လူမိုက်ကြီးရဲ့နှလုံးသား
"မောင်တော် နိုင်းမရတိုင်းပြည်ကို တကယ်ပဲပျက်စီးအောင်လုပ်မှာလား"
"လုပ်ရမှာပေါ့ ထိပ်ထားရဲ့အပြစ်ကအရမ်းကြီးတယ်"
"ဒါပေမဲ့ မတရားဘူးလေ အပြစ်လုပ်တာကတစ်ခြားတစ်ယောက်လေ အပြစ်မရှိတဲ့လူတွေကိုပါ အပြစ်မပေးသင့်ဘူးလေ"
"ကြည့် ဘာလိုဒီလောက်စိတ်ထားကောင်းရတာလဲ ထိပ်ထားက ဒီလောက်စိတ်ဒဏ်ရာ ပေးခဲ့တာကို့"
"အဲဒီအတွက် သူ့အပြစ်သူခံနေရပြီးလေ မောင်တော် နိုင်းမရတိုင်းပြည်ကို ပျက်စီးအောင်မလုပ်ပါနဲ့နော်"
.
ပန်း မျက်နှာလေးငယ်၍ တောင်းဆိုတော့ ဒီလူရဲ့စိတိထားကပြောင်းလဲပြီးပေါ့။ သူရိန် ပန်းရဲ့ပေါင်ပေါ်က အိပ်နေတာကထလိုက်သည်။ ထိုနောက် ပန်း ရဲ့လက်ကလေးကိုကိုင်ပြီး
"မင်းကြောင့် မောင်တော်ရဲ့စိတ်တွေပြောင်းလဲလာရတာကွာ ကြည့်အုံးမျက်နှာလေးကငယ်နေတာပဲ မင်းအဲလို မျက်နှာငယ်ရင် မောင်တော်မနေတတ်ဘူးကွာ "
"ဒါဆိုရင်လည်း နှမတော်တောင်းဆိုတာကို လက်ခံပေးပါ မောင်ေတာ်နော်...နော်လို့..နော်.."
ကလေးတစ်ယောက်လို နှုတ်ခမ်းဆူပြီးတောင်းဆိုနေတဲ့ ပန်းကို သူရိန်အသဲယားစွာဖြစ် ဆူနေတဲ့နှုတ်ခမ်းကို သူရဲ့နှုတ်ခမ်းပါးပါးနဲ့ နမ်းရှိုက်မိရပါသည်။ သူ့နမ်းရင် အမြဲရုန်းကန်နေတဲ့ သူမက အခုတော့မရုန်းကန်ဘဲ သူရဲ့ကျောပြင်ကြီးကို လက်ကလေးသေးသေးနဲ့ဖက်တွယ်တာထားပြီး ချိုမြိန်တဲ့အနမ်းတွေကို ပြန်လည်တုံ့ပြန်သည်။
မိုးမခ တစ်ယောက် စစ်ရှုံးတဲ့အကြောင်းကိုပြန်တွေးနေမိသည်။တစ်အောက်နေ့ ချက်ချင်းထရပ်ပြီး မင်းဒဂုံတိုင်းပြည်ရဲ့ဘုရင်ဆီသို့သွားသည်။
"မင်းသားရောက်လာပါတဲ့"
အစောင့်ရဲမက် ရဲ့စကားကြောင့် ဘုရင် ထထိုင်သည်။ ရဲမက်တွေနိပ်စက်ထားတာကြောင့် တစ်ကိုယ်လုံးသွေးတွေရဲနေတဲ့ ဘုရင်ကိုကြည့်ပြီး မိုးမခ အချုပ်ခန်းထဲဝင်လိုက်သည်။
"ဘုရင်မင်းသီဟ နဲ့ကျွန်တော်တို့ကြားမှာတစ်ခုခုလွဲနေပြီးထင်တယ်"
"
"ဘာကိုလွဲရမှာလဲ ငါအခုလို့ဖမ်းခံရတာ မင်းကြောင့်ပဲ.
"မဆိုင်တာတွေဗျာ ဘုရင်နဲ့ ကျွန်တော်ကြားမှာ ရန်ငြိုးတွေမရှိပါဘူး"
"မရှိဘူးဟုတ်လား အဟွန့် မင်းရဲ့အမိန့်ကြောင့် ငါလွှတ်လိုက်တဲ့ ချစ်ကြည်ရေးယူဖို့လာတဲ့လူတွေ ဘာကြောင့်သေရတာလဲ"
"ကျွန်တော် အဲဒီအမိန့်ကိုဘယ်တုန်းကမှမပေးပါဘူး ကျွန်တော်ချောက်ချခံရတာ ပြီးတော့ ဒီအကြောင်းကို ကျွန်တော်မသိဘူး "
"ငြင်းနေတာလား မင်းသားအမိန့်ပေးလို့သတ်သွားသူတွေကြောင့် ဒီစစ်ပွဲကဖြစ်လာရတာ"
"အထင်လွဲနေပြီး ကျွန်တော် ဘာအမိန့်မှမပေးဘူး"
"သက်သေပြလေ ဒါဆိုရင် ယုံပေးမယ်"
"ကောင်းပြီး သက်သေရှာပြမယ်"
မိုးမခ ထိုစကားကိုပြောပြီးသည်နှင့် အချုပ်ခန်းကနေထွက်လာသည်။သက်သေရှာရင် ဧကရီတိုင်းပြည်ရဲ့ နယ်စပ်ဘက်သို့ ခရီးထွက်ခဲ့သည်။မိုးမခ သူရုပ်ကို ဖျက်ပြီးတော့ပါ။
နယ်စပ်ဘက်ရဲ့မြို့ထဲမှာ မိုးမခ တစ်ယောက် လျှောက်သွားနေတုန်း ကောင်မလေးတစ်ယောက်ရဲ့ ဝင်တိုက်ချင်ကိုခံလိုက်ရသည်။
"အာ့ မင်းလူတစ်ယောက်လုံးကိုမမြင်ဘူးလား"
" မြင်တဲ့လေး တွေ့လား ကိုးမှာမျက်လုံးပါတယ်"
ကောင်မလေးက ဘုကန့်လန့်ပြန်ပြော၍ သူမှာ မျက်လုံးပါကြောင်း လက်ညိုးနဲ့ထိုးပြသည်။
"ပါရင် ဝင်တိုက်မိစရာအကြောင်းမရှိဘူး"
"ဝင်တိုက်မိစရာအကြောင်းရှိလို့ ဝင်တိုက်မိတာပေါ့ ဟွန့် အရှေ့ကဖယ် "
"ဖယ်စရာလား ငါကိုတောင်ပန်း"
"အဟက် ရယ်စရာသိပ်ပြောပါလား ကျပ်မပြည့်ဘူးလား"
"မင်း!!"
မိုးမခ ဒေါသထွက်ပြီး ကိုးရဲ့ အင်ကျီလည်ပင်းစကို ဆွဲကိုင်သည်။ကိုးကလည်း ဘယ်ရမလဲထိုလက်ကိုဖယ်ပြီး သူရင်ဘက်ကို လက်နှစ်ဖက်နဲ့အုပ်ပြီး
"ရှင် ကျွန်မကိုဘာလုပ်တာလဲ!!
သူမရဲ့အော်သံကြောင့် လူတွေအားလုံးရဲ့အကြည့်က သူတို့နှစ်ယောက်ဆီသို့ရောက်လာသည်။မိုးမခလည်း ကြောင်သွားရသလို လူတွေအားလုံးဝိုင်းကြည့်နေတာကြောင့် မျက်နှာပူရသည်။
"ကောင်မလေးကို မင်းဘာလုပ်လာတာလဲ ဧကနာ မဖွယ်မရာပြုလိုက်တာလား"
"ခင်ဗျာတို့ ထင်သလို့မဟုတ်ဘူး"
"ဘာကိုမဟုတ်ရတာလဲ မိန်းကလေးက အကျယ်ကြီးအော်ပြီး လက်နှစ်ဖက်နဲ့ ရင်ဘက်ကို အုပ်လိုက်တယ်လေး ရှင်.ကျွန်မကို ဘာလုပ်တာလဲလို!!!
အဒေါ်ကြီးတစ်ယောက်က ပြောလည်းပြော ကိုး လုပ်ပြသလိုလုပ်ပြတာကြောင့် မိုးမခ စိတ်ညစ်ရသည်။ ကိုး ကိုလည်း ဒေါသမျက်လုံးနဲ့ကြည့်လျှင် သူမက ညစ်ကျယ်ကျယ်အပြုံးနဲ့ လျာထုတ်၍ ပြောင်ပြသည်။
"ခင်ဗျားတိုထင်သလိုမဟုတ်ရပါဘူး"
"လာငြင်းမနေနဲ့ အဲဒီကောင်ကို ဝိုင်းရိုက်ကြဟေ့!!!"
မိုးမခလည်း အခြေအနေမခံတာကြောင့်ထွက်ပြေးရသည်။ အကိုတော်အပြစ်ပေးတဲ့ ဒဏ်ရာကလည်း မပျောက်သေးဘူးလေ ဒါကြောင့်ပြေးရသည်။
နန်းတော်ကြီးက အေးငြိမ်းနေလျက်ပါ။ အရင်တုန်းက ပြသာနာရှုပ်ထွေးနေသော်လည်း အခုတော့ပြသာနာမရှိတော့ပါ။
"ကလက်ဆီ ဘယ်တွေလျောက်သွားနေတာလဲ မြင်းစောင်းမှာမင်းမရှိဘူးလို ရှာရတာမောနေတာပဲ"
ကလက်ဆီက မြင်းအပျိုမလေးတွေဆီ သွားပြီး လူပျိုလှည့်နေတာ မောင်တော်ရဲ့"
သူရိန်အမေးကို ကလက်ဆီအစား ပန်းကဖြေပေးသည်။
"နှမတော်က ဘယ်လိုလုပ်ဒီကိုရောက်နေတာလား"
"ကလက်ဆီ ခေါ်လာတာ သူကြိုက်တဲ့မြင်းမလေး ချောကြောင်းကြွားမလို့ထင်တယ်"
"ဟုတ်လား ကလက်ဆီ"
ကလက်ဆီက မြည်းဟီးပြီး ခေါင်းငြိမ့်ပြတာကြောင့် သူရိန် ကလက်ဆီလည်းပင်းကို ဖက်ပြီးမနာအောင်ညစ်ထားမိသည်။
"ဘယ်တုန်းကတွေ့တာလဲ ကလက်ဆီ ဘယ်ကမြင်းမလေးလဲ"
"မင်းသားလေးရဲ့ မြင်းမလေးပါ မောင်တော်"
"ဟေ့ ငါညီတော်ရဲ့ မြင်းက အထီးလေးပါ"
"အရင်က မြင်းလေး နှမတော်နဲ့ မင်းသာလေး မြင်းပြိုင်ပွဲတာ နှမတော်နိုင်လို့ အဲဒီမြင်းမလေးကိုရတာ"
"ဪ အဲဒီကတည်းက မင်းက ကြိုက်နေတာပေါ့"
"ဟီးးးး"
"ငါသဘောတူပါတယ်ကွာ မင်းလည်းငါကိုအားကျလို့မဟုတ်လား ဆိုပြီး ပန်းရဲ့ပခုံးကိုဖက်လိုက်သည်။
"မောင်တော်နော် ကလက်ဆီအရှေ့မှာ ဆင်ခြင်"
"ဟာ ဆင်ခြင်ရအောင် သူကလူလား"
"လူတောင် သူလောက်သိမှာမဟုတ်ဘူး ကလက်ဆီက အကုန်သိအကုန်တတ်လေး"
"မောင်တော်ရဲ့မြင်းလေး မောင်တော်လို တော်မှာပေါ့ "
"ကြည့် စကားကိုကပ်ပြောပြန်ပြီး"
"စကားပဲကပ်တာမဟုတ်ဘူး ဒီလိုလေး မောင်တော်ရဲ့နှုတ်ခမ်းနဲ့နှမတော်ရဲ့ ပါးပါကပ်မှာ"
"မောင်တော်နော် အရမ်းဆိုးတယ်"
."မောင်တော် ဒီလောက်ဆိုးတာတောင် ဘာကြောင့်ကလေးမရသေးတာလဲမသိဘူး"
"ဟာ ရှက်စရာတွေပြောပြန်ပြီး ကဲရှက်ကြောပြတ်အောင် ဗိုက်ခေါက်ကိုလိမ်ဆွဲရမယ်"ဆိုကာ သူရိန်ရဲ့ ဗိုက်ခေါက်ကိုလိမ်ဆွဲသည်။
"အားး နှမတော်ကလည်း နာတယ်"
"နာအောင်ဆွဲတာပဲကို ဒါနဲ့အခုတလော မောင်တော်နုနေပါလား အရင်တုန်းက မြှားဒဏ်ရာတောင်မနာဘဲနဲ့"
"နှမတော်ကြောင့်လေး နှမတော်ကိုချစ်ပြီးကတည်းက အရာအားလုံးကနူညံပျော့ပြောင်းသွားတာ"
"အပိုတွေ မုန်းစရာကြီး"
ပန်း မျက်စောင်းထိုး၍ ပြောလျှင် သူရိန်က ရယ်မောကာ ပန်းကို ဖက်ထားသည်။ကလက်ဆီကတော့ ပျော်ရွှင်စွာ ခုန်ပေါက်မြူးတူး၏။
"ကိုး ဘာလိုဒီလောက်ပျော်နေတာလဲ"
"ဒီမှာတွေ့လား"
"ဝိုးး ရွှေဒဂ်ါးတွေပါလား ဘယ်ကရလာတာလဲ"
"နင်ကလည်း ခါးပိုက်နိုက်ပါတဲ့ဆိုမှာ လူကိုမှတ်ထားပါမလား"
"အေးပါဟာ နင်ဒီနေ့တော့ ထောပြီး"
"ဒါပေါ့ ဒါပေါ့ ရော့ နင်ကိုတစ်ပြားပေးတဲ့"
"ဟာနင်ကလည်း မယူချင်ဘူး"
"ဘာလိုမယူရမှာလဲ နင်နဲ့ငါကဘဝတူတွေပါ ခင်ခင်ရယ် နင်ရဲ့အဖေ ကိုမပေးနဲ့နော် နင်ဘာသာသုံး"
"ကျေးဇူးပါဟာ "
"မလိုပါဘူး ခင်ခင်ရာ ငါလည်း ဒီငွေတွေကိုဝှက်ထားမှာ သိတဲ့အတိုင်းပဲလေ အိမ်က မိထွေးတော်ကြီးကမလွယ်ဘူး"
"သိပါတယ် နင်ကိုဒီအလုပ်မလုပ်စေချင်ဘူး"
"ငါဒီအလုပ်မလုပ်ရင် ဘယ်သူကထမင်းလာကျွေးမှာလဲ"
"နင်မိထွေးပေးစားတဲ့ သူဌေးကိုအောင်ကိုယူလိုက်ပါလား"
"တော်..တော် ငါဘာသာဒီလိုနေရတာကမှစိတ်ချမ်းသာသေးတဲ့ အဲဒီသူဌေးသားဝက်ကြီးကိုယူလိုက်ရင် ငါဘဝတော့မတွေးရဲစရာပဲ ကဲ့လာ မုန့်သွားဝယ်စားရအောင် အဲဒါပဲကောင်းတယ်"
မိုးမခ စုံးစမ်းနေရင် ရုတ်တရက် ဗိုက်ကမြည်လာသည်။
"ဂြီ.."
ဗိုက်တောင်ဆာလာပြီး ဟိုသရဲမကြောင့် ပြေးရတာကတစ်မျိုး စုံစမ်းရတာကတစ်မျိုးနဲ့ ဟိုအရှေ့က ဆိုင်မှာ ဝယ်စားမှာ"
မိုးမခ ဆိုင်အကောင်းတစ်နေရာမှဝင်ထိုင်၍ စျေးကြီးပြီးအရသာရှိသော အစားအသောက်တွေမှာသည်။
အစားသောက်တွေရောက်လာတာနဲ့ အားရပါးရစားပစ်သည်။ ပိုက်ဆံရှင်းရန် စားပွဲထိုင်ကိုခေါ်လိုက်သည်။
"ဘယ်လောက်ကျလဲ"
."ရွှေဒဂ်ါးနှစ်ပြားပါဗျာ"
"တန်တာပဲ ပြော၍ ခါးကြားမှာချိတ်ထားတဲ့ ရွှေဒဂ်ါးကိုနိုက်ကြည့်တော့ မရှိတာကြောင့် ဟိုရှာဒီရှာလုပ်နေရသည်။ စားပွဲထိုးရဲ့မျက်နှာက ခက်ထန်လာသည်။
"ဟိုလေး ..."
"ဘာဟိုလဲ ပေးရွှေဒဂ်ါးနှစ်ပြား"
"ကျွန်တော် ရွှေဒဂ်ါးပြားမရှိတော့ဘူး"
"ဘာဗျာ မရှိရင်ဘာလို့ လာစားသေးလဲ မှာထားတာတော့ စျေးကြီးတာတွေချည်းပဲ"
"အောင်မာ မင်းသေချင်ပြီးလား "
"သေရမှာက ခင်ဗျား သူဌေးရေ ဒီမှာစျေးကြီးတဲ့အစာအစားမှာပြီး ငွေမပေးနိုင်ဘူးဖြစ်နေတဲ့"
မိုးမခ ဒေါသလည်းထွက်ရပါသည်။
ယူလာတဲ့ ရှေဒဂျါးအမြားကွီးက ဘယ်ရောက်သွားရတာလဲကွာ..ဪ မှတ်မိပြီး ဟိုသရဲမ ဝင်တိုက်မိသလိုလုပ်ပြီးခေါ်သွားတာကို့ တွေးရင်နေ တောက်ကလည်ခေါက်မိသွားသည်။
"တောက်"
""တောက်ခေါက်ရမှာက ခင်ဗျားမဟုတ်ဘူး ကျုပ်ပဲ ဘာလိုပိုက်ဆံမပေးနိုင်ဘဲ စျေးကြီးတဲ့ဟာတွေမှာစားရတာလဲ"
"ပိုက်ဆံကပါလာတဲ့ မရှိတော့်တာ "
"ဒီလိုမျိုးတွေရိုးနေပြီး ပေးရမယ် ရွှေဒဂ်ါးနှစ်ပြားဖို့အတွက်ဒီမှာ ဆယ်ရက်ပန်းကန်ဆေးရမယ်"
"ဟာအဲလောက်တောင်လုပ်ရမလား"
"လုပ်ရမှာပေါ့ မောင်ပု သူကို့ ပန်းကန်ဆေးတဲ့နေရာခေါ်သွားလိုက် ဟိုမှာ မြို့စားကြီးလာလို့ ဧည်ခံလိုက်အုံးမယ်"
"ဒီမှာ အဲဒီမြို့စားကြီးနဲ့ ငါတွေ့မယ်"
"ခင်ဗျားလို့အဆင့်က မြိုးစားနဲ့တွေ့စရာလား လာ ပန်းကန်သွားဆေးမယ်"ဆိုပြီးဆွဲခေါ်သည်။
ဆွဲခေါတဲ့ မောင်ပုရဲ့လက်ကို မိုးမခ လိမ်ချိုးပြီး မြိုစားကြီးဆီသို့လာခဲ့သည်။ ဆိုင်ရှင် သူဌေးက အနောက်ကနေ အော်ဟစ်စွာလိုက်တားသည်။
"ဟေ့အဆင့်မရှိတဲ့လူ မြို့စားကြီးနားမကပ်နဲ့"
မိုးမခကို မြို့စားကြီးက မြင်တာနဲ့
"မင်းသားလေးကို ဂါဝရပြုပါတဲ့ ဘယ်လိုလို့ဒီကိုရောက်နေရတာလဲ မင်းသားလေး"
မြို့စားကြီးရဲ့ စကားကြောင့် ဆိုင်ပိုင်ရှင်သူဌေးနဲ့ မောင်ပု မျက်လုံးပြူးမျက်ဆံပြူးရသည်။
"မင်း...သား..."
စကားတွေထစ်လှချည်းလား ဘာ အဆင့်မရှိတဲ့လူ ဟုတ်လား"
"သေသင့်တဲ့အြပစ်ကို ကျူးလွန်မိပါတဲ့ မင်းသား ခွင့်လွှတ်ပေးတော်မူပါ "
မိုးမခရဲ့ ဒူးကိုဖက်ပြီး ဆိုင်ပိုရှင်တောင်ပန်းသည်။မောင်ပုလည်း ရောပြီးတောင်ပန်း၏။မိုးမခကတော့ မျက်နှာကိုတင်းမာထားပြီး ဆိုင်ရှင်နဲ့မောင်ပုကို ပန်းကန်တွေအကုန်ဆေးခိုင်း၏။
"
နောက်ဆက်ရန်ဗျာ
စာရေးသူ သွေးမိန့်