လူမိုက်ကြီးရဲ့နှလုံးသား
"လန့်ပါစေ မင်းရဲ့ပေါက်ကရလုပ်တာသူမြင်ရင်ပြီးတာပဲ"
"အရမ်းစိတ်ပုတ်တဲ့ လူကြီး အခုချပေး မင်းသားလေးအဆောင်မသွားဘူးနော်"
ကိုး ရုန်းကန်လျက် မိုးမခ ခေါ်ရာနောက်ပါသွားသည်။အဆောင်ထဲရောက်တော့ ကုတင်ထက်မှာ ကိုးကိုထိုင်စေပြီး ရေတစ်ခွက်ခတ်ပေး၏။
"ရော့သောက်လိုက်."
ကိုး အခန်းထဲရောက်တာနဲ့ မင်းသားကိုပဲရှာဖွေမိသည်။မိုးမခ ကိုး မျက်စိကစားပြီး မင်းသားကိုရှာနေမှန်းသိသည်။
သောက်လေး ဘယ်သူကိုရှာနေတာ"
"မင်းသားလည်းမတွေ့မိပါလား"
"မင်းသားက ငါပဲ"
မိုးမခ စကားကြောင့် ကိုးခဏ ငြိမ်သက်သွားသော်လည်း ချက်ချင်းဗိုက်နိပ်ပြီးရယ်သည်။
"ဟိ.ဟိ.ဉီးနှောက်ချောင်သွားပြီးထင်တဲ့ လူကြီးကဘယ်လိုလုပ်ပြီး မင်းသား ဖြစ်မှာလဲ ရယ်ရတာ ဗိုက်တောင်နာတဲ့"
"မရယ်နဲ့ အတည်ပြောတာ"
"တကယ်ကြီးလား"
ကိုး အံ့ဪစွာ မေးလိုက်လျှင် သူ့ကခေါင်းငြိမ့်ပြတာကြောင့် ကိုး အလန့်တကြားထပြေး၏။သို့သော် မိုးမခက ကိုးလက်ကိုဆောင့်ဆွဲတာကြောင့်ပြေးလို့မရတဲ့အပြင် သူရင်ခွင်ထဲပါရောက်သွားရသည်။
""အေမ့!!
"ဘာလိုထပြေးတာလဲ မင်းသားကိုအရမ်းတွေ့ချင်တယ်ဆို"
"အဲဒါ..အဲဒါ..က လူကြီး..မှန်းမသိလို့ပါ"
"အခုသိပြီးဆိုတော့ မင်းဘာလုပ်မလဲ"
မိုးမခ မျက်ခုံးပင့်၍ မေးလျှင် ကိုးက မျက်နှာစူပုတ်စွာနဲ့
"ဘာမှမလုပ်ဘူး လွှတ်.လူကြီးက မင်းသားဖြစ်နေလို တွေ့ကိုမတွေ့ချင်တော့ဘူး"
"ဟာ ကိုယ်ကို အဲဒီလောက်ထိတောင်မုန်းတာလား"
"မမုန်းပါဘူး"
"ဒါဆိုရင်ချစ်တယ်ပေါ့"
"အင်..ဟမ်မဟုတ်ပါဘူး ဘာတွေလာမေးနေတာလဲ"
"မရဘူးနော် အင်လိုဖြေပြီးပြီး"
"ဟာ အဲဒါေယာင်သွားတာ"
"ကိုယ်ကတော့အတည်ယူလိုက်ပြီး ဒီကသရဲမလေးကို ချစ်နေတာကြာပြီးကွာ ကိုယ်ကိုပြန်ချစ်လိုက်ပါနော်"
"ရည်းစားစကားပြောတာကလည်း "
"ဘာဖြစ်လိုလဲ"
"လူကြီးက ကိုးကို သရဲမလေးလို့ခေါ်တာက ကဗျာမဆန်ဘူး"
"ကဗျာဆန်အောင် ဘယ်လိုလုပ်ရမလဲသိပြီး.မွ..."
မိုးမခ ကိုးရဲ့ပါးပြင်တစ်ဖက်ကိုနမ်းရှိုက်ပစ်လိုက်၏။ကိုးကတော့ ရှက်ရမ်းရမ်း၍ သူရင်ဘက်ကြီးကိုထုရိုက်ပါသည်။ကိုးရဲ့ ထုရိုက်မှုတွေရပ်သွားတော့ မိုးမခက ကိုးကို့ ချစ်တယ်ဆိုတဲ့အဖြေကိုအတင်းတောင်းသည်။ ကိုးလည်း ခေါင်းငြိမ့်ပြမိရပါသည်။မငြိမ့်ရင် မိုးမခ အတင်းဖက်ထားလို့ ကိုးရဲ့အရိုးတွေကျိူးကုန်ပါမည်။
နန်းတော်ထဲမှာ ပြသာနာတွေအကုန်ရှင်းသွားသည်။ ဉီရီးတော်ကြီးကို တိုင်းပြည်လုပ်ကြံမှုနဲ့ ခေါင်းဖြတ်၍အပြစ်ပေးလိုက်သည်။ အခုဆိုရင် ဧကရီတိုင်းပြည်ကြီးမှာ မကောင်းတဲ့လူတွေမရှိတော့တာကြောင့် အရမ်းကိုပျော်စရာကောင်း၍ တိုးတက်နေသည်။သူရိန်ရဲ့ အုပ်ချုပ်မှုကတရားမျတပြီး တိုင်းသူပြည်သားအပေါ် အလေးပေး၍အုပ်ချုပ်ခြင်းကြောင့် ပြည်သူတွေရဲ့အချစ်ကို အရင်ကထက် သူရိန်ပိုရပါသည်။
"မောင်တော် လူနာကိုဆေးသေချာပေးနော်"
"အေးပါ နှမတော်ရာ ဪဟိုမှာ ဆင်းရဲသားတွေ ဆေးလာကုနေပြီး စေတနာအပြည့်အဝနဲ့ကုပေးပါဗျာ ကျွန်တော်မျိုးက ဆေးထုပ်တွေပေးပေးပါမယ်"
သူရိန်နဲ့ပန်း ရုပ်ဖျက်ပြီး ဆင်းရဲသားတွေ ဆေးကုပေးနေတာပါ။ ပန်းကတိစကားကြောင့် ရုပ်ဖျက်တဲ့ဆိုပေမဲ့ သူရိန်တကယ်ပျော်ရွှင်ရပါသည်။
"ဆရာမလေးတို့အတွက် သစ်သီးတွေယူလာတဲ့"
"အဒေါ်ကလည်း ဘာလို့ယူလာရတာလဲ နောက်မယူလားပါနဲ့ စေတနာနဲ့ကုပေးတာပါရှင့်"
"အဒေါ်ကလည်း စေတနာနဲ့စားစေချင်လို့ယူလာပေးတာပါ ယူသွားပါနော် ကိုယ်ဝန်သည်အတွက်အရမ်းကောင်းတာ"
"ဒီတစ်ခါတော့ ယူသွားမယ် နောက်အခါကျရင် သမီးကိုပေးမဲ့အစား မရှိတဲ့လူတွေလှူလိုက်ပါရှင့် ကဲ့သွေးခုန်နှုန်းပုံမှန်ပဲ နှလုံးအားနည်းနေတဲ့ မောင်တော် ဒီကအဒေါ်ကို နှလုံးအားတိုးစေမဲ့ ဆေးမြစ်တွေပေးလိုက်ပါ"
."ဟုတ်ပါပြီးဗျာ "
"ဆရာမလေးနဲ့ဆရာလေးက အရမ်းသဘောကောင်းတာပဲ တိုင်းပြည်ရဲ့အရှင်နဲ့မိဖုရာကြီးကျနေတာပဲ "
အဒေါ်ကြီးစကားကြောင့် ပန်းကျေနပ်စွာပြုံးမိရပါသည်။
အဒေါ်က သူတို့နှစ်ယောက်ကိုမြင်ဖူးလား"
"မမြင်ဖူးပါဘူးကွယ် ဒါပေမဲ့ သတင်းတော့ကြားနေရတဲ့ကွယ် အရင်ကအဒေါ်တို့အရှင်က အရမ်းစိတ်ထားခက်ထန်တာ သူကိုမထိနဲ့ထိရင်ခေါင်းဖြတ်မဲ့စတိုင် အခုတော့အဲလိုမဟုတ်တော့ဘူး သူကိုထိလည်းစေတနာထားပြီးအတက်နိုင်ဆုံး သည်းခံပေးတဲ့"
"အဒေါ်စိန် အရှင် အခုလိုပြောင်းလဲလာတာ ကျွန်မတို့ရဲ့အချစ်တော် မိဖုရားကြီးကြောင့်လည်းထည့်ပြောအုံး"
အဒေါ်ရဲ့အပြောကို ဆေးကုဖို့တန်းစီနေတဲ့ ကောင်မလေးက ဝင်ပြောသည်။
အေးပါငါသိပါတယ်ဟာ နင်ကလည်းဆို၍ ပန်းကိုစကားဆက်ပြော၏။
ဆရာမလေး အဒေါ်တို့အရှင်က အရင်ကလူမိုက်ကြီးမဟုတ်တော့ဘူး အချစ်တတ်ဆုံးအရှင်ဖြစ်နေတဲ့ မိဖုရာကြီးကိုချစ်တာများ တုန်နေတာပဲတဲ့"
"ဟုတ်ပါပြီးရှင့် အဒေါ် ဆေးသွားယူတော့နော် ကျွန်မ နောက်လူနာတွေကြည့်အုံးမယ်ရှင်"
"အေးပါကွယ် အခုလိုအဒေါ်တို့လိုဆင်းရဲသားတွေကိုကုပေးလို့ အသက်ရှည်ပါစေ အဆင်းလှပါစေ ကျန်းမာပါစေကွယ် လင်းမယားနှစ်ယောက်လုံး အိုအောင်မင်းအောင်ပေါင်းရပါစေ"
အဒေါ်ရဲ့ဆုပေးတဲ့အဆုံးမှား ပန်းနဲ့သူရိန် လက်အုပ်ချီ၍ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ရွတ်ဆိုကြသည်။
"ကိုး အရမ်းချစ်တယ်နော်"
"လူကြီး ဘယ်လိုဖြစ်နေလဲ ခဏခဏပြောနေတာပဲ နားတောင်ငြီးလာပြီး"
"နားမငြီးစေချင်ရင် လက်ထပ်မယ်လေး"
"ကိုး လက်မထပ်ချင်သေးဘူး ပြီးတော့ ကိုး အဖေကို မင်းသားနဲ့ပေးမတွေ့ချင်ဘူး"
"ကိုး ပေးမတွေ့လို့ ကိုယ်သွားတွေ့ပြီးပြီး"
"ဟမ်"
ကိုးရဲ့ နှာခေါင်းကို ဖွဖွလေးလိမ်ဆွဲမိရသည်။ သူမ အံ့ဪ နေတဲ့ပုံက တကယ်ချစ်စဖွယ်လေးပါ။
"ကိုယ်သွားတွေ့တော့ ကိုးအဖေ ဝမ်းသာရှာတဲ့ သူ့မိန်းမက သူကိုကန်ထုတ်လိုက်လို ဇရပ်မှာနေနေရတဲ့"
"အဲဒါဆိုရင် အဖေက ဇရပ်မှာနေနေတာပေါ့ ကိုးသွားတွေ့မယ်"
"တွေ့လိုမရတော့ဘူး "
"ဘာလိုလဲ"
မိုးမခ ကိုးရဲ့ကိုယ်လေးကို ပွေ့ချီ၍ ဉယျာဉ်ခြံထဲရဲ့ ထိုင်ခုံမှာဝင်ထိုင်သညိ။ ကိုးကိုတော့ သူကိုယ်ပေါ်မှာထိုင်စေသည်။
"ဘာလိုလဲဆိုတော့ ကိုး အဖေက သာသနာဘောင်ထဲအပြီးဝင်သွားလို့ ကိုးအမေကို လုပ်ခံအပြစ်တွေကိုဆပ်ဖို့တဲ့ ကိုယ်က နန်းတော်မှာလိုက်နေဖို့ခေါ်တာတောင် မလိုက်ဘူး ကိုးကို သူစိတ်ချပြီးတဲ့ ကိုးအပေါ်ဖခင်တစ်ယောက်တာဝန်ကိုမကျေလို့ ခွင့်လွှတ်ပါတဲ့"
"လူကြီးကို အဖေကအဲလိုပြောတာပေါ့"
"ဟုတ်တယ် ကိုးက လူကြီးအပိုင်ဖြစ်သွားပြီနော် အမြန်ဆုံးမဂ်လာဆောင်မယ်"
"စိတ်ကူးရင်နေ"
"စိတ်ကူးရင်တာမဟုတ်ဘူး တကယ်မဂ်လာဆောင်မှာ"
"ကိုးခွင့်ပြုလို့လား လူကြီးကို"
"မခွင့်ပြုလည်းရအောင် ယူမှာပဲဆို၍ ကိုးရဲ့နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်သည်။ကိုးကလည်း မရုန်းကန်ပဲ အနမ်းတွေချိုမြွန်ခံစားပြီး တုံ့ပြန်၏။ထိုနောက်တစ်ယောက်ကိုတစ်ယောက် ဖက်ထား၍ ဉယျာဉ်ထဲကပန်းအလှနဲ့လိပ်ပြာငယ်လေးတွေပြေးဆော့နေတာကိခြံစားနေသည်။
"မောင်တော်မောလား"
"မမောပါဘူးကွာ နှမတော်ရော့"
"မမောဘူး နန်းတော်ထဲကနေထွက်လာရလိုပျော်တဲ့ "
"နန်းတော်ရဲ့မိဖုရာကြီးရဲ့ဘဝကိုမပျော်ဘဲ သမားတော်ဘဝကိုပျော်နေတာလား"
"နှစ်ခုစလုံးမဟုတ်ဘူး"
"ဒါဆိုရင်ဘာကြောင့်လဲ"
"ဟော့ဒီက လူမိုက်ကြီးရဲ့နှလုံးသား ဖြစ်နေရတာကိုပျော်တာ"
"စကားအရမ်းတတ်တဲ့နော် ဒီကလူမိုက်ကြီးကလည်း လူကောင်းကြီးဖြစ်နေပါပြီးဗျာ ဒါပေမဲ့ နှမတော်ကိုထိရင်တော့ လူမိုက်ကြီးဘဝကိုပြန်ရောက်မှာအရင်ကထက် အဆ၁ထောင်ပိုမိုက်မှာ"
"မမိုက်ပါနဲ့ရှင့် လူမိုက်ကြီးရဲ့နှလုံးသားကို ဘယ်သူကမှမထိရဲပါဘူးရှင့် ကလက်ဆီလည်းမတွေ့ဘူးနော်"
"ဟိုမှာ သူရဲ့ဘဝလက်တွဲဖော်နဲ့မြက်စားနေတဲ့ ကလက်ဆီလည်း ဘယ်သွားသွား သူအဖော်ကိုခေါ်လာမှာလိုက်တော့တဲ့"
"မောင်တော်နဲ့တူတာကို့"
"အမှန်ပဲ မောင်တော်ရဲ့ ကလေးနဲ့စကားပြောအုံးမယ် "
သူရိန် ပန်းကို ထိုင်ခုံတစ်ခုမှာထိုင်ခိုင်းပြီး ပန်းရဲ့ ဗိုက်ကိုလက်နဲ့ကိုင်၍ ပြုံရွှင်စွာစကားပြောသည်။
ကလေးလေး နေကောင်းလား မေမကေိုသိပျပွီးနာကငျြအောငျမလုပျနဲ့နျော ယောကျာ်လေးလားမိန်းကလေးလားမသိပေမဲ့ ကလေးလေးက မေမေနဲ့တူရင်အရမ်းကောင်းမှာပဲ ကလေးရဲ့မေမေကစိတ်ထားအရမ်းကောင်းပြီး ချစ်ဖို့ကောင်းတဲ့သိလား ကလေးလေးအပြင်ဘက်ထွက်လာရင် ခမည်းတော်နဲ့အပြိုင်မလုရဘူးနော် အရမ်းချစ်တယ် ဆိုပြီး ပန်း ရဲ့ဗိုက်ကိုနမ်းသည်။ ပန်းကလည်း သူရိန်ရဲ့ဆံပင်တိုတိုလေးတွေကို ဖွဖွလေးသပ်ပေးသည်။ ပန်းရဲ့ မျက်နှာလေးက ပြုံးရွှင်ကြည်နူးနေသည်။
ကလက်ဆီကလည်း သူရဲ့ ချစ်သူမြင်းမလေးနဲ့ မြက်နုနုလေးတွေစားပြီး မြည်းဟီးနေသည်။ကောင်းကြီးက အပြာရောင်သန်း၍တိမ်တိုက်ဖြူဖြူလေးတွေက ကဗျာဆန်ဆန်ရွေ့လျားနေသည်။
မိုးမခနဲ့ကိုးလည်း တစ်ယောက်လက်တစ်ယောက်ဆွဲကိုင်၍ ဉယျာဉ်ထဲမှာ ပန်းလှလှလေးတွေကိုကြည့်နေ့သည်။တစ်ခါတစ်ခါ ကိုးက မိုးမခရဲ့ပခုံးပေါ်ခေါင်းလေးတင်နေတတ်သည်။
ပြီးပါပြီးဗျာ
စာရေးသူ သွေးမိန့်