book

Index 13

(အပိုင်း ၁၃)

  • Author : Kyawal
  • Genres : Drama

(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)


🕔🕙🕠


“ညီသျှား...လေယာဉ်ထွက်ဖို့ အချိန်နီးနေပြီ ဒို့တွေတတ်ကြစို့”


မျက်လုံးအစုံက လေယာဉ်ကွင်းဝင်ပေါက်ဝသို့သာ ငေးစိုက်ကြည့်နေပြီး. ...

မန်နေဂျာ ကိုသုတပြောနေသည်ကို 

ကြားဟန် မတူ

ကိုယ့်အတွေးနှင့် ကိုယ်သာရှုပ်ထွေးနေရသည်။....


“ညီသျှား...ညီသျှား”


ပုခုံးလေးအား ၂ချက်လောက် ပုတ်လိုက်ခါမှ


“ဗျာ...ဗျာကိုသုတ”


“ဘာတွေ အဲ့လောက်ငေးနေတာလဲ ညီသျှားရ 

လေယာဉ်အချိန်နီးနေပြီလို့ တတ်ကြစို့”


“ဟို.....ကိုသုတအရင် တတ်နှင့်ပါ့လားဗျ ကျွန်တော် လူတစ်ယောက်ကို စောင့်နေလို့ပါ ကျွန်တော်မကြာပါဘူး ချက်ချင်းလိုက်လာခဲ့ပါ့မယ် ၅မိနစ်လောက်ပါပဲ.. နော် ..ကိုသုတ”


“ဪ...အေးပါ ဒါဆိုလည်း အကိုသွားနှင့်မယ် သိပ်မကြာစေနဲ့နော် လေယာဉ်ထွက်တော့မှာ..အကိုသွားပြီ”


“ဟုတ်ကဲ့ ကိုသုတ”


ချိန်း..မင်းမလာတော့ဘူးလားကွာ..

နာရီလေးကြည့်လိုက် ဝင်ပေါက်အားကြည့်လိုက်နှင့် မျှော်သာမျှော်နေရသည် ချိန်း၏အရိပ်ယောင်ပင် သူမတွေ့ရ....


🌵🌵🌵🌵🌵🌵


ရေချိုးခန်းမှထွက်အလာ လင်းနေသောဖုန်းမှန်ပြင်ကြောင့် ဘာရယ်မဟုတ် ချိန်းကောက်ကြည့်မိလိုက်သည်။..


ဖုန်းMessageတွေ တန်းစီပို့ထားသော သျှားကြောင့်....

ဘာရယ်မဟုတ် သူစာဝင်ဖတ်လိုက်သည်။...

 (7:32 AM)💬

“ချိန်း..ဒီနေ့မနက် ၉:၀၀ နော်”

(8:00 AM)💬

“ချိန်း သျှားတို့ အခုပဲအိမ်ကနေ လေယာဉ်ကွင်းကို ထွက်လာနေပြီ”

(8:30 AM)💬

“ချိန်း သျှားတို့ လေယာဉ်ကွင်းရောက်နေပြီ...ချိန်းဘယ်တော့ ထွက်လာမှာလဲဟင်”

(8:36 AM)💬

“ချိန်း မလာသေးဘူးလား”

(8:40 AM)💬

“ချိန်း ဘာလို့နောက်ကျနေတာလဲ”

(Now...💬)

“သျှားသိလိုက်ပါပြီ ချိန်းမလာတော့ဘူးဆိုတာ သျှားဂျပန်သွားတဲ့ အချိန်အတွင်းမှာ ချိန်းကျန်းမာရေး ဂရုစိုက်နော် ချိန်းမလာလို့လဲ သျှား အပြစ်မတင်ပါဘူး ချိန်းမှသျှားကို မချစ်တော့တာ ဒါမယ့် သျှားကတော့ ချိန်းကို ချစ်တယ် ချိန်းဘက်ကလမ်းခွဲပေမယ့် သျှားဘက်ကတော့လမ်းခွဲမပေးနိုင်ဘူး သျှားပြန်လာရင် ချိန်းကိုလာတွေ့မယ် ချစ်တယ် ချိန်း” 


အထူးအဆန်းသဖွယ် ထိုစာအား သူဖတ်လိုက်ရပြီး...

“ဟ....ဘာလဲ သျှား ဒီနေ့ ဂျပန်သွားမယ့်ကိစ္စ ငါလည်း မသိရပါ့လား”

တစ်ခဏတာ ငြိမ်သက်သွားပြီးမှ

မိကြူ...ဟုတ်တယ် မိကြူကို ငါမနေ့က သူ့ကိုထွက်တွေ့ခိုင်းခဲ့တာ 

သေချာပေါက် အဲ့ကလေးမကိုတော့ သူဒီကိစ္စမှာခဲ့မှာပဲ”


အသင့်ထုတ်ထားသည့် အဝတ်အစားများအား ချိန်းအမြန်ဝတ်ခါ အောက်ထပ်သို့ဆင်းလာခဲ့သည် ။...

နှုတ်မှလည်း ....

“မိကြူ....မိကြူ”


ခေါ်သံကြောင့် မိကြူအပြေးလေးရောက်လာခဲ့ပြီး....

“ရှင်...ရှင် အကိုလေး ဘာခိုင်းစရာရှိလို့လဲ”


“နင့်ကို ငါမနေ့က သျှားကိုထွက်တွေ့ခိုင်းတာ သျှားနင့်ကို ဘာမှာခဲ့သေးလဲ”


“အာ....ဟုတ်တယ် အကိုသျှားက မှာလိုက်တယ်”


“အေ့...ဘာမှာလိုက်တာလဲလို့”


ခပ်မာမာအော်လိုက်သည့် သူ့အသံကြောင့် အပေါ်ထပ်မှ ဦးသော်မြင့်ချိန်ဆင်းလာခါ ကြားလိုက်ရသည်မို့...

“သား...တစ်ညံ့ညံ့နဲ့ ဘာတွေဖြစ်နေတာလဲကွ”


အဖေဖြစ်သူဘက်သို့ လှည့်မကြည့်ပဲ သူပြန်ဖြေလိုက်သည်။

“ဪ ကျွန်တော်မိကြူကို မေးစရာရှိနေလို့ပါ”


“မေးရင်လဲ ကောင်းကောင်းမေးရောပေါ့ သားရာ”


“ကျွန်တော့်မှာ အချိန်မရှိတော့လို့ပါအဖေ”

“ဟေး..အမြန်ပြောလေ”


ခပ်ကျယ်ကျယ်အော်လိုက်သော သူ့ကြောင့် မိကြူ ပုခုံးလေးတွန့်တတ်သွားရပြီး “အာ..ဟိုဟို လေယာဉ်ကို ဂျပန်နဲ့သွားမယ်ဆိုလား...အဲ ဂျပန်ကိုသူသွားမှာမို့ အကိုလေးက သူ့ကို လေယာဉ်ကွင်းတော့ လာတွေ့ပေးပါတဲ့”


“💢ဘာ... သူအဲ့လိုမှာခဲ့တာကို နင်ကဘာလို့ မနေ့ကတည်းက ငါ့ကို မပြောရတာလဲ”


ဒေါသဖြစ်စွာ အသံကျယ်ကျယ် ပေါက်ကွဲထွက်သွားသည့် သူ့အသံကြောင့်

နံဘေးရှိ ဦးသော်မြင့်ချိန်မှ....

“သား...ဖြည်းဖြည်းပြောပါကွ ကိုယ့်ထက် အငယ်ကို”


“ဟာဗျာ...အဖေမသိပါဘူးဗျာ”


ကြောက်ဒူးများတုန်နေသည့် မိကြူခမျာ သူ့အမှားမကင်းတာကြောင့် ဝန်ချတောင်းပန်ရသည်။...

“ဟို...အကိုလေး မိကြူတောင်းပန်ပါတယ် မိကြူပြောမလို့ပါပဲ ဟင်းအိုးတူးမှာကြောက်လို့ သွားကြည့်ရင်း

အဲ့အကြောင်း အကိုလေးကို ပြောဖို့ မေ့သွားခဲ့လို့ပါ”


“နင်ဟာ...ကျစ်...အခု ဘယ်နှနာရီရှိနေပြီလဲ”

လက်တွင်ပက်ထားသော နာရီအား သူငုံ့ကြည့်တော့ 🕙၈:၅၃...

“ကျစ်...မှီမှီ မမှီမှီဘယ်လိုနေနေ ငါလေယာဉ်ကွင်းတော့ လိုက်သွားလိုက်ဦးမယ်...”


အလျင်စလိုပြေးထွက်ခါ ကားပေါ်တတ်သွားသည့် သူ့ကြောင့်...

“ဟာ...ဟေး...သား မမှီတော့ရင် လိုက်မသွားနဲ့တော့လေကွာ”


အနောက်မှ ဦးသော်မြင့်ချိန် အော်ပြောလိုက်ပေမယ့် တစ်ချက်မှလှည့်မကြည့် တစ်ချိုးတည်း ကားပေါ်တတ်ခါ မောင်းထွက်သွားသည်။


“တီ...တီ..

မိကြူ ခြံတံခါးလာဖွင့်ပေး”


အိမ်ရှေ့မှ ခေါ်သံကြောင့် မိကြူ ဦးသော်မြင့်ချိန်အား ကြည့်လိုက်တော့မေးဆက်ပြခါ  ဖွင့်ပေးချီ ဆိုသည့် အကြည့်ဖြင့်


ထိုအခါမှ သူမခြံတံခါးအား ပြေးဖွင့်ပေးလိုက်တော့သည်။...


ခြံတံခါးဖွင့်သည်နှင့် အရှိန်တင်ခါမောင်းထွက်သွားသည်က ချိန်း၏ကားပင်ဖြစ်သည်။


📢📢📢📢📢📢📢


“မိဘပြည်သူများရှင် မကြာမီအချိန်တွင်းမှာ Air..... ဟာဆိုရင်ဖြင့် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ခရီးဆက်တော့မှာ ဖြစ်ပါတယ်ရှင် ...

ထို့ကြောင့် Air.....ပေါ် နေရာယူဖို့ ကျန်ရှိနေသေးသော မိဘပြည်သူများအနေဖြင့် အမြန်ဆုံးနေရာယူပေးကြပါရန် မေတ္တာရပ်ခံပါတယ်ရှင်......”


ချိန်းရယ် မင်းတကယ်ကို သျှားအပေါ် ပျက်သားနိုင်ခဲ့သလို အရမ်းလည်းရက်စက်ပါ့လား နောက်ဆုံးအနေနဲ့  သျှားဂျပန်သွားမယ့် ခရီးလေးမှာတောင် ချိန်း သျှားကိုလာမတွေ့ခဲ့ဖူးနော်...ဘယ်လိုပဲနေနေပါ ချိန်းကို သျှားခွင့်လွှတ်တယ် သျှားကတော့ ချိန်းဘယ်လိုပဲ ပစ်ပယ်ပစ်ပယ် အမြဲချစ်နေမှာပါ သျှားနုတ်ဆက်တယ်နော် ချိန်းbye......


ဒီတစ်ခါတော့ နုတ်ဆက်စကားတွေကိုသူmessage မပို့တော့ပဲ ရင်ထဲတွင်သာ သိမ်းထားလိုက်သည်။....


“🎵တွန်🎶 ဒွန် ဒွန် 🎶တွန်”


မန်နေဂျာကိုသုတမှ သူ့အားဖုန်းခေါ်နေခြင်း ဖြစ်သည်။...

အခုပဲ သူလေယာဉ်ပေါ်တတ်လာတော့မည်မို့ ဖုန်းမကိုင်တော့ပဲ ဒီတိုင်းထားလိုက်သည်။...


🚘🚘🚘🚘🚘🚘


“တီ....တီ...ကျွီ...💨”


“ဒုန်း......”


“ဟာ....သွားပြီး တိုက်မိပြီလားမသိဘူး ဒီကမှအရေးကြီးနေပါတယ်ဆိုကွာ ..ခွီးပဲ....”


အမြန်မောင်းလာသည့် အရှိန်ကြောင့်လေယာဉ်ကွင်းဝင်ပေါက်နား ရောက်ခါမှ ဝှီးချဲတွန်းလာသည့် အမျိုးသမီးတစ်ဦးအား သူကားနှင့်တိုက်မိလိုက်သည်။...


တစ်ခုခုလှဲသံကြောင့် ဖုန်းပြောနေရာမှ ပန်းကလျာ အနောက်သို့လှည့် အကြည့်

“ဟင်...! မေမေ”


ဝှီးချဲပေါ်မှပြုတ်ကျခါ မြေပြင်တွင်လှဲကျနေသော အမေဖြစ်သူစီသို့ အပြေးသွားခါ ဝှီးချဲပေါ် ပြန်ထူတင်ပေးရင်း....

“မေမေကို သမီးပြောထားတယ်လေသမီးမပါပဲ ကိုယ့်စိတ်နဲ့ကိုယ် လျှောက်မသွားပါနဲ့လို့ ဒီလောက်အတန်တန် ပြောထားတဲ့ ကြားထဲကကို သွားဖြစ်အောင် သွားသေးတယ်

ကဲ အခုတော့ ဖြစ်ပြီမလား...

တော်သေးတယ် ပြင်းပြင်းထန်ထန် မထိခိုက်ပဲ ပွန်းယုံပဲ့ယုံလောက်မလို့

ဟိုလိုသာဆိုရင် သမီးတော့ ရင်ကျိူးမှာပဲ သိလား..ခက်တယ် မေမေနဲ့တော့”


ဟွန်း...နေဦး တိုက်လိုက်တဲ့လူကလည်း အခုထိ ကားထဲက ဆင်းမလာဘူး 

ရိုင်းလှချည်လား လူမှုရေးခေါင်းပါးလှချည်လား နေဦး..ငါနဲ့တွေ့ဦးမယ်


အမေဖြစ်သူအနားမှ ထခါ အနက်ရောင်ကားအမြင့်ကြီးစီသို့ သူမဦးတည်လျှောက်လာခဲ့သည်။...

“ဒေါက်..ဒေါက် ဒေါက် “

ဒီမှာ....💢ဒီမှာရှင့် ရှင်လူလိုမသိဘူးလား ဒီမှာ ရှင့်ကားနဲ့တိုက်မိလို့ ကျွန်မ အမေ ဝှီးချဲပေါ်ကနေ ပြုတ်ကျလို့ဒဏ်ရာရသွားပြီ ရှင့်ကြောင့် ဖြစ်သွားတာကိုတောင် နည်းနည်းပါးပါး ကားပေါ်ကဆင်းပြီး ကူမယ် မရှိဘူး ရှင်ကဘယ်လို လူမျိုးလဲ ...💢”


ကားမှန်အနက်အားခေါက်ခါ ပြောနေသည့် ကောင်မလေးကြောင့် သူကားပေါ်မှ ဆင်းခါ 

လှဲသွားတဲ့ဝှီးချဲပေါ် ထိုင်နေသည့် အမျိုးသမီးကြီးရှေ့တွင် 

ဒူးတစ်ဖက်ထောက် ထိုင်ခါ


“အန်တီ...ဘယ်နားနာသွားသေးလဲဗျ 

ကျွန်တော်တောင်းပန်ပါတယ်ဗျာ

အရေးကြီးကိစ္စရှိလိူ့ ကားကို အရှိန်မသက်ပဲမောင်းလာခဲ့လို့ အခုလို အန်တီကိုတိုက်မိတာပါဗျာ တကယ် တောင်းပန်ပါတယ်....”


ဝှီးချဲပေါ်ထိုင်နေသည့် အမျိုးသမီးကြီးမှာ မျက်ရည်စလေးများ ဝဲတတ်နေပြီး...သူ့မျက်နှာအား လှမ်းကိုင်ဖို့ လက်ကလေးရွယ်ထားရင်း ...

“သား....အမေ့သားလေး ဟုတ်တယ် ဒါအမေ့သားလေး အမေ့သားလေးကို အမေကလွမ်းနေတာ သားရဲ့

လာပါဦး အမေ့စီ ဟီး..ဟီး သား”


ထိုအမျိုးသမီးကြီးက ပြောပြောဆိုဆိုနှင့် သူ့အားဇွတ်သိမ်းကျူးဖတ်ခါ ရင်ခွင်ထဲထည့်ထားရင်းမှ ငိုနေသည်။


ဒီခံစားချက်က အမေမရှိတော့တဲ့ သူ့အတွက် အမေတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေသလို နွေးထွေးလှသည်။

ထို့အတူ သူ့အတွေးတွင် ဒီအမျိုးသမီးကြီးအား သူ့အမေဖြစ်လျှင်ကောင်းမှာပဲဟု တွေးလိုက်မိသေးသည်။...


အမေဖြစ်သူ၏ အပြုအမူကြောင့် ပန်းကလျာ စိတ်ထဲမကောင်းဖြစ်သွားရသလို...

သူစိမ်းယောကျာ်းတစ်ယောက်အား သူ့သားပါဆိုပြီး ဇွတ်ဖက်တွယ်ထားသော အမေကြောင့်...

“မေမေ....မေမေလွှတ်ပေးလိုက်ပါ အဲ့ဒါ ကိုကိုမဟုတ်ဘူး ကိုကိုကဆုံးသွားပြီလေ မေမေကလည်း လွှတ်လိုက်ပါ

အားနာစရာကြီး..”


သူမစကားကြောင့် ထိုအမျိုးသမီးကြီးမှာ မျက်နှာကွက်ကနဲ ပျက်သွားရပြီး..

“မဟုတ်ဘူး မဟုတ်ဘူး..မသေဘူး ငါ့သားမသေဘူး ဟီး...ဟီး...ဟီး

ငါ့သားမသေသေးဘူး....

ငါ့သားက အခု ငါ့ရင်ခွင်ထဲမှာ ဒီမှာ ဒီမှာလေ”


သူစိမ်းယောကျာ်းတစ်ယောက်အား ဇွတ်သိမ်းကျူးဖတ်ထားပြီး ငြင်းဆိုနေသည့် အမေဖြစ်သူကြောင့် 

ပန်းကလျာ စိတ်ညစ်ရပြန်သည်။


“မေမေရေ လွတ်လိုက်ပါ  ဒါမေမေသားမဟုတ်ဘူးလို့ သမီးပြောနေတယ်လေ...လွှတ်လိုက်ပါ လိမ္မာတယ်နော် မေမေ”


လွှတ်ပေးဖို့ ဖြန်ဖြည်နေသည့် သူမလက်တို့အား ထိုအမျိုးသမီးကြီးမှ ပုတ်ထုတ်ခါ...

“ဟင့်အင်း...ဟင့်အင်း မလွှတ်ဘူး..ဒါငါ့သား ငါလွှတ်ပေးလိုက်ရင် သူအရင်လို ငါ့စီကနေ ထက်ပြီးပျောက်သွားဦးမှာ မလွှတ်ဘူး”


အခုတော့ ချိန်းအခြေနေကို သဘောပေါက်လိုက်ပါပြီ 

သားဖြစ်သူဇောနှင့် စိတ်ထိခိုက်နေသည့် ထိုအမျိုးသမီးအား ကြည့်ခါ သူသနားမိသည်။

သူလည်း မိခင်မေတ္တာငတ်နေရသူမို့ ထိုအမျိုးသမီးကြီး၏ အပြုအမူကိုစိတ်မဆိုးတဲ့အပြင် သနားကြင်နာမိလေသည်။...


“အမေ...သားကို ခဏလောက် လွတ်ပေးပါဦး သားအသက်ရှူကြပ်လာလို့”


“ဟင် သားအသက်ရှူ ကြပ်တယ်လား

အင်း အမေလွှတ်ပေးမယ်နော် အမေလွှတ်ပေးမယ်”


ထိုအခါမှ အမျိုးသမီးကြီးက ဖက်တွယ်ထားသည့် သူ၏လက်တို့အား လွှတ်ပေးလိုက်သည်....


“အမေ”ဟုခေါ်လိုက်သည့် ချိန်းစကားကြောင့် ပန်းကလျာ အံ့ဩအူတိုမိသည်...

“ဟင်!...ရှင် ကိုကိုလည်းမဟုတ်ပဲနဲ့ ဘာလို့ ကျွန်မအမေကို အမေလို့ခေါ်တာလဲ မခေါ်နဲ့  ကျွန်မမကြိုက်ဘူး”


ထိုစကားကြောင့် မျက်နှာတစ်ခုလုံး မှုန်သုန်သွားအောင် ချိန်း မျက်မှောင်ကျုံ့လိုက်ပြီး...

“ဟ...ငါမှ ဒီလိုမပြောရင် မင်းအမေက ငါ့ကိုဒီတစ်သက် လွတ်ပေးတော့မှာ မဟုတ်ဘူးလေ”


ဒါလည်းဟုတ်ပေသည် သူမအမေအကြောင်း သူမကောင်းကောင်းကြီးသိသည် ။သူ့’သား’ဟု ထင်လျှင် မည်သူ့ကိုမှ အလွှတ်မပေးပဲ တင်းကြပ်စွာဖက်တွယ်ထားတတ်သည်။ထို့ကြောင့်ပန်းကလျာ ဘာမှဆက်မပြောတော့ပဲ နှုတ်ပိတ်နေလိုက်သည်။


“ရော့...ဒါငါ့ရဲ့ Business card

ငါ့ကားနဲ့ တိုက်မိတာမို့ တကယ်လို့ အန်တီ တစ်ခုခုဖြစ်ခဲ့ရင် ငါ့စီကို ဆက်သွယ်ပေးပါ ငါတာဝန်ယူပါ့မယ်“


ပန်းကလျာ သူကမ်းပေးသည့် Business cardကို လှမ်းယူလိုက်ပြီး


“အမေ ဘာမှမဖြစ်လောက်ပါဘူး ဟိုလို တိုက်မိတာမှမဟုတ်တာ ရှင့်ကားအရှိန်ကြောင့်မို့ အမေ လန့်ပြီးလှဲတာ ဒူးလေးပွန်းသွားယုံပါပဲ

ဘာပဲ ဖြစ်ဖြစ်လေ ပေးတော့လည်း ယူထားလိုက်ပါ့မယ်”


“Ok ဒါဆို အရေးကြီး ကိစ္စရှိလို့ ကျွန်တော့်ကို ခွင့်ပြုပါဦး”


“ကောင်းပါပြီ”


ချက်ချင်းဆိုသလို ချိန်းကျောခိုင်းလိုက်ချိန်မှာပဲ ဦးစိုင်းခန်းသန့် ရောက်လာသည်..

“ဟာ...သမီးလေး”


“ဖေဖေ...”


“ဟား ဟား ငါ့သမီးလေးတောင် နိုင်ငံခြားမှာနေပါများလို့ထင်တယ် နုဖက်ဖွေးအုလို့ပါလား အရင်ကဆို အသားမဲမဲလေးလေ ဟားဟား”


“ဟာ...ဖေဖေနော် သမီးကို အဲ့လိုမစပါနဲ့ သမီးမကြိုက်ဘူး ဟွန့် သမီးအသားက မဲတာမဟုတ်ပါဘူး ညိုတာပါ”


“ဟားဟား ဟား ဟုတ်ပါပြီကွယ် 

ဒါနဲ့မေမေအခြေနေကော ဘယ်လိုလဲ “


ဦးစိုင်းခန်းသန့် ဝှီးချဲပေါ် ငူငိုင်ငိုင်လေးထိုင်နေသော ဒေါ်ရွှေရည်မှုန်အား တစ်ချက်လှမ်းကြည့်ခါ မေးလိုက်ရင်း....

“ဆေးသွားကုတာ ၃နှစ်တောင်ရှိပြီ အခုပြန်လာပြီဆိုတော့ အခြေနေက စိတ်ချရပြီတဲ့လား ဆရာဝန်က ဘာပြောလိုက်လဲ”


“အင်း..မေမေကလူကောင်း ပကတိလိုအသိစိတ်ရှိတဲ့အထိ ကောင်းလာပေမယ့် ဆရာဝန်ကပြောတယ် သူ့စိတ်ထဲမှာ မျှော်နေတဲ့ လူတစ်ယောက်ရှိတယ်တဲ့ အဲ့လူသူ့စီပြန်လာခဲ့ခါမှပဲ 90% အရင်လိုစိတ်ချရတဲ့ လူကောင်းပကတိပြန်ဖြစ်လာနိုင်မယ်တဲ့ 

ဖေဖေသိတယ်မလား မေမေမျှော်နေတဲ့သူက ကိုကို လေ...ကိုကိုက ပြန်လာတော့မှာမှ မဟုတ်တာဖေဖေရဲ့”


ဦးစိုင်းခန်းသန့် စိတ်မကောင်းစွာပဲ ပြုံးလိုက်ပြီး...

“ကဲလာပါ ဒါတွေနောက်မှ ဖေဖေနဲ့သမီးအေးဆေးပြောကြမယ် အခုတော့ အိမ်အရင်ပြန်ကြရအောင်နော်....လာ”


☁️✈️✈️✈️✈️✈️✈️☁️


လေယာဉ်ကွင်းသို့ သူရောက်လာခဲ့ပေမယ့် အချိန်အတော်နှောင်း သွားခဲ့ပြီ ဖြစ်သည်။....


ဂျပန်နိုင်ငံတိုကျိုမြို့သို့ ထွက်ခွါမည့် လေယာဉ်မှာ လွန်ခဲ့တဲ့ မိနစ်၄၀ခန့်ကပင် ထွက်ခွါသွားခဲ့ပြီဖြစ်သည်။..


စိတ်ပျက်လက်ပျက် ထိုင်ခုံတန်းလေးပေါ် သူထိုင်ချလိုက်ရင်း....

သျှား... ချိန်းတောင်းပန်ပါတယ် သျှားခရီးသွားတာကို ချိန်းနောက်ဆုံးအနေနဲ့  တကဲ့စိတ်ရင်းအမှန်နဲ့ကို လိုက်ပို့ပေးချင်ခဲ့တာပါ ....

အဟင်း....

ဒါမယ့် ကံအခြေနေက တော်တော်ဆိုးတာပဲ သျှား ချိန်းကိုမှာခဲ့တာတွေ မိကြူဘာတစ်ခုမှ ချိန်းကို အချိန်မှီပြောပြမလာဘူးကွာ...


သျှားခေါ်တဲ့ ဖုန်းတွေကို ချိန်းမကိုင်တာက သျှားကိုယ့်အပေါ်မှာ မပျက်မသားတွေ ပိုဖြစ်စေမှာဆိုးလို့ ချိန်းမကိုင်ပဲ ရှောင်နေခဲ့တာပါ..


သျှားသာ ခုလို ဂျပန်ကိုသွားတော့မှာမှန်း ချိန်း ကျိုသိခဲ့ရင် သျှားထက်စောပြီး ဒီနေရာလေးမှာ ချိန်းကြိုစောင့်နေခဲ့မှာပါ...အချိန်မှီလဲ ရောက်လာခဲ့မှာပါ ...


“နောက်ပြီး သျှားရယ် ကိုယ်ဖုန်းမကိုင်ရင် မနေ့ထဲက ဒီလို message လေးတွေ ပို့ထားသင့်တယ်မလား ...

ချိန်းကစာမပြန်ပေမယ့် သျှား message ပို့ရင် အားလုံးဝင်ဖတ်ဖြစ်ပါတယ် သျှားရဲ့”

 (ဆိုလိုတာက ဖုန်းတော့မကိုင်ဘူး message တော့ ဝင်ဖတ်တယ် စာတော့ မပြန်ဘူး ဒါမျိုးပေါ့😇)


နောင်တတွေ ရနေပေမယ့် သွားတဲ့သူက သွားပြီမို့

ဂျပန်မှာအချိန်ကြာကြာနေရင်း သူ့ကိုမေ့နိုင်ပါစေလို့ပဲ ဆုတောင်းပေးရတော့မည်။

သူ့ဘက်က သျှားအပေါ် ငယ်သူငယ်ချင်း သံယောဇဉ်ထက် မပိုတော့မှန်းသူသိလိုက်ရပြီး...

ပျက်သားသင့်ပြီမို့ သူနဲ့သျှားဟာ ဒီနေ့ဒီချိန်ကစလို့ ငယ်သူငယ်ချင်းအဖြစ်သာ ခင်မင်ဖို့ သူဆုံးဖျတ်လိုက်သည်။

သို့သော် သျှားဘက်က သူ့ကို ချစ်သူအဖြစ် မြင်နေသ၍တော့ သျှားကို သူအဆက်အသွယ်မလုပ်ဖို့ စဉ်းစားထားသည်။....


🍥🍥🍥🍥


ခန်းနားကျယ်ဝန်းလှသည့် စံအိမ်တော်ကြီးတွင် ဆန်းသစ်လှပသည့် မီးပန်းဆိုင်ကြီးများ တပ်ဆင်ထားသည်က ရင်သက်ရှူမောဖွယ်....

ထိုမီးပန်းဆိုင်ကြီး အောက်ရှိ စားပွဲလေးတွင် ရိုးရာလက်ဖက်ရည်စိမ်း🍵အားသောက်ခါ စကားပြောနေသည့် 

ယူမီတို့ သားအမိပင်....

“ああ, ママと娘のユミはとても美しいです. しかし私の娘は悪い顔をしていますか?どうしたんだ、娘?

အာ...မေမေသမီးလေး ယူမီ အရမ်းကို လှနေပါ့လား ဒါပေမယ့် သမီးလေး မျက်နှာမကောင်းပါ့လား ဘာဖြစ်နေတာလဲ သမီး”


“私の娘の初恋は私をビルマに残しました

သမီးရဲ့ အချစ်ဦးက မြန်မာပြည်မှာ ကျန်ခဲ့တာကိုး မေမေရဲ့ ဟွန့်”

(ဂျပန်စကား ပြောနေတယ်လို့ သက်မှတ်ပြီးဖတ်ပါ🍥)

“အဲ....မေမေသမီးလေးက ချစ်ရသူရှိနေပြီပေါ့”


“အွန်း ရှိနေပြီ မေမေရဲ့ ကံမကောင်းစွာပဲ မေမေရယ် သမီးသူ့ကို သူငယ်ချင်းအဆင့်ထက် ကျော်ခွင့်မရှိဘူး ဖြစ်နေတယ် အဟွန်း ဟွန့်”


“အယ်....သူ့မှ ချစ်သူရှိနေတာလား”


သူမ နှုတ်ခမ်းလေးစူခါ ခေါင်းလေး ငြိမ့် ပြလိုက်သည်။


“အာ...ကံဆိုးလိုက်တာ မေမေသမီးလေးရယ် အွန်း ထားပါ ဒီတစ်ယောက်ပြန်မချစ်နိုင်လဲ နောက်တစ်ယောက်ပေါ့ သမီးရယ် နော့”


“ဟင့်အင်း သမီးက သူ့ကိုပဲချစ်တာ နောက်တစ်ယောက်ကို ဘယ်နည်းနဲ့မှ ချစ်နိုင်မယ်မထင်ဘူး မေမေ”


“ဂါး...ခက်တော့ပါလား သမီးရယ် သူ့မှာ ပိုင်ရှင်ရှိနေတာကို သမီးက ဇွတ်တင်းလုချင်သေးတာလား ဒီလို လုပ်ရပ်မျိူးတော့ မေမေလုံးဝ ခွင့်မပြုဘူးနော် သမီးလေးယူမီ “


“မလုပါဘူးမေမေရဲ့ သမီးက သူ့ဘက်က အလိုလို ချစ်လာမယ့်နေ့ကို ထိုင်စောင့်နေမှာ သူသမီးကို သေချာပေါက်ပြန်ချစ်လာမှာပါ ဟီး သမီးဘုရားမှာ ကြွေစေ့ပစ်ဆုတောင်းတာ ဝင်တယ်နော် မေမေ သမီးဆုတောင်းပြည့်မှာ ....မပြည့်ခင်တော့ သူငယ်ချင်းပေါ့ မေမေရယ် ဟွန့်”


“အော အော ငါ့သမီးလေးတော့ ဒီတစ်ယောက်ကို တကယ်ကြီး အရူးအမူးပလား သမီးဒီလိုဖြစ်တာ မေမေတစ်ခါမှ ကြုံမကြုံဖူးပါဘူး “


“အာ...တကယ်ပါဆို မေမေကလည်း နောက်ပြီး သူက ဂျပန်မင်းသားလိုပဲ အရမ်းချောတယ်နော် မေမေ ဟီး”


“အဲ...သိပ်မွှန်းနေတယ် ကြည့်  သမီးယူမီကတော့ ...ကဲသွား သွား အခန်းနားစီစဉ်တာ အဆင်ပြေလား သွားကြည့်ချီဦး”


“ဟုတ်ကဲ့ မေမေ သမီးသွားကြည့်လိုက်ပါ့မယ်”


သူမ ချက်ချင်းဆိုသလို ဒေါ်မီကီရိစန် ရှေ့မှ သွက်သွက်လေး ထသွားလိုက်တော့သည်။


ဒေါ်မီကီရိစန်ဟာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးဒီဇိုင်နာ သူဌေးမကြီးတစ်ဦးဆိုလျှင် မမှားပေ။

ယခုစီစဉ်တဲ့ပွဲကြီးက သူမ၏သမီးဖြစ်သူ ယူမီ၏ ဒီဇိုင်းများကို ပွဲထုတ်ပေးချင်သောကြောင့် ဖြစ်သည်။

သမီးလေးအတွက် သူမ အတတ်နိုင်ဆုံး ခန်းနားနိုင်သလောက် ခန်းနားအောင် စီစဉ်ထားပေမယ့် သမီးဖြစ်သူ စိတ်ကြိုက်လေးလည်း ဖြစ်ချင်သေးတာမို့ အခုလို သွားကြည့်ခိုင်းခြင်းဖြစ်သည်။


🌱🌱🌱🌱🌱🌱


“ဟာ boss လာတာနောက်ကျလှချီလား “


နောက်ကျသည့် အကြောင်းရင်းမှာ အခြား လုပ်ငန်းတွေဘက်အခြေနေဘယ်လို ရှိလဲ သွားကြည့်နေသောကြောင့်ပင်...


“အင်း...”


“Boss မျက်နှာကလဲ ဖြူဖက်ပြီး အားမရှိသလိုပဲ ဘာဖြစ်တာလဲဗျ နေရောကောင်းရဲ့လားဗျ”


“ကျွန်တော်နည်းနည်းခေါင်း ကိုက်လို့ပါ အနားယူလိုက်ရင် သက်သာသွားမှာပါ”


“ဪ ဟုတ်ကဲ့ boss”


“ဒါနဲ့ ပိုးသားကျူးကို ကျွန်တော့်စီ ခဏ လွှတ်လိုက်ပါ”


“ဟီး bossက ပိုးသားကျူးကိုကြည် ခဏခဏခေါ်နေတာ bossပိုးသားကျူးကို စိတ်ဝင်စားနေတာလားဗျ”


“ဘယ်ဟုတ်ပါ့မလဲ သူကကျွန်တော့် ချစ်သူလေ”


“ဗျာ...တကယ်ကြီးလားဗျ”


“အင်း..”


“ဝိုး...ပိုးသားကျူးကတော့ bossလိုသူဌေးကို ရတာကံကောင်းတာပဲ ဗျာ”


“ကဲပါဗျာ ...လွတ်လိုက်နော် သူ့ကို”


“Yes boss”


🍒🍒🍒🍒🍒


အစားအသောက်ကောင်တာနားတွင် ရပ်နေသော ပိုးသားကျူးအား မြင်တော့...

“ညီမလေး ပိုးသားကျူး  bossက ခေါ်နေတယ်”


“ရှင်...ဘာကိစ္စရှိလို့များလဲ”


“အဲ့ဒါတော့ အကိုလည်းမသိဘူး bossခေါ်တာ သွားလိုက်ပါ ရှက်မနေပါနဲ့ ချစ်သူတွေဖြစ်နေပြီပဲဟာ”


“ရှင်...”     “ဟင်!”     “ဟမ်!”    “အန်”

သူမအပါအဝင် ကောင်တာနားရှိ ဝန်ထမ်းကောင်မလေး၃ယောက်ပါ မန်နေဂျာကိုသူရစကားကြောင့် အံ့ဩသွားရသည်။

“ဘယ်လို ဘယ်လို ဂျာကြီး”


“ဟုတ်တယ် boss ပါးစပ်က ကိုယ်တိုင်ပြောလိုက်တာ ပိုးသားကျူးနဲ့ ချစ်သူတွေတဲ့”


“ဝိုး..”။   “ဝါး...”။   “အမေးဇင်းပဲ”


“Congratulations 🎉🎊🍾  ပိုးရေ”


“ဟီး ဟုတ်တယ် ဟုတ်တယ် Congratulations “


“နောက်ဆုံးတော့ bossရဲ့ ချစ်သူကို တို့တွေ မြင်ဖူးပြီပေါ့လေ ...”


“အေ့ ဟုတ်တယ် bossချစ်သူတော့ မြင်ဖူးပြီ bossကိုတော့ အခုထိမမြင်ဖူးသေးဘူးဟေ့”


မန်နေဂျာကိုသူရမှ ..

“ငါတို့ bossက ရှယ်ပါဖြောင့်ပြီး ချောတယ်နော် ညီမလေးပိုးသားကျူးနဲ့ အရမ်းလိုက်ဖက်တယ် နတ်ဖက်တဲ့ စုံတွဲလိုပဲ”


ပိုးမှာတော့ ထိုစကားတွေကြောင့် ဘာပြောရမှန်းမသိ ကြောင်ကြောင်အအဖြစ်နေရသည် ..



rate now: