လူမိုက်ကြီးရဲ့နှလုံးသား
ပန်း ဘုရင်ကြီးရဲ့အခြေနေစောင့်ကြည့်နေမိသည်။သူမ ဆေးကျိုတိုက်တာ ကြောင့် အခြေနေတိုးတက်မတက်ကြည့်နေမိရပါသည်။ ဘုရင်ကြီးက အခြေနေနည်းနည်းကောင်းသော်လည်း ကလက်ဆီက အကြောင်းအရင်းမရှိပဲနေမကောင်းတာကြောင့် သူမ ပြုစုရပြန်သည်။
"ကလက်ဆီရယ် ဘယ်လိုဖြစ်ရတာလဲ ဘာလိုဘာမှမစားနိုင်ရတာလဲဟာ ရော့နင်ကြိုက်တဲ့ သစ်တောသီး ငါယူလာတဲ့ စားကြည့်နော်"
"ဟီးးး ဟီးး"
ကလက်ဆီက မစားဘဲ ခုန်ပေါက်နေတာကြောင့် သူမ ရှောင်တိမ်းရပြန်သည်။ ကလက်ဆီ နေမကောင်းတဲ့အကြောင်းအရင်းက ရှာမတွေ့တာကြောင့် စိတ်ညစ်ရပြန်သည်။
ကလက်ဆီ အရမ်းမဆိုးရဘူးလေး နင် အစားမစားတာ တစ်ရက်ရှိနေပြီးလေ လိမ်မာတယ် စားလိုက် ငါခွံကျွေးမယ်"
ပန်း ကလက်ဆီကို ဒီအတိုင်းမကျွေးတော့ပဲ ဘုရားစာရွတ်ပြီးကျွေးတော့ ကလက်ဆီ စားပါသည်။ဒါကြောင့် သူမ ပျော်ရွှင်၍ကလက်ဆီ ရဲ့ခေါင်းကိုဖွဖွလေးပွတ်ပြီး ဘုရားစာရွတ်ပေးသည်။ကလက်ဆီကို အဲလိုပွတ်ပေးတော့ ကလက်ဆီ ပြန်လည်၍ ခုန်ပေါက်မြူးတူးက ပုံမှန်အတိုင်းဖြစ်သွားရသည်။
"ဟမ် ကလက်ဆီ နင်သက်သာရဲ့လား"
"ဟီးးး"
"အခုမှနင်ရဲ့မြည်ဟီးသံကိုကြားရတော့တဲ့ နောက်ဆိုရင် ငါနင်ကိုကရုစိုက်ပါမယ်နော် ဘုရင်ကြီးကရုစိုက်နေရလို့ နင်ကိုကရုစိုက်ဖို့မေ့သွားတဲ့ တောင်းပန်ပါတယ်"
ကလက်ဆီက ပန်း စကားကျေနပ်လိုထင်တယ် သူရဲ့လျာနဲ့သူမရဲ့ ပါးပြင်လျက်၏။ထိုမြင်းကွင်းကိုကြည့်ပြီး သူရိန်မနာလိုဖြစ်ရပါသည်။
ဟေ့ကောင် ကလက်ဆီ ငါရဲ့မိဖုရားရဲ့ ပါးပြင်ကိုနမ်းစရာလား ငါမကြိုက်ဘူးနော်"
"ရှင်ကလည်း ကလက်ဆီ နမ်းတာပဲ ဘာဖြစ်လိုလဲ သူကကျွန်မကို သဘောကျလိုနမ်းတာလေ အခုနေပြန်ကောင်းသွားပြီးသိလား"
"ဟုတ်ပါတယ် ဟေ့ကောင် ကလက်ဆီ မင်းကနှာဘူးပဲ ဟွန့် မိန်းမလှလေးလည်းပြုစုရော့ ချက်ချင်းနေကောငျးသှားတာပဲ နောက်တစ်ခါ နေမကောင်းမဖြစ်နဲ့နော် မင်းခံစားနေရတာ ငါမကြည့်ရက်ဘူးပြီးတော့ သူ့ကို ငါထက်ပိုမချစ်ရဘူးနော်"
"အောင်မာ စိတ်ပုတ်ကြီး "
"စိတ်ပုတ်ကြီး ဟုတ်လား ခေါင်းဖြတ်ခံချင်ပြီးလား အိမ်ရှေ့စံမင်းသားကို မရိုမသေနဲ့ "
"ကြောက်စရာကောင်းလိုက်တာ ခေါငျးဖွတျမယျဆိုပါလား ဗြဲ..ရှင်ကိုကြောက်တဲ့စိတ်တစ်စက်မှ ကျွန်မ ကိုယ်ထဲမှာရှိမနေတဲ့တွက် စိတ်မကောင်းပါဘူး ဗြဲ"
"မင်းငါနဲတွေ့မယ် လွှတ်အောင်ပြေး"
"အရမ်းဆုံးပဲ မိအောင်းဖမ်းစမ်းပါအုံ အမေ့ ကလက်ဆီရေ ငါကိုကာကွယ်ပေးပါအုံး"
သူတိုနှစ်ဉီး ကလက်ဆီကို အလယ်မှာထားပြီး ပတ်ပြေးနေကြသည်။ သူရိန်က ပန်းကို လိုက်ဖမ်းတော့ ကလက်ဆီက ပန်းကို သူကိုယ်ကြီးနဲ့ကာကွယ်ပေး၏။မြင်းစောင်းထဲမှာ ပန်းရဲ့ရယ်သံလေးက ချိုးကူးသံကဲ့သို့ ချိုသာစွာထွက်ပေါ်လာသည်။
"အရှင် နေကောင်းရဲ့လား"
"ဒီနေ့တော့ သက်သာလာပြီး မိဖုရားကြီး "
"အရှင် သက်သာလို အလွန်ပျော်မိတယ် အိမ်ရှေ့မင်းသားက. နှမတော်ကို ပွဲတစ်ခုလုပ်ခိုင်းပါတဲ့ "
"အေး ဘာပွဲတုန်း"
"သူရဲ့မိဖုရားရွှေးချယ်ပွဲပါ အရှင် ဧကရီတိုင်းပြည်ရဲ့ဘုရင်အနားမှာ မိဖုရားအရည်အချင်းအားလုံးပြည်စုံသူကိုသာ ရွှေးချယ်လိုသဖြင့် ဒီပွဲကို ကျင်းပရခြင်းဖြစ်ပါတဲ့ အရှင် လုပ်ခွင့်ပြု"
"အေးလေး ဒီလိုဆိုတော့မဆိုးပါဘူး ဘာပဲပြောပြော ထိပ်ထားလေးက အဲလိုအရည်အချင်းတွေနဲ့ ပြည်စုံမှာသေချာပါတယ်"
"အရှင် အဲဒီမိန်းကလေးကို အရမ်းသဘောကျတဲ့လို့ နှမတော်မြင်မိပါတဲ့"
"သဘောကျတာပေါ့ သူတိုက်တဲ့ဆေးကြောင့် အရှင်အခုလိုပြန်လည်လန်းဆန်းလာတာလေး"
"ဟုတ်ပါတယ် အရှင် နှမတော်လည်း ထိပ်ထားလေးကို ကျေးဇူးတင်ကြောင်းပြောရအုံးမယ် ဒါနဲ့အရှင်ပိုပြီး စိတ်ရွှင်လန်းအောင် ပန်းဉယျဉ်မှာ အပန်းသွားဖြေရအုံးလာ အရှင်"
"နှမတော် စကားအတိုင်းပါ"
ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ အရမ်လှပသော ပန်းဉယျာဉ်သို့ကြွချီသည်။
မဲမှောင်နေသောအခန်းလေးက ကြောက်လန့်ဖွယ်ကောင်းလှသည်။အခန်းရဲ့ အလယ်မှာ အဝိုင်းကြီးတစ်ခုဝိုင်းပြီး လူအရိုးချောင်းတွေ စုထားသည်။ထိုအဝိုင်းကြီးရဲ့ ဘေးမှာ ဆံပင်ဖလျားချ၍ အနက်ရောင်ဝတ်ဆုံဝတ်ထားတဲ့ မိန်းကလေးတစ်ဉီးက မြင်းရုပ်ကလေးကို ကိုင်ပြီးဂါထာရွတ်နေသည်။ ထိုမိန်းကလေး ဂါထာရွတ်သော်လည်း ဘာမှအစွမ်းမပြတာကြောင့် ဒေါသတကြီးနဲ့ မြင်းရုပ်ကို နံရံသို့ပစ်ပေါက်။
"တောက် ဘာကြောင့် ငါဂါထာကမစွမ်းတာလဲ ဟိုမြင်းဖြူကြီးကို မထိရောက်ဘူးလား မဖြစ်နိုင်တာ မနေ့ကတောင် မြင်းဖြူကြီး ခံစားနေရတာကို မြင်တာပဲ ဂါထာအစွမ်းပြေသွားလို့လား ဆရာကြီးကို သွားမေးရမယ်"
ထိပ်ထား အစီရင်လုပ်တဲ့အခန်းကနေထွက်၍ အဝတ်အစားလှဲ၍ အခန်းပြင်ထွက်ခဲ့သော မိဖုရားကြီးနဲ့ ဆုံတာကြောင့် အရိုအသေပြု၏။
မယ်တော်ကြီး ထိပ်ထားရဲ့အဆောင်ကိုကြွမြန်းတာ အကြောင်းတစ်ခုခုရှိလိုပါလား"
"အင် ထိပ်ထားလေးကို ကျေးဇူးတင်ကြောင်းလာပြောတာပါ "
"ရှင် မယ်တော်ကြီး"
"အဟင်း နားရှုပ်သွားပြီးလား ထိပ်ထားလေး တိုက်တဲ့ဆေးကြောင့် အရှင်ပြန်ကျန်းမာလာလို့ပါ"
."အဲဒါကြောင့်ဆိုရင် ကျေးဇူးမတင်ပါနဲ မယ်တော်ကြီးရှင် ထိပ်ထားက စေတနာနဲ့ လုပ်ဆောင်ခြင်းဖြစ်တာကြောင့်ပါ"
"စိတ်ထားလှတဲ့ ထိပ်ထားလေး ပြိုင်ပွဲမှာအနိုင်ရပါစေလို့ဆုတောင်းပေးပါတယ်"
"ပြိုင်ပွဲ"
ထိပ်ထားက မသိသလိုရေရွတ်တော့ မယ်တော်ကြီးက ပြုံး၍
တိုင်းပြည်အားလုံးရဲ့ မင်းသမီးတွေကို ဖိတ်ကြားထားပါတဲ့ နောက်တက်မဲ့ဘုရင်ရဲ့မိဖုရားခေါင်ကြီးနေရာရွေးမလို့ ပြိုင်ပွဲတစ်ခုစီစဉ်ထားပါတဲ့"
"ဟုတ်ကဲ့ မယ်တော်ကြီး"
ထိပ်ထားနဲ့ မယ်တော်ကြီးစကားကောင်းနေတာကြောင့် ထိပ်ထားသူရဲ့ဆရာဆီကိုမသွားလိုက်ရပါ။သို့သော် သူမက အခွင့်အရေးတစ်ခုအရယူခဲ့၏။အဲဒါကတော့ မယ်တော်ကြီးဆံပင်ရှည်အနည်းငယ်ကိုယူခဲ့ခြင်းကြောင့်ပါ။ထိုဆံပင်ရှည်ကို အသုံးပြု၍ မယ်တော်ကြီးကို ပြုစားဖို့လုပ်ဆောင်သည်။
"မင်းသမီးရဲ့ ဆေးအစွမ်းကြောင့် ဘုရင်တိုးတက်လာတာတွေ့ရလို့ ကျေးဇူးတင်ပါတယ်"
"မဟုတ်ရပါဘူး ပန်းကိုကူညီလို သမားတော်ကြီးကိုကျေးဇူးတင်ရမှာပါ သမားတော်ကြီးကိုကျေးဇူးတင်ပါတယ် သမားတော်ကြီး ဆီက ပညာတစ်ချို့ကိုလည်း ပန်း ကိုသင်ယူခွင့်ပြုပါရှင်"
"သင်ပေးရမှာပေါ့ မင်းသမီးကဆေးပညာကို ကျွန်တော်မျိုးဆီမှာသင်ယူလို ဂုဏ်ယူရပါတယ်"
"ဟုတ်ကဲ့ ဒါဆိုရင် ပန်း ဘုရင်ကြီးအတွက်ဆေးကျိုတော့မယ်"
"ကောင်းပါပြီး"
သမားတော်ကြီး ထွက်သွားတော့ ပန်း တစ်ယောက်ထဲ ဆေးကျိုဖို့ပြင်ဆင်ရ၏။ ဘုရင်မသိအောင် ခိုးလုပ်ရတာကြောင့် အကူမရှိပါ။ သူမတစ်ယောက်ထဲ ပင်ပန်းစွာလုပ်ဆောင်ရ၏။ထိုအချိန် သူရိန်ရောက်လာပြီး ပန်းကို ဝိုင်းကူပါသည်။
"မင်းတစ်ယောက်ထဲ ပင်ပန်းနေမယ် ငါဝိုင်းကူမယ်"
"ရှင်လုပ်တတ်မှာမဟုတ်ဘူး ကိုယ်ဘာသာအေးဆေးနေပါ"
"ငါကိုများ အထင်သေးလို့ ပြော ဘာလုပ်ရမလဲ"
"သွားစမ်းပါရှင့် ကျွန်မဘာသာတစ်ယောက်ထဲ ဆေးကျိုမယ်"
"ဝိုင်းကူမယ် ဒါငါအမိန့်"
"ပြီးတာပဲ ရော့ဒီဆေးရွက်ထောင်း ညက်နေအောင်ထောင်းနော်
ပန်း ခိုင်းတာကိုသူ့လုပ်သော်လည်း မကျွမ်းကျင်သောကြောင့် ဆေးရွက်တွေက ဖိတ်တစ်ဝက်စဉ်တစ်ဝက်ပါ။ ဒါကြောင့် ပန်း ဒေါသထွက်ပြီး သူရဲ့ဆံပင်မွှေးကိုဆောင့်ဆွဲမိရပါသည်။
"အားး နာလိုက်တာ မင်းနော်ငါက.."
"နာရင်သေလိုက် ကြည့်အုံးဆေးရွက်တွေနာမျောစရာကြီး လောကမှ ကျွန်မစိတ်အတိုဆုံးက ဆေးရွက်တွေကို ပျက်စီးအောင်လုပ်တဲ့သူပါ။ ကြည့်ပါအုံး နှာမျောလိုက်တာ သွား ဝေးဝေးမှာသှားထိုငျနေ"
မိခင်တစ်ယောက်ကသူရဲ့ကလေးကိုဆူသလိုဆူပစ်၏။သူရိန်ကတော့ထူးဆန်းစွာ ဒေါသမထွက်တဲ့အပြင် ပန်းရဲ့ဆူပူမှုကိုပျော်နေလျက်ပါ။သို့သော် ရန်ဖြစ်ချင်တာကြောင့်
မင်းနော် ဧကရီတိုင်းပြည်ရဲ့ဘုရင့်ဖြစ်မယ်သူကို ဆံပင်မွှေးဆွဲစရာလား ခေါင်းဖြတ်ခံချင်ပြီးလား"
"ရှင်ရော့ ထိပ်ပြောင်ချင်ပြီးလား ဟွန့် ခေါင်းဖြတ်မယ်ဟုတ်လား ကြောက်စရာချည်းပဲ ရှင့်ကြောင့် ကျွန်မ ဆေးရွက်တွေအလကားဖြစ်ကုန်ပြီး"
"ဆေးရွက်တွေအများ တောထဲမှာ ရှာခိုင်းလို့ရတယ်သိလား အများကြီးရှိတယ် သူဆေးရွက်လေး နည်းနည်းဖိတ်တာကို ဒေါသကကြီးနေလိုက်တာ"
ပန်း မျက်နှာကြောတင်း၍ ခါးထောက်ပြီး သူရိန်ကို ရန်တွေ့မိရသည်။
ရှင်ကလေ ဘာမှကိုမသိတဲ့ လူပဲ ဒီဆေးရွက်တွေက တောထဲမှာ လွယ်လွယ်ရှာလိုရတာမဟုတ်ဘူး ခက်ခက်ခဲခဲ ရှာရတာ ပြီးတော့ ကျန်းမာရေးအတွက်အရမ်းကောင်းတာ ရှင်ကတော့ လွယ်လွယ်တောထဲမှာရှာလိုရတဲ့ထင်နေရင်သွားရှာကြည့် ဆေးရွက်တော့ မတွေ့ဘူး ရှင်ခေါင်းကဆံပင်ဆောင့်ဆွဲတဲ့ မျောက်မနဲ့တွေ့မယ်"
"မျောက်မကို အခုလည်း တွေ့နေတာပဲကို တောထဲအထိသွားရှာစရာမလိုပါဘူး"
"ရှင်နော် ကျွန်မကို မျောက်မလိုပြောလိုက်တာပေါ့ "
ပန်း ရဲ့အမေးကို သူကခေါင်းငြိမ့်ဖြေတော့ ပန်း စိတ်တွေတိုပြီး သူကိုလိုက်ရိုက်၏။ သူရိန်ကလည်း ထွက်ပြေး၏။ တစ်နေရာအရောက်မှာ ပန်း ချော်လှဲမလိုဖြစ်တော့ သူရိန်က ပြေးထိန်းတော့ သူတို့နှစ်ဉီးရင်ချင်းဆက်မိသွားသလို့ တစ်ဉီးနဲ့တစ်ဉီးလည်း စိုက်ကြည့်မိရပါသည်။အချိန်တွေအကြာကြီး စိုက်ကြည့်နေတုန်း သူရိန် ခေါင်းကငုတ်လာပြီး ပန်းရဲ့ နှုတ်ခမ်းနီနီလေးဆီသို့ ဉီးတည်လာသည်။
ဘုရင်ကြီးဆီသို့ ဆေးပို့ခိုင်းပြီး ပန်း ဉယျာဉ်လေးထဲသို့လာမိရပါသည်။ မြက်ခင်းစိမ်းစိမ်းလေးပေါ် ခြေပစ်ထိုင်ပြီး ပန်းပေါင်းစုံရဲ့မွှေးရံနံကို ရှုရိုက်ပြီး အပန်းဖြေမိရသည်။မျက်စိမှိတ်၍ ပန်းပေါင်းစုံကို တဝကြီးရှုနေတုန်း ဆေးကျိုတုန်းက အဖြစ်ကိုမြင်ယောင်မိပါသည်။ သူရိန် ခေါင်ငုတ်၍ ပန်း နှုတ်ခမ်းဖူးဖူးကိုလှမ်းနမ်းရှိုက်တော့ ပန်း ရုန်းကန်လျက် သူရင်ဘက်ကျယ်ကျယ်ကြီးကို လက်ဖဝါးနုနုနဲ့ထုရိုက်တော့ သူ့က ပန်းပွင့်လေးနဲ့ပေါက်သည့်အလာဘယ်လိုမှမနေဘဲ ပန်းရဲ့လက်နှစ်ဖက်ကို သူရဲ့လက်တစ်ဖက်ထဲနဲချုပ်ကိုင်၍ အနမ်းတွေကိုဆက်လက်ခရီးဆက်နေ၏။အချိန်တော်တော်ကြာတဲ့အထိနမ်းပြီးတော့ သူရိန်အနမ်းရပ်၍ သူမရဲ့ ရှက်မျက်နှာလေးကိုကြည့်ပြီး တိုးတိုးလေး စကားတစ်ခွန်းပြောသည်။
"မင်းရဲ့နှုတ်ခမ်းကပျားရည်ကျနေတာပဲ အရမ်းချိုတယ်"
ပန်း မှိတ်ထားတဲ့ မျက်စိကိုဖွင့်ပြီး ခေါင်းကိုခါမိရပါသည်။ သူမရဲ့ ခေါင်းခါမှုကြောင့် ဆံပင်ရှည်ပျော့ပျော့လေးတွေ ယိမ်းခါသွားမိရသည်။ထိုနောက် သူမရဲ့နှုတ်ခမ်းနုနုကိုလက်နဲ့အကြိမ်ဖန်များစွာပွတ်သပ်မိရပါသည်။
"အော့ ရွံစရာချည်း "
"ကျွန်တော်ကိုပြောတာလား"
"ဟမ်"
"ဘာကြောင်ကြည့်နေတာလဲ ဒီနားမှာ ကျွန်တော်ပဲရှိတာကို့"
"ရှင်က ဘယ်သူလဲဟင်"
"ငါနာမည် မိုးမခ ဒီတိုင်းပြည်ရဲ့ မင်းသားတစ်ပါးပဲ မိန်းကလေးကဘယ်သူလဲ"
"ကျွန်မ နာမည်က ပန်းခက်ဆူး ပါ ပန်းပွင့်ငယ်တိုင်းပြည်ရဲ့ မင်းသမီးပါ"
"ဪ...အကိုတော်ရဲ့မိဖုရားခေါင်ကြီး ပန်းခက်ဆူး ကြည့်ရတာ ပန်းပွင်တစ်ပွင့်လိုလှပသလောက် ဆူးတစ်ချောင်းလို ဟိုငြိဒီငြိမဲ့ပုံပေါ့ ခက်ခက်ခဲခဲသိမ်းပိုက်စရာမလိုတာကြောင့် အကိုတော်ရဲ့သိမ်းပိုက်ခြင်းကို အလွယ်တကူခံလိုက်ရတာပေါ့"
"မင်းသားငယ် ကျွန်မနာမည်ကို တစ်လုံးချင်ပုံဖော်ပေးလိုကျေးဇူးပါ ဒါပေမဲ့ ကျွန်မရဲ့ ခမည်းတော်က ပန်းတစ်ပွင့်လို လူအများရဲ့ချစ်ခင်မှုကိုရစေသလို ဆူးတစ်ချောင်းလို ကိုယ်ကို ကာကွယ်နိုင်ရန်နဲ့ ခက်ခဲတဲ့ကဗျာတစ်ပုဒ်လို လူအများက စိတ်ဝင်စားအောင်လို့ ပုံဖော်ပေးတဲ့"
"ဝိုးး ဘုရင်ကြီးအဲလိုမျိုးသဘောနဲ့ပေးခဲ့တာကို မင်းသမီးက ဆေးပညာကျွမ်းကျင်တဲ့ဆို ကျွန်တော်ရဲ့ ကျန်းမာရေးကို စစ်ဆေးပေးပါလား"
"တောင်ပန်းပါတယ် နန်းတော်ထဲမှာအတော်ဆုံးသမားတော်တွေရှိပါတယ် သွားစစ်ဆေးလိုက်ပါရှင့် ကျွန်မကိုသွားခွင့်ပြုပါအုံး"
"ကျွန်တော်ကို ငြင်းဆန်တဲ့သဘောလား"
"မဟုတ်ရပါဘူးရှင့် အိမ်ရှေ့မင်းသား မကြိုက်မှာစိုလို့ပါ"
အမှန်ပဲ ညီတော် ကိုယ်တော်ရဲ့မိဖုရားက ကိုယ်တော်အတွက်ပဲသမားတော်ဖြစ်ရမယ် ပန်း ဘယ်လျှောက်သွားနေတာလဲ ရှာတာနှံ့နေပြီး ညီတော် အကိုတော်တို့ကိုသွားခွင့်ပြုပါအုံး"
သူရိန် ပန်းကို တယုတယ ပခုံးဖက်ပြီးခေါ်သွားပုံကိုကြည့်ပြီး မိုးမခ မျက်နှာမဲ့မိရပါသည်။
"အကိုတော်ရဲ့ အားနည်းချက်ကဘာလဲဆိုတာ ကျွန်တော်သိသွားပြီး ဟားးး အကိုတော်ကိုအားနည်းချက်မရှိဘူးထင်ထားတာ အခုတော့ ကြည့်နေ အကိုတော် ခံစားစေရမယ်"
ဆက်ရန်
စာရေးသူ သွေးမိန့်