အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
ထိုအခါမှ သူ့စကား၏ ဟာကွက်ကြောင့် မျက်နှာပျက်သွားရပြီး ပြန်ပြင်ပြောလိုက်ရသည်။
“ဟုတ်တယ် လာတာတော့ တစ်ယောက်ထဲ ဒါမယ့် ဒီမှာ ကောင်မလေးနဲ့ တွေ့ဖို့ ချိန်းထားတာ”
“ဟွန်း အဲ့တော့လည်း ဘာဖြစ်လဲ နှစ်ယောက်ဆိုတော့ ဝေစားမျှစားပေါ့ ကျွန်မရှင့်ကို သဘောကျတယ်”
နောက်မဆုတ်တဲ့အပြင် ရှေ့ပါဆက်တိုးလာသည့် ထိုဂျပန်မနဲ့တော့ သျှားတစ်ယောက် အခက်တွေ့ပြီ။
ထိုစဉ် ဘေးတစောင်း လှည့်ထိုင်နေသည့် သူ့အား ဟက်ဟက်ပက်ပက် မူးလာသည့် မိန်းကလေးတစ်ယောက် ဝင်တိုက်မိသည်။
“ဒုတ်.!...ဟ!...”
ဝင်တိုက်ခံရသည့်သူက ဘာမှ ဖြစ်မသွားပေမယ့် လာတိုက်သည့်ကောင်မလေးအား ယိုင်နဲ့ခါ လှဲကျမည်စိုး၍ လှန်းဖမ်းလိုက်သည်။
အဖြောင့်ချထားတဲ့ သူမဆံပင်တွေ လွှင့်တတ်သွားပြီး သူ့အပေါ်အိကနဲ ပြိုလှဲကျလာသည်။
ထိုကောင်မလေးမှာ ပြိုကျနေတဲ့ ဆံပင်တွေအား နဖူးပေါ် သပ်သိမ်းခါ သူ့အား မူးဝေဝေအကြည့် ဖြင့် ပြန်ကြည့်လိုက်တော့....
“ဟင်!....ယူမီ”
“ဟမ်!...သျှားမာန်”
သူ့လိုပဲ သူမလည်းအံ့ဩသွားပေမယ့်
အသံကတော့ ဘယ်လောက်သောက်ထားလို့မှန်းမသိ အတော်ပင် လေးလန်ပျက်ယွင်းနေသည်။
ဘယ်လောက်မူးမူး သူမအချစ်ဦးကိုတော့ မမေ့ပေ။
မျက်စိရှေ့တွင် ဇယားဖြစ်နေသော သျှားနှင့်ယူမီ၏ မြင်ကွင်းကြောင့်
သျှားကို လာချိန်သော ဂျပန်မလေးမှာ စိတ်ပျက်သလို အကြည့်ဖြင့်ကြည့်ခါ တပ်ပြန်ခေါက်သွားသည်။
စကားအဖြစ်သာ ဝေစားမျှစားပြောတာ တကယ်တန်း ဒီလိုရုပ်ချောချောကောင်လေးကို တစ်ယောက်ထဲ အပိုင်စားချင်သည်။
ယိုင်နဲ့နေသော သူမခန္ဓာကိုယ်အား သူပြန်မက်ခါ လွှတ်ပေးလိုက်ပေမယ့်
သူမကတော့ အလွန်ကျူး သောက်ထားသည့် အရှိန်ကြောင့်
နဲ့တဲ့တဲ့ယိုင်တိုင်တိုင်ပင်။
ထို့ကြောင့်သူမကို သူသေချာ ပြန်ထိန်းပေးနေရသည်။
“ယူမီ...ယူမီ မင်းဂျပန်ကို ပြန်ရောက်နေတာပေါ့”
ပျက်ယွင်းသော လေးလေးပင်ပင်အသံဖြင့်....
“အွန်း...ဟုတ်တယ် ကျွန်မပြန်ရောက်နေတာ...ဒါနဲ့ ရှင်ကကော ဘယ်လိုဖြစ်လို့ ဒီကို ရောက်နေရတာလဲ..ကျွန်မဒါ အိမ်မက်မက်နေတာလား ...ရှင်ကအစစ်လား”
သူ့မျက်နှာအား သူမ ကိုင်ခါမေးလိုက်သည်။
“မင်းအိမ်မက် မမက်ပါဘူး ငါကအစစ်ပါ ငါလည်း အလုပ်ကိစ္စနဲ့ ဂျပန်ကို ရောက်နေတာ”
“အာ...ရှင်အစစ်လား...ဟားဟား...အစစ် အစစ်”
အပြုအမူကိုကြည့်၍ သူမအတော်မူးနေမှန်းသိသာသည်။ ထိုကြောင့် ...
“ယူမီ...မင်းအရမ်း မူးနေပြီ ...ဒီလိုမူးပုံနဲ့ဆို မင်းကားမောင်းနိုင်မှာလဲ မဟုတ်ဘူး ငါပြန်လိုက်ပို့ပေးမယ်...ဘယ်ကိုလိုက်ပို့ပေးရမလဲ ပြော...”
“အွန်း...ကျွန်မအိမ်မပြန်ဘူး ကျွန်မ အိမ်ပေါ်ကဆင်းလာတာ ဒါကြောင့် ကျွန်မဟော်တယ်မှာ အခန်းငှါးနေတယ် ...ရော့ ဒီမှာအခန်းသော့ ..”
ရင်ခွင်တွင် မှီလျက်အနေအထားဖြင့် ပိုက်ဆံအိတ်ထဲမှ အခန်းသော့ ကဒ်ပြားအား သူမ သျှားကိုထုတ်ပေးလိုက်သည်။
ကဒ်ပြားတွင်ရေးထားသော ဟိုတယ်နာမည်အား သူကြည့်လိုက်ပြီး
ဘောင်းဘီအိတ်ကပ်အား နှိုက်ကြည့်တော့....
ဟင်...ငါ့ဖုန်းကော...ဟာကွာ...ကျစ်..
ကားပေါ်ကျန်ခဲ့ပြီထင်တယ်...
ရင်ဘက်ကိုမှီထားသော သူမအား..
“ဟေး..မင်းဖုန်း ခဏငှါး ငါmapကြည့်မလို့..”
ယူမှီ ကမူးရှူးတူး နှိုက်ခါ
“ရော့...”
“ဟာ...ဟေး..ဒါက တစ်သျှူးထုတ်လေ”
လက်ထဲကိုင်ထားသော အရာအား သူမ စမှုန်စဝါး ပြန်ကြည့်လိုက်ပြီး
“ဪ...အဟင်း...sorry ...”
ပိုက်ဆံအိတ်ထဲ သေချာ ပြန်နှိုက်ခါ
“ရော့....ဒီတစ်ခါ ဖုန်းထင်တာပဲ”
“အေ့ ...ကျေးဇူးပဲ”
ဖုန်း (ပက်တန်)ခပ်မထားသောကြောင့် အလွယ်တကူ ပွင့်သွားသည်။
“ဟင်!..”
မြင်လိုက်သည့် အရာကြောင့် သူအံ့ဩမိသည်။
သူနှင့်အတူဘုရားမှာ ရိုက်ခဲ့သည့် စုံတွဲပုံလေးအား သူမ wallpaper အဖြစ်တင်ထားသည်။
သူတစ်ချက်ပြုံးလိုက်ပြီး...
ငါ့အပေါ်ထားတဲ့ မင်းရဲ့ friend shipက တော်တော် နက်နဲပါ့လား...
စိတ်ထဲမှ ရေရွတ်လိုက်ပြီး....
Google map မှာ hotel nameရိုက်ရှာလိုက်သည်။
ကိုယ့်နိုင်ငံမဟုတ်တော့ လမ်းမကျွမ်းသည့်အတွက် ခရီးသွားတစ်ယောက်အနေဖြင့် google map ကိုသာအားကိုးရမည်။
“Ok..ငါသိပြီ သွားစို့ ”
သွားခါနီးကျမှ သူသတိထားမိသည်က ကုမ္ပဏီသူဌေးတစ်ယောက် ပေးသုံးထားသောကားသော့မှာ ကိုသုတထဲတွင်ပါသွားခြင်းပင်....
“ဟာ...ကျစ်...ဒုက္ခပဲ ကားသော့က ကိုသုတစီပါသွားတာ ဒါဆိုငါသူ့ကို ဘယ်လို ပြန်ပို့ပေးမှာလဲ ရူးတာပဲ”
ထိုစဉ်သူအကြံတစ်ခုရသွားပုံပင်
“ဟုတ်သားပဲ သူမမှာ ကားပါမှာပဲ ...သူ့ကားနဲ့ မောင်းပို့ပေးပြီး...ငါကယောကျာ်းလေးပဲ ဘယ်လို ပြန်ပြန်ရတယ်...ဟုတ်တယ် အဲ့လိုပဲလုပ်လိုက်မယ်”
ရင်ခွင်ထဲတွင် မှိန်းနေသော သူမအား လှုပ်နှိုးလိုက်ပြီး
“ဟေး....မင်း ကားသော့ပေး ငါ့ကားသော့က မန်နေဂျာစီပါသွားလို့ မင်းကားနဲ့ပဲ ငါပြန်ပို့ပေးမယ်”
မူးမူးရူးရူးနှင့် သူမ ပိုက်ဆံအိတ်အား ထိုးပေးလိုက်ပြီး
“အွန်း..ရော့ ဒီထဲက ယူလိုက်”
ထိုးပေးသော သူမပိုက်ဆံအိတ်အား ဖွင့်ခါကားသော့ ယူလိုက်ပြီး ထိုနေရာမှ သူမအားတွဲထူခါ ယိုင်နဲ့နဲ့ဖြင့်ထွက်လာခဲ့တော့သည်။
🎐🎐🎐🎐🎐🎐
သျှားထိုင်သောက်နေသည့် ခုံစီသို့ သုတပြန်လာတော့ သျှားအားမတွေ့ရချေ။
“ဟင်.....ညီသျှားက ဘယ်ရောက်သွားတာလဲ
သန့်စင်ခန်းသွားတာများလား”
သန့်စင်ခန်းဘက်သို့ သုတ လိုက်သွားကြည့်ခါ ရှာပေမယ့် သျှား၏ အရိပ်အယောင်တောင် မတွေ့ရပေ။
“ဟာ...ဒီကောင်လေး ဘယ်ရောက်သွားတာလဲ သန့်စင်ခန်းမှာလဲ မရှိဘူး....
နေဦး ဖုန်းခေါ်ကြည့်မယ်....”
ဖုန်းခေါ်နေပေမယ့်....ဖုန်းလည်းမကိုင်ပေ။
“ကျစ်....ကောင်လေးဘယ်သွားတာလဲကွာ မင်းတစ်ခုခုဖြစ်ရင်တော့ ငါတော့ ပြဿနာတတ်မှာပဲ....
ကားပါကင်မှာများ ငါ့စောင့်နေသလား မသိဘူး”
ကားပါကင်သို့သွားခါ သူဝေ့ဝဲရှာပေမယ့် မတွေ့ချေ။
“ဟာကွာ...ဒီမှာလည်း ရှိမနေဘူး ဘယ်တွေသွားနေတာလဲကွာ....
ငါဖုန်းထက် ခေါ်ကြည့်ဦးမယ်”
“🎵တွန် 🎶ဒွန် ဒွန် 🎶တွန်”
“ဟမ်...ဖုန်းသံက ကားထဲကပဲ....ဟာဒါဆို သူ့ဖုန်းကလည်း ကားထဲမှာကျန်ခဲ့တာပေါ့ ညီသျှား ညီသျှား မင်းကတော့ ငါ့ကိုစိတ်ပူအောင်လုပ်ပြီ
ဘယ်တွေသွား နေတာလဲကွာ မင်းကို ငါဘယ်မှာ ရှာရမှာလဲ ဟာကွာ..ကျစ်..”
စိတ်ပျက်လက်ပျက် ကားအဖုံးပေါ် လက်သီးဖြင့်ထုချပြီးခါမှ အတွေးတစ်ခုဝင်လာသည်။
“ဟုတ်တယ် သူထိုင်ခဲ့တဲ့အနားက waiterလေးကို သွားမေးကြည့်ရမယ်”
Clubထဲသို့ပြန်ဝင်ခါ waiterလေးအားမေးကြည့်တော့....
“အာ..ကျွန်တော်လဲ ဒီမှာလူတွေအရမ်းကျနေတော့ သေချာသတိမထားမိလိုက်ဘူးဗျ စိတ်မရှိပါနဲ့ဗျ”
သုတထောင်းကနဲဆိုသလို ဒေါသလည်းထွက် ပစ်ထားမိခဲ့တဲ့ သူအပစ်ကလည်းရှိဆိုတော့
ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ချေ။
🎐🎐🎐🎐🎐🎐
ကားမောင်းနေရင်းမှ မိုးဖွဲလေးများ တဆင့်ဆင့်ကျခါ တဖြည်းဖြည်းသည်းလာတော့သည်။
မိုးရွာသံ တစ်ဖျောက်ဖျောက်က သူမနားထဲ စီးချက်ကျဝင်လာပြီး..
“ရပ်...ရပ် ရပ်”
ဟန့်တားလိုက်သော သူမစကားကြောင့် သျှားတစ်ယောက် ခပ်ကြောင်ကြောင်ဖြစ်ခါ ကားကိုချက်ချင်းရပ်လိုက်သည်။
“ဟေး....မင်းဘာဖြစ် လို့လဲ”
ချက်ချင်းဆိုသလို ကားတံခါးအားဆွဲဖွင့်ခါ သည်းကြီးမဲကြီးရွာနေသော မိုးရေထဲသို့ သူမပြေးထွက်သွားလိုက်သည်။
“ဟာ...ဟေး..ဟေး...မင်းဘာလုပ်တာလဲ ...မိုးတွေရွာနေတယ်လေ”
ပြေးထွက်သွားတဲ့ သူမကြောင့် သူလည်းကားတံခါးဖွင့်ခါ နောက်မှ ပြေးလိုက်သွားတော့သည်။
သည်းမဲစွာရွာနေသော မိုးများကို ကျေကျေနပ်နပ်ကြီး မျက်စိမှိတ်ခံယူနေသည့် သူမအား သျှားအနောက်မှ ရပ်ကြည့်နေလျက်...
မိုးရေထဲမှာ ဖြည်းဖြည်းချင်းလမ်းတွေ လျှောက်နေရင်း
သူမအမေနှင့်ငယ်ငယ်က မိုးရေထဲမှာ အတူဆော့ခဲ့ဖူးသည့် ပုံရိပ်များကို ပြန်မြင်ယောင်လာသည်။
အရှေ့သို့ သူမလျှောက်သွားလေ သူမအနောက်မှ သျှားတကောက်ကောက်လိုက်လာလေ ဖြစ်သည်။
ကားနှင့် ခပ်လှမ်းလှမ်းတစ်နေရာရောက်တော့ သူမ ချက်ချင်းဆိုသလို
မြေပြင်ပေါ် ထိုင်လျက် လှဲချခါ ရှိုက်ကြီး တငင် ငိုချလိုက်တော့သည်။
ထိုအဖြစ်ကိုမြင်တော့ ချက်ချင်းဆိုသလို သူမ အနားသို့ သျှား ပြေးလာခါ ဒူးထောက်လျက် သူပါရောထိုင်လိုက်သည်။
“မင်းဘာဖြစ်တာလဲ...ဘာလို့ မိုးရေထဲမှာ ဒီလိုထိုင် ငိုနေတာလဲ အအေးပက်လိမ့်မယ် လာသွားစို့”
ရှိုက်ငိူနေရာမှ သူ့အား သူမမော့ကြည့်ခါ
“ရှင့်အဖေနဲ့အမေက ရှင့်ကို အရမ်းချစ်ကြလားဟင်”
သူမမေးလိုက်သောမေးခွန်းကြောင့် သျှားရင်ထဲ အောင့်ခါ ဆုံးပါးသွားသည့် မိဘနှစ်ပါးကို သတိရမိသည်။
သွားတတ်လေးပေါ်အောင် ပြုံးပြလိုက်ပြီး...
“ငါ့မှာ မိဘတွေမရှိတော့ဘူး ကားအက်စီးဒန့်ကြောင့် ဆုံးသွားခဲ့တာကြာပြီ”
“ဪ ...ဟုတ်လား ဒါဆို ရှင်ကမိဘမဲ့ဖြစ်သွားပြီပေ့ါ
အဟင်း....ကျွန်မလည်း ရှင်နဲ့အတူ မိဘမဲ့ ဖြစ်ရင်ကောင်းမှာပဲ”
“ဟ...💢မင်းဘာတွေပြောနေတာလဲ...မဟုတ်တာတွေ မပြောစမ်းပါနဲ့
မိဘမဲ့ဖြစ်တာ မကောင်းဘူးကွ”
“💢ကောင်းတယ် အရမ်းကောင်းတယ် ရှင်ဘာသိလို့လဲ ကျွန်မမှာ မိဘနှစ်ပါးစလုံး အသက်ရှင်လျက် ရှိနေပါလျက်နဲ့ ဖေဖေရဲ့ လှည့်မကြည့်ပဲ စွန့်ပစ်ခြင်းကိုလည်း ခံရတယ်။ မေမေရဲ့ မျိုးရိုးကြောင့် ကျွန်မ အရှင်လက်လက် ငရဲကျခံရမယ်။ကျွန်မအမေက ကျွန်မကို မကယ်တဲ့အပြင် အဲ့ငရဲတွင်းထဲကိုပါ အရောက်ပို့နေတယ်....အဲ့ဒါတွေ ရှင်သိလား...ဟား..ရှင်မသိပါဘူး
ကျွန်မအဲ့လိုတွေ ခံနေရမဲ့အစား မိဘမဲ့တစ်ယောက်သာ ဖြစ်လိုက်ချင်တော့တယ် ဟီး..ဟီး...ဟီး..ကျွန်မ ကံဆိုးလိုက်တာ ဘာလို့ ကျွန်မကျမှ ဒီလို လာဖြစ်နေရတာလဲ...ကျွန်မကို ဘယ်သူမှ မကယ်နိုင်တော့ဘူး လား ဟီး ဟီး”
ရင်ထုမနာငိုနေသော သူမအား သူကြည့်ခါ သနားလာသည်
ဘာအကြောင်းကြောင့် ခံစားနေရမှန်း သူသေချာမသိပေမယ့် သူမဒီလိုထိုင်ငိုနေတာမြင်တော့ ရင်ထဲမကောင်းပေ။
ထို့ကြောင့် သူမအား သူနှစ်သိမ့်သည့် အနေဖြင့် ရင်ခွင်ထဲထည့်ခါ ဖတ်ထားလိုက်သည်။
သူမက ပြန်မဖက်ပေမယ့် သူ့အားမှီခါ ငိုစမြဲပင်....
မိုးတွေက တစ်ဖြည်းဖြည်းသည်းထန်လာပြီး ပတ်ဝန်းကျင်တွင် သူတို့နှစ်ဦးသာ ရှိတော့သည်။
🎐🎐🎐🎐🎐
မိုးတွေရွာနေသည့် မြင်ကွင်းကို ပြတင်းပေါက်နားမှ ကြည့်ခါ
“ကျစ်...ညီသျှား ညီသျှား မင်းက ဟော်တယ်လည်း ပြန်ရောက်မနေဘူး
ဘယ်တွေသွားနေတာလဲ ကွာ...
ငါကိုကမှားတာ မင်းကိုခြေငြိမ်မယ် ထင်လို့ ထားခဲ့ပြီး စကီလေးနောက်လိုက်မိတာ အခုတော့ မင်းက ခြေမငြိမ်ပဲ ဘယ်တွေ လျှောက်ထွက်သွား ရတာလဲကွာ “
အခန်းထဲတွင် သုတတစ်ယောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ခါ သျှားကို စိတ်ပူနေသည်။
ကိုယ့်အရပ်ဒေသ မဟုတ်သည့်အတွက် ဒီလို လစ်ကနဲ ပျောက်သွားတာ အတော် ဆိုးသည်မလား...
သို့သော် သူ့ကိုသူ စိတ်သက်သာရာ ရအောင်ဖြေလိုက်ပါသည်...။
“ဟူး...သူလည်း သူငယ်နပ်စား ခလေးတစ်ယောက်မှမဟုတ်တော့တာ ရင့်ကျက်တဲ့အရွယ်နဲ့ ပညာတတ်တစ်ယောက်ပဲ ဘာမှ တော့မဖြစ်လောက်ပါဘူး အချိန်တန်ရင် သူ ဒီကိုပဲ ပြန်လာမှာပါ”
ဘုန်းကနဲဆိုသလို ကုတင်ပေါ် သုတလှဲချလိုက်ပြီး မျက်နှာကျက်အား စိုက်ကြည့်ခါ
အတွေးထဲမှာတော့ သျှားကို သူစိတ်ပူနေတုန်းပင်...
ဘေးကုတင်တစ်လုံးက အိပ်မည့်သူ မရှိ လစ်ဟာနေသည်
ကုတင်လေးအတွက် မျက်နှာငယ်စရာပင်.....
🎐🎐🎐🎐🎐🎐
နှစ်ဦးသား မိုးရေများရွှဲစိုနေပြီး...
သျှားကတော့ ယူမီပုခုံးအား ကိုင်ခါ ဓာတ်လှေကားထဲ ဝင်သွားလိုက်သည်။
ဤသည်ကို ဟော်တယ်ဝန်ထမ်းများ တစ်ကြည့်ကြည့်ဖြင့် တီးတိုးပြောနေကြသည်။
ထိုအရာများကို သျှား ဂရုမစိုက်ပဲ သျှားသူမကိုသာ အခန်းထဲ အရောက်ပို့ခဲ့သည်။
“ရော့ မင်းအိတ်
အင်္ကျီတွေ ရေစိုနေတယ် အမြန်လဲလိုက် ခေါင်းကိုလည်း ရေခြောက်အောင် သုတ် ငါပြန်တော့မယ်”
ပြောပြီးသူ လက်မှနာရီကို ကြည့်တော့ ဂျပန် စံတော်ချိန် 🕤 9:30ပင်...
ဟာ..အဲ့လောက်တောင်ရှိနေပြီလား..
ငါ့ကိုတော့ ကိုသုတ စိတ်ပူနေတော့မှာပဲ ...
“ယူမီ ငါပြန်ပြီနော်”
ချက်ချင်းဆိုသလို သူ့ရှေ့မှ ယူမီပိတ်ရပ်လိုက်ပြီး တံခါးကို လော့ချလိုက်သည်။
ပြီးနောက် ရီဝေသောမျက်လုံး အစုံဖြင့် သူ့အားသူမကြည့်ခါ ရှေ့သို့ တစ်လှန်းချင်း တိုးကပ်လာသည်။
“ယူမီ..မင်းဘာဖြစ်တာလဲ”
တိုးကပ်လာနေသော ယူမီကြောင့် အနောက်သို့ မကြည့်ပဲ သျှား တဖြည်းဖြည်းဆုတ်လာခဲ့တာ ...
ကုတင်စောင်းနှင့် တိုက်မိခါ ထိုင်လျက်အနေထားဖြင့် ကုတင်ပေါ် လှဲကျသွားသည်။
ဆက်ပြီး တိုးကပ်လာသည့် ယူမီကြောင့် “မင်း ...ရပ်လိုက် ...ဘာလုပ်တာလဲ ဒါက”
မေးနေသည့် သျှားအမေးကို သူမ မဖြေပဲ ... လှဲကျသွားသည့် သူ့ပေါင်ပေါ်သို့ ဖြည်းဖြည်းချင်း တတ်ထိုင်လိုက်ခါ သူမစိုက်ကြည့်နေသည်
“ယူမီ ငါမေးနေတယ်လေ ...မင်း ဒါဘာလုပ်တာလဲ လို့”
“ကျွန်မတို့ ဒီညအတူ ကုန်ဆုံးရအောင် သျှားမာန် “
“💢ဘာ...”
သူမစကားကြောင့် မျက်နှာတစ်ခုလုံးပူထူခါ ထိုစကားပြောထွက်သည့် သူမကိုလည်း သူအတော်အံ့ဩမိသည်။
တတ်ထိုင်ထားတဲ့ သူမကိုယ်လေးမှာ မလေးပေမယ့် သူ့စိတ်ကိုတော့ ရင်ခုန်စေသည်က အမှန်ပင်...
“မင်းရူးသွားပြီလား မင်းမိန်းကလေးနော် ဒီလိုစကားပြောစရာလား မင်းသတိလေးဘာလေး ကပ်စမ်းပါဦး... “
“ကျွန်မတောင်းဆိုပါတယ် ... ရှင်ဒီတစ်ညတော့ ကျွန်မနဲ့နေပေးပါ
ကျွန်မစိတ်တွေ ရှုပ်ထွေးပြီး အရမ်းမွှန်းကြပ်နေတယ် Suicide (သတ်သေသည်)မလုပ်မိအောင်
ကျွန်မအတွက် ထွက်ပေါက်တစ်ခုလိုအပ်တယ်”
“ယူမီ မဟုတ်သေးဘူး ငါဒါကိုဘယ်လိုမှ လက်မခံနိုင်ဘူး ငါ့မှာ ချစ်သူရှိတာ မင်းသိတာပဲ”
သျှားပြန်ဖြေလာသော အဖြေကြောင့်
သူ့ပေါင်ပေါ် ထိုင်နေရာမှ ထလိုက်ခါ
“Ok..ရှင့်အတွက် မဖြစ်နိုင်တာကို တောင်းဆိုမိလို့ ကျွန်မတောင်းပန်ပါတယ် ရှင်ပြန်လို့ရပြီ ကျွန်မဘာသာ ထွက်ပေါက်တစ်ခု ပြန်ရှာလိုက်ဦးမယ်
ညဉ့်နက်နေမယ် ရှင်ပြန်တော့...”
အေးတိအေးတိလေး ပြောပြီး သူမရေချိုးခန်းအပေါက်ဝတွင် ရပ်ခါ ဝတ်ထားသည့် အဖြူရောင်ကော်လံအတွန့် ပါအင်္ကျီရှိ ကြယ်သီး၄လုံးလောက်ကို ဖြုတ်ချလိုက်သည်။
အင်္ကျီမှာ ပခုံးဟိုက်ဟိုက်ကလေး လျောကျနေပြီး ဆက်မချွတ်ပဲ သူမဒီတိုင်းထားလိုက်သည်။
ပြီးနောက် ခါးရှိ အလှပက်ထားသည့် ခါးပက်လေးအား ချွတ်လိုက်တော့
ထိုအင်္ကျီမှာခါးရှည်ဖြစ်သည့် အတွက် သူမပေါင်လည်လောက်ထိ လျောကျခါ ဂျင်းဘောင်းဘီ အတိုကိုပင်ဖုံးအုပ်သွားရသည်။
သျှားတစ်ယောက် သူမပြုနေသည့် အရာကို ကြည့်နေမိပြီး
ရင်ခုန်မှုတွေနှင့်အတူ အမည်မသိ ရမ္မ က် လှိုင်းတစ်ခု ရင်ထဲ ဖြတ်ပြေးသွားသည်။
နောက်ကျောဖက်မှ စိုက်ကြည့်နေသည့်ခံစားချက်ကြောင့် သူမ လှည့်ကြည့်တော့ သျှားက မပြန်သေးပဲ ထိုနေရာမှာ ထိုင်နေစမြဲပင်...
“ဟင်!..ရှင်အခုထိ မပြန်သေးဘူးလား...နောက်ကျနေပြီ ပြန်လိုက်တော့နော် ကျွန်မရေချိုးတော့မယ်”
ရေချိုးခန်းတံခါးအား ဖွင့်ခါ ဝင်မည်အလုပ် အနောက်မှသူမခါးလေးအား သိုင်းဖက်ခြင်း ခံလိုက်ရသည်။
ပေါ်နေသည့် သူမပုခုံးသားဝင်းဝင်းလေးအား ဖူးကြွနွေးထွေးသည့် နှုတ်ခမ်းတစ်စုံနှင့်အတူ နှာတံလေး နှစ်ဝင်အောင် နမ်းလိုက်ပြီး....
သူမနားအနားကပ်ခါ ...”မင်းတောင်းဆိုတဲ့အတိုင်း ငါဒီညမင်းနဲ့ အတူ ရှိနေပေးမယ်”
နောက်သို့ လှည့်ကြည့်နေသည့် သူမအား မေးစေ့လေးမှ ကိုင်ခါ နှုတ်ခမ်းချင်းတေ့နမ်းလိုက်သည်။
ထို့နောက် အနမ်းများခြွေလျက် ရေချိုးခန်းတံခါးအား ဖွင့်ခါဝင်သွားတော့သည်။
သူမဘဝအား ပထမဆုံးအကြိမ် သူမချစ်ရတဲ့ သျှားအပေါ် ပေးအပ်လိုက်ခြင်းပါ။
သူမအတွက်က ပထမဆုံးဆိုပေမယ့် သျှားကတော့ ဒီလိုအထိအတွေ ဒီလိုအတွေ့အကြုံတွေကို ချိန်းနဲ့ဖြတ်သန်းခဲ့ပြီးဖြစ်သည်။
သို့ပေမယ် မိန်းမသားတစ်ယောက်နဲ့ဖြတ်သန်းဖူးသည်က ဒါပထမဆုံးပင်....
နက်ရှိုင်းစွာ သူသိလိုက်ရသည်က သူမနှုတ်ခမ်းတွေက ပိုချိုမြိန်သလို သူမနဲ့ ထိတွေ့ရတာက ပိုပြီး စိတ်လှုပ်ရှား ရင်ခုန်ဖို့ ကောင်းသည်ဆိုတာကိုပင်....
သျှားအဖြစ်က ဝတ်မှုန်ကြိုက်တဲ့ ပျားပီတုန်းလေးလိုပင်...
စားပွဲခုံပေါ်ရှိ ပန်းအိုးထဲတွင်ထိုးထားသော နှင်းဆီပွင့်လေးမှ အကြောင်း မရှိ နှင်းဆီပွင့်ဖက်လေး တစ်ဖက် ကြွေကျသွားခဲ့သည်
🥀🥀🥀🥀🥀🥀
“ကြီးကြီးဝေ...ခြေထောက်ကဘာဖြစ်တာလဲ သက်သာရဲ့လား”
သိသိလျက်နှင့် မိကြူမေးလိုက်သည်။
“ဪ...ကြီးဝေ အသားတွေခုတ်နေတုန်း ဘေးအိမ်က ကြောင်ဝင်လာတာလေ အဲ့ဒါ လန့်ပြီး လက်ထဲကဓား ပြုတ်ကျသွားတာနဲ့ ခြေမထိသွားတာ”
ကိုယ်တိုင်ဘာကြောင့်ဖြစ်သလဲ မြင်ခဲ့ပေမယ် အခုတော့ ကြီးဝေ၏ လိမ်လည်ဖြေဆိုမှုကြောင့် မိကြူပို၍ သံသဝင်မိသည်။
သို့ပေမယ့် သူမလည်းမသိ ဟန်ဆောင်ခါ
“ဟယ်...ကြီးကြီးဝေရယ် ဂရုစိုက်မှ ပေါ့ ဒဏ်ရာကအရမ်းနာနေရင် သွားနားနော် ကြီးကြီးဝေ လုပ်စရာရှိတာတွေ မိကြူပဲလုပ်ထားလိုက်ပါ့မယ်”
“အဟင်း...ရပါတယ်ကွယ်”
ထိုစဉ် အနောက်ဘက်မှ ကြားလိုက်ရသည့် အသံကြောင့်....
“💢အား...”
“ဟင် အသံက ခြံထဲကပဲ ကြီးကြီးဝေ”
“အေးကွယ် ဘာဖြစ်တာလဲ မသိဘူး သွားကြည့်ကြရအောင်”
ခပ်သွက်သွက်ကလေး ခြံထဲသို့ ပြေးကြည့်လိုက်တော့ ...
မြက်ခင်းပြင်တွင် လူးလိမ့်ခါ လက်နှစ်ဖက်အုပ်ပြီး အော်နေသည့် ချိန်းအား
ပိုးက ရင်ခွင်ထဲ ထည့်ခါ အတင်းဖက်ထားရသည်။
“ဟင်...ကြီး ကြီးဝေ ဒါကဘယ်လို ဖြစ်နေရတာလဲ “
ထိုအဖြစ်ကိုကြီးဝေ မိကြူမသိအောင် အံကြိတ်လိုက်ရင်း...
“မသိဘူး မိကြူ သွားမေးကြည့်ရအောင်”
ပိုး၏အနီးသို့ မိကြူကော ကြီးဝေပါရောက်လာပြီး
“မမလေး အကိုလေးဘာဖြစ်တာလဲဟင်”
“သား ဘာဖြစ်လို့လဲ သမီးလေးပိုး”
မေးနေသည့်အရာကို မဖြေအား...
“မိကြူ မိကြူဆရာဝန်ကို အမြန်သွား ခေါ်ပေးပါ ဒီမှာ ကို အရမ်းခံစားနေရတယ် မြန်မြန်သွားခေါ်ပေးပါ မိကြူရယ်.....”
“ရှင်...ဟုတ်ကဲ့ ဟုတ်ကဲ့ မမလေး”
သွားခေါ်ရန်ထလိုက်သည့် မိကြူအား ကြီးဝေလက်ဖြင့် ဟန့်တားခါ
“နေနေ မိကြူ ချိန်းနဲ့ပြနေကြဆရာဝန်က သက်သက်ရှိပြီးသား ငါသွားခေါ်လိုက်မယ် ညီးဒီမှာပဲနေလိုက်”
ကြီးဝေအပြောကြောင့် မိကြူ အတွေးများသွားရ၏
၃နှစ်ရှိတော့မယ် အလုပ်လုပ်လာတာ အကိုလေးနဲ့ပြနေကြ ဆရာဝန်ဆိုတာ သူတစ်ခါမှ မတွေ့ခဲ့ပေ။
အခုကြမှ ဘယ်လို ဘယ်လိုပေါ်လာတာပါလိမ့်....
ခဏအကြာ ကြီးဝေအိမ်ထဲမှ ပြန်ထွက်လာပြီး.....
“သမီး ခဏနေ ဆရာဝန်ရောက်လာလိမ့်မယ် အခုတော့ သားကို အိမ်ထဲ အရင်ခေါ်သွားကြရအောင်....”
“ဟုတ်ကဲ့ ကြီးဝေ”
ဝေဒနာကြောင့် ခံစားလူးလိမ့်နေရသည့် ချိန်းအား ပိုးနှင့် မိကြူ တွဲကူခါ အိမ်ထဲသို့ခေါ်သွားလိုက်တော့သည်။
🌿🌿🌿🌿🌿🌿
အထက်မြင့် ၈လွှာခန့်ရှိ လေးထောင့်ဆန်ဆန် ၆ကွက်စိပ် မှန်ပြတင်းပေါက်ကြီးရှေ့တွင်.....
ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်လျက်..
လွန်ခဲ့သည့် နှစ်၃၀ခန့်က ပိုးသားကျူး၏ အဖေသူ့အား ကယ်ခဲ့သည့်ဖြစ်ရပ်ကို ပြန်တွေးကြည့်မိသည်။ ...
“ဟာ ဟေး...ဟေး လိုက်ကြ ဟိုမှာ
မလွှတ်စေနဲ့”
အမဲရောင်လက်ရှည်ခေါင်းစွတ်အင်္ကျီနှင့် လူတစ်ယောက်နောက်သို့ ၅ယောက်ကျော်မကရှိသည့် လူအုပ်ကြီးက အပြေးအလွှား လိုက်လာနေသည်။
ပြေးနေရင်းမှ အဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိသည့် ဘက်သို့ ထိုးကွေ့လိုက်ပြီး ....
အကွယ်တစ်နေရာတွင် ဝတ်ထားသည့် အနက်ရောင်လက်ရှည်အင်္ကျီအား အမြန်ချွတ်လိုက်သည်။
ပြီးနောက် အသင့်ပါလာသည့် မျက်မှန်အကြည်တစ်လက်အား အမြန်တတ်လိုက်ခါ ဆောက်လုံးရေး လုပ်ငန်း ခွင်ဘက်သို့ ဝင်သွားတော့သည်။
အပြေးအလွှား လိုက်ရှာနေသည့် လူအုပ်စုထဲမှ ဖြစ်ဟန်တူသူ တစ်ဦးနှင့် ပုခုံးချင်းတိုက်မိတော့ ထိုလူက
“ဪ ...Sorry ...”
ဟန်မပေါ်အောင် ခပ်တည်တည်အနေထားဖြင့်....
“ဟုတ်ကဲ့ ရပါတယ်”
ရှေ့သို့ဆက်လျှောက်ရန်လုပ်လိုက်ပြီးခါမှ ထိုသူက သူ့အား လှန်းခေါ်လိုက်သည်။
“ခဏနေဦး ”
ဟန့်တားလိုက်သည့် ထိုစကားကြောင့် ရင်ထဲဒိန်းကနဲ ဆိုသလို ဇောချွေးများပြန်မိသည်။
အတတ်နိုင်ဆုံးပြုံးခါ ပြန်ကြည့်လိုက်ပြီး...
“ဟုတ်ကဲ့...”
“ဒီဘက်ကို အနက်ရောင်ခေါင်းစွက် ခေါင်းစွက် အင်္ကျီနဲ့လူတစ်ယောက် ဝင်သွားတာ တွေ့မိသေးလား”
“ဟင့်အင်း ...မတွေ့မိလိုက်ဘူး ဗျ”
“ဪ...တွေ့မိရင် ဘယ်ဘက်သွားလဲ မေးမလို့ပါ”
“ဟုတ် မတွေ့မိလိုက်ပါဘူး ခွင့်ပြုပါဦး”
ထိုလူကခေါင်းညိမ့်ပြခါ သူထွက်လာသည့် လမ်းကြောင်းအတိုင်း လျှောက်သွားသည်မို့ သူအမြန်ဆုံး ထိုနေရာမှ ထွက်လာခဲ့သည်။
အမြင့်ပိုင်း တိုက်ကြီးများ ဆောက်လုပ်နေသည့် လုပ်ငန်းခွင် ဖြစ်တာမို့ ကရိန်းကြိုးများဖြင့် သံထည်ပစ္စည်းများ အပေါ်သို့ တင်နေသည်။
ထိုတင်နေသည့် ကရိန်းမှာ ကတားကြိုးလွတ်၍ ရပ်တန့်သွားပြီး သယ်လက်စ သံထည်ပစ္စည်းများမှာ စီရီထားရာမှ ထိန်းကြိုး၏ တစ်စောင်းအနေထားကြောင့် အောက်သို့ တစ်ဖြည်းဖြည်းလျောကျနေသည်။
ဤသည်ကို ဦးစိုင်းဌာရ သတိမပြုမိပဲ ထိုအောက်မှ ဖျတ်လျှောက်နေသောကြောင့်.....
သံထည်များ ပြုတ်ကျမည့် အခြေနေကို သတိပြုမိသည့် ပိုးသားကျူး၏အဖေ ဦးကံမောင်မှ သူ့အား ထိုနေရာမှ အမြန်ဆွဲခေါ်လိုက်သည်။
ဦးကံမောင်ကော ဦးစိုင်းဌာရပါ မြေပြင်ပေါ် လှဲကျသွားပြီး သူတို့ထိုနေရာမှ ကျော်လွန်သွားချိန်တွင် သံထည်ပစ္စည်းများ တစ်ဖုံးဖုံးနှင့် ပြုတ်ကျလာသည်။
တကယ်လို့ ဦးစိုင်းဌာရသာ ထိုနေရာတွင်ရှိနေခဲ့လျှင် အရိုးတခြား အသားခြားနှင့် အသက်ပျောက်နေလောက်ပြီ။
သူ့အား ကယ်တင်လိုက်သည့် ဦးကံမောင်အား ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်ခါ လှဲကျနေရာမှ ပြန်ထလိုက်သည်။
“ကျေးဇူးတင်ပါတယ်...ကျွန်တော့်ကို အခုလို ကယ်ပေးလို့ ဒီကျေးဇူးကို ကျွန်တော်မမေ့ပါဘူး တစ်နေ့သေချာပေါက် ပြန်ဆပ်ပါ့မယ်”
🍁🍁🍁🍁အပိုင်း ၁၉ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)