book

Index 7

အပိုင်း(၇)

လူမိုက်ကြီးရဲ့နှလုံးသား


"ခမည်းတော်ကြီး နေမကောင်းဘူးကြားပါတယ် သမားတော် ရောဂါအခြေအနေကိုစစ်ကြည့်ပေးပါမယ်"


"သားတော်ကြီး မနက်ဖြန်နန်းတက်ပဲွဲကျင်းပမယ် အပြင်ဘက်က အစေခံ အခုချက်ချင်းမနက်ဖြန်အတွက် နန်းတက်ပဲွဲ​ြပင်ဆင်ဖို့ ငါကိုယ်တော်အမိန့်ပေးတဲ့လို့ပြောလိုက်"


"အမိန့်တော်အတိုင်းပါ ဘုရား"


ခမည်းတော်ကြီး စိတ်အေးအေးထားပါ သားတော်ပြန်ရောက်ပြီးပဲ စိတ်မပူပါနဲ့တော့ ဒီက ပန်းပွင့်ငယ်တိုင်းပြည်ရဲ့မင်းသမီးလေးပန်းခက်ဆူးပါ သမားတော်လည်းဟုတ်ပါတယ်"


ပန်းကို မိတ်ဆက်ပေးနေတာကြောင့် ကိုယ်ကိုကိုင်း၍ ဂါဝရပြုမိရပါသည်။သို့သော် ဘုရင်ကြီးကတော့ ပန်းကိုသဘောမကျတဲ့ မျက်နှာထားရှိတာကြောင့် မျက်လွှာကိုချမိရပါသည်။


"နန်းတော်ထဲမှာ သမားတော်များစွာရှိပါတယ် ဒီမိန်းကလေးကို သူ့တိုင်းပြည်ပြန်ပို့လိုက်ပါ ပြီးတော့ နိုှင်းမရတိုင်းပြည်ရဲ့မင်းသမီးထိပ်ထားဒေဝီနဲ့ မဂ်လာပွဲကျင်းပဖို့ စီစဉ်ထားပါ"


"ခမည်းတော်ကြီး ဒီမိန်းကလေးကို သမားတော်အဖြစ်ခေါ်လာတာမဟုတ်ပါဘူး သားတော်ရဲ့မိဖုရားအဖြစ်ခေါ်ဆောင်လာတာပါ ပြန်ပို့ချင်ရင်  မင်းသမီးထိပ်ထားဒေဝီကိုသာ သူရဲ့ပြည့်သို့ပြန်ပို့ဖို့ပြင်ပါ"


"တိတ်စမ်း!!!"


ဘုရင့်ကြီးရဲ့ ေအာ်သံကြောင့် ပန်းရဲ့ကိုယ်လေးတုန်သွားရသလို့ အခန်းထဲမှာရှိတဲ့ အစေခံတွေလည်းလန့်သြားရသည်။ သူရိန်ကို သူမ အကဲခတ်မိတော့ နောက်ဆုတ်ဖို့လမ်းမမြင်ပါ။ဘုရင်ကြီးကို အကဲခတ်မိတော့လည်း မျက်နှာမာတင်းလျက်ရှိတာကြောင့် ပန်း အခက်တွေ့သွားရသည်။


"ငါရဲ့အမိန့်ကို ဆန့်ကျင်ဖို့မကြိုးစားနဲ့ အဟွတ် အဟွတ်"


"ဘုရင်ကြီး သတိထားတော့မူပါ ရေတစ်ခွက်လောက်ယူလာပေးပါရှင့်


ဘုရင်ကြီး ချောင်းဆိုတာကြောင့် ပန်း ပျာယာခတ်စွာပြုစုဖို့ပြင်သော်လည်း ဘုရင်ကြီးက လက်မခံစွာငြင်း၏။


မလိုဘူး ငါကိုမင်းပြုစုဖို့မလိုဘူး မင်းကိုငါရဲ့သားတော်နဲ့ လုံးဝသဘောမတူဘူး မင်းလိုတိုင်းပြည်ငယ်တစ်ခုရဲ့မင်းသမီးက ဧကရီတိုင်းပြည်ရဲ့ မိဖုရားဖြစ်စရာလား မသင့်တော်လေခြင် နှုိင်းမရတိုင်းပြည်လို ဩဇာပြည့်ဝတဲ့ မင်းသမီးနဲ့မှာ ငါရဲ့သားတော်နဲ့လိုက်ဖက်မှာ"


"ခမည်းတော် အမိန့်ကို သားတော် လက်မခံနိုင်ဘူး သားတော်ရဲ့မိဖုရားနေရာကို သားတော်ကိုယ်တိုင်ပဲရွေးချယ်မယ် အပြင်ဘက်ကအစေခံ နန်းတွင်းသမားတော်ကို ခေါ်ပြီးခမည်းတော်ကို ကုသပေးလိုက်ပါ"


သူရိန် ပန်းရဲ့လက်ကိုဆွဲယူ၍ ဘုရင်အဆောင်ကနေထွက်ခဲ့သည်။ သူရိန် ထင်သလို ခမည်းတော်ကလက်မခံကြောင်းသိပါသည်။ဒါပေမဲ့ သူမကို သူအနားမှာပဲရှိစေချင်၏။ဘာတွေပဲ ရင်ဆိုင်ရပါစေ မင်းကိုငါအနားကနေ ထွက်သွားခွင့်မပြုနိုင်ပါ။


"ရှင်အဲလိုမလုပ်သင့်ဘူးလေး ဘုရင်ကြီးက ရောဂါအခြေနေဆိုးနေတာ စိတ်ချမ်းသာအောင်ထားရမှာပေါ့"


"ငါရဲ့ မိဖုရားနေရာကိုတော့ ငါကိုယ်တိုင်ရွေိးချယ်သင့်တာပေါ့"


"ရှင်ဘာလိုပြောင်းလဲရတာလဲ ကျွန်မကိုရှင့်​ေေေေေ​ေေေေရဲ့ကိုယ်လုပ်တော်အဖြစ်ခေါ်လာတာလေ အဲဒီလိုပဲ လုပ်ပေါ့ မိဖုရားကြီးနေရာကို မင်းသမီးထိပ်ထားဒေဝီကိုထားလိုက်ပေါ့ ရှင်းနေတာကို ရှုပ်အောင်မလုပ်ချင်ပါနဲ့"


"မင်းအတွက်ရှင်းပေမဲ့ ငါအတွက်ကတော့ အရမ်းခက်ခဲတဲ့အလုပ်ပဲ ငါဘဝမှာ မိန်းမဆိုလို့ မင်းတစ်ယောက်ပဲရှိရမယ်"


"ဘာကြောင့်လဲ ကျွန်မကို ရှင်အနားမှာရှိစေချင်တာ အကြောင်းပြချက်ကဘာလဲ"


"ငါမပြောတတ်ဘူး မင်းကိုငါအနားမှာပဲရှိစေချင်တယ် မင်းသာငါဘေးနားမှာရှိရင် ငါစိတ်ချမ်းသာတဲ့"


"ရှင်ကတစ်ကိုယ်ကောင်းသမားပဲ ရှင်ပျော်ရွှင်မှုအတွက်နဲ့ ကျွန်မကို ကြက်ကလေးငှက်လေးလို လောင်အိမ်ထဲထည့်ထားပြီး  ရှင်အနားမှာခေါ်ထားမယ်ပေါ့ ရှင်ပျော်ရွှင်ဖို့အတွက်ကျွန်မက ရှင်အနားကနေ စိတ်ဆင်းရဲပေးရမယ်ပေါ့"


"အမှန်ပဲ မင်းကငါအပိုင် ပန်းပွင့်ငယ်တိုင်းပြည်ကို ကယ်တင်ဖို မင်းငါနောက်လိုက်ခဲ့တယ်မဟုတ်လား ဒါကြောင့် မင်းက ငါအပိုင်ပဲ  ခရီးပန်းလာတဲ့မဟုတ်လား အနားယူလိုက်ပါ အပြင်ဘက်က အခြွေရံတွေ သူကို့ ရေမိုးချိုးပြင်ဆင်ပေးပြီးအနားယူခိုင်းလိုက်ပါ "


"အမိန့်တော်အတိုင်းပါ မင်းသား"


သူရိန် စိတ်ရှုပ်စွာ  ကလက်ဆီ ဆီသို့ထွက်ခဲ့သည်။ ကလက်ဆီက သူရဲ့မျက်နှာကိုကြည့်ပြီး အသံတိတ်နေ၏။


ဟေ့ကောင် ငါလာရင် တဟီးဟီးမြည်ဟီးနေတဲ့ မင်းက တိတ်ဆိတ်နေပါလား ငါစိတ်ရှုပ်နေမှန်းသိလို့လား"


ကလက်ဆီက ခေါင်းငြိမ့်ပြ၏။ဒါကြောင့် သူရိန်က ကလက်ဆီရဲ့ လည်ပင်းကိုဖက်ပြီး 


"မင်းစဉ်းစားကြည့်ကွာ သူဘာကြောင့်ငါကိုနားမလည်ရတာလဲ ငါလဲဘာကြောင့်သူကိုအနားမှာခေါ်ထားချင်စိတ်ပေါက်ရတာလဲ မသိတော့ဘူး အဲဒီလိုခံစားနေရတာကိုလည်း ငါမုန်းတယ် "


ကလက်ဆီက သူရိန်ကနှစ်သိမ့်တဲ့သဘောဖြစ် ငြိမ်​ြငိမ်လေးနေပေးသည်။ထိုအချိန် ထိပ်ထားဒေဝီက သူရိန်ဆီသို့လျှောက်လာ၏။


"မင်းသား ဘာကြောင့် ထိပ်ထားကိုမနှစ်သက်ရတာလဲ"


"မင်းကို ငါကမေးရမှာ ငါကို မင်းရဲ့ခင်ပွန်းအဖြစ်လက်ခံနိုင်ရဲ့လားဆိုတာပဲ ငါဘယ်လောက် ရက်စက်တတ်လဲဆိုမင်းသိပြီးသာပါ"


"သိပါတယ် မင်းသား ထိပ်ထား သည်းခံနိုင်ပါတယ်"


"သူက ငါရဲ့မြင်းကလက်ဆီ  သူကိုငါအရမ်းမြတ်နိုးတာ မင်းရော့ သူကိုမြတ်နိုးနိုင်ရဲ့လား"


"မြတ်နိုးနိုင်ပါတဲ့ မင်းသား "


"ဒါဆိုရင် သူရဲ့ခေါင်းကို ဖွဖွလေး ပွတ်ပြပေးပါလား"


"ရတာပေါ့ရှင့်"


"သတိထားပါ ထိပ်ထား အတင်မရဲရဘူး ကလက်ဆီက မိန်းမတွေ သူကိုထိတာမကြိုက်ဘူး"


ထိပ်ထား ကလက်ဆီအနားသို့ကပ်ပြီး ခေါင်းကိုကိုင်မယ်ပြင်တော့ ကလက်ဆီက ထိပ်ထားကိုကန်ပစ်၏။


"ဟီးးးးဟီးးး"


"အား "


ကလက်ဆီကန်ချက်ကြောင့် ထိပ်ထား လှဲကျသွားရသလို ခါးစပ်ပါနာသွားရပါသည်။ သူရိန်က ထိပ်ထားအနားသို့ ကပ်လာ၍ အံ့ကြိတ်ပြောပုံက ထိတ်လန့်စရာပါ။


မင်းရဲ့တိုင်းပြည်ကို ပြန်တာအကောင်းဆုံး ပဲငါရဲ့မိဖုရားဖြစ်ဖို့မမျှော်မှန်းနဲ့ ကလက်ဆီ အကန်ခံရတာထက်ဆိုးတဲ့ဝေဒနါကို မင်းခံစားရလိမ့်မယ် ငါရဲ့မိဖုရားဖြစ်သူကတော့ ငါကြောင့်အမြဲတမ်း သွေးမျက်ရည်ကျနေစေရမယ် မင်းသာအပြစ်တစ်ခုခုလုပ်ရင် မင်းမိသားစုရဲ့ခေါင်းတွေကိုဖြတ်ပြီးကြိုးနဲ့သီပြီး လင်းတစားကျွေးပစ်မယ်"


"မင်းသား.. မင်းသားက အဲဒီလောက်တောင် ဆိုးတာလား"


"အဟွန်း ပါးပါးလေးပါ ငါရဲ့မိဖုရားဖြစ်မဲ့သူဟာအစစအရာရာမှာငါရဲ့အမိန့်ကိုပဲနာခံရမယ် မင်းအဲဒီလိုလုပ်နိုင်လား ယုံကြည်ချက်ရော့ရှိရဲ့လား"


"ထိပ်ထား ယုံကြည်ချက်ရှိပါတယ် နိှုင်းမရတိုင်းပြည် အင်အားပြည့်ဝဖို့အတွက် ထိပ်ထားပေးဆပ်ဖို့ အဆင်သင့်ပါ မင်းသားရဲ့မိဖုရားအဖြစ် နေထိုင်ဖို့အဆင်သင့်ပါ"


ကျစ် ကောင်းပြီးလေး မယ်တော်ကြီးနဲ့ တိုင်ပင်ပြီး မင်းကိုစမ်းသပ်ကြည့်မယ် စမ်းသပ်တာကိုအောင်မြင်ရင် မင်းကို ငါရဲ့မိဖုရားအဖြစ်တင်မြှောက်မယ်"


သူရိန် စကားပြောပြီးသည်နှင့် ချက်ချင်း မယ်တော်ကြီးအဆောင်သို့သွားခဲ့၏။ ထိပ်ထားကတော့ မျက်နှာတင်းမာလျက်  မြင်းဖြူကြီးကိုကြည့်ပြီး


"နင်ငါကို ကန်တယ်ပေါ့ ကြည့်နေငါသာ မိဖုရားဖြစ်ခဲ့ရင် နင်ကို အရင်ဆုံးအပြစ်ပေးမယ် နင်သခင်တောင်မသိစေရဘူး  အခုလည်း ငါကို ကန်တဲ့အတွက် နင်ပြန်ပေးဆပ်စေရမယ်တွေး၍ သူရဲ့အဆောင်သို့ပြန်ခဲ့၏။


"သမားတော်ကြီးရှင့် ဘုရင်ကြီး အခြေနေကဘယ်လိုလဲ"


"မင်းသမီး သမားတော်အဆောင်ကနေ ကြိုဆိုပါတယ် ဘုရင်ကြီးက ဘာရောဂါမှာရှာမရဘဲဖြစ်နေတာ "


"ဘယ်လို အံ့ဪစရာပဲ အဲဒီလိုဖြစ်တာကြာပြီးလား"


"မင်းသား နန်းဆောင်ကနေထွက်သွားပြီးကတည်းကပါ"


"ပန်းကို ဘုရင်​​ကြီးရဲ့အခြေနေကို အစအဆုံးပြောပြ ပြီးတော့ ဆေးကို ပန်းကိုယ်တိုင် စီမံပါရစေ ခွင့်ပြုတော်မူပါ"


"ဘုရင့်ကြီး ကြိုက်မယ်မထင်ဘူး မင်းသမီး"


"မသိအောင် ထိန်းသိမ်းပေးပါ သမားတော်ကြီးရှင့် ကူညီပေးပါ"


မင်းသမီးသဘော အတိုင်းပါ"


ပန်းလည်း ဘုရင်ကြီးရဲ့ ဖြစ်ပျက်ပုံကို ကြည့်ပြီး ဆေးမြစ်တွေကိုထောင်းလိုက်ကျိုလိုက်နဲ့ အလုပ်ရှုပ်နေလျက်ပါ။သူရိန်ကတော့ ပန်း ပျောက်နေတာကြောင့် ပျာယာခတိစွာရှာနေပါသည်။


"ထွက်ပြေးသွားတာလား ဒါမှမဟုတ် ခမည်းတော်ကြ နှင်ထုတ်လိုက်တာလား မင်းဘယ်ရောက်နေလဲကွာ ဟေ့ အစောင့်တွေ ငါရဲ့မိဖုရားကို မြင်မိလား"


သမားတော်အဆောင်ဘက်ကို သွားတာမြင်လိုက်ပါတယ် မင်းသား"


သူရိန် သမားတော်အဆောင်သို့ ချက်ချင်းလိုက်ခဲ၏။သူကတော့ စိုးရိမ်ပူပင်လိုက်ရတာ သူမကတော့ အကြိတ်အနယ်နဲ့ ဆေးတွေကျိုနေ၏။သူ တံခါးပေါက်ကနေ ငေးကြည့်နေမိရ၏။ထိုအချိန် စင်ပေါ်က မြေအိုးကိုလှမ်းယူတော့ မမှီတာကြောင့် ခြေဖျားထောက်၍ ယူနေ၏။သူရိန်လည်း ခြေဖော့လျောက်ပြီး သူမအနောက်ကရပ်၍ ယူပေးသည်။သူမ လန့်သွားသောကြောင့် အနောက်ကိုလှည့်ကြည့်တဲ့အချိန် သူမရဲ့ နဖူးဝင်းဝင်းလေးက သူရဲ့နှုတ်ခမ်းနဲ့ထိမိလျက်ပါ။သူမ ရှက်ရွံစွာ အနောက်ကို ကမှန်းကတန်းဆုတ်တော့ ဆေးအိုးကိုတိုက်မိမှာစိုး၍ သူရိန် လှမ်းဆွဲ လျှင်ပန်းက သူရိန် ရင်ခွင်ထဲသို့မျက်နှာ အပ်သွားရပါသည်။သူမ မျက်နှာလေးရဲလျက်ပါ။


"အရှေ့မကြည့် အနောက်မကြည့်နဲ့ ဟိုမှာ ​အပင်ပန်းခံပြီးကျိုထားတဲ့ ဆေးအိုးမှောက်ကျတော့မယ်"


"ရှင်ကအသံမပေးဘဲ အနောက်ကရောက်လာတာကို ဖယ်ရှင်ကျွန်မကို ဖက်ထားတာလွှတ်"


"အောင်မာ ဖက်ချင်လို့ဖက်ထားတာမှတ်နေလား ကရုစိုက် ေဆးအိုးတိုက်မိလို ထပ်ကျိုနေရအုံးမယ်"


"သိပါတယ် ဆရာမလုပ်ပါနဲ့"


."ဘယ်သူအတွက်ဆေးကျိုနေတာလဲ"


"ဘုရင်ကြီးအတွက် "


"ခမည်းတော်ကြီးက မင်းကျိုမှန်းသိရင်သောက်မှာမဟုတ်ဘူး"


"သိတယ် အဲဒီအတွက်ပြင်ဆင်ပြီးသာ"


"မင်းက ခမည်းတော်ကြီးကို မမုန်းဘူးလား"


"မမုန်းပါဘူး သနားတာ ကျွန်မ သမားတော်အနေနဲ့ကြည့်ရရင် သူဝေဒနါက တော်တောခံစားနေရတာ ရောဂါရှာမရလို့ ထူးဆန်းနေတာ"


သူရိန် ခဏတွေးဝေသွားပြီး ယုံကြည်ရသူတစ်ယောက်ကို စုံစမ်းဖို့ ဆုံးဖြတ်မိသည်။ သဘောထားပြည့်ဝတဲ့ ပန်းကိုလည်း ပိုပိုပြီးတွယ်တာမိလာရပါသည်။


"ဒါဘယ်သွားမလို့လဲ"


"ဘုရင်ကြီး ဆီဆေးသွားပို့မလို့ပါ မင်းသမီးထိပ်ထား"


"ငါတိုက်လိုက်မယ် ဘုရင်ကြီးကိုငါပဲဆေးတိုက်နေကြ ပေး ငါကို့"


ထိပ်ထား ဆေးခွက်ကိုကိုင်လျက် မျက်နှာကပြုံးရွှင်စွာ ဘုရင်ကြီးအဆောင်ထဲသို့ ဝင်ခဲ့သည်။


"ဘုရင်ကြီး မင်းသမီးထိပ်ထား ဆေးလာတိုက်ပါတဲ့"


"ဝင်ခဲ့ခိုင်းလိုက်"


ထိပ်ထား ဝင်လာတော့ ဘုရင်ကြီး ပြုံးလျက်ကြိုဆိုသည်။


သမီးတော်ရယ် ခမည်းတော်ကို နေ့တိုင်းဆေးလာတိုက်နေရတာ ပင်ပန်းရောပေါ့"


"ရပါတယ် ခမည်းတော့်ကြီး ကျန်းမာရေး တိုးတက်လာရင် သမီးတော်ပင်ပန်းရကျိုးနပ်ပါပြီး"


"သမီးတော်က ခမည်းတော်ကြီးရဲ့ ချွေးမတော်ပဲဖြစ်ရမယ် သားတော်ကြီးရဲ့မိဖုရားခေါင်ကြီးက သမီးတော်ပဲ"


"အခုလို သမီးတော်ကိုချစ်ခင်ပေးလို့အရမ်းပျော်တာပဲ"


ဘုရင်ကြီးကို ဆေးသောက်ခိုင်း၍ အိပ်ခိုင်းလိုက်သည်။


ဘုရင်ကြီးအိပ်တော့ ထိပ်ထားကောက်ကျစ်စွာ ပြုံးမိရ၏။


ဒီတိုင်းပြည်က ထိပ်ထားဒေဝီရဲ့ တိုင်းပြည်ဘဲြဖစ်ရမယ် ဒီတိုင်းပြည်သာ ငါလက်ထဲရောက်လို့ကတော့ ဘုရင်ကြီးရော့ ဘုရင်ကြီးရဲ့အမျိုးတော်တွေပါ သတ်ပစ်မယ် ဟွန့် အချိန်တစ်ခုအထိပဲစောင့်ရမယ် အဲဒီအချိန်ထိ မင်းသားသူရိန်သဘောကျအောင်နေရမယ် ဘုရင်ကြီးကိုတော့ ငါပညာတွေနဲ့လုပ်ထားလို့ ငါကိုပဲချစ်နေမှာ မယ်တော်ကြီးကိုလည်း ပညာနဲ့လုပ်ပစ်ရမယ် ဟိုမင်းသမီးကိုရော့ "


ထိပ်ထားဒေဝီက အောက်လမ်းပညာတတ်ထားတဲ့ မင်းသမီးတစ်ပါးပါ ဘုရင်ကြီးကိုလည်း သူပဲအောက်လမ်းနဲ့လုပ်ထားတာပါ။


ဆက်ရန်

စာရေးသူ သွေးမိန့်


rate now: