book

Index 12

(အပိုင်း ၁၂)

  • Author : Kyawal
  • Genres : Drama

(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)



🍂🕔🕙🕞🍂

နှစ်တွေလတွေတောင် အကုန်မြန်လှသည် ဆိုမှတော့ ရက်သတ္တပတ်တွေဆို ပိုလို့တောင် မြန်ဦးမည်မလား...

ဂျပန်ပြန်ဖို့ နေ့ရက်သို့ အမြန်ရောက်လာသလို ... 

သျှားနှင့် ခဏတွေ့ ပြီးလျှင် သူမ9:00အမှီ လေယာဉ်ကွင်းကို သွားရမည်ဖြစ်သည်။

 

ခဲရောင်လတ်လတ်ထနေသည့်  လက်ပက်နာရီလေးအား သူမငုံ့ကြည့်လိုက်မိသည်။

8:15ပင် ရှိနေပြီ သူခုထိ ရောက်မလာသေးပေ....။

သူမလာလောက်တော့ဘူး ထင်တယ်...


ထိုင်နေရာမှထရပ်ခါ  ပလက်တီနမ်ရောင် ဝါးဆစ်သေးပုံစံကြိုးမျှင်ရှိသော Chanelတံဆိတ်ပါပိုက်ဆံအိတ်အား ကောက်လွယ်ခါ ထွက်သွားရန်ပြင်လိုက်သည်။


“ယူမီ...ယူမီ...”


အသံလာရာသို့ လှည့်ကြည့်လိုက်တော့ သူမမျှော်နေသူပင်....


“Sorry ငါနောက်ကျသွားတယ် မင်း ပြန်တော့မလို့လား

ဒါမှ မဟုတ် ငါအရမ်း နောက်ကျသွားလို့များ 

မင်း စိတ်ဆိုးသွားတာလား”


“ဪ..မဟုတ်တာပဲ ... ယူမီစိတ်မဆိုးပါဘူး သျှားမာန်ကို”


“ဟူး...စိတ်မဆိုးဘူးဆိုလို့ တော်ပါသေးတယ် ထိုင်ပါဦးလား မင်းကလည်း”


“ဟင့်အင်း ..မထိုင်တော့ဘူး ယူမီမှာအချိန်မရတော့လို့ သွားတော့မယ်နော်”


“ဟင်..ဪ !..အင်း”


လက်ပြခါ သူမ ထိုစားပွဲလေးမှ ကျော်ခိုင်းခါ ထွက်လာခဲ့သည်။

တကယ်လဲ အချိန် မရတော့သောကြောင့် သူမ ငြင်းလိုက်ရခြင်းဖြစ်သည်။

မဟုတ်လျှင် သူမလား ငြင်းမှာ....

သူသာ ဒီထက်စောစောရောက်လာခဲ့လျှင် သူမဂျပန်ပြန်မည့် ကိစ္စအားပြောဖြစ်ဦးမည်။

ယခုတော့ အလျင်စလို ထွက်လာရ၍ သူ့အား သူမပြန်မည့်ကိစ္စပင် အသိမပေးဖြစ်ခဲ့ပေ။


သျှားကတော့ သူမ သူ့အား စိတ်ဆိုး သွားသည်ဟုသာ ထင်နေဦးမည်။


🍄🍄🍄🍄🍄


ချိန်းရဲ့ ကော်ဖီဆိုင်လေးက အလုပ်သမားတစ်ဦးကို ၁ပက်မှာ တနင်္ဂနွေတစ်ရက်တော့ အလှည့်ကျ နားခွင့် ပြုထားသည်။


ဒီအပက်တော့ သူမ နားဦးမည်။

ချိန်းလည်း သူမအလုပ်နားတဲ့ရက်မို့ ဆိုင်မသွားပဲ အိမ်မှာရှိနေပုံရသည်။


နားရက်မို့ သူမ ခြံထဲဆင်းခါ ပန်းပင်များ ရေလောင်းရင်း 

မဆိုင်သည့် ကိစ္စကို ခေါင်းရှုပ်ခံ စဉ်းစားမိသေးသည်


ဦးကို စီးပွါးရေးလုပ်ငန်းတွေလုပ်နေတယ်ဆိုတာ အသိမပေးပဲ ဘာလို့ သူ ဖုံးကွယ်ထားရတာလဲ.......

တကယ်လို့ ငါဦးကို ပြောပြလိုက်ရင် ရော သူဘာဖြစ် သွားမလဲ...

ကျစ် ...ဒီလိုလဲ မဟုတ်သေးပါဘူး...ငါ


“ဟေး...”


“ဟင်”


အတွေးလွန်နေသော သူမ နောက်ကျောလေးအား တစ်စုံတစ်ယောက်က ခပ်ဖွဖွလေးပုတ်လိုက်သောကြောင့်....

သူမ ချက်ချင်းဆိုသလို အနောက်လှည့်ကြည့်တော့ 


ရှင်းသန့်ချောမောပြီး ရှေ့ကိုပြိုကျမည့် ဆံပင်ရှည်တို့အား အနောက်သို့စုစည်းထားသည့် ချိန်းရဲ့ vပုံစံမျက်နှာအား သူမမြင်လိုက်ရသည်။


“ရှင် ဘာကိစ္စလဲ“


ခပ်ပျက်ပျက်မေးလိုက်သည့် သူမစကားကြောင့် အောင့်သက်သက် ခံစားချက်တော့ ဖြစ်မိသား. ...


“ငါမင်းကို မှာစရာရှိလို့

မှာစရာရှိတာထက် မင်းစီက ကတိတောင်း စရာရှိလို့”


“ဘာလဲ”


“မင်း ....အဖေကို ငါကမင်းရဲ့ အလုပ်ရှင်ဆိုတာ ပြောလိုက်ပြီလား”


သူမခပ်မဲ့မဲ့ ပြုံးလိုက်ပြီး..


“မပြောပါဘူး ရှင့်အကြောင်း ကျွန်မစိတ်ကိုမဝင်စားလို့ ဦးစီဘာတစ်ခုမှ မဟဘူး”


စိတ်မစားဖူးဆိုသည် ခုဏကတော့ အဲ့အကြောင်း သူမ တွေးမိသား....

မိန်းမလှလေးတစ်ဦး မုသားမဆို စဖူး ဆိုလိုက်မိပြီ။


“ကောင်းတယ် မင်းစိတ်မဝင်စားတာ ကောင်းတယ် အဲ့ဒါ မင်းအဲ့အကြောင်းကို လုံးဝ ငါ့အဖေကို မပြောမိပါစေနဲ့

ငါ့ကို ကတိပေးပါ...”


ဒါတော့ထူးဆန်းသား သိတော့ကော ဘာဖြစ်မှာမို့လို့လဲ

ဖအေနဲ့သားကြား လျို့ဝှက်ထားစရာလိုလို့လား...

သူစီးပွါးရေးမှာ အောင်မြင်နေတော့ ဦးကပိုလို့တောင် ဝမ်းသာနေဦးမယ်လေ

ဟွန်း...ရှင်ကိုက ဘာကြီးမှန်းကိူမသိတာ ရှင်ဘယ်လိုလူလဲ ကျွန်မ တကယ်ကို နားမလည်နိုင်တော့ဘူး


“ဟေး...ပြောတာ မကြားဘူးလား ကတိပေးလို့”


“အို... တကယ်ပါပဲ...ပေးတယ် ပေးတယ် ရပြီလား ဟွန်း..”


ရေလောင်းနေရင်းမှ ပိုက်အား မြက်ခင်း ပြင်ပေါ်ချခါ သူမ သူ့ရှေ့မှ လှည့်ထွက်ဖို့ပြင်လိုက်သည်။


“အမလေး.!.အမေ့! ”


အလန့်တကြားအော်သံနှင့်အတူ 

ပူနွေးနွေးရင်ခွင်ကျယ် တစ်ခုထဲသို့ အတင်းတိုးဝေ့ခါ ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်အား သူမအားကိုးတကြီးဖက်တွယ်ထားလိုက်သည်။


“ဟာဟေး!...ဘာဖြစ်တာလဲ

ဘယ်လိုဖြစ်လို့ လူကို ဇွတ်အတင်းတိုးဖက်နေရတာလဲ ကွ...လွတ်ဦး”


ကြောက်ကြောက်ဖြင့် ဇွတ်တင်း ညစ်ဖက်ထားသည့် သူမကြောင့် ချိန်းရယ်ချင်ပါသော်လည်း အသက်ရှူတော့နည်းနည်းကြပ်လာရသည်။


“မြွေ..မြွေ ...ဟိုမှာ လုပ်ပါဦး မြွေကြီး ပန်းအိုးကြားထဲဝင်သွားပြီ ... ကျွန်မ မြွေကြောက်တယ် ဟီး..ဟီး”


တုန်တုန်ရင်ရင်ပြောလာသည့် သူမစကားကြောင့် ချိန်း ပန်းအိုးရှိရာသို့ ကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရချေ။


“မြွေဆိုလည်း ငါရှာပြီး လွှန့်လိုက်ပါ့မယ် ငါ့ကို မင်းဖတ်ထားတာ လွတ်ပါဦးကွ 

ငါအသက်ရှူ မရတော့ဘူး”


“ဟင့်အင်း ...မြွေထွက်လာရင် ဘယ်လိုလုပ်မလဲ ကျွန်မ ကြောက်တယ်..”


မလွတ်တဲ့အပြင် ချိန်းရင်ခွင်ထဲ ပေါက်ထွက်မတတ် ဇွတ်တိုးဖတ်နေမှုကြောင့် 

ခြေထောက်တွေ ယိုင်နဲ့လာခါ  ထိန်းမထားနိုင်တော့ပဲ နှစ်ယောက်သား မြက်ခင်းပေါ်သို့ ထပ်လျက်လှဲကျ သွားရသည်။


သူမနှုတ်ခမ်းလေး နယ်ကျွန်စွာ ချိန်း၏ နှုတ်ခမ်းအား တေ့ထိမိလျက် 


နွေးကနဲခံစားချက်နှင့်အတူ နူးညံ့အိထွေးတဲ့ အရာကြောင့် ချိန်းမျက်လုံး ဖွင့်ကြည့်တော့ 

သူမက သူ့ကိုယ်ပေါ်မှာ မှောက်လျက်အနေထားဖြင့် ...

နှုတ်ခမ်းချင်း တေ့ထိနေသည်

သူမ ချက်ချင်းခွါခါ ထထိုင်လိုက်ပြီး

မျက်နှာလေးမှာလည်း ပန်းရောင်တွေ သန်းနေသည်။

သူမ နှုတ်ခမ်းလေး ဖိကိုက်ခါ


“Sorry ကျွန်မ ကြောက်လို့ မတော်တဆ ဖြစ်သွားတာပါ”


ချိန်းရယ်ချင်သော်လည်း မျက်နှာကို တည်ထား ရပြီး....

“ရတယ် ကြောက်တယ်ဆိုတိုင်း နောက်တစ်ခါ ဒါမျိုးဇွတ်တင်း မဖက်ပါနဲ့  ငါ အသက်ရှူကြပ်တယ်”


ပြောပြီး မြက်ခင်းပေါ်လှဲနေရာမှ ထခါ အိမ်ထဲသို့  ခြေလှမ်းများက ဦးတည်ခဲ့ပြီး...


“ဪ..မေ့လို့..နမ်းချင်တယ်ဆိုလည်း ကိုယ့်ကို ပြောပေါ့ နောက်ခါ ဒီလိုဇွတ်တင်းကြီး မလုပ်ပါနဲ့...အဟင်း”


သဘောကျစွာရယ်ရင်း အိမ်ထဲဝင်သွားသည့် သူ့အားသူမကြည့်ရင်း

မျက်နှာတွေနီရဲခါ ရှက်လဲရှက် ခံပြင်းစိတ်လဲဖြစ်ခါ ကျန်ခဲ့ရသည်။


အမလေး..သူကများ ပြောသွားရတယ်ရှိသေး 

ဒီက ရှင့်ကို ဖက်ချင်လွန်းလို့များ ထင်နေလား မတော်တဆဖြစ်သွားတာ

ရှင့်ကို နမ်းမိတာလည်း မတော်တဆပဲ နမ်းချင်လွန်းလို့ ထင်မနေနဲ့ 

ဇွတ်သူ့ကိုသူ ဘဝင်မြင့်နေတယ်

ကျွန်မကရှင့်လို တဏှာရူးမဟုတ်ဘူး

အရေးထဲ ဒီနှုတ်ခမ်းကလည်း ထိစရာရှားလို့ သူ့နှုတ်ခမ်းကိုမှ သွားထိမိရတယ်လို့...ကျစ်.. 

နောက်တစ်ခါတဲ့ ဆုတောင်းလိုက်လေ နောက်တစ်ခါဆိုတာ ဘယ်တော့မှ မရှိဘူး ..


ငါဒီလို ပြောခံရတာ ဟိုမြွေစုတ်မြွေနာကြောင့်....


“ရှပ်..ရှပ်”


“ဟင်!”

သစ်ရွက်ခြောက် ပွတ်တိုက်သံကြောင့်

ပိုးတစ်ကိုယ်လုံး ကျက်သီးမွေးညှင်းများထသွားရပြီး


“ဟိုမြွေ ပြန်ထွက်လာတာလားမသိဘူး...တော်တော်တော် ငါဒီနားကြာကြာနေလို့မဖြစ်ဘူး အိမ်ထဲအမြန်ဝင်မှပဲ”


ချက်ချင်းဆိုသလို သူမထကာ အိမ်ထဲပြေးဝင်သွားတော့သည်။


ထိုဖြစ်ရပ်အား အိမ်အပေါ်ထက်စာကြည့်ခန်း မှန်ပြတင်းဝမှ အစ/အဆုံး မြင်လိုက်ရသူက ဦးသော်မြင့်ချိန်ပင်


လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း ပိုးနဲ့အနေ နီးစပ်နေသည့် သားဖြစ်သူ ချိန်းကြောင့် သူ့ရင်ထဲအတော် ခံစားလိုက်ရပြီး


“တောက်......”


တောက်တစ်ချက် ခေါက်ခါ ပြတင်းပေါက်နားမှ ထွက်သွားလိုက်တော့သည်။


သူ ဒီနေ့ ပိုး အလုပ်နားတယ်ဆိုလို့ သူမအပန်းပြေစေရန် အပြင်ထွက်လည်ပေးမည်ဟု စဉ်းစားထားသည်။

ကုမ္ပဏီမှာ အရေးကြီးအလုပ်ကိစ္စရှိတာတောင် သူမသွားပဲ ပိုးကိုသာအချိန်ပေးမည်ဟု ဆုံးဖြတ်ခဲ့တာ

အခုတော့ ထိုမြင်ကွင်းကြောင့် အတော်စိတ်မသက်မသာ ဖြစ်သွားရသည်။

စိတ်ကူးထားတာတွေတောင် လေထဲအိမ်ဆောက်သလို ပျက်စီးပျောက်ကွယ်သွားခဲ့ပြီ။


🌵🌵🌵🌵🌵🌵🌵


“တီ...တီ...”


ချိန်း ဖုန်းမကိုင်သောကြောင့် ...သျှားအိမ်ကို လိုက်လာရခြင်းဖြစ်သည်။


ဧည့်ခန်းတွင်ခြေချိတ်ထိုင်ခါ ဆေးလိပ်ဖွာနေသည့်ချိန်း အပြင်မှ ဟွန်းသံကြောင့် 

လိုက်ကာစအနည်းငယ်ဖယ်ခါ အပြင်အား လှန်းကြည့်တော့ သျှား ၏ ကားမှန်း သိလိုက်ရသည်။


ဆေးလိပ်ကို ချက်ချင်းပြာခွက်မှာ ဖိချေလိုက်ပြီး...

“ဟာ...ငါဖုန်းမကိုင်လို့ သျှား အိမ်ကိုလိုက်လာတာထင်တယ်”


“ကြီးဝေ ..မိကြူ ...ဘယ်သူရှိလဲ ခဏထွက်ခဲ့ပါဦး”


“ရှင်..အကိုလေး လာပါပြီ”


“သွား အိမ်ရှေ့မှာ သျှားရဲ့ ကားရောက်နေတယ် ငါ့ကိုမေးရင် မရှိဘူးလို့ ပြောလိုက်

ဘာမေးမေး မသိဘူးလို့သာ ဖြေခဲ့ဟာ ကြားလား”


“ဟင်! အကိုလေးက ဒီမှာရှိနေသားပဲ ဘာလို့လိမ်ရတာလဲ”


“ကျစ်... မိကြူ ငါခိုင်းသလိုသာ လုပ်စမ်းပါ အတွန့်တတ်တာ ငါမကြိုက်ဘူးဆိုတာ နင်သိတယ်နော်”


အံကြိတ်သံဖြင့် ဆိုလိုက်သောကြောင့် မိကြူလဲ ပြန်မပြောတော့ပဲ သူခိုင်းသလိုသာ လုပ်ပေးရန်ပြင်လိုက်သည်။

“ဟုတ်..ဟုတ်ကဲ့အကိုလေး ...”


“ကဲသွား...”


မိကြူ ခြံရှေ့ပြေးထွက်သွားပြီး လူတစ်ကိုယ် လျှိုစာမျှ ခြံတံခါးအားတွန်းဖွင့်လိုက်ပြီး...


“ဒေါက် ဒေါက်”


မှန်တံခါးအား လာခေါက်သည်မို့ သျှား ကားမှန်ချလိုက်ခါ 


“ချိန်းရှိလား...”


“အကိုလေးမရှိဘူး အကိုသျှား”


သူမအဖြေကြောင့် သျှား မျက်မှောင်ကျုံ့သွားပြီး

“ဘယ်သွားတာလဲ...”


“အဲ့ဒါတော့ မိကြူလည်းမသိဘူး “


သျှား ခြံအတွင်းသို့ ဝေ့ဝဲခါလှမ်းကြည့်လိုက်တော့ ရပ်ထားသည့် ချိန်းရဲ့ကားအားတွေ့လိုက်ရသည်။


“ချိန်းက ကားထားပြီး ထွက်သွားတာလား”


သူ့အမေးကြောင့် မိကြူ ခြံထဲလှမ်းကြည့်တော့ 

အမလေး...ဗုဒ္ဓ..ဟုတ်သား အကိုလေးကားက ခြံထဲမှာ ရပ်ထားတာပြူးလို့


“ဩ .အဟင်း...ဟုတ် ..ဟုတ်တယ် အကိုသျှားရဲ့ ကားထားပြီး အကိုလေးက ဘယ်ထွက်သွားမှန်းမသိဘူး ဟီး”


ကလေးမလေးပြောပုံမှာ မလုံမလဲမို့

သျှား သိလိုက်ပါပြီ သူ့အားထွက်မတွေ့ချင်သောကြောင့် တမင် မိကြူအား လိမ်ခိုင်းလိုက်မှန်းပေါ့...

ဟုတ်ပါပြီ...ထွက်မတွေ့ချင်တဲ့သူကို သျှားအတင်းထွက်မတွေ့  ခိုင်းတော့ပါဘူးလေ....


“အင်းပါ ဒါဆိုလဲ ချိန်းပြန်လာရင် ပြောပေးပါ

အကို မနက်ဖြန် ဂျပန်ကို အလုပ်ကိစ္စနဲ့သွားရတော့မာမလို့ မနက်၉နာရီအမှီ လေယာဉ်ကွင်းကိုတော့ လာတွေ့ပေးပါလို့ ...နော်”


“ဟုတ်ဟုတ် အကိုသျှား မိကြူပြောလိုက်ပါ့မယ်”


“အင်း ဒါဆို အကိုပြန်တော့မယ်”


“ဟုတ်ကဲ့ အကိုသျှား ဂရုစိုက်ပြန်ပါ”


သျှားခေါင်းညိမ့်ပြပြီး ကားကိုဝိုက်လှည့်ခါ ခြံရှေ့မှ မောင်းထွက်သွားတော့သည်။

မိကြူခြံတံခါးပြန် ပိတ်ခါ  အိမ်ထဲသို့ ပြန်ဝင်ခဲ့ပေမယ့် ချိန်းဧည့်ခန်းတွင် ရှိမနေတော့ချေ။


ဟင့် အကိုလေးက အိမ်ပေါ်တတ်သွားပြီထင်တယ်


ရွတ် ..ရွတ်...ဟင် ဟင်းနံ့


အမလေးသေပါပြီ တူးပြီလားမသိဘူး ဟင်းပြန်နွေးနေတာ မီးမပိတ်ခဲ့လိုက်ရဘူး 


မိကြူ ထဘီစလေး မခါမီးဖိုခန်းစီသို့ အပြေးလေး ဝင်သွားလိုက်တော့သည်။

သျှား၏အမှာစကားအား ဟင်းအိုး တူးမည့်အရေးကြောင့် သူမပြောဖို့ မေ့သွားခဲ့သည်။


✈️✈️✈️✈️✈️✈️


လေယာဉ်ပေါ်တွင် နားကြပ်လေးတပ်ခါ သီချင်းနားထောင်းနေရင်းမှ

သူမ သျှားတစ်ယောက်ကို သတိရမိလာသည်..။


နားထောင်နေသည့်သီချင်းကို ပိတ်လိုက်ပြီး တပ်ထားသော နားကြပ်အားဖြုတ်ခါ

ဖုန်းထဲမှ သူနဲ့ အမှတ်တရ ရိုက်ခဲ့သည့် ဓာတ်ပုံလေးတွေ သူမပြန် ကြည့်ရင်း မျက်ရည်များ ဝဲတတ်လာသည်...


ဤသည်ကို တွန်းလှည်းဖြင့်မီနူးလာဝေသည့် လေယာဉ်မယ်လေး မြင်တော့

“Miss ....”


တစ်သျှူးလေး ကမ်းပေးသော လေယာဉ်မယ်အား သူမမော့ကြည့်တော့


သူမအားကြင်နာမှုအပြည့်ဖြင့် ပြုံးပြခါ ကြည့်နေသည်။


“ありがとうございました

Arigatōgozaimashita

ကျေးဇူးပါ “


“ဪ miss က ဂျပန်လူမျိုးလား”


ကမ်းပေးသော တစ်သျှူးအားယူခါ မျက်ရည်တွေ သုတ်လိုက်ရင်း...

“ဟုတ်ကဲ့ ဒါပေမယ့် ဂျပန်မြန်မာ ကပြားပါ “


“ဪ..ဟုတ်ကဲ့ ဒါကြောင့် missကြည့်ရတာ နှစ်မျိုးစပ်ဆိုပေမယ့် အရမ်းလှတာပဲ ရှင့်”


လေယာဉ်မယ်လေး အမွှန်းတင်စကားကြောင့် ယူမီပြုံးမိလိုက်ပြီး..

“အဟင်း...ကျေးဇူးပါ”


“ချစ်သူကို လွမ်းနေတာထင်တယ် fighting နော် miss

ဒါကmissအတွက် ဘာမှာမလဲ ကြည့်ဖို့ မီနူးလာပို့တာပါရှင့်

ခွင့်ပြုပါဦးရှင့်”


“はい

  Hai

  ဟုတ်ကဲ့”


မီနူးစာအုပ်လေး သူမရှေ့ယဉ်ကျေးစွာချပေးလိုက်ပြီး နုတ်ဆက်ထွက်သွားတဲ့ လေယာဉ်မယ်လေးစကားကြောင့် သူမထက်ပြီး ပြုံးမိပြန်သည်..။

အလွမ်းသည်နေရာမှ ဘာရယ်မဟုတ် လေယာဉ်မယ်လေးနှင့်လည်း ခင်မင်စွာ စကားပြောလိုက်ရသေးသည်...။


ကြည့်ပါဦး ကျွန်မရှင့်ကို လွမ်းလို့ မျက်ရည်ကျတာ လူရိပ်မိသွားပြီ 

ရှင်ကတော့ မရိပ်မိဘူးမလားဟင်

ရှင်သာ ကျွန်မကို ချစ်ရင် အရမ်းကောင်းမှာပဲ 

ကျွန်မက ရှင့်ကို ဘယ်တော့မှ စိတ်ဆင်းရဲအောင် လုပ်မှာမဟုတ်ဘူး

ရှင့်ကို စိတ်ချမ်းသာအောင်ထားမှာ

ရှင်တို့အတွဲကို ပျက်ပါစေလို့ ကျွန်မမဆုတောင်းပါဘူး

ဒါပေမယ့်လေ ကျွန်မ ဘုရားရောက်တိုင်းမှာ ရှင်ကျွန်မကို ပြန်ချစ်လာပါစေလို့တော့  ဆုတောင်းမိတယ်

အဲ့ဒါ..ကျွန်မမှားလား ဟင်....


သူမအတွေးထဲမှာ မေးခွန်းလေးထုတ်ရင်း...

မန္တလေး..အောင်တော်မူ ဘုရားတွင် ဆုတောင်းပြည့် ကြွေစေ့ပစ်သည်အား သတိရသွားသည်။


“အရှင်ဘုရား ဘုရားတပည့်တော်မ ကြိတ်ချစ်နေရသော သူက ဘုရားတပည့်တော်မအား  ပြန်ချစ်လာပါစေ ဆုတောင်းပြည့်မယ် ဆိုရင် ယခုကြွေစေ့လေး ဖလားထဲ ဝင်ပါစေ ဘုရား”


“ဖလောက်...လောက်”


“ဟယ်.!..ဟယ် ဝင်သွားပြီ အဟီး..ဝင်သွားပြီး အမလေးပျော်လိုက်တာ”

“ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား တကယ်လည်း ဆုတောင်းပြည့်ပါရစေ ဘုရား”

ဆုတောင်းပြည့်မယ်တဲ့ ဟီး...ပျော်လိုက်တာနော်”


“ဟေး...မင်းပစ်လို့ ကုန်ပြီမလား ဒါဆိုပန်းကန်ပြားပေးလေ ပြန်ထားရအောင်”


“ဪ ..ရော့...ရော့...”


သူမကြွေစေ့ထည့်သည့် ပန်းကန်ပြားအား လှမ်းပေးသည်မို့ သျှား ယူခါ ဆိုင်သို့သွားပြန်အပ်လိုက်သည်။


“သျှားမာန် ...”


“ဟင်..”


“ရှင်ဘာတွေ ဆုတောင်းပြီး ကြွေစေ့ပစ်ခဲ့လဲ ....ရှင်ပစ်တာ ဝင်ရော ဝင်လို့လား အဟား”


“အဟား မင်း ငါ့ကိုအထင်သေးတာပဲ

တစ်ပန်းကန်ကို ကြွေစေ့ ၁၀စေ့ကွာ ၆စေ့ ဝင်တယ် ဟား ဟား”


“ဟင် တကယ်ကြီး”


“တကယ်ကြီး”


“မင်းကော ဘယ်နှစေ့ ဝင်လဲ”


သူမ လက်၃ချောင်းထောင်ပြတာမို့ 

သျှား အူတတ်အောင်ရယ်လိုက်သည်


“အမယ် သူများကျ ဝင်ရောဝင်ရဲ့လားတဲ့ သူကြ ၁၀စေ့မှာ ၃စေ့ပဲ ဝင်တယ်ဟား ဟား ဟား”


“ဟာ ရှင်နော် ကျွန်မကို မလှောင်နဲ့”

“အဟား..ဟားဟား”

အရှေ့မှာ လှောင်ရယ်ခါ ပြေးသွားတဲ့ သျှားအား သူမလိုက်ဖမ်းရင်း ကြည်နူးစရာအခိုက်တန့်ပါပဲ....

ယခုတော့ ထိုအခိုက်အတန့်တွေကို ပြန်လွမ်းစွတ်နေရပြီ....


သျှားက ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာ ကုသိုလ်ပြုအလှူတွေကိုလည်း ချိန်းနှင့်ငယ်စဉ်ထဲက လုပ်လာသူဖြစ်သည်။

ထို့ကြောင့် သျှား သူမနှင့်အတူ ဘုရားဖူးရသည်က အထူးအဆန်းတော့ မဟုတ်ပေ။

သျှားနှင့်အပြင်သွားရတာ သိပ်တော့မလွတ်လပ်​ချေ။

နာမည်ကြီးမော်ဒယ်တစ်ယောက် ဖြစ်တာကြောင့် Fanအမာခံလေးတွေက တွေ့တာနှင့်မှတ်မိကြသလို လက်မှတ်ထိုးခိုင်းရတာနှင့် ဓာတ်ပုံတွဲရိုက်ပေးရတာတွေကြောင့် လည်သာလည်ရတာ ခရီးတော့မတွင်ပေ။


နောက်ဆုံးသူမ မျက်မှန်ဆိုင်တွင် ကားရပ်ခါ ရုပ်ဖျတ်ဖို့ မျက်မှန်တစ်လက်ဝယ်ပေးရသည် အထိပင်။


“ကဲရော့...ဒါတပ်ထားလိုက် နောက်ပြီးရော့ mask  ဒါပါတပ်ထား 

ရှင်နဲ့သွားရတာ နေရာတစ်နေရာမှာကို အကြာကြီးပဲ ကြာတော့ စိတ်မရှည်တော့ဘူး”


“ဪမင်းကလည်း ငါ့လိုနာမည်ကြီး မော်ဒယ်တစ်ယောက်နဲ့ သွားမှတော့ ဒီလောက်တော့ရှိမှာပေါ့ ဟားဟား”


“ဟင့် လာပြီး ဂုဏ်ဖော်ပြနေတယ်” 


“ကျွန်မပေးတာတွေ ကားပေါ်ကဆင်းမယ်ဆိုတာနဲ့ တန်းဝတ်နော်”


“ငါသိပါတယ်ကွ မင်းကလည်း”


“သိရင်ပြီးတာပဲ~~~~~


သူမ ပြန်တွေးရင်း ပျော်ရွှင်ရပါသည်

သူနှင့်ကံမကုန်ရင် ပြန်ဆုံချင်ပါသေးသည်။

ကံကုန်မယ်ဆိုရင်တောင် ကျွန်မရအောင်ပြန်ဆက်မယ် ရှင်နဲ့မဝေးချင်လို့ပဲ..


🌙🌙🌙🌙🌙


“ဖောက်...ဖောက်”

ဆူညံညံလူအုပ်ကြားထဲ ချိန်းတစ်ယောက် တိုးဝင်သွားပြီး ကြည့်လိုက်တော့

စင်မြင့်ပေါ်တွင် ရပ်နေသော သျှားအား မနည်းမနော လူအုပ်ကြီးက စက္ကူလုံးတွေ/ရေဘူးတွေ /ဖျော်ရည်ခွံတွေဖြင့် ကောက်ပေါက်နေသည်။

စကားသံတွေမှာ တစ်ယောက်တစ်ပေါက်နှင့် ..


“💢အခြောက်ကြီး အပုန်းကြီး  အားပေးနေတဲ့ ပရိတ်သက်ကို လိမ်ရဲတယ်ပေါ့💢” 


“💢လူလိမ်ကောင် ကျားကျားယားယားပုံစံနဲ့ ခြောက်ပြနေတယ်ပေါ့လေ💢”


“💢ဟက်...ခြောက်နေရင်လည်း ဒို့လိုပေါ်တင်ခြောက်ပါ့လား အိုစ့် ဘာလဲ 

ဒို့က သူငယ်မှတ်လို့ ထောင်ဖို့လုပ်နေတာ အခုတော့ အမျိုးတူချင်းဖြစ်နေပါရောလား....အမလေး မိုးကြိုးတွေပွတ်ကုန်တော့မှာပဲ အိုစ့်....

ခြောက်တာချင်းတူပေမယ့် ဒို့က ပေါ်တင်ခြောက်တာနော် သိက္ခာရှိတယ်”


“အိုစ့်..ဟုတ်တယ် ဟုတ်တယ် ခြောက်တာတူပေမယ့် မီးတို့က သိက္ခာရှိရှိခြောက်တာ “


“💢သူ့ကို ဒီလောက်အားပေးနေတဲ့ ပရိတ်သက်တွေကိုတောင် လိမ်ရဲတာ နည်းနည်းနောနော အရှက်မရှိတာမဟုတ်ဘူး💢”


“💢ငါတို့ရှေ့ထက်ပေါ်မလာရဲအောင် အရှက်ရသွားအောင် လုပ်ကြဟေ့💢”


“💢ရှိရာနဲ့ကောက်ပေါက်ကြဟေ့  ဒီသောက်ခြောက်ကောင်ကို 💢“


“💢အလိုမရှိဘူး ထွက်သွား ငါတို့အားမပေးဘူး လူလိမ်ကောင် အခြောက်ကို💢”


စင်တစ်ခုလုံး ပစ်ပေါက်ထားသော အရာတွေကြောင့် ညစ်ပက်ရှုပ်ပွနေပြီး သျှား တစ်ကိူယ်လုံးလည်း ပေကျံခါ မျက်ဝန်းမှာလည်း ရှက်ကြောက်မှုမျက်ရည်တွေဖြင့်


ပစ်ပေါက်နေသည့် အရာများကို ကာရင်း လူအုပ်ကြီးစီသို့ မဝင့်မရဲအကြည့်တို့ရောက်သွားသည်။


“ဟင်!...ချိန်း...”


သူ့အား အပစ်တင်မှုတွေ/သနားရှက်ရွံမှုတွေနဲ့ လူအုပ်ကြီးကြားထဲမှ ရပ်ကြည့်နေသည့် ချိန်း....


သျှားသူ့ဘက်သို့ ကြည့်ပြီး  ဒီနေရာနှင့်ဝေးရာနေရာကို ခေါ်သွားပေးပါ ဆိုသည့် အကြည့်ဖြင့် လက်ကမ်းပေးနေပေမယ့်....

ချိန်း၏ခြေလှမ်းတို့က တဖြည်းဖြည်းအနောက်သို့ တွန့်ဆုတ်နေသည်။


“ချိန်း....ချိန်း..သျှားကို ကယ်ပါဦး..သျှားတို့ ဒီနေရာကနေဝေးဆုံးကို အတူထွက်ပြေး ကြရအောင်လေ...”


သူပြောနေပေမယ့် ချိန်းကတော့ လူအုပ်ကြီးကြားထဲတွင် တဖြည်းဖြည်းပျောက်ကွယ်စပြုနေသည်။


“..ချိန်း...ချိန်းနေပါဦး.. သျှားကို ထားမသွားပါနဲ့ 

ချိန်း..သျှားကိုထားမသွားပါနဲ့....ချိန်း...ချိန်း”


သူအော်ခေါ်နေပေမယ့် ချိန်းကတော့ သူ့စီ ရောက်မလားပဲ 

လူအုပ်ကြားထဲ ပျောက်ကွယ်သွားတော့သည်။

သူဒူးထောက်လျက် အနေထားဖြင့် ချိန်းနာမည်အား အားကုန် အော်ခေါ်ရင်း....

“ချိန်းး.........”

အသံလေးသိမ် ဝင်သွားရပြီး

ကြမ်းပြင်မှာ ဒူးထောက်မှောက်လျက် ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်

“ချိန်း...ချိန်းရက်စက်တယ် ဟီး...ဟီး”


ချက်ချင်းဆိုသလို ခုဏက သူ့အားပစ္စည်းတွေနှင့် ပစ်ပေါက်နေသော လူထုကြီးမှာ ပျောက်ကွယ်သွားပြီး


သူကတော့ ဒူးထောက်မှောက်ငိုလျက်ပင် 


“ခွက်...ခွက်...ခွက်”


နားထဲတွင် ဒေါက်ဖိနပ်သံ သဲ့သဲ့အား ကြားနေရပြီး ...

ထိုအသံက တဖြည်းဖြည်း ကျယ်လောင်လာပြီး သူ့အနီးသို့ လျှောက်လာနေသလိုပင်...

မွှေးပျံ့တဲ့ရနံ့တစ်ခု ရနေပြီး ဒေါက်ဖိနပ်သံမှာလည်း ရပ်တန့်သွားသည်။


“သျှားမာန်.....”


ထိုအသံပိုင်ရှင်အား သူမော့ကြည့်တော့ ကြည်လင်ရှင်းသန့် လှပတဲ့ မျက်နှာလေးနှင့် သူ့အား ဖြူစင်စွာပြုံးပြနေသည့် ယူမီပင်.....


“ဟင်!....မင်း..ဘယ်လိုလုပ်..”


ဒူးထောက်လျက် ကြမ်းပြင်မှာရှိနေသည့် သူ့အား သူမ အသာဆွဲထူပေးလိုက်ပြီး ...

သူ့၏ပါးပြင်ပေါ်မှ မျက်ရည်တို့အား သူမလက်ခုံဖြင့် ဖွဖွလေး သုတ်ပေးလိုက်သည်။


ထို့နောက်သူ၏ ပါးပြင်အား သူမလက်သွယ်သွယ်လေးဖြင့် ညင်သာစွာ ပွတ်သပ်ပေးရင်း.....

သူမမျက်ဝန်းတွေက သူ့အပေါ်ကြင်နာမှုအပြည့်ဖြင့် စိုက်ကြည့်နေပြီး မျက်ရည်လေးများ ဝဲတတ်နေခါ...။

“မငိုပါနဲ့ ရှင်ငိုရင် ကျွန်မ နာကြင်ရတယ်...ကျွန်မ ရှင့်အနားမှာ အမြဲရှိနေမယ်

ကျွန်မရှင့်ကို ချစ်တယ် သျှားမာန်”


ထိုသို့ပြောခါ သျှားနှုတ်ခမ်းလေးအား သူမ ထိယုံမျှ အနမ်းပေးလိုက်သည်...။

“ကလင်လင်..ကလင်လင်⏰”

နားထဲသို့ ဆူးရှစွာဝင်လာသည့် အချက်ပေးသံကြောင့် 


သူအိပ်ယာမှ ထခါနာရီကြည့်လိုက်တော့ မနက် ၇:၀၀⏰ပင်


ဟမ်..အိပ်မက်လား.... !

ဟာ..အိပ်မက်ကြီးကလည်း ဘယ်လိုကြီးလဲ ....

အိပ်ယာဘေးရှိ စားပွဲတွင် တင်ထားသော ရေဘူးအား တစ်ချိုက်ထဲ သူ မော့သောက်ပစ်လိုက်သည်။


“ဂလု...ဂလု”


“ဟား....အခုမှပဲ လူကနေသာထိုင်သာရှိတော့တယ်.....

“ထူးထူးခြားခြား သူမ ကိုလည်း ငါစိတ်မဆွဲပဲ အိပ်မက်တွေတောင် ထည့်မက်နေပါ့လား...ဟွန်း ငါက တကဲ့ ဗယုတ်ပဲ”

ရေမိုးချိုးခရီးအတွက် ပြင်ဆင်ရန် ရေချိုးခန်းစီသို့  သူထလာခဲ့တော့သည်။

ကြည်လင်နေသည့် မှန်ရှေ့ရောက်တော့ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့် ရင်း......

ယူမီ အိပ်မက်ထဲမှာ သူ့အားပြောသွားသည့်စကားကို အမှတ်ရမိသည်

“ကျွန်မ ရှင့်အနားမှာ အမြဲရှိနေမယ်

 ကျွန်မရှင့်ကို ချစ်တယ် သျှားမာန်”


သူပြုံးလိုက် ပြီးခါမှ.....

ဟာ...ငါ မဟုတ်တာကိုမှ သတိရနေတယ် အရူးပဲ မဖြစ်နိုင်တာတွေ...


ရေချိုးခန်းတံခါးအား ပိတ်လိုက်သည်နှင့် ရေသီးရေပေါက်ကျသံများ ထွက်ပေါ်လာတော့သည်။


🧳🧳🧳🧳🧳🧳


“အန်တီ...”


အသံလာရာသို့ ဒေါ်စန္ဒာကြည့်လိုက်တော့ သျှား၏မန်နေဂျာ သုတပင် 


“ဪ..အေ့ မောင်သုတ လာလေ ထိုင်ဦး”


“ဟုတ်ကဲ့...”


“သားကတော့ အခုထိကို ဆင်းမလာသေးဘူး မောင်သုတရေ 

အဆင်သင့်ပြင်ထားတယ် ပြောပြောပြီး သူပဲအမြဲနောက်ကျနေတာ”


ဒေါ်စန္ဒာပြောလို့ မဆုံးသေး...


“ဒေါ်လေးရေ သားမနက်စာမစားတော့ဘူး ...ကားပေါ်မှာ အစာပြေစားဖို့ ပေါင်မုန့် ၅ထုတ်နဲ့ အအေးတစ်ဗူး ယူသွားတယ်နော်”


“ဟော....ပြောနေခါမှ ကြည့်”


မန်နေဂျာကိုသုတကတော့ ဘာမှပြန်မပြောပဲ ရယ်နေသည်။


“အေးအေးယူသွား ယူသွား ဒီမှာ မောင်သုတကဖြင့် မင်းကိုစောင့်နေတာ”


“ဗျာ...ရောက်နေပြီလား”


ဒေါ်လေးစကားကြောင့် ကားပေါ်မှာစားမယ် လုပ်ထားသည့် ပေါင်မုန့်ထုတ်အားသူဖောက်ရင်း ဧည့်ခန်းသို့ လှန်းကြည့်လိုက်သည်။

မန်နေဂျာကိုသုတအား မျက်ခုံးလေးပင့်ခါ သူပြုံးပြရင်း


“ဟော..အဟင်း...အဆင်သင့်ဖြစ်ပြီ ကိုသုတ ကျွန်တော်တို့ သွားကြတော့မလား”


“ဟုတ်ပြီ ညီသျှား”


“ဒါဆို..အန်တီ ကျွန်တော့်ကို ခွင့်ပြုပါဦး”


“အေးပါကွယ် အေးပါ ကျန်းမာရေးဂရုစိုက်ကြနော် နှစ်ယောက်စလုံး”


“ဟုတ်ကဲ့ဒေါ်လေး”


နုတ်ဆက်စကားဆိုခါ ကားလေးတစ်စင်း ခြံဝန်းကျယ်ကြီးအတွင်းမှ ထွက်ခွါသွားတော့သည်။


ဒေါ်စန္ဒာတစ်ယောက် သျှားတို့ကားလေးထွက်ခွါသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်ရင်း....


အိမ်ကြီးထဲတွင် အိမ်အကူဒေါ်စောနှင့်အတူ အထီးကျန်ဆန်စွာ ကျန်ရစ်နေခဲ့တော့သည်။


🍃🍃🍃🍃🍃အပိုင်း ၁၃ဆက်ရန်>>>

#ခွန်းခတ္တာကြွယ်


စာဖတ်သူအားလုံးကို ချစ်တယ်♥️🙆🏻‍♀️


rate now: