book

Index 17

(အပိုင်း ၁၇)

  • Author : Kyawal
  • Genres : Drama

အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️


မီးဖိုချောင်ထဲတွင် နောက်ကျောပေးခါ အသားများ ကိုင်လှီးနေသော ကြီးဝေစီသို့ အနောက်မှ ခြေသံခပ်ဖွဖွဖြင့် တစ်စုံတစ်ယောက် လာနေဟန်တူသည်။
“ဒေါ်ဝေ”

အကျောအဖြိုင်ဖြိုင်ထနေသည့် အေးစက်တဲ့လက်စုံက သူမပုခုံးအား ပုတ်ခါခေါ်လိုက်သောကြောင့်
“အမလေး...!”

သူမနောက်သို့ လှည့်ကြည့်တော့ မျက်ထောက်များနီရဲခါ ဒေါသအလှိုင်လှိုင်ထနေသည့် ခက်ထန်သောမျက်နှာပိုင်ရှင် ဦးသော်မြင့်ချိန်

“ဟင်!...သခင်ကြီး.. သခင်ကြီးကုမ္ပဏီကနေ ပြန်ရောက်နေတာလား ကျွန်မကားသံလည်း မကြားပါ့လား...”

“💢အပိုစကားတွေပြောနေနဲ့ ဒေါ်ဝေ”
ပိတ်အော်လိုက်သည့် ဦးသော်မြင့်ချိန်း အသံကြောင့် လန့်၍ လက်တွင်ကိုင်ထားသော ဓားမှာလွတ်ကျသွားပြီး
ခြေမအား ထိသွားသည်

“အား...အမလေး”

နာကြင်မှုနှင့်အတူ ခြေမမှာသွေးစိမ်းရှင်ရှင်ကျနေပြီး ချက်ချင်းဆိုသလို ငုတ်တုတ်ထိုင်လိုက်ခါ သူမခြေမအား သွေးများ ဆက်မထွက်အောင် ဖိဆုတ်လိုက်တော့
စပ်ဖြင်းဖြင်းရှတတနှင့် နာကြင်မှုဝေဒနာကပိုတိုးလားသည်။
“အား ..အမလေးလေး”
ဤသည်ကို ဦးသော်မြင့်ချိန်တစ်ယောက် မြင်ပေမယ့် မဲ့ပြုံးပြုံးခါ ကြီးဝေရှေ့တွင် ဒူးတစ်ဖတ်ချထိုင်ခါ
“ဘယ်လိုနေလည်း အတော်မှ နာရဲ့လား ဒေါ်ဝေ”

“ဟင်...သခင်ကြီး သခင်ကြီးဘယ်လိုမေးလိုက်တာပါလိမ့် ကျွန်မတော်တော်ကို နာနေတာပါ ကျွန်မအနာကို ရေဆေးပြီး ဆေးသွားထည့်လိုက်ပါဦးမယ် သခင်ကြီး”

ထရန်ပြင်နေသော ကြီးဝေပုခုံးအား အေးစက်သည့် လက်ဖြင့်ကိုင်ခါ ဟန့်တားလိုက်သည်
“နေပါဦး ခင်ဗျ ဒီဒဏ်ရာလေးတောင် အတော်နာနေရင်.....ကျုပ်ရဲ့ ဟော့ဒီနူးညံ့တဲ့ နှလုံးသားထဲက ဒဏ်ရာသာဆိုရင် ဘယ်လောက်နာကြင်နေလိုက်မလဲ ခင်ဗျမသိဘူးလား ဟမ်”

အံကြိတ်သံဖြင့် ပြောလိုက်သော ဦးသော်မြင့်ချိန်ကြောင့်
ကြီးဝေအတော်ကိုပင် လန့်နေသည်
ထိခိုက်ထားသည့် ဒဏ်ရာမှာလည်း တဆစ်ဆစ်နာကြင်ခါ သွေးများထွက်စမြဲပင်
“ကျွန်မတောင်းပန်ပါတယ်သခင်ကြီး ကျွန်မရဲ့ ပေါ့လျော့မှုကြောင့်ပါ တောင်းပန်...”

“💢မပြောနဲ့ ..အဲ့တောင်းပန်တယ်ဆိုတဲ့ စကားလာမပြောနဲ့ ခင်ဗျကြီးကို ကျုပ်သေချာမှာထားတယ်လေ ဒီကောင်မလေး အိမ်ကိုစရောက်လာကတည်းက ချိန်းနဲ့ သူ့ ရဲ့ ဆက်ဆံရေးအခြေနေကို စောင့်ကြည့်နေဖို့ ၊
ချိန်းနဲ့ သူ မနီးစပ်သွားအောင် စောင့်ကြည့်ထားဖို့ ကျုပ်မပြောခဲ့လို့လား”

အနာကလည်း သွေးများထွက်လွန်းခါ နာနေသည်မို့ မျက်ရည်များစီးကျခါ ဦးသော်မြင့်ချိန်အား လန့်နေသည့် ကြီးဝေတစ်ယောက် အဖြစ်က သနားစရာပင်
“ဟုတ်...ဟုတ်ပြောထားပါတယ်”

“ဟမ်ပြောထားလား...ပြောထားတဲ့ကြားက အခုတော့ ဘယ်လိုလဲ ဟမ်
ခင်ဗျကျုပ်ကိုပြောတော့ သူတို့နှစ်ယောက်က လုံးဝမတည့်ကြပါဘူးဆို
နီးစပ်ကြဖို့လည်း လုံးဝ မဖြစ်နိုင်ပါဘူးဆို ဟိုနေ့က ခြံထဲမှာကျုပ်မြင်လိုက်တဲ့ အရာကလည်း မတော်တဆဖြစ်နိုင်ပါတယ်ဆို....ကျုပ်ကပဲ အတွေးလွန်နေတာပါဆို အခုကြ
ဘယ်လိုဖြစ်လို့ သူတို့နှစ်ယောက်က ချစ်သူတွေ ဖြစ်နေရတာလဲ
ပြော ..ပြောစမ်း ခင်ဗျကြီး”

ကြီးဝေပါးနှစ်ဖက်အား သန်မာတောင့်တင်းသောလက်ဖြင့် နာကြင်အောင် ဖိညစ်ခါ မေး လိုက်သည်
“အ..ဟီး..ဟီးသ သခင်ကြီး...ကျွန်မတောင်းပန်ပါတယ် ကျွန်မသူတို့နှစ်ယောက် အခြေနေကို အိမ်မှာစောင့် ကြည့်နေတာ ပုံမှန်အတိုင်းပါပဲ
မတည့်တဲ့ လူတွေလို နေနေကြတာပါ
ဒါပေမယ့် အခုကြမှ ဘယ်လိုဖြစ်လို့...”

“💢တောက်..ပိတ်ထား...အဲ့ပါးစပ်ကိုပိတ်ထား
အသုံးမကျတဲ့ စကားတွေထွက်မလာနဲ့💢”

ကြီးဝေ၏ပါးစပ်အား ဖိညစ်ခါ သူ မကြားချင်သော စကားများ ထွက်မလာစေရန် နောက်လက်တစ်ဖက်မှ ဖိအုပ်ခါပိတ်နေသည်။
“အင့်..အွန်း...အွန်း..အွန့်”

“အဲ့ကောင်မလေးကို ကျုပ် အရမ်းချစ်တယ်ဆိုတာကိုလည်း ခင်ဗျကို ကျုပ်ပြောထားလို့ ကောင်းကောင်းကြီး သိထားတယ်နော်...အခုခင်ဗျကြီးရဲ့ စောက်သုံးမကျမှုကြောင့် ကျုပ် ရင်ဘက်ကြီးတစ်ခုလုံး ဒဏ်ရာ ဗလပွနဲ့ နာကြင်နေရပြီ
ခုန်နေတဲ့ နှလုံးတွေ ပြုတ်ထွက်မတတ်နာကြင်နေရပြီ
ခင်ဗျအခု နာကြင်နေရတာတွေ ၊ဒဏ်ရာကသွေးအလှိုက်လှိုက် ထွက်နေတာတွေထက် ကျုပ်က အစပေါင်းများစွာ ဟော့ဒီ ရင်ဘက်ကြီးထဲမှာ သွေးတွေအလျှံအပယ် ထွက်နေတာ
ခင်ဗျ ဒဏ်ရာက နာကြင်တယ်ဆိုတာ ကျုပ်ရဲ့ ဒဏ်ရာကို မမှီဘူး
ခင်ဗျဒဏ်ရာက သက်သာအောင် ဆေးထည့်လို့ရပေမယ့်
ကျုပ်ဒဏ်ရာက သက်သာအောင် ဆေးထည့်လို့ မရဘူးဖြစ်နေတယ်
ဒီကိစ္စကိုစောင့်ကြည့်ဖို့အတွက် ခင်ဗျကြီးကိုလည်း ကျုပ်က ထိုက်တန်တဲ့ ငွေကြေး ပေးထားပြီးသား
အဲ့တော့ ခင်ဗျရဲ့ အသုံးမကျမှုအတွက် ကျုပ်ကို ဘာပြန်ရော်ပေးမလည်း...”

ဦးသော်မြင့်ချိန်၏ သွေးအေးအေးပြောလာသည့် စကားကြောင့် ကြီးဝေကြောက်လန့်လာသည်
ပိတ်အုပ်ထားတဲ့ လက်ကို ဖယ်လိုက်ပြီး
“သခင်ကြီးစိုင်းဌာရ ကျွန်မတောင်းပန်ပါတယ် ကျွန်မကို တစ်ခါလောက်တော့ အခွင့်အရေးလေးပေးပါ သခင်ကြီးချစ်တဲ့ ဒီကောင်မလေးကို သခင်ကြီးအပိုင်ဖြစ်အောင် ကျွန်မလုပ်ပေးပါ့မယ် ကျွန်မကတိပေးပါတယ်”

“အပိုင် ...အပိုင် အဟင်း”
ဦးသော်မြင့်ချိန် ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး...

“ပိုးသားကျူးကို ကျုပ်ပိုင်ဆိုင်ရရင် ပြီးတာပဲ သူချစ်ချစ် မချစ်ချစ် ကျုပ်ချစ်နေရင်ရပြီ ခင်ဗျကြီးဘာသာ ဘယ်လိုလုပ်ပေး လုပ်ပေး သူ့ကိုပိုင်ဆိုင်ရရင် ကျေနပ်ပြီ ဒီတစ်ခါတော့ ခင်ဗျစကား တည်ပါစေနော်
အပြောနဲ့ အလုပ်သေချာဖြစ်ပါစေနော်”

သွေးထွက်နေသည့် ဒဏ်ရာကို ဖိအုပ်ထားရင်း
“ဟုတ် ဟုတ်ကဲ့ပါ သခင်ကြီး”

မဲ့ပြုံးတစ်ချက်ပြုံးခါ
“ဒီတစ်ခါမှ မသေချာရင် ကျုပ်မိအေး၂ခါနာ မဖြစ်ချင်ဘူး အဲ့တော့ ခင်ဗျအသက် ကျုပ်အာမ မခံနိုင်ဘူးနော်”

ကျောခိုင်းခါလှည့်ထဖို့ ပြင်ပြီးခါမှ
“ဪ ...ကျုပ်ကို စိုင်းဌာရလို့ မခေါ်နဲ့ ကျုပ် မမရဲ့ အရိပ်ဆိုးတွေကိုပြန်မလွမ်းချင်ဘူး...မွှန်းကျပ်စေတယ် နောက်ပြီး ချိန်းကိုသေချာ စောင့်ကြည့်ထားပါ”

ကြီးဝေ တုန်တုန်ရင်ရင် အသံဖြင့်
“ဟုတ် ဟုတ်ကဲ့ သူ​ဌေး”

“အဟင်း...ခင်ဗျဒဏ်ရာကို အမြန်ဆေးထည့်လိုက်ဦး နောက်ပြီး ခင်ဗျစကားအတိုင်း ဖြစ်လာပါစေနော် ကျုပ်သွားမယ်”

ဤဖြစ်စဉ်အားလုံးကို တစ်ထောင့် တစ်နေရာမှ ကြားလိုက်သူက
အိမ်အကူလေး မိကြူပင်....
ဟင်...ဘာတွေလဲ အမလေး ကျက်သီးထစရာကောင်းလိုက်တာ...တကယ်တန်းကျ ဦးလေးသော်က သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ သူပါ့လား
ဒီအိမ်မှာ ငါ၃နှစ်တောင်ရှိတော့မယ်
အလုပ်လုပ်လာတာ ။သူတို့ ဘာလျို့ဝှက်ထားလဲဆိုတာ ငါမသိခဲ့ဘူး။ အခုမမလေး ရောက်လာခါမှ ကမောက်ကမတွေ ဖြစ်ကုန်ပြီ။
တစ်ခုခုကို လျိူဝှက်ထားမှန်း ငါသတိထားမိတော့တယ်....
ကြီးဝေနဲ့ ဦးလေးသော်ရဲ့ သရုပ်အမှန်ကဘာလဲ....
ငါအရမ်းသိချင်သွားပြီ...
တိတ်တိတ်လေး စောင့်ကြည့်ရမယ်
အရင်လို အပြီးစလွယ် နေလို့ဖြစ်ဘူး
သူ့တို့အကြောင်း ငါရိပ်မိသွားတာ သိရင် ငါ့ကို သတ်ပစ်မလားတောင် မသိဘူး.....
ရင်ထဲမှာတော့ မမလေးနဲ့အကိုလေးကို စိတ်ပူမိတယ်...ဟူး..။

🪵🪵🪵🪵🪵🪵

ဧည့်ခန်းတွင်ထိုင်ခါ သတင်းစာဖတ်နေသည့် ဦးစိုင်းခန်းသန့် ထံသို့ အိမ်အကူမလေး မိတုတ် သတင်းလာပို့သည်။

“လေးလေး ဧည့်သည်ရောက်နေပါတယ်ရှင့်”

“အေးအေး ဝင်ခဲ့ခိုင်းလိုက်”

ပြောမဆုံးသေး တံခါးဝစီမှ အရပ်မြင့်မြင့်ဖြင့် ၊ ကျောအလည်လောက်ရှိသည့် ဆံပင်တို့အား သပ်သပ်ရပ်ရပ် သိမ်းစည်းခါ သန့်ပြန့်ချောမောသည့် ချိန်းကို မြင်လိုက်ရသည်။
ဆံပင်ရှည်ပေမယ့် ပုံစံက မင်းသားရှုံးအောင်ပင် ခန့်ညားသည်။
ဦးစိုင်းခန်းသန့် ပြုံးပြလိုက်ပြီး
“ဪ မောင်ရင်ရောက်လာပြီလား ထိုင်ပါဦးကွယ်”

“ဟို...ရတယ် အန်ကယ် ကျွန်တော် အန်တီနဲ့ တိုက်ရိုက်တွေ့ပြီးရင် တန်းပြန်မှာပါ ကျွန်တော် နောက်ထပ် သွားစရာနေရာလေး ရှိသေးလို့ပါ”

“ဪအေးပါ ကွယ် ဒါဆိုလည်း မင်းအန်တီစီ အန်ကယ်လိုက်ပို့ပေးပါ့မယ်
ကြွပါ ဒီဘက်ကို”

အရှေ့မှ ဦးဆောင်လမ်းပြခေါ်ဆောင်သွားသည့် ဦးစိုင်းခန်းသန့်အနောက်သို့ ချိန်းလိုက်သွားတော့သည်။
အညိုရောင် ကျွန်းတံခါးကြီးအား ဖွင့်လိုက်တော့
အခန်းတစ်ခုလုံးရှိ ပစ္စည်းများအားလုံးကို အဖြူရောင်တွေသာအသုံးပြုထားပြီး ပိုးသက်ဆေးနံ့ပြေပြေကလည်း နှာခေါင်းထဲ တိုးဝင်လာသည်။

“မှုန် ..ဒီမှာ မှုန်တွေ့ချင်နေတဲ့ သူရောက်ပြီ”

ချိန်းအား မြင်လိုက်ရတော့ ဒေါ်ရွှေရည်မှုန်မျက်နှာလေးမှာ ဝင်းလတ်သွားပြီး ပြေးဖတ်လိုက်သည်...
“သား...သား..အမေ့သားလေး
ဟီး...ဟီး အမေ့သားလေးရောက်လာပြီ.”

စိတ်ဝေဒနာရှင် ဒေါ်ရွှေရည်မှုန်အား ချိန်းအလိုက်သင့်လေး ပြန်ဖက်ထားပေးလိုက်သည်။
ထိုမြင်ကွင်းကို မြင်တော့ ဦးစိုင်းခန်းသန့်တစ်ယောက် အတော်ကို စိတ်မကောင်းဖြစ်မိသလို ...
ပျောက်ဆုံးသွားတဲ့ သားဖြစ်သူကို လည်း သတိရလွမ်းစွတ်မိသည်။
ဒီကောင်လေးသာ မှုန် ထင်နေသလို ကိုယ်တို့သားလေးများ ဖြစ်နေခဲ့ရင်...

🍁🍁🍁🍁🍁🍁

မီးရောင်စုံအောက်တွင် သူသူ ကိုယ်ကိုယ် Dj၏စီးချက်ကျမှုကြောင့် လှုပ်လှုပ်ရှားရှား ကခုန်နေကြပေမယ့်
သျှားတစ်ယောက်ကတော့ စားပွဲတွင်သာ ထိုင်ခါ ကော့တေးတစ်ခွက်ကို အေးအေးဆေးဆေး ဇိမ်ခံသောက်နေသည်။

“Hey..ハンサムな男が訪れた
ဟေး...တစ်ယောက်တည်းလား ကိုလူချော “

ပုခုံးကိုကိုင်ခါ အငြိမ်မနေပဲ ဟိုပွတ်ဒီပွတ်ဖြင့် လာအရောဝင်နေသည့် ဂျပန်မလေးကြောင့် သူစိတ်အနှောင့် အယှက်တော့ဖြစ်မိသည်။

ဒီကို အေးဆေး သောက်ယုံသက်သက်သာလာခဲ့သည်။ဒီဇယားတွေကျ သူစိတ်ဝင်စားခြင်းမရှိပေ။


မေးတော့လည်း ဖြေလိုက်ပါသည် ဝန်ကျေတန်းကျေပေါ့

“Arr.. はい

အာ....ဟုတ်ကဲ့”

အမှန်က သူတစ်ယောက်ထဲလာသည်မဟုတ် ကိုသုတလည်းပါသည် ။ကိုသုတ

သူ့အနားကထသွား သည်သာ သိလိုက်သည် ဘယ်ကိုသွားမှန်းတော့ သူမသိ။


ဆံပင်ကို ခဲပြာရောင်ဆိုးခါ အနီရောင် ကိုယ်ကြပ် ရင်ပျက်ဂါဝန်တိုနှင့် ဆေးဆိုးပန်းရိုက်မျက်နှာချောချော ဂျပန်မလေး၏ ကိုယ်ထိလက်ရောက် နုတ်ဆက်မှုကြောင့် ....သျှားတစ်ယောက်

အနည်းငယ်ရင်ထိန့်နေရသည် ။

ကိုယ့်နိုင်ငံမဟုတ်သည့် အရပ်ဒေသ ဒီလိုနေရာမျိုးမှာ ဘယ်လိုလူမျိုးတွေရှိတတ်သလဲဆိုတာတော့ သူကောင်းကောင်း မသိချေ။

Club ကို သူလာရခြင်းက စိတ်အပန်းဖြေဖို့သက်သက်သာဖြစ်သည်။


“あなたのニックネームは何ですか?

နာမည်ဘယ်လို ခေါ်လဲအချော”


“သျှားမာန်ငြိုး”


“အယ်..ဒါနာမည်လား လျား မန် ညို အဟားဟားဟား ဂျပန်လူမျိုးမဟုတ်ဘူး ထင်တယ်ဒါဆို”

မပီသသော အသံဖြင့် သူ့၏မည်အား ခေါ်ကြည့်ခါ ရယ်နေသည့် ဂျပန်မလေးကြောင့် သူအတော် စိတ်ညစ်နေရသည်။

သူမ ဘာဇယားနဲ့လာကပ်သလဲဆိုတာ သူ ကောင်းကောင်းသိသည် သူဒီလောက်တော့ လူအကဲခက်မညံ့ပေ။


“အင်း....ငါက ဂျပန်နိုင်ငံသားမဟုတ်ဘူး မြန်မာနိုင်ငံသား မင်းဘာကိစ္စရှိလို့လဲ”


“အာ...ဒီလိုလား...ဒါမယ့် youက ဒို့လူမျိုးနဲ့ ဆင်တယ်နော် ရုပ်လည်းချောသလို ဒေါင်လည်းကောင်းတယ် ခန္ဓာကိုယ်ကလည်းတောင့်တင်းပြီး စမက်ကျတယ် ။ ဒို့အရမ်းသဘောကျတာပဲ”


စာကားပြောရင်း စားပေါ်တွင် မေးထောက်လျက်

သူ့ပုခုံးပေါ်တွင်တင်ထားသည့် လက်ကတော့ မေးရိုးအားလက် လက်ဖျားလေးဖြင့် လာကစားနေသည်။

ကြာဆန်သော အကြည့်တို့ဖြင့် သူ့အားကြည့်ခါ

“ရှင်ဒီည ကျွန်မနဲ့အတူ ကုန်ဆုံးမလား

ကျွန်မရှင့်ကို ကောင်းကောင်းပြုစုပေးမယ်လေ”


နားအနားကပ်ခါပြောလာသည့် ထိုစကားကြောင့် သျှားတစ်ကိုယ်လုံး ကျက်သီးမွှေးညင်းများထခါ သူဒီကိုလာမိတာ မှားပါ့လားဟုတောင် တွေးမိသည်။

ကိုသုတဆိုသူမှာလည်း ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိ။


“အာ..တော်ပြီ ငါ့မှာ ကောင်မလေးရှိတယ် သူသန့်စင်ခန်း ခဏသွားနေလို့ “


သူ့အဖြေကြောင့် ဂျပန်မလေးမျက်နှာက အလိုမကျဟန်ဖြင့်

“ဟွန်း...ပြောတော့ ဒီကို တစ်ယောက်ထဲ လာတာဆို ဘယ်ကကောင်မလေးက ပါလာတာလဲ”


🌈🌈🌈🌈အပိုင်း ၁၈ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: