book

Index 18

အပိုင်း(၁၈)

လူမိုက်ကြီးရဲ့နှလုံးသား


"နှမတော် ဘာဖြစ်သွားသေးလဲ မေ့လှဲသွားတယ်ဆို မောင်တော်စိတ်ပူလိုက်ရတာ "


ခုတင်ထက်မှာလှဲနေတဲ့ ပန်းကို လျှင်မြန်စွာ ​ေပွ့ပိုက်ပြီး သူရိန်ပြော၏။ တိုက်ရည်ခိုက်ရည် လေ့ကျင်နေတုန်း  အခြွေရံမလေးတစ်ဉီး ကအလောတကြီးလာပြေးပြောလို သူရိန် အမြန်ပြေးလာတာပါ။


"မောင်တော်ရယ် နှမတော်ဘာမှမဖြစ်ပါဘူး ခဏမူးလှဲသွားတာပါ  "


"မူးလှဲတာက စိုးရိမ်ရတယ်လေးဗျာ တော်ပြီးနောက်ဆိုရင် ဘာဆေးမှမကျိုရဘူး အခြွေရံတွေကိုပဲ ပါးစပ်နဲ့ခိုင်း"


"မောင်တော်ကလည်း နှမတော်ဘာသာပဲကျိုချင်တာကို့ အခုမေ့လှဲသွားတာက ဝမ်းသာစရာအကြောင်းရှိပါတယ်"


"အမယ်လေးဗျာ မေ့လှဲတာက ဝမ်းသာစရာအကြောင်းရှိတဲ့ဟုတ်လား ဒေါ်ပန်းခက်ဆူး !!!"


သူရိန်ဒေါသသံနဲ့ပြောဆိုနေသော်လည်း ပန်း ကပြုံးနေလျက်ပါ။ ထို့ကြောင့် သူရိန်  ပန်းရဲ့နဖူးကို ဖွဖွထုမိရသည်။ ဒါကို ပန်း က အရမ်းနာသလိုပြောသည်။


"အား နာသွားပြီး မောင်တော်ရက်စက်တယ်"


"သိပ်မနာပါဘူး ဖွဖွလေးထုတာကို ခင်ဗျားက လည်းထုချင်အောင်လုပ်တာကို့ တကယ်နာတာလား အုံဖွ..အုံဖွ"


"အုံဖွနဲ့မရဘူးနော် နဖူးကို အနမ်းနဲ့ကုစားပေး"


"အဟွန်း နှမတော်ဉာဏ်များချက် မောင်တော်အနမ်းကို လိုချင်ရင်လိုချင်တယ်ပြော မွ.. မွ..မွ"


သူရိန် ပန်း နဖူး၊ပါးနှစ်ဖက်ကို နမ်းရှိုက်ပစ်လိုက်သည်။ ထိုနောက်သူမကို ရင်ခွင်ထဲသို့ထည့်၍ ဖက်ထားသည်။ ပန်းရဲ့ ဆံပင်အိအိလေးကို သူရဲ့ လက်နဲ့သပ်ပေးပြီး


"ဝမ်းသာစရာဘာလဲ"


"မောင်တော် စိတ်ကိုအေးအေးထားရမယ်"


"ဟုတ်ပြီး ပြော"


ပန်း သူရိန်ရဲ့ လည်ပင်းကို ရင်ခွင်ထဲကနေ ဆွဲဖက်ပြီး နဖူးထိထား၍ တိုးတိုးလေးပြောလိုက်သည်။ ထိုစကားကြောင့် သူရိန် ဘယ်လိုမှစိတ်မထိန်းနိုင်ပဲ ပန်းရဲ့ နဖူးဝင်းဝင်းလေးကို ထပ်ထပ်ခါနမ်းပြီး


"ကျေးဇူးတင်လိုက်တာ နှမတော်ရယ် မောင်တော်အရမ်းပျော်တာပဲ မောင်တော် ခမည်းတော်ဖြစ်ပြီး!!"


"မောင်တော် တိုးတိုးအော် ရှက်စရာကြီး"


"ဘာရှက်စရာရှိလို့လဲ တစ်တိုင်းပြည်လုံးကြားအောင်း မောင်းထုပြီးကြောငြာပစ်မယ်"


သူရိန်အရမ်းပျော်နေမှန်း သိသာလှပါသည်။ ပန်းကလည်း ပြုံး၍ သူရိန်ရင်ခွင်မှာ မျက်နှာအပ်၍ ကြည်နူးနေသည်။


"ကိုး.!!!


အော်ကြီးဟစ်သံခေါ်သံကြောင့် ကိုး စာအုပ်ဖတ်နေရာကနေ စိတ်ပျက်သလို ကျစ်တမိသည်။


"ကျစ်..အိမ်မှာနေရင် အကုသိုလ်များရပြန်ပြီး"


"အကုသိုလ်မများချင်ရင် လမ်းဘေးဇရပ်မှာသွားနေ နင်မနေ့က ပိုက်ဆံထောနေတဲ့ဆို အဲဒါ ငါကိုပေး"


"အဟက်..ပေးရအောင် အဘွားကြီးလုပ်စားကို ကျွန်မကထိုင်စားနေလို့လား မပေးဘူး အဘွားကြီးလိုချင်ရင် ကိုယ်ဘာသာရှာ"


"ကိုတင်ညွှန် ရှင်သမီးပြောတာကြားလား ကျွန်မကိုအဘွားကြီးတဲ့ အရိုင်းအစိုင်းမ နင်ကများငါကို..ဖြန်း!!


"ဖြန်း..ဖြန်းး"


"နင်ငါကိုပြန်ရိုက်တဲ့!!"


"ဘယ်သူအရင်စရိုက်တာလဲ ဘာလဲ ထပ်ရိုက်ချင်သေးလို့လား ရိုက်လေး ကိုးကို့ ပါးတစ်ချက်ရိုက်ရင် နှစ်ချက်ပြန်ရိုက်ပစ်မယ် နှစ်ချက်ရိုက်ရင် လေးချက်ပြန်ရိုက်ပစ်မယ် ကိုးဆိုတဲ့ မိန်းမက သူများလုပ်တိုင်ငြိမ်ခံမယ်သူမဟုတ်ဘူး"


"ကိုတင်ညွှန် ရှင်သမီးကျွန်မကိုရိုက်တာတွေ့လား ကျွန်မ ပါးကိုနှစ်ချက်ပြန်ရိုက်တယ် ညည်းမြေမြိုမယ်သိလား"


ဒေါ်သီသီ ယောကျာ်းဖြစ်သူကိုလှမ်းတိုင်ရင် ကိုးကို့လည်း လှည့်ပြောသည်။


"အဘွားကြီးကို အခုလိုဆက်ဆံလိုမြေမြိုမယ်ဆိုရင်တောင် ပျော်ပျော်ကြီးအမြိုခံလိုက်မယ် သူများအိမ်မှာ သားမိနှစ်ယောက်အရှက်မရှိဘဲတက်နေသေးတဲ့ လူပါးတော့လာမဝနဲ့ အဖေနဲ့တိုင်လည်းမကြောက်ဘူး အဖေရဲ့အဖေနဲ့ပါတိုင် လိုက် ကိုးဆိုတဲ့မိန်းမ ကရုကိုမစိုက်တာ အဘွားကြီး ဟိုနှာဘူးဆီက အကြွေးယူနေတာ ရပ်တန့်ကရပ်တန်လိုက်နော် ကိုးနဲ့သဘောတူတဲ့ဘာညာပြောပြီး ညာယူမနေနဲ့အဘွားကြီးသမီးကိုသာထိုးပေးလိုက်အဲဒီနှာဘူးဆီကို့"


"ကိုး နင်ရိုင်းလှချည်းလား ကိုယ်အမေကို နင်ဟာသမီးမိုက်ပဲ"


"ရိုင်းတယ် ဟုတ်တယ် ကိုးဆိုတဲ့မိန်းမက အဖေတို့ကြောင့် ဖယောင်းလိုပျော့ပျောင်းနေရာကနေ သံချောင်းလိုမာလာတာ အမေဟုတ်လား အဟက် ရယ်ရပါလား မိထွေးကမိထွေးပဲ ဘယ်တော့မှအမေးအရင်းဖြစ်လာမှမဟုတ်ဘူး ကိုးရဲ့အမေသေရတာ အဖေတို့နှစ်ယောက်ကြောင့်ပဲ အခုချက်ချင်း ကိုးအိမ်က ဆင်းကြ!!


"ဖြန်း "


ဒီတစ်ခါရိုက်သူက ကိုးရဲ့အဖေပါ။ ဒါကြောင့် ကိုဘာမှပြန်မလုပ်ပေမဲ့ ဒေါ်သီသီကို ကြောက်စရာမျက်လုံးနဲ့ကြည့်နေသည်။


"အဖေကို နှင်ချတဲ့ဟုတ်လား ငရဲကျမဲ့မိန်းမ "


"ငရဲက အမေသေပြီးကတည်းက ကျနေပြီးသာ ဒါအမေပိုင်တဲ့အိမ် အမေမသေခင်မှာ ကိုးကိုလွဲပေးခဲ့တဲ့ ဒါကြောင့် အဖေတို့ အားလုံးဆင်းကြပါ အေးမဆင်းရင် ကိုး အကြောင်းသိတယ်နော် အဘွားကြီးတို့ သားမိအိပ်နေတုန်း လည်းပင်ကို ဓားနဲ့ထိုးသတ်ပစ်မှာ မလုပ်ရဲဘူးမထင်နဲ့နော်"


ဒေါ်သီသီနဲ့သူ့သမီး မျက်လုံးပြူး၍ အထုပ်အပိုးတွေပြင်ပြီး ဉီးတင်ညွှန်ကို ခေါ်၍ အိမ်ပေါ်ကနေဆင်းကြပါသည်။ သူတို့ဆင်းသွားမှာ ကိုးသိမ်းထားတဲ့ အမေအဝတ်စားကို ရင်မှာအပ်ပြီးငိုနေမိသည်။ ငိုနေရင်နေလည်း အတိတ်ကိုပြန်တွေးမိသည်။


"ကိုးရေ..ကိုး"


"ဘာတုန်း ခင်ခင်"


"နင်အမေရှိလား "


"အမေရှိတယ် ဘုရားခန်းမှာ ပုတီးစိတ်နေတဲ့ "


"ဒါဆိုရင် ငါတို့မီးဖိုချောင်မှာသွားပြောရအောင်"


ခင်ခင်ရဲ့ မျက်နှာအနေအထားကိုကြည့်ရင် အရေးကြီးတဲ့အကြောင်းအရာဖြစ်မှန်း ကိုး ခန့်မှန်းမိပါသည်။မီးဖိုချောင် နှစ်ယောက်သား ဝင်သွားသည်။


"ကဲ့ဘာပြောစရာရှိတာလဲ"


"နင်အဖေ ဒေါ်သီသီဆိုတဲ့မိန်းမ နဲ့ဖြစ်နေတယ် "


"ဟမ်"


"ဟုတ်တယ် မနက်က နင်အဖေ ဒေါ်သီသီအိမ်ကနေထွက်လာတာကို လူတိုင်းမြင်တယ်"


"အဟင့်.. အဟင့်..ငါရှက်လိုက်တာဟာ အမေတစ်ယောက်လုံးရှိတာတောင် အဖေကဖောက်ပြန်နေတဲ့ အမေသိရင်နှလုံးရပ်ပြီးသေမယ်ထင်တယ်"


 ခင်ခင် ကိုးငိုနေတာကို မကြည့်ရက်တာကြောင့် ဖက်ထားပေးလိုက်သည်။


တိတ်ပါဟာ..နင်အမေမသိလောက်ပါဘူး..နင်အမေက အိမ်မှာပဲနေတာလဲ..ပြီးတော့နင်အိမ်ကို ဘယ်သူမှာမလာလောက်ပါဘူး"


ထိုနေ့မှာ ခင်ခင် ကိုးကို နှစ်သိမ့်၍ ပြန်သွားပြီး ညပိုင်းလောက်မှာ ပြသာနာကပေါ်လာခဲ့သည်။


"ဟေ့ အိမ်ကအသုံးမကျတဲ့မိန်းမ..ဒီမှာ ငါမိန်းမအသစ်ကိုခေါ်လာတဲ့.."


"အဖေ ဘာတွေလုပ်လာတာလဲ ဒီအဒေါ်ကရော့ ဘယ်သူလဲ"


ကိုး ရဲ့အမေးကိုမဖြေဘဲ ဘုရားခန်းမှာဘုရားရှိခိုးနေတဲ့ အမေဆီသို့ အဖေနဲ့ဒေါ်သီသီ လာခဲ့သည်။


"ဟေ့ အသုံးမကျတဲ့မိန်းမ ဒီမှာ ငါရဲ့မယားအသစ်ကိုခေါ်လာပြီး ချောတဲ့မဟုတ်လား"


"ကိုတင်ညွှန် ရှင်ဘာတွေပြောနေတာလဲ မူးရင်လည်းအေးဆေးနေပါ"


"မနေဘူးကွား ဒါငါမိန်းမအသစ် မင်းကဘုရားတရားလုပ်နေတာမဟုတ်လား ဒါဆိုရင် ငါတို့နှစ်ယောက်အိပ်ယာထဲသွားတော့မယ် အသုံးမကျတဲ့မိန်းမရေ"


အဖေရဲ့လုပ်ရပ်ကြ ကိုးဒေါသ ဖြစ်လွန်လို့ အသားတောင်တုန်လာရပါသည်။ ဒါပေမဲ့ ကိုးဆိုတဲ့မိန်းမပျိုလေးက အရာရာကိုကြောက်တတ်သလို့ အော်ကြီးဟစ်ကြီးပြောဖို့လည်း ရှက်တတ်သူပါ။


ကိုတင်ညွှန် ရှင်ကဖော်ပြန်တဲ့ယောကျာ်းပဲ အပြင်မှာရှုပ်ချင်ရှုပ်ပါ ဒါပေမဲ့သမီးအပျိုအရှေ့မှာ အရှက်ရှိသင့်တဲ့ ဟိုမယားငယ်မ သီသီ နင်ဒုသနသောဖြစ်မှာမကြောက်ဘူးလား မယားရှိတဲ့ယောကျာ်းနဲ့ဖောက်​​ပြန်တာ အောက်တန်းစားမိန်းမပဲရှိတယ်"


"ဖြန်းး အသုံးမကျတဲ့မိန်းမ"


အဖေ အမေကိုရိုက်လိုက်တဲ့ အားကြောင့် အမေ တိုင်နဲ့ခေါင်စောင့်ပြီး ငြိမ့်သွားရသည်။ ကိုး လည်း ငိုနေရင် အမေကိုပြေးထူမိသည်။


"အမေ.. အမေ လုပ်ကြပါအုံး..အမေကိုခေါ်မရတော့ဘူး..အီးးဟီးး"


ကိုးတစ်ယောက်ငိုကြွေးမှာ အိမ်နီးနားချင်းရောက်လာသည်။ အမေကိုစမ်းကြည့်ပြီး ခေါင်းခါပြတာကြောင့် ကိုး ငိုရင်သတိလစ်သွားခဲ့သည်။အမေဆုံးပြီးနောက် ကိုး ဘဝဟာကြမ်းတမ်း ခက်ထန်လာသည်။အရင်က နူညံးသိမ့်မွေ့ပြီး အရာရာကိုကြောက်တဲ့ကိုးဟာ အခုချိန်မှာ ဘာကိုမှမကြောက်ဘဲ လောကကြီးထဲကိုရဲရဲဝံဝံရှင်သန်နေတဲ့ ကျားသစ်မလေးတစ်ယောက်ဖြစ်လာရပါသည်။


"ဒီနားမှာ ချစ်ကြည်​​ရေး လုပ်ဖို့လာတဲ့ လူတစ်စုကို ဘယ်သူသတ်လဲဆိုသိလား"


မိုးမခရဲ့ အမေးကို အရက်ပိုင်ရှင်အဘိုးကြီးကကြောက်လန့်သွားသည်။


"ဘာလိုလန့်နေတာလဲဗျာ သိလား"


"ဘာမှမလန့်ပါဘူး မင်းသားလေးရဲ့အမိန့်ကြောင့် သတ်ပစ်တဲ့လို့ကြားတာပဲ"


"အဲဒီသတင်းက မှန်တဲ့လိုထင်လား"


"မထင်ပါဘူး သက်ရဲခံဘယ်သူလဲဆိုတာသိတဲ့လူရှိတယ်..ဟာ..မဟုတ်ပါဘူး..ဘာမှမဟုတ်ဘူးး"


"ခင်ဗျားကလည်းဗျာ ကျွန်တော်လိုအရပ်သားတစ်ယောက်ကို ကြောက်နေသေးတယ် ပြောပြစမ်းပါ ကျွန်တော်သိချင်လို့ ပြောပြရင် ဒီရွှေဒဂ်ါးအကုန်ပေးမယ်"


ရွှေဒဂ်ါးအများကြီးကိုမြင်တော့


"တကယ်နော် "


"တကယ်ပေါ့ "


"ဒါဆိုရင် ဒီအနားလား"


မိုးမခ အနားကပ်သွားတော့ အရက်ဆိုင်ရှင်က တီးတိုးပြောပြသည်။ ထိုနောက်..မိုးမခတစ်နေရာသို့ထွက်ခဲ့သည်။


"ကိုးရေ ဒီလူက နင်အိမ်ကိုမေးလို့ငါခေါ်လာတာ"


"အေးလာလေး "


ခင်ခင်နဲ့လူစိမ်းတစ်ယောက်ဝင်လာသည်။ 


"ဘာကြောင့် ကျွန်မကိုရှာနေတာလဲဟင်"


ကိုးအမေးကိုမဖြေဘဲ ခင်ခင်ကိုပါလာတဲ့ ဓားနှင့်ထိုးပစ်သည်။ 


"ရှင်ဘာလိုကျွန်မသူငယ်ချင်းကိုသတ်ရတာလဲ အဟင့်.အဟင့်..ခင်ခင်..ခင်ခင်"


"အကြောင်းပြချက် မင်းငါတို့ရဲ့လျို့ဝှက်ချက်ကိုသိနေလို့ပဲ ငိုမနေနဲ့ မင်းလည်းမင်းသူငယ်ချင်းလို့ အသတ်ခံရမှာပဲ မင်းတို့လို ဆင်းရဲသားတွေအတွက် သေတာကမဆန်းပါဘူး"


"ကျွန်မက ဘာသိလိုလဲ.. "


"ချစ်ကြည်ရေးလာယူတဲ့ လူတွေကို ဘယ်သူအမိန့်ကြောင့်သတ်လဲဆိုတာမင်းသိတယ်လေး"


"အဲဒီလူက ကျွန်မကို..လာသတ်ခိုင်းတာလား"


"အမှန်ပဲ သေလိုက်တောဆိုပြီး ကိုးကို ဓားနဲ့ထိုး၏။ သို့သော် ဓားက သူမ ဆီသို့ရောက်မလာပါ။ဘာကြောင့်လဲဆိုတော့ ထိုလူကို တစ်ခြားသူတစ်ယောက်ကသတ်ပြီး ကိုးကိုဆွဲခေါ်သွားသည်။


မိုးမခ အရက်ဆိုင်ရှင်ရဲ့စကားကြောင့် ကိုး ဆိုတဲ့မိန်းကလေးဆီသို့သူရောက်လာချိန် ထိုမိန်းကလေးကို သတ်ဖို့မြင်တာကြောင့် ထိုလူကိုသတ်ပြီး ကိုးဆိုတဲ့မိန်းကလေးကို ဆွဲခေါ်ခဲ့သည်။


လမ်းတစ်ဝက်ရောက်တော့ မိုးမခ ရပ်လိုက်ပြီး ကိုးဆိုတဲ့ မိန်းကလေးကိုကြည့်လိုက်တော့ ဝမ်းနည်းစွာငိုနေသလို သူကိုလည်းရုန်းကန်သည်။


"လွှတ်.. လွှတ် ရှင်လည်း ကိုးကို သတ်ဖို့ခေါ်လာတာမဟုတ်လား ဟုတ်ပါတယ် ကိုးတို့က ဆင်းရဲတယ်ဆိုပြီး ဉပဒေမဲ့စွာ ကြက်ကလေး ငှက်ကလေးတွေကို သတ်သလိုသတ်မှာမဟုတ်လား ဟီးအီးး"


"မငိုနဲ့ ငါမင်းကိုကယ်လာတာ သတ်ဖို့ခေါ်လာတာမဟုတ်ဘူး"


"ဒါပေမဲ့ရှင်လည်း ဟိုလူလို ကိုးကိုရှာနေတဲ့လူလား "


"ဟုတ်တယ် အမှန်တရားအတွက်ပါ လာဒီနေကနေအမြန်သွားမယ်"


မိုးမခ ကိုးကိုခေါ်၍ တစ်ခြားမြို့တစ်ခုသို့ခရီးဆက်ခဲ့သည်။


 


ကလက်ဆီရေ.. နှမတော်မှာကိုယ်ဝန်ရှိနေပြီးတဲ့မအရမ်းပျော်လိုက်တာကွာ မင်းရော့ပျော်လား"


"ဟီးးး"


"သူမှာ ကိုယ်ဝန်ရှိပြီးဆိုတော့ ငါအရင်ကထက်ပိုပြီးကရုစိုက်ရမယ် မင်းကိုလာကြွားတာကွာ လာ နှမတော်ဆီသွားရအောင် သူကိုငါအိပ်ဆောင်မှာပဲနားခိုင်းထားတာ ဒါပေမဲ့ငါမယုံဘူး သူသမားတော်အဆောင်မှာ ဆေးမြစ်ကျိုနေမှာသိတယ် အဲဒီကိုသွားကြရအောင်"


သူရိန်နဲ့ ကလက်ဆီ ပန်းဆီသို့လာခဲ့သည်။


ဒီဆေးကို သေချာထောင်းနော် ပြီးရင် မယ်တော်ကြီးကိုတိုက်ရမယ်"


"စိတ်ချပါရှင် မိဖုရားကြီး ထိုင်နေပါ ကိုယ်ဝန်ရှိပြီးဆိုတော့ နားနားနေနေပါ မိဖုရားကြီး"


"ကိုယ်ဝန်ကနုပါသေးတယ် စိတ်မပူကြပါနဲ့  မပင်ပန်းပါဘူး ပြီးတော့ပြည်သူတွေကို ဒီဆေးရည်သွားတိုက်ပေးပါ အဲဒီဆေးကအရမ်း ကျန်းမာရေးအတွက်ကောင်းတယ် နန်းတော်ထဲကလူတွေပါတိုက်ရမယ်"


ပန်း တစ်ယောက် သူရိန်မသိတုန်း ခိုးပြီးဆေးမြစ်ကျိုနေတာပါ။သူက အလကားနေ စိုးရိမ်နေပါသည်။ ပန်းကို သူမျက်စိအောက်ကနေအပျောက်မခံပါ။ ဒါကြောင့် ပျော်လည်းပျော်ရသလို့ စိတ်လည်းညစ်၏။


"မိဖုရာကြီး ရပြီး"


"ကောင်းတယ် ကဲ့ သွားပြီးတိုက်ဖို့ပြင်ဆင်တော့  "


."ဟုတ်ကဲ့ မိဖုရာကြီး"


ပန်းလည်း ဆေးကျိုပြီးပြီးမို့လို အိပ်ဆောင်သို့အမြန်​​ပြန်ဖို့ပြင်သည်။ နဖူးက ထွက်နေတဲ့ချွေးတောင် မသုတ်အားပဲ အမြန်လမ်းလျှောက်သည်။ ထိုစဉ် ကလက်ဆီနဲ့မောင်တော်ကိုတွေ့တာကြောင့် ချုံပုတ်ထဲသို့ဝင်ပုန်းသည်။ပန်း အဖြစ်က ရယ်ချင်စရာပါ။ ကလေးတစ်ယောက်အမှားလုပ်ပြီး မိခင်ဆူမှာစိုးလို့ ပုန်းနေတဲ့ပုံနဲ့တူသည်။သူရိန်နဲ့ကလက်ဆီက ပန်းကိုမမြင်ဘဲ ဖြတ်ကျော်သွားမှာ သက်ပြင်းချပြီး ဂါဝန်ကြီးမက. တာပြေးပြေးသမားလို့အရှိန်နှုန်းတင်ပြီး အိပ်ဆောင်သို့အမြန်ပြေးခဲ့သည်။


"ဟောဟဲ..ဟောဟဲ..မောလိုက်တာ တော်သေးတဲ့ ကိုယ်ဝန်နုသေးလို့မဟုတ်ရင်ပျက်ကျမယ် "


"မိဖုရာကြီး အရှင်ကြွလာပါတဲ့"


ပန်းချက်ချင်း ကုတင်ပေါ်ပြေးတက်ပြီး စောင်ခြုံပြီးအိပ်နေယောင်ဆောင်လိုက်သည်။ပူလိုက်တဲ့ဖြစ်ချင် ပြေးလာလို့ချွေးထွက်ပြီးမောနေတာကို စောင်ပြန်ခြုံတော့ လူက ငရဲခန်းထဲရောက်နေတဲ့အတိုင်းပဲ။


"နှမတော် နေလည်ကြီးအိပ်နေပါလား ဒီနေလိမ်မာတယ် မောင်​ေတာ်စကားနားထောင်သာပဲ"


"ဝါးး အမယ်လေး အိပ်လိုကောင်းလိုက်တာ မောင်တော်ရောက်လိုနိုးသွားတာ ပြန်လျှော်ပေး"


"ဟုတ်လား ဒါဆိုရင်အနမ်းကို အလျော်ပေးတဲ့ မွ"


ပန်း နဖူးပြင်သို့ သူရိန်အနမ်းခြွေမိသည်။ထိုနောက် ပန်းကို ထူးဆန်းသလို့ကြည့်လာသည်။ပန်းလည်း အပြစ်လုပ်ထားတာကြောင့် ထိတ်လန့်နေပေမဲ့ဘာမှမဖြစ်သလို့ ဟန်ဆောင်နေသည်။


"နှမတော် နဖူးကချွေးတွေအများကြီးထွက်နေပါလား""


"ဪ အဲဒါ..အဲဒါက စောင်ခြုံပြီးအိပ်လို့ပါ..မောင်..တော်"

.


"လိမ်နေတာလား စကားတွေထစ်နေတဲ့"


"မောင်တော်အကြောင်းသိပါပြီး နှမတော်နဖူးကိုမနမ်းချင်လို့ အကြောင်းရှာတာမဟုတ်လား ရပါတယ်.. ရပါတယ်"


ပန်း မျက်နှာဆူပုတ်ပြီးပြောလျှင် သူရိန် ပွေ့ဖက်ပြီး ချော့မောသည်။ ပန်းကတော့ အတင်းရုန်းဖယ်သည်။


ငရဲလိုပူနေပါတယ်ဆိုမှာ လာဖက်နေသေးတယ် သေသာလိုကျခငျြတော့တယျ တွေးရင် သူရိန်ကိုအတင်းတွန်းသည်။ သူရိန်က စိတ်ကောက်လို့ရုန်းတယ်ထင်ပြီးအတင်းဖက်၏။ ပန်း ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံး သူရိန် ဆံပင်ကိုဆောင့်ဆွဲပစ်သလို ကုတင်ပေါ်ကနေလည်းကန်ချမိသည်။ 


"ွတုန်းး နှမတော်ဘာလိုကန်ရတာလဲ ဆံပင်မွှေးကလည်းဆောင်ဆွဲသေးတယ်"


"တောင်ပန်းပါတယ် မောငျတျောရယျ အရမ်းပူလာလို့ပါ ပူလိုက်တာ ပူလိုက်တာ ဆိုပြီး အခြွေရံတွေကိုခေါ်ကာ ယပ်ခတ်ခိုင်းသည်။ သူရိန်လည်း ဘာကြောင့်ဒီလောက်ပူနေတာလဲဆိုတာ တွေးနေမိသည်။


"ကိုးဗိုက်ဆာတဲ့ ဟိုလူကြီး"


"ဟိုအရှေ့ဆိုင်မှာစားမယ် ဒါနဲ့မင်းကိုငါမြင်ဖူးတယ်ထင်တယ်"


ကိုးလည်း သူစကားကြောင်းတွေနေတုန်း ဟိုနေ့ကအဖြစ်ပျက်ကိုပြန်မှတ်မိပြီး ထိတ်လန့်ကာ


"မတွေ့ဖူးပါဘူး လူကြီးကို အခုမှမြင်ဖူးတာ ပထမဆုံးတွေ့ဆုံခြင်းပါ"


"မဟုတ်ဘူးနော် ငါမင်းကိုမြင်ကိုမြင်ဖူးတဲ့"


သူရိန် မျက်လုံးထောက့်ကပ်ပြီး စဉ်းစားနေလျှင် ကိုး နရင်းအုပ်ပစ်သည်။


"အာ ဘာလုပ်တာလဲ"


""စိတ်မစိုးပါနဲ့ အရမ်းဗိုက်ဆာရင်နရင်းအုပ်တတ်လို့ပါ လူကြီး အမြန်သွားစားမယ်ဆို၍ သူအရှေ့ကနေ သူမ ပြေးသွားသည်။


ဆိုင်လည်းရောက်ရော့ ကိုးအရင်ဆုံးမေးတာက


"လူကြီး မှာပိုက်ဆံပါရဲ့လား"


"အထင်သေးလို့ပါတယ် တစ်ဆိုင်လုံးတောင်ဝယ်နိုင်တယ်"


"ပြီးတာပဲ အဒေါ်ကြီး ဒီကို ဝက်ခြေထောက်ပေါင်းနှစ်ပွဲ ကြက်နှစ်ကောင် ထမင်းနှစ်ပန်းကန်ပေးပါ ဪအရံဟင်းတွေလည်းချပေး ပြီးတော်တစ်ခြားစျေးကြီးတဲ့အစားအစားလည်းချပေးပါ"


ကိုးမှာပြီးတော့ လူကြီးက ဘာမှမမှာတာကြောင့် လူကြီးရဲ့လက်မောင်းကိုရိုက်ကာ


"ဟေ့လူကြီးဘာမှမစား ကိုယ်စားမဲ့ဟာ ကိုယ်မှာလေး"


"ဟမ် မင်းငါအတွက်ပါမှာထားတဲ့မဟုတ်ဘူးလား"


"မဟုတ်ပါဘူး ကိုးဘာသာစားဖို့မှာထားတာ လူကြီးလည်းစားချင်တာမှာ ကိုးမှာထားတာလာမစားနဲ့ နရင်းအုပ်ပစ်မှာ"


"ဟာ မင်းစားလို့ကုန်လို့လား"


"မကုန်ရင် ဖက်နဲ့ထုပ်သွားမှာပေါ့ လူကြီးစားချင်လူကြီးဘာသာမှာနော်"


သရဲမ ငါကလည်းဝယ်ကျွေးရသေးတဲ့ အားနာမှုလည်းမရှိဘူးဆိုပြီး မိုးမခ စိတ်ထဲကပြောနေ၏။ကိုးသာ ကြားခဲ့မိဆိုရင် သူကိုက်စားနေတဲ့ဝက်ခြေထောက်နဲ့လှမ်းရိုက်မယ်ထင်ပါသည်။


နောက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: