လူမိုက်ကြီးရဲ့နှလုံးသား
ကိုး စားသောက်ပြီးတော့ စားပွဲပေါ်က အစားအစားတွေကိုကြည့်ပြီး
ကောင်လေး ဒါတွေအကုန်ဖက်နဲ့ထုပ်ပေးနော်"
"ဟုတ်ကဲ့ အစ်မ"
" မသယ်သွားနဲ့ အလုပ်ရှုပ်အောင်"
"ပိုက်ဆံတွေနှာမျောစရာကြီးကို့"
.ဒါဆိုရင် ဘာလိုမကုန်မှန်းသိရဲ့နဲ့ မှာလဲ"
."စားချင်လိုပေါ့ သယ်သွားမှာပဲ မရဘူး "
ကိုး ဒေါသံနဲ့ပြော၍ ကောင်လေး ထုပ်ပေးတဲ့ ဟင်းထုပ်ကိုယူကာ ခရီးဆက်ခဲ့သည်။မိုးမခ နန်းတော်ထဲသို့ ပြန်မှာဖြစ်ပါသည်။ကိုး ဆိုတဲ့မိန်းကလေးကို သက်သေအဖြစ်အဖြစ်ခေါ်သွားမှာဖြစ်သည်။
"ဟာ မောလိုက်တာ ဒါနဲ့ကိုးကို ဘယ်ခေါ်သွားမှာလဲ"
"ဧကရီ နန်းတော်ကို ခေါ်သွားမှာ မင်းကချစ်ကြည်ရေးလုပ်ဖို့လာတဲ့လူတွေကို မင်းသားမိုးမခက မသတ်ကြောင်းသက်သေခံပေးရမယ်"
"အဲလို့လား ဒါဆိုရင် ကိုးက မင်းသားနဲ့တွေ့ရမှာပေါ့"
"ဒါပေါ့"
"အဲဒါဆိုရင် လူကြီး ကိုးကို အဝတ်စားအသစ်ဝယ်ပေးရမယ် ဒီပုံစံနဲ့ မင်းသားကို သွားမတွေ့နိုင်ဘူး"
"အောင်မာ ငါပိုက်ဆံသိပ်မရှိတော့ဘူး ဒီအတိုင်းပဲသွားတွေ့"
"မရပါဘူး မင်းသားဆီကို လှလှပပလေး ဝတ်သွားရမှာပေါ့ ရှင်မပေးလည်းနေ ကိုး ဘာသာ သွားဝယ်မယ်"
"မင်းမှာ ပိုက်ဆံမှမရှိတာ"
"မရှိရင် ရှိအောင်လုပ်လို့ရတယ် ကိုးပါ မပိုင်ရင် အော်ဒီလို လက်ဖျောက်တောင်မတီးဘူး"
"အပြောကြီးလိုက်တာ ဒီအတိုင်းပဲသွားရအောင်"
"လုံးဝမသြားဘူး "
"မင်းက မင်းသာအရှေ့မှာလှချင်တယ်ပေါ့"
"ဒါက ကိုး တစ်ယောက်ထဲမှမဟုတ်တာ မိန်းကလေးတိုင်းပဲ ရှင်ပိုက်ဆံမပေးလည်းနေ ကိုးဘာသာသွားရှာတော့မယ်"
ကိုး လက်ထဲက အစားအစားထုပ်ကို သူ့ကိုပေးပြီး ခါးပိုက်နိုင်ရန် သားကောင်ကိုရှာလိုက်သည်။မိုးမခလည်း ဘာလုပ်ရမှန်းမသိပဲ ကိုးနောက်ကိုလိုက်သွားရသည်။
ကိုး သူဌေးတစ်ယောက်ဆီက ငွေအများကြီးကို ခါးပိုက်နိုက်ခဲ့သည်။ မိုးမခ ဒါကိုမြင်ပြီး ကိုးနဲ့ဆုံခဲ့တာကိုအမှတ်ရသွားသည်။ကိုးကတော့ ရွှေဒဂ်ါးအတွဲကိုမြောက်ကစားပြီး မိုးမခဆီသို့ ပြုံးရွှင်စွာပြန်လာခဲ့သည်။
မိုးမခလည်း ကိုးကို လက်ညိုးထိုးကာ
"မင်း...သရဲမမဟုတ်လား ငါပိုက်ဆံခိုးသွားတဲ့ သရဲမ"
"အောင်မာ ဘာသရဲမလဲ လူကြီးသာ ဘီလူးကြီး"
"မင်းငါပြောတာအမှန်ပဲလား မင်းငါပိုက်ဆံကို အခုလို ခါးပိုက်နိုက်တာလေ"
"အမှန်ပဲ အဲဒါတွေကပြီးခဲ့ပြီး အခု ကိုးကို လူကြီးလိုအပ်နေတာနော် အရင်ကအကြောင်းတွေမေ့ပစ်လိုက်တော့ ကိုး အဝတ်စားလှလှသွားဝယ်တော့မယ်"
"သရဲမက လှချင်သေးတယ်"
"အုန်းး"
"အားး မင်းဘာလိုငါကို နာရင်းအုပ်တာလဲ"
"လူကြီးက သရဲမလိုခေါ်တာကို ဟွန်နောက်ခေါ်ကြည့် နရင်းကိုအုပ်ပစ်မယ်!!"
ကိုးရဲ့အရပ်က မိုးမခထက်ပု၏။ကိုး နာရင်းအုပ်ရင် ခုန်ခုန်ပြီးအုပ်တာပါ။မိုးမခလည်း နာရင်းကိုပူထူသွားပေသည်။
ကိုး အဝတ်အစားရောင်းတဲ့ဆိုင်သို့လာခဲ့သည်။ မိုးမခကလည်း အနောက်ကနေလိုက်ခဲ့ရသည်။
"လူကြီး ဒီအရောင်လေးနဲ့ ကိုးလိုက်လား"
အနီရောင်ရဲရဲနဲ့ ကိုးက လုံးဝမလိုက်ပါဘူး ။ဘာကြောင့်လဲဆိုတော့ သူမအသားကအနည်းမဲနေသည်။ ဘဝသမားဖြစ်တာကြောင့် ကိုးရဲ့အလှကအရောင်မိန်းနေသည်။သေချာအလှပြင်ပေးရင် ကိုးကချောမောတဲ့မိန်းကလေးပါ။
"လိုက်တယ် မင်းနဲ့အရမ်းလိုက်တယ် အဲဒါပဲယူလိုက်"
"တကယ်နော် ပြီးရော့ အဟီး ကိုးသာ ဒီအရောင်လေးဝတ်လိုက်ရင် မင်းသားလေးငေးသွားမယ်ထင်တယ်"
"ဟားးး စိတ်ကူးတွေယဉ်လွန်ပါလား မင်းသားလေးပဲငေးမလား လန့်မလားမသိဘူး"
"လူကြီးနော် ဟွန့်ကြည့်နေ မင်းသားလေးသာ ကိုးကိုယ်ကြိုက်သွားရင် လူကြီးကိုအပြစ်ပေးခိုင်းမယ်"
"အောင်မယ်လေး ဟဲ့ ကဲ့မင်းအဝတ်စားသွားဝတ်ခဲ့ပြီးရင် နန်းတော်ထဲသွားမယ်"
ကိုး မျက်စောင်းထိုး၍ နှုတ်ခမ်းစူကာ ချောင်တစ်နေရာသွားပြီးအဝတ်စားလှဲလိုက်သည်။ ထို့နောက်နန်းတော်သို့ လာခဲ့သည်။ နန်းတော်တံခါးအဝင်ပေါက်မရောက်ခင် ကျွဲအုပ်တစ်သိုက်နဲ့ သူတို့နှစ်ယောက်နဲ့တိုးသည်။ ကျွဲအုပ်ကြီးက ကိုးကိုတွေ့တာနဲ့ ဒေါသထွက်စွာပြေးလာသည်။
"ဟာ လုပ်ပါအုံးလူကြီး ဟိုကျွဲအုပ် ကိုးဆီပြေးလာပြီး ကယ်ပါအုံး! !!
မိုးမခ လည်းဘာလုပ်ရမှန်းမသိဘဲ ကိုးရဲ့လက်ကိုဆွဲပြီး ထွက်ပြေးသည်။ နှစ်ယောက်သား အားကုန်သုံး၍ ပြေးကြသည်။ ကျွဲတွေက အနီရောင်မုန်းတယ်လေ ကိုးရဲ့အဝတ်အစားအရောင်ကိုကြည့်ပြီး လိုက်ခွေ့ချင်ဖြစ်သည်။
"မှီတော့မယ် လုပ်..ပါအုံး..ဟော.ဟဲ
.လူကြီး"
"မိုးမခ နောက်ဆုံးကြံရာမရသဖြစ် ခေါင်းထဲကပေါ်လာတဲ့ အကြံကို လုပ်ပစ်လိုက်သည်။ အဲဒါက ကိုးကို လမ်းဘေးတွန်းပစ်သည်။ ကိုးလည်း တွန်းတဲ့အရှိန်ကြောင့်ပစ်လှဲသွားသည်။ မိုးမခက ပစ်လှဲတဲ့ သူမအပေါ်သို့ ခုန်အုပ်ပစ်သည်။ ကိုး ဝတ်ထားတဲ့အနီရောင်မုံးသွားသဖြင့် ကျွဲတွေလည်း သူလမ်းသူသွားကြသည်။
ကျွဲတွေသွားရင် ကိုးအပေါ်ကဖယ်တော့ လူကြီး
သေပါပြီး သူဗလမှအားမနာ ကိုးအပေါ်တက်ဖိရတယ်လို့"
"မဖိရင် မင်းကို ကျွဲခွေ့မှာပေါ့ လာသွားမယ် အရောင်ရွေးရင်လည်း ကိုယ်အသားနဲ့လိုက်ဖက်တာရွှေး အခုက နီနီရဲရဲဆိုတော့ ကျွဲမှစိတ်မတိုရင် ဘယ်သူစိတ်တိုမှာလဲ"
"လူကြီးပဲ လှတယ်ဆို အဲဒါလူကြီးအပြစ်ပဲ"
"အေးပါကှာ လာနန်းတော်ထဲသွားမယ်"
"မိဖုရားကြီးကို မင်းသားတွေ့ချင်လို့ခွင့်တောင်းနေပါတဲ့"
"ဝင်ခဲ့ခိုင်းလိုက်ပါ"
အစေခံမလေး ထွက်သွားပြီးမကြာခင် အရပ်သားဝတ်စုံနဲ့ မိုးမခ ဝင်လာသည်။
မင်းသား စုံစမ်းတဲ့အကြောင်းအရာသိပြီးလား"
"သိပါပြီး မိဖုရာကြီး"
"ဒါဆိုရင် အရှင်ကိုလျှောက်တင်ပြီး လုပ်တဲ့သူကို အရေးယူခိုင်းရမယ်"
"အဲလိုစီစဉ်ထားပါတဲ့ မိဖုရားကြီးမှာကိုယ်ဝန်ရှိလို ကျွန်တော်မျိုး ဝမ်းသာရကြောင်းပါ"
"မင်းသားရော့ အိမ်ထောင်ဖက်မရွှေချယ်သေးဘူးလား"
"မရွှေးခြယ်အားသေးပါဘူး မိဖုရားကြီး ပြသာနာတွေဖြေရှင်းရအုံးမယ် ဒါနဲ့ တစ်ခုလောက်ကူညီပေးနိုင်မလား မိဖုရာကြီး"
"ပြောကြည့်ပါ မင်းသား"
"ကျွန်တော်လာခေါ်လာတဲ့သက်သေကို မိဖုရားကြီးရဲ့အခြွေအရံအဖြစ်ထားပေးလို့ရမလား"
"သက်သေက မိန်းကလေးထင်တယ် ရပါတယ်"
"ကျေးဇူးပါ မိဖုရားကြီး ပြီးတော့တစ်ခုထပ်တောင်းဆိုပါရစေ"
"ပြောပါ"
"ကျွန်တော်ကမင်းသားဆိုတာ လျို့ဝှက်ထားပေးပါ"
ပန်း သဘောတူတဲ့သဘောဖြစ် ခေါင်းငြိမ့်ပြလိုက်သည်။
ကိုး တစ်ယောက် ဟိုလူကြီးကို နန်းတော်ရဲ့တစ်နေရာမှာစောင့်နေမိသည်။ မပြန်လာသေးတာကြောင့် ပျင်းရိနေမိသည်။ ထိုအချိန် နန်းဆွင်းသူတစ်ယောက်က ကိုးကိုလာခေါ်တာကြောင့်လိုက်သွားရသည်။
နန်းတော်ကြီးက အရမ်းလှပကြောင်း ကိုး သိလိုက်ရသည်။နန်းတွင်းသူ အနောက်ကလိုက်နေရင် နန်းတော်ရဲ့အလှအပတွေကို ငေးကွညျ့မိသညျ။ဒါကွောငျ့လညျး ကိုး ခဏခဏ ခလုတ်တိုက်ရသည်။နန်းတွင်းသူလေးက အခန်းတစ်ခုမှာရပ်ပြီး ကိုးကို သာဝင်ခိုင်းသည်။ ကိုးလည်း အခန်းထဲ့သို စိတ်လှုပ်ရှားစွာဝင်လိုက်သည်။အရမ်းလှပချောမောသော မမတစ်ဉီးကိုတွေ့လိုက်ရသည်။
ညီမလေးနာမည်က ကိုးနော်"
"ဟုတ်ပါတယ် မင်းသမီး"
"ဟီး မင်းသမီးမဟုတ်ပါဘူး မိဖုရာကြီးပါ"
"ရှင်!!!!"
."အဟီး အရမ်းအံံ့ဪသွားလား "
"မိဖုရာကြီးကို နှုတ်ခွန်းဆက်သပါတဲ့"
ကိုး ချက်ချင်း ခါးကိုင်း၍ ပန်းကိုနှုတ်ဆက်သည်။ ပန်းလည်း ကိုး ကိုမြင်မြင်ချင်း ညီမ အရင်းတစ်ယောက်လို ချစ်မိရပါသည်။
ဟုတ်ပါပြီး ကိုးက မင်းဒဂုံကချစ်ကြည်ရေးအတွက်ရောက်လာတဲ့သူတွေကို ဘယ်သူအိမိန့်ကြောင့် အသတ်ခံရလဲ သိတယ်ဆို"
"အမှန်ပါ မိဖုရာကြီး"
"အခုကိုးကို ခေါ်လာရတာက မမရဲ့အခြွေအရံအဖြစ် အနားမှာနေခိုင်းဖို့ပေါ့ ဒါကလည်း ကိုးရဲ့ လုံခြုံရေးအတွက်ပါ"
"ဟုတ်ကဲ့ပါ မိဖုရားကြီး ကိုး တာဝန်ကိုကျေအောင်ထမ်းဆောင်ပါမယ်"
."ကောင်းပါပြီး"
ပန်းနဲ့ကိုး ခဏအတွင်းရင်းနှီးသွားရသည်။
"ဘာ ဟိုကောင်မလေး မသေဘူးပေါ့ "
"မသေဘူး သူ့ကိုတစ်ခြားသူကဝင်ကယ်သွားတဲ့"
"တောက် ဒါဆိုရင် ငါလုပ်တာပေါ်တော့မှာ အဲဒီကောင်မလေး အမိန့်စာအတုဆိုတာသိတဲ့လူပဲ တွေ့အောင်ရှာပြီး သတ်ပစ်ကြ!!
"ရှာနေပါတယ်"
ဉီးရီးတော်ကြီး စိတ်မအေးနိုင်ပါ။ မိုးမခ နန်းတော်ထဲက ထွက်သွားတဲ့ကြားတုန်း အပျော်သွားတာပဲထင်နေတာ ။အခုမှာ သူရဲ့ရည်ရွယ်ချက်ကို သိတော့တယ်။
"မိုးမခ..မိုးမခ ငါထက်ခြေတစ်လှမ်းဉီးသွားတဲ့ပေါ့.အဟက် မင်းအဲဒီမိန်းကလေးကို နန်းတော်ထဲခေါ်လာမယ်ဆိုတာ ငါသိတယ် စိတ်ချ အဲဒီမိန်းကလေးကို ငါသတ်ပစ်မယ်"
"အောင်နက် "
"ဗျာ ဆရာ"
"နန်းတော်ထဲမှာ အသစ်ရောက်လာတဲ့ မိန်းကလေးတွေ့ရင် ဖမ်းပြီး ငါဆီခေါ်လာခဲ့ပါ"
"ဟုတ်ကဲ့ ဆရာ"
"ဒါဆိုရင် သွားတော့ ငါခိုင်းတာသေချာလုပ်ပါ"
ဉီးရီတော် ကြီး နှုတ်ခမ်းမွှေးသပ်၍ အကြံထုတ်နေသည်။
လပြည့်နေ့တွင် ထိပ်ထားကိုချုပ်ထားတဲ့အခန်းထဲက အသံစူးစူးဝါးဝါးအော်သံကြားလိုက်ရသည်။ရဲမက်တွေလာကြည့်တော့ မျက်လုံးပြူး၍ အသက်မဲ့နေတဲ့ ထိပ်ထားအလောင်းကိုပဲမြင်လိုက်ရသည်။သေချာတယ် အမှောင်လောကနတ်ဘုရား ထိပ်ထားကို လာသတ်သွားသည်။ ထိုအကြောင်းအရာကိုတော့ ဘယ်သူကမှမသိကြပါ။
"မမတို့ မင်းသားကိုမြင်ဖူးလားဟင်"
"မြင်ဖူးတာပေါ့ ကိုးရဲ့"
ထိုစကားကြောင့် ကိုးရဲ့မျက်လုံးလေးအရောင်လဲ့သွားသည်။ ကိုး မင်းသားကိုတွေ့ချင်နေတာကြာပါပြီး။အဲဒါကလည်း ရှေ့ဖြစ်ဟောဆရာကြောင့်ပါ။ တစ်နေ့ ကိုးရဲ့အမေနဲ့ စျေးပတ်တုန်း ရှေ့ဖြစ်ဟောဆရာတစ်ယောက်က ကိုးကိုတွေ့တော့
"မင်းသား မိုးမခရဲ့ ကြင်ယာတော်ဖြစ်မဲ့သူလေးပါလား"
."ဟမ် မဟုတ်တာမပြောပါနဲ့ ဆရာရယ် ကျွန်မသမီးလိုအညတရကို မင်းသားမိုးမခက ကြိုက်ပါမလားရှင်"
"ဟာ တကယ်ပြောတာ ခင်ဗျားသမီးရဲ့ နဖူးရည်ဒူးရည်ကိုကြည့် တကယ်မင်းသားလေးရဲ့ကြင်ယာတော်ပဲ"
"ဟုတ်တယ်နော် ကျွန်မ သမီးလေးကတကယ်နန်းဆန်တဲ့"
အမေရဲ့ရှေ့ဖြစ်ဟောဆရာ စကားကြောင့် ကိုး ခေါင်းငုတ်၍ ရှက်ပြုံးပြုံးမိရပါသည်။ ထို့နေကတည်းကစပြီး ကိုးက မင်းသားလေးရဲ့ ကြင်ယာတော်ဖြစ်မယ်ထင်က ဘယ်ယောကျာ်းကိုမှမချစ်ကြိုက်ခဲ့ပါ။ထိုမင်းသားလေးကို စိတ်ကူးရင်ကမျှော်လင့်နေမိတော့သည်။
"ဟဲ့.ကိုး မေးပြီးတော့ ဘာစကားမှမပြောဘဲ ပြုံးနေပါလား"
."ဟီး ဒါနဲ့မင်းသားလေးကိုမြင်ဖူးချင်တယ် "
"အဲဒါတော့မရဘူး ကိုးရဲ့ မိဖုရားကြီးက သမ်းတော်အဆောင်နဲ့ မိဖုရာကြီးအဆောင်ကလွဲရင် ဘယ်မှာမသွားရဘူးတဲ့"
"ဒါဆိုရင် မင်းသားလေး အဆောင်နေရာတော့ပြောပြပါ မမတို့ရယ်"
"ပြောပြမယ် သမားတော်အဆောင်အရှေ့ဘက်အခြမိး အဆောင်၆ခုမြှောက်က မင်းသားလေးအဆောင်ပဲ
"ကျေးဇူးပါ မမ"
ကိုး ညဘက် မင်းသားလေးအဆောင်သို့ခိုး၍ သွားမယ်လို့ဆုံးဖြတ်လိုက်ပါသည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်