လူမိုက်ကြီးရဲ့နှလုံးသား
"ငါ နားကြားမှားတာလား ဘာပြောလိုက်တဲ့"
"ရှင်ကို ပတ်တီးစည်းပေးမယ် ကျွန်မအကိုတျောကို့မထိနဲ့"
"ဒီလိုမှာပေါ့ အပြင်မှာပဲစောင့်နေ "
"ဟုတ်ကဲ့ မင်းသား"
သူရိန် မဲ့ပြုံးပြုံးကြီး ပတ်တီးစည်းခံပါသည်။ ပန်းကတော့ မျက်နှာကြောတင်းသလို့ သူရိန်ရဲ့အနာကိုလည်း ပိုနာအောင်လုပ်ပြီး ပတ်တီးစည်းပေးသည်။
"မင်း နာအောင်လုပ်ပေမဲ့ ငါမနာကျင်တဲ့အတွက် စိတ်တော့မဆင်းရဲပါဘူးနော် ဒီဒဏ်ရာလောက်ကတော့ ငါအတွက်စာမဖွဲ့ဘူး ပတ်တီးစည်းပြီးရင် ငါအခန်းကိုသန့်ရှင်းအောင် ကြမ်းတိုက်ပေးရမယ်"
သူမ သူ့အပြောကို ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါပဲ ကျောက်ရုပ်တစ်ယောက်လိုရပ်နေ၏။
"မင်းနားရော့ ကြားရဲ့လား"
"ကြားတယ်လေး ရှင့်ဉီးနှောက်ချောင်သွားပြီးလား "
"ဒါဆိုရင်ပြောတာကိုကြားကြောင်း စကားပြန်ပြောလေ"
"ကျွန်မ လုပ်လိုက်မယ်"
မင်းနော် ငါနဲ့စကားပြောဆိုပုံပြင် ငါကို မင်းသားလို့ပဲခေါ်ရမယ် မင်းကငါရဲ့ကိုယ်လုပ်တော်နော်"
"ဟွန့် ကျက်သရေတုံးတဲ့စကားတွေပြောမနေပါနဲ့ ရှင်ခိုင်းတာလုပ်ပေးရင် ရပြီမဟုတ်လား အာညောင်ခံပြီးပြောမနေနဲ့ ."
"တောက် မင်းသေတော့မယ် မင်းကိုမင်းပန်းပွင့်ငယ်တိုင်းပြည်ရဲ့ မင်းသမီးမဟုတ်တော့ဘူး ငါရဲ့ကိုယ်လုပ်တော့ စကားအပြောအဆိုဆင်ခြင်"
"မဆင်ခြင်တော့ ရှင်ကဘာလုပ်ချင်လဲ ကျွန်မကို သတ်မလို့လား သတ်လိုက်လေ "
သူရိန် အံ့ဪစွာ သူမရဲ့ ရဲရင့်မှုကိုချီးကျူးမိပါသည်။ သူရိန်ဆိုတဲ့လူကို လူတိုင်းအခုလိုပြန်ပြောဖိုနေနေသာသာ မျက်လုံးတောင်မော့မကြည့်ဝံ့ကြပါ။ သူမကတော့ အကြောက်တရားမရှိတဲ့အပြင် ပြန်စွာနေတာကြောင့် သဘောလည်းကျမိရပါသည်။မယ်တော်ကြီး သာ သူမကို မြင်ရင်သဘောကျမှာသေချာ၏။
"မင်းကို သတ်လိုက်ရင် ငါအတွက်ဘာအကျိုးရှိမှာလည်း ဒါပေမဲ့ မင်းကိုနိုင်တဲ့နည်း ငါမှာရှိတယ် အဲဒါမင်းမိသားစုနဲ့ မင်းရဲ့ပြည်သူတွေဘဲ"
"ရှင်ကို ကျွန်မက ယောကျာ်းပီသမယ်လို့ထင်ထားတာ လတ်စသတ်တော့ မိန်းမတစ်ယောက်ကိုအနိုင်ယူဖို့ သူမရဲ့ မိသားစုကိုခြိမ်းခြောက်တဲ့ သူရဲဘောကြောင်တဲ့ယောကျာ်းတစ်ယောက်ပါလား"
"မင်းတော်တော့ စကားတတ်တိုင်းလျှောက်ပြောမနေနဲ့ ငါယောကျာ်းပီသလားမပီသလား လက်တွေ့ပြမယ်"
သူရိန် သူမရဲ့ပါးလွှာတဲ့နှုတ်ခမ်းကိုအကြမ်းပတမ်းနမ်းရှိုက်ပြီး သူမကိုရယူဖို့ကြံသည်။ပန်းကတော့ ရှိသမျှခွန်အားအကုန်သုံးပြီးရုန်းပုံက အမေကြမ်းဝင်စီးသလားမှတ်ရ၏။ပန်းကရုန်းလည်း သူရိန်က ပိုပြီးအနိုင်ယူချင်တာကြောင့် အရှုံးမပေးဘဲ သူမရဲ့ဘဝကိုအရယူခဲ့သည်။
"ခမည်းတော် ညီမတော်လေး အဆင်ပြေရဲ့လားမသိဘူး အကိုတော်ကြီးရော့ ဘယ်လိုနေနေလဲမသိဘူး"
"အဲဒါတွေတွေးပူနေလည်းအလကားပဲ ခမည်းတော်တို့ကို ကယ်နိုင်တာ ဘုရားပဲရှိတယ် ဆုတောင်းပြီးသာနေပါ သူရိန်ဆိုတဲ့လူမိုက်ကြီးက ငါတို့မိသားစုကိုအရှင်ထားမှမဟုတ်ဘူး ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံးပဲ"
"မောင်တော်ဘုရား ဘာမှမတက်နိုင်မှန်းနှမတော်သိပါတယ် အဟင့် ဒါပေမဲ့ နှမတော်ရဲ့ရင်ထဲနေဆယ်စင်းထွန်းတောက်သလိုပူလောင်ရပါတဲ့ သားတော်ကြီးနဲ့သမီးတော်လေးကို အရမ်းစိုးရိမ်မိပါတယ် အဟင့် အဟင့်"
ငိုကြွေးနေတဲ့ မိဖုရားကိုဖက်ထား၍ ဘုရင့်စေမင်းတမန် လက်သီးစုပ်ထားမိပါသည်။
ပန်း ကိုယ်ရဲ့ဘဝကိုပေးလိုက်ရတဲ့အတွက် အရမ်းကြေကွဲဝမ်းနည်းစွာငိုချင်ပေမဲ့ နှုတ်ခမ်းကိုကိုက်၍ ဝမ်းနည်းမှုထိန်ထားပြီး ဘေးနားကအိပ်နေတဲ့ သူရိန်ရဲ့ခေါင်းကို စားပွဲပေါ်က ပန်းအိုးနဲ့ရိုက်လိုက်သညိ။သိုသော် အရင်လျှင်မြန်တဲ့ သူရိန်က ဖမ်းဆီးထားလိုက်သည်။
ဟားး ငါကိုအထင်သေးလိုက်ချည်းလား ကိုယ်လုပ်တော်ရဲ့ ငါဘာကြောင့် စစ်ပွဲတွေမှာအောင်နိုင်လဲသိလား လျှင်မြန်ဖြတ်လျပ်မှုနဲ့သတိကြီးလိုပဲ ငါကို ပန်းအိုးနဲ့ရိုက်ဖို့ပြင်တဲ့အတွက် မင်းကိုအပြစ်ဒဏ်ကြီးကြီးပေးရမယ် အပြင်က တစ်ယောက် ဒီကိုလာခဲ့စမ်း"
"အမိန့်ရှိပါ မင်းသားလေး"
"သူကို့ ငါရဲ့စီးတော်မြင်းကို သန့်ရှင်းလုပ်ခိုင်းဖို့ခေါ်သွား"
"ဖြစ်ပါမလားမင်းသား မင်းသမီးက အရမ်းနုငယ်တော့...."
"တိတ်စမ်း ခေါင်းဖြတ်ခံချင်ပြီးလား "
"ကျွန်တော်မျိုးမ အမှားလုပ်မိပါတယ် မင်းသား ခွင့်လွှတ်တော်မှုပါ"
"ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ"
"ကျေးဇူးကြီးမြတ်လှပါတဲ့ မင်းသား"
"သူကို့ခေါ်သွားတော့"
အစေခံမလေး ခေါ်ရာနောက်သို့ ပန်း လိုက်ခဲ့ပါသည်။ အစေခံမလေးရဲ့ မျက်နှာကိုကြည့်ခြင်းဖြင့် သူမကိုအရမ်းစိုးရိမ်နေမှန်းသိသာပါ၏။မြင်းဇောင်းထဲဝင်ခါနီးတော့ အစေခံမလေးက ပန်းကို သတိထားဖို့ပြော၏။
မြင်းဇောင်းထဲမှာ မြင်းအများကြီးရှိမယ်ထင်ထားသော်လည်း အဖြူရောင်အမွှေးလှလှမြင်းတစ်ကောင်ပဲ တွေ့တာကြောင့်အံံံ့ဪမိရပါသည်။
ဘာလိုမြင်းတွေအများကြီးမရှိရတာလဲ ဟွန့် ကျက်သရေတုံးရဲ့မြင်းပဲရှိတာထင်တယ်"
မြင်းက လူစကားနားလည်းတဲ့ထင်ပါတယ် ပန်း ကို လှမ်းကန်တာကြောင့် အမြန်ရှောင်၍ ထိုမြင်းပေါ်တက်စီးလိုက်၏။မြင်းဆိုတာ ပန်းတို့မင်းသမီးတွေအတွက်ကတော့ အဆန်းမှမဟုတ်တာ ငယ်ငယ်ကတည်းက တိုက်ရည်ခိုက်ရည်သင်လာရတာကြောင့် မြင်းစီးတာကတော့ကျွမ်းကျင်ပါသည်။
"နင်ကငါကို နင်သခင်အစုတ်အကြောင်းပြောလိုပြေးကန်တဲ့ပေါ့ နင်လို့မြင်းစုတ်လောက်ကတော့ စာမဖွဲ့ဘူး"
အဖြူရောင်လှပသောမြင်းကြီးက လူစကားနားလည်တဲ့ထင်ပါတယ် ချက်ချင်း ပန်းကို သူ့အပေါ်ကနေလို့မရအောင် ရုန်းခါသည်။ပန်း ကလည်း သခင်ကို ပညာမပေး ရတာကြောင့် သူရဲ့ မြင်းကိုပညာပေးဖို့ ဆုံးဖြတ်ပြီးသာ ဒါကြောင့် မြင်းဇာက်ကြိုးတင်းနေအောင်ဆွဲသောကြောင့် မြင်းဇောင်းကနေ တာလွှတ်သလိုပြေး၏။
သူရိန် နန်းတော်ပြတင်းပေါက်မှာမတ်တပ်ရပ်နေတုန်း သူရဲ့စီးတော်မြင်းနဲ့ ပန်းကိုတွေ့လိုက်ရတာကြောင် ခဏတော့လန့်သွားသော်လည်း ပန်းကို ပညာပေးချင်တာကြောင့် မဲ့ပြုံးပြုံးပြီးကြည့်နေ၏။
"မင်းသား.. "
"ငါမြင်တဲ့ သွားကြပါစေ ငါမြင်း ဂဆီ သူ့ကိုပညာပေးပါစေ သူထွက်ပြေးမှာလည်း စိတ်မပူနဲ့ ငါမြင်းက သူကိုပြန်ခေါ်လာလိမ့်မယ် ကိုယ်အလုပ်ကိုယ်ပြန်လုပ်ကြ"
"အမိန့်တော်အတိုင်းပါ မင်းသား"
ပန်းမှာ မြင်းကြီးနဲ့အတူ တောနက်ထဲရောက်သွားတာကြောင့် လန့်သွားရ၏။
ဟဲ့အကောင် ရပ်လိုက်စမ်း နင်ဝေးဝေးဆက်ပြေးလည်း ငါက မကြောက်ဘူးနော် ပန်းပွင့်ငယ်တိုင်းပြည်က မင်းသမီးဆိုပြီး အထင်မသေးနဲ့ ငါနာမည် ပန်းခက်ဆူး ပန်းတွေလို့နူးညံတဲ့လူမဟုတ်ဘူးနော်"
"အက်ဟီးးးး"
မြင်းကနားလည်တဲ့ထင်တဲ့ ရပ်သွား၏။ပန်း တစ်ကိုယ်လုံးမှာလည်း ချေွးတွေချည်းပါပဲ။ မောပန်းလွန်သောကြောင့် မြင်းပေါ်က ဆင်းပြီး အရိပ်ကောင်းသော သစ်ပင်အောက်မှာခဏထိုင်မိ၏။ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေတာကြောင့် ဘာကိုမှရှင်းရှင်းလင်းလင်းမတွေ့ရပါ။ထိုအချိန် ရှုး.ရှုးးနဲ့ အသံကြောင့် လန့်ဖြတ်ပြီး ကြည့်လိုက်တော့ ပန်းရဲ့ အရှေ့မှာ လက်မောင်းလောက်ရှိသောမြွေဟောက်ကြီးတစ်ကောင်ကြောင့် အသက်ရှုမှား၍ ကြောက်လန့်စိတ်တွေဖြစ်ပေါ်လာရသည်။မြွေဟောက်ကြီးက သူမကို လှမ်းပေါက်တဲ့အချိန် မြင်းဖြူကြီး က သူမကိုကာကွယ်တဲ့သဘောဖြစ် မြွေဟောက်ကိုခြေထောက်စောင့်ကန်၏။တောထဲမှာ မြင်းဟီးသံဆူညံလျက်ပါ။
ပန်းလည်း အနီးအနားမှာ ရရာဝါးရင်းတုတ်ကိုရှာဖွေ၍ မြွေဟောက်ကြီးခေါင်းတည့်တည့်ကို ရိုက်ပစ်၏။၁၅မိနစ်ကြာစွာ ရိုက်ပြီးသော မြွေဟောက်ကြီး သေသွားသည်။ထိုအခါမောပန်းစွာသစ်ပင်အောက်မှာထိုင်မယ်ပြင်တော့ မြင်းဖြူကြီးက အင်ကျီစ ဆွဲထားတာပြီး အော်နေတာကြောင့် မထိုင်ဖြစ်ပါ။
"နင်ဘာဖြစ်သွားသေးလဲ ငါအသက်ကိုကယ်လို့ကျေးဇူးနော်"
"အဟက်ဟီးးး"
"ဘာမှမဖြစ်ဘူးဆိုတဲ့သဘောလား"
မြင်းဖြူကြီး မြည်းဟီးပြ၍ ဘာမှမဖြစ်ကြောင်းပြတော့လေး ပန်းရဲ့မျက်လုံးက မြင်းဖြူကြီးအရှေ့ခြေသလုံးမှာသွေးထွက်နေတတာကြောင့် စိုးရိမ်တကြီးကြည့်လိုက်တော့ မြွေဟောက်ပေါက်တာမဟုတ်တာကြောင့် စိတ်အေးသွား၍ ဆေးကုဖို့လုပ်ပေး၏။ပန်း ဂါဝန်စအောက်ပိုင်းကိုဖြဲပြီး အနီးနားက ဆေးရွက်ကိုခူးယူ၍ချေပြီး မြင်းဖြူကြီးရဲ့ ဒဏ်ရာကိုပတ်ဆီးပေး၏။ထိုနောက်မြင်းဖြူကြီးကို ဆွဲပြီးပြင်မယ်လုပ်တော့ မြင်းဖြူကြီး သူအပေါ်တက်ဆိုတဲ့ သဘောနဲ့မြည်းဟီးတော့
ဘာလဲ ငါကဘာလုပ်ရမလဲ ဘာကိုပြောချင်တာလဲ ငါနားမလည်းဘူး နင်ဒဏ်ရာ နာနေလို့လား ငါနင်ကိုမပွေ့ချီနိုင်ဘူးနော် ငါတစ်ကိုယ်လုံးလည်း နင်ရုန်းခါလိုနာကျင်နေတာ နင်ကိုလည်း ငါမချီနိုင်ဘူး"
"ဟီးးးးးဟီးး"
"ဘာကိုဆိုလိုချင်တာလဲ နင်အပေါ်ငါတက်ရမှာလားဆိုတဲ့ မြင်းက ခေါငျးငွိမျ့ပွတာကွောငျ့ သူမ အရမ်းအံ့ဪ၍ မြင်းဖြူကြီးပေါ်တက်လိုက်တော့ ရုန်းခါခြင်းမရှိဘဲ နန်းဆောင်ထဲသို့ တဟုန်ထိုးပြေးလေ၏။
"မင်းသား ဂလက်ဆီနဲ့ မင်းသမီး ပြန်မလာသေးဘူး "
"ဟုတ်လား ရဲမက်တွေကိုပြောလိုက် အဆင်သင့်ပြင် တောနက်ထဲသွားမယ်လို့ ပြောတုန်းရှိသေးတဲ့ မြင်းဖြူကြီး မြည်းဟီးသံကြောင့် သူရိန် အမြန်ပြေးထွက်လာခဲ့သည်။
"ဟေ့ကောင် ဂလက်ဆီဘာလိုအဝေးကြီးပြေးတာလဲ သူကိုရော့ ကောင်းကောင်းပညာပေးခဲ့လား"
"မြင်းကခေါင်းခါပြတော့ သူရိန် ရယ်မောပြီး မြင်းရဲ့ ခေါင်းလေးကိုဖွဖွလေးပွတ်ပေး၏။
ငါထင်ပါတယ်ကွာ မင်းသူ့ကိုအခုလိုခင်သွားမှန်းမင်းကမိန်းမတွေ မင်းအနားကပ်ရင် သေအောင်ကန်ပစ်ပေမဲ့ ငါရဲ့မယ်တော်ကြီးနဲ့ သူကိုတော့ မကန်ပဲခင်တယ်ပေါ့ ပြောရင် မြင်းရဲ့ ခြေထောက်မှာ ပတ်တီးကိုတွေ့၍ သူရိန် ရယ်မောမိရပါသည်။ ပန်းကတော့ ရယ်မောနေတဲ့ သူရဲ့ပါးစပ်ကြီး အားရပါးရဆွဲဖြဲချင်စိတ်ဖြစ်ရပါသည်။
"ကိုယ်တော်ကြီး မြင်ရက်စရာမရှိလောက်အောင်ပါလား တစ်ကိုယ်လုံးသွေးတွေချည်းပဲ"
"ညီတော် အကိုတော် ဘာမှမဖြစ်ပါဘူး ညီမတော် သတင်းဘာကြားလဲ"
"ဘာမှမကြားရသေးပါဘူး သားတော်ကြီးရဲ့ မယ်တော် ဆေးကုပေးမယ်နော် ခဏလှဲလိုက်"
သားတော်ကြီးကို ပျောက်အောင်ကူပေးပါ "
"စိုးရိမ်တော့မပူပါနဲ့ မောင်တော်ဘုရား နှမတော် အစွမ်းကုန်ကြိုးစားပြီးကုပေးပါမယ်"
ပန်းရဲ့ မိသားစုတွေအကုန်လုံး စိတ်ဆင်းရဲနေရသော်လည်းသူရိနဲ့အဆွေတော်ကတော့ ပျော်မြူးလျက် ပန်းပွင့်ငယ်တိုင်းပြည့်သို့လာခဲ့သည်။
"ပန်းခက်ဆူး "
ပန်း ကိုယ်နာမည် အပြည့်အစုံခေါ်လို့ကြည့်လိုက်တော့ အမြင်ကပ်စွာရယ်မောနေတဲ့ မင်းသားတစ်ပါးကိုတွေ့လိုက်ရသည်။ထိုလူက ပန်း ပန်းခြံထဲကမြက်နုတ်နေတာကို လောင်ပြုံးကြည့်နဲ့ကြည့်နေလျက်ပါ။
"ပန်းခက်ဆူး မင်းရဲ့တိုင်းပြည့်ကို မင်းသားက ကျွန်တော်မျိုးကိုအပိုင်ပေးမယ်တဲ့ မင်းကိုလည်း ကျွန်တော်မျိုးပိုင်ရမယ်ထင်တဲ့"
"အိပ်မက်မက်နေရင် အိမ်သာရေနဲ့မျက်နှာသစ်လိုက် ရှင်စကားတွေက ကျက်သရေတုံးလွန်လို့ "
နောက်နေ့ဆက်ရန်ဗျာ
စာရေးသူ သွေးမိန့်