိုးကြည်စီမှ လှောင်ရယ်သံက ထွက်လာသည်။
“အဟွန်း ဟား ဟား ဟား ညီး ကလေ သိပ်ကို ဟာသတွေ ပြောတာပဲ အေ သိပ်ကို ရယ်ရတဲ့ ဟာသတွေပဲသိလား”
“ဒေါ်လေးဘယ်လိုပဲ ပိုးကိုလှောင်ရယ်နေပါစေ ပိုးကတော့ အဲ့လူကို လုံးဝလက်ထက် မှာမဟုတ်ဘူးနော် “
“တိတ်စမ်း ...ဖျောင်း”
ဒေါ်မိုးကြည် ရိုက်ချက်ကြောင့် နုဖတ်နေတဲ့ ပိုးပါးလေး ပူထူသွားရသည်။
“ညီးက အချစ်တွေ မေတ္တာတွေနဲ့နှံ့နှံ့တတ် သိပ်ကို တန်ဖိုးထား ချစ်ပေးမယ့် ယောကျာ်း လိုချင်နေတာပေါ့လေ ဆုတောင်းရင်တောင် ရလာမှာမဟုတ်ဘူး ညီးလို အပေတေမ ဘာအဆင့်တန်းမှ မရှိတော့တဲ့ညီးတို့ သားအဖကို ဘယ်လိုလူက လာပြီး ပက်သက်မှာလဲ လာပက်သက်တဲ့ဟာတွေကလဲ တေလေဂျပိုးတွေပဲ ရှိမှာ....အဲ့တေလေဂျပိုးတွေထက်ဆိုင်ရင် မောင်ကောင်းခန့်က အများကြီးပိုသာပါတယ်အေ့”
“ဒေါ်လေး အဆင့်အတန်းဆိုတာ ဘာကိုပြောတာလဲ အဆင့်အတန်းမရှိရအောင် ပိုးတို့ကဘာလုပ်နေလို့လဲ”
“ညီးပါးစပ်ပိတ်ထား မိပိုး ငါ့စကားကိုလာပြီး အတွန့်မတတ်နဲ့ နောက်ပါးတစ်ဖက်ကိုပါ လက်ဝါးရာ ကပ်ပေးလိုက်မယ်နော်”
“အဟွတ် အဟွတ် ဘာတွေ ဖြစ်နေကြတာလဲ “
ပိုး၏ဖခင် မီးဖိုချောင်စီသို့ ယိုင်နဲ့နဲ့ဖြင့် နံရံအားအမှီပြုခါ အိမ်ထဲမှ ဒေါ်မိုးကြည်အသံဆူဆူကို ကြားရ၍ ထွက်လာခဲ့ခြင်းဖြစ်သည်။ ဒီအိမ်ကျဉ်းကျဉ်းလေးမှာ သမီးလေးပိုး / မိုးကြည် /သူရယ် ဒီ၃ယောက်သာ ရှိသည်မလား...။ဒေါ်မိုးကြည်၏ ဒီလိုဆူဆူညံညံအသံမှာ သမီးကို ပြောဆိုနေတာကလွဲရင် တခြားမဖြစ်နိုင်ဟု သူသိသောကြောင့်လဲ ထွက်လာခြင်းဖြစ်ပါသည်။
“ဟင် ဖေဖေ ...ဖေဖေဘာလို့ ထလာတာလဲ သမီးဖေဖေကို ဆန်ပြုတ်နဲ့ဆေး လာပို့တော့မလို့ဟာကို လာပါ ဖေဖေရယ် အခန်းထဲမှာ သွားစောင့်နေနော် လာဖေဖေ”
ဦးကံမောင် သမီးဖြစ်သူ အားလက်ကာပြလိုက်ပြီး ဒေါ်မိုးကြည်ကို စိုက်ကြည့်ခါမေးလိုက်သည်။
“အဟွတ် ဟွတ် ကြည် ငါ့ကိုပြောစမ်း မင်း ဘာလို့သမီးကို ဒီလောက်ဆူနေတာလဲ “
“ဪ ရှင့်သမီးကို ကျွန်မကကောင်းစားစေချင်လို့ ပြောနေတာကို ရှင့်သမီးအမိုက်မကမှ နားမဝင်တာ အဲ့တော့ ဒီဟာမ နားဝင်သွားအောင် အော်ငေါက်ပြောနေရတာပေါ့”
ဦးကံမောင် သမီးဖြစ်သူဘက်သို့ လှည့်ကြည့်တော့ မျက်နှာလေးအောက်သို့ ငုံ့ခါ မျက်ရည်များ ပေါက်ပေါက်ကျနေသည့် သမီးကို တွေ့လိုက်၏။
“အဟွတ် ငါ့သမီးလေးက လိမ္မာပါတယ် မင်းအဲ့လို စကားလုံးကြမ်းကြမ်းတွေနဲ့ မပြောစမ်းပါနဲ့ အဟွတ် ဟွတ် မင်းဘာတွေပြောလိုက်လို့ ငါ့သမီးက လက်မခံရတာလဲ ဘာလို့ သမီးကငိုနေရတာလဲ”
“မိပိုးတို့များ သူ့အဖေရှေ့ရောက်ရင် မျက်ရည်နဲ့မျက်ခွက်လုပ်ပြီ သရုပ်ဆောင်တော်ချက်တော်”
“ကြည် အဟွတ် အဟွတ် မင်းမဆိုင်တာတွေမပြောပါနဲ့ သမီးကိုပြောတဲ့ ကိစ္စက ဘာကိစ္စလဲ ငါ့ကိုပြော”
“ကောင်းပြီလေ ရှင် မောင်ကောင်းခန့်ကိုသိတယ်မလား “
ဦးကံမောင် သိသလိုမျက်နှာရိပ်ပြလိုက်၏။
“မောင်ကောင်းခန့်က ရှင့်သမီးကို သိန်း၁၀၀၀နဲ့လာတင်တောင်းပြီး လက်ထက်ယူချင်လို့တဲ့ ဒီသတင်းကောင်းလေးကို ကျွန်မက ရှင့်သမီးကိုပြောပြတာပါ ဒါကို ရှင့်သမီးကိုက အဖြစ်သည်းလွန်းနေတာ”
“အဟွတ် ဘာရယ် ဒါသတင်းကောင်းဟုတ်လား “
“ဟုတ်တယ်လေ သတင်းကောင်းပေါ့”
“ဒါက .အဟွတ် .အဟွတ် .သမီးအတွက် သတင်းဆိုးပဲ အဟွတ် သမီးအတွက်တင်မဟုတ်ဘူး ငါ့အတွက်ပါ သတင်းဆိုးကွ အဟွတ်“
“ဘာရှင့်”
“အဟွတ် ဟွတ် ဟုတ်..ဟုတ်တယ်ကွ လောင်းကစားသမားတွေကို အားပေးအားမြောက်လုပ်ပြီး ငွေတိုးချေးအမြတ်ကြီးစားနေတဲ့ သူ့လိုလူကိုတော့ ငါလုံးဝ သမီးနဲ့သဘောမတူနိုင်ဘူး သူ့လိုလူလက်ထဲကိုလဲ ငါ့သမီးလေးကို အရောက်ခံမှာမဟုတ်ဘူးကွ အဲ့ဒါမင်းနားလည်ထား အဟွတ် အဟွတ် ဟွတ်”
“ဖေဖေ အခန်းထဲပြန်နားပါတော့ ဖေဖေရယ် ချောင်းတွေအရမ်းဆိုးနေပြီ လာပါဖေဖေရယ်”
ဒေါ်မိုးကြည် ကောင်းခန့်အားပြောထားသည့် စကားများ မတည်နိုင်လျှင် သူ့အတွက်က သေနေစေ့သွားနိုင်သည်။
သူမမှာ အကြွေးဆပ်စရာဆိုလို ဒီနည်းလမ်းတစ်ခုသာ ရှိတော့သည် မဟုတ်လား။ ထို့ကြောင့် ရင်ထဲ ကြောက်စိတ်တို့နှင် ဗလောင်ဆူနေမိသည်။ဒေါ်မိုးကြည် ခေါင်းငုံ့ခါ အသည်းသန်ချောင်းဆိုးနေသော လူပမာဦးကံမောင်မျက်နှာအား လက်နှစ်ဖတ်ဖြင့် ကြမ်းတမ်းစွာ ဆွဲမော့လိုက်သည်။
“အ အဟွတ် ဟွတ် အင့် ကြည် မင်း မင်း အဟွတ် ဟွတ် ဟွတ်”
ထိုအဖြစ်ကို ပိုးမြင်တော့ မျက်ဝန်းများ ပြူးကျယ်သွားရသည်။ဖေဖေလို အားမရှိတော့တဲ့ ပိန်ပိန်ပါးပါးလူပမာ တစ်ယောက်ကို ဒေါ်မိုးကြည် ဒီလို အကြမ်းပတမ်း လုပ်လိုက်သည့် လုပ်ရပ်ကြောင့်
“ဒေါ်လေး ရှင် ဒါဘာလုပ်တာလဲ ဖေဖေကို လွတ်ပါ ဖေဖေအရမ်းနာနေလောက်ပြီ ဘယ်လိုလုပ်တာလဲ ဖယ် လွတ်ပေးပါ လွတ်လို့ ကျွန်မပြောနေတယ်လေ”
ဒေါ်မိုးကြည် ပိုးဘယ်လောက်လွတ်ဖို့ပြောပြော မလွတ်တဲ့အပြင် ပိုဖိကိုင်လိုက်ပြီး ဦးကံမောင်မျက်နှာအား သိန်းငှက်တစ်ကောင်လို စူးစူးရဲရဲကြည့်ခါ
“ဒီမှာ ဦးကံမောင် သေခါနီးနေပြီနော်
ရှင့်အခြေနေ ရှင်အသိဆုံး ကျွန်မလဲ ရှင်ဘယ်လိုနေနေသေမယ်ဆိုတာ သိထားပြီးသား ရှင်သေရင် ကျွန်မနဲ့ ရှင့်သမီးနှစ်ယောက်ပဲ ကျန်ခဲ့မှာ ဒီတော့ ကျွန်မတို့ နောင်ရေးကောင်းအောင် ရှင့်သမီး မောင်ကောင်းခန့်ကို လက်ထက်မှကိုရမယ် ကြားလား သေခါနီးတာတောင် ကျွန်မကို ဒုက္ခမပေးခဲ့ချင်စမ်းနဲ့ ....”
ဘုန်း ....ဘုတ်
“အား အ”
ဒေါ်မိုးကြည် ဒေါသဖြစ်ခါ စောင့်တွန်းလိုက်တဲ့ အရှိန်ကြောင့် ဦးကံမောင်တစ်ယောက် အိမ်တိုင်နှင့် ဦးခေါင်းရိုက်ခါ လဲကျသွားတော့သည်။ မိန်းမအားပေမယ့် လူပမာပိန်ပိန်ပါးပါး အားအင်ချိ့နဲ့သူမို့ တကယ်ကို ငှက်မွှေးလိုပေါပါးနေနိုင်သည်မဟူတ်လား.....”
“ဟင် ဖေဖေ ဖေဖေ အမလေး သွေး သွေးတွေ သွေးတွေ ဒေါ်လေး ရှင်ဘယ်လိုလုပ်လိုက်တာလဲ “
ဒေါ်မိုးကြည် ဦးကံမောင်အခြေနေကို ကြည့်က မျက်လုံးပြူးမျက်စံပြူးဖြင့် ရပ်ကြည့်နေမိသည်။
“အဟင့် ဟင့် ဖေဖေရေ ဖေဖေ သတိရပါဦး ဖေဖေရဲ့ ဟင် ...ဖေဖေ ...ဖေဖေအသက်မရှူတော့ဘူး...”
“ဘာ ဘာ ဘာပြောတယ် မိပိုး ကိုကံမောင်အသံမရှူတော့ဘူးဆိုတော့ သေ သေ သွားတာလား ဟင်”
“ဟုတ်တယ် ဖေဖေ အသက်မရှူတော့ဘူး ရှင် ရှင် ကျွန်မ ဖေဖေကို သက်တယ် လူသက်တဲ့ မိန်းမကြီး ရှင့်ကို ရဲတိုင်မယ် အဟင့် ဟင့် ဖေဖေ ဟီးဟီးဟီး”
ပိုးပြောလဲပြော ငိုလဲငိုရင်း သူမသိပ်ချစ်ရတဲ့ ဖေဖေ အခုတော့ သူမကို ထားပြီး ထွက်သွားခဲလေပြီ...
ဒေါ်မိုးကြည်မှာလဲ လူသက်လိုက်သည်ဟူသော အတွေးဖြင့် အဖမ်းမခံချင်တာကြောင့် ထွက်ပြေးသွားလေသည်။
“ဟီး ဟီး ဟီး ရှင်ဘယ်လောက်ထွက်ပြေးပြေးပါ ရှင်ဖေဖေကို သက်တဲ့အတွက် ဥပဒေက ဒီတိုင်းလက်ပိုက်ကြည့်မနေပါဘူး ရှင့်အပစ်ရှင်ခံရမှာပါပဲ ဟီး ဟီး ဖေဖေရေ သမီးကို ထားမသွားရဘူးလေ...
ဖေဖေ မရှိတော့ သမီးဘယ်လိုနေရမလဲ ဖေဖေသမီးကို ထားသွားရပ်ပြီပေါ့ ဟီး ဟီး ဖေဖေ”
~~~~~~~~~~~~
“ဒေါ်မိုးကြည် ခင်ဗျ အခုရပ်လိုက်ပါ ထက်ပြီး ရှောင်ပြေးရင် ခင်ဗျပြစ်ဒဏ်ပိုကြီးမယ်နော် ရပ်လိုက်ပါ”
ဒေါ်မိုးကြည်မှာ ဆံပင်များ ဆုပ်ဖွာပြီး မျက်ကွင်းများညိုခါ နုတ်ခမ်းများကလဲ ဖြူဖက်နေ၏။
သူမ အဖမ်းမခံရဖို့ ၃ရက်လုံးလုံး တွေ့ကရာစား တွေ့ကရာအိပ်ပြီး ထွက်ပြေး တိန်းရှောင်နေခြင်းပင်။
“ဟင့်အင်း ဟင့်အင်း ကျွန်မ မသက်ဘူး သူ့ကို ကျွန်မမသက်ဘူး သူကအစောထဲက သေတော့မယ့် လူပါ သူ့ဘာသာသူ တိူင်နဲ့ စောင့်ပြီး သေသွားတာ ကျွန်မ နဲ့ ဘာမှမဆိုင်ဘူး သွားကြပါ ကျွန်မ မလိုက်နိုင်ဘူး ဟီး ဟီး ဟီး ကျွန်မမလိုက်ဘူးနော် ရှင်တို့ သွားကြ”
“ထောက် .တောက် .တောက် .ထောက်”
ဒေါ်မိုးကြည် သွေးရူးသွေးတန်းနှင့် သေနတ်ဖြင့်ချိန်ထားသော ရဲအဖွဲ့စီသို့ ကျောက်ခဲများဖြင့် ကောက်ပေါက်နေလေသည်။
“ဒေါ်မိုးကြည် ခင်ဗျ ခုချက်ချင်းကျုပ်တို့နဲ့ စခန်းလိုက်ခဲ့ပါ အဖမ်းခံလိုက်ပါ မဟုတ်ရင် ကျုပ်တို့ အကြမ်းနည်းသုံး ခေါ်ဆောင်သွားရပါလိမ့်မယ်”
“အိုး နင်တို့ နားမလည်ကြဘူးလား ငါလူမသက်ဘူး သူသေတာငါနဲ့မဆိုင်ဘူး နင်တို့နဲ့လည်းငါ မလိုက်နိုင်ဘူး နင်တို့ နားတွေ ကန်းနေကြလား ဟင်”
“ခင်ဗျ သက်တယ်ဆိုတာကို တရားလိုဖြစ်တဲ့ မပိုးသားကျူးက မျက်မြင်သက်သေအဖြစ် ထွက်ဆိုထားပြီးပါပြီ သက်သေခိုင်လုံမှုရှိတဲ့အတွက် ခင်ဗျ ခုချက်ချင်း အဖမ်းခံလိုက်ပါ”
“မဟုတ်ဘူး အဲ့ကောင်မ နင်တို့ကို လိမ်နေတာ ငါတွန်းလိုက်တာ သာသာလေးပဲ ငါမသက်ဘူး ငါလုံးဝမသက်ဘူး ဟီး ဟီး ဟီး ငါထောင်ထဲမဝင်နိုင်ဘူး ..ဟုတ်တယ် ငါမဝင်ဘူး ငါလုံးဝမဝင်ဘူး”
ဒေါ်မိုးကြည် မျက်စိဝေ့ကြည့်ရင်း မြင်လိုက်ရသည်က သူမဘေးတွင်ရှိသော တစ်နိုင်တစ်ပိုင် လမ်းခင်းကျောက်တုံးကြီး သူမအချိန်ဆွဲမနေတော့ပဲ ထိုကျောက်တုံးအား ကောက်မခါ ရဲအဖွဲ့ရှိရာဘက်သို့ ပစ်ပေါက်ရန် ချိန်လိုက်စဉ်မှာပဲ “ဒိုင်း .....🗯” “အား :::: အ..” ဒေါ်မိုးကြည် ၏ပြန်လည် အကြမ်းဖတ်မှုကြောင့် ရဲ တစ်ဦးမှ ယခုလို ပစ်ခက်လိုက်ရခြင်းဖြစ်ပါသည်။ စိတ်မကောင်းစွာပဲ သေချာချိန်ပစ်တာမဟုတ်ပေမယ့် ကျည်ဆံက ဒေါ်မိုးကြည်နှလုံး တည့်တည့်သို့ ထိုးဖောက်သွားကာ ၄င်းနေရာတွင်သာ အသက်ပျောက်ခဲ့သည်။
~~~~~~~~~~~~~
အပိုင်း ၃ ဆက်ရန်>>> #Eaindray