လူမိုက်ကြီးရဲ့နှလုံးသား
ပန်း ကိုအပျိုဆောင်သို့ ခေါ်တာကြောင့်လာမိရပါသည်။အပျိုဆောင်တွင် မိန်းကလေးချောချောများစွာ ရှိနေတာကြောင့်လည်း ပွဲတစ်ခုခုလုပ်ဖို့လားလို့ သူမ တွေးမိရပါသည်။
"ပန်းပွင့်ငယ်တိုင်းပြည်ရဲ့မင်းသမီးပန်းခက်ဆူး လား"
မျက်နှာကြောမာသော အဒေါ်ကြီးရဲ့စကားကြောင့် ပန်း ခေါင်းငြိမ့်ပြမိရပါသည်။ ထိုအဒေါ်ကြီးက သူမကို မနှစ်သက်သလို့ကြည့်နေတာကြောင့် ပန်းလည်း မျက်နှားထားတည်တည်နေမိရပါသည်။ပန်း လူအများရဲ့အရှေ့မှာ အားငယ်စိတ်ဝင်လို့မရဘူးလို ခံယူထားပါသည်။ပန်းပွင့်ငယ်တိုင်းပြည်ရဲ့မင်းသမီးအနေဖြင့် မာနတော့ထားရမယ်လိုထင်ပါသည်။
တိုင်းပြည်အားလုံးရဲ့ မင်းသမီးတွေဆုံပြီးဆိုတော့ အခုလိုခေါ်ရတာကတော့ နောက်တက်မဲ့ဘုရင်ရဲ့မိဖုရားနေရာကို ဒီကမိန်းမပျိုတွေအားလုံးထိုက်တန်မတန် အရည်အချင်းစစ်ဖို့ပါ ဒါကြောင့်ပြိုင်ပွဲလေးတစ်ခုလုပ်ပါမယ် ဘာပြိုင်ပွဲလည်းဆိုတော့ မယ်တော်ကြီးက မိန့်တော်မူပါမယ်"
အရမ်းချောမောလှတဲ့ မယ်တော်ကြီးကိုအခုမှမြင်ဖူးတာကြောင့် ပန်းခဏတော့ငေးကြည့်မိရပါသည်။ တကယ်ကျက်သရေရှိတဲ့အမျိုးသမီးလို့ ကောက်ချက်ချမိရ၏။
ပထမဆုံးပြိုင်ပွဲကတော့ အမျိုးသမီးတစ်ယောက်ရဲ့အလုပ်ဖြစ်တဲ့အချက်အပြုတ်ဆိုင်ရာပါ အစားအစားကိုကျန်းမာရေးနဲ့ညီညွတ်ပြီးချက်ပြုတ်ပေးနိုင်တဲ့ မိန်းမကို ယောကျာ်းတိုင်းကနှစ်သက်ပါတဲ့ ဒါကြောင့် မနက်ဖြန်မှာ မီးဖိုချောင်မှာ ကိုယ်ဘာသာအစားအစားချက်ပြုတ်ရပါမယ်"
"မယ်တော်ကြီး"
"မင်းသမီးထိပ်ထားလေး ဘာပြောချင်လို့လဲ"
"ပြိုင်ပွဲကမနက်ဖြန်စမှာလား သိပါရစေရှင့်"
"မနက်ဖြန်စမှာပါ ထိပ်ထားလေ"
"ဟုတ်ကဲ့"
"အားလုံးရော ဘာမေးစရာရှိသေးလဲ"
မယ်တော်ကြီးအမေးကို ပန်း လက်ကလေးထောင်ပြရမိသည်။မယ်တော်ကြီးအကြည့်က ပန်းဆီသို့ရောက်ကျလာတာကြောင့် သူမ နှစ်လိုဖွယ်ပြုံးမိရပါသည်။မယ်တော်ကြီးကတော့ ရုပ်တည်ဖြစ်သာ ပြန်တုံ့ပြန်တာကြောင့် ပန်း ပြုံးနေတာရပ်သွားရပါသည်။
"ဘာမေးချင်တာလဲ"
"ပြိုင်ဝင်တဲ့ မင်းသမီးအားလုံးကို တစ်ဆောင်ထဲထားမှားလားရှင့်"
"အမှန်ပဲ မင်းမေးချင်တာဒါပဲဆိုရင် အားလုံးပဲ ဒီကအပျိုထိန်းအနောက်သို့လာသွားကြပါ "
"ဟုတ်ကဲ့ပါ မယ်တော်ကြီး"
အားလုံးကပြိုင်တူ ပြော၍ အထိန်းတော်နောက်သို့ လိုက်လာကြပါသည်။တစ်ဆောင်ထဲမှာ မိန်းကလေ အယောက်၂၀အတူတူနေရတာကြောင့် စိတ်ညစ်ရပါသည်။အားလုံးကတိုင်းပြည်တွေရဲ့ မင်းသမီးဖြစ်တာကြောင့် ဘယ်သူမှမဖော်ရွှေပါ။ ပန်းကတော့ ကိုယ်ခုတင်မှာပဲ ထိုင်၍ ဆေးစာအုပ်ဖတ်နေရပါသည်။ပန်း ဆေးစာအုပ်ထဲအာရုံရောက်နေတုန်း မင်းသမီးနှစ်ယောက်ရန်ဖြစ်သံကြောင့် အာရုံပျက်သွားရပါသည်။
စကားပြောဆင်ခြင်ပါ ရွှေပန်းတိုင်းပြည်က မင်းသမီးဆိုလည်း ဒီကအထင်မကြီးပါဘူး ငါလည်းရတနာတိုင်းပြည်ကမင်းသမီးပဲ"
"အဲဒါငါကဘာလုပ်ရမှလဲ ငါခုတင်ပေါ် နင်ရဲ့ဟာတွေလာမတင်ဖို့ပဲပြောတာ "
"မှားပြီးတင်မိတာလေး နင်ခုတင်ကျိုးပဲ့သွားလို့လား"
ဘယ်မင်းသမီးကမှ ဝင်မတားဘဲ ရပ်ကြည့်နေတာကြောင့် ပန်းလည်းဘာလုပ်ရမှန်းမသိပါ။အခြေနေဆိုးရင်တော့ ဝင်ပါရမယ်ထင်၏။
"မကျိုးပဲ့ပေမဲ့လည်း ငါမကြိုက်ဘူး"
"မကြိုက်တော့ နင်ကဘာလုပ်ချင်လဲ"
နင်...တစ်ဖက်ကမင်းသမီးက စကားကိုဆက်မပြောဘဲ ဆံပင်ကိုဆောင့်ဆွဲပစ်။ဟိုမင်းသမီးကလည်း မခံပါ ပြန်လှည်၍ ဆံပင်ကိုဆောင့်ဆွဲသောကြောင့် အဆောင်တစ်ခုလုံးဗြောင်းဆန်လျက်ပါ။ ပန်း ကတော့ရပ်ကြည့်မနေဘဲ နှစ်ယောက်လုံးကို ဝင်ဆွဲမိရပါသည်။
"တော်ကြပါတော့ အချင်းချင်းရန်မဖြစ်ပါနဲ့ ပြေပြေလည်လည်နေကြပါရှင့် မင်းသမီးဆိုတဲ့အရှက်ကိုလည်းထိန်းကြပါအုံး"
"နင်က ဘာဝင်ပြီးဆရာလုပ်တာလဲ "
"ကျွန်မ က ဝင်ပြီးတားတာပါ"
"တားတာကလည်း ဒီမှာ ကိုယ်နဲ့မဆိုင်ရင်ဝင်မပါရဘူး နင်လို့တိုင်းပြည်ငယ်တစ်ခုရဲ့ မင်းသမီးကများ ဒီထဲမှာ နင်တို့တိုင်းပြည်ထက်သာတဲ့ တိုင်းပြည်ကမင်းသမီးတွေချည်းပဲ"
"မင်းသမီးထိပ်ထားပြောတာ ထောက်ခံတယ် နင်လို့သေးငယ်တဲ့တိုင်းပြည်က မင်းသမီးနဲ့ တစ်ခန်းထဲနေရလို သနတဲ့"
"မင်းသမီးကြယ်စင် စကားပြောဆင်ခြင်ပါ ကျွန်မကို သနရအောင် ကျွန်မက နူနာဆွဲနေတဲ့ရောဂါသည်မဟုတ်ပါဘူး"
မင်းသမီးတွေ ရန်ဖြစ်ခွင့်မရှိဘူးနော် ကိုယ်နေရာကိုယ်နေကြ နောက်တစ်ခါ ရန်ဖြစ်ရင်ပြိုင်ပွဲထဲမှာ ဝင်ပြိုင်ခွင့်မရှိတော့ဘူး"
အပျိုထိန်း လာပြီးပြောတာကြောင့် ရန်ပွဲကရပ်သွားသလို အားလုံးကတိတ်ဆိတ်သွား၏။ ပန်း ကတော့ ဆုံးဖြတ်ချက်တစ်ခုချမိသည်။ပြိုင်ပွဲကနေမြန်မြန်ပြုတ်အောင်လုပ်ပြီး ပန်းပွင့်ငယ်တိုင်းပြည်ကိုပြန်ဖို့ပါ။
သူရိန် ဓားရည်လေ့ကျင့်ပြီးတော့ မြှားပစ်လေ့ကျင်၏။ပစ်မှတ်တိုင်းကို အလယ်တည့်တည့်ထိမှန်တာကြောင့် ကိုယ်ကိုကျေနပ်မိရပါသည်။ မြှားပစ်လေ့ကျင့်ပြီးတော့ မြက်နုနုလေးတွေစားနေတဲ့ ကလက်ဆီဆီသို့သွား၏။
"ကလက်ဆီ ငါမိဖုရားရွှေးတဲ့ပွဲလုပ်တာမှန်ရော့မှန်ရဲ့လား"
"အက်ဟီးးး"
ခေါင်းခါပြီးမြည်းဟီးပြတာကြောင့် သူရိန် မျက်ခုံးတွန့်မိရပါသည်။
မင်းကခေါင်းခါပြလည်း မယ်တော်ကြီးကပြိုင်ပွဲလုပ်နေပြီး တားလို့လည်းမရတော့ဘူး မနက်ဖြန် အစားအစားချက်ပြုတ်ပြီးပြိုင်မယ်တဲ့ ပန်းခက်ဆူး နိုင်မယ်ထင်လား "
ကလက်ဆီ ထပ်၍ ခေါင်းခါပြတာကြောင့် သူရိန် စဉ်းစားမိရပါသည်။
မင်းကဘာလို ခေါင်းခါပြတာလဲ ဟိုတောရွာမှာတုန်းက သူလက်ရာငါစားဖူးပါတယ် အရမ်းအရသာရှိတာကို့ သူသေချာပေါက်နိုင်မှာ ဟာ ငါအခုမှာစဉ်းစားမိတယ် သူကငါကိုမုန်းနေတာဆိုတော့ ပြိုင်ပွဲရှုံးအောင်လုပ်နိုင်တဲ့ မဖြစ်ဘူး ငါတစ်ခုခုစီစဉ်ရမယ် လာ နန်းဆောင်ထဲကိုအမြန်သွားကြမယ်"
သူရိန် ကလက်ဆီကိုစီး၍ နန်းဆောင်ထဲသို့လာခဲ့၏။ထိုနောက် အပျိုတော်အဆောင်သို့ ဘယ်သူမှမမြင်ဝင်ခဲ့သည်။ မိန်းကလေးတွေအများကြီးကိုမြင်တာကြောင့် အပုန်းအကွယ်ယူပြီး ပန်း ကိုချောင်းကြည့်ရပါသည်။ ထိုစဉ် မင်းသမီးတစ်ပါးက သူပုန်းနေတဲ့နေရာသို့လာတာကြောင့် သူရိန် အသက်အောင့်၍ နေမိရသည်။ခိုးကြောင်ခိုးဝှက်တစ်ခါမှမလုပ်ဘူးတာကြောင့် ရင်ခုန်သံတွေမြန်ရပါ၏။ထိုမင်းသမီးက သူခုတင်ဆီပြန်သွားတာကြောင့် သက်ပြင်းချမိ၏။
ပန်း ဆေးစာအုပ်ဖတ်နေရင် ဟိုဘက်နားက လူရိပ်ကိုတွေ့နေရသဖြင့် တိတ်တ်ိတ်ကလေး ထိုနားသို့လာခဲ့၏။
ဘုရားရေ လူမဟုတ်ဘဲ သရဲဆိုရင် ငါအသက်ထွက်မယ်ထင်တယ် လက်နက်ဆိုလို့ လက်ထဲကဆေးစာအုပ်ပဲရှိတယ် ဘယ်လိုလုပ်ရမလဲ ဪဘာကြောက်စရာရှိလို့လား ငါသိုင်းသင်ထားတာပဲကို့ "
ပန်းတစ်ယောက် ကြောက်ရွံစိတ်ကိုဖျောက်၍ ထိုနားသို့လာ၏။ သူရိန်ကတော့ သူမ လာတာမြင်တာကြောင့် ပြုံးပြီး အနားရောက်လာတာနဲ့ တစ်ပြိုင်တဲ့ ပါးစပ်ပိတ်၍ ချောင်ကျတဲ့နေရသို့ခေါ်သွား၏။ပန်း ကြောက်လန့်တကြားရုန်းနေမိပါသည်။
"ဟိတ် သိပ်မရုန်းနဲ့ငါ"
"ရှင်အပျိုဆောင်ထဲခိုးဝင်လာတာလား"
"ဟုတ်တယ် မင်းကိုတွေ့ချင်လို့"
သူရဲ့အပြောကြောင့် သူမ မျက်စောင်းထိုးမိရ၏။
မင်း မျက်စောင်းအရမ်းထိုးလွန်တဲ့နော် ငါအသဲယားလွန်တဲ့"
"အသဲယားရင် ကုတ်ပစ်လိုက် "
"အသဲယားရင်မကုတ်တတ်ဘူး ဖက်ပဲနမ်းတတ်တဲ့"
ပြောလည်းပြော သူမရဲ့ ပါးပြင်အိအိလေးကို သူရဲ့နှာခေါင်းနဲ့ နစ်ဝင်အောင်နမ်းရှိုက်မိရသည်။ပန်း အတင်းရုန်းပြီး သူနမ်းထားတဲ့ပါးပြင်ကို အကြိမ်ကြိမ် လက်နဲ့ပွတ်သုတ်မိ၏။
"ဟာ ငါကိုရွံတဲ့သဘောလား မင်းနော်"
"ဘာဖြစ်လဲ ရှင်နောက်တစ်ခါ ကျွန်မကိုအဲလိုမလုပ်နဲ့ ကျွန်မ မကြိုက်ဘူး"
"မင်းမကြိုက်ပေမဲ့ ငါကြိုက်တယ် အရမ်းအဖြစ်သည်းမနေနဲ့ မင်းရဲ့တစ်ကိုယ်လုံးကို ငါပိုင်ပြီးပြီး"
"ရှင်နော်!!!"
"အမှန်တရားပဲ မင်းမှတ်မိတယ်မဟုတ်လား မင်းရဲ့တိုင်းပြည်မှာ ငါမင်းကို.."
တော်တော့ ဆက်မပြောနဲ့ ရှင်မှတ်မိရင်ပြီးရော့ကျွန်မလည်း အဆောင်ထဲပြန်ဝင်တော့မယ် ရှင်လည်းသွားတော့"
"မင်းပြိုင်ပွဲမှာ နိုင်ပါစေ"
"ဟွန့်"
သူမ သူကိုမဲ့ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။သူကတော့ မနက်ဖြန်အကဲဖြတ်မယ် လူကြီးငါးဉီးကိုသူဆီသို့လာရန်ခေါ်ခိုင်း၏။
မင်းသား ကျွန်တော်မျိုးတို့ကို ခေါ်ရတဲ့အကြောင်းအရင်းကဘာပါလဲ မင်းသား
"မနက်ဖြန် ပြိုင်ပွဲမှာ ပန်းဆူးခက်မင်းသမီး ဟင်းချက်တာဘာပဲဖြစ်ဖြစ်ကောင်းတဲ့လို့လျှောက်တင်ပေးရမယ်"
"မင်းသား ပြိုင်ပွဲအတွက်မတရားကြောင်းပါ "
"တရားတာ မတရားက ငါဆုံးဖြတ်မယ် ငါပြောသလို့မလုပ်ရင်တော့ မင်းတို့ငါးယောက် ခေါင်းအဖြတ်ခံရဖို့ပြင်ထား ငါလည်း ခေါင်းမြဖတ်ရတာြကာတော့ လက်ကယားနေရော့"
ဟို ၅ယောက် ကြောက်လန့်တကြား နဲ့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်ရပါသည်။မင်းသားအကြောင်းသိတာကြောင့် သဘောတူရပါသည်။
ထိပ်ထားကတော့ သူရဲ့အောက်လမ်းပညာနဲ့ မယ်တော်ကြီးကိုပြုစားထားသည်။ ဘုရင်ကြီးကို ထိပ်ထား ကျန်းမာရေးဆိုးဝါးစေချင်တာပါ။အခုပြန်ကောင်းလာသဖြင့် သူမ တစ်နည်းဖြစ်ကြံစည်ရ၏။ထိပ်ထား အပျိုဆောင်ကနေ ဘယ်သူမှမသိအောင် ခိုးထွက်၍ သမားတော်အဆောင်သို့သွား၏။ ထိုနောက် ဆေးမြစ်တွေပေါ် အဆိပ်ရည်လောင်းထဲထား၏။
ဘုရင်ကြီး နတ်ရွာ မကြာခင်စံရမယ် အောက်လမ်းနည်းနဲ့မအောင်မြင်လဲ ဒီအဆိပ်နဲ့သေအောင်သတ်ရမယ် မနက်ဖြန် ပြိုင်ပွဲရှိတာကြောင့် ငါဆေးမတိုက်ရဘူးလေ ဒါကြောင့်ငါကိုသံသရာဝင်မှာမဟုတ်ဘူး "တွေး၍့ပြုံးပျော်ကာ အပျိုဆောင်သို့ပြန်လာ၏။
မိုးမခတစ်ယောက် ထီးနန်းရရန် ဘုရင်ကြီးကိုလုပ်ကြံဖိုလာခဲ့သည်။မျက်နှာဖုံးတပ်၍ ဘုရင်အိပ်ဆောင်သို့လာခဲ့သည်။ ဉီးရီးတော်ကြီးက အကြံပေးတာကြောင့်ပါ။ပြီးရင် အကိုတော်ကို သတ်ရမယ် သတ်လို့မရရင် သူရဲ့သမားတော်နဲ့ခြိမ်းခြောက်မယ်လို စီစဉ်ပြီးသာပါ။
ပန်း လည်း ရုပ်ဖျက်၍ သမားတော်အဆောင်သို့လာခဲ့သည်။မနက်ဖြန် သူမ ပြိုင်ပွဲဝင်ရမှာကြောင့် ဘုရင် အတွက်ဆေးလာကျိုပေးခြင်းပါ။ လာလမ်းတစ်ဝက်မှာ ဘုရင်အိပ်ဆောင်သို့ လူတစ်ဉီးဝင်သွားတာ တွေ့တာကြောင့် သူမ လိုက်ချောင်းသည်။
ထိုလူက ဘာလဲ ဘာလိုအချိန်မတော် ဘုရင်ကြီးအဆောင်သို့လာရတာလဲ သူမ တိတ်တိတ်ကလေး ဆေးကျိုဖိုသတိမရတော့ဘဲ ထိုလူနောက်သို့လာခဲ့သည်။
ခမည်းတော်ကြီးက သားတော်ကို ထီးနန်းမှမပေးချင်တာ ဒါကြောင့်သတ်ရတော့မှာပေါ့ဆို၍ ဓားကိုဆွဲထုတ်လိုက်သည်။ ပန်း လည်းချောင်းကြည့်နေရာကနေ တစ်ခုခုလုပ်သင့်ပြီးတွေး၍ ဘေးနားက ပန်းအိုးတစ်လုံးကို ရိုက်ခွဲလိုက်သည်။
"ခွမ်းးး"
ညသန်းခေါင်မှာ ပန်းအိုးကျကွဲသံကဆူညံသွားရသလို အဆောင်တွေကလည်း နိုးကြားစွာလာကြည့်ကြသည်။ ပန်းလည်း ချက်ချင်း တစ်နေရာသို့ပုန်းလိုက်သည်။မိုးမခလည်း လျှင်မြန်စွာထွက်ပြေး၏။ထိုနေရာသို့ သူရိန် ရောက်ရှိလာခဲ့သည်။
"ပန်းအိုးက ဘာကြောင့်ကျကွဲရတာလဲ"
"မသိပါဘူး မင်းသား"
မင်းတို့အစောင့်တွေ ဖြစ်ပြီး ဘာကြောင့်မသိရတာလဲ ခမည်းတော်ကို လာလုပ်ကြံရင်တောင်သိမှမဟုတ်ဘူး ကိုယ်အပြစ်ကိုယ်သိကြပါ တာဝန်ပေါ့လျော့မှုကြောင့် အစောင့်တွေအားလုံးကို ဆူးတုတ်နဲ့အချက်၁၀၀ရိုက်စေ စစ်သူကြီးကိုငါဆီခေါ်ခဲ့"
"အမိန့်တော်အတိုင်းပါ မင်းသား"
သူရိန် ထိုနေရာကနေလှည့်ထွက်ဖို့အပြင် မျက်လုံးက ဂါဝန်ပန်းရောင်အစလေးကိုမြင်တာကြောင့်
"ရဲမက်တွေ အားလုံးကိုယ်နေကိုယ်ပြန်သွားတော့!!"
သူရိန် အမိန့်ပေးပြီးသည်နှင့် တိုင်ကွယ်တစ်ခုမှာပုန်းနေလိုက်၏။ မကြာပါဘူး ပန်းရောင်ဂါဝန်နဲ့ မိန်းမပျိုလေးက သုတ်သုတ်နဲ့ထွက်ပြေး၏။ပန်း အမြန်ပြေးရမယ် စိတ်နဲ့ပြေးသော်လည်း အနောက်ကနေ အင်ကျီဂုတ်ကိုဆွဲထားတာကြောင့် ရှေ့မရောက်ဘဲဖြစ်နေ၏။
"ဟမ် ဘာလိုပြေးမရတာလဲ"
"ဘယ်ပြေးလိုရမလား ငါဆွဲထားလို့ မင်းရဲ့ခြေထောက်တောင်မြေကြီးနဲ့လွှတ်နေတာကို့ ပြောစမ်း ဘာအကြောင်းကြောင့် ခမည်းတော်ကြီးရဲ့အိပ်ဆောင်နား ရောက်နေတာလဲ"
အဲဒါက ရှင်အရင်လွှတ်စမ်းပါ ကျွန်မကို ဂုတ်ကနေဆွဲမထားနဲ့မကြိုက်ဘူး"
"ကောင်းပြီး "
သူရိန် လွှတ်လိုက်တော့ ပန်းက မျက်ထောင်နဲ့ကြည့်ပြီး
ကျွန်မ ဆေးသွားကျိုမလို လာတာ အပျိုဆောင်ကနေ ခိုးထွက်လာတာဆိုတော့ သူများမြင်မှာကြောက်ပြီးလာတာကြောင့် လမ်းမှားပြီး ဘုရင်အဆောင်ရောက်လာတာ"
"ဒါဆိုရင် ပန်းအိုးကို မင်းခွဲတာလား"
"အဲဒါက ကျွန်မ ဝင်တိုက်မိတာ"
"သေချာရဲ့လား"
"မယုံရင် ရှင်ဘာသာ အဲဒီအနားမှာထိုင်ပြီးစဉ်းစားကျန်ခဲ့ ကျွန်မ ဆေးသွားကျိုတော့မယ်"
ပန်း သူအရှေ့ကနေလမ်းမြန်မြန်လျှောက်လာခဲ့သည်။ သူကလည်း အနောက်ကနေ ကပ်ပါလာပါ။ သမားတော်အဆောင်အရှေ့ ရဲမက်နှစ်ဉီးက သူရိန်ကိုမြင်တော့ အရိုအသေပြုကြသည်။ ပန်းကတော့ ရဲမက်တွေကိုပုန်းကွယ်ပြီးမလာရတာကြောင့် စိတ်သက်သာမိရသည်။ပန်း ဆေးရှကျတှကေို ခွက်တစ်ခုနဲ့ရွှေးထည့်မိရပါသည်။ပန်းရဲ့ အကျင့်က ဆေးရွက်တွေကို မကျိုခင်မြည်းတတ်တဲ့အကျင့်ရှိပါသည်။ အဲဒါကတော့ ငယ်ငယ်ကလေးတည်းကအကျင့်ပါ။အခုလည်း ဆေးရွက်တစ်ခုကို ကောက်ယူပြီး ပါးစပ်ထဲထည့်မယ် ပြင်တုန်း သူရိန်က ဖြတ်လုသွား၏။
"ရှင်ဘာလုပ်တာလဲ "
"မင်းလို ငါလည်းစားကြည့်မလို့"
"ဒါဆိုရင်လည်း ကိုယ်ဘာသာယူစားပါလား ဟွန့်"
မင်းလက်နဲ့ယူတဲ့ဆေးက ပိုပြီးကောင်းမယ်ထင်လိုပါ ပြော၍ သူရိန် ပါးစပ်ထဲထည့်ပြီး ဝါးပစ်၏။ပန်းကတော့ သူလုပ်ရက်ကြောင့် ဆေးမြည်းချင်စိတ်မရှိတော့ဘဲ ဆေးကျိုဖို့လုပ်၏။ တစ်အောက့်နေတော့ သူရိန် ရုတ်တရက်ပစ်လှဲတာကြောင့် သူမ မျက်လုံးပြူးရပါသည်။
"ရှင်ဘာဖြစ်တာလဲ ကျွန်မ လန့်နေပြီးနော်"
ပန်း သွေးခုန်းနှုန်း စမ်းကြည့်တော့ စမ်းမရတာကြောင့် နှလုံးခုန်နှုန်းကို စမ်းကြည့်၏။နှလုံးခုန်နှုန်းက ရပ်နေတာကြောင့် သူရိန်ရဲ့ နှလုံးကိုခုန်အောင် အကြိမ်ကြိမ် လက်နဲ့ဖိမိရသည်။ သူရိန်ရဲ့ ပါးစပ်ကိုဟပြီး သူမနှုတ်ခမ်းနဲ့ လေမှုတ်သွင်းပေးသည်။ ကံကောင်းစွာဖြစ် နှလုံးခုန်လာတာကြောင့် သူမ. အလျင်အမြန် ဘာဖြစ်တာလဲဆိုပြီး သူရဲ့ကိုယ်ကိုကြည့်မိတော့ အဆိပ်မိမှန်းသိတာကြောင့် အဆိပ်ပွေအောငျ သူရိန်ရဲ့ လက်ထိပ်ကို အပ်နဲ့ဖောက်မိရသည်။တစ်နာရီကြာအောင် သူမ ပြုစုပြီးတော့ သူရိန်ပြန်ကောင်းလာခဲ့သည်။ပန်းကတော့ ဘေးနားကနေဘုရားစာရွတ်၍ သူရိန်နိုးထလာမဲ့အချိန်ကိုစောင့်နေမိရပါသည်။၁၅မိနစ်ကြာတော့ သူရိန် သတိပြန်လည်လာသည်။
"ငါဘာဖြစ်သွားတာလဲ"
ပန်း သူအမေးကိုမဖြေဘဲ သူကိုဖက်ပြီး ငိုမိရပါသည်။သူကလည်း ပြန်ဖက်ထား၍
ငါဘာဖြစ်သွားတာလဲ"
"အီးးးဟီးး ရှင်အဆိပ်မိပြီးသေသွားတာ တော်သေးတယ် အချိန်မှီကုသလို ပြန်ရှင်လားတာ အီးးဟီးး ကျွန်မ ကြောက်နေခဲ့ ရှင်ပြန်မရှင်လာမှာကို "
"မငိုနဲ့တော့ ငါပြန်ရှင်လာပြီးပဲ တိတ်တော့နော်"
ရင်ခွင်ထဲသို့တိုးဝင်လျက်ရှိသော ပန်းရဲ့မျက်နှာလေးကိုဆွဲယူပြီး သူရဲ့လက်ဖဝါးကြမ်းကြမ်းနဲ့မျက်ရည်ဉဉလေးကို သုတ်ပေးမိပါသည်။ သူမ ဘယ်လောက်တောင်ထိတ်လန့်နေခဲ့လဲဆိုတာကို သူမရဲ့မျက်ရည်နဲ့ ချွေးစိုနေတဲ့နဖူးပြင်လေးကိုကြည်ရင်သိနိုင်ပါသည်။ သူရိန် ချွေးစိုနေတဲ့ နဖူးလေးကို သိမ်မွေ့စွာအလိုလို နမ်းရှိုက်မိရပါသည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်