book

Index 15

(အပိုင်း ၁၅)

  • Author : Kyawal
  • Genres : Drama

(🌈အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)


သူမမျက်နှာလေးအား သူမြင်လိုက်ရ၍ ခံစားနေရသည့် ဝေဒနာ တစ်ဝတ်သက်သာသွားသလိုရှိပြီး ခဏငြိမ်ကျသွားပေမယ့်


ဆက်တိုက်ဆက်တိုက် နားထဲ တိုးဝင်လာသည့် ထိုအသံကြောင့်

“အား...လွှတ် ကြောက်တယ် ကြောက်တယ် တော်ပါတော့ ကျွန်တော် ကြောက်ပါပြီ အဲ့အသံကြီး ပိတ်ပေးပါ”


သူ့အဖြစ်ကိုကြည့်ရင်း သူမရင်ထဲ ဟန်မဆောင်နိုင်တော့ လောက်အောင် သနားလာရပြီး မသိစိတ်ကလည်း သူ့အားချစ်နေသည်မို့ ..

အတင်း ရုန်းကန် လူးလွန့်နေသည့် သူ့အား သူမ ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်ရင်း လက်တစ်ဖက်က ရန်းခါနေသည့် သူ့ဦးခေါင်းလေးအား လွတ်မသွားစေရန် ထိန်းထားရင်း ...

ခလေးတစ်ယောက်လို ခေါင်းလေးအား ပွတ်သက်ပေးနေမိသည်။

သူမမေးစေ့လေးအား သူ့ငယ်ထိပ်နား ဖွဖွလေးတင်ခါ ...


“မကြောက်နဲ့နော် ...ကျွန်မရှိတယ်...ရှင်အဆင်ပြေသွားမှာပါ ...အဆင်ပြေသွားမှာပါ မကြောက်နဲ့နော် ....ကျွန်မရှိတယ်”


သူမ၏အပြုမူကြောင့် ချိန်း ရုန်းကန်လူးလွန့် နေရာမှ ငြိမ်ကျသွားပြီး

သူမရင်ခွင်လေးအား မှီလျက် ခတ္တအိပ်ပျော်သွားတော့သည်။


တိုးတစ်ချက် ကျယ်တစ်ချက် နားထဲဝင်လာသော စကားသံတစ်ချို့ ...

“အသံချဲ့...အသံ ထက်ချဲ့ဦး...ချဲ့.”


“ဟာမမ တော်ပြီ မမလုပ်တာနဲ့ ကလေးက အခန့်မသင့်ရင် နားစီကွဲသွားလိမ့်မယ်”


“ဘာဖြစ်လဲ ...နားစီကွဲယုံမကလို့ သေသေ နင်နဲ့မဆိုင်ဘူး ငါလုပ်တဲ့ကိစ္စ နင်ဝင်ဝင်မပါနဲ့ သွား..”


“မဟုတ်ဘူး မမ ကလေးကအတော်ငယ်သေးတယ် မမရဲ့ မလုပ်ပါနဲ့”


“ထွက်သွား...”


“မမ..”


“ဒီအသံကြောင့် နင်ပါနားကန်းသွားပြီလား ငါပြောနေတယ် ထွက်သွားလို့”


ထိုအခြေတင်ပြောနေသည့် နှစ်ယောက်အား သူရုပ်မျက်နှာမမြင်ရပဲ အောက်ပိုင်းခန္ဓာကိုယ် လှုပ်ရှားမှုတွေကိုသာ ဝါးတားတား မြင်နေရသညိ။

ထိုသူကြီးမှာ ဤမိန်းမကြီးစကားကြောင့် အခန်းထဲမှ ထွက်သွားပုံရသည်...

“ဟင့်....အဲ့နားတွေ အုပ်မထားနဲ့ ငနာလေး ဖယ်ထားစမ်း”


ထိုမိန်းမကြီးကတော့ ထို ဆူးရှကျယ်လောင်တဲ့ ရေဒီယိုလှိုင်းသံကို ခံနိုင်အောင် နားတွင်ကြားခံ ကိရိယာတစ်ခုတပ်ထားပုံ ပေါ်သည်...


၄နှစ်အရွယ် ထိုကလေးမှာတော့ ထိုအသံအား မခံစားနိုင်လွန်းလို့ လူးလွန့် အော်ငိုနေရသည်..


အစကနားကိုအုပ်ထားသည့် လက်နှစ်ဖက်ရှိပေမယ့် အခုတော့ အဲ့လက်နှစ်ဖက်ကို မည်သူမည်ဝါမှန်းမသိရသည့် ထိုမိန်းမကြီးက ဆွဲချုပ်ထားသောကြောင့်.....


အသံလှိုင်းကတစ်ဖြည်းဖြည်း ဆူးပြီးကျယ်လောင်လာသလို ကလေးမှာ အသက်အရွယ်နှင့်မမျှအောင် ထိုမိန်းမကြီး နိပ်စက်သည်ကို ခံနေရသည်။

နောက်ဆုံး ထိုကလေးမှာ ရုန်းကန်လှုပ်ရှားချင်း မရှိတော့ဘဲ အားလျော့ခါ

ပျော့ခွေ လှဲကျသွားသည်။

ထိုအခါ အခန်းတွင်သို့ ရှူးဖိနပ်အညိုရောင် စီးထားသည့် လူကြီးတစ်ယောက် အပြေးလေးရောက်လာခါ ထိုကလေးအား ပွေ့ချီရင်း.....


“တော်ပါတော့မမရဲ့

ကလေးကို သေအောင်သက်နေတာလား မမ “


“အဲ့ဒါနင်နဲ့ဆိုင်လား ပေးစမ်းအဲ့ ကလေးကို “


“မပေးနိုင်ဘူးမမ ဒီနေ့တော့ ဒီလောက်နဲ့တော်ပါတော့ “


“နင်ကငါ့မောင်အရင်းနော် အဲ့ကလေးနဲ့နင်က ဘာမှသွေးမတော်သားမစပ်ဘူး သူ့ကို နင်ကာကွယ်နေစရာ ဘာအကြောင်းမှမရှိဘူး အခုပေး အဲ့ကလေးကို”


အားနည်းခါ ခွေလှဲကျသွားပေမယ့် မြင်ကွင်းတို့က မှုန်တစ်ချက်ကြည်တစ်ချက် ဝေးတစ်ချက်နီးတစ်ချက်ဖြင့်.....သဲသဲကွဲကွဲ မမြင်ရတော့ပေ

သတိမလစ်သေးတာကြောင့်

သူတို့နှစ်ဦးပြောသများ စကားအကုန်ပြန်ကြားနေရသည်။


“နုနယ်​သေးတဲ့ ကလေးကို ဒီလိုရေဒီယိုလှိုင်းသံပေးပြီး အရမ်းမနိပ်စက်ပါနဲ့ မမရဲ့

ကျွန်တော်တောင်းပန်ပါတယ် မမရဲ့

ကိုယ်ချင်းစာပါဦး”


“နင့်ပါးစပ်ပိတ်ထား ...ငါက ဒီကလေးကို မျှင်းမျှင်းပြီး သေအောင်နိပ်စက်ချင်တာ

ကြားထဲမှာ နင်ဝင်ဝင်ကာနေလို့

ငါ့စိတ်နဲ့ငါသာဆို ဒီကလေးကို တစ်ခါတည်း အသေသက်ပစ်ချင်အောင် မုန်းတယ်.....”


ထိုစကား...

“တစ်ခါတည်း အသေသက်ပစ်ချင်အောင် မုန်းတယ် တယ်

တစ်ခါတည်း... တည်း...အသေသက် သက်...ပစ်ချင်အောင် အောင်...မုန်းတယ် တယ်..”


“ဟင့်အင်း...အားးး...”


ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို ခံစားချက်ဖြင့် ချိန်း သူမပေါင်ပေါ် အိပ်နေရာမှ နိုးလာခဲ့သည်။


“ရှင်နိုးလာပြီလား”


“ဟင်...! မင်း ကိုယ် ဘယ်လိုလုပ် မင်းပေါင်ပေါ်မှာ အိပ်နေရတာလဲ

ဘာဖြစ်သွားတာလဲ....”


“ရှင်တကယ်ပဲ မမှတ်မိဘူးပေါ့”


“ဟင့်အင်း...ဘာဖြစ်တာလဲ..နောက်ပြီး ကိုယ် ခေါင်းတွေ ထိုးကိုက်နေတယ် အား ကျွတ် ကျွတ်”

သူခေါင်းလေးအား ဖိခါပြောလိုက်သောကြောင့်


“ရှင်က...@#>€¥%*+=....အဲ့လိုနဲ့ ကျွန်မပေါင်ပေါ်မှာ အိပ်ပျော် သွားတာပဲလေ”


“ဟင်..အဲ့လိုလား ...အ ကျွတ် ကျွတ်”

အိပ်တာ အတော်ကြာသွားလား


“သိပ်မကြာပါဘူး နာရီဝတ်လောက်ပါပဲ

“ရှင် ခေါင်းကိုက်တယ်ဆိုတော့ ခါတိုင်း သောက်နေကြဆေးများ ရှင့်မှာရှိလား”


“ဆေး....ဆေး ဪ ရှိတယ် ...ဒါပေမယ့် ကားထဲမှာကျန်ခဲ့တယ်”


“ပေးကားသော့ ကျွန််မသွားယူ ပေးလာခဲ့မယ်”


သူမလက်ထဲသို့ ကားသော့ထည့်ပေးခါ


“ကျေးဇူးပါပဲ ပိုး”


သူမသူ့အား ပြုံးပြလိုက်ပြီး

“ ရပါတယ် ဒီမှာ ထိုင် ခဏစောင့်”


ကားသော့ယူခါ သူမ အခန်းထဲမှ ထွက်လာပြီး ချိန်းကားရပ်ထားသော နေရာသို့သူမ တဖြည်းဖြည်းရောက်လာခဲ့သည်။


သော့ခလုတ်အားနိတ်ခါ ကားတံခါးဖွင့်လိုက်ပြီး ...သူသောက်နေကြ ဆေးအား ကားထဲ ဝေ့ဝဲရှာရင်း

ကားအံဆွဲကို ဖွင့်ကြည့်တော့ များပြားလှသည့် ဆေးကဒ်တွေအား တွေ့လိုက်ရသည်


ကျစ်... များလှကြည်လား ဆေးတွေက

သူက ဘာရောဂါအခံ ရှိနေလို့ ဒီလောက်တောင်ဆေးတွေသောက်နေရတာလဲ.....


ဘယ်ဟာလဲတော့မသိဘူး အကုန်ယူသွားရမှာပဲ...


သူမ ကားပေါ်မှ တွေ့သည့်ဆေးများကို ကော်ပိတ်အိတ်အကြည်ထဲ စီထည့်ခါ ယူခဲ့လိုက်သည်။


💊💊💊💊💊💊💊


ရုံးခန်းထဲတွင် ငူငိုင်ငိုင်ကြီးထိုင်နေသော ချိန်းအား တွေ့ရတော့ သူမရင်ထဲမကောင်းပေ။

“ဒီမှာ ...ကျွန်မ ရှင့်အတွက်ဆေးတွေ ယူလာခဲ့ပြီ”


ဖြူဖက်နေသော....နှုတ်ခမ်းတွေနဲ့ အားမရှိသလို မျက်နှာဖြင့် ချိန်း သူမအား ပြန်ကြည့်ခါ .....

“အင်း...ကျေးဇူးပါပဲ”


သူ့နံဘေးတွင် သူမဝင်ထိုင်လိုက်ပြီး

“ရှင့်မှာ ဘာရောဂါအခံရှိလို့ ဒီလောက်များပြားတဲ့ဆေးတွေ သောက်နေရတာလဲ”


ချိန်းသူမအား စိတ်မပါစွာ ပြုံးပြလိုက်ရင်း...

“မသိဘူး ....ကြီးဝေနဲ့ အဖေကသောက်ဖို့ပြောနေလို့ ငါသောက်နေရတာပဲ...ဒီဆေးတွေကို ငါမသောက်ပဲ ဖျတ်ထားတာ ၁လရှိတော့မယ် မသောက်တော့တဲ့ အချိန်ကစပြီး ခေါင်းတွေ ခဏခဏကိုက်လာတယ် ဒီနေ့ဆိုမင်းမြင်တဲ့အတိုင်းပဲ တော်တော်ဆိုးဆိုးဝါးဝါးပဲ...ဒီဆေးတွေပြန်သောက်လိုက်ရင် ငါသက်သာမယ်ထင်တယ်”


သူမလည်း သူ့ကို စိုးရိမ်သောအကြည့်တွေနဲ့ စိုက်ကြည့်နေပြီး

“အင်း ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ

ရှင်ကြာပြီလား ဒီဆေးတွေ သောက်နေရတာ”


“အင်း...နှစ်တွေတောင်ချီ တော့မယ် ငါသိပ်မမှတ်မိတော့ဘူး”


ပြောရင်း ဆေးကဒ်တွေထဲမှ ဆေးများဖွင့်ယူခါ လက်ဖဝါးပေါ် ထည့်၍ မော့သောက်လိုက်ပြီး စားပွဲပေါ်အသင့်ရှိသည့် ရေဘူးအား ဆွဲယူမော့သောက်လိုက်သည်။

“ဟား....အခုမှ အဆင်ပြေသလို နည်းနည်းရှိတော့တယ်”


“ဆေးသောက်လိုက်ပြီဆိုတော့ ရှင်အဆင်ပြေသွားမှာပါ ...”


“အင်း....”


“ဟို...ဒါနဲ့ ရှင်ကျွန်မကို ဘာပြောခဲ့လဲဆိုတာကိုရော မှတ်မိသေးလား”

သူမမျက်နှာတွေ ပန်းရောင်သန်းခါ ရှက်ကိုးရှက်ကန်လည်းဖြစ်နေရသည်။

ထိုစကားကြောင့် ချိန်း သူမမျက်နှာအား စိုက်ကြည့်ခါ ရယ်လိုက်ပြီး မျက်နှာလေးပြန်တည်လိုက်ခါ

“ကိုယ်က မင်းနဲ့ပတ်သက်လာရင် အရာအားလုံးမှတ်မိတယ်....”

ပြောရင်း သူမ လက်လေးအား ဖမ်းဆုတ်လိုက်ပြီး....

“ဖြေပါ မင်းကိုယ့်ကို ချစ်တယ်မလား ဟင်”


ဖမ်းဆုတ်ထားတဲ့ သူ့လက်အား သူမငုံ့ကြည့်လိုက်ပြီး....

“အိုး...ဘာလုပ်တာလဲ လွှတ်ပါ”


“ဖြေပါ ပိုးရဲ့ မင်းကိုယ့်ကို ချစ်တယ်မလား ဟင်”


“ကျွန်မ မသိဘူး ရှင့်ကိုမုန်းတာပဲသိတယ်”


ချက်ချင်းဆိုသလို ဖမ်းဆုတ်ထားသည့် သူမလက်လေးအား လွှတ်ပေးလိုက်ပြီး....

“အား....ခေါင်း ခေါင်းကိုက်တယ်”

လက်နှစ်ဖက်ဖြင့် ဖိအုပ်ခါ

ခါအော်လိုက်သည့် ချိန်း၏အပြုမူကြောင့် သူမရင်ထဲ စိုးရိမ်မှုတွေ ကြီးစိုးလာရသည်...


“ဟင်..! ရှင် ဆေးသောက်လိူက်တာတောင် မသက်သာဘူးလား

အရမ်း ကိုက်နေလား

ကျွန်မတို့ ဆေးရုံသွားကြမလား ဟင်”


လက်နှစ်ဖက် ဖိအုပ်ထားသည့် ကြားမှ

“ဟင့်အင်း ...မသွားဘူး မသွားဘူး

အား...ခေါင်းကိုက်တယ်”


သူမ မျက်ရည်တွေဝဲတတ်ခါ သူ့ကို စိုးရိမ်လွန်းလို့ ရင်ထဲ ဗလောင်ဆူနေရသည်။

“ဟာ...ရှင်ဒီလောက်ဖြစ်နေမှတော့ ဆေးရုံသွားမှ ရမာပေါ့ လာပါ ကျွန်မတို့ သွားကြရအောင်နော်...”


“ဒါဆို ကိုယ်မေးတာဖြေ မဖြေရင် ကိုယ်မသွားဘူး မင်းကိုယ့်ကို ချစ်လား”


“အင်း...ချစ်တယ် ချစ်တယ်..လာပါ သွားရအောင်နော်...”


လက်မောင်းမှ ဆွဲခေါ်နေသည့် သူမလက်တို့အား ချိန်းလှမ်းဆွဲခါ အိစက်ညက်ညောသည့် ဆိုဖာခုံပေါ်သို့ ဆွဲချခါ တွန်းလှဲလိုက်သည်


“အို....အမေ့..! “


လှဲကျသွားတဲ့ သူမကိုယ်ပေါ်မှ သူစီးမိုးလိုက်ပြီး လက်နှစ်ဖက်ကို ထောက်ထားလိုက်သည်


“ဟင်!...ရှင် ရှင် တကယ်မဟုတ်ပဲ ကျွန်မကို လိမ်တာပေါ့လေ”


“အဟင်း...ကိုယ့်ကို မင်းဘယ်လောက် စိုးရိမ်ပြီး ချစ်လဲ သိချင်လို့ပါ”


“ကျစ်...ရှင်က တကယ့် ကလိမ်ကကျစ်ပဲ”


“မင်းမှ ကိုယ့်ကို မဖြေတာ ဒါကြောင့်ဒီလို ကလိမ်ကကျစ် ကျရတာပေါ့”

“ဖြေပါ...ခုဏက မင်းပြောလိုက်တာ အမှန်ပဲမလား ကိုယ့်ကို ချစ်နေတာ အမှန်ပဲမလား ဟင်”


သူနှင့် ဆန့်ကျင်ဘက်သို့ လှည့်နေတဲ့ သူမမျက်နှာလေးအား မေးဖျားမှ ကိုင်ခါ သူ့ဘက် ညင်သာစွာဆွဲလှည့်တော့ သူမအလိုက်သင့် ပါလာခဲ့သည်။

“ဟင်...ဖြေလေ ပိုး”


“ကျွန်မဖြေပြီးပြီမလား လူကိုရှက်အောင်လို့ ဘာလို့ထက်မေးနေရတာလဲ “


“မရဘူးကွာ ထက်ဖြေပေး ...ကိုယ်ကြားချင်တယ် အမှန်ပဲလား”


သူမခေါင်းလေး ဆက်ကနဲညိမ့်ပြလိုက်ခါ သူ့မျက်နှာနှင့်ဆန့်ကျင်ဘက်သို့ ချက်ချင်း ပြန်လှည့်သွားလိုက်သည်။

ချိန်း တစ်ချက် ပြုံးလိုက်ပြီး....


သူမ၏ ပါးပြင်နုလေးအား နှာခေါင်းလေး နှစ်ဝင်အောင် ညင်သာစွာနမ်းလိုက်တော့ သူမမျက်နှာလေး သူနှင့်မျက်နှာချင်းအဖြစ် ပြန်လှည့်လာသည်။


ထက်၍ သူမနဖူးပြင်လေးအား သူ့နှုတ်ခမ်းဖြင့် ဖိကပ်ခါ တယုတယ အနမ်းခြွေလိုက်သည်။

ထို့နောက် သူမမျက်နှာအနှံ့ သူ့စိတ်ကြိုက်ညင်သာစွာ အနမ်းတွေခြွေချရင်း.....

ဦးတည်ချက်က သူမ၏ နီရဲနုထွေးလှသည့် နှင်းဆီဖူးသဖွယ် နုတ်ခမ်းလေးစီသို့.....

နူးညံ့ချိုမြိန်လှတဲ့ သူမနှုတ်ခမ်းလေးကြောင့် သူမခွါချင်လောက်အောင် ဖြစ်နေရပြီး ....

သူ၏လက်တို့ကလဲ နယ်ကျွန်နေမိသည်။


မိနစ်အနည်းငယ်ကြာအနမ်းခြွေနေရင်းမှ သူမဝတ်ထားသည့် ကော်လံပါရင်စေ့အင်္ကျီရှိ ကြယ်သီးတို့အား သူတစ်လုံးခြင်းဖြုတ်ချလိုက်သည်။


ဖြတ်ကနဲဆိုသလို ... သူ့လက်တို့အားသူမ ဖမ်းကိုင်လိုက်ပြီး အနမ်းတို့ကို ရှောင်ရှားလိုက်သည်။

“ဟင့်အင်း....ကျွန်မ ...”


တစ်ခုခုကို စိုးရိမ်ကြောက်ရွံ့ပုံပေါ်နေသည့် သူမအကြည့်တို့အား သူကောင်းကောင်းကြီး သိပါသည်။

ဒါကလည်း စောလွန်းနေတယ်မလား

သူမလည်း အဆင်သင့်မဖြစ်သေးသလို

သူလည်း သူမကို လက်မထက်ရသေးပဲ ခြွေဖို့မသင့်ပါဘူးလေ....

လက်ထက်ပြီးခါမှ သူမဘဝအား သူအပိုင်သိမ်းခါ ခြယ်လှယ်တော့မည်ဟု သူ ဆုံးဖြတ်ချက် ချလိုက်တော့သည်။


🤍🤍🤍🤍🤍


“ဝိုး ဝိုး ဝိုး ....ပရိတ်သက်ကြီးခင်ဗျာ အခုဆိုရင်တော့ ပရိတ်သက်ကြီးရဲ့ အချစ်တော်သျှားမာန်ငြိုးဟာဆိုရင် ဖြင့် ဂျပန်နိုင်ငံတိုကျိုမြို့ကို အကြီးကျယ်အခန်းနားဆုံး showပွဲအတွက် ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်”


“ဝိုး.....ပရိတ်သက်ကြီးကို နုတ်ဆက်လိုက်ပါဦး ညီသျှား”


မန်နေဂျာကိုသုတမှ Live လွှင့်နေသော ဖုန်းကင်မရာအား သျှား ဘက်သို့ လှည့်ပြခါ ပြောလိုက်သောကြောင့်

သျှားပြုံးရမှာ စိတ်မပါသော်လည်း သူချစ်တဲ့ ပရိတ်သက်တွေအတွက်

အားတင်းခါ ပြုံးပြနုတ်ဆက်လိုက်သည်။


“Hi...အားလုံးပဲ ကျွန်တော်ဂျပန်နိုင်ငံတိုကျိူမြို့ကို ရောက်ရှိနေပါပြီဗျ မြန်မာနိုင်ငံက ကျွန်တော့်အချစ်တော်လေးတွေ အားလုံးကျန်းမာရေး ဂရုစိုက်ကြပါနော် အားလုံးကို ချစ်ပါတယ်ဗျ”


အသဲပုံ ပုံစံလက်လေးနှစ်ဖက်ထိ ဆက်ခါ နုတ်ဆက်လိုက်သည့် သူ့အမူအရာကြောင့် live ကြည့်နေသော နှုတ်ခမ်းနီမလေးများ သဲသဲလှုပ်ဖြစ်သွားရသလို viewers နှင့် like တွေမှာလဲ ပိုပိုလို့ ထိုးတတ်လာခဲ့သည်။


“အိုးဟိုး...ပရိတ်သက်ကြီးက သူ့တို့အချစ်တော်မျက်နှာလေးကိုလဲ မြင်ရရော တစ်ဟုန်ထိုးကို တတ်လာကြတော့တာပဲနော်.....

အဟင်း...ဒါပေမယ့် ညီသျှားကော ကျွန်တော်ပါ လေယာဉ်အကြာကြီးစီးလာရလို့ ပင်ပန်းပြီဗျ

ဒါကြောင့်မို့ ဟော်တယ်မှာ သွားနားတော့မယ်နော်

အားလုံးပဲ အားပေးလို့ အထူးကျေးဇူးတင်ပါတယ်ဗျာ...live လေးအပြီးသက်မို့ ညီသျှား မျက်နှာလေး မြင်ချင်ကြသေးလားဗျ”


Comment တွင်…

“အသဲကို မြင်ချင်ပါတယ်♥️”

“သျှား မျက်နှာလေးပဲ ပြပေးပါ အကို့မျက်နှာကြီးကြည် မပြပါနဲ့🤧”

“မြင်ချင်ပါတယ် ♥️“

“Liveလေးအဆုံးသက်တော့မှာဆိုတော့ သျှားမျက်နှာလေး နောက်ဆုံးအနေနဲ့ ကြာကြာလေး ရိုက်ပြပေးပါ♥️”

“ချစ်တယ်သျှားရေ🙆🏻♥️”

“အမြဲ အားပေးနေမယ်♥️”

“ဂျပန်ကပြန်လာရင် လက်ဆောင်ဝယ်ခဲ့ပါ😜♥️”

“သျှားမျက်နှာလေး ပြပေးပါ♥️”

“သျှားမျက်နှာလေး ကြည့်ချင်တယ်♥️”


“ဝိုး ...Ok Ok ကဲ ညီသျှားရေ live သိမ်းတော့မှာမလို့ ချစ်ပရိတ်သက်ကြီးကို စကားလက်ဆောင်ပါးလိုက်ပါဦးဗျာ”


“အားလုံးကို ကျွန်တော် အရမ်းချစ်ပါတယ်ဗျ ကျွန်တော်တို့လည်း ခရီးပန်းပြီမို့ နားတော့မယ်နော် ...အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ အရမ်းချစ်တယ်ဗျ...တာ့တာ....”


နုတ်ဆက်ခါ live အားအဆုံး သက်လိုက်သည်။

ထို့နောက်မန်နေဂျာကိုသုတမှ ..

“ညီသျှား အကိုလေယာဉ်ပေါ်ကတည်းက ကြည့်နေတာ မင်းမျက်နှာမကောင်းဘူးနော် ဘာဖြစ်နေတာလဲ”


“ဟူး...ဒီလိုပါပဲ အကိုရာ ကျွန်တော်စိတ်ညစ်စရာ ကိစ္စတစ်ခုကြောင့်ပါ”


“ပွဲက နောက်၃ရက်နေရင် စမှာနော် စိတ်ဖိစီးမှုတွေကြောင့် မျက်နှာတွေ ချောင်ကျမသွားစေနဲ့ မင်းပရိတ်သက်တွေကိုပြောသလို အကိုပြန်ပြောလိုက်မယ်

ကျန်းမာရေးဂရုစိုက်”


“အဟင်း...ဟုတ်ကဲ့ပါ ကိုသုတကလည်းဗျာ”


“ကဲလာ ဟိုမှာ ဟော်တယ်က ကားလာကျိူပြီ အကိုတို့သွားကြစို့”


“ဟုတ်ကဲ့ဗျ”


လာကြိုသည့် ကားပေါ် သို့ ခရီးဆောင်အိတ်အားတင်လိုက်ပြီး နောက်ကျော်မှာတော့ သီးသန့် ကျောပိုးအိတ်လေးလွယ်ထားခါ

သျှားကားပေါ်သို့ တတ်ထိုင်လိုက်တော့သည်။

ဟော်တယ်ဝန်ထမ်းလေးမှာ ကားတံခါးအားပြန်ပိတ်ပေးပြီး တတ်ထိုင်လိုက်ခါ


“教師、 ドライブ

(Kyōshi,doraibu > ကရို့ရှိ,ဒိုရိုက်ဘု)

မောင်းပါ ၊ဆရာ”


~~~~~~~~~~~~


“ညီသျှား....ညီသျှား “


“ဟွန်....အွန်း...”


“ထတော့ ညီသျှားရ ဂျပန်စံတော်ချိန် မနက် ၇:၀၀ရှိပြီ”


“ဟာ...ကိုသုတကလည်းဗျာ ဘယ်သွားစရာရှိလို့လည်းဗျ ပွဲကလည်း သဘက်ခါမှကို အိပ်ပါရစေဦးဗျာ”

အိပ်မှုန်စဝါး အသံဖြင့် ပြန်ဖြေလိုက်သော သျှားကြောင့် သုတပြုံးမိသည်။


“ရှိတယ် ညီသျှားရ ဒို့ပွဲအတွက် စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေက အကြိုတွေ့စုံပွဲအနေနဲ့ ၉:၀၀ဖိတ်ထားတာရှိတယ် အဲ့ဒါသွားရမှာဦးမှာ”


“ဟာဗျာ...အဲ့ဒါဆိုလည်း ကိုသုတမနေ့ထဲကကြိုပြောထားရောပေါ့ ညကကျွန်တော် အိပ်ရေးပျက်ထားတာဗျ”

ညီးစူစူလေးပြောနေသည့် သျှားပုံစံလေးက ကလေးဆန်လှသည်။


ဇွတ်ပြန်အိပ်ဖို့ လုပ်နေသည့် သျှားကို ကိုသုတ ကုတင်ပေါ်မှ ဆွဲထူခါ...

“ကဲပါ ညီသျှားရာ ကြိုပြောမထားလို့ အကိုမှားတယ် ဟုတ်ပြီလား အခုတော့ ထပြီးရေမိုးချိုး သွားဖို့ပြင်ဆင်လိုက်တော့နော် ထ...ထ”


ဇွတ်လာနိုးတော့လည်း ..

မထချင်ထချင်ဖြင့် အိပ်ယာပေါ်မှ ကုန်းရုန်းထခါ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သူက ......


🍥🍥🍥🍥


[စာဖတ်သူတို့ရေ ဂျပန်မှာ (သျှား၊သုတ၊ယူမီ)ဒီ၃ယောက် စုံရင်တော့ မြန်မာ စကားပြောနေတယ်လို့ သက်မှတ်ပေးပါ၊ဒီသုံးယောက်မဟုတ် ပဲ အခြားလူတွေဆို ဂျပန်စကားဖြင့် ပြောနေတယ် သတ်မှတ်ပါနော်]


ဝန်းကျယ်ခြံကြီးထဲတွင် သစ်ပင်/ပန်းမန်အစုံ စိုက်ပျိုးထားခါ လှပလှသည်။

ခြံခက်ထားသော အုတ်တံတိုင်းများမှာ ဂျပန်နန်းတော်အုတ်ရိုးသဖွယ် ပုံစံတူပြုလုပ်ထားပြီး ခြံဝင်ပေါက် မုဒ်ဦးအဝတွင်

“スタンダードハウス カミサン

Kamisan Sutandādohausu

ခါမီစန် စံအိမ်တော်” ဟု ရေးထိုးထားသည်။


အိမ်တော်အတွင်းမှ ဒေါ်မီကီရိစန်တစ်ယောက် သမီးဖြစ်သူ ယူမီနှင့် လက်ချင်းချိတ်လျက် စကားကောင်းခါ ထွက်လာကြသည်။

“車の準備ができました、奥様

ကားအဆင်သင့်ဖြစ်ပါပြီ သခင်မကြီး“


ဒေါ်မီကီရိစန်ခေါင်းတစ်ချက် ညိမ့်ပြခါ

“သမီးယူမီ ..သွားကြစို့လား”


“ဟုတ်ကဲ့ မေမေ”


“စကားမစပ် ငါ့သမီးလေးယူမီ ဒီနေ့အရမ်းလှတာပဲ”


“အာ...မေမေကတော့ သမီးကိုမြှောက်ပြောနေပြန်ပါပြီ “


“မမြှောက်ပါဘူး သမီးရဲ့ မေမေက အရှိအရှိတိုင်းပြောနေတာပါ အဟင်း ဟင်း ကဲ သွားစို့”


နက်မှောင်ပြောင်လတ်သည့် ကားအကောင်းစားကြီးမှာ မုဒ်ဦးဝကို ကျော်လွန်၍ စံအိမ်တော်ကြီး အတွင်းမှ ထွက်ခွါသွားတော့သည်။


🍥🍥🍥🍥


ကျယ်ဝန်းလှသည့် အဆင့်မြင့် အဆောက်အအုံကြီးအတွင်းသို့ ခန့်ခန့်သန့်သန့်ဖြင့် ကုမ္ပဏီသူဌေးများ သက်ဆိုင်သူကိုယ်စီဖြင့် အလျိုလျိုပွဲတတ်ရောက်ကြသည်။


“こんにちは

Kon’nichiwa

မင်္ဂလာပါ”

ဦးခေါင်းလေး ညွှန့်ခါ သူဌေးခေနီအား သုတ သွားနုတ်ဆက်လိုက်သည်။

ပြီးနောက် သျှားဘက်သို့ လက်ညွှန်ပြခါ

“Mr .ခေနီ ဒါက ဒီပွဲအတွက် ဖိတ်ကြားခြင်းခံရတဲ့ မြန်မာနိုင်ငံကိုယ်စားပြု လျှောက်ပေးမယ့် မော်ဒယ်သျှားမာန်ငြိုးပါ “

နုတ်ဆက်ဖို့ လက်ကမ်းလိုက်သည့် သျှားကြောင့် ဒေါ်မီကီရိစန် ပြန်၍ လက်ကမ်းနုတ်ဆက်လိုက်သည်။

“ဟုတ်ကဲ့ ကျွန်မလည်း ဝမ်းသာပါတယ်”


“မောင်ရင်က တကယ်ကို လူချောပဲ အရပ်အမောင်းကလည်း အမြင့်ကြီးပဲ ခန္ဓာကိုယ်ကလည်း စမက်ကျပြီး တောင့်တင်းတယ် လုံးဝ အန်တီတို့ ဒီဇိုင်နာတွေအကြိုက် ပဲ”


“ဟား..ဒီလိုချီးမွှန်းပေးလို့ ကျေးဇူးအထူးတင်ပါတယ် miss မီကီရိစန် ခဗျာ”


“အဟင်း..မလိုပါဘူးကွယ် အန်တီက အမှန်တွေကို ချီးမွှန်းတာပါ”


“ဟုတ်ကဲ့ဗျ ဒါဆို ကျွန်တော်တို့သွားစရာလေးရှိသေးလို့ ခွင့်ပြုပါဦးဗျ”


“ဟုတ်ပါပြီကွယ် နုတ်ဆက်ပါတယ်”

(ဆာယိုနရ)

🍥🍥🍥🍥🍥🍥


ယူမီ သန့်စင်ခန်းမှ ပြန်အလာ...

သျှားတို့ နုတ်ဆက်ပြီး ကျောခိုင်းအလှည့်....

ကံကြမ္မာက မစုံစည်းစေလို၍ အလား ထက်၍ လွဲသွားခဲ့ပြန်သည်။


“မေမေ...”


“အော သမီးလေးလာပြီ”


“ဟုတ် မေမေ..ပြန်လို့ရပြီလာဟင်”


“ဟင်..ဘာလို့လည်းသမီးရဲ့”


“သမီးပြန်ချင်ပြီ ဒီနေ့က ပွဲကြီးနေ့မှမဟုတ်တာ သမီးဒီမှာ အကြာကြီးမနေချင်ဘူး လူတွေအများကြီနဲ့ မွှန်းကျပ်သလိုခံစားရတယ် စောစော ပြန်ချင်လို့”


“အယ်...သမီးကတော့လုပ်ပြီ...အင်းပါ ဒါဆိုလည်းခဏစောင့်ပေး မေမေနုတ်ဆက်စရာရှိတဲ့လူတွေကို သွားနုတ်ဆက်လိုက်ဦးမယ် ပြီးရင်ပြန်ကြတာပေါ့ နော်...”


“ဟီး...ဟုတ်ကဲ့ မေမေ”


အမေဖြစ်သူနဲ့စကားပြောပြီး ဘာရယ်မဟုတ် အဆောက်အအုံကြီး၏ ထွက်ပေါက်စီသို့ သူမအကြည့်တို့ ရောက်သွားခဲ့သည်။

မြင်လိုက်ရသည့် လူတစ်ယောက်၏ ကျောပြင်နှင့် မျက်နှာမကျမေးရိုးမကျ ပုံစံရှပ်ပြေးလေးကြောင့်

“ဟင်...!”

သျှားမာန်များလား....

မဖြစ်နိုင်တာ သူကဘယ်လိုလုပ် ဒီမှာရှိနေရမှာလဲ

ငါအမြင်မှားသွားတာများလား

ဒါမယ့် ငါသူ့ပုံစံလေးကို အသေးစိတ်ကစ ကောင်းကောင်းမှတ် ထားတာပါ နေဦး သူဟုတ်မဟုတ် ငါလိုက်ကြည့်ရမှာပဲ


သူမမြင်လိုက်သည့် ထိုသူအား မြင်ကွင်းမပျက်စေရန် လိုက်လံကြည့်ပေမယ့်

သူမမြင်ကွင်းအား လာပိတ်ရပ်သူ ရှိနေသည်။


“ဟေး...ယူမီ..မင်းပြန်ရောက်နေပြီလား”


“💢ဟာ..ကျစ်...ဘာလို့မြင်ကွင်းကို လာပိတ်ရပ်တာလဲ အရူးရဲ့”

ပစ်မှတ်ထားခါ လိုက်ကြည့်နေသည့်မြင်ကွင်းအား လာပိတ်ရပ်သည်ကြောင့် သူမ ဒေါသထွက်ထွက်ဖြင့် ပြောလိုက်သည်။


“ဟာ...မင်း ကိုယ့်ကို ဘယ်လို ခေါ်လိုက်တယ် ယူမီ”


“မကြားလိုက်ဘူးလား အရူးလို့”


“ယူမီ ကိုယ်က မင်းထက် အကြီးနော်”


“ဟုတ်တယ် ရှင်ကသေခါနီးနေပြီ”


“ယူမီ”

အံကြိတ်သံနှင့်အတူ သူမ၏ လက်ကောက်ဝတ်နုနုလေးအား တင်းကြပ်စွာ ဖမ်းဆုတ်လိုက်သည်။


“အ..”

“မောင်ဒိုမိုနာ...သမီးလေးလက်ကို အခု လွှတ်လိုက်ပါ”


ဒေါ်မီကီရိစန် စကားကြောင့် သူ သူမလက်ကို မကျေမနပ်လွှတ်ပေးလိုက်ရသည်။


“မေမေ”

“သမီး”

သူမလက်အား လွှတ်ပေးသည်နှင့် အမေဖြစ်သူထံ ပြေးသွားခါ အားကိုးတကြီးဖက်ထားလိုက်သည်


“အဟင်း...အန်တီက ယူမီလေးပြန်ရောက်နေတာတောင် ကျွန်တော့်ကို မပြောဖူးနော်”


ခနဲ့တဲ့တဲ့ပြောလာသော ဒိုမိုနာစကားကြောင့် ဒေါ်မီကီရိစန် မျက်နှာပျက်သွားပေမယ့်

“အဟင်း...သမီးလေးပြန်ရောက်တာ မကြာသေးပါဘူး မောင်ဒိုမိုနာ အန်တီမပြောဖြစ်တာကလည်း ပွဲစီစဉ်နေတာတွေနဲ့ အလုပ်လှုပ်နေလို့ပါကွယ်”


“ဪ..ဒီလိုလား ကောင်းပါပြီ အန်တီ နောက်နေ့ကျမှ ကျွန်တော် အဖေ့ကိုခေါ်ပြီး စံအိမ်ကို အလည်လာခဲ့ပါဦးမယ် အဟင်း..အခုတော့ ခွင့်ပြုပါဦး”


ဒေါ်မီကီရိစန် စိတ်မပါသောအပြုံးဖြင့် ပြန်ပြုံးလိုက်ခါ

“ကောင်းပါပြီကွယ် ကြွပါ”


ဒိုမိုနာဆိုသူမှာ ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးထိပ်တန်းစာရင်းဝင် နံပါတ်၂သူဌေးကြီးမိုတာနို၏ တစ်ဦးတည်းသော သားဖြစ်သည်။


🌈🌈🌈🌈အပိုင်း ၁၆ ဆက်ရန်>>>

#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)




rate now: