book

Index 10

(အပိုင်း ၁၀)

  • Author : Kyawal
  • Genres : Drama

(☁️အရောင်ပြောင်း ကောင်းကင်☁️ Or ♥️ပြောင်းလဲတတ်သော ချစ်ခြင်း♥️)



“ကျွီ..”


“ဘာလို့ရပ်လိုက်တာလဲ မင်းပဲ ဘုရားစီသွားမှာဆို”


“ဟုတ်တယ်လေ...အဲ့ဒါကြောင့် ဒီဆိုင်မှာ ရပ်လိုက်တာ”


“ဟမ်....”


သျှား ဆိုင်းဘုတ်အားလှန်းကြည့်တော့

(Welcome to Burmese costume)


“မင်းအဲ့ဆိုင်ထဲဝင်ပြီး ဘာလုပ်မှာလဲ”


“ဟာ အင်္ကျီဝယ်မလို့ပေါ့”


“ဘာဆိုင်လဲ မင်းကလဲ”


“ဟာ ..ရှင် မြန်မာလူမျိုးမဟုတ်ဘူးလား ဘုရားကျောင်းကန်သွားရင် လုံလုံခြုံခြုံနဲ့သွားရမယ်လေ

ကျွန်မပုံစံနဲ့ သွားရင် ဘုရားဂေါပက ကတောင်လက်ခံမှာမဟုတ်ဘူး”


“အဲ့တော့ မင်းက ဒီမှာ အင်္ကျီလဲဝတ်မလို့ဆိုပါတော့”


“ဟုတ်တယ်လေ လာ ဆင်း”


“ဟာ ငါနဲ့ဘာဆိုင်လဲ မင်းပဲသွားလေ”


“ဟာရှင်လည်း လဲရမယ် ဘုရားကို ဒီပုံစံနဲ့ ကျွန်မလုံးဝခွင့်မပြုဘူး လာ ဆင်း”


“ခွင့်မပြုလည်း မလိုက်ဘူးပေါ့ မဆင်းဘူး မလဲဘူး မင်းပဲသွား ငါမလိုက်ဘူး”


“ရှင်မဆင်းဘူးလား”


“လုံးဝ မဆင်းဘူး “


“တကယ်မဆင်းဘူးနော်”


“နှစ်ကယ်”


“သေချာလား”


“သိပ်သေချာ”


မေးစေ့အား သူမလက်ဖြင့်ပွတ်လိုက်သပ်ရင်း တစ်ခုခုကို စဉ်းစားဟန်ဖြင့်


“ကောင်းပြီလေ အွန်း..ဒီဆိုင်က ဝန်ထမ်းမလေးတွေထဲမှာ ရှင့်fanတွေတော့ ရှိလောက်ပါတယ်”


သူမစကားကြောင့် သျှား ထိုင်ခုံကိုမှီထားတဲ့ကျောလေးမက်သွားရသည်။


“မင်းဘာလုပ်မလို့လဲ”


“ဘာလုပ်ရမှာလဲ ရှင်ကအခြောက်ကြီးဆိုတာ ကျွန်မသူတို့ကို ပြောပြရမှာပေါ့”


“မင်း ..မင်းနော်...ငါအခြောက်မဟုတ်ဘူး “


“အယ်....အခြောက်မဟုတ်ရင် ဘာလို့..”


“ငါက Bisexual ငါ့စိတ်ခံစားချက်အပေါ်မူတည်ပြီး ငါရွေးချယ်တာ ငါ့ခံစားချက်က ယောကျာ်းလေးဖြစ်တဲ့ ချိန်းအပေါ်မှာ ချစ်နေမိလို့ ငါဒီလိုဖြစ်နေရတာ”


“ဟွန်...ရှင်ဘာပဲပြောပြောပါ ရှင်မဆင်းဘူးဆိုမှတော့ ကျွန်မပြော...”


“မင်းတော်လိုက်တော့နော် ငါဆင်းမယ်”


သူမပါးချိုင့်လေးပေါ်အောင် ရယ်လိုက်ပြီး...

“ဟွန်...ဟီးဟီး ဒီလိုမှပေါ့ 

とてもかわいい

Totemo Kawai

အရမ်းချစ်စရာကောင်းတယ်”


<><><><><><><><>


“ဟင့်အင်း ...လွှတ် လူယုတ်မာ”


သူမ ချိန်း ရင်ခွင်ထဲမှ မရမက ရုန်းထွက်လိုက်၏။


ငိုထားသည်ကြောင့် ပိုး၏မျက်လုံးလေးများ နီရဲမို့အစ်နေပြီး


“ရှင်က ရွံ့ဖို့ကောင်းတဲ့ လူပဲ

ကျွန်မ ဒီမှာအလုပ်လုပ်တယ်ဆိုတာ ဒီဆိုင်ကို ရှင်ပိုင်မှန်းမသိလို့ “


“အဟင်း အခုမင်းသိပြီးမလား”


“သိပြီ..သိလို့ ကျွန်မအခုပဲ အလုပ်ထွက်တယ် ရှင် ဖယ်”


“ဘာရယ် ...ဟားဟားဟား မင်းမေ့နေပြီလား 

ဒီမှာအလုပ်စခေါ်တုန်းတည်းက

ခဏလုပ်ပြီး ဒီလိုပြန်ထွက်သွားကြမှာ စိုးလို့ 

ငါစည်းမျဉ်းတိုးထားတယ်လေ”


“ဘယ်လို ...ရှင့်”


“ဟား...သေချာစဉ်းစားပါဦး “


ချိန်းစကားကြောင့် သူမ အခုမှ သတိရမိသည် ။

မန်နေဂျာကိုသူရပေးတဲ့ ၆လပြည့်မှ အလုပ်ထွက်ပါမည် ဆိုသည့် ဝန်ခံကတိ စာချုပ်ပင်.....


“ကျွတ် ကျွတ် သနားစရာ ခိုဖြူမလေးပဲ အဟင်း”


“ရှင်ပြောရင် ရိုးရိုးပြောပါ ကျွန်မ အသားကိုလာလာ မထိပါနဲ့ “


“အိုးဟိုး....မင်းဘယ်လိုဖြစ်လို့ မာနgirl လေးဖြစ်သွားရတာလဲ ဟမ်

ပြောပါဦး  ဘယ်လိုဖြစ်သွားရတာလဲ”


ချိန်း သူမ၏မေးစေ့လေးအား ဆွဲကိုင်မော့ခါ မေးလိုက်သည်။


“လွတ်စမ်းပါ ကျွန်မအသားကို လာမထိနဲ့”


ချိန်းခနဲ့တဲ့တဲ့ပြုံးလိုက်ခါ


“ဘာလဲ မင်းကို မင်းမိဘတွေက ငယ်ငယ်ချောချောလေးတွေ မရှာပါနဲ့ အသက်ကြီးကြီးဘောစိကြီးတွေ ကိုမှ အမိဖမ်းပါလို့ သင်ပေးခဲ့လို့ 

အသက်ကြီးကြီး မဟုတ်တဲ့ ကိုယ်ကမင်းအသားကို ထိလို့ဒီလိုဖြစ်နေတာလား”


“ဘာ!...ရှင်က ကျွန်မကိုတင် စော်ကားတာအားမရလို့  ဆုံးသွားတဲ့ ကျွန်မ မိဘတွေကိုပါ ရှင်ကစော်ကားလိုက်တာပေါ့လေ”


ချိန်းစကားကြောင့်သူမ အတော်ကို နာကြည်းသွားရသည်။

တခြားစကားနှင့် အနိုင်ပိုင်းလျှင်တောင် သူမ ဒီလောက်နာကြည်းမည် မထင်။

အခုသူမ သိပ်ချစ်ရတဲ့ မိဘနှစ်ပါးကို ထိပါးပြီးပြောဆိုလာတော့ သူမ ခွင့်လွှတ်သည်းခံစရာ ဘာအကြောင်းမှမရှိ။


ချိန်း ရှင် သိပ်ကိုတရားလွန်သွားပြီ အရှုံးပေးထားပါလျက်နဲ့ ကျွန်မကို အထက်ထက်ခါခါ အနိုင်ပိုင်းတယ်

ရှင့်ရဲ့ဒီစကားအတွက် ကျွန်မရှင့်ကိုလုံးဝ ခွင့်မလွှတ်တော့ဘူး


သူမ ချိန်းအား စူးရဲမုန်းတီးစွာ ကြည့်လိုက်ပြီး


“ရှင်မှတ်ထား ဒီနေ့ကစပြီး ... ကျွန်မရှင့်ကို အရင်လို သည်းခံနေမှာ မဟုတ်တော့ဘူး 

အရင်က ရှင်ပြောသမျှ သည်းခံပြီး

ရှင့်အလိုအတိုင်းနေခဲ့တာက ကျွန်မ ရှင့်စီကနေ အစ်ကိုအရင်းတစ်ယောက်လို ဖြူစင်တဲ့ မေတ္တာလိုချင်ခဲ့လို့

အခုကစပြီး ရှင်ကကျွန်မအမြင်မှာမုန်းစရာကောင်းတဲ့လူ ၊ 

ရွံ့စရာကောင်းတဲ့ တဏှာရူးပဲ”


“ထက်ပြောဦးမယ်  

ရှင်က ကျွန်မကို ဦးလေးကိုမြူစွယ်တယ်လို့ ပြောတယ်နော် အခုကစပြီး 

ကျွန်မဦးကို အပိုင်ချုပ်ပြီး အရယူပြမယ် အဟင်း 

အဲ့ဒါ ရှင့်ကိုမုန်းလို့ပဲ“


ချိန်းမျက်နှာတွေ ထိန်းမရအောင် ပျက်သွားရသည်။

သူမစကားကြောင့် ချိန်းရင်ထဲ အသဲခိုက်အောင်နာကြင်သွားရသည်။


“မင်း!”


“ရှင်စောင့်ကြည့်လိုက်ပါ “


ဒါ ဒါဘာလဲ ဘာလို့ သူမပြောလိုက်တဲ့ စကားလုံးတွေတိုင်းမှာ ငါ့ရင်ထဲက တဆစ်ဆစ်နဲ့ နာကြင်နေရတာလဲ....


သူမကို ငါတကယ်ပဲ ချစ်နေမိတာလား

မဖြစ်နိုင်ဘူး မဟုတ်ဘူး မဟုတ်ဘူး

ငါချစ်တာက သျှားကိုပါ 

သူမကို ငါမချစ်ဘူး၊သူမကို ငါဒီအတိုင်း စမ်းသပ်ပြီး အနိုင်ယူခဲ့ ချင်ယုံလေးပါ။


နောက်ပြီး အဖေ အဖေကို သူမစီပါသွားမှာ ငါမလိုလားဘူး

အဖေက ငါ့အပိုင် ငါ့စီကနေ ဘယ်သူမှ လုယူလို့မရဘူး

အမေမရှိတော့ကတည်းက အဖေက ငါ့အတွက် မရှိမဖြစ်ပဲ။

အဖေက ငါ့ရဲ့အချစ်ရဆုံးသူပဲ


အဖေ နောက်အိမ်ထောင် ပြုခဲ့မယ်ဆိုရင်တောင် အဖေနဲ့အသက်ရွယ် ညီမျှတဲ့သူကိုပဲ ငါလက်ခံနိုင်မယ်။

ဒီလို ငါ့ထက်ငယ်တဲ့ သူမကို အမေမတော်နိုင်သလို/အမေနေရာလည်း မထားနိုင်ဘူး။


သူ့စကားတွေ သူမအပေါ် အတော်လွန်သွားမှန်းလည်း သိသည်။

သို့သော် သူမအပေါ် အနိုင်ပိုင်းချင်စိတ်တစ်ခုထဲအတွက် 

ဘာကိုမှ သူမစဉ်းစားပဲ လွတ်ကနဲပြောထွက်သွားခြင်းသာ


“တောက်...မင်း...မင်းတော်တော့ အဲ့စကားတွေပြောနေတာ အခုချက်ချင်း ရပ်လိုက်

ငါပိုင်ဆိုင်သမျှ ပေးဆို ငါပေးမယ် မင်းငါ့အဖေကိုတော့ မထိနဲ့

ငါ့အဖေကိုထိရင်တော့ ငါမင်းကို ခွင့်လွှတ်မှာမဟုတ်ဘူးနော် ”


“အိုးကြောက်လိုက်တာ...အဟင်း...

ဘာလဲ ရှင့် စကားအတိုင်းပဲလေ 

ရှင့်အလှည့်ကျတော့ နာတတ်တယ်ပေါ့

ကျွန်မအပြောခံ ရတုန်းကကျတော့ကော

ကျွန်မကလည်းလေ ရှင့်ကိုနာကြင်စေတဲ့ အရာကိုမှ လုပ်ဦးမှာ”


“တောက်...ငါမင်းကိုပြောနေတယ်! တော်တော့လို့ ! ငါဆက် မကြားချင်ဘူး!”


ပြောရင်း သူမလက်မောင်းနှစ်ဖက်အား ဆွဲညစ်ကာ ခါရန်းလိုက်ခြင်းကြောင့်


“ရှင့်ကို ကျွန်မ အသား မထိနဲ့ လို့ပြောထားတယ်လေ လွှတ် ရွံ့တယ် .....ကဲဟယ်”


“ဒုန်း ...”


“ဟင်!”


သူမ အားစိုက်တွန်းလိုက်တာ ချိန်း စားစောင်းနှင့် တိုက်မိခါ နဖူးမှ သွေးများ စီးကျလာသည်။


သူမမလှဲ လောက်ဖူးထင်၍ တွန်းလိုက်တာ အခုတော့ သူ သူမကြောင့် ဒဏ်ရာရသွားပြီ။


ဒါကလည်း ချိန်း သူမကို အလျော့ပေးလိုက်ခြင်းကြောင့် ဖြစ်မည်။


ချိန်းက သူမအပေါ်အရင်လို စိတ်လိုက်မာန်ပါ မတုံ့ပြန်တော့ပဲ 

သွေးများစီးကျနေသည့် နဖူးအား လက်ခုံဖြင့်ဖိခါ လှဲကျသွားသည့် နေရာမှ ထရပ်လိုက်ပြီး


“မင်း ကျေနပ်တယ်မလား 

ဒါက မင်းကို အနိုင်ကျင့်ခဲ့တာတွေအတွက် အလျော်ပြန်ရတယ်လို့ မှတ်လိုက်ပါ

တစ်ခုပဲ ငါ့အဖေကိုတော့ မင်းလာမထိနဲ့”


သူ့စကားကြောင့် သူမ မကျေနပ်သည့် ဟန်ဖြင့်

“အဟင်း..ဒါက နည်းသေးတယ် ရှင့်လိုလူကို ဒီထက်မက ကျွန်မက မှတ်လောက်အောင် နာကြင်စေချင်သေးတာ”


ချိန်း သူမအား နုတ်ခမ်းလေး တစ်ဖက်စောင်းခါ ရယ်ပြလိုက်ပြီး

“ဟုတ်ပြီ ...ငါကျေကျေနပ်နပ်ကြီး ခံယူမှာပါ ... ဒါမယ့် မင်းငါ့အဖေကိုတော့ လုံးဝမထိပါနဲ့

မင်းသွားလို့ ရပြီ”


 ချိန်း၏ “သွားလို့ရပြီ “ဆိုသည့်စကားကြောင့် သူမထွက်သွားရန် ပြင်ပြီးခါမှ 


“နေဦး ...ကျွန်မ တာဝန်ယူမှု မရှိတဲ့သူ မဖြစ်ချင်ဘူး ကျွန်မကြောင့် ရှင်ဒီလို ဖြစ်ရတာဆိုတော့ ကျွန်မ ဆေးတော့ထည့်ပေးခဲ့မယ်”


ချိန်းသူမအား ဘာမှ ပြန်မပြောပဲ တည်ငြိမ်အေးဆေးစွာ ပြုံးပြလိုက်သည်။

ထိုအပြုံးတို့တွင် အပစ်ကိုခံယူခြင်း၊တောင်းပန်ခြင်း၊ကြင်နာယုယခြင်း၊ချစ်ခင်နှစ်သက်ခြင်း များစွာဖြင့် အဓိပ္ပာယ်အများကြီးပါဝင်နေသည်။


သူ့အပြုံးကြောင့် သူမ ကျောစိမ့်သွားရပြီး ဘာအဓိပ္ပာယ်နဲ့ပြုံးမှန်း သူမ မသိချေ။

သူမကို သူသင်ပေးခဲ့သည်က အမြင်မကြည်ခြင်း ၊မုန်းတီးခြင်းနှင့် ပက်သက်သည့် အပြုံးနဲ့အကြည့် တွေကိုမလား.....။


***~~~***~~~***~~~


မဟာမြတ်မုနိမြတ်စွာဘုရားကြီးအား ဦးတိုက်ကန်တော့ ပြီးသည်မို့ .....


“အော...ရှင်အတော်ချောတာပဲ နောက်တစ်ပုံ နောက်တစ်ပုံ ဒီလိုလေး ပိုစ့်ပေး ဒီလိုလေး ဒီလိုလေး “


“ဒီလိုလား “


“အဲ...အဲ ဟုတ်တယ် ဟုတ်တယ် good good”


တစ်ယောက်နှစ် တစ်ယောက် ဘုရားရင်ပြင်ပေါ်တွင် အပြန်အလှန် ဓာတ်ပုံတွေ ရိုက်ရင်း ကြည်နူးစရာ အခိုက်တန့်ပေါ့.....


“ဒီမှာကြည့် ကျွန်မရိုက်ပေးတာ တော်တယ်မလား show လိုက်ဦး

အလန်းတွေကြည်ပဲနော်”


“အန်မာ.. ငါရိုက်ပေးတဲ့ မင်းပုံတွေလဲ လှပါတယ် “


“ဟင့်...


သူမနှာခေါင်းလေး ရှုံ့ပြခါ


ကျွန်မ ရိုက်ပေးတာလောက် မလှပါဘူး”

“အယ် အဲ .... ခလေး ခလေး ခဏ”


ပန်းရောင်းနေသော ကောင်လေးအား သူမ လှန်းခေါ်လိုက်သည်။


“ခလေး မမတို့နှစ်ယောက်ကို ဓာတ်ပုံလေး ရိုက်ပေးပါ့လား ဟင်”


“ဘာလုပ်တာလဲ မင်းဘာသာတစ်ယောက်ထဲ ရိုက်ပါ ငါမပါဘူး”


“အဲ...ရှင်ကလည်း သူငယ်ချင်း အချင်းချင်း အမှတ်တရပေါ့ “


“ဟုတ်ကဲ့ဂျ 

ဒီဘုရားကို လာနေကြ ဧည့်သည်တွေဆို တားကိုပဲရှာပြီး ဓာတ်ပုံရိုက်ခိုင်းကြတာဂျ

ဘာရို့ဆို တားရိုက်ပေးတဲ့ ပုံလေးတွေလှလို့တဲ့ဂျ”


ပန်းရောင်းတဲ့ကောင်လေးမှာ ရှေ့သွားကျိူးလေးနှင့်ပါးနှစ်ဖက်မှာ ပါးကွက်အပြည့် ကွက်ခါ တစ်မျိူးချစ်စရာကောင်းလှသည်။


それはとてもかわいいです

Sorewa totemo Kawaīdesu

အာ ..အရမ်းချစ်စရာကောင်းတာပဲ


“လာ လာ ကျွန်မတို့ ကြေးရုပ်ကြီးတွေနဲ့ ရိုက်ကြမယ်”


“ခလေး မမတို့သွားတဲ့နောက်သာ လိုက်ရိုက်ပေးကွာနော် ပြီးရင်မမ ပန်းတွေလဲဝယ်မယ် မုန့်ဖိုးလည်းပေးမယ်နော်”


“ဟုတ်ကဲ့ဂျ ရပါတယ်မမဂျ”


သူမ သျှား၏ လက်အားဆွဲခါ ဓာတ်ပုံရိုက်ရန် နေရာတွေတစ်ရာပြီး တစ်နေရာသွားခါ ရိုက်လိုက်ပြီး


“မမတို့က ချစ်တူတွေမလား ဂျ  တပုံလောက် ခပ်ရိုရိုလေ ရိုက်ပါဦးလားဂျ”


ယူမီက ကောင်လေးပြောတာကို သဘောကျနေပေမယ့် သျှား ကတော့ ရှက်ခါ ဘာမှမပြောချေ။


“ရိုက်မလားဂျ တားရိုက်ပေးမယ်လေ”


“ဟုတ်ပြီခလေး မမတို့ကို ခပ်Ro Ro လေး ၃ပုံလောက်ရိုက်ပေးနော်”


သျှား သူမဘက်အား တိုးခါ ခပ်တိုးတိုးအသံဖြင့်


“ဟေး မင်းခလေးကို ဘာတွေရိုက်ခိုင်းနေတာလဲ မင်းနဲ့ငါချစ်သူလဲမဟုတ်ဘူး ငါမရိုက်ဘူးနော် မင်းဘာသာရိုက်”


“ဟော် ရှင်ကလဲ just friend တွေပဲ ဒီလိုရိုက်တာ ရှင့်အသားပဲ့ပါ မသွားပါဘူး လာပါ အမှတ်တရပေါ့ ပြီးရင် ကျွန်မ igမှာတင်ပေးမယ် လာ လာ”


“ဟေး..မင်းလျှောက်မတင်နဲ့”


“ဪ လာပါဆို”


“ခလေး မမတို့ရိုက်တော့မယ် “


“ဟူတ်ကဲ့မမဂျ ကိုကြီးဂျ မမခါးလေးကိုအနောက်က ဖတ်လိုက်ပါဂျ”


သျှား စိတ်မပါလက်မပါဖြင့် သူမခါးလေးအား အနောက်မှ ကိုင်ထားလိုက်သည်။


“ကိုကြီးဂျ နည်းနည်းလောက်မမဘက်ကပ်လိုက်ပါဦးဂျ နောက်ပြီး ပြုံးမယ်ဂျ”


“ရှင်ကလဲ ဖတ်မှာဖြင့် သေချာလေးဖတ်လေး ဒါမှ ပုံကောင်းကောင်းလေးရမှာကို 

အေ့ မလှရင် ကျွန်မ ပြန်ရိုက်ခိုင်းမှာနော်“


သူမစကားကြောင့် သျှား သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဓာတ်ပုံမလှလျှင် သူ့အား ထက်ပြီးရိုက်ခိုင်းနေမည် စိုး၍......


{}{}{}{}{}{}{}{}{}{}


ထိခိုက်အောင် လုပ်တုန်းက လုပ်ပြီး အခုတော့ သူမ သူ့အား ဆေးထည့်ပေးရန် ဆေးသတ္တာအား ဖွင့်ကြည့်ရင်းမှ


“အရက်ပြန်လောင်းမလို့ နည်းနည်းစပ်မယ်”


ချိန်းစီမှ ဘာတုံ့ပြန်သံမှ မလာချေ


အရက်ပြန်အား ဂွမ်းပေါ်ရွဲနေအောင်လောင်းလိုက်ပြီး  နဖူးရှိဒဏ်ရာပေါ် သူမဖိသုတ်ပေးနေပေမယ့်


ချိန်းကတော့ ဘာမှမဖြစ်သလိုသာ...


ဟင့် ဒီလောက် သူ့ဒဏ်ရာပေါ် အရက်ပြန်ဖိသုတ် နေတာတောင် မစပ်ဘူးလား မသိဘူး တုံ့တုံ့မှမလှုပ်ဘူး....ကျစ်

ငါ့ကို အရွဲ့တိုက်နေတာများလား...


သူမမနေနိုင်တော့၍...


“ရှင် မစပ်ဘူးလား စပ်ရင် စပ်တယ် နည်းနည်းပါးပါးပြောလေ ဒါမှကျွန်မ..”


“မင်း လုပ်စရာရှိတာသာ လုပ်ပါ ငါဘာမှမဖြစ်ဘူး”


ကျစ်..ဘယ်လိုအရွဲ့တိုက်တတ်တဲ့ လူလဲ......ဘုဆက်ဆက်မာကျောကျောနဲ့


ဆေးထည့်ပေးပြီး သူမအခန်းပြင်သို့ ထွက်သွားတော့သည်။


ယနေ့ဟာ ချိန်းအတွက် မကျခဲ့ဖူးသော မျက်ရည်တွေ ယောကျာ်းတန်မဲ့ ပြိုကျခဲ့ရသောနေ့ဖြစ်လေပြီ။


တိတ်တဆိတ်ရူးရူးမိုက်မိုက် ငိုကြွေးနေရပြီး.....

သူမအပေါ် နောင်တတွေလဲ ရမိသည်။


သူချစ်မိနေတဲ့သူမက သူသိပ်ချစ်ရတဲ့ ဖေဖေကိုမှ အရယူမယ်တဲ့လား....


ကိုယ် အရင်က မင်းအပေါ်မှာ မောက်မာမိခဲ့လို့ တောင်းပန်ပါတယ်

ဒီလိုမောက်မာရတယ်ဆိုတာကလည်း ကိုယ် သိပ်ချစ်တယ် ထင်ခဲ့တဲ့ သျှားရှိနေလို့ပါ။

အခု ကိုယ့်နှလုံးသားရဲ့ အဖြေကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ...


မင်းကို မထိနဲ့ဆို ကိုယ် မထိတော့ပါဘူး

ဒါပေမယ့် မင်းကျေးဇူးပြုပြီး ကိုယ့်အဖေကိုတော့ မယူပါနဲ့

ကိုယ့်နှလုံးသားတွေ ကွဲကြေရသလို

ကိုယ်သိပ်ချစ်ရတဲ့ ဖေဖေကိုလည်း အဆုံးရှုံးမခံနိုင်ဘူး

ကိုယ့်မိခင်နေရာမှာလဲ မင်းကို အစားမထိုးနိုင်ဘူး.....


><><><><><><><><


ညနေစောင်းလေးတွင် ကျုံးဘေးရှိ ထိုင်ခုံတွင် အအေးနှင့်မုန့်သွားဝယ်နေသော ယူမီအား သျှားထိုင်စောင့်နေရသည်။


ခုချိန်ဆို ချိန်း ဘာတွေလုပ်နေမလဲ မသိဘူး

ဟူး...လွမ်းတယ် ချိန်းရာ 


သျှား ဖုန်းအား ထုတ်ကြည့်လိုက်ပြီး ...

ပြန် သိမ်းရန် ပြင်လိုက်သည်။


“တွန်.🎶..တွန်..🎶တွန်🎵”


ဟာ ချိန်းစီကပဲ 


သျှားအတော်လေးပျော်သွားရသည်။ဖုန်းအား မဆိုင်းမတွ ကိုင်လိုက်ပြီး


“ဟယ်လို ချိန်း”

“............”


“ဟုတ်ပြီချိန်း သျှားတို့ ကွန်ဒိုမှာ တွေ့ကြမယ် 

သျှား အခုပဲလာခဲ့မယ်နော်”


“တူ...တူ ..တူ”


ခပ်ပျက်ပျက်ပြောခါ ဖုန်းချသွားသော ချိန်းကြောင့် သျှားရင်ထဲ တစ်ခုခုကိုတော့ စိုးရိမ်နေမိသည်။


“ရော့ ဒါရှင့်အတွက်...”


“ရတယ်ဒါတွေထားလိုက်တော့ ငါ အခု ချိန်းနဲ့ သွားတွေ့ရမယ်”


“ဟမ်...ချက်ချင်းကြီးလား ဒါဆို ဒါတွေကကော “


“မင်းပဲစားလိုက်တော့ ငါ့တို့အခု ဆိုင် အမြန်ပြန်ကြရအောင်”


“ဟော် ရှင်ကလဲ ဇွတ်ကြီးပဲ ..

ကဲလာ လာ”


<><><<><><<<<<<<


အလုပ်ဆင်းချိန်သို့ ရောက်လာခဲ့ပြီး


ဆိုင်အား အလုံးစုံအကုန် သန့်ရှင်းရေးလုပ်ခါ သိမ်းဆည်းပြီးသည်မို့ ဘေးတစောင်း အိတ်လေးလွယ်ခါ ပိုး ထွက်လာခဲ့သည်။

ကော်ဖီဆိုင်လေး၏အကျော် တစ်ထောင့်တစ်နေရာတွင် ..


“တီ..တီ”


“ဟင်!....ဦး”


ကားမှန်မီးခိုးရောင်အား မျက်နှာပေါ် ယုံမျှချထားပြီး ဦးသော်မြင့်ချိန် ပိုးသားကျူးအား ပြုံးပြလိုက်သည်။


“ဦးက သမီးကို လာကြိုတာ နောက်ကျသွားပြီလို့ကို ထင်နေတာ

အခုတော့သမီး ပြန်မှာနဲ့ ကွက်တိ ဆိုတော့ တော်သေးတာပေါ့”


“ဦးရယ် ဒုက္ခခံလို့ ပိုးဘာသာ Taxi ငှါးပြန်လို့ရပါတယ်”


“မဟုတ်တာပဲ သမီးကလည်း သမီးအလုပ်ဆင်းချိန်အမှီ ဦးပဲ အမြဲလာကျိုပါ့မယ်”


“မလုပ်ပါနဲ့ ဦးရဲ့ သမီးလက်မခံပါရစေနဲ့..”


“ကဲ...သမီးက အပြင်မှာ အလုပ်ထွက်လုပ်မယ်ဆိုလို့ ဦးက

ခွင့်ပြုပေးခဲ့ပြီးပြီ

သမီးလုံခြုံမှုအတွက် အကြိုအပို့ကိစ္စကိုတော့ ဦးကိုခွင့်ပြုစေချင်တယ်သမီး...

ဦးပြောတာကို မငြင်းပါနဲ့

မိုးချုပ်တော့မယ်သမီး လာ ကားပေါ်တတ် ဦးတို့ အိမ်ပြန်ကြမယ်”


ဦးသော်မြင့်ချိန်စကားကြောင့် ပိုးလည်း ဘာမှမပြောတော့ပဲ သူ၏လူယုံ ခန့်ကျော် ဖွင့်ပေးသော ကား​ပေါ်သို့ တတ်ထိုင်လိုက်တော့သည်။


ထိုအခါကားလေးမှာ တရိတ်ရိတ်နှင့် ထွက်ခွါသွားတော့သည်။


ဤအဖြစ်ကို ကားမှန်ချကာ အစ/အဆုံး ကြည့်နေသူက ချိန်းပင်ဖြစ်သည်။


ကားစီယာတိုင်ပေါ် တင်ထားသော လက်တို့အား ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း 

ရင်ထဲတွင် ပြောမပြတတ်အောင်ပင် တစ်ဆစ်ဆစ် နာကြင်နေရသည်။


ပြီးနောက် ကားမှန်အား ပြန်တင်ခါ ကွန်ဒိုစီသို့ ဦးတည်မောင်းခဲ့တော့သည်။


~~~~~~~~~~~~~~~


“ဘာရပ်ကြည့်နေတာလဲ မင်းလည်း အခန်းထဲဝင်တော့လေ”


“အော ဝင်မှာပါ ။ ဇွတ်မနှင်ပါနဲ့ “

バカ

Baka 

အရူးရဲ့”


သျှား ပြုံးလိုက်ပြီး တစ်ဖက်အခန်း စီသို့ ဦးတည်လျှောက်သွားရင်း ဘဲလ်တီးလိုက်သည်။


“တီးတောင်.....”


ရုတ်တရက်ဆိုသလို တံခါးပွင့်သွားပြီးသျှားရဲ့လည်တိုင် အင်္ကျီစအား သန်မာသော လက်တစ်စုံဖြင့် စောင့်ဆွဲခြင်းခံလိုက်ရပြီး

အခန်းထဲသို့ ဆွဲခေါ်ခါ နမ်းရှိုက်ခံလိုက်ရသည်။


တရုတ်တရက်မို့ သျှား မျက်လုံးလေးဝိုင်းစက်သွားရပေမယ့် 

သူ့ကို အနမ်းခြွေနေသူက သူချစ်ရသူ ချိန်းဖြစ်နေတာကြောင့် မျက်လုံးလေးမှိတ်ခါ


အလိုက်သင့် ပြန်လည်နမ်းရှိုက်ရင်း...


မိနစ်အနည်းငယ်ကြာတော့..


ငန်ကျိကျိအရသာနဲ့ပူနွေးနွေး အရာတစ်ခုကြောင့် သျှား နမ်းနေရာမှ မျက်လုံးဖွင့််ခါ ကြည့်လိုက်မိ၏


ဟင်!...ငိုနေတယ် 

ချိန်း ငိုနေတယ်


သူတွဲလာသမျှ တစ်လျှောက်လုံး ချိန်းမျက်ရည် ကျသည်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ ။

ယခုတော့......


သျှား ပြန်လည်တုံ့ပြန် မနမ်းတော့ပဲ ရပ်တန့်လိုက်တာကြောင့် 

ချိန်း၏အနမ်းများလည်း တဖြည်းဖြည်း ရပ်တန့်လာသည်။


ထို့နောက် ချိန်း သျှားပုခုံးပေါ် မှီခါ ရှိုက်သံပါသည်အထိ ငိုချလိုက်တော့သည်။


ဪ ချိန်းရယ် ဘာတွေများ ဒီလောက်ထိ ခံစားနေရလို့ ....

သျှားအရှေ့မှာတောင် တစ်ခါမှ မျက်ရည်မကျခဲ့ဖူးတဲ့သူက...

အခုလို ရှိုက်ကြီးတငင် ငိုကြွေး ဖြစ်နေရတာလဲ...


သျှား သူ၏ ပခုံးလေးအား ဖွဖွလေးပုတ်ခါ အားပေးရင်း 


ချိန်းကို သူပေးမိလိုက်သည့် ဒဏ်ရာအား အမှတ်ရသွားပုံပေါ်သည်။


“ချိန်း...ချိန်း”


ပုခုံးပေါ်မှီနေသော ချိန်းကိုယ်လေးအား သူဆွဲမက် လိုက်ပြီး


“ဟင်!....”


နဖူးတွင် ဂွမ်းစအဖြူလေးအား စက္ကူတိပ်ဖြူဖြင့် ကပ်ထားသော ချိန်းအား သူအခုမှ သေချာကြည့်မိတော့သည်။


“ချိန်း! နဖူးက ဘာဖြစ်တာလဲ နောက်ပြီး

နောက်ကျောက ဒဏ်ရာရော ဘယ်လိုနေသေးလဲ သက်သာရဲ့လား အရမ်းနာနေလား”


ချိန်းရဲ့မျက်နှာလေးမှာ ကြေကွဲဝမ်းနည်းမှုတို့ပြည့်နှပ်နေပြီး မျက်ရည်များကလည်း အစမတန် ပြိုလဲကျနေခါ


“အင်း..နာတယ်...အရမ်းနာတယ် ဒဏ်ရာကလည်း နာတယ်

ချိန်းရဲ့ ဟော့ဒီ့ရင်ဘက် ဒီနေရာကလည်း ဆူးပြီး အရမ်းနာနေတယ် သျှား”

ဟီး...ဟီးဟီး ချိန်း အရမ်းနာကြင်နေပြီ သျှားရာ ကယ်ပါဦး”


ဘယ်ဘက် ရင်အုံအား တဘုန်းဘုန်း ထုပြခါ ပြောနေသည့် ချိန်းကို ကြည့်ရင်း သျှား ဝမ်းနည်းမိလာသည်။


ကလေးတစ်ယောက်လို ငိုကြွေးနေပြီး နာကြင်နေသည့် ခံစားချက်တွေကိုပင် ထုတ်ဖော်ပြောမပြတတ် ဖြစ်နေသည့် ချိန်းရဲ့ အဖြစ်က သနားစရာ.ပင်...


“နာနေရင် သျှားဆေးလိမ်းပေးမယ်လေ နော်

မငိုပါနဲ့ ချိန်းရဲ့ 

ချိန်းဒီလိုငိုနေတာကို သျှားမကြည့်ရပ်ဘူး”


ချိန်းမျက်နှာမှ မျက်ရည်တွေအား သျှား လက်ခုံဖြင့်ပွတ်သပ် ဖယ်ထုတ်ပေးရင်း ....


“လာ ဒီမှာထိုင်လိုက် ဆေးလိမ်းပေးဖို့ သျှား ဆေးသတ္တာသွားယူ လိုက်ဦးမယ်နော်”


သျှားထိုင်ခိုင်းသည့် ခုံပေါ်တွင် ချိန်းဝင်ထိုင်လိုက်ပြီး 

ဆေးသတ္တာယူ၍ ပြန်လာခဲ့သည့် သျှား တစ်ယောက် ငေးငိုင်စွာထိုင်နေသော ချိန်းအားကြည့်ခါ


“နောက်ကျောဘက် ဆေးလိမ်းရလွယ်အောင် အင်္ကျီချွတ်လိုက်နော်”


သျှားပြောသလို အင်္ကျီကြယ်သီးတွေအား ချိန်းတစ်လုံးချင်း ဖြုတ်ချလိုက်ပြီး


“သျှား နောက်ကျောက ဒဏ်ရာကြောင့် ချိန်းကိုကူပါဦး”


လက်မောင်းတစ်ဝက်ရောက်ခါမှ ဒဏ်ရာ၏ရောင်ယမ်းမှု အရှိန်ကြောင့်ဆက်မချွတ်နိုင်တော့သည်မို့ သျှားအားအကူညီတောင်း လိူက်ရသည်။


ချိန်း၏အကူညီတောင်းမှုကြောင့် သျှား ကူချွတ်ပေးလိုက်သည်။

အပေါ်ပိုင်း အဝတ်ဗလာကျင်း ဖြစ်နေသည့် ချိန်း၏ဖြောင့်တင်းသည့်ခန္ဓာကိုယ်မှာ အတော်ဆွဲဆောင်မှုရှိခါ ယောကျာ်းပီသလှသည်။

ထို့နောက် အထင်သားပေါ်လာသည့် အညိုပုတ်ရောင် လေးထောင့်ဆန်ဆန် ရောင်ယမ်းနေသည့် ဒဏ်ရာ တစ်ခု.......


နစ်ကနဲ ဆိုသလို ရင်ထဲ ဆူးတစ်ချောင်း စိုက်ဝင်သွားသည့်အလား နာကြင်သွားရသူက သျှားပင်


ချိန်းရယ် ...ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ သျှားမထင်ထားမိခဲ့ဖူး

ချိန်းကို ဒီလို ဖြစ်စေတာ သျှားပါ

သျှားကြောင့် ချိန်းဒီလို ဖြစ်ရတာ

သျှားရဲ့ အပြစ်တွေပါ ချိန်းရာ

ကြည့်ပါဦး ချိန်းဘယ်လောက်တောင် နာကြင်လိုက်မလဲ


ဆေးလိမ်းပေးနေရင်းမှ  ဖြူဝင်းနေသော ချိန်း၏ ကျောပြင်အား တယုတယ ငုံ့နမ်းလိုက်ပြီး

အနောက်မှ သိုင်းဖတ်ထားလိုက်သည်။


ချစ်တယ် ချိန်းရယ်

သျှား ကြောင့် ချိန်း အခုလို ဒဏ်ရာရသွားလို့ တောင်းပန်ပါတယ်။


<><><><>အပိုင်း ၁၁ဆက်ရန်>>

#ခွန်းခတ္တာကြွယ်

အပိုင်း ၁၁


စာဖတ်သူအားလုံးကို ချစ်တယ်♥️🙆🏻‍♀️


rate now: