🌈အရောင်ပြောင်း ကောင်းကင် ☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️
ဒိုမိုနာက ရုပ်ဖြောင့်ပေမယ့် စိတ်ရင်းကတော့ တစ်စက်မှမကောင်းပေ။လူမိုက်တွေကို ငွေပေးခါအပြီပေါင်းပြီး အုပ်စုဖွဲ့ ရမ်းကားနေသူလည်းဖြစ်သည်။
ဖအေ၏ အရှိန်အဝါကြောင့် တောက်ပြောင်နေသူဖြစ်ပြီး..သူ၏ဆိုးကွက်မှန်သမျှ ထိပ်တန်းသူဌေးတိုင်း လိုလို သိကြသည်။ကောင်းကွက်ဆိုတာက တစ်ကွက်မှ မရှိချေ။
သူ့အား သူဌေးများက ကောင်းကောင်းမွန်မွန် ဆက်ဆံနေခြင်းမှာလည်း သူ့အဖေ၏ဂုဏ်ရှိန်ဝါကြောင့် ဖြစ်သည်။ပိုက်ဆံကို ရေလိုဖြုန်းပြီး ကလပ်တတ်၊ဆေးသုံး၊မိန်းမရှုပ် အပျော်အပါး လိုက်စားသူလည်းဖြစ်သည်။
ယနေ့ပွဲကိုလည်း သူ့အဖေနှင့်အတူ လိုက်လာပုံပေါ်သည်။ ဒိုမိုနာမှာ ယူမီအား အသေရရအရှင်ရရ ကြိုက်နေသူဖြစ်ပြီး ယူမီအတွက်ကံဆိုးချင်တော့ မိခင်၏ ဘိုးဘွားတွေမှမျိုးရိုးစဉ်ဆက် ကတိပြုခဲ့မှုတွေကြောင့် သူမနဲ့စေ့စပ်ရမည့် သူလည်းဖြစ်သည်။
မိခင်ဖြစ်သူ ကိုယ်တိုင်မှာလည်း ဒိုမိုနာလိုလူမျိုးကို သဘောမကျပေမယ့် ဘိုးဘွားတို့၏ကတိကဝှက် တွေကြောင့် မငြင်းဆန်နိုင်ပဲ ဖြစ်နေရသည်။ ဖြစ်နိုင်လျှင် သမီးဖြစ်သူအား သူမဟုတ်သည့် ဘယ်ယောကျာ်းမျိူးနဲ့ မဆို ပေးစားပစ်လိုက်ချင်တော့သည်။သူနှင့်ပက်သက်နေရသည်က သူမတို့အတွက် ဝဋ်ဆိုးတစ်မျိုးပင်.....
🪵🪵🪵🪵🪵🪵
ပိုး၏ လက်ဖဝါးနုလေးအား တွဲကိုင်ခါ လှေကားပေါ်မှ အတူဆင်းလာရင်း မနက်စာစားရန် ထမင်းစားခန်းသို့ ဝင်လာခဲ့ကြသည်။
သူတို့နှစ်ယောက်အပြုအမူကြောင့် ကြီးဝေအပြင် မိကြူပါ ပြူးကြောင်ကြည့်နေသည်။
“ဟော်တော့် ...မတည့်တဲ့ ဒီနှစ်ယောက် ဘယ်လိုလုပ်ပြီး ...”
“အရင်ကမတည့်ပေမယ့် အခုတော့ အရမ်းချစ်တဲ့ ချစ်သူတွေဖြစ်သွားကြပြီဗျ”
“ဟင်..တကယ်ပဲလား မမလေး”
မိကြူအမေးကြောင့် ပိုးပြုံးပြခါ ခေါင်းညိမ့်လိုက်သည်။
“ဟယ်...အဟီးဟီး ...မမတို့က အရမ်းလိုက်ဖက်ကြပါတယ် နေနဲ့လ ရွှေနဲ့မြလိုပဲ ဟီး မိကြူတော့ နှစ်ယောက်လုံးကို သဘောတူတယ်..”
“ကြီးကြီးဝေကော သဘောတူလားဟင်”
မိကြူအမေးကြောင့် ကြီးဝေ တွေဝေသွားရပြီး ပြီးခါမှ
“ဟေ..အေ အေးကွဲ့ ကြီးဝေလည်း သဘောတူပါတယ်ကွယ် အဟင်း”
ထိုစဉ်...
“အောက်မှာ စကားသံတွေ တစ်ညံညံကြားလို့ ဘာတွေများပြောနေကြတာပါလိမ့်”
ဦးသော်မြင့်ချိန် အသံကြောင့် အားလုံးရဲ့ အကြည့်တွေက သူ့စီသို့ရောက်သွားကြရင်း ခဏလောက်တိတ်ဆိတ်သွားပြီးခါမှ ....
“ဒီမှာလေ သူဌေးရဲ့ အကိုလေးနဲ့မမလေးက ချစ်သူတွေဖြစ်သွားကြပြီတဲ့ ဒါကြောင့်မို့ မိကြူနဲ့ကြီးဝေက သဘောတူ ဂုဏ်ပြုပေးနေတာ”
ထိုစကားကြောင့် ဦးသော်မြင့်ချိန်၏ ရင်ဘက်တစ်ခုလုံး မီးစနှင့်ထိုးသကဲ့သို့ နာကြင်သွားရပြီး
“💢ဘာ....”
သူ၏ အာမေဋိတ်အသံကြောင့် အားလုံး လန့်သွားကြရသည် ...
စိတ်ထဲတွင် ဦးသော်မြင့်ချိန်ဖြစ်သွားသည့် အနေအထားကို ချိန်းတစ်ယောက် ရိပ်မိနေသလိုပင်
အသိစိတ်အမြန်ကပ်ခါ မျက်နှာထားကို ပြန်ချိုလိုက်ပြီး စကားပြင်လိုက်သည်
“အဟား...sorry သမီးနဲ့သား အရမ်းဝမ်းသာသွားလို့ပါ အဟင်း ကောင်းတယ်...သားနဲ့သမီး ချစ်သူတွေဖြစ်သွားကြပြီ ဆိုတော့ အရမ်းကောင်းတယ် “
မနဲဟန်ဆောင်ခါ ပြောနေရသည်။
ဦးသော်မြင်ချိန် ချိန်းမျက်နှာအား စိုက်ကြည့်လိုက်ပြီး
“သား...ဖေဖေသားကို ချီးကျူးပါတယ်ကွာ ဒီလို ချစ်သူလှလှလေး ရတဲ့အတွက်ပေါ့”
ပြောသာပြောသည် စိတ်ထဲတွင်တော့ ကြိတ်မနိုင်ခဲမရဖြင့် ဗလောင်ဆူပွက်နေသည် ။
အတတ်နိုင်ဆုံးတော့ သူ့အနေအထားကို မရိပ်မိစေရန် ဟန်ဆောင်ထားရမည်။
ချိန်းကတော့ မြွေမြွေချင်းခြေ မြင်သည် ဆိုရမလား...ဦးသော်မြင့်ချိန် ဘယ်လိုဖြစ်နေတယ်ဆိုတာ ကောင်းကောင်းကြီး သူသိသည်။
စိတ်မကောင်းပါဘူး အဖေ
အဖေပိုးကို ချစ်နေမှန်း ကျွန်တော်သိပါတယ်
ဒါပေမယ် အဖေနဲ့ပိုးနဲ့ နီးစပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး
ပိုးကို အဖေချစ်နေမှန်း ကျွန်တော်ရိပ်မိချိန်ကစလို့ ကျွန်တော်ကိုယ်တိုင်လည်း ပိုးကိုချစ်နေမိမှန်း သိလိုက်ရတယ်
ပိုးကို ချစ်တယ်လို့ ဖွင့်ပြောရဲအောင် ကျွန်တော့်ကို သတ္တိတွေပေးခဲ့တာက အဖေပါပဲ
အဖေသာ ပိုးကို ချစ်နေမှန်း အရိပ်အယောင်တောင် မပြခဲ့ရင် ကျွန်တော်လည်း ဒီတစ်သက် ပိုးကို ချစ်နေမှန်းလည်း သိမှာမဟုတ်သလို ပိုးကို ဖွင့်ချဝန်ခံ ဖြစ်မှာလည်း မဟုတ်ဘူးလေ...
အဲ့အတွက် ကျေးဇူးပါ အဖေ..
ကျွန်တော့်ကြောင့် အဖေကြေကွဲ သွားရတဲ့ အတွက် ကျွန်တော် တကယ်စိတ်မကောင်းပါဘူး
အဖေရဲ့ချစ်ရသူကို သားလုယူတာမဟုတ်ပေမယ့် ကျွန်တော်လည်းသူမကို ချစ်နေလို့ပါ....
သားအဖချင်း အချစ်ပြိုင်လုရတာ ကြားလို့တော့ မကောင်းပါဘူး
ဒါပေမယ့် ဖြစ်လာပြီဆိုခါမှတော့ ဘယ်တတ်နိုင်ပါ့မလဲဗျာ...
ဦးသော်မြင့်ချိန် စူးရဲခက်ထန်သော အကြည့်များဖြင့် ကြီးဝေဘက်သို့ မျက်စပစ်ကြည့်လိုက်တော့ ကြီးဝေချက်ချင်းဆိုသလို တောင်းပန်တိုရှိုးသည့်အကြည့်တို့ဖြင့် ပြန်ကြည့်သည်။
ဤသည်ကိုတော့ ချိန်းတစ်ယောက် သတိမထားမိလိုက်ချေ။
🪴🪴🪴🪴🪴🪴🪴
“ခလွမ်း ခွမ်း....”
“အား....ခေါ်ပေး အခုခေါ်ပေး ဟိုနေ့က တွေ့လိုက်တဲ့ ငါ့သားလေးကို အခုခေါ်ပေး “
“မေမေ စိတ်ထိန်းပါဦး မေမေရဲ့ “
ပစ္စည်းများ ပစ်ပေါက်ခွဲခါ ဂျီတိုက်နေသော ဒေါ်ရွှေရည်မှုန်ကြောင့် ဦးစိုင်းခန်းသန့်ကော ပန်းကလျာပါ သောကများ ဗျာများနေရသည်။
“မှုန်...မှုန် သတိထားပါဦး မှုန်ရဲ့”
“အား...မသိဘူး မသိဘူး ငါ့သားလေးကို ခေါ်ပေး အခုခေါ်ပေး မခေါ်ပေးရင် ဒီမှာနော် ငါခုန်ချလိုက်မှာ”
ဝံရံတာလက်ရန်းအား ဟိုဘက်ဒီဘက်ခွထားသည့် ဒေါ်ရွှေရည်မှုန်၏ ခြိမ်းခြောက်မှုကြောင့်
“မှုန် မှုန် အဲ့လို မလုပ်ရဘူးလေ ”
“ဟင်..မေမေ အဲ့လိုမလုပ်ရဘူးလေ”
သူမရှိရာသို့ တိုးကပ်လာသည့် ဦးစိုင်းခန်းသန့်နှင့်ပန်းကလျာတို့ နှစ်ဦးကြောင့်
စိတ်ဝေဒနာသည် ဖြစ်ပေမယ့် သူ့အား ဆွဲခေါ်မယ်မှန်း ဉာဏ်ပြေးခါ သိသောကြောင့်
“မလာနဲ့...ရှေ့တိုးမလာနဲ့ အေ့ရှေ့တိုးလာရင် ငါခုန်ချလိုက်မှာနော်
ငါ့သားကို ခေါ်ပေးမှာလား မခေါ်ပေးဘူးလား ပြော မခေါ်ပေးရင်လည်း ဒီပေါ်ကနေ ငါခုန်ချပစ်မယ်”
“မှုန်..မှုန်ရယ် မဟုတ်တာတွေ မလုပ်ပါနဲ့ ကိုယ်တောင်းပန်ပါတယ်”
“မေမေရယ် ဒီကိုပြန်လာခဲ့ပါ မဟုတ်တာတွေ မကြံစည်ပါနဲ့ သမီးရှိခိုးပါတယ်မေမေရဲ့ သမီးကိုမေမေ နည်းနည်းမှတောင်မချစ်ဘူးလားဟင် မေမေက ကိုကိုပဲ အရမ်းချစ်တာလား သမီးကကော သမီးအတွက် မေမေရင်ထဲမှာ နေရာ မရှိတော့ဘူးလားဟင်...”
မျက်ရည်တွေအပြည့်နှင့် ပြောနေသော ပန်းကလျာကြောင့် ဒေါ်ရွှေရည်မှုန်လည်း ထပ်တူ မျက်ရည်ကျ ခံစားရပေမယ့်....သူ့အသိစိတ်ထဲမှာ စိုးမိုးနိုင်ဆုံး လူသားက မွေးကတည်းက ပျောက်သွားသည့် သူ၏သားဖြစ်သူကိုပင်....
“မသိဘူး...မသိဘူး အဲ့ဒါတွေငါမသိဘူး ငါသိတာ ငါ့သားကို ငါတွေ့ချင်တယ် ခေါ်ပေး ခေါ်ပေး မခေါ်ပေးရင် ငါဒီကခုန်ချပြီး ကိုယ့်ဘာသာ သားကိုသွားခေါ်မယ်”
ဇွတ်တရွတ်ပြောနေသည့် ဒေါ်ရွှေရည်မှုန် စကားကြောင့်
“သမီး သမီးမေမေက ဘယ်သူ့ကို ခေါ်ပေးခိုင်းနေတာလဲ သမီးအဲ့လူကိုသိလား သူကဘယ်သူလဲ သမီး”
အဖေဖြစ်သူ၏အမေးကြောင့် သူမ အသာလေး ခေါင်းညိမ့်ပြခါ
လက်ထဲသို့ ကဒ်လေး ထည့်ပေးလိုက်သည်။
ထည့်ပေးသည့် ကဒ်လေးအား ဦးစိုင်းခန်းသန့် ကြည့်လိုက်တော့
Miss Chili 🌶 Hotel 🏨
📞09 - ——————
📞 09 - ——————
📞09 - ——————
သို့ ဆက်သွယ်နိုင်ပါသည်။
ကဒ်၏ထောင့် တစ်နေရာလေးတွင်
Contact the owner directly - 📞09——
ဦးစိုင်းခန်းသန့် ပန်းကလျာအားပြန်ကြည့်ခါ..
“ဒါက...”
“အဲ့ဒါ လေယာဉ်ကွင်းမှာ ဖေဖေလာမကြိုခင် မေမေ့ကို ကားနဲ့တိုက်မိခဲ့တဲ့ လူရဲ့ business cardပဲ မေမေပြောပြောနေတဲ့ သားသားဆိုတာ အဲ့လူကို ပြောနေတာ
မေမေစိတ်ချမ်းသာအောင် ဖေဖေခေါ်ပေးချင်ရင် သဘောပါပဲ.....
သူမထိုသို့ပြောခါ အခန်းထဲမှ ထွက်သွားလိုက်တော့သည်...
📞📞📞📞📞📞📞
“🎶တွန် ..🎵ဒွန်ဒွန် 🎶တွန်”
ချိန်း စာရင်း စစ်နေရင်းမှ ...
ဖုန်းအား ကောက်ကြည့်လိုက်တော့
ဖုန်းနံပါတ်အစိမ်း ဖြစ်သည်။
Customer ဆက်သည်ဟု တွေးလိုက်ခါ သူဖုန်းကိုင်လိုက်သည်။
“ဟယ်လို ဟုတ်ကဲ့ ကျွန်တော် ချိန်းပြောနေပါတယ်ဗျ”
“.................................”
တစ်ဖက်က စကားကြောင့် ချိန်း ခပ်ကြောင်ကြောင် ဖြစ်သွားရသည်
“ဗျာ...ဗျာ ဘယ်သူလဲဗျ ပြောတာတွေ ကျွန်တော် ဘာတစ်ခုမှ နားမလည်လို့ပါဗျ သေချာလေးပြောပြပေးပါ”
“...........%#@..................”
“ဪ..ကျွန်တော်မှတ်မိပြီဗျ ရပါတယ် အန်တီကကျွန်တော့်ကားနဲ့ တိုက်မိခဲ့တာဆိုတော့ ဟုတ်ကဲ့ ကျွန်တော် သတင်းမေးရင်း လာခဲ့ပါ့မယ် အန်ကယ် messageကနေ လာရမယ့်လိပ်စာလေး တစ်ချက်ပို့ပေးထားပါ ကျွန်တော် အားတာနဲ့လာခဲ့ပါ့မယ်ဗျ”
“....................”
“ဟုတ်ကဲ့ ရပါတယ် မလိုပါဘူးဗျ”
“.............”
“ဟုတ်ကဲ့”
“တူ...တူ...”
ဖုန်းချလိုက်သည်နှင့် သူ့ခေါင်းထဲ အတွေးတွေစုပြုံရောက်လာခဲ့သည်။
အန်တီက ငါ့ကို ဇွတ်တွေ့ချင်လို့ ခေါ်ခိုင်းနေတယ် ဆိုပဲ.....
ငါ့ရုပ်က အန်တီသားနဲ့ အတော် ဆင်နေလို့များလား...
ဒါမှမဟုတ် သူကစိတ်ဝေဒနာသည်မို့ ထင်ယောင်ထင်မှားနဲ့ ငါ့ကိုအစွဲအလန်းကြီးနေတာများလား....
ဟာ..ကျစ်...မသိတော့ဘူးကွာ
ခေါင်းရှုပ်ခံစဉ်းစားမနေတော့ဘူး
ဒီစာရင်းတွေစစ်ရတာမှ ခေါင်းခြောက်ပါတယ်ဆို ငါနဲ့မဆိုင်တဲ့ အဲ့အကြောင်းစဉ်းစားရင် ရူးတောင်သွားလိမ့်မယ်
လှန်လက်စစာရင်းများအား သူသေချာပြန်စစ်ဆေးရင်း ...
စားပွဲတစ်ခုလုံးတွင်လည်း စာရွက်စာတမ်းများနှင့် ရှုပ်ယှက်ခက်လျက်....
🍥🍥🍥🍥🍥🍥🍥🍥
စံအိမ်တော်သို့ ပြန်ရောက်လာသည့် ယူမီနှင့်ဒေါ်မီကီရိစန် နှစ်ဦးစလုံးမှာ မျက်နှာမကောင်းကြပေ။
အကြောင်းမှာ ဒိုမိုနာနဲ့ ကံဆိုးစွာ တွေ့စုံခဲ့ခြင်းကြောင့်ပင်...
ဖိနပ်ကို သေချာ ချွတ်လိုက်ပြီး ဖော့ခံအပါးဖိနပ်လေးစီးခါ အခန်းထဲဝင်ဖို့ ပြင်လိုက်သည့် ဒေါ်မီကီရိစန်အား...
“မေမေ ..သမီးတို့ ခဏလောက် စကားပြောကြရအောင်”
ဒေါ်မီကီရိစန်တစ်ယောက် သမီးဘာပြောမလဲဆိုတာ ကြိုသိနေသည်
အခန်းထဲဝင်ဖို့လှန်းလိုက်တဲ့ ခြေလှန်းတွေကို ပြန်ယုတ်သိမ်းခါ ဧည့်ခန်းထဲရှိ
ခုံပု စားပွဲဝိုင်းလေးတွင် ဂျပန်ပဆစ်တုတ်လေးဝင်ထိုင်လိုက်သည်။
အမေဖြစ်သူ ဝင်ထိုင်သည်နှင့် သူမလည်း မျက်နှာချင်းထိုင်အနေထားဖြင့် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။
“မေမေ ..သမီး...”
“မေမေလည်း မတတ်နိုင်ဘူး သမီး”
“ဟင်”
“သမီးဘာပြောမလဲဆိုတာ မေမေကောင်းကောင်းသိတယ် ဒါပေမယ့် အဲ့ကိစ္စမေမေလည်း ဘာမှမတတ်နိုင်ဘူး
ဘိုးဘွားစဉ်စပ်ထားခဲ့ကြတဲ့ ကတိတွေပဲ သမီး ...မေမေတို့ လက်ထက်ကြမှ ဒီကတိတွေ ပျက်တောက်သွားခဲ့ရင် ဆုံးပါးသွားတဲ့ ဘိုးဘွားတွေ ဘယ်စိတ်ကောင်းပါ့မလဲ..သမီးသူ့ကို မကြိုက်လည်းယူရမှာပဲ ..မချစ်လည်း ယူရမှာပဲသမီး”
“မေမေ...သမီးကို မသနားဘူးလား
သမီးကို မချစ်ဘူးလားဟင်
သူက လူဆိုးကောင်ဆိုတာ ဒီဂျပန်နိုင်ငံရဲ့ထိပ်တန်း ဆွေတော်မျိူးနွယ်တွေ အားလုံးနီးပါးသိကြတယ်...
မေမေက သမီးကို ဒီလူဆိုးကောင်လက်ထဲ စိတ်ချလက်ချထည့်ပေးနိုင်တယ်ပေါ့
မေမေဘယ်လိုစိတ်နဲ့လဲ”
သမီးဖြစ်သူစကားကြောင့် ဒေါ်မီကီရိစန်တစ်ယောက် အလွန်စိတ်မကောင်းဖြစ်ရသည် သို့သော်လည်း သူမမှာရွေးချယ်စရာမှမရှိတာ
ဘာမှမပြောနိုင်ပဲ နှုတ်စေ့ခါ မျက်လွှာချထိုင်နေလိုက်သည်။
သမီးဘာပဲပြောပြော မေမေတို့ ဒီကိစ္စကိုဖျတ်စီးလို့ မရဘူး
ဒါမေမေတို့သိက္ခာနဲ့ ဘိုးဘွားတွေရဲ့ကတိစကားပဲ
အဲ့အတွက် မေမေတောင်းပန်ပါတယ် သမီးရယ်...
နှုတ်စေ့နေသည့် အမေဖြစ်သူအပြုမူကြောင့် သူမကောင်းကောင်းကြီးသိလိုက်ပါပြီ မေမေကသူမကို ဒီကံဆိုးမှုကြီးကနေ လွှတ်မြောက်အောင် ထုတ်မပေးပဲ ကံဆိုးမှုစီ အရောက်ပို့နေတယ်ဆိုတာ....
“အဟင့်..သမီးကိုက ကံဆိုးတာပါ မေမေရဲ့ ဒီမျိုးရိုးမှာ မွေးဖွားလာလို့လေ ဒီလူနဲ့လက်ထက်ရမှာ သမီးမေမေရဲ့ သမီးမဖြစ်ချင်တော့ဘူး”
အပြစ်တင်ပြောဆိုလိုက်သည့် သူမစကားကြောင့် ဒေါ်မီကီရိစန် မျက်လွှာလေးချနေရာမှ
“💢သမီး ဒါအမေတစ်ယောက်ကို ပြောရမယ့် စကားလား
သမီးမှာ ယဉ်ကျေးမှုမရှိတော့ပါ့လား
အလိုလိုက်ထား လို့ အမေ့ကို ဒီလိုမျိုးပြန်ပြောရဲတာလား💢”
ဒေါ်မီကီရိစန်အား သူမ ဝမ်းနည်းပူဆွေးမှုရှိနေသည့် မျက်နှာထားကို ခက်ထန်ဟန်ပြုခါ
“💢အမေတစ်ယောက်အနေနဲ့ မကောင်းတဲ့လူ လက်ထဲကနေ သမီးကိုတောင်မကယ်ပဲ ကြည်ကြည်ဖြူဖြူပေးဖို့ လုပ်နေတဲ့ မေမေစိတ်ဓာတ်ကို လေးစားတယ် အမေလို့တောင် မခေါ်ချင်တော့ဘူး 💢”
ဒေါ်မီကီရိစန် တစ်ယောက် ချက်ခြင်းဆိုသလို သွက်သွက်ခါအောင် ထိုစကားကြောင့် နာကြင်သွား၏...
“ဖြောင်း.....”
“💢မှတ်ထား ... နင့်ကို ငါမွေးလာကတည်းက အခုချိန်ထိ ကျွေးမွေးစောင့်လျှောက်လာခဲ့တာ ပညာတွေတတ်အောင် သင်ပေးထားတာက လူကြီးကိုလူကြီးမှန်းသိအောင် အမေကိုအမေမှန်း ရိုသေတတ်အောင်လို့ ဒီလို ရိုင်းစိုင်းဖို့ မဟုတ်ဘူး နင်က နင့်အဖေသွေးတွေ အများကြီးပါတာပဲ ဒီလိုရိုင်းစိုင်းနေတာက နင့်အဖေနဲ့ တော်တော်တူတယ်💢”
ပါးပြင်နုလေးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည့် ရိုက်ချက်ကြောင့် စောင်းသွားတဲ့ မျက်နှာလေးကိုသူမ ပြန်တည့်လိုက်ပြီး နီရဲသွားတဲ့ ပါးပြင်ကိုလက်နှင့်ပွတ်ခါ
အမေဖြစ်သူကို စူးစူးရဲရဲကြည့်လိုက်ပြီး.....
“အဟော နင်တဲ့လား မေမေ ချက်ချင်းကြီးကို ပြောင်းလဲသွားတာပဲနော် သမီးက ...💢အမေ့သမီးလည်းမဟုတ်သလို အဖေ့သမီးလည်း မဟုတ်ဘူး
သမီးတွေ့ဖူးတဲ့ မိဘတွေက
ကိုယ့်သားသမီး အဆိုးထဲမရောက် ကယ်ထုတ်ပြီး အကောင်းဘက်ကို ပို့ပေးတယ်
အဟင်း...မေမေက ကိုယ့်သမီး လူယုတ်မာ လက်ထဲရောက်မှာကိုတောင် ကြည်ကြည်ဖြူဖြူလိုက် ပို့နေတယ်
💢ဖေဖေကလည်း သမီးတစ်ယောက်လုံးရှိနေတာတောင် လှည့်မကြည့်ပဲ အခုချိန်ထိ အေးဆေးနေနိုင်တယ်
မိဘတွေက သမီးအတွက် တစ်ယောက်မှမကောင်းဘူး ဒီအိမ်မှာလဲ မနေဘူး သမီးဆင်းမယ် အဲ့လူနဲ့ လက်ထက်မယ့်အစား ကိုယ့်ကိုကိုယ် သက်သေပစ်လိုက်မယ်💢”
ထိုင်ရာမှထခါ စောင့်အောင့်ထွက်သွားသော သမီးဖြစ်သူခြေသံတွေက သူမရင်ကို ဆူးနဲ့ထိုးနေသလို..
တဆစ်ဆစ်နာကြင်စေသည်....
သမီးမရှိတော့တဲ့ မျက်ကွယ်ရာကျမှ သူမျက်ရည်တွေ အဖြိုင်ဖြိုင်စီးကျနေရသည်
သမီးရှေ့မှာဆိုရင်တော့ သူမ မငိုပါ
မငိုမိအောင်လည်း တမင်ထိန်းထားရသည်။
ကိုယ့်သမီးလေးဘဝ မကောင်းတဲ့သူလက်ထဲမှာရေတိမ်နစ်ရမှာ မေမေကြည့်နေနိုင်ပါ့မလား
ဒါပေမယ့် မေမေ သမီးလေးအတွက်ဘာလုပ်ပေးနိုင်မှာ မို့လဲ
မေမေဆုတောင်းပေးပါတယ် သမီးကို ဒီကံဆိုးမှုအရာကြီးစီက ကယ်ထုတ်ပေးမယ့်သူ အမြန်ဆုံးပေါ်လာပါစေလို့
🪵🪵🪵🪵🪵🪵🪵🪵
🌈🌈🌈🌈အပိုင်း ၁၇ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)