လူမိုက်ကြီးရဲ့နှလုံးသား
သူရိန် မီးမွှေးပြီးတော့ အိပ်ဖို့ပြင်၏။သူမ ကတော့ မီးကိုငြိမ်းသတ်ဖို့ကြိုးစားသည်။
"ဟာ မင်းဘာလိုမီးကိုသတ်နေရတာလဲ"
"လူရိုင်းတွေလာမှာစိုးလို့ ရှင်ကြောင့် ကျွန်မ လူရိုင်းတွေဖမ်းတာမခံနိုင်ဘူး"
"မင်းကို ဘယ်လူရိုင်းမှမဖမ်းစေရဘူးကွာ ငါအာမခံတဲ့ အိပ်တော့"
"မအိပ်နိုင်ဘူး မီးအရင်သတ်မယ်"
"ကျစ် ခေါင်းမာချက်ကတော့နော် ငါရိုက်ခွဲမိတော့မယ် "
"ရိုက်ခွဲပစ်လိုက် အဲဒါမှမြန်မြန်သေပြီး ရှင်အနားကနေထွက်သွားရမှာ"
"မင်းငါအနားကနေထွက်သွားမယ်ထပ်ပြောကြည့် ငါမင်းရဲ့တိုင်းပြည်ကိုသွားပြီး မင်းရဲ့မိသားစုနဲ့ပြည်သူတွေ ခေါင်းဖြတ်ပြီး သတ်ပစ်မယ် မလုပ်ရဲဘူးမထင်နဲ့ အခုငါရှောင်ပြေးနေတာက မင်းကိုထိခိုက်မှာစိုလို့ ငါဘာသာဆိုရင် ရဲရဲဝံဝံရင်ဆိုင်ပြီးသာပဲ"
ပန်း မိသားစုနဲ့ပြည်သူတွေကိုခြိမ်းခြောက်တာကြောင့် ငြိမ့်ကျသွားပြီး သူနဲ့ဝေးရာဘက်အခြမ်းမှာ ကွေးကွေးလေးလှဲပြီး မျက်ရည်ကျနေမိရပါသည်။တိုင်းပြည်ကိုလည်း လွမ်းဆွေးသတိရနေမိ၏။သူရိန်လည်း သူမရဲ့ငြိမ်ကျသွားတဲ့အပြုအမှုကြောင့် ခဏတိတ်ဆိတ်သွားမိရသည်။ တစ်အောင့်နေတော့ မီးကို ငြိမ်းသတ်ပြီးနောက် သူအဝတ်စားကိုချွတ်၍ သူမ ကိုယ်ပေါ် ခြုံထားပေးလိုက်၏။ရာသီဉတုက အေးတာကြောင့် သူရိန် ခမျှ အအေးဒဏ်အန်တု၍ အိပ်ရပါသည်။ကလက်ဆီကတော့ သူရိန်နားလာပြီး အိပ်တာကြောင့် အနွေးဓာတ် ရရပါသည်။ သူတို့အိပ်ပြီး မကြာခင် မြင်းခွာသံတွေကြောင့် သူရိန်နိုးထားလာတော့ သူကိုဝိုင်းထားသော လူရိုင်းအများကြီးကိုတွေ့လိုက်ရတာကြောင့် ဓားကိုဆွဲထုတ်ပြီး တိုက်ခိုက်မယ်ပြင်တော့
ရှင်ရပ်လိုက်နော် သူတို့မှာ လူအင်းအား ၃၀လောက်ရှိတယ် မနိုင်မှန်းသိရဲနဲ့ တိုက်ခိုက်ချင်မနေနဲ့ နှစ်ယောက်စလုံး သေမင်းဆီကိုခဏအတွင်းရောက်သွားမယ်"
"ပန်းရဲ့ စကားကြောင့် သူရိန် ဓားကိုဓားအိမ်ထဲပြန်ထည့်လိုက်သည်။လူရိုင်းတွေကတော့ ပန်းနဲ့ သူကို့ကြိုးတုပ်၍ သူတို့နေရပ်သို့ ခေါ်သွားသည်။ကလက်ဆီကို လူရိုင်း၁၀ဉီးဆွဲခေါ်လာရသည်။ဒါတောင် သူရိန်က ကလက်ဆီကို မျက်ရိပ်ပြလို့ငြိမ်သွားရတာပါ။
"ဆရာရေ ဒီမှာလူနှစ်ယောက်ကို ဖမ်းမိခဲ့တယ် သူတို့ကိုယ်ကအဝတ်စားတွေက အဖိုးတန်တွေချည်းပဲ ပြီးတော့ မြင်းဖြူကြီးကလည်း တကယ်အကောင်းစားပဲ"
လူရိုင်းခေါင်းဆောင်ကြီး သူရဲ့ဆရာဖြစ်သူဝမ်းသာအားရလှမ်းပြော၏။ ပန်းကတော့ ရွာသားတွေအကဲခတ်မိရပါသည်။ မြို့တော်ကြီးနဲ့ဝေးတာကြောင့် ဒီလူရိုင်းတွေက ကျန်းမာရေးဗဟုသုတမရှိတာကိုတွေ့လိုက်ရ၏။ လူတွေအားလုံးဟာမဲပြာပိန်ခြောက်ကပ်ကြသည်။သူတို့အဝတ်စားတွေက တကယ်ညစ်ပတ်နံစော်၏။ပန်း သူတို့ကို ပြုပြင်ပေးချင်စိတ်ပေါက်လာရပါသည်။
"ဒီကောင်မလေးကအရမ်းချောတာပဲ ငါရဲ့ဇနီးလုပ်ရမယ်"
လူရိုင်းဆရာကြီးရဲ့ စကားအဆုံးမှာ သူရိန် ဒေါသထွက်ပြီး ကလက်ဆီကို အမိန့်ပေးဖို့ကြံတော့ ပန်းကပဲ သူရိန်ကို ဘာမှမလုပ်ဖို့မျက်ရိပ်ပြ၏။
"ကျွန်မမှာ ယောကျာ်းရှိပါတယ်ရှင့် "
"ဒီကထောင့်မကျိုးတဲ့ကောင်က မင်းယောကျာ်းလား မယုံနိုင်စရာပဲ "
"သူ့ကအပြောအဆိုမယဉ်ကျေးပေမဲ့ စိတ်ရင်းကောင်းပါတယ်ရှင့်"
"မင်းကတော့ ယဉ်ကျေးတဲ့သူလိုလူမျိုးနဲ့မတန်ဘူး"
လူရိုင်းဆရာကြီးရဲ့ အပြောကြောင့် သူရိန်အောက်သက်သက် ဖြစ်ရသော်လည်း ပန်းကိုတော့ အံ့ဪမိရပါသည်။ဘာကြောင့်လဲဆိုတော့ အမြဲတမ်းသူနဲ့စကားပြောရင် ဘုကလန့်ပြောပေမဲ့ လူရိုင်းကြီးနဲ့ စကားပြောတာချိုသာယဉ်ကျေးနေလို့ပါ။
"ကျွန်မမှာ ယောကျာ်းရှိပါတယ်ရှင့် "
"ဒီကထောင့်မကျိုးတဲ့ကောင်က မင်းယောကျာ်းလား မယုံနိုင်စရာပဲ "
"သူ့ကအပြောအဆိုမယဉ်ကျေးပေမဲ့ စိတ်ရင်းကောင်းပါတယ်ရှင့်"
"မင်းကတော့ ယဉ်ကျေးတဲ့သူလိုလူမျိုးနဲ့မတန်ဘူး"
လူရိုင်းဆရာကြီးရဲ့ အပြောကြောင့် သူရိန်အောက်သက်သက် ဖြစ်ရသော်လည်း ပန်းကိုတော့ အံ့ဪမိရပါသည်။ဘာကြောင့်လဲဆိုတော့ အမြဲတမ်းသူနဲ့စကားပြောရင် ဘုကလန့်ပြောပေမဲ့ လူရိုင်းကြီးနဲ့ စကားပြောတာချိုသာယဉ်ကျေးနေလို့ပါ။
"ဆရာ မြအေး ဖုတ်ဝင်နေလို နတ်ဆေးဆရာ ပင့်ရမယ်!!!"
"ဖုတ်ကလည်း ဗိုက်ကြီးသည် မိန်းမကိုပါ ဝင်ပူးတဲ့ အမြန် နတ်ဆေးဆရာပင့်ခဲ့"
ဆရာကြီးရဲ့ အပြောကြောင့် လူရိုင်းတစ်ဉီး အရှေ့ဘက်သို့ အပြေးထွက်သွား၏။ ပန်းကလည်း မြအေး ဆိုတဲ့မိန်းကလေးကို စိတ်ပူမိသွားတာကြောင့် လူရိုင်းဆရာကြီးကို သူမ ကဆေးကုတဲ့ ဆေးရာဖြစ်ကြောင်းပြော၍ မြအေးကို စမ်းသပ်ခွင့်ပြုကြောင်း တောင်းခံတာကြောင့် လူရိုင်းဆရာကြီးက ခွင့်ပြုလိုက်သည်။
"ငါနားက ဘယ်သူမှမကပ်ကြနဲ့နော် အကုန်ပါးရိုက်ပစ်မယ် အားး ဗိုက်ကလည်းနာလိုက်တာ"
"ဂျာရစ် မင်းခေါင်းက ဘာလိုထိပ်နားကွက်နေရတာလဲ"
"ဆရာရေ ကယ်ပါအုံး မြအေး ကျွန်တော် ကို ဘာအပြစ်မှမရှိပဲ ဆံပင်မွှေးဆွဲနုတ်လို့ ထိပ်ကွက်ရတာပါ"
"ဖြစ်ရလေရဲ့ ကဲ့ လူတွေအားလုံး မြအေး ဝိုင်းချုပ်ထား ဖုတ်ကိုထုတ်ရမယ်"
"ဆရာကြီးရှင့် ကျွန်မ ပဲသူ့အနားကပ်လို့ရမလား "
"သူ့ကအရမ်းကြမ်းတဲ့ မင်းနဲ့ဖြစ်ပါမလား"
"ဖြစ်ပါတယ်ရှင့် "
"ငါခွင့်မပြုဘူးနော် မင်းအဲဒီမိန်းမအနားမသွားနဲ့"
သူရိန်ရဲ့ တားမြစ်သံကို သူမငြင်းဆိုပြီး အေးမြအနားသို့ကပ်ခဲ့သည်။
ညီမလေး စိတ်အေးအေးထားနော် မမဘာမှမလုပ်ဘူး မမကဆေးဆရာပါ ညီမလေး အခုလိုဘယ်လိုခံစားရလဲ မမကိုပြောပြ"
"အီးဟီးး အရမ်းနာတယ် ဗိုက်ထဲက အီးးဟီးး"
ပန်း ထိုမိန်းကလေးရဲ့ ကိုယ်ကိုဖက်ထားလိုက်၏။ထိုနောက် သွေးခုံနှုန်းစမ်းပေးသည်။ မြအေးရဲ့ တစ်ကိုယ်လုံးကို အသေးစိတ်ကြည့်လိုက်တော့ ခြေတွေလက်တွေဖောနေတာကြောင့် သူမ ကလေးမွှေးချင်လို့ ဗိုက်နာတာကို မခံနိုင်လို့ ရှိသမျှလူတွေကို ထုရိုက်ကြောင်း သိသွားရ၏။
ဆရာကြီး မြအေးက ကလေးမွှေးချင်နေတာပါ ဖုတ်ဝင်နေတာမဟုတ်ပါဘူး ကလေးမွှေးပေးနေကျအဒေါ်ကြီးတွေကို ခေါ်ပေးပါရှင့်"
"ဒီမှာ မိန်းကလေး မင်းပြောတာမှားတဲ့ ဖုတ်ဝင်နေတာပါ ငါဒီရွာက ဗိုက်ကြီးသည်တွေ အားလုံးကိုမွေးပေးလာတာ အခုလိုတစ်ခါမှမဖြစ်ဖူးဘူး ဆရာကြီး နတ်ဆေးဆရာကို ဖုတ်ထုတ်ခိုင်းမှာဖြစ်ပါမယ်"
"အဒေါ်ကြီး ဗိုက်ကြီးသည်တွေအကုန်လုံးက တစ်ပုံစံတည်းမဟုတ်ပါဘူး ဆရာကြီးရှင် ဘယ်သူမှမကူညီလည်း ကျွန်မ တစ်ယောက်ထဲမွေးပေးပါမယ် အခုမမွေးရင် မြအေးရဲ့အသက်ကိုဆုံးရှုံးရလိ်မ့်မယ်"
"မိန်းကလေး မင်းကိုယုံကြည့်လိုက်မယ် သူနဲ့အတူ မြအေးကို ကလေးမွေးပေးဖို့ ဘယ်သူရှိလဲ"
"ကျွန်မတို့ကတော့ မမွေးပေးနိုင်ပါဘူး ဆရာကြီး "
"ဟုတ်တယ် ကျွန်မတို့လည်းမမွေးပေးနိုင်ပါဘူး"
ရွာထဲ မိန်းကလေးတွေအကုန်လုံးက ငြင်းဆန်ကြသည်။ပန်းကတော့ တည်ငြိမ်သောမျက်နှာဖြစ် မြအေးကို ကြင်နာစွာတွဲခေါ်ပြီး အိမ်လေးထဲသို့ဝင်ခဲ့သည်။ ထို့နောက် မြအေးကို ပက်လက်လှန်ခိုင်း၍ ပေါင်နှစ်ချောင်းထောင်ခိုင်း၍ ရေမြွာပေါက်မပေါက်ကြည့်သည်။ရေမြွှာပေါက်နေတာကြောင့် ဗိုက်ထဲ ကလေးထွက်ချင်မှန်းသိရသည်။
"မြအေး ဘာမှမကြောက်နဲ့နော် မမမွေးပေးမယ် အရမ်းနာနေတဲ့မဟုတ်လား"
"အင့်ဟင် အရမ်းနာတယ်"
"ဟုတ်ပါပြီး အခုမမက ညစ်ဆိုရင် အားကုန်ညစ်ပစ်နော်"
်"ဟုတ်ကဲ့ မမ"
"ညစ်တော့"
"အားးး"
"အသက်ကိုမှန်မှန်လေးရှုနော် ပြီးရင် ပြန်ညစ်မယ်နော် ကလေးလေးထွက်တော့မယ် ပြော၍ သူမ အပြင်ကိုပြေးထွက်မိရပါသည်။
"တစ်ယောက်လောက်အကူညီလိုပါတယ် ဘယ်သူကူညီမလဲ"
မိန်းကလေး အကုန်လုံးကတိတ်ဆိတ်နေတာကြောင့် ပန်း ဝမ်းနည်းမိရပါသည်။သူရိန်ကတော့ ပန်း မျက်နှာညိုးနေတာကြောင့် မိန်းကလေးတွေအကုန်လုံးကို ခေါင်းဖြတ်သတ်ချင်စိတ်ပေါက်ရပါသည်။
"ငါကူညီမယ်"
"ဟမ် "
သူရိန်စကားကြောင့် ပန်း အံ့ဪရသလို လူရိုင်းတွေဆရာကြီးကပါ သူရိန်ကို ကြိုးဖြေပေးပြီး ကူညီစေပါသည်။ပန်းနဲ့ သူရိန် အခန်းထဲသို့ပြန်ဝင်သွားသည်။
"ရှင်က ဗိုက်ကို ဒီလိုမျိုးတွန်းပေးနော် ကျွန်မ လုပ်ပြတာတွေ့လား"
"အင်းပါ ငါလုပ်တတ်တဲ့"