🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
ထိုသို့ပြောခါ သူအမြန်ထွက်ခွါခဲ့သည်။
ထိုနေရာတွင် ကြာကြာနေလို့ မဖြစ်ပါ
သူ့အနောက်အား လိုက်နေသည့် လူတစ်စုသူ့အား ရိပ်မိသွားလျှင် ပြေးပေါက်အတွက် အခက်တွေ့မည်စိုးရသည်။
ဆောက်လုပ်ရေးလုပ်ငန်း ခွင်အတွင်းမှ အမြန်ထွက်လာခါ ကားလမ်းမသို့ အရောက်....
သူ၏ရှေ့သို့ နက်မှောင်ပြောင်လက်နေသည့် ကားတစ်စင်း အသင့်ထိုးရပ်လာခါ....
အနောက်တိုင်း ဝတ်စုံဖြင့်လူတစ်ယောက်မှ သူ့အား ကားပေါ်တတ်ရန် တံခါးလာဖွင့်ပေးသည်။
အဆင်သင့်ဖွင့်ပေးသည့် ကားပေါ်သူဝင်ထိုင်လိုက်တော့ သူ၏နံဘေးတွင် အစ်မဖြစ်သူ ဒေါ်နန်းကနရီပင်....
“အဟင်း...တော်လိုက်တဲ့ မမမောင်လေး ဒါကြောင့်မို့ မမကမင်းကို အားကိုးပြီး ချစ်နေရတာပေါ့”
ဒေါ်နန်းကနရီဘက်သို့ ဦးစိုင်းဌာရ တစ်ချက်ပြုံးပြလိုက်ခါ
“ကျွန်တော့် တာဝန်ကျေပြီနော် မမ”
“အဟင်း...သိပ်ကျေတာပေါ့ မောင်လေးရယ်
အိုး ..ငါ့မောင်လေး မျက်မှန်မှာ ဖုန်တွေ တင်လို့ပါ့လား ကျစ်..ကျစ် ကျစ်
မမသုတ်ပေးမယ်”
ဦးစိုင်းဌာရတပ်ထားသော မျက်မှန်အား အသာဆွဲချွတ်ခါ သူမလက်ထဲရှိ လက်ကိုင်ပုဝါ အနုဖြင့် သုတ်ပေးလိုက်သည်။
“မမ ကလေးရော”
“ကလေးကို ဒေါ်ဝေနဲ့ ထည့်ပေးလိုက်ပြီး လေယာဉ်ကွင်းမှာ စောင့်ဖို့ပြောထားတယ် မမတို့ပဲ လိုက်သွားဖို့ကျန်တော့တယ်“
“ဗျာ မမ ဒီကလေးကို ခေါ်ပြီး နိုင်ငံခြား ထွက်သွားမှာပေါ့ “
“အေ့ဟုတ်တယ် ...မင်းကောလိုက်ခဲ့ရမယ် မမ ပက်စပိုစ့်နဲ့ လိုအပ်တာတွေအားလုံး အကုန်စီစဉ်ပြီးပြီ”
“မမ..”
“အတွန့်မတတ်နဲ့ စိုင်းဌာရ မင်းပဲမမကို စိတ်ချမ်းသာအောင် ထားချင်တယ်ဆို”
“ဟုတ်ပါတယ် ...ဒါပေမယ့်”
“ဒါပေမယ့်တွေ မမ မသိချင်ဘူး မမကို စိတ်ချမ်းသာစေချင်ရင် မမပြောတဲ့အတိုင်းသာ လုပ် “
သူဘာမှ ဆက်မပြောတော့ပဲ နှုတ်ဆိတ်နေလိုက်တော့သည်။
ပြေးကြည့်ခါမှ သွေးတော်တာဆိုလို့ ဒီမောင်နှမလေး နှစ်ယောက်သာရှိတော့သည်။
ဆုံးသွားတဲ့ အဖေနဲ့အမေပြီးရင် မမကသူ့အတွက် ဒုတိယအဖေ ဖြစ်သလို/ဒုတိယအမေလည်း ဖြစ်သည်။ထို့ကြောင့် သူအတတ်နိုင်ဆုံး မမကို စိတ်ချမ်းသာအောင် ထားချင်သည့်အတွက် ငြင်းဆန်မနေတော့ပဲ လက်ခံလိုက်သည်။
ဦးစိုင်းဌာရနှင့်ဒေါ်နန်းကနရီတိုမှာ ကလေးအားခေါ်ခါ နိုင်ငံခြားသို့ ထွက်သွားပေမယ့်
ကလေးပိုင်ရှင်ဖြစ်သည့် ဒေါ်ရွှေရည်မှုန်နှင့် ဦးစိုင်းခန်းသန့်တို့မှာတော့ သောကများ၍ တစ်နေ့တစ်နေ့ မျက်ရည်နှင့် မျက်ခွက်ပင်...
သားဖြစ်သူနှင့် မိနစ်ပိုင်းခြားမွေးခဲ့သည့် သမီးအမွှာတစ်ယောက်သာ သူ့တို့လက်ထဲကျန်ခဲ့ရသည်။
မီးတွင်းထဲတွင် သွေးနုသားနုမို့ သားတစ်ယောက်ဆုံးရှုံး ရသည့်စိတ်ဖြင့် အရူးတစ်ပိုင်း ဖြစ်သွားသူက ဒေါ်ရွှေရည်မှုန်ပင်....
🍄🍄🍄🍄🍄
“ကြီးကြီးဝေ...”
အနောက်မှ ခေါ်လိုက်သည့် မိကြူအသံကြောင့် တွန့်ကနဲဖြစ်သွားရပြီး
“ဟေ...ဘာလဲမိကြူ”
“ကြီးကြီးဝေ အဲ့မှာဘာရပ် လုပ်နေတာလဲ “
“ဪ...ဒီမှာလေ ညီးအကိုလေးအတွက် ဆန်ပြုတ်ပို့မလို့”
“ဟုတ်လား ဒါဆိုမိကြူ... သွားပို့လိုက်မယ်လေ ပေးပေး ကြီးကြီးဝေ”
“ဪ အေးကောင်းသား...ဒါဆိုလဲ ညီးပဲအမြန်သွားပို့လိုက်တော့နော် ငါလျှော်စရာလေးတွေရှိလို့ သွားလျှော်လိုက်ဦးမယ်”
“ဟုတ်ကဲ့ ကြီးကြီးဝေ”
ဆန်ပြုတ်ပန်းအား ယူခါ အိမ်ပေါ်သို့ တတ်သွားသည့် မိကြူအား ကြီးဝေ မျက်စိတစ်ဆုံးထိ လိုက်ကြည့်လိုကါသည်။
မြင်ကွင်းမှ မိကြူပျောက်ကွယ် သွားတော့မှ ခါးကြားတွင်ထိုးထားသော ဆေးမှုန့်ထုတ်ကို ပြန်ဖြန့်ကြည့်လိုက်သည်။
“အဟွန်း ... မင်းက ဆေးမှန်မှန်မှ မသောက်တာ ဒီတော့ ကြီးဝေကပဲ အခုကစပြီး ဆေးမှန်အောင်တိုက်ရမှာပေါ့”
ဒေါက်တာဦးကြည်သာပြောသည့် စကားများကို ကြီးဝေ ပြန်တွေးမိသည်။
“သူဒီလို ခေါင်းတွေထိုးကိုက်နေတာက ခါတိုင်းသောက်နေကြ ဆေးကို ရပ်ပစ်လိုက်တာကြောင့်ပါ
အဲ့ဒါအပြင် ခင်ဗျတို့အတွက် အန္တရာယ်ရှိတယ် ဒီလိုခေါင်းကိုက်တာက အရင်က ခင်ဗျတို့ သူ့မှတ်ဉာဏ်မှာ ဖျောက်ဖျတ်ထားချင်တဲ့ မှတ်ဉာဏ်တွေ တစ်ဖြည်းဖြည်းပေါ်လာနိုင်တယ်နော် တစ်ဆတစ်ဆ ခေါင်းကိုက်တာ ပိုပြင်းထန်လာလေ မှတ်ဉာဏ်တွေ တဖြည်းဖြည်းပေါ်လာလေပဲ ကျွန်တော်ပြောတဲ့ Ariceptကို ပုံမှန်ဖြစ်အောင် ပြန်သောက်ခိုင်းပါ
ဒီဆေးရဲ့ဆိုးကျိုးက အယ်လ်ဇိုင်းမားမဖြစ်ပဲ သောက်ရင် မူလအရည်သွေးရှိတဲ့ မှတ်ဉာဏ်တွေတဖြည်းဖြည်း ချို့ယွင်းလာစေတယ် အယ်လ်ဇိုင်းမားဖြစ်နေတယ်ဆိုရင်တော့ မှတ်ဉာဏ်ပိုမိုကောင်းအောင် အထောက်အကူပြုတယ် မသောက်ပဲထားရင် ခေါင်းကိုက်တတ်တယ်။ လူကောင်းပကတိဆိုရင် ခေါင်းကိုက်တဲ့ ဒဏ်ကို ၁လလောက်တော့ ကြံ့ကြံ့ခံပြီး ဆေးကိုမသောက်ပဲ ဖျတ်လိုက်လို့ရတယ်....”
“ဒီကောင်လေး ဖျတ်ထားတဲ့မှတ်ဉာဏ်တွေ ပြန်မှတ်မိလာလို့မဖြစ်ဘူး သူသာပြန်မှတ်မိရင် သခင်ကြီးတော့ ဒုက္ခရောက်နိုင်တယ်”
လွန်ခဲ့သည့် နှစ်၃၀အကြောင်း ပြန်ပြောရလျှင်.....
🍂🍂🍂🍂🕔🕙🕞🕣🕕
ကြီးဝေဆိုတဲ့ သူမဟာ ဦးစိုင်းဌာရ၏ သစ္စာခံ ကျွန်တစ်ယောက်ဖြစ်သည်။
နိုင်ငံခြားသို့ ဦးစိုင်းဌာရတို့နှင့် အတူလိုက်ပါသွားခဲ့ရသူလည်း ဖြစ်သည်။
ချိန်းအသက် ၈နှစ်မှာတော့ သူမ၏ သခင်မကြီးဒေါ်နန်းကနရီ တစ်ယောက် နိုင်ငံခြားမှာတင် ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးပါးသွားခဲ့သည်။
သူမ မသေခင် ချိန်းကို ၄နှစ်နီးပါး စိတ်ကြိုက်နှိပ်စက်ခဲ့သည်။
ဦးစိုင်းဌာရ၏ အစ်မဖြစ်သူဒေါ်နန်းကနရီက ထိုကလေးကို လက်စားချေဖို့အတွက် မောင်ဖြစ်သူကို ကလေးခိုးခိုင်းခဲ့ခြင်းဖြစ်သည်။....
ချိန်း၏ အဖေအရင်းမှာ ဒေါ်နန်းကနရီနှင့် ၃နှစ်ကြာမျှတွဲခဲ့သည့် ချစ်သူတွေဖြစ်၏....
ဒေါ်နန်းကနရီရဲ့ အချစ်မာ အတ္တကြီးခါ နားလည်ပေးနိုင်စွမ်း မရှိမှုတွေ / တစ်ကိုယ်ကောင်းဆန်မှု တွေကြောင့် သူမအား ရေရှည်လက်တွဲဖို့ မဖြစ်နိုင်ဟု ချိန်းအဖေက ဆုံးဖြတ်ခဲ့သည်။..
ထို့ကြောင့် ချိန်းရဲ့အဖေဟာ ဒေါ်နန်းကနရီကိုချစ်ခဲ့ပေမယ့် မိဘပေးစားသည့် ဒေါ်ရွှေရည်မှုန်ကိုသာ လက်ထက်ခဲ့သည်။ ..
အချစ်ကြီး ချစ်ခဲ့ပြီးခါမှ လက်ထက်သွားတော့ အခြားသူနှင့်ဆိုတော့ ဒေါ်နန်းကနရီတစ်ယောက် ချစ်သူကို မုန်းတီးငြိုးမာန်ဖွဲ့လေသည်။အချစ်ကြီးသလို အမျက်ကြီးသည် ဟုဆိုရမည်။ ..
သူမဆုံးသွားခဲ့တော့ မောင်ဖြစ်သူမှာ ကလေးတစ်ယောက် နှင့် ကျန်ခဲ့ပြီး ကလေးကို သူ့အစ်မလိုတော့ မနိပ်စက်ပေမယ့် မသေခင်အစ်မဖြစ်သူ စကားအတိုင်း ကလေးကို အလိုလိုက် အကြိုက်ဆောင်ခါ ပျက်စီးအောင် စိတ်ကြိုက်ဆိုးစေသည် ။ကလေး၏ကံကပဲ ကောင်းသည် လားတော့မသိ ။
ရန်တွေဖြစ်ခါ ဆိုးပေမယ့် ပညာလဲစုံခဲ့သလို ဘွဲ့လည်းရခဲ့သည်။...
ဘွဲ့ရတော့ ချိန်းကို သေချာ ဘာလုပ်ငန်းမှ ပေးမလုပ်ခိုင်းချေ။
သူ့အား အမြဲ မှီခိုအားကိုးခါ အသူံးမကျ/ဆိုးသွမ်းပျော့ညံ့သူ တစ်ယောက်အဖြစ် လူ့လောကတွင် ချိန်းကို ရှင်သန်စေချင်သည်။...
ချိန်းကို သနားပေမယ့် ချစ်ပြချင်ယောင် ဆောင်ခါ တစ်စက်ကလေးမျှတော့ သူမချစ်ခဲ့ပေ။
ကောင်လေးကို အသက်ရွယ်နှင့်မမျှအောင် အစ်မဖြစ်သူက နှိပ်စက်နေတာမြင်လို့ သူအတော်သနားမိခြင်းသာ။
ထို့ကြောင့် အစ်မဖြစ်သူ နှိပ်စက်တိုင်း လက်မလွန်စေရန် ဘေးမှဝင်ဝင်တားခဲ့သည်။ ...
ချိန်းယနေ့အချိန်ထိ အသက်ရှင်နေနိုင်တာ သူ၏ကံကောင်းခြင်းနှင့် အတူ ဦးစိုင်းဌာရရဲ့ ကျေးဇူးလဲပါမည်။..
အစ်မဖြစ်သူ နိပ်စက်ခဲ့သည့် စိတ်နာစရာဖြစ်ရပ်နှင့် “ငါတို့က နင့်မိဘအရင်းတွေမဟုတ်ဘူး နင့်ကို နှိပ်စက်အသေသက်မယ့် သူတွေပဲ”ဆိုသည့် မသေခင် ကလေးနားထဲ သံမှိုစွဲအောင် ရိုက်ထည့်ပေးခဲ့သည့် အစ်မဖြစ်သူစကားတွေကြောင့် .....
ဒီကလေးသာ အသက်အရွယ်ရလာခဲ့ရင် သေချာပေါက် သူတို့အား ပြန်ဒုက္ခပေးနိုင်သည်။
ထို့ကြောင့် နိုင်ငံခြားမှာကတည်းက သိခဲ့သည့် ဆရာဝန်ဦးကြည်သာနှင့် ပူးပေါင်းခါ ချိန်းရဲ့မှတ်ဉာဏ်ဆိုးတွေကို အများကြီးကြိုးစား ဖျောက်ဖျတ်ခဲ့ရသည်။ ထိုဖျောက်ဖျတ်ထားသည့် မှတ်ဉာဏ်များ ပို၍အကျုံးဝင်စေရန် Ariceptဆိုသည့်ဆေးနှင့် အခြားဆေးဝါးများကို တွဲဖက်ခါ ချိန်းအား တိုက်ခဲ့ကြသည်။
ကိုယ့်ကိုကိုယ် ဘာရောဂါရှိလို့ ရှိမှန်းမသိ ချိန်းကတော့ သူတို့တိုက်သည့် ဆေးမှန်သမျှ သောက်ခဲ့ရသည်။ ဘာကြောင့်သောက်ရသလဲ မေးသည့်အခါတိုင်း ဆရာဝန်ဦးကြည်သာအပါအဝင် အားလုံးက မလိမ့်တပက်ဖြင့် မဖြေပဲ အမြဲ ရှောင်ထွက်သွားသည်မို့ ချိန်းလဲမမေးဖြစ်တော့ချေ။
ယခုတော့ ဦးစိုင်းဌာရမွေးစားခဲ့သည့် ချိန်းဟာ သူ့အချစ်ရဲ့ ပြိုင်ဘက်ဖြစ်လာခဲ့သလို အချစ်ကို လုယူသွားခဲ့ သူလည်းဖြစ် သည်။.....
ဦးသော်မြင့်ချိန်၏ နာမည်အမှန်မှာ ဦးစိုင်းဌာရဖြစ်ပြီး ရှမ်းစော်ဘွားမျိုးရိုးတွေရဲ့အနွယ်ဝင်ဖြစ်ခါ အသက်အမှန်မှာ ၃၅နှစ်ဖြစ်သည်။
ချိန်းအတွက်ကြောင့်မို့ နာမည်ကော အသက်ပါ စာရွက်စာတမ်းအခိုင် အမှာဖြင့် လိမ်ထားရခြင်းဖြစ်သည်။
ဤအကြောင်းအရာကို ကြီးဝေ/ဒေါက်တာဦးကြည်သာနှင့် လူယုံ ခန့်ကျော်တို့သာ သိကြသည်။...
🎐🎐🎐🎐🎐