(🌈အရောင်ပြောင်း ကောင်းကင်☁️ Or
(♥️ပြောင်းလဲတတ်သောချစ်ခြင်း♥️)
ကွန်ဒိုအထက်မြင့် ၅လွှာရှိ ဝရံတာတွင် ချိန်း စီးကရက်ကို စုပ်ဖွာရင်း အဝေးသို့ တွေတွေလေးငေးကြည့်နေမိသည်။
“ချိန်း ဘာတွေငေးနေတာလဲ “
သျှား မေးရင်း ချိန်း အနားသို့ ကော်ဖီခွက် ကိုကိုင်ခါ ရောက်လာခဲ့သည်။
“ဪ ဘာမှမဟုတ်ပါဘူး ဒီလိုပါဘဲ သျှားရာ”
“ဟုတ်ရဲ့လား ချိန်း မျက်နှာကြည့်ရတာ သိပ်မကောင်းဘူးနော် စိတ်ညစ်စရာတွေရှိရင် သျှားကို ရင်ဖွင့်လို့ရနေတာဘဲ ရင်ထဲမျိုသိပ်မထားပါနဲ့ ပင်ပန်းတယ် ချိန်း”
“ချိန်းသိပါတယ် ဒါပေမယ့် သျှားကိုပြောမထွက်ဘူးဖြစ်နေတယ်”
သျှား ချိန်း စကားကြောင့် မျက်မှောင်တစ်ချက်ကျုံ့သွားကာ
“ဘာလို့လဲ ချိန်း ဘာလို့ပြောမထွက်ရတာလဲ ချိန်းကို ချိန်းအဖေကမိန်းမပေးစားတော့မှာမလို့လား ချိန်း”
ချိန်း ခေါင်းခါရမ်းလိုက်ပြီး
“သျှားရာ ချိန်းက အဖေပေးစားတာကိုလက်ခံမယ့် ပုံစံပေါက်နေလို့လား ချိန်း ဘယ်လောက် ခေါင်းမာပြီး အိမ်ပိုင်လဲဆိုတာ သျှားမျက်မြင်ပဲကိုကွာ ချိန်းစိတ်ဆန္ဒမပါပဲ အဖေက ဘာဆိုဘာမှကို စီစဉ်မှာ မဟုတ်တာလဲ သျှားအသိဘဲကို”
ဟုတ်ပါသည်။ချိန်း ပုံစံက ဘုစက်စက်မာကျောကျောနှင့် ပြောရခက်ပြီး ဇွတ်တရွတ်ဆန်ပါသည်။
ချိန်းဟာ မိတဆိုးလေးမို့ ချိန်းအဖေက အရာရာကိုအလိုလိုက်ပြီး စိတ်ကြိုက်ဆိုးစေသည်။
ချိန်းရန်ဖြစ်ရင်တောင် အနောက်မှ ငွေနဲ့ပေါက်၍ ဖြေရှင်းပေးတတ်တာလဲ ချိန်း၏ ချစ်လှစွာသော အဖေပင်ဖြစ်သည်။
ဘွဲ့ရပြီးထဲက ချိန််းဆံပင်ရှည်ထားမှုကိုလဲ ဘာတစ်ခွန်းမှမကန့်ကွက် ကန့်ကွက်၍မရအောင်လဲ ချိန်းက သူ့styleနဲ့သူ ခက်မိုက်မိုက်ဆွဲဆောင်မှုရှိရှိ သန့်ပြန့်အောင်လဲ နေသည်။
ချိန်းဘဝအချစ်ခရီးကိုလဲ ချိန်း၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထားမှန်းလဲ သျှားသိပေမယ့် တမင် ချိန်းဘာကြောင့် စိတ်ညစ်နေသလဲ သိချင်၍ စကားအစ်ခြင်းဖြစ်သည်။
“ဒါဆို ဘာကြောင့် စိတ်ညစ်နေရတာလဲပြောလေကွာ”
ချိန်းစိတ်မရှည်စွာ အသံခက်မာမာဖြင့်မေးလိုက်မှ
“အဖေက မိန်းကလေးတစ်ယောက်ကို အိမ်ပေါ် ခေါ်တင်ထားတယ် သျှား”
“ဟင်”
သျှား ချိန်းစကားကြောင့် မျက်လုံးပြူးမိသည် ။ ဦးလေးသော်မြင့်ချိန်က ဒီအသက်ရွယ်ရောက်ခါမှ မိန်းကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားသည် ဆိုတော့ သျှားအတွေးတွင် နောက်အိမ်ထောင်ပြုမို့များလား ဟုတွေးမိတာတော့ အမှန်ပေ။
“ဟုတ်တယ် သျှား ကောင်မလေးကြည့်ရတာ အသက်က ချိန်းထက်တော့ ငယ်မယ့်ပုံပဲ အဲ့ဒါ ချိန်း.....”
“သိပြီ ချိန်းရဲ့ အမေနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်လို့ ဒီကိစ္စကြောင့် ချိန်းစိတ်ညစ်နေရတယ်ဆိုပါတော့”
သျှား ချိန်းစကားအား ဆုံးအောင်နားမထောင်ဘဲ သူထင်ရာကိုသာ ဇွတ်ပြောချလိုက်သည်။
ချိန်း သျှားစကားကြောင့် ခက်ကြောင်ကြောင်ဖြစ်သွားပြီး...
“ဟာ..ပေါက်ကရ သျှားရာ ဘာတွေပြောနေတာလဲ အဲ့ကောင်မလေးနဲ့ အဖေက ယူစရာလား ကောင််မလေးကို အဖေက သူ့ကျေးဇူးရှင်ရဲ့ သမီးမို့ဆိုပြီး အိမ်ပေါ်ခေါ်တင်ထားတာပဲ”
“ဪ ဒါများ ချိန်းဘာစိတ်ညစ်စရာရှိလို့လဲ ဘာများလဲလို့ အရေးကြီးခွင်ကျယ်လုပ်လို့ စိတ်ညစ်ခံနေသေး ဦးလေးရဲ့ကျေးဇူးရှင်ဆိုမှတော့ ကျေးဇူးရှိလို့ ကျေးဇူးဆပ်ရအောင် ခေါ်တင်ထားတာဘဲ အဲ့ဒါဘာဖြစ်တာမှတ်လို့ကွာ”
“ချိန်း လက်မခံနိုင်ဘူး အဲ့ကောင်မလေးကို သျှားမမြင်ဖူးသေးဘဲ မပြောနဲ့”
ချိန်းစကားကြောင့် သျှား ရင်ထဲပူထူသွားပြီး ငုံ့သောက်နေသောကော်ဖီကိုပင်ဆက်မသောက်တော့ဘဲ ချိန်းအား စူးရဲစွာ မော့ကြည့်လိုက်ပြီး
“ဒါဘာစကားလဲချိန်း ... ချိန်းဘာကိုဆိုလိုတာလဲ”
ချိန်း သျှားကို စူးစိုက်စွာပြန်ကြည့်ပြီး ညိုးငယ်သည့် အပြုံးဖြင့်
“ကြည့် ...တွေ့လား ချိန်းကြောက်တာ ဒါတွေပဲ ဒီလို ချိန်းကို သျှား မသင်္ကာသလိုကြည့်ပြီး ဒီလို သင်္ကာမကင်းတဲ့ စကားမျိူးတွေ ပြောလာမှာကို ချိန်းတွေးကြောက်မိလို့ ခုလိုစိတ်ညစ်နေရတာပေါ့”
သျှားက ချိန်းကို စချစ်မိတဲ့သူမို့ အချစ်လဲကြီးသလို သဝန်တိူမှုကလဲကြီးသည်။သျှားဘက်က စပြီး ချစ်ကြောင်းဝန်ခံတာတောင် ချိန်းဘက်က သျှားကို တော်တော်နှင့် မီးစိမ်းမပြခဲ့ပါ။ဒါကြောင့်မို့ ချိန်းကို တော်ယုံနဲ့ သျှား မယုံကြည်နိုင်သေးပါ။ စိတ်လဲမချနိုင်ပါ။သျှားမျက်စိရှေ့တွင်ကို ချိန်းရဲ့ ဆံနွယ်ရှည်ရှည်နဲ့ မိန်းမဆန်စွာ ချောမောခန့်ညားမှုကြောင့် နုတ်ခမ်းနီမတွေ အသဲစွဲဖြစ်နေတာကိုလဲ မြင်ထားတွေ့ထားသည်။သျှားလို မော်ဒယ် တစ်ယောက်တောင် ချိန်းရဲ့ စန်းကိုမမှီပါ။
“ကြောက်တယ်ဟုတ်လား သူသိပ်လှလို့လား ချိန်း ဒါမှမဟုတ် သူက ချိန်းကို မြူစွယ်နေလို့လားချိန်း”
“အဟား သျှားကကွာ မိန်းကလေးဆန်တာ စကားကြီးက အဟွန်း”
ချိန်း သျှားစကားကြောင့် ဝရံတာဘက်လှည့်ကာ သောက်လက်စ ဆေးလိပ်ကို စုပ်ဖွားပြီး ရယ်နေမိသည်။
သျှား သောက်လက်စ ကော်ဖီခွက်ကို ဝရံတာဘောင်ပေါ်တင်ပြီး ချိန်းဖွာနေတဲ့ ဆေးလိပ်အားယူ၍ ကြမ်းပြင်သို့ ပစ်ချကာ မီးသက်လိုက်ပြီး..
“ချိန်း သျှားကိုချစ်တယ်မလား”
ချိန်း သျှားအပြုမူကြောင့် အနည်းငယ်ကြောင်သွားပြီး သျှားအမေးကြောင့်
“ချစ်တာပေါ့ သျှားရာ သိပ်ချစ်တာကွ”
သျှား ချိန်းစီက အဖြေကြားသည်နှင့်ချိန်း၏ယောကျာ်းတန်မဲ့ နီရဲပြီးထူအန်းနေတဲ့ နှုတ်ခမ်းတို့အား ဖိကပ်ဆွဲစုပ် နမ်းရှိုက်လိုက်တော့သည်။
အနမ်းတို့က အရိုင်းဆန်စွာ ဆက်လျက် ကုတင်ပေါ်သို့ နှစ်ဦးသား ဗလုံးဗထွေးကျသွားရင်းက အနမ်းမိုးများက ပိုမိုပြင်းထန်ပြီး သည်းကြီးမဲကြီးရွာချနေသည်။သျှား ချိန်း၏ဖြူဖွေးရှင်းသန့် နေသည့် လည်တိုင်တို့အား ဖြည်းညှင်းစွာ အနမ်းတို့ခြွေချရင်း ချိန်းအင်္ကျီမှကြယ်သီးတို့အား တစ်လုံးခြင်းဖြုတ်နေ၏။ ချိန်းမှာလဲ အနမ်းတို့နှင့် ပြန်လည်တုံ့ပြန်ရင်း သျှားဝတ်ထားသည့် ဘောင်းဘီမှ ခါးပက်အားလက်တို့က အလိုလိုလှန်းချွတ်နေမိသည်။လိင်တူချစ်သူနှစ်ဦး အချစ်နွံထဲမှ ရုန်းမထွက်နိုင်အောင်ပင်ချစ်နေကြပြီး ဖြစ်သည်။
~~~~~~~~~~~~>>>>>>
“သမီး ...”
“ရှင် ဦး”
“သမီးနာမည်က ဘယ်လိုခေါ်လဲ”
“သမီးနာမည်က ပိုးသားကျူးပါ ဦး”
“ပိုးသားကျူးတဲ့လား နာမည်နဲ့ လူနဲ့ လိုက်ပါတယ်ကွယ်”
“ဦး နာမည်က ဦးသော်မြင့်ချိန် /ဟိုမှာချိတ်ထားတဲ့ ပုံကတော့ ဦးမိန်းမပုံပေါ့ နာမည်က ဒေါ်နန်းကနရီတဲ့ / ဒီဘွဲ့ရတဲ့ပုံနဲ့ ရိုက်ထားတာကတော့ သမီးအကို ဦးရဲ့သားချိန်းပေါ့”
ဒါကကြီးဝေ ဟိုကောင်မလေးက ရွာခဏပြန်သွားလို့ သမီးရေ သူပြန်လာမှ ကြီးဝေက မိတ်ဆက်ပေးလိမ့်မယ်နော်”
“ဟုတ်ကဲ့ ဦးသမီးမှတ်ထားပါ့မယ်ရှင့်”
“ရော့ ဒါကသမီးအတွက် ဦးဝယ်လာတာ “
ပိုး ဦးသော်မြင့်ချိန် ကမ်းပေးသော အိတ်အားယူလိုက်ပြီး ဖွင့်ကြည့်တော့ i ph ဖုန်း ပါကင်ဖောက်ထားသော ဘူးလေးထွက်လာသည်။ ပိုး ဦးသော်မြင့်ချိန်အား မျက်ဝန်းဝိုင်းလေးများဖြင့် ပြန်ကြည့်မိသည်။
ဦးသော်မြင့်ချိန်က ပိုးအား ကြင်နာမှုအပြည့်ဖြင့် ပြုံးပြကာ
“မငြင်းရဘူးနော်သမီး ဦးဖုန်းကဒ်ကစထည့်ပေးပြီးသား သမီးအဆင်သင့်တန်းသုံးလို့ရအောင် ဦးအားလုံးလုပ်ပေးထားပြီးသား i cloud password ကို ဦးအဲ့ဘူးထဲ စာရွတ်နဲ့ရေးပေးထားတယ် ..ကဲ ..ဦးအလုပ်ကိစ္စရှိသေးတာမို့ ကုမ္ပဏီသွားရဦးမယ် “
“ဟုတ် ဟုတ်ကဲ့ ဦး”
“အိုး တန်ဖိုးကြီးတာတွေ ပေးစရာမလိုပါဘူး ဦးရယ် ။သမီးအတွက် ဒါတွေမလိုပါဘူး ဦးတို့က သမီးကို လုံခြုံအောင်စောင့်ရှောက်ပေးယုံနဲ့တင် ပိုးကျေနပ်လှပါပြီရှင်”
ပိုးအတွေးထဲမှ ရေရွတ်ရင်း သူမ ဒီအိမ်ရောက်မှ မသုံးဖူးတာတွေ သုံးရ/မအိပ်ဖူးတာတွေနဲ့ အိပ်ရ/မစားဖူးတာတွေ စားရသည်။
စည်းစိပ်အပြည့်ကို ဦးကခံစားစေသည်။
သူမသိချင်တာက ဖေဖေက ဒီဦးပေါ် ဘယ်လိူအကြောင်းနဲ့ ကျေးဇူးကြွေးရှိနေသလဲဆိုတာကိုသာ...
>>>>>>>>>>>
📞တီ ..🎶တီ..🎵တီ🎶
“ဟယ်လို ပိုးသားကျူးပါရှင့်”
“..........”
“ဪ ဦးလေး အကိုကအခုချိန်ထိ ပြန်မလာသေးဘူး ။သမီးခုဏက အောက်ဆင်းပြီး ရေသောက်တုန်းက ကြီးဝေ ဧည်ခန်းမှာ ထိုင်နေလို့ မေးလိုက်သေးတယ် ။ကြီးဝေက အကိုပြန်မလာသေးလို့ထိုင်စောင့်နေတာတဲ့”
“......”
“ဟုတ်ကဲ့ ဦးခရီးသွားတဲ့အကြောင်း သမီး အကိုပြန်လာရင် ပြောပြလိုက်ပါမယ်နော် ဟုတ်ကဲ့ ဦးလဲကျန်းမာရေးဂရုစိုက်ပါရှင့် “
ပိုး ဖုန်းချလိုက်ပြီး ကြည့်လက်စ ကိုရီးယားဇာတ်ကားစီ အကြည့်ပြန်ရောက်နေလိုက်တော့သည်။ပိုးသည်နာမည်နဲ့လိုက်အောင် နူးညံ့သူဖြစ်ပြီး လှပပြီးချစ်စရာကောင်းသူလေးလည်း ဖြစ်သည်။နို့နှစ်ရောင်ဝင်းမွတ်လှပတဲ့အသားရည်ကြည်ကြည်နှင့် ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းဝိုင်းလေးတွေ/မဲနက်တဲ့မျက်တောင်ရှည်ရှည်တွေ/စတော်ဘယ်ရီသီးလေးလို ဖူးကြွနီရဲတဲ့နုတ်ခမ်းလှလှတွေကို သဘာဝအတိုင်း မပြင်မဆင်ပိုင်ဆိုင်ထားသူလေးဖြစ်သည်။
ပိုး ဇာတ်ကားသာ မျက်စိကကြည့်နေပေမယ့် အတွေးကတော့ ဖြစ်ခဲ့ပြီးသောအရာတွေစီသို့.....
>>>>>>>>>>>
“ဒီမှာဒေါ်မိုးကြည် ခင်ဗျ ကျုပ်စီကနေ ယူထားတဲ့အကြွေးတောင် မကျေသေးဘဲ နောက်ထက်အကြွေး ထက်ယူချင်သေးတာပေါ့လေ”
“အိုး မောင်ကောင်းခန့်ရယ် အဒေါ်တကယ်လို အပ်နေလို့ပါ လုပ်ပါ ၁၀သိန်းလောက် ခဏလှည့်ပါ “
ကောင်းခန့် ဒေါ်မိုးကြည်အား ညစ်တစ်တစ်မျက်ဝန်းမှေးမှေးကြီးဖြင့် ပြုံးပြရင်း ခေါင်းကိုခါကာ
“No No No ဒေါ်မိုးကြည် ခင်ဗျ ကျုပ်စီမှာ တင်နေတဲ့အကြွေးက ဒီ ပိုက်ဆံ၁၀သိန်းမယူခင်ကို သိန်း၁၀၀ကျော်နေပြီနော်”
“အိုးကွယ် အဒေါ်ပြန်ဆက်မှာပါ မောင်ကောင်းခန့်ရဲ့ အဒေါ်ကတိတည်တယ်နော် လုပ်ပါ အဒေါ်ထက်ပြီး ကံစမ်းချင်သေးလို့ပါ ဒီခါ နိုင်သွားရင် အဒေါ်မောင်ကောင်းခန့်အကြွေးတွေကိုပါ တစ်ခါတည်းအပြီးဆပ်လို့ရပြီမို့ပါနော် နော် မောင်ကောင်းခန့် အဒေါ်ကို အခွင့်ရေးလေးပေးပါ ဒီတစ်ခါပဲ”
ကောင်းခန့် သူ၏အနောက်က တပည့်ဖြစ်သူအား လက်ပြခေါ်လိုက်ပြီး
“အောင်ဗလ”
“ဗျာ သူဌေး”
“ဒေါ်မိုးကြည်ကို သူလိုတဲ့ငွေပေးချေးလိုက်”
ဒေါ်မိုးကြည်မျက်နှာဝင်းကနဲဖြစ်သွားပြီး ယူလာပေးမည့် ပိုက်ဆံကိုသာ အငမ်းမရ မျှော်နေမိသည်။
ကောင်းခန့် ဒေါ်မိုးကြည်ဘက် ပြန်လှည့်ကာ
“ဒေါ်မိုးကြည် ခင်ဗျ ကတိခင်ဗျတည်နော် အေး မတည်လို့ကတော့ ခင်ဗျအသက်ကို ဖက်နဲ့ထုတ်ထား ကျုပ်အဆိုးမဆိုနဲ့ ကောင်းခန့် ဘဝမှာ မလုပ်ရဲတာဘာမှမရှိဘူး ဆိုတာ ခင်ဗျ အသိဆုံးဖြစ်မှာပါနော်”
ဒေါ်မိုးကြည် ကောင်းခန့်စကားကြောင့် တံတွေးများအားခဏခဏမျိုချမိသည် ။သူမ ပြန်မဆက်နိုင် အသက်ပါပျောက်နိုင်သည်မဟုတ်လား ...။
သို့သော် ဒေါ်မိုးကြည်တွင် သူ့အသက်ကယ်ဆေး ကောက်ကျစ်သည် အကြံဆိုးက ရှိနေ၏။
“အိုးကွယ် မောင်ကောင်းခန့်ရယ် အန်တီတို့က ဒီလိုပြောရမယ့်လူတွေလား အဟင်း မောင်ကောင်းခန့် သမီးလေးပိုးကို မချစ်ဘူးလား”
ကောင်းခန့် ဒေါ်မိုးကြည်စကားကြောင့် အရောင်လက်သွားသည်။ သူဒေါ်မိုးကြည်ကို မကြည်ပေမယ့် ပိုးကိုတော့ အတော် နှစ်သက်သည်။မိန်းမတွေ ပေါပေမယ့် ပိုးကတော့ တခြားမိန်းမတွေနဲ့ မတူဟု သူယူစထားသည်။သူ သူမနှင့်ပက်သက်လာလျှင် လူမပြောနှင့် သူမ၏နာမည်လေးကြားယုံနဲ့တင် သူ့အား ရင်ထဲဝုန်းဒိုင်းကျဲသွားစေသည်။
“ဟွန်း ဘယ်လိုလဲ မောင်ကောင်းခန့်ရဲ့ အမေးလေးဖြေပါဦးလား”