လူမိုက်ကြီးရဲ့နှလုံးသား
"မမပန်း ကျွန်တော် အဘိုး ဝမ်းတွေခဏခဏလျော်နေလို့ လိုက်ကြည့်ပေးပါအုံး"
"အေး..အေး မမ လိုက်ခဲ့မယ်"
"ငါလည်း လိုက်မယ်"
"ရှင်က ဘာလိုက်လုပ်မှာလဲ အိမ်မှာပဲအေးအေးဆေးဆေးနေပါ ကျွန်မ သွားတော့မယ်"
."မင်းကို စိတ်မချလို့ပေါ့ ထွက်ပြေးရင် ဘယ်လိုလုပ်မလဲ"
"ကျွန်မက ဘာကြောင့်ထွက်ပြေးရမှာလဲ ရှင်နဲ့စကားများနေတာနဲ့ ဟိုအဘိုးကို ဆေးကုဖို့နောက်ကျနေမယ် ရှင်သာ အိမ်ခေါင်မိုးပေါက်နေတာဖာထားလိုက်"
."ငါမလိုက်ရရင် ကလက်ဆီကို စီးသွား ကလက်ဆီပါမှာ စိတ်ချမယ်"
.ပြီးရော့ ကလက်ဆီရေ ဟိုမှာနင်သခင်က ငါကိုစိတ်မချလို့တဲ့ လာနင်ပါလိုက်ခဲ့ နှစ်ယောက်ပေါင်းပြီး နင်သခင်ကို စိတ်ဆင်းရဲအောင်လုပ်ကြမယ် သူ့စကားနားမထောင်နဲ့ ငါစကားနားထောင်ရမယ်ကြားလား"
ကလက်ဆီက စကားနားမထောင်ဘူးသဘောဖြင့် မြည်းဟီးတာကြောင့် သူမ အမြင်ကပ်စွာ ကလက်ဆီရဲ့ခေါင်းကို ခေါက်ပစ်၏။
ဟဲ့ ဟဲ့ ငါမြင်းကိုလက်မပါနဲ့ သူကငါအပေါ်ဘယ်တော့မှ မင်းလို့စိတ်ပျက်အောင်လုပ်မှမဟုတ်ဘူး"
"ကျွန်မကို စိတ်ပျက်ရင်ထားသွားလိုက်လေ ဘာလိုကျွန်မနဲ့နေနေတာလဲ"
"စကားများမနေနဲ့ မင်းကိုစိတ်ပျက်လွန်လို့ကိုအနားမှာနေတာ ရှင်းပြီးလား သွားတော့စကားဆက်များနေရင် မင်းနောက်ငါလိုက်ခဲ့တော့မယ်"
သူရိန်ကို မျက်စောင်းထိုး၍ ကလက်ဆီကိုစီးပြီး လူနာအဘိုးဆီသို့ ထွက်ခဲ့သည်။သူရိန်ကတော့ အိမ်ခေါင်မိုးပြင်ပြီးသည်နှင့် တောစပ်ထဲသို့ဝင်သွား၏။
"တိုင်းပြည်အခြေနေဘယ်လိုရှိလဲ"
"ဘုရင်ကြီး မင်းသားမရှိတဲ့နောက်ပိုင်း အရမ်းဖျားနေပါတယ် မင်းသားနန်းတော်ထဲသို့ပြန်လာချိန်ရောက်ပါပြီး မဟုတ်ရင် မင်းသားနေရာကို သူများလုသွားပါလ်ိမ့်မယ်"
"အေးပါ ငါလည်း ပြန်လာဖို့ပြန်ဆင်နေတဲ့ မယ်တော်ကြီးရော့နေကောင်းလား"
"ကောင်းပါတယ် မင်းသား"
"တစ်ခြားဘာတွေထူးသေးလဲ"
"မင်းသားနဲ့ထိမ်းမြားပေးမဲ့ မင်းသမီးတစ်ပါးနန်းတော်ထဲရောက်နေပါပြီး သူက နှိုင်းမရပြည်ရဲ့မင်းသမီးထိပ်ထားဒေဝီပါ"
"အဲဒီအထိတောင် ခမည်းတော်ကြီး ပြင်ဆင်ပြီးပြီးပဲ ဒါနဲ့ ငါကိုပေါင်းပြီးတိုက်တာ ဘယ်သူလဲဆိုတာစုံးစမ်းထားပေး ငါလည်း နန်းတော်ထဲကိုအမြန်ပြန်ခဲ့မယ်"
"မင်းသားလေး အမိန့်အတိုင်းပါ ကျွန်တော်မျိုး စုံးစမ်းထားပေးပါမယ်"
"စိတ်ချမယ် သွားတော့ လူရိုင်းတွေမြင်နေအုံးမယ်"
ရဲမက်လည်းသွားရော့ သူရိန်လည်း တောထဲကနေထွက်ခဲ့၍ ပန်းကို သွားကြိုပါသည်။ လူရိုင်းဆရာကြီးက ပန်းနဲ့သူကို ဒီမှာခဏနေပြီးဆေးကုခိုင်းတာကြောင့်နေနေရပါသည်။
ဘိုးဘိုး ဒီဆေးရည်ကိုကုန်အောင်သောက်ရမယ်နော် အရမ်းခါးလိုဆိုပြီးမသောက်ပဲမနေရဘူးနော် သောက်မှာ ဘိုးဘိုးရောဂါပျောက်မှာ အစားများများစားပါ အိပ်ရေးဝဝအိပ်ကောင်းလာလိမ့်မယ် ပြီးတော့ အချဉ်တွေမစားရဘူးနော်"
"အေးပါကွယ် ဆေးဆရာမလေး စကားနားထောင်ပါမယ်"
"ဒါဆိုရင် သမီးပြန်တော့မယ်"
ပန်း ကလက်ဆီနဲ့ လမ်းလျှောက်ပြီး ပြန်ခဲ့သည်။ ကလက်ဆီက သူအပေါ်တက်ခိုင်းသော်လည်း သူမက မတက်တာကြောင့် တဟီးဟီးအော်မြည်လျက်ပါ။
"ကလက်ဆီရဲ့အရမ်းမအော်နဲ့ နားငြီးတဲ့ အခုချိန်မှာ ငါကနင်ရဲ့သခင်မလေးနော် ငါစကားပဲနားထောင်ရမယ် ကြားလား ငါတို့ လမ်းလျှောက်ပြန်မယ် "
ကလက်ဆီက ငြင်းဆန်စွာ ခေါင်းခါသောကြောင့် သူမ စိတ်စိုး၍ အရှေ့ကနေ စောင့်ကြီးအောင့်ကြီး လမ်းအမြန်လျှောက်ပစ်၏။လမ်းတစ်ဝက်မှာ သူရိန်နဲ့ဆုံတာကြောင့် သူမ မျက်နှာလေး ပိုဆူပုတ်လျက်ပါ။
"မျက်နှာကလည်း ဘာဖြစ်နေတာလဲ ကလက်ဆီ သူ့ကိုဘာလုပ်လိုက်လဲ"
ပန်းကိုမေးသလို ကလက်ဆီကိုပါတစ်ဆက်ထဲမေးတာကြောင့် ကလက်ဆီက မြည်းဟီးပြီး အမူအရာနဲ့လုပ်ပြ၏။ ထိုနောက် သူရိန်က မျက်မှောင်ကြုံပြီး ပန်း ဘက်သို့ကြည့်လာသည်။
"မင်းက ဘာလို ကလက်ဆီစကားနားမထောင်တာလဲ "
"အောင်မာ ကလက်ဆီက ဘာပြောလို့ကျွန်မက နားထောင်ရမှာလဲ"
"ဟာ သူက စကားပြောတက်မလား အမူအရာနဲ့လုပ်ပြတတ်တဲ့လေး သူ့ကမင်းကို သူ့အပေါ်တက်ခိုင်းတာ ဘာလို့မတက်တာလဲ"
"မတက်ချင်လို့ပေါ့ ရှင်းနေတာပဲကို "
"မင်းနော် အမြဲတမ်းကန့်လန့်တိုက်သိလား လာ ကလက်ဆီပေါ်တက်ပြီး အိမ်ပြန်မယ်"
ပါးစပ်ကလည်းပြော သူမကို့လည်းပွေ့ချီ၍သူလည်း မြင်းပေါ်တက်ကာ မောင်းထွက်ခဲ့သည်။ ပန်းကတော့ နဂိုကတည်းက ကလက်ဆီအပေါ်တက်ခဲ့ရင် အခုလို သူရင်ခွင်ထဲရောက်စရာအကြောင်းမရှိပါ။ အခုတော့ သူရင်နွေးနွေးထဲဝင်နေတာကြောင့် မသိစိတ်ကရင်ခုန်ပျော်ရွှင်နေသော်လည်း အသိစိတ်ကတော့ ခါးသီးမုန်းတီးလျက်ပါ။
"ဆေးဆရာမလေးရေ ဒီနေ့ရွာထိပ်မှာ လမ်းပြင်လို့ လုပ်အားပေးသွားမလို့ လိုက်ခဲ့အုံးမလား"
"လိုက်မှာပေါ့ ခဏနော်"
"မင်းသွားစရာ အကြောင်းမရှိဘူးနော်"
."ဘာလို မရှိရမှာလဲ လမ်းပြင်ဖို့အကြံကိုကျွန်မပဲ ပေးခဲ့တာ"
"မင်းဒီမှာ တစ်သက်သက်လုံးနေရမှမဟုတ်ဘူးနော် နေရာတကာပါတဲ့။ရေကန်တူးဖို့လည်း မင်းပါ။ဟိုနေရာလည်းပါ ဒီနေရာလည်းပါ ကြည့်မရတော့ဘူး"
.
"ကြည့်မရရင် မျက်စိမှိတ်ထား ကျွန်မတော့သွားပြီး"
ပန်း အဝတ်အပိုင်းစုတ်ကို ခေါင်းမှာတင်၍ သစ်သားနဲ့ပြုလုပ်ထားတဲ့ ခွက်ကိုယူပြီး ရွာထိပ်သို့ ဟိုကလေးတစ်သိုက်နဲ့ထွက်ခဲ့သည်။သူရိန်ကတော့ ထုံးစံအတိုင်း ပန်းရဲ့ ကိုယ်ရံတော်သဖွယ် အနောက်နေလိုက်ခဲ့၏။ကလက်ဆီကိုတော့ အိမ်စောင့်ရန်ထားခဲ့သည်။
"ဆေးဆရာမလေးပါ လုပ်အားပေးတာလား"
"ဟုတ်ပါတယ်ရှင့် ကဲ့မြေဖို့ကြတာပေါ့"
ရွာကလူတွေအကုန်လုံး ဗွက်အိုင်သောနေရာများ သဲနဲ့မြေကြီးဖို့တာ ကပျော်စရာကောင်းပါသည်။ မောလိုခဏနားကွတော့ မုန့်တွေကျွေးပါ၏။ထိုအချိန် ဂျာရစ်က ဧကရီတိုင်းပြည်ရဲ့ အိမ်ရှေ့စံအကြောင်းကိုစပြော၏။
"ဟေကောင်တွေ ဧကရီတိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားပျောက်နေတယ်တဲ့ ငါထင်တာ အသတ်ခံရပြီးထင်တယ်"
"မင်းကဘယ်လိုသိတာလဲ ဂျာရစ်"
"ငါကုန်ပို့ရင် သူတို့ပြည်သူတွေပြောနေတာကြားလို့ "
"အဲဒီမင်းသားကို လူမိုက်ကြီးလို့ တင်စားခေါ်ဝေါ်ကြတယ်တဲ့ အရမ်းကြမ်းတမ်းတဲ့ဆိုပဲ"
"ကြမ်းတာကတော့ကွာ အရမ်းပဲ သူ့စစ်ပွဲနိုင်တဲ့ တိုင်းပြည်က ပြည်သူတွေကို ကလေး လူကြီး အဘွား အဘိုးမကျန် အကုန်ခေါင်းဖြတ်သတ်တာကွာ သူရဲ့ပြည်သူတွေကလည်း သူကိုကြောက်ရွံကြတယ်"
ဂျာရစ် မင်းသိတာရှိသေးလား"
"နောက်ဆုံးသိတာက ပန်းပွင့်ငယ်တိုင်းပြည်ရဲ့မင်းသမီးလေးကို ဖမ်းခေါ်ပြီးပျောက်သွားတဲ့ဆိုတာပဲသိတယ် "
"ဒါဆိုရင်တော့ မင်းသမီး ခေါင်းဖြတ်ခံရပြီးထင်တယ်ကွာ အဲဒီ လူမိုက်ကြီး အမြန်သေပါစေ သူ့ကြောင့် ငါတို့ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုနဲ့နေနေရတာ"
ပြောနေတဲ့စကားကို နားထောင်နေတဲ့ သူရိန် လက်သီးစုပ်ထားသော်လည်း ပန်းကတော့ သူရိန်ကို ဒေါသလျော့ဖို့တိုးတိုးပြော၏။သူရိန်က လက်မခံသည့်သဘောနဲ့ မျက်မှောင်ကြုပ်ပြတော့ ပန်းက ရှင်ရဲ့ဖြစ်တည်မှုကိုသူတို့ပြောတာမမှားဘူးလေး ကျွန်မတောင် ရှင်ကိုအရမ်းမုန်းတာသိလားဆိုတဲ့စကားကြောင့် သူရိန် စိတ်မကောင်းဖြစ်သွား၍ ငေးငိုင်သွားရ၏။ရွာသားတွေကိုလည်း အပြစ်မတင်ရက်တော့ပါ။
"ဆေးဆရာမလေးရဲ့ယောကျာ်း လာ ကျွန်တော်တို့နဲ့မုန့်လာစားပါ ခင်ဗျားကတော့ ဟိုအိမ်ရှေ့စံလောက်မဆိုးဘူးထင်တယ် "
"မင်းကလည်း ယှဉ်စရာလား ဆေးဆရာမလေးရဲ့ယောကျာ်းက ငါတို့ရွာကို တိုးတက်အောင်လုပ်ပေးနေတာကို့ပြီးတော့ သဘောကောင်းတဲ့ ဟိုတစ်နေ့က ရေကန်တူးတော့ သူပဲ ဉီးဆောင်ပြီးလုပ်ပေးတာ ရွာထဲကမိန်းမပျိုတွေအကုန်လုံးက ဆေးဆရာမလေးရဲ့ယောကျာ်းကို ကြိတ်ကြွေနေကြတာ အိမ်ထောင်ရှိလို့ပေါ့ အိမ်ထောင်သာမရှိရင် မိန်းမပျိုတွေရန်ဖြစ်ကြမယ်ထင်တယ်"
"နင်တို့တွေနော် ဆရာမလေးရှိနေတာကို့ ဘာတွေပြောနေမှန်းမသိဘူး ငါတို့က ဆရာကို ဒီအတိုင်းချောလိုသဘောကျတာပါ"
"ဟုတ်တယ် ဟုတ်တယ် ပြီးတော့ ဆရာမလေးတို့စုံတွဲအရမ်းအားကျတာ ဒီရွာကနေပြန်သွားမှာတောင်ကြောက်နေတာ"
သူရိန်နဲ့ပန်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိရပါသည်။ သူရိန်က ပြုံးပြသော်လည်း သူမကတော့ မျက်စောင်းထိုး၍ တစ်ဖက်သို့လှည့်သွား၏။ ထိုနေ့က သူရိန် ဆုံးဖြတ်ချက်တစ်ခုချမိရပါသည်။အဲဒီဆုံးဖြတ်ချက်က နောက်ကို ဒေါသအရှေ့မထားဘဲ လူတွေအပေါ်ကြင်နာစွာဆက်ဆံနိုင်အောင်ကြိုးစားရမယ်လို့ ပေါ့။
ညဘက် လမင်းကြီးထွန်လင်းစွာသာယာလှပလျက်ရှိသည်။ ပန်းတစ်ယောက် အိပ်မပျော်တာကြောင့် အိမ်ရှေ့က ထိုင်ခုံလေးမှာထိုင်နေမိပြီး အတွေးပေါင်းစုံတွေးနေမိရပါသည်။
"ခမည်းတော်ကြီးနဲ့မယ်တော်ကြီးနေရော့ကောင်းပါရဲ့လား အကိုတော်ကြီးတို့ရော အဆင်ပြေရဲ့လားအဟင့် သမီးတော်အရမ်းလွမ်းနေမိရပါတဲ့ ဒီလိုလသာတဲ့ ညမှာ မယ်တော်ကြီးရဲ့ရင်ခွင်ထဲမှာ အိပ်ရတဲ့အချိန်တွေကို လွမ်းလိုက်တာနော်.."
"ဟိတ်.. "
"အမယ်လေး လန့်လိုက်တာ"
"ဘာတွေတွေးနေလို့ မအိပ်နိုင်ရတာလဲ အိမ်ထဲမှာ မီးလည်းမထွန်းဘူး"
"လသာနေတာကို ထွန်းစရာမလိုပါဘူး "
"အိပ်မပျော်ဘူးလား"
"မပျော်ဘူး ရှင်ရော့ ဘယ်တော့နန်းတော်ပြန်မလဲ ဒီနေရာက ရှင်နဲ့အံ့ဝင်ခွင်ကျမဖြစ်နိုင်ဘူးလေး"
"ပြန်ဖို့စီစဉ်ပြီးသာပါ ခမည်းတော်ကြီးအသဲအသန်ဖြစ်နေတဲ့"
"ဒါဆိုရင် ရှင်အမြန်ပြန်သင့်ပြီးပဲ"
"သေချာတာပေါ့ မင်းဘာလိုက်ရမယ်နော် "
."သိပါတယ် ရှင်ရဲ့ငယ်ဘဝ အကြောင်းပြောပြပါလား"
"ငါရဲ့ ငယ်ဘဝက စိတ်ဝင်စားစရာမကောင်းဘူး"
"ဒါပေမဲ့ နားထောင်ချင်တယ် ပြောပြပါ ရှင်ကလည်း"
"ပြီးရော့လေး ငါရဲ့ငယ်ဘဝက..ဒီလို
"မိဖုရားလတ် မင်းသားလေးအတွက် ဘုရင်ကြီးက လက်ဆောင်ပေးခိုင်းပါတဲ့"
"မြင်းဖြူကြီးကိုလား သားတော်ကြိုက်ရဲ့လား"
"အရမ်းကြိုက်တဲ့ မယ်တော် သားတော်သိပ်သိပ်ကြိုက် ခိခိ"
"မြင်းဖြူကြီး ကို ဘာနာမည်ပေးရင်ကောင်းမလဲ"
"သားတော် သူကို ကလက်ဆီလို့ပေးမယ် ကြိုက်လားမယ်တော်"
"အရမ်းကောင်းကြိုက်တဲ့"
ဒီလိုနဲ့ သူရဲ့ငယ်ဘဝကို မြင်းဖြူကြီးဆီးပြီးဖြတ်သန်းခဲ့ရသည်။ သူ့အသက် ၁၀နှစ်အရွယ်မှာ မယ်တော်ကို ရန်သူတိုင်းပြည်က ခေါင်းြဖတ်သတ်ခဲ့သည်။
"ဘုရင့်ကြီး မိဖုရားလတ် တောကစားထွက်ရကနေ ခေါင်းဖြတ်ခံလိုက်ရပါတဲ့ မိဖုရားခေါင်းကို သူတို့နယ်မြေမှာတုတ်နဲ့စိုက်ထားကြောင်းပါ"
"တောက် အတင့်ရဲ့လိုက်လေခြင်း ငါမိဖုရားကိုခေါင်းဖြတ်သတ်တဲ့ တိုင်းပြည်ကို အခုချက်ချင်း စစ်ခင်းစေ"
စစ်တိုက်သော်လည်း တစ်ဖက်ရန်သူက အားသာတာကြောင့် အရေးနိမ့်ခဲ့သည်။မြင်းဖြူကြီးကို ဖက်ပြီးငိုနေတဲ့ သူရိန်ထံသို့ ခမည်းတော်ကြီး ကြွချီလာ၏။
သားတော်
"ခမည်းတော်ကြီး အီးးးဟီးး မယ်တော် သားတော်ဆီပြန်မလာတော့ဘူး"
"မငိုနဲ့စမ်း မင်းသားတစ်ပါးအနေနဲ့ မင်းမျက်ရည်မကျရဘူး ဒီနေ့ကစပြီး မင်းစစ်ရေးပညာသင်ယူရမယ် မင်းရဲ့မယ်တော်အတွက် ကလဲစားပြန်ချေရမယ် အခုငါကိုယ်တိုင်သင်ကြားပေးမယ်"
ခမည်းတော်ကြီးရဲ့ အမိန့်အတိုင်း နေ့မနားညမနား စစ်ပညာကို ရေကုန်ရေခမ်းကြိုးစားသင်ယူ၏။
မင်းသားလေး မြှားပစ်တာ အရမ်းကြာနေပြီးနားတော့မူပါ"
"ကောင်းပြီးလေ မြားပစ်နားပြီး ဓားရေးလေ့ကျင့်တာပေါ့"
"မင်းသား"
"တိတ်စမ်း ငါအမိန့်ပဲ ခေါင်းဖြတ်ခံချင်လား ငါအခုလိုကြိုးစားနေတာ မယ်တော်အတွက် လက်စားချေနိုင်ဖို့ပဲ"
ဒီလိုနဲ့ စစ်ပညာကို ၆နှစ်တိုင်တိုင်သင်ယူကျွမ်းကျင်ခဲ့သော်လည်း သူရိန်ရဲ့ စိတ်ဓာတ်တွေက ခက်ထန်လာခဲ့သည်။မည်သူအပေါ်မှာ သနားညာတာခြင်းမရှိသလို ညီအရင်းဖြစ်တဲ့ မိုးမခကိုလည်း သူ့ပစ်ပယ်ခဲ့သည်။
"မင်းသား အဆင်သင့်ဖြစ်ရင် စစ်ထွက်လို့ရပါပြီး"
"သိပ်ကောင်းတဲ့ မယ်တော်ရဲ့ သွေးကြွေးကို ဒီနေ့ကျေအောင်ပြန်ဆပ်ပြမယ် ငါရဲ့ရန်သူအကုန်လုံးကို သတ်ပစ်တစ်ယောက်မှအရှင်မထားနဲ့ ဒါငါအမိန့်ပဲ သူရိန်ဆိုတဲ့ ငါလို့လူမိုက်တစ်ယောက်ကို နာမည်ကြားတာနဲ့တုန်လှုပ်ခြောက်ခြားစေရမယ် ကလေး၊လူကြီး၊အဘိုး၊အဘွားပါမကျန် အကုန်သုတ်သင်ရှင်းလင်းပစ် "
သူရိန် အတွက် ပထမဆုံးအကြိမ်း စစ်ပွဲကအောင်မြင်မှုရယူခဲ့သည်။ မယ်တော်ကို သတ်တဲ့လူရဲ့ခေါင်းကိုပြန်ဖြတ်နိုင်ခဲ့သလို ထိုလူရဲ့ဆွေးမျိုးအစဉ်အဆက်ရဲ့ခေါင်းကိုပါ သူ့ကိုယ်တိုင်ဖြတ်ယူခဲ့သည်။ထိုလူရဲ့ ပြည်သူပြည်သားတွေကို တစ်ယောကျမကနြျအကုနျသတျပဈခဲ့သညျ။ ၁၆နှစ်နဲ့ သူတိုင်းပြည်ရဲ့ အိမ်ရှေ့စံရာထူးကို ရယူခဲ့သည်။စစ်ပွဲပေါင်းမြှောက်မြားစွာ တိုက်ခဲ့သော်လည်းအရှုံးဆိုတာမရှိခဲ့ပါ။
သူရိန် စကားဆုံးတော့ သူမ မျက်လုံးလေးဝိုင်းလျက်နဲ့ ကြောက်လန့်နေမိရပါသည်။
"အဟင်း မင်းငါကိုကြောက်နေပြီးလား"
"ဘာလိုကြောက်ရမှာလဲ လူအချင်းချင်းကို့"
"အဟွန်း လူလိမ်မလေး "
"ရှင်နော် ကျွန်မကို လူလိမ်မလို့မခေါ်နဲ့ ညနက်နေပြီးအိပ်တော့မယ်"
သူမ မြန်ဆန်စွာအိမ်ထဲသို့ပြေးဝင်၏။သူရိန်ကလည်း သဘောကျစွာရယ်မိရပါသည်။
"ဘုရင်ကြီး အိမ်ရှေ့စံနန်းတော်သို့ ပြန်လာကြောင်းပါ"
"ချက်ချင်း ငါဆီသို့ အခစားဝင်စေ"
"အမိန့်တော်အတိုင်းပါ"
ဘုရင်ကြီး အရမ်းပျော်ရွှင်ဝမ်းမြှောက်၏။ သူရိန်လည်း ပန်းနဲ့အတူ နန်းတော်ထဲသို့ကြွချီခဲ့သည်။
"မင်းသား ဘုရင်ကြီးက သူရဲ့နန်းဆောင်သို့လာခဲ့ရန်မိန့်တော်မူကြောင်းပါ မင်းသား"
"ကောင်ပြီးလေ မင်းပါငါနဲ့တစ်ခါတည်းလိုက်ခဲ့ရမယ်"
သူရိန် ဘေးနားက ပန်းကို ပါခေါ်တာကြောင့် နန်းတော်ထဲကလူတွေအားလုံးအံ့ဪလျက်ရှိကြသည်။
ကျွန်မ..မဟုတ်ပါဘူး ကျွန်တော်မျိုးမက ဘယ်အကြောင်းအရာကြောင့် လိုက်ခဲ့ရမလဲ မင်းသား"
"မင်းကသမားတော်လေ ငါရဲ့ခမည်းတော်ကြီးကို ကျန်းမာရေးစစ်ဆေးပေးပါ ပြီးတော် ဒီမှာရှိတဲ့လူတွေအားလုံးကို သတိတစ်ခုပေးလိုက်မယ် ဒါက ငါရဲ့အနီးကပ်သမားတော် လေးလေးစားစားဆက်ဆံကြပါ ပြီးတော့သူက ပန်းပွင့်ငယ်တိုင်းပြည်ရဲ့မင်းသမီးပါ ရှင်းရှင်းပြောရရင် ငါရဲ့မိဖုရားခေါင်ကြီးပါ "
သူရိန်ရဲ့ စကားကြောင့် ပန်း ကိုယ်တိုင်ပါ အံ့ဪရသလို့ နန်းတော်ထဲကလူတွေပါ အံ့အားသင့်လျက်ပါ။
ဆက်ရန်
စာရေးသူ သွေးမိန့်