လူမိုက်ကြီးရဲ့နှလုံးသား
ထိန်ထိန်သာနေသော လပြည့်ညကြီးက ဝင်းပသာယာလျက်ပါ။လင်းထိန်လွန်တဲ့ အလင်းရောင်ကြောင့် မှောင်မိုက်နေသော ချုံနွယ်တွေတောင် အလင်းရောင်ကြောင့် လင်းနေသည်။
ထိပ်ထား ပန်းရဲ့ သွေးတွေထည့်ထားတဲ့ ခွက်ကိုယူပြီး ဂါထာရွတ်၍ မကောင်းဆိုးဝါးကြီးကို ဖိတ်ခေါ်သည်။ တစ်အောက်နေ့တော မကောင်းဆိုးဝါကြီးရောက်လာသည်။
"ဝုန်းး ငါကို ဆက်သတာ ဘာသွေးလဲ"
"အမှောင်လောကနတ်ဘုရား ဒါက ဧကရီတိုင်းပြည်ရဲ့ မိဖုရာကြီးရဲ့သွေးပါ"
"ဟားး မိဖုရားကြီးက အရမ်းစိတ်ကောင်းရှိတဲ့လူ ငါကြားတယ် "
"အမှန်ပါပဲ အမှောင်လောကနတ်ဘုရား"
"သောက်ကြည့်တာပေါ့ ဒီသွေးကို အနမ်းကတော့ မွှေးနေရော့ ငါတောင်စွဲမက်လာပြီး"
ရုပ်အရမ်းဆိုးတဲ့ မကောင်းဆိုးဝါးကြီးကိုမြင်ရင် လူတိုင်းထိတ်လန့်မှာသေချာ၏။မကောင်းဆိုးဝါကြီး သွေးကိုသောက်ဖို့ပြင်တဲ့အချိန်
အား ပူလိုက်တာဆို၍ သွေးခွက်ကမှောက်ကျသွားသည်။ ထိပ်ထားရဲ့မျက်နှာက ဖြူဖွေး၍ သွေးမရှိသလိုကြောက်လန့်သွားသည်။ မကောင်းဆိုးဝါးကြီးကလည်း သွေးမသောက်ရတာကြောင့် ဒေါသထွက်၍ စိတ်တိုလာသည်။
ငါ..ဒီသွေးကိုမသောက်ရရင် မင်းရဲ့သွေးကိုသောက်ရလိမ့်မယ်"
မကောင်းဆိုးဝါးကြီးက ပြောလည်းပြော ထိပ်ထားရဲ့လည်းပင်းကို ညစ်ပြီး သူရဲ့အစွမ်းနဲ့သွေးစုတ်ပစ်သည်။ ထိပ်ထား အလန့်တကြားအော်ဟစ်သံကဆူညံသလို တောင်ပန်းသံလည်းညံနေသည်။
"အမှောင်နတ်ဘုရား..အားးး. တောင်ပန်းပါတယ်..အားးး ချမ်းသာပေး.."
"ဟားးး ချမ်းသာပေးစရာလား မင်းဖိတ်ခေါ်လို့ အဝေးကြီးကနေ ငါလာရတာ သွေးမသောက်ရပဲနဲ့တော့ ငါမပြန်နိုင်ဘူး..မင်းရဲ့သွေးက အခုနဲ့ကသွေးလောက် မမွှေးပေမဲ့ ငါသောက်လိုက်မယ်"
"ချမ်းသာပေးပါ အခုနဲ့က သွေးကို သောက်နိုင်ရန် စီရင်ပေးပါမယ် ဒီတစ်ခါ ခွင့်လွှတ်ပေးပါ အမှောင်လောကနတ်ဘုရား ရှင့်"
"ကောင်းပြီးလေ မင်းရဲ့သွေးတစ်ဝက်ကိုငါသောက်မယ် နောက်လပြည့်ညကျရင် ဟိုသွေးကို မင်းဆက်သရမယ် တကယ်လိုမဆပ့သနိုင်ရင် မင်းရဲ့သွေးတွေကို ငါအကုန်သောက်ပစ်မယ်" ပြော၍ ထိပ်ထားရဲ့ သွေးတစ်ဝက်ကိုသောက်ပစ်သည်။
ထိပ်ထား အရမ်းနာကျင်လိုအော်ဟစ်သံက ငရဲပြည်ကအတိုင်းပါပဲ။သွေးတစ်ဝက်ကုန်လျှင် ထိပ်ထား သတိမေ့သွားရသည်။
"အရှင် ကျွန်တော်မျိုး ဘာလုပ်ပေးရမလဲ"
"ငါရဲ့မိဖုရားကို ချက်ချင်းလွှတ်ပေးလိုက်ပါ ငါအခန်းထဲကို ခေါ်ခဲ့ ဘယ်သူမှမသိစေနဲ့ "
"ဟုတ်ကဲ့ပါ အရှင်"
သူရိန် စိတ်လှုပ်ရှားစွာ ပန်းကို စောင့်နေမိသည်။ထိပ်ထားက သတိလစ်နေတာကြောင့် သူအသိစိတ်တွေပြန်ရှိလာသည်။ပန်းကို သူ့ကြာပွတ်နဲ့ ရိုက်မိတာကိုလည်းသိသည်။ တစ်အောက်နေတော့ ပန်း ယောင်နဲ့နဲ့ရောက်လာသည်။
သူရိန် ပန်းကို ပြေးပွေ့သည်။
"မောင်တော် တောင်ပန်းပါတယ်ကွာ မောင်တော်စိတ်တွေ ဘာကြောင့်ထိန်းမရတာလဲမသိဘူး ကြည့်ပါအုံး တစ်ကိုယ်လုံးသွေးတွေချည်းပဲ "
သူရိန် ပန်းကိုဖက်ထား၍ ထိခိုက်နာကျင်သောအသံဖြစ် ပြောသည်။ သူရိန်ရဲ့ ပါးပြင်တွင်လည်း မျက်ရည်များ မြစ်တစ်ဆင်းစီးဆင်းသလို စီးဆင်းနေသည်။
ပန်းကို ပွေ့ဖက်ပြီးပြောနေတဲ့ အရှင်ကို နှစ်သိမ့်တဲ့သဘောဖြစ် လက်ကလေးနဲ့ သူရဲ့ကျောပြင်ကို ပွတ်သပ်မိသည်။
"အရှင် စိတ်ပါလို့လုပ်တာမှမဟုတ်တာ သူများခိုင်းစေလို့လုပ်ရတာလေ ဝမ်းမနည်းပါနဲ့အရှင်ကို နှမတော် အပြစ်မယူပါဘူး "
"မောင်တော်ကို ဘာကြောင့်ခွင့်လွှတ်နေရတာလဲ မောင်တော်က ခွင့်လွတ်မှုနဲ့မတန်ပါဘူးကွာ"
"ဘာကြောင့်ခွင့်လွှတ်တာလဲဆိုတော့ နှမတော် မောင်တော့ကိုအရမ်းချစ်လိုပါရှင့် ဒါကြောင့်အပြစ်မတန်ပါနဲ့နော်..အဟင့်"
"မငိုပါနဲ့ကွာ မောင်တော်ရင်တွေနာကျင်ရတဲ့"
သူရိန် ရင်ခွင်ထဲက ပန်းရဲ့ မျက်နှာလှလှလေး ကို သူရဲ့လက်နဲ့ဖွဖွလေးကိုင်ကာ မျက်ရည်သုတ်ပေးမိရသည်။ သူမလေးရဲ့ မျက်ရည်ကျတွေက သူ့ရင်ထဲကို ချွန်ထက်တဲ့ ဓားတစ်ချောင်းနဲ့ဆွနေသလိုပါပဲ။
မောင်တော်ကို ထိပ်ထား ဘာလက်ဆောင်ပေးသေးလဲဟင်"
"တောက် အဲဒီ မိန်းမယုတ်မာကို မောင်တော် နာကျင်တဲ့အပြစ်ဒဏ်ပေးမယ် သူပေးတဲ့ လက်ဆောင်က ဘာမှမရှိပါဘူး ဒါပေမဲ့ လက်မောင်းကကြိုးတော့ရှိတယ်"
သူရိန်ရဲ့ လက်မောင်းကကြိုးကို ဖြုတ်ပြီး မီးရှို့ပစ်လိုက်သည်။ထိုနောက် ပန်းကို ရင်ခွင်ထဲသို့ဝင်အောင်ဆွဲဖက်ပြီး နဖူးပြင်ဝင်းဝင်းလေးကို နမ်းရှိုက်ပစ်သည်။ ပန်းကလည်း ရင်ခွင်ထဲကနေခေါင်းကလေးကို မော့ပြီး သူရိန်ရဲ့ မေးစိကို နမ်း၏။သူရိန် သဘောကျစွာရယ်မိရသည်။
ထိပ်ထားရဲ့မျက်နှာပေါ်သို့ နေရောင်ခြည်စူးစူး ကျရောက်တာကြောင့် မျက်လုံးတွေပွင့်လာသည်။
"အား နေကလည်း ဆူးလိုက်တာ ငါကိုယ်က ဘာလို အားမရှိသလိုခံစားနေရတာလဲ ပြီးတော့ တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ အားး.ကျွပ်
.ကျွပ် နာလိုက်တာ"
ထိပ်ထား တစ်ကိုယ်တည်းရေတွား၍ အခန်းထဲသိုပြန်ဝင်မယ်အချိန် ရဲမက်အများကြီး ဝိုင်းထားခြင်းကိုခံလိုက်ရသည်။
ဒါဘာလုပ်တာလဲ ငါလို မင်းသမီးတစ်ပါးကို ရန်သူတစ်ယောက်လို ဝိုင်းရဲ့တဲ့ပေါ့"
ရဲမက်တွေက ဘာမှမပြောဘဲ ဝိုင်းထားရာကနေလမ်းဖယ်ပေးသည်။ ထိပ်ထားသွားဖို့ အတွက်ဖယ်ပေးခြင်းမဟုတ်ပါ။ ထိပ်ထား သူသွားဖို့ဖယ်ပေးတဲ့ထင်ပြီး ခြေလှမ်းပြင့်မယ်အချိန် ပန်း လာတာတွေ့တာကြောင့် အံ့ဪသွားရသည်။ ပန်းက ဒေါသထွက်တော့မျက်နှာဖြစ် ထိပ်ထားဆီလျှောက်လာပြီး ထိပ်ထားရဲ့ပါးပြင်ကို အားကုန်သုံးပြီး ဘယ်ပြန်ညာပြန်ရိုက်ပစ်လိုက်သည်။
"ဖြန်း..ဖြန်း"
"မိဖုရားကြီး ဒါဘာလုပ်တာလဲ! !"
"မသိလိုမေးနေတာလဲ "
"ဟုတ်တယ် ဘာကြောင့် ကျွန်မရဲ့ပါးကိုရိုက်ရတာလဲ ရဲမက်တွေ ဘာလုပ်နေတာလဲ ဒီစုန်းမကို အချုပ်ခန်းထဲ ဖမ်းဆီးပြီးခေါ်သွားစမ်း"
"ပြောင်းပြန်တွေ သိပ်ပြောနေပါလား အောက်လမ်းဆရာမကြီးရဲ့ မင်လုပ်ရက်အတွက် အပြစ်ကြွေးခံယူဖို့ပြင်"
"ဘာတွေလာပြောနေတာလဲ"
"အမှန်တွေပြောနေတာပဲ"
ဒီတစ်ခါပြောလိုက်သူက ပန်း မဟုတ်ပါ။
အရှင်.. အရှင်ကို သူ့အောက်လမ်းနဲ့ပြုစားလိုက်တာလား ထိပ်ထားကို စွပ်စွဲနေပြန်ပြီး"
သူရိန်ကို အားကိုးတကြီး လက်မောင်းကိုင်၍ပြောတော့ သူရိန်က ထိပ်ထားကိုတွန်းပစ်သည်။ ထိပ်ထား မြက်ခင်းပေါ်သို့ ပစ်လှဲကျသည်။ ပန်းက ထိပ်ထားကို ငုတ်ကြည့်၍
"နင်အပြစ်တွေကို နင်ခံယူဖို့ပြင်ဆင်တော့ မောင်တော်က နင်ရဲ့ပြုစားထားရာကနေလွတ်သွားပြီး ရဲမက်တွေ ဒီစုန်းမကို မြေအောက်ခန်းထဲမှာပိတ်ထားလိုက်ပါ "
ရဲမက်တွေ ထိပ်ထားကို ချုပ်ပြီး မွေအောကျခနျးသို့ချေါသှားသညျ။ ထိပ်ထား အော်ဟစ်ရုန်းကန်သည်။
"နင်တို့အားလုံးကို ငါရဲ့ပညာနဲ့ဖျက်စီးပစ်မယ်..မိဖုရား အစုတ်ပလုပ်မကြီး နင်ကြောင့် ငါအစီရင်တွေပျက်ရတာ အမှန်ဆိုရင် ငါကဒီတိုင်းပြည်မထာ ဘုရင်မ ဖြစ်နေပြီးသိလား ဘုရင်ကြီးကိုသေအောင်လုပ်နိုင်ပြီး အရှင်ကိုသေအောင်မလုပ်ခဲ့တာငါမှားတယ်.."
"တောက် မင်းက တော်တော့ယုတ်မာတဲ့ မိန်းမယုတ်မပဲ ရဲမက်တွေ သူကို အပူပေးထားတဲ့သံတုတ်နဲ့ အချက်၂၀၀ရိုက်စေ.. မင်းလိုမိန်းမယုတ်မာ ကိုလွယ်လွယ်နဲ့ပေးသေလိုဘဲရမလား တပ်မှူးကြီး အခုချက်ချင်းနိုင်းမရတိုင်းပြည်သို့ စစ်ချီစေ ဒီအယုတ်တမာမရဲ့ ဆွေးခုနှစ်ဆက် မျိုးခုနှစ်ဆက်ကိုခေါင်းဖြတ်ပြီးသတ်စေ သူရဲ့ပြည်သူပြည်သားတွေကိုပါအရှင်မထားနဲ့ အကုန်သတ်ပစ်!!! ဧကရီတိုင်းပြည်ရဲ့ အမျက်ဒေါသကို လာစမ်းတဲ့ နိုင်းမရတိုင်းပြည်ရဲ့မင်းသမီးကြောင့် နိုင်းမရတိုင်းပြည်ကြီး ပျောက်ဆုံးရမယ်"
သူရိန် စကားဆုံးတော့ ထိပ်ထား ကြောက်လန့်၍ ပန်းရဲ့ ဒူးကိုဖက်ပြီးတောင်ပန်းသည်။ ပန်းက အဖက်မခံဘဲ ရဲမက်တွေလာဆွဲခေါ်စေသည်။ ပန်းကို တောင်ပန်းမရတာကြောင့် သူရိန်ရဲ့ဒူးကိုဖက်ပြီးတောင်ပန်းသည်။ သူရိန်က အရေးမလုပ်ဘဲ သူဒူးကိုဖက်ထားတဲ့ ထိပ်ထားရဲ့လက်ကို ဆွဲဖြုတ်ပြီး ပန်းရဲ့ ပခုံးကို ဖက်ကာ နန်းဆောင်သို့ပြန်ခဲ့သည်။
အနိပ်စက်ခံတွေ ထိပ်ထားရဲ့အော်ဟစ်သံက ဆူညံပွတ်နေသည်။သံပူတုတ်နဲ့ရိုက်တာကြောင့် သေလောက်အောင်နာကျင်ရသည်။ အချက် ၂၀၀ရိုက်ပြီးချိန် ထိပ်ထား လက်မလျောက်နိုင့်သဖြင့် ရဲမက်နှစ်ဉီး အကြမ်းပတမ်းဆွဲခေါ်၍ မွေအောကျတိုကျခနျးထဲသို့ ဆောင့်တွန်းပြီး ထည့်ပစ်သည်။ထိပ်ထား သူပညာနဲ့သူပြန်ထိသည်။ သူရိန် လက်မောင်းက ကြိုးမရှိတာကြောင့်ထိပ်ထားတစ်ကိုယ်လုံး မီးနဲ့အတို့ခံရသလို ပူလောင်တာကြောင်း လူးလိမ့်နေရသည်။
မြက်ခင်းပြင်စိမ်းစိမ်းလေးတွေရှိတောထဲတစ်နေရာသို့ ကလက်ဆီကိုဆီးပြီး ပန်းနဲ့သူရိန် လာခဲ့သည်။
"မောင်တော် ဘာကြောင့် ဒီနေရာကိုလာတညလဲဟင်"
"နှမတော်နဲ့ အေးဆေးနေချင်လို့ပေါ့"
"နန်းတော်ထဲမှာလည်း အေးဆေးနေလိုရတဲ့ နေရာတွေရှိတာပဲကို့"
"မတူဘူးလေးဒီလိုမြက်ခင်းစိမ်းစိမ်းလေးပေါ် နှမတော်ကထိုင်။..မောင်တော်က နှမတော်ရဲ့ပေါင်ပေါ်မှာ ခေါင်းတင်ပြီး အပြာရောင်သန်းနေတဲ့ မိုးကောင်းကင်ကြီးကို ငေးကြည့်မယ်လေး ဟော ရောက်ပြီး ဆို၍ ကလက်ဆီကိုရပ်ခိုင်းသည်။ ကလက်ဆီ ရပ်သွားသောအခါ သူရိန်က မြင်းပေါ်ကနေ လျှင်မြန်စွာဆင်းပြီး ပန်းကို ချိုင်းကနေ လက်နှစ်ဖက်နဲ့ချီ၍ ချသည်။
သူရိန်တို့လာတဲ့ နေရာလေးက အရမ်းလှပပါသည်။အရိပ်ကောင်းသော သစ်ပင်အများအပြားရှိသည်။သစ်ပင်ရဲ့ ဘေးနားတွင်အေးမြကြည့်လင်နေသော စမ်းချောင်းလေးတစ်ခုရှိသည်။ စမ်းချောင်းရဲ့ တစ်ဖက်ဘေးတွင် ပန့းလှလှတွေပေါက်နေသည်။ ကျေးငှက်သာရကာလေးတွေရဲ့ အသံလေးကလည်း ချိုသာနေလျက်ပါ။
"နှမတော် မောင်တော်ကို ဘယ်ကနေချစ်သွားတာလဲ"
သူစကားကြောင့် ပန်းမျက်နှာနုနုလေး နီရဲသွားသည်။ သူ့ကဒါကိုကြည့်ပြီး သူမရဲ့ပါးပြင်ကိုချစ်စနိုးနဲ့ လိမ်ဆွဲသည်။
"ရှက်သွားတာလဲ နှမတော်"
"မဟုတ်ပါဘူး"
"လိမ်တဲ့ မရှက်ရင်ဖြေလေ မောင်တော်ကို ဘယ်ကတည်းချစ်တာလဲလို့"
"မောင်တော်ကလည်း မသိဘူး"
"ဟာ လိမ်ပြန်ပြီး အပြစ်ပေးသင့်ပြီးထင်တယ်"
"အောငျမာ အပြစ်ပေးရအောင် နှမတော်က ဘာအမှားလုပ်ထားလို့လဲ"
"လိမ်တယ်လေ"
"ဘယ်မှာလိမ်လိုလဲ"
"ကြည့် မောင်တော်စိတ်မရှည်တော့ဘူးနော်"
သူရိန် မျက်နှာမှုန်ကုတ်၍ ပန်းကို ဒေါသထွက်သလို့ကြည့်သည်။ပန်းကလည်း သူ့မျက်နှာကို မျက်စောင်းထိုးပစ်သည်။
"ကြည့်စမ်း မျက်စောင်းထိုးတဲ့အပြစ်ပေးသင့်ပြီး"ဆို၍ ပန်းရဲ့ ပါးပြင်ကိုလှမ်းနမ်းလိုက်သည်။
"ဟာ မောင်တော်နော်"
"အပြစ်ပေးတာလေး ပါးလေးကမွှေးနေရော့ နမ်းမဝဘူး"
"မောင်တော်မကဲနဲ့ ဟိုမှာကလက်ဆီရှိတဲ့"
"သူကိုများအရေးစိုက်ပြီးရှက်နေသေးတယ် ကလက်ဆီ မင်းဝေးဝေးမှာသွားနေ ဒီမှာမင်းရှိလို ရှက်နေတယ်တဲ့"
သူရိန် လှမ်းပြောသံကြောင့် ကလက်ဆီး မြည်းဟီး သူတို့နဲ့ဝေးတဲ့နေရာသို့ ထွက်သွားသည်။သူရိန်က ပန်းရဲ့လက်နုနုလေးတွေကို သူ့ပါးပြင်နဲ့ထိကပ်ပြီး မျက်လုံးမှိတ်ထားသည်။
ပန်းကတော့ သူ့ပေါင်ပေါ်မှခေါင်းတင်အိပ်နေတဲ့ သူရိန်ရဲ့ဆံပင်တိုတိုတွေကို လက်နဲ့ဖွ၍ဆော့ကစားနေမိသသည်။
မိုးမခကို သမားတော်ကြီး ဆေးကုပေးသည်။မိုးမခလည်း အီစလံဝေအောင်ခံစားနေရသည်။
"မင်းသား အိပ်ယာပေါ်မှာ တစ်ပတ်တိတိနေရမယ် ဒဏ်ရာကအရမ်းများလွန်တဲ့ ဒါကြောင့်နေရပါမယ်"
"ကောငျးပါပွီး သမားတော်"
သမားတော်ကြီး မှာစရာရှိတာမှာပြီး မိုးမခအခန်းကနေထွက်သွားသည်။မိုးမခလည်း ကုတင်ပေါ်တွင် မှောက်ခုံ မှောက်ပြီး အိပ်နေတော့သည်။
စာရေးသူ သွေးမိန့်