(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)
လျှပ်စီးများ လျှပ်လျှပ်ထခါ မိုးသားညိုကြီးများ တတ်လာသည့် ဟန်ရှိသည်။
ညနေဝင်စောင်းလေးမှာ တဖြည်းဖြည်းမိုးသားညိုတွေကြောင့် ညဉ့်ဦးယံသဖွယ် မိုးသားအတိမှောင်မဲကျခါ
ရေမှုန်ရေမွှားလေးများ ပါသည့်
လေပြေအေးလေးများ ဝရံတာမှ တဖြူးဖြူး တိုက်ခက်နေသည်။
အဖြူရောင် လိုက်ကာစ အပါးလေးများ လွှင့်တတ်နေသည်က ကြည့်နေရတာ ကဗျာဆန် သလိုရှိပေမယ့်။
ချိန်းအတွက်တော့ ကဗျာမဆန်နိုင်ပေ
သူတွေးနေသော အတွေးကြောင့်လဲ ဖြစ်မည်ထင်သည်။
သွေးကျောစိမ်းလေးတွေပေါ်ခါ နုဖက်နေသည့် သူ့အား သိုင်းဖက်ထားသော သျှားရဲ့လက်တွေကို ဖြည်းဖြည်းချင်း ဖြည်ချရင်း...
သျှားရှိရာဘက်သို့ သူလှည့်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင် အနေထားဖြင့်
“သျှား ....ချိန်းတို့ လမ်းခွဲကြရအောင်”
မထင်မှတ်ထားသော ချိန်း၏စကားကြောင့် သျှားရင်တစ်ခုလုံး လျှပ်လျှပ်ထ မီးများတောက်လောင်နေသည့် ငရဲခန်းကြီး အသွင်သို့ ကူးပြောင်းသွားရသည်။
သျှားမျက်နှာတစ်ခုလုံး ရွာတော့မည့် မိုးသားတွေကဲ့သို့ အုပ်မှိုင်းသွားရပြီး
“ဘာ...ဘယ်လို ချိန်း ..ချိန်း အခုဘာပြောလိုက်တယ်...”
သျှားမျက်နှာအား စေ့စေ့တောင် မကြည့်ပဲ ချိန်း လမ်းခွဲစကား ဆိုလိုက်သည်။
“ဟုတ်တယ် သျှား ...ချိန်းတို့ လမ်းခွဲကြရအောင်”
“ဘာကြောင့်လဲ ... လမ်းခွဲရတဲ့အကြောင်းပြချက်ကကော ဘာလဲ “
မျက်ရည်များ ပြိုမကျအောင် ထိန်းထားရင်းမှ မေးခွန်းတွေ ထုတ်နေသော သျှားတစ်ယောက်ရင်ထဲ ထိုစကားကြောင့် မည်မျှ ကမ္ဘာပျက်ခါသောကများနေရသလဲ ဆိုတာ ချိန်းတစ်ယောက်မသိချေ။
ထိုင်ခုံပေါ်မှဆင်းခါ သျှားအရှေ့၌ ဒူးထောက် ထိုင်ရင်း အပြင်မှာရွာသည့် မိုးနှင့်အပြိုင် သူလည်း မျက်ရည်တွေ စီးကျနေရသည်။
“ချိန်း တောင်းပန်ပါတယ် သျှား
အခုလိုပြောရတဲ့ အတွက် ချိန်းတကယ် တောင်းပန်ပါတယ်”
“သျှားမေးနေတယ်လေ လမ်းခွဲရတဲ့အကြောင်းရင်းကဘာလဲလို့”
“ချိန်း...ချိန်းရှက်လို့”
“ဘာ..ဘာလို..ရှက်တယ် “
“ဟုတ်တယ် သျှား ချိန်းရှက်လာပြီ
လူတွေသာ ချိန်းတို့က ဟိုမို အတွဲမှန်းသိရင် ကဲ့ရဲ့ရှုံ့ချကြမှာ နောက်ပြီး ဒီလို ပုန်းလျှို ကွယ်လျှိုလူသူမသိအောင် ချိန်းနဲ့သျှားခိုးတွဲနေရတာကို ချိန်း ရှက်လာပြီ”
ပါးစပ်ထဲ ရှိရာသာ ပြောချလိုက်သည့် ချိန်း စကားကြောင့်
သျှား ဟက်ဟက်ပက်ပက် လှောင်ရယ်ချလိုက်သည်။
“ဟား...ဟား..ဟား..အခြေအမြစ်မရှိလိုက်တာ ချိန်းရာ ... အဟင်း
ချိန်းဘယ်တုန်းက ရှက်တတ်သွားတာလဲ ဟမ်
သျှားနဲ့တွဲလာတာပဲ ၂နှစ်ကျော်နေပြီလေ
အခုကြမှ ခိုးတွဲနေရတာ ရှက်တယ်တဲ့လား
သျှားအခြေနေကို ချိန်းမသိခဲ့တာလဲ မဟုတ်ဘူးနော်
ချိန်းနဲ့သျှား offချတွဲဖို့ မဖြစ်နိုင်တဲ့အကြောင်းတွေကိုလည်း ချိန်းကို သျှား သေချာ ရှင်းပြခဲ့ပြီးသားပါ
ဒါတွေကို ချိန်းပဲ လက်ခံနိုင်တယ်ဆိုလို့ နှစ်ဦးသဘောတူ ဆက်ပြီး တွဲခဲ့ကြတာလေ
ဒီအချိန်ထိပဲလေ
ဘာလဲ ချိန်း...ပိုးသားကျူးကို မြင်ခါမှ အခုလို တွဲနေရတာကို ရှက်တတ်သွားတာလား
ဒါမှမဟုတ် ချိန်းနဲ့သျှားက ဟိုမိုအတွဲဆိုတာ ပိုးသားကျူးသိသွားမှာ ရှက်နေတာလား
အဲ့ဒါမှ မဟုတ်ရင်တော့ ချိန်း ပိုးသားကျူးကို ချစ်မိသွားလို့လား”
“မဟုတ်ဘူး ...မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး....ချိန်းသူ့ကို မချစ်ဘူး “
“လိမ်တယ် ချိန်းဘာလို့ လိမ်တတ်သွားရတာလဲ... ချိန်းသူ့ကိုနမ်းလိုက်တာ သျှားမျက်စိနဲ့ တပ်အပ် မြင်ခဲ့ပြီးပြီ”
ဒူးထောက်လျက် အနေထားမှ သျှား ၏လက်တို့အား ဖမ်းဆုတ်ကိုင်လိုက်ရင်း.....
“မဟုတ်ဘူး ..မဟုတ်ဘူး သျှား
သျှားထင်သလိုမဟုတ်ဘူး ”
“အဟွန်း ချိန်းပါးစပ်က ဘယ်လောက်ပဲငြင်းငြင်းပါ ချိန်းရဲ့ မျက်လုံးတွေနဲ့ ချိန်းနှလုံးသားက သူ့ကိုချစ်နေပါတယ်ဆိုတာ ကောင်းကောင်းကြီး ဝန်ခံနေတယ်”
သျှားစကားကြောင့် ချိန်းဘာမှပြန်မပြောနိုင်တော့ပေ။...
သျှားပြောနေတာတွေက အမှန်ပင်မဟုတ်လား။...
“အဲ့..အဲ့.ဒီအတွက် ချိန်းတောင်းပန်ပါတယ် သျှား တောင်းပန်ပါတယ်....ချိန်းမရည်ရွယ်ပါဘူး သူ့ကိုချစ်မိသွားဖို့”
ဒိန်းကနဲဆိုသလို ရင်ထဲ အောင့်မြတ်သွားရပြီး....
ဘာတဲ့ မရည်ရွယ်ပါဘူး သူ့ကိုချစ်မိသွားပြီ ဟုတ်လား
နောက်ဆုံးတော့ သျှားထင်တာ သွေးထွက်အောင် မှန်နေတဲ့အပြင်
ချိန်းပါးစပ်ကပါ ချစ်နေကြောင်း ဝန်ခံပြီပေါ့လေ...
“မဟုတ်မှလွဲရော ဒီနေ့ ဒီနဖူးက ဒဏ်ရာက သူပေးလိုက်တဲ့ ဒဏ်ရာများလား.....”
“သျှား...”
“မပြောနဲ့ 💢မကြားချင်ဘူး 💢ဘာအကြောင်းမှ ထက်မသိချင်ဘူး ဒီလောက်နာကြင်နေရတာနဲ့တင် လုံလောက်ပြီ”
“မဟုတ်ဘူး သျှား..”
“မပြောနဲ့ ...💢
ချိန်းသိလား ခုဏက ချိန်းရင်ထဲ ခံစားနေရတာတွေထက် သျှားက အစပေါင်းများ စွာ နာကြင်နေရတယ်ဆိုတာကိုလေ
သျှားက ချိန်းသစ္စာဖောက်တာကိုလဲ ခံရတယ်
ချိန်းရဲ့ ပစ်ပယ်ချင်းကိုလဲ ခံရတယ်
ချိန်းစီက သျှားအရမ်း လိုချင်ခဲ့တဲ့ အချစ်တွေကိုလည်း မရတဲ့အပြင်
အခြားတစ်ယောက်ကို ချစ်မိနေပါတယ်ဆိုတာကိုပါ ထက်ကြားလိုက်ရတယ်
နောက်ဆုံး အဲ့ဒီ အခြားတစ်ယောက်ကြောင့် ချိန်း သျှားကို လမ်းခွဲနေပြီ
ချိန်း သျှားကို ထားသွားခဲ့တော့မယ်”
သျှားခံစားနေရမည်ကိုလည်း ချိန်းနားလည်သည်။
သို့သော် မပျက်မသားတွေ ဆက်လုပ်နေလျှင် နှစ်ယောက်စလုံးအတွက် “အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်”စရာတွေ /ထိခိုက်စရာတွေ ပိုများလာမည် မဟုတ်လား....
“အဲ့အတွက် ချိန်း အများကြီးတောင်းပန်ပါတယ် သျှားရာ ...သျှားလည်း ချိန်းအဖြစ်ကို သိနေပြီမို့ ချိန်းတို့ ဇာတ်လမ်းကို ဒီမှာတင် အဆုံးသက်....”
“လုံးဝပဲ ချိန်း...သျှား ချိန်းကို လုံးဝလက်မလွှတ်ဘူး ...ပိုးသားကျုးကို ချိန်းတွဲမယ်ဆိုလည်း တွဲ ရတယ်...သျှားကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုတယ်...
ဒါမယ့် အချိန်တန်ရင် ချိန်းက သျှားအပိုင်ပဲ...
ချိန်းကို သျှားဘယ်တော့မှ လမ်းခွဲမပေးနိုင်ဘူး
ဘယ်တော့မှ.......သျှားပြန်တော့မယ်”
ချွတ်ထားသော အပေါ်ကုတ်အင်္ကျီအား ယူခါ သျှား အခန်းထဲမှ သွက်လက်သော ခြေလှန်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။
“သျှား....သျှားအဲ့လို မလုပ်ပါနဲ့ သျှားရဲ့... သျှားအဲ့လို အတ္တမကြီးပါနဲ့ ...နှစ်ယောက်စလုံးအတွက် ထိခိုက်လိမ့်မယ် သျှားရဲ့”
အော်ခေါ်နေပေမယ့် လှည့်မကြည့်ပေ...
မိုးတွေသာစဲ သွားပေမယ့် ချိန်း၏မျက်ရည်တွေကတော့ စဲမသွားပေ။
~~~~~~~~~~~~~
မခြောက်သေးသော ဆံနွယ်တွေကြောင့် တပက်စောင်ဖြင့် ဖိသုတ်ရင်း...
လက်တစ်ဖက်က ဖုန်းကိုင်ခါ ဟိုပွတ်ဒီပွတ်ဖြင့် သဘောတွေ ကျနေမိသည်။
“အဟိ ဒီပုံလေး ချစ်စရာကောင်းလိုက်တာ igမှာ တင်လိုက်ရင် ကောင်းမလား”
သူမတွေတွေလေး ပြန်စဉ်းစားရင်းမှ...
“မကောင်းပါဘူး သူက ဒီနိုင်ငံရဲ့ နာမည်ကြီးမော်ဒယ်လေ ငါသာဒီလို အတွဲဆန်ဆန်ကို တင်လိုက်ရင်...
သူFanတွေ ငါ့ကို လာဝုန်းလိမ့်မယ်
သူ့အတွက်လဲ အထင်လွဲစရာတွေ ဖြစ်ကုန်လိမ့်မယ်....
တော်ပြီ မတင်တော့ဘူး
ဒီတိုင်းပဲ သိမ်းထားလိုက်တော့မယ်”
သူမ ဖုန်းလေးအား ပိတ်ခါ အိပ်ယာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်ရင်း
“ကျွန်မ ရှင့်ကို တကယ် ချစ်မိနေတာလား မသိတော့ဘူး.....
မပိုင်ဆိုင် ရရင်တောင်
ရှင့်အနား ရှိနေရလို့ ကျွန်မ ပျော်တယ်”
“တူ🎶 ဒွန် ဒွန် 🎶တွန် ဒွန်🎵”
Oh~ မေမေစီကပဲ ...,
xxxxxxxxxxxxx
အိမ်ပြန်ရောက်သည့်နှင့် ချိန်း အမှတ်မရှိ ပိုးကိုသာ ဝေ့ဝဲ လိုက်ရှာနေမိသည်။
ပြန်လာသည်ကို သိပေမယ့် ပိုးအရင်လို သူ့အား ထွက်မစောင့်တော့သည်က တမင်ဖြစ်နေမလား.....
ချိန်း တစ်ယောက် ပိုးများ ဆင်းလာလေမလားဆိုသည့် အတွေးဖြင့် လှေကားခွင်လေးအား ငေးစိုက်ကြည့်နေမိသည်။
ပိုးအရင်ကဆို သူ့အနား တစ်နည်းမဟုတ်တစ်နည်း ရောက်လာတတ်ပေမယ့်
ယခုတော့ .....
ပိုး မျက်နှာလေး ချိန်း မြင်ချင်မိသော်လည်း
မတွေ့ ရသည်က ပိုကောင်းသည် ဟုသာစိတ်ထဲမှ ရေရွတ်မိသည်။
“သားချိန်း ပြန်လာပြီးလားကွဲ့ဟင်!...သား
နဖူးကဒဏ်ရာက ဘယ်လိုဖြစ်လာတာလဲကွယ်”
သူ ကြီးဝေအား မဲ့ပြုံးလေး တစ်ချက်ပြုံးရင်း...
“အဟင်း..ရန်ဖြစ်ရင်း...ရခဲ့တာပါ
ဒဏ်ရာက သိပ်မကြီးပါဘူး
စိတ်မပူပါနဲ့ ကြီးဝေ “
“ဪ သားရယ်...ဖြစ်ရလေကွယ်
ဒါနဲ့ သား ထမင်းစားတော့မလား ကြီးဝေ မိကြူကို ထမင်းပွဲ ပြင်ခိုင်းလိုက်မယ်လေ”
"နေပါစေ ကြီးဝေ...ကျွန်တော် ဗိုက်မဆာလို့ နားတော့မယ်". ..
ပိုးအခန်းရှေ့သို့ သူရပ်လိုက်ပြီး...
တံခါးခေါက်ရန် လုပ်ပေမယ့်..
“မဖြစ်သေးပါဘူးလေ”
ရင်ထဲက စကားတွေ သူမအား ပြောပြချင်နေပေမယ့် သူ နှုတ်ဆိတ်လို့သာ တိတ်တိတ်လေး အခန်းထဲသို့ ဝင်လာခဲ့သည်။
အခန်းထဲ ရောက်တော့...
သက်ပြင်းရှည်ကြီးချခါ...အိပ်ယာပေါ်သို့ ပစ်လှဲလိုက်သည်။...
xxxxxxxxxx
ခပ်ပြင်းပြင်းဝိုင်တစ်လုံးကို ယူခါ တစ်ဖက်မှ ဝိုင်ခွက်ဖြင့် အခန်းတွင်း ဝင်မည်အလုပ်...
“သား...ဒီပုလင်းကြီးက?”
“သားစိတ်တွေ အရမ်းညစ်နေလို့ ဒါသောက်ရင်း အပန်းဖြေမလို့ပါ ဒေါ်လေး”
ဒေါ်လေးသူ့အား မျက်မှောင်လေး ကျုံ့ပြခါ မေးဆက်ပြရင်း..
“ဒီလိုဆိုလဲ အများကြီးမသောက်နဲ့ မနက်ကျ ခေါင်းကိုက်နေမယ်”
တစ်ဦးတည်းသော ချစ်တူလေးမို့ဒေါ်စန္ဒာ အတတ်နိုင်ဆုံး သူဘာလုပ်လုပ် နားလည်ပေးထားသည်။
“ဟုတ်ကဲ့ ဒေါ်လေး”
အခန်းတံခါး လော့ချခါ
လေးထောင့်ဆန်ဆန် မှန်ကြည်ကြည်ပြတင်းပေါက်ဆီသို့ လျှောက်သွားရင်း...
ရှက်တယ်..တယ်.. ချိန်းဒီလိုခိုးတွဲနေရတာကို ရှက်တယ်..တယ်..
ချိန်းတို့ လမ်းခွဲ..ခွဲ..ရအောင် ..အောင် သျှား..သျှား
သူ့ကို ချစ်မိသွားတယ် သျှား..သျှား..
ချိန်း တောင်းပန်ပါတယ်..တယ်
နားထဲတွင် ပဲ့တင်ထပ်သံတွေနှင့် အတူပြန်ကြားယောင်နေမိသည်။
ကိုင်ထားသော ဝိုင်ခွက်အား ကျစ်နေအောင်ဖိဆုတ်ထားရင်း...
တင်းခံထားတဲ့ မျက်ရည်တွေ ပြိုကျလာရင်း....
“လုံးဝပဲ ... ချိန်း
လမ်းခွဲတာကို သျှား လုံးဝ လက်ခံမှာမဟုတ်ဘူး”
“တွန်🎶 ဒွန် ဒွန်🎶 တွန်🎶”
ဖုန်းမြည်သံကြောင့် သျှား ကောက်ကိုင်လိုက်သည်။
“ဟယ်လို ...ကျွန်တော် သျှားမာန်ငြိုးပြောနေပါတယ်”
“........✨......”
“ဗျာ ပွဲအတွက် သဘက်ခါဆို ဂျပန်ကို အရောက်သွားရမယ် ဟုတ်လား ကိုသုတ”
“................”
“ဘယ်လိုဖြစ်တာလဲ ပွဲပြန်စီစဉ်တော့လဲ အလျင်စလိုကြီးပါ့လားဗျ...”
“................”
“ဟုတ်ကဲ့ ကိုသုတ ကျွန်တော် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်ပါ့မယ်”
ဂျပန်သွားရမယ်ဆိုလို့ ဝမ်းသာပေမယ့်
တစ်ဖက်က ခံစားချက်ပြဿနာတစ်ခုကြောင့် ပိုပြီး စိတ်ရှုပ်ထွေးသွားရသည်။
သူဂျပန်ရောက်နေတဲ့ အတောတွင်းမှာ ပိုးသားကျူးနဲ့ချိန်းကို ပိုနီးစပ်စေဖို့ အခွင့်ရေးပေးသလိုများ ဖြစ်သွားလေမလား...
xxxxxxxxxxxxx
မနက် မိုးသောက် လင်းတော့....
အားလုံး ထပ် စော၍ သူ ထမင်း စာပွဲဆီသို့ အစောကြီး ရောက်နေလေ သည်။...
"ဒေါ်လေး ကျွန်တော့ကို ကော်ဖီခါးခါး လေးတစ်ခွက် ဖျော်ပေးပါ...(သကြားလုံးဝ မထည့်နဲ့). ."
“ဟင်!...”
ချိန်းစကားကြောင့် ကြီးဝေနှင့် မိကြူ ကြောင်အအ ဖြစ်သွားရပြီး...
“အကိုလေး တစ်ခါမှ ကော်ဖီမသောက်ဖူးပါဘူး မိကြူ တကယ်ကြီး ဖျော်ပေးရမှာလား....”
“ဪ..ညီးနဲ့ ဖျော်ဆို ဖျော်ပေးလိုက်ပေါ့အေ “
“ဟုတ်ဟုတ် ကြီးကြီးဝေ”
ဟွန့် .... အကိုလေးတစ်ယောက်တော့ ဘာတွေ ဓာတ်ပေါက်နေလဲ မသိဘူး
နဖူးမှာလဲ ဒဏ်ရာနဲ့....
သူ့တစ်ယောက်တည်း ဘာတွေ ဖြစ်လို့ ဖြစ်နေမှန်းကို မသိတော့ဘူး .....
ပိုး ထမင်းစား ခန်းထဲ သို့ ဝင်အလာ...
ချိန်း ထထွက်သွားတော့သည်။..
"သား ချိန်း...ကော်ဖီ မသောက်တော့ဘူးလား"
"ကျွန်တော် သွားစရာရှိသေးလို့ သွားတော့မယ်...
ကော်ဖီတွေ သွန်ပစ်လိုက်ပါ ကြီးဝေ"
ချိန်း အပြုအမူအား ပိုးကြည့်ရင်း...
ငါမနေ့ကတွန်းလိုက်တာ လွန်သွားလား မသိဘူး...
သူဘာဖြစ်ဖြစ်ပါ..ငါနဲ့ မှ မဆိုင်တာ...ဟင့်
သူ့လိုလူက အဲ့လိုနာကြင် သွားခါမှ မှတ်မှာ
<>*<>*<>*<>*<>
ချိန်း ကားပေါ်ရောက်သည်နှင့် သျှားဆီမှ ဖုန်းဝင်လာသည်။..
“ဒွန် 🎶ဒွန် တွန် 🎶တွန်”
မပက်သက်တော့သည်က ကောင်းမည်
မချစ်တော့မှန်း သိနေပါလျက် တစ်ဖက်လူ ခံစားနေရအောင်သူ ဒုက္ခမပေးချင်တော့ပေ။
ထက်ပက်သက်မိနေလျှင် မပျက်မသားနှင့် နှစ်ယောက်စလုံးအတွက် ထိခိုက်စရာတွေကြည်ပင်...။
လမ်းခွဲတာကို သျှားလက်ခံလာစေရန် အဆက်အသွယ် မလုပ်တော့သည်က ပို၍ကောင်းမည် ဟု သူထင်သည်။
ဖုန်းမကိုင်ပဲ silent လုပ်ထားလိုက်သည်။
ချိန်းကားလေးမှာ သူမ အလုပ်ဆင်းတဲ့ ကော်ဖီ ဆိုင်လေးသို့ ဦးတည်မောင်းလာခဲ့သည်။...
******************
"ဟာ boss စောလိုက်တာ...
ကျနော်က boss နောက် ကျမယ် တောင် ထင်နေတာ.."
မန်နေဂျာကိုသူရအား ချိန်း နုတ်ခမ်းတစ်ဖက် ရွဲ့ခါ ပြုံးပြလိုက်ပြီး...
"ကျွန်တော် ဒီနေ့ ဒီမှာပဲ နေမယ်..
စာရင်းတွေ ကျွန်တော့ အခန်းထဲ လာပို့လိုက်ပါ..."
"ဟုတ်ကဲ့ boss". .
"ဒါနဲ့ ပိုးသာကျူး ရောက်လာရင် စာရင်းတွေကို သူနဲ့ ထည့်ပေးလိုက်ပါ...”
"ဟုတ်ကဲ့ပါ boss".
*************
ခရီးဆောင် အိတ်အတွင်းသို့ ယူမီ ယူရမည့် ပစ္စည်းများအား ကောက်ထည့်ရင်း ...
အဲ ... အခုချိန်ဆို သူဘာလုပ်နေမလဲမသိဘူး
သူ့စီ Message ပို့ကြည့်ဦးမယ်
“Hi ...သျှားမာန် ဘာတွေလုပ်နေလဲ💬”
“.......💬”
“ဟင့် ...အခုထိ မထသေးပဲ ဖုန်းသုံးနေတာပေါ့💬”
“.........💬”
“ဒါနဲ့ စကားမစပ် ကျွန်မတို့ မနက်ဖြန် Easy Rayမှာတွေ့ကြမလား💬”
“.......💬”
“Ok ဒါဆို ကျွန်မတို့ တွေ့ကြမယ်နော်💬”
“......💬”
message ပို့ပြီး သူမ ဖုန်းကို နံဘေးတွင်ချထားလိုက်ပြီး..
ဟီး...ငါက သူငြင်းမယ်ထင်ထားတာ
ဟွန်...သူမငြင်းဘူးပဲ
အေ့ပေါ့လေ မပြန်ခင်လေးတော့ သူနဲ့ တွေ့သွားချင်သေးတယ်....။
တွေ့ခွင့်ပေးလို့လဲ ကျေးဇူးတင်ပါတယ် ။ကျွန်မ ရှင့်ကို သဘောကျမိနေလို့
အခုလို လိုက်တွယ်ကပ်မိနေတာပါ
ကျွန်မကြောင့် ရှင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရင်လည်း Sorry နော်
အဆင့်ကျော်ခွင့် မရှိရင်တောင် အရင်းနှီးဆုံးလူအဖြစ် ရှိချင်မိပါတယ်။...
+++++++++
"ပိုး သမီး..."
"ဟုတ် ဦး.."
"ဒိမှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် ဦး... ဘာလို့လဲရှင့်"
"သမီး မျက်နှာ မကောင်းတာ ဦး အကဲခတ်မိလို့ပါ...အလုပ်ထဲ အဆင်မပြေဘူးဆိုရင် ဦးကို ပြောနော်.."
" ဟုတ်ကဲ့ ဦး သမီး အကုန် အဆင်ပြေပါတယ်.."
"ဦး သမီး သွားတော့မယ်နော်.."
"အေး သမီး..."
သူမနဲ့ အဖေဖြစ်သူ စကားပြောနေသည်ကို ချိန်း အထက်မြင့်ရှိမှန်ပြတင်းပေါက်မှ လှမ်းမြင်နေရသည်။...
"တောက်...!"
မင်းတကယ်ပဲ ပြောတဲ့အတိုင်းကို လုပ်နေတာပါ့လား....
မင်းတကယ် မလွယ်တဲ့ မိန်းကလေးပါ့လား....
*************
“ဒေါက် ..ဒေါက် “
“ဝင်ခဲ့”
အခန်းတံခါးအား ပြန်ပိတ်ခါ စားပွဲစီသို့ လျှောက်လာသည်။
လက်ထဲရှိ စာရွတ်စာရင်းဇယားများအား စားပွဲခုံတွင် တင်လိုက်ပြီး
“ရှင်ပြောတဲ့ စာရင်းတွေရပြီ
ကျွန်မသွားတော့မယ်...”
မော့ကြည့်တော့ သူ့အား စိမ်းကားမှုအပြည့်ဖြင့် ကြည့်နေသော သူမမျက်ဝန်းစိမ်းတွေနှင့် ရင်ဆိုင်လိုက်ရသည်။
ပြန်ထွက်သွားဖို့ ပြင်နေသော သူမအား..
“နေဦး....ဒါလား အလုပ်ရှင်ကို အလုပ်သမားက ဆက်ဆံတဲ့ပုံစံ”
သူ့စကားကြောင့် သူမမျက်နှာ ပျက်သွားရပြီး ...
သူပြောတော့လည်း ဟုတ်ပေသည်
သူက အလုပ်ရှင်
သူမက အလုပ်သမား မလား...
“တောင်းပန်ပါတယ် boss
ဘာခိုင်းစရာ ရှိပါသေးလဲ ”
သူမနှင့်အဖေ့အား ကားတစ်စီးတည်း အတူတွေ့ရသည်က ၂ခါပင်မကတော့ချေ။ စိတ်ထဲတွင် ဒေါသတထောင်းထောင်း ထွက်နေပေမယ့် မပြောပဲလည်း မနေနိုင်တော့ပေ။
ထို့ကြောင့် အေးဆေးတည်ငြိမ်စွာ သူ ကောင်းကောင်းမွန်မွန် မေးလိုက်သည်...
“မင်း ဘာလို့ ငါ့အဖေနဲ့ပဲအလုပ်ကို အမြဲ အတူလာနေရတာလဲ
ဒီလောက် စီးစရာ Taxi တွေပေါနေတာကို“
“အဲ့ဒါတော့ ကျွန်မသိတာပေါ့ ဦးကိုလဲ ကျွန်မပြောသားပဲ ဦးက ဇွတ် လိုက်ပို့ပေးမယ်ပြောနေလို့လေ”
“အဖေက လိုက်ပို့မယ်ဆိုတိုင်း မင်းလက်ခံရသလား
မင်းမှာ ငြင်းပိုင်ခွင့်ရှိတာပဲ”
“ဟာ..ဦးလေးက ငြင်းလို့မရအောင်ကို ပြောနေမှတော့ ကျွန်မ လက်ခံလိုက်ရတာပေါ့
နေပါဦး...ဦးလေးက ကျွန်မကို သမီးအရင်းတစ်ယောက်လို သဘောထားလို့ စောင့်ရှောက်ပေးနေတာကို ရှင်ကဘာတွေ ဖြစ်နေတာလဲ”
သူမ အမှားကြည်ပဲလည်း သူမဆိုချင်
အဖေဖြစ်သူ၏ သူမအပေါ် အဖြစ်သည်းမှုကိုလည်း သူသိတာကြောင့်..
“ဘာဖြစ်ဖြစ်ပါ မင်း ငါ့အဖေနဲ့ဝေးဝေးနေပါ ဒီတစ်ခါ ငြင်းလို့ မရဘူးဆိုရင်တောင် နောက်တစ်ခါတော့ မင်း ရအောင် ငြင်းပေးပါ
အတတ်နိုင်ဆုံးတော့ ဝေးဝေးနေပေးပါ
ဒါ ငါမင်းကို တောင်းဆိုတာပါ
မင်းသွားလို့ ရပြီ”
ဟင်! တောင်းဆိုတယ် သူ့လိုလူက ငါ့ကို တောင်းဆိုတယ်တဲ့ အဟင်း အထူးအဆန်းပါ့လား
သူ့အဖေကိုတော့ အတော် နှမျောတွံ့တိုပုံရတယ်။
အေ့ပေါ့လေ သူ့ အဖေဆိုတော့လည်း အရမ်းလည်းချစ်သလို/ အူတိုမှာပေါ့
ရှင် စိတ်ချပါ ကျွန်မဟိုနေ့က ပြောခဲ့တဲ့စကားကို အတည်ထင်မနေနဲ့
ရှင့်ကို အမြင်ကပ်လို့ တမင်ရွဲ့ပြောလိုက်တာ...
ကျွန်မမှာ အဲ့လိုလုပ်ဖို့ အတွေးမရှိဘူး..
ဦးအတွက် ကျွန်မအဖေက ကျေးဇူးရှင်ဖြစ်ခဲ့သလို
ကျွန်မအတွက် ဦးကလည်း ကျေးဇူးရှင်ပါပဲ....
ရှင့်ကို သိပ်အတွေးမလွန်စေချင်ဘူး ချိန်း...
ထွက်သွားဖို့ စိတ်ကူးပြီးကာမှ ဖြတ်ကနဲ ဝင်လာသောအတွေးကြောင့်..
“ဪ ဒါနဲ့ ရှင့် ဒဏ်ရာ အခြေနေဘယ်လိုလဲ သက်သာရဲ့လား “
“သက်သာပါတယ် “
“ဆေးကော ပုံမှန်ထည့်လား”
“အင်း”
ချိန်း ဆေးမထည့်ပဲ တမင်လိမ်လိုက်ချင်းသာ...
“ကျွန်မ ဒဏ်ရာကို ခဏလောက်ကြည့်လို့ ရမလား ....”
သူမစကားကြောင့် ချိန်း မျက်ခုံးပင့်ပြခါ ဘာအတွက်လဲဆိုသည့် ပုံစံဖြင့်
“ဟို..ကျွန်မကြောင့် ဖြစ်သွားတာဆိုတော့ စိတ်ပူလို့ပါ”
ဒီစကားကြားရတာ ချိန်းအတော် ပျော်မိသည်။
သူမမသိအောင် တဖက်သို့ လှည့်ခါ ပြုံးလိုက်ရင်း...
“အဟွန်း..Ok မင်းကြည့်ချင်လဲ သဘောလေ..”
သူ့အနားသို့ မဝံ့မရဲလေး တိုးကပ်ခါ
ကပ်ထားသော ပလာစတာအား ဖြည်းဖြည်းချင်း ခွါလိုက်တော့ သွေးများ စို့တတ်လာသည်။
“အား..ကျွတ် ကျွတ်”
“ဟယ်! ရှင်နာသွားလား sorry sorry “
“ရှင့်ကြည့်ရတာ အနာကို သေချာဆေးမထည့်ပဲ ပလာစတာကပ်ထားတာပဲ
အဲ့လိုမလုပ်ရဘူးလေ..
ခဏလေး ကျွန်မ ဆေးထည့်ပေးမယ်”
အနာကြည့်ခါ စိုးရိမ်စွာပြောနေသည့် ပိုးပုံစံလေးမှာ အတော်ချစ်စရာကောင်းခါ လှပသည်။
သူမ မျက်ဝန်းလှလှတွေအား သူခိုးခိုးကြည့်နေမိသည်။
“ဒါနဲ့ ဆေးသတ္တာ ဘယ်နားထားလဲ”
“အဲ့ အံဇွဲထဲမှာ”
အံဇွဲထဲရှိ ဆေးသတ္တာအား ထုတ်ခါ
ဆေးထည့်ပေးရန် ပြင်နေသည့် သူမပုံစံလေးက ဆွဲဖက်ထားချင်စရာ..
ဆေးနှင့်ဂွမ်းစယူခါ သူ့ဘက်လှည့်ကြည့်တော့ အကြည့်ချင်းဆုံသွား ရပြီး သူခိုးလူမိသလို ဖြစ်သွားရသူက ချိန်းတစ်ယောက်သာ...
ဟွန့်...ဒီလောက် သရုပ်ပျက်သွားရအောင်ထိ
သူက ငါ့ကိုအကြာကြီး စိုက်ကြည့်နေခဲ့တာလား
ဟွန့် ဘယ်လိုလူပါလိမ့်
“နည်းနည်းစပ်မယ်...အရက်ပြန်နဲ့ ပိုးသပ်မှာမလို့”
အဆင့်ဆင့် ဆေးထည့်ခါ အနာကပ်ပလာစတာအသစ် ဖောက်ခါ သူမ ကပ်ပေးလိုက်သည်။
“ကဲ...ပြီးပြီ..နောက်ဆို အနာဆေးထည့်ရင် ဂရုတစိုက်လုပ်ပါ မတော် ပိုးဝင်သွားရင် ရှင့်အနာပိုဆိုးလိမ့်မယ်...
ကြားလား”
“အင်း...”
“အဲ့ဒါဆို ကျွန်မသွားတော့မယ်”
ဆွဲဆောင်မှုရှိလှတဲ့ ရှင်းသန့်တဲ့ မျက်နှာပိုင်ရှင်က သူမအား မော့ကြည့်ခါ သွားတတ်လေးပေါ်အောင် ပြုံးပြလိုက်ရင်း...
“မင်း ကိုယ့်ကို ဂရုတစိုက်စိတ်ပူပေးလို့ ကျေးဇူးပါ”
ထိုအပြုံးကြောင့် သူမရင်ထဲ လှုပ်လှုပ်ယှက်ယှက်ဖြစ်သွားရသည်...
“ကျွန်မက အနာကိုစိတ်ပူတာ ရှင့်ကိုစိတ်ပူတာမဟုတ်ဘူး အတွေးမလွန်နဲ့”
ပြောပြီး သူမရှက်ကိုးရှက်ကန်ဖြင့် သူ့အား ကျောခိုင်းခါ အခန်းအတွင်းမှ ထွက်သွားတော့သည်။
*********အပိုင်း ၁၂ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်
အပိုင်း ၁၂
...
စာဖတ်သူအားလုံးကို ချစ်တယ်♥️🙆🏻♀️