လူမိုက်ကြီးရဲ့နှလုံးသား
"နှမတော် ဒီနေ့ဆေးကျိုသေးလား"
"မကျိုဘူး မောင်တော်စကားနားထောင်တယ်"
"လိမ်မာနေတယ်ပေါ့ ဒါဆိုရင်ဆုချရမယ်"
ပန်းရဲ့ နဖူးလေးကိုနမ်းရှိုက်လိုက်သည်။
"ဟွန့် ဆုချတာကလည်း နမ်းတာချည်းပဲ တစ်ခြားဟာဆုချ"
"ဘာလိုချင်လဲ ပြော"
"အင်.."
မျက်လုံးထောင်ကပ်ပြီး စဉ်းစားနေတာက သူရိန်ရဲ့အချစ်တွေကိုပိုတိုးစေ၏။တစ်အောင်နေ့တော့ သိပြီးဆိုတဲ့သဘောနဲ့ ပန်းဝမ်းသာအားရ ပြုံးလိုက်သည်။
မောင်တော် နှမတော်နဲ့အတူအရပ်သားဝတ်စုံဝတ်ပြီး မြို့ထဲလျှောက်လည်ကြမယ်"
"ဟုတ်ပါပြီး နှမတော်သဘောအတိုင်းဖြစ်စေရမယ် ကဲညဉ့်နက်ပြီးအိပ်ကြစို့"
သူရိန် နဲ့ပန်း ကုတင်ပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်၍ အိပ်စက်ကြသည်။
"အိပ်လိုမပျော်ဘူး ဘေးကမမလည်း ငေါက်နေတာပဲ နာငြီးလာပြီး"တွေးရင် ကိုးထိုင်မိသည်။ဘေးနားက အိပ်နေတဲ့ နန်းတွင်းသူမမကို မကျေနပ်သလို့ကြည့်မိပြီး အခန်းအပြင်သို့ထွက်ခဲ့သည်။
"တစ်လောကလုံး ငြိမ်သက်တိတ်ဆိတ်နေတာပဲ ငါတစ်ယောက်ထဲအိပ်လို့မရတာနေမယ် လမင်းကြီးကလည်းသာလို့"
ကိုး တစ်ကိုယ်တည်းကြားအောင်ရေရွတ်၍ အခန်းရဲ့ဘောင်မှာထိုင်နေမိသည်။ထိုစဉ် ခေါင်းထဲပေါ်လာတာက မင်းသားအခန်းကိုသွားချောင်းဖို့ပါ။ဒါကြောင့် ကိုး ခါးကုန်း၍ ဘယ်သူမှမမြင်အောင်လမ်းလျှောက်ပြီး မင်းသားအခန်းရှိရာသို့လာခဲ့သည်။
"ဟာ ဟိုမှာရဲမက်ပါလား"
ကိုး ရဲမက်မြင်တာနဲ့ ဘေးက ချုံပုတ်ထဲသို့ ဒိုင်ပင်ပစ်ထိုး၏။ရဲမက်တွေက အသံကြားလို့လာကြည့်တော့ တိတ်တိတ်ကလေး ကိုးငြိမ်နေသည်။ ရင်ဘက်နဲ့မြေကြီးကလည်း တစ်သားထဲဖြစ်နေအောင် ဝှပ်ထားသည်။ရဲမက်တွေသွားမှာ ကိုးလည်း ချုံပုတ်ထဲကနေထွက်ခဲ့သည်။
ချုံပုတ်ထဲကထွက်လာရတာကြောင့် သူမဆံပင်တွေပွနေ၏။ညဘက်ဆိုရင် သနပ်ခါးထူထူလိမ်းပြီးမှအိပ်တာကြောင့် မျက်လုံးနှစ်လုံးပဲပေါ်သည်။ ညအိပ်ဂါဝန်က အဖြူရောင်နဲ့ဆိုတော့မသိရင် သရဲမအတိုင်းပါပဲ။
ဟူးးမောလိုက်တာ မင်းသားအဆောင်တော့ရောက်ပြီး ရဲမက်တွေမမြင်အောင်က ဘယ်ကနေသွားရင်ကောင်းမလဲ ဟုတ်ပြီး မင်းသားအခန်းကပြတင်းပေါက်ပွင့်နေတဲ့ အဲဒီနေရာကနေသွားရမယ် တွေးရင် ထိုနေရာသိလြာခဲ့သည်။
မိုးမခ တစ်ယောက် ကိုးအကြောင်းတွေးရင် အိပ်မပျော်တာကြောင့် ထိန်ထိန်သာနေတဲ့လကိုကြည့်၍ အဆောင်အပြင်မှာလမ်းလျှောက်နေမိသည်။ ထိုစဉ်ပြတင်းပေါက်ပေါ် ဆံပင်ဖားလျားနဲ့မိန်းမတစ်ယောက်တွေ့တာကြောင့် တုန်လှုပ်သွားသည်။
"သရဲမထင်တယ် ငါအခန်းဘာဝင်လုပ်မလို့လဲ
ငါဒီအတိုင်းကြည့်နေလို့မရဘူး တွေး၍ ထိုနေရာသို့အမြန်ပြေးပြီး သရဲမ ဆံပင်ကိုဆောင့်ဆွဲလိုက်၏။
"သရဲမ အခန်းထဲဘာဝင်လုပ်မလိုလဲ"
"အား နာတယ် ကိုးက သရဲမမဟုတ်ဘူး လူကြီးဆံပင်ဆွဲထားတာနာနေပြီး"
"ဟမ် မင်းကသရဲမပဲကို ညဘက်ကြီးဘာလာချောင်းတာလဲ ကိုယ်အခန်းမှာကိုယ်မနေဘူး"
"ကိုး ကိုသရဲမလိုမခေါ်နဲ့ "
ကိုစိတ်တိုသံနဲ့ပြောရင် မိုးမခကိုကြည့်လျှင်
"အမယ်လေး လန့်စရာချည်း သရဲမလို့ခေါ်တာမကြိုက်ဘူးလည်းပြောသေးတဲ့ ကိုယ်ရုပ်ကိုယ်ပြန်ကြည့်အုံး သရဲကမြင်ရင်တောင် ပြန်လန့်နေမယ် ဟားး"
"တိုးတိုးရယ် မင်းသားလေးနိုးသွားမယ် လူကြီး ဟူးးမင်းသားလေးကိုမြင်ဖူးချင်လို့လာချောင်းပါတယ် ဘီလူးကြီးနဲ့လာတွေ့နေတဲ့ တော်ပြီးပြန်အိပ်တော့မယ်ဆိုပြီး ကိုးဂါဝန်ကြီးကိုမ၍ အမြန်ဆုံးနည်းဖြစ် ကိုယ်အဆောင်ကိုယ်ပြန်ပြေးခဲ့သည်။ မိုးမခကတော့ သူမအဖြစ်ကိုကြည့်ပြီး တစ်ယောက်ထဲရယ်နေမိပါသည်။
"သတင်းဆိုးရှိပါတယ် မိဖုရားကြီး"
"ဘာသတင်းဆိုးလဲ အမြန်လျှောက်တင်"
"မနေ့ညက အသစ်ဝင်လာတဲ့ နန်းတွင်းသူ၅ယောက်အသတ်ခံရပါတယ် မိဖုရာကြီး"
"ဘယ်သူသတ်တာလဲ ရအောင်စုံစမ်းရမယ် အရှင်ရော့ဒီအကြောင်းသိပြီးပြီးလား"
"သိပြီးပါပြီး မိဖုရာကြီး အဲဒီပြသာနာကြောင့် ညီလာခံကျင်းပနေပါတဲ့"
"အရှင် ဒီပြသာနာကိုဖြေရှင်းနိုင်ပါမလား"
"ဖြေရှင်းနိုင်မှာပါ မိဖုရာကြီး"
"အဲလိုပဲဆုတောင်းရမှာပဲ ကိုးကို မျက်ခြေမပျက်စောင့်ကြည့်ထားပါ"
"ဟုတ်ကဲ့ပါ မိဖုရားကြီး"
ကိုး ဆေးကျိုနေတုန်း အခန်းတံခါးကိုရုတ်တရက်ဖွင့်လာသူကြောင့်လန့်သွားရသည်။ထိုသူက မိုးမခပါ ။နန်းတွင်သူအသစ်၅ယောက်သတ်ခံရတဲ့ကြားလို စိုးရိမ်ပြီး ကိုးကိုလာကြည့်ခြင်းဖြစ်သည်။
"လန့်လိုက်တာ အလောတကြီးနဲ့ ဘာအကြောင်းရှိလို့လဲ ဒါနဲ့ လူကြီးကဘာလိုမင်းသားဝတ်စုံဝတ်ထားတာလဲ"
ကိုးကို စိုးရိမ်ပြီးလာတာကြောင့် ရုပ်ဖျက်ဖို့တောင်မေ့သွားသည်။ ကိုးကလည်း အထူးအဆန်းသဖွယ်သူကိုကြည့်နေမိသည်။မိုးမခ ဘယ်လိုလိမ်ရမလဲတွေးနေတုန်း ကိုးက မိုးမခရဲ့ လက်မောင်းကိုလိမ်ဆွဲပစ်သည်။
"အား"
"အားမနေနဲ့ အခုချက်ချင်းသွားပြန်လှဲ လူကြီးဘာသာ မင်းသားနဲ့ ဘယ်လောက်ရင်းနှီးရင်းနီး သူဝတ်ဆုံတော့မဝတ်သင့်ဘူးလေး သွားအမြန်ပြန်လှဲခဲ့"
မိုးမခ ကို စိတ်ပူစွာပြောနေတဲ့ ကိုးကိုရယ်ချင်မိပါသည်။ ဖွင့်ပြောလိုက်ရင်လည်း ကိုးရှက်သွားမှာသေချာသည်။
"ဟာ ဘာရယ်နေတာလဲ သွားပြန်လှဲဆို"
"မလှဲပါဘူး မင်းသားကိုယ်တိုင်ပေးဝတ်တာပဲကို့"
"မင်းသားက အရမ်းသဘောကောင်းတာပေါ့ မိဖုရာကြီးနဲ့အရှင်ကရော့ ဘာမှမပြောဘူးလား"
"မပြောပါဘူး ဒါနဲ့ နန်းတွင်းသူအသစ်တွေအသတ်ခံနေရတယ် မင်းဘယ်မှလျှောက်မသွားပါနဲ့ မိဖုရာကြီး နေခိုင်းတဲ့နေရာမှာနေ"
"ဒါဆိုရင် အဲဒီလူသတ်သမားက ကိုးကိုမတွေ့မချင်းလာသတ်နေမှာပေါ့ "
"ဒါပေါ့ လုံခြုံရေးလည်းတိုးမြှင့်ထားတဲ့ ဒါနဲ့အဲဒီအမိန့်စာအတုလုပ်သူကို မင်းမြင်ဖူးလား"
"မမြင်ဖူးဘူး ကိုးက အဲဒီလူသူ့တပည်တွေကိုအမိန့်ပေးနေတာကိုပဲကြားတာ"
."အသံကဘယ်လိုမျိုးလဲ"
"မသိဘူး မမှတ်မိတော့ဘူး ဟာမဟုတ်ဘူး အဲဒီအသံကိုမှတ်မိတယ် ပြန်မပြောတတ်တာ"
"ကျစ်မင်းစကားကလည်း မင်းလိုမျိုးရှုပ်ထွေးနေရော့ မင်းနာမည်က ကိုးတစ်လုံပဲလား"
"ဟုတ်တယ် လူကြီးနာမည်ကရော့"
"မင်းကကိုးဆိုတော့ ငါကကျားပေါ့"
"ဘာကျားလဲ ဖွတ်ကျားလား အူကြောင်ကြားလား"
"ကြည်စမ်း ငါကိုဖဲ့တဲ့ မင်းသေဖို့ပြင် မပြေးနဲ့"
"မပြေးဘဲနေရအောင် လူကြီးလို့ ဖွတ်ကျား အူကြောင်ကြားမဟုတ်ဘူး ဗြဲ..ဗြဲ"
မိုးမခ ကိုးကို လိုက်ဖမ်း၏။ ကိုးကလည်း မမိအောင်အတင်းထွက်ပြေးသည်။ သူတို့နှစ်ယောက် သမားတော်အဆောင်မှာ ကလေးတွေလိုပြေးတမ်းလိုက်တမ်းဆော့နေကြသည်။
ဆရာ နန်းတွင်းသူအသစ်၅ယောက်လုံးက ဆရာသတ်ချင်တဲ့သူမဟုတ်ဘူး"
.
"ဘာ တောက် အခုဆိုရင်လုံြခုံေတွတိုးချဲ့နေပြီး အဲဒီကောင်မလေးကို ရှာတွေ့ဖို့လိုတယ် သတ်ပစ်ဖို့လိုတယ် မင်းသားတောင် နန်းတော်ထဲရောက်နေရင် အဲဒီကောင်မလေးလည်း ရောက်နေလောက်ပြီး ဘယ်မှာပုန်းနေတာလဲ"
"ဆရာ..ဆရာ.."
"ဘာလဲကွာ အလောတကြီးနဲ့ ဒီမှာစကားပြောနေတဲ့"
ပြေးဝင်လာတဲ့ ရဲမက်က ဉီးရီးတော်နားနားကပ်ပြီးတိုးတိုးလေးပြောသည်။ ဘာပြောမှန်းမသိပေမဲ့ ဉီးရီးတော်မျက်နှာပြုံးသွားသည်။
ညအမှောင်ထူကြီးကကြီးစိုးလာနေသော်လည်း ကိုးတစ်ယောက် လုံးဝအိပ်မပျော်ပါ။
"ဘာလုပ်ရင်ကောင်းမလဲ နေရာစိမ်းကြောင့် အမြဲတမ်းအိပ်လို့မပျော်ဘူး ဘာလုပ်ရင်ကောင်းမလံ"
ကိုး စဉ်းစားနေတုန်း အကြံတစ်ခုပေါ်လာသည်။ထိုအကြံက ကိုး သရဲမယောင်ဆောင်ပြီး နန်းတွင်းသူအသစ်တွေကိုသတ်တဲ့သရဲခံရှာဖို့ပါ။
ငါရုပ်က သနပ်ခါးအများကြီးလိမ်းထားတော့ ထွေထွေထူးထူးပြင်စရာမလိုဘူး ကျွဲတွေလိုက်ခွေ့တဲ့အဝတ်အစားဝတ်ရမယ် ဆွပင်ကိုဖားလျားချရမယ် ဆေးနီးတွေကို ပါးစပ်မှာသုတ်ရမယ် ဒီနေ့ည သက်ရဲခံမိစေရမယ် ကျိန်ဝါးပြီး သူမ အကုန်ပြင်ပြီး တိတ်တဆိတ်ထွက်ခဲ့သည်။
ကိုးတစ်ယောက်မကြောက်မရွံနဲ့ချုံခို၍ လူသတ်သမားကိုရှာဖွေသည်။ ထိုစဉ် ဓားကိုင်၍ တစ်ကိုယ်လုံးအမဲရောင်ဝတ်ထားတဲ့လူက ကိုး အိပ်တဲ့အဆောင်ဘက်သို့သွားတာကြောင့် တိတ်တဆိတ်အနောက်ကနေလိုက်ခဲ့သည်။
ထိုလူက အဆောင်သို့ဝင်မယ်လုပ်တော့ အနီးအနားက ကျောက်တုံးနဲ့ ကိုးလှမ်းပစ်ပေါက်သည်။
"အာ့ နာလိုက်တာ ဘယ်သူကျောက်တုံးနဲ့ပစ်တာလဲ"
ပတ်ဝန်းကျင်ခဏငြိမ်သက်တိတ်ဆိတ်နေတုန်း ကိုးရဲ့အသံဩဩကြီးထွက်ပေါ်လာသည်။
"ဘယ်သူပစ်ရမလဲ ငါပစ်တာ နင်ငါကို ဓားနဲ့ထိုးသတ်ခဲ့လို့ နင်အသက်ငါလာပြန်ယူတာ ဟားး.ဟားး"
ကိုးအသံကြောင့် လူသတ်သမား ကြောက်လန့်၍ခလုတ်တိုက်ချော်လှဲသည်။ ကိုးကလည်းထိုလူသတ်သမားဆီတဖြည်းဖြည်းတိုးလာခဲ့သည်။
ဟဲ့ သရဲမ..ငါ..ငါ..နင်...နင်ကို...သတ်ချင်လို့သတ်ရတာမဟုတ်...ပါဘူး.."
"ဒါဆိုရင်ဘယ်သူ..သတ်ခိုင်းတာလဲ..ပြောစမ်း!!!"
"စစ်သူကြီး..သတ်ခိုင်းတာပါ"
""ဘာကြောင့်သတ်ခိုင်းတာလဲ"
"စစ်သူကြီးက သူ့လုပ်တဲ့အပြစ်ပေါ်မှာစိုးလို့တဲ့..ငါကိုမသတ်ပါနဲ့ဟာ..ငါတောင်ပန်းပါတယ်"
"အခုရော့.ဒီအဆောင်ကိုဘာလာလုပ်တာလဲ"
"ဒီအဆောင်က နန်းတွင်းသူ...အသစ်ကို...လာသတ်တာပါ.."
"စကားသိပ်ထစ်မနေနဲ့..နင်ငါကိုသတ်တဲ့အတွက်ငါပြန်သတ်မယ်!!!"
"မသတ်ပါနဲ့..မသတ်ပါနဲ့တောင်..တောင်..ပန်း..ပန်း..ပါတယ်"
လူသတ်သမား ကြောက်လန့်တကြား လက်အုပ်ချီတောင်ပန်းသည်။.ကိုး လည်းကြောက်နေတဲ့လူသတ်သမား.အနီးရောက်လျှင်
လူသတ်သမားရဲ့ ဓားကိုအဝေးသို့ကန်ထုတ်ပြီး.. လူသတ်သမားကို မလုပ်နိုင်အောင်ချုပ်၍ အသံပြာအောင် အသားကုန်အော်ဟစ်တော့သည်။
"လာကြပါအုံးးဗျို့..ဒီမှာလူသတ်သမား. ..လာသတ်နေလို့!!!!ကယ်ကြပါအုံးးးးအမြန်လာကြပါးးးးး
ကိုးရဲ့ အသံကြောင့် နန်းတွင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်၍ ရဲမက်အများအပြား ထိုနေရာသို့လာခဲ့သည်။
မိုးမခကလည်း ကိုး အသံပြာအောင်အော်နေတာကြောင့် စိုးရိမ်၍ပြေးလာမိသည်။
!!ဟာ သရဲမ ဆံပင်ဖာလျားကြီးနဲ့ ပါးစပ်မှာလည်းသွေးတွေနဲ့"
"သရဲမ မဟုတ်ပါဘူး ကိုးပါ မမ ဒီမှာလူသတ်သမား ထွက်ပြေးမှာစိုးလို့ ဖမ်းထားတာ"
ကိုးရဲ့ အပြောကြောင့် ရဲမက်တွေအနားကပ်၍ လူသတ်သမားကို ဖမ်းလိုက်သည်။ လူသတ်သမားခမျာ အသက်ထွက်ဖိုနည်းနည်းပဲလိုတော့သည်။ ကိုး အသားကုန်အော်ဟစ်၍ လည်ပင်းကိုညစ်ထားတာကြောင့်ပါ။
"မင်းဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ဘူး..လည်ချောင်းနာတယ် လူကြီး.. အသံဝင်သွားပြီး"
"အသံဝင်မှာပေါ့ အသားကုန်ဇွတ်အော်နေတာကို နန်းတော်တစ်ခုလုံး မင်းအော်သံကြောင့် နိုးထလာတာ ကြည်စမ်း တကယ်သရဲမအတိုင်းပြင်ထားတာပဲ "
"ကိုး အိပ်မပျော်လို လူသတ်သမားကိုဖမ်းဖို့ သရဲမယောင်ဆောင်တာပါ လူကြီး"
"မင်းထနိုင်ရဲ့လား"
"မထနိုင်ဘူး..ဒူးတွေတုန်နေတဲ့လူကြီး"
ကိုးစကားကြောင့် မိုးမခ သူအဆောင်သို့ပွေချီ၍ ခေါ်ခဲ့သည်။ သူမ ဘယ်လောက်အော်လိုက်လဲမသိ အသံဝင်ကုန်သလို တစ်ကိုယ်လုံးချွေးထွက်နေသည်။
"လူကြီး ကိုးအဆောင်က ဟိုမှာ မင်းသားအဆောင်ကိုမသွားနဲ့လေ ကိုးပုံစံ မင်းသားမြင်ရင် လန့်သွားအုံးမယ်"
ဆက်ရန်
စာရေးသူ သွေးမိန့်