book

Index 15

အပိုင်း (၁၅)

လူမိုက်ကြီးရဲ့နှလုံးသား


ဉယျာဉ်ထဲမှာ မိသားစုနဲ့ပြုံးပျော်နေတဲ့ ပန်းရဲ့ မျက်နှာလေးက ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းသည်။


"အကိုတော်ကြီး  မယ်တော်ကြီးအတွက် ဒီလက်ဆောင်ပေးပေးနော်"


"လှလိုက်တယ် ပုဝါလေးပါလား"


"ညီမတော် ဘာသာထိုးထားတာ "


"သမီးတော်လေးက ဘက်စုံတော်နေတာပဲနော် ခမည်းတော်တို့ဆီမှာ သမီးတော်မရှိတော့ အရာအားလုံးက ခြောက်သွေ့နေတာပဲ"


ခမည်းတော်ကြီး စကားကြောင့် ပန်းမျက်နှာလေးညှိးသွားရသည်။ ဒါကို အကိုတော်လေး ကမြင်တော့


ခမည်းတော်ကြီးကလည်း ညီမတော်မရှိတော့ နန်းတော်ထဲကလူတွေ ခေါင်းမမူးရတော့ဘူးလေး"


"အကိုတော်လေးနော် စိတ်စိုးလိုက်ရ ဟွန့်"


"ဟား စတာပါကွာ ညီမတော်လေး အကိုတော်တို့နဲ့ အလည်လိုက်ခဲ့ပါလား"


"ဟုတ်တယ် လိုက်ခဲ့ပါလား သမီးတော် အရှင်ကိုခမည်းတော်ကြီးပြောပေးမယ်လေ"


ပန်း ခေါင်းခါ၍ပြုံးပြမိသည်။ တိုင်းပြည်က အခုမှာအေးငြိမ်းချမ်းတုန်းရှိသေးသည်။ အရှင် ကျန်းမာရေးကသိပ်စိတ်မချရဘူး။ဒါကြောင့် သူမ မလိုက်နိုင်ပါ။


"ဘာလို့မလိုက်တာလဲ"


"ဟီး အကိုတော်ကြီးရယ် တိုင်းပြည်အခုမှအေးငြိမ်းတုန်းရှိသေးတဲ့ ပြီးတော့ ညီမတော်လုပ်စရာအလုပ်လေးတွေရှိသေးလို့ပါ"


ဒါဆိုရင် အေးငြိမ်းရင်လာလည်အုံးနော် ခမည်းတော်ကြီးတို့ ဒီနေ့ တိုင်းပြည်ပြန်တော့မယ်"


"ဟမ် မနားတော့ဘူးလား ခမည်းတော်ကြီး"


"ပန်းပွင့်ငယ်တိုင်းပြည်မှာ သမီးတော်ရဲ့ မယ်တော်ကြီးတစ်ယောက်ပဲရှိတာ စိတ်မချဘူး"


"ဪအဲဒါကြောင့်ကို့..ဟီး ခမည်းတော်ကြီးက မယ်တော်ကြီးကို လွမ်းနေပြီး အဟီး "


"ဒါပေါ့ သမီးရ ခမည်းတော်ကြီးက မယ်တော်ကြီးကိုအရမ်းချစ်တာလေး"


ခမည်းတော်ကြီးနော် အရမ်းချစ်ပြနေတဲ့ သားတော်တို့လည်း အမြန် ကြင်ယာတော်ရှာတော့မယ်"


အကိုတော်ကြီး စကားကြောင့် ပန်း ရယ်မိရသည်။ ဒီအချိန်လေးက တကယ်ကို ကြည်နူးစရာလေးပါ။ ထိုမြင်ကွင်းကိုကြည့်ပြီး ပြုံးနေသူကတော့ သူရိန်ပါ။ ဘေးနာမှာ ကလက်ဆီလည်းပါသည်။


"သူ့အပြုံးက ငါနဲ့ကျရင်ပျောက်ကွယ်နေရော့ သူမိသားစုနဲ့ကြတော့ အပြုံးတွေဝေလို့  မနာလိုဘူး ကလက်ဆီရာ"


သူရိန် မကျေမနပ် ကလက်ဆီကိုပြော၏။ ကလက်ဆီက မြည်းဟီးပြ၍  သူရိန် ကိုနှစ်သိမ့်သည်။


"ဟိတ် ကလက်ဆီ မင်းငါကို ကန်တဲ့ဆို"


ကလက်ဆီ မျက်နှာလေး ငယ် ၍ မသိဟန်ဆောင်ပြီး မြက်နုနုလေးတွေစားနေသည်။ ဒီပုံစံကို ကြည့်ပြီး သူရိန်အသဲယားမိရသည်။


"ဟဲ့ ငါပြောတာအမှန်ပဲလား အရင်ကလို ခေါင်းငြိမ့်ပြလေ"


"ကလက်ဆီက ဒီအတိုင်းလေးပဲ နေနေသည်။ သူ့အသဲယား၍ ကလက်ဆီလည်းပင်ကို ဖက်ပြီး


"မိဖုရာကြီး ကိုငါကတွန်းလို့ မင်းက ကန်တဲ့ဆိုလို အလျော့ပေးလိုက်မယ် နောက်တစ်ခါငါကို ကန်ကြည့် အဲဒီအခါကျရင် အပြစ်ကြီးကြီးပေးမယ် ကဲ့လာ အခုငါတို့ ဟိုမင်းဒဂုံဘုရင်ကို သွားစစ်ဆေးကြမယ် ဆိုပြီး ကလက်ဆီကိုစီးပြီး  အပြစ်လုပ်သူတွေထားတဲ့နေရာသို့လာခဲ့သည်။


"ဘာ ဧကရီတိုင်းပြည်က စစ်မရှုံးဘူးပေါ့ "


"အမှန်ပါ မင်းသမီး"


"ဒါဆိုရင် ဧကရီပြည်ကို အမြန်ပြန်ရမယ် ငါဆရာကိုပါခေါ်သွားရမယ် ချက်ချင်း ငါခရီးထွက်ဖို့ပြင်ဆင်ပါ။


ထိပ်ထားတစ်ယောက် ဧကရီတိုင်းပြည်သို့ ဘာမှမဖြစ်တဲ့အတိုင်း မျက်နှာပြောင်တိုက်စွာနဲ့လာခဲ့သည်။ ဒီတစ်ခါ သူ့ရဲ့ဆရာကိုပါခေါ်ခဲ့သည်။


"မိဖုရားကြီး မယ်တော်ကြီး ကျန်းမာရေးအခြေအနေအရမ်းဆိုးနေပါတယ်"


"ဘယ်လိုဖြစ်တာလဲ "


"မသိပါဘူး မိဖုရာကြီး မေ့သွားပြီးသတိရကတည်းက အန်နေတာပါ အန်ဖတ်တွေထဲမှာ.."


အစေခံမလေး ဆက်မပြောသဖြင့် ပန်း ထိတ်လန့်သွားရသည်။


အန်ဖတ်ထဲမှာ ဘာပါလို့လဲ ချက်ချင်းလျောက်တင်ပါ"


"အန်ဖတ်ထဲ မှာ ဆံပင်ချည်တွေအများအပြား ထွက်လာပါတဲ့ မိဖုရာကြီး"


အစေခံမလေး က ကြောက်ကြောက်ရွံရွံနဲ့ ခေါင်းငုတ်ပြီးပြောသည်။


"ဒီအကြောင်းကို အရှင်ကိုပေးမသိပါနဲ့"


"ပေးမသိပါဘူး မိဖုရာကြီး ကျွန်တော်မျိုးမနဲ့အစေခံ တစ်ယောက်ပဲသိတာပါ ဧကန်နာ မယ်​ေတာ်ကြီး အောက်လမ်းပညာနဲ့ပြုစားခံရတယ်ထင်ပါတယ် "


"ဒီစကားကို ဘယ်သူကိုမှလျောက်မပြောနဲ့နော် ငါအခုလိုက်ခဲ့မယ်"


ပန်း လိုအပ်တာတွေယူပြီး လိုက်ခဲ့သည်။ပြုစားခံရခြင်းရဲ့ နောက်ဆက်တွဲတွေထင်ပါသည်။ မင်းသမီးထိပ်ထားကို သူ့ပညာနဲ့သူ့ပြန်ခံရအောင် ပန်းလုပ်ဖို့စီစဉ်ထားပါသည်။ ဒါမှာ ပြုစားခံရတဲ့လူတွေရဲ့ နာကျင်မှုကို သိမှာလေ။ 


"မယ်တော်ကြီး.."


"အော့  .."


"မိဖုရာကြီး  ရောက်လာပြီး"


ဝမ်းသာအားရ ​​​ပြောတဲ့စကားသံကြောင့် မယ်တော်ကြီး အန်နေရင် မျက်ဝန်းလေးတွေတောက်လာသည်။ပန်းလည်း မယ်တော်ကြီးကို အရင်ဆုံးရေတိုက်သည်။ 


"မယ်တော်ကြီးရေသောက်လိုက်အုံး စိတ်အေးအေးထားနော် သမီးတော်ရောက်လာပြီးပဲ"


"အေးပါကွယ် မယ်တော်ကြီး အစားလည်းမဝင်ဘူး အန်ပဲအန်နေတဲ့"


."သမီးတော်က သမားတော်ပါ သေချာကုပေးပါမယ် သမီးတော်ပေးတဲ့ဆေးသာ သေချာသောက်နော်"


"ငါမယ်တော်ကြီးကို ဘာဆေးတွေတိုက်နေတာလဲ!!!!


"အရှင်.."


သူရိန်ရဲ့ အလန့်တကြားအော်သံကြောင့် ပန်း အံဪစွာ အရှင် တစ်လုံးဘဲရေရွတ်မိသည်။


"ဒီမှာ မင်း ငါမယ်တော်ကြီးအနားကဝေးဝေးနေပါ သူအနားဘယ်တော့မှမကပ်နဲ့"


"ဘာဖြစ်လိုပါလဲ အရှင်"


"မယ်တော်ကြီး အခုလိုဖြစ်တာ မင်းကြောင့်လဲ"


"ရှင် အရှင်အထင်လွှဲနေပြီး"


"ဘာကိုလွှဲရမှာလဲ ဒီမှာ မင်းရဲ့အသုံးအဆောင်တွေ မင်းက စုန်းမပဲ လူတကာကိုလှည့်ဖြားတတ်တဲ့ စုန်းမပဲ"


ပန်း တကယ် အံ့ဪမိရပါသည်။ ထိပ်ထားရဲ့အောက်လမ်းနဲ့လုပ်ထားတဲ့အရုပ်ကို ပန်းဝှက်ထားတာ ဘယ်လိုလုပ် အရှင်ဆီရောက်လာရတာလဲမသိပါ။


အရှင်..အဲဒီအရာတွေက နှမတော်ဟာ မဟုတ်ပါဘူး မင်းသမီးထိပ်ထားရဲ့ဟာတွေပါ"


အခန်းထဲက အစေခံအားလုံးထိတ်လန့်သွားရသလို အသံတွေလည်း ခဏတိတ်ဆိတ်သွားပါသည်။


"မင်းက ဘာလိမ်ချင်သေးတာလဲ ဖြူစင်တဲ့ မင်းသမီးထိပ်ထားကို မစွပ်စွဲချင်ပါနဲ့"


"အရှင် နှမတော် ရှင်းပြတာခဏလေး နားထောင်ပေးပါ မင်းသမီးထိပ်ထားရဲ့အ...."


" ငါကိုချောက်ချလို့ မဝသေးဘူးလား "


ပန်း စကား မဆုံးခင် ထိပ်ထား အခန်းထဲဝင်လာပြီး ပြောလိုက်သည်။ပန်းလည်း အဖြစ်အပျက်တွေကိုနားမလည်ပါ။ဘာတွေကမှားယွင်းကုန်တာလဲမသိတော့ပါ။ ထိပ်ထားကို နန်းတော်ထဲမှာရှာမတွေ့တော့ ထွက်ပြေးပြီးထင်၍ လိုက်ရှာ ပြီအပြစ်မယ်လုပ်ထားတာ အခုတော့ သူက ကိုယ်ကို့ပြန်ပြီးစွပ်စွဲနေပါလား။ ပန်းရဲ့မျက်နှာလေး ဘာလုပ်ရမှန်းမသိသလို့ ဖြစ်နေတုန်း ထိပ်ထားကောက်ကျစ်စွာ ပြုံးမိသည်။


ထိပ်ထား နန်းတော်ထဲထွက်ပြေးဖို့ ပြင်နေတုန်း အောက်လမ်းပညာစီမံတဲ့အခန်းကို ဖျက်စီးဖို့ကြံတော့ ခြေယာလက်ယာပျက်နေသလို အရုပ်တွေလည်းပျောက်နေတာကြောင့် ဒီအခန်းထဲကို တစ်ယောက်ယောက်ဝင်လာပြီးဆိုတာသိလိုက်သည်။ ဒါပေမဲ့ ထွက်ပြေးရမယ်ဆိုတော့ ပြသာနာအားလုံးရှင်းပြီးထင်၍နေခဲ့ခြင်းဖြစ်သည်။


အခု စစ်ပွဲနိုင်တော့ ဆရာကြီးကိုခေါ်ပြီး နန်းတော်ထဲကိုလာတာက အဲဒီအရာကိုရှာဖို့ပါ။ ဆရာကြီးရဲ့အာရုံက မိဖုရားကြီး အခန်းထဲမှာ ရှိ​ေကြာင်းသိတာကြောင့် အရှင်ကိုခေါ်ပြသည်။


"အရှင်"


"မင်းသမီးထိပ်ထား ဘာအကြောင်းအရာရှိလိုလဲ"


""နန်းတော်ထဲမှာ အောက်လမ်းပညာသုံးတဲ့လူရှိပါတဲ့"


"ဘာ! !"


"အမှန်ပါပဲ..အရှင် ပြီးတော့ ဘုရင်ကြီးသေတာ သွေးရိုးသားရိုးမဟုတ်ပါဘူး အောက်လမ်းနဲ့လုပ်ခံရလို့ပါ"


"တောက် အဲဒီလူကဘယ်သူလဲ ချက်ချင်းခေါင်းဖြတ်သတ်ပစ်မယ်"


"အဲဒီလူက..."


ထိပ်ထား ပြောရမှာကြောက်သလို့ပုံ လုပ်တော့ သူရိန်စိတ်မရှည်စွာ 


"ပြောစရာရှိတာပြောစမ်းပါ "


"အရှင် မယုံမှာစိုးလို့ပါ "


"​ပြောစရာရှိတာပြောစမ်းပါ ယုံတာမယုံတာ ငါစဉ်းစားမယ်"


"မိဖုရာကြီးပါ အရှင်"


"ဘာ!!!! မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး ငါမယုံဘူး"


"မယုံရင် မိဖုရာကြီးအခန်းထဲကို ဝင်စစ်ကြည့်ပါ"


သူရိန် ဝင်စစ်တော့ ပန်းအခန်းထဲမှာ ထိုအရုပ်တွေတွေ့သည်။သိုသော် သူရိန်က လုံးဝမယုံပါ။


"အရှင်တွေ့တယ် မဟုတ်လား"


"တွေ့ပေမဲ့ ငါမယုံဘူး ဘာလိုလဲဆိုတော့ ခမည်းတော်ကြီးကို အဆိပ်ခတ်တဲ့လူနဲ့ စုန်းမက တစ်ယောက်ထဲမိုလို့ပဲ ဒါတစ်ယောက်ယောက်က လုပ်ကြံထားတာပဲ"


သူရိန် စကားကြားတော့ ထိပ်ထား စိတ်ထဲကနေ အမိန့်ပေးစေခိုင်းလိုက်သည်။


"အရှင်အခုချက်ချင်း ငါပြောတာယုံစမ်း မိဖုရာကြီးကို အရမ်းမုန်းစမ်း"


ထိုခဏအတွင်း သူရိန်စိတ်တွေက အလိုလိုနေရင် ပန်း ကိုမုန်းတီးလာသည်။ထိပ်ထားတွေးနေရင် ယခုဖြစ်နေတဲ့နေရာသို့ပြန်ရောက်လာသည်။


"ချောက်ချတာမဟုတ်ဘူး အရှင် စုန်းမက နှမတော်မဟုတ်ပါဘူး မင်းသမီးထိပ်ထားပါ"


"တိတ်စမ်း နောက်တစ်ခါ မင်းပါးစပ်က မင်သမီး ထိပ်ထားကို စွပ်စွဲကြည့် မင်းရဲ့လျာကို 

ဖြတ်ပစ်မယ် ရဲမက်တွေ ဒီမိဖုရားကြီးကိုခေါ်ပြီး နည်းမျိုးစုံဖြစ် စစ်မေးပါ သူကစုန်းမ ဆိုတာဝန်ခံလာတဲ့အထိပေါ့"


"အရှင် အမိန့်အတိုင်းပါ"


ရဲမက်တွေ ပန်းကိုအတင်းချုပ်ပြီးခေါ်လျှင် ပန်းမှာ မျက်ရည်ကျ၍ ရုန်းကန်ကာအော်ဟစ်သည်။


"အရှင် နှမတော်အဲလိုမျိုးအပြစ်ကျူးလွန်မှာမဟုတ်ဘူး အရှင်!!!"


သူရိန်ကတော့ ပန်းစကားကိုကိုနားထဲမဝင်ပါ။ ထိပ်ထားရဲ့ ရုပ်သေးရုပ်တစ်ယောက်လို ဖြစ်နေသည်။ထိပ်ထားကတော့ ဝမ်းသာစွာပြုံးနေသည်။


"ဆရာ မိဖုရာကြီးကို ပြုစားတာဘာကြောင့်မရတာလဲ သိပြီးလား"


"အင် သိပြီး မိဖုရာကြီးက စိတ်ထားအရမ်းကောင်းပြီး ဘုရားတရားမြဲတာကြောင့်ပါ "


"ဒါကြောင့် ပြုစားလို့မရတာကို့ သူကိုပြုစားလိုရအောင်ဘယ်လိုလုပ်ရမလဲ ဆရာ"


"အဲဒါက ခက်တဲ့ မိဖုရာကြီးက တကယ်စိတ်ထားမြင့်မြတ်သူမို့"


"ခက်လည်း နည်းလမ်းရှိရင်ပြောပြပါ အစွမ်းကုန်လုပ်မယ်"


."နည်းလမ်းက ရှိတဲ့ ဒါပေမဲ့ အဲဒီအစီရင်လုပ်ရင် လုပ်တဲ့သူရဲ့အသက်ရင်းရတဲ့"


္ထိပ်ထားအနည်းငယ် တွေဝေသွားသည်။


"တကယ်လို အဲဒီအစီရင်အောင်မြင်ရင် အသက်မသေဘူးမဟုတ်လား"


"အစီရင် အောင်မြင်ဖို့ခက်တဲ့ "


"ထိပ်ထား လုပ်ပါမယ် ဆရာ ပြောပြပါ"


ဆရာကြီး ပြောသမျှကို ထိပ်ထား စာရွက်တစ်ရွက်နဲ့မှတ်နေသည်။


"မိဖုရာကြီး ဝန်ခံပါ အောက်လမ်းပညာသုံးကြောင်း "


"ဘာကို ဝန်ခံရမှာလဲ ငါလုံးဝ မသုံးဘူး မင်းတို့ဘယ်လိုပဲ စစ်မေးမေး ဒီအဖြေပဲထွက်မှာပဲ"


"မိဖုရာကြီး အနုနည်းနဲ့မရရင် အကြမ်းနည်း သုံးရပါလိမ့်မယ်"


"လုပ်ချင်သလိုလုပ် ငါကဒီစကားကလွဲပြီး ဘာမှပြောမှာမဟုတ်ဘူး"


"အရှင်ကြွလာပါပြီး!!!"


"ရဲမက်တစ်ဉီးရဲ့ အော်သံကြောင့် စစ်ဆေးရေးမှု ပန်းကို စစ်မေးရာကနေ အရှင်ကို ဂါဝရပြုသည်။အရှင်နဲ့ အတူ မင်းသမီးထိပ်ထားပါ ပါတာကြောင့် ပန်း သိလိုက်ပါပြီး အရှင်ကို သူ့ပြုစားထားကြောင်း စိတ်ထဲမှာလည်း အရှင်ကိုအပြစ်မတင်မိပါ။ရှင်းပြရင်လည်း လက်ခံမှာမဟုတ်တာကြောင့် ဘာစကားမှမပြောဘဲနေဖို့ ဆုံးဖြတ်မိသည်။


"သူဝန်ခံပြီးလား"


"မဝန်ခံသေးပါဘူး အရှင်"


"မဝန်ခံရင် ဝန်ခံအောင်လုပ်ရမှာပေါ့ ရဲမက်တစ်ဉီး ကြာပွတ်ယူခဲ့စမ်း ပြီးရင်မင်းသမီးထိပ်ထားကလွဲပြီး ကျန်တဲ့လူတွေအကုန်ထွက်ကြ"


သူရိန် စကားသံကြောင့် ရဲမက်တစ်ဉီးက ကြာပွတ်ယူလာပေးလျှင် ကျန်တဲ့လူတွေအားလုံးအပြင်ထွက်ကြသည်။ စစ်ဆေးခန်းထဲမှာ လူသုံးဉီးပဲကျန်ခဲ့သည်။


"ကဲ့ပြောစမ်း ငါရဲ့ခမည်းတော်ကြီးကို ဘယ်လိုပြုစားခဲ့လဲ"


ပန်းထံမှာ ဘာသံမှာ ထွက်မလာတာကြောင့် 


"ဖြေလိုက်လေ စုန်းမ နင်ဘုရင်ကြီးကို ဘယ်လိုပြုစားလဲဆိုတာ နင်မဝန်ခံဘူးပေါ့ အရှင် လူဆိုတာအသားနာရင် သူတို့အမှားကို ဝန်ခံလိမ့်မယ် "


ထိပ်ထားရဲ့စကားပြောသံအဆုံးမှာ သူရိန် ကြာပွတ်ကိုကိုင်ပြီး ပန်း ကိုရိုက်ပစ်သည်။


ရွမ်း..အာ့.ရွမ်း.အာ့.ရွမ်း..


ပန်းရဲ့ အသားရည်နုနုလေးမှာ သွေးတွေထွက်လာရပါသည်။ သူရိန်က အားပါပါနဲ့ရိုက်တာကြောင့် ကြာပွတ်သံနဲ့ ပန်းရဲ့ အော်သံလေးတွေကအခန်းထဲမှာ ဟိန်းနေလျက်ပါ။


"ကဲ့ ဝန်ခံစမ်း မင်းငါရဲ့ခမည်းတော်ကြီးကို ဘယ်လိုပြုစားလဲ!!"


"အရှင် နှမတော် မပြုစားပါဘူး မင်းသမီးထိပ်ထား ပြုစားတာပါ"


"အောငျမာ ငါကိုချောက်ချတုန်းပေါ့ ဟုတ်လား"


ထိပ်ထား ဒေါသတကြီးနဲ့ ကြာပွတ်ကိုယူပြီး ပန်းကို အကြိမ်ပေါင်းများစွာရိုက်ပစ်သည်။ ပန်းရဲ့တစ်ကိုယ်လုံးမှာ ကြာပွတ်ရာတွေနဲ့အတူသွေးတွေကနီရဲစွာထွက်လျက်ပါ။


ပန်း သိလိုက်ပါပြီး အရှင်ကို အဆင်မြင့်ပညာနဲ့ပြုစားထားကြောင်း ဘာလိုလဲဆိုတော့ အရှင်ရဲ့ မျက်ဝန်းက မျက်ရည်တွေကျလာလို့ပါ။ဒီလိုမြင်ရတာကိုမြင်ရင် ပန်း ကျေနပ်ပါပြီး အရှင်ကို အပြစ်မမြင်ရက်ပါ။ဒီတစ်ခါ ထွက်တဲ့သွေးတွေက အရှင်ရဲ့ပြုစားခံရမှုကို ဘယ်လိုမှမနေကြောင်း ပန်း အခုတလောစိတ်ဆင်းရဲတာတွေကြောင့်ပါမျက်လုံးကပြာလာပြီး သတိမေ့သွားသည်။


"မင်းသား အရေးကြီးတဲ့ပြာသာနာနန်းတော်ထဲမှာ ဖြစ်ပေါ်နေပြီး"


"ဘာပြသာနာလဲ"


"မိဖုရာကြီးက အောက်လမ်းပညာတတ်တဲ့စုန်းမဆိုပြီး အရှင်ကိုတောင် ကြာပွတ်နဲ့ရိုက်ပြီးစစ်မေးလို သတိလစ်သွားတဲ့ မင်းသား"


."ဟာ မဖြစ်နိုင်တာ အကိုတော် ဘာတွေလုပ်နေတာခဲ ဘယ်သူကအခြေအမြစ်မရှိတဲ့စကားကို ပြောတာလဲ"


"အခြေအမြစ်မရှိတာမဟုတ်ပါဘူး မိဖုရားကြီး အိပ်ဆောင်ဝင်စစ်တော့ အောက်လမ်းပညာနဲ့ပြုလုပ်ထားတဲ့ အရုပ်တွေတွေ့တာကြောင့်ပါ"


"အဲလိုတွေ့တိုင်းထင်စရာလား ငါအကိုတော်ကို အခုသွားတွေ့ရမယ်"


"မင်းသား မသွားသင့်ကြောင့်ပါ မင်းသားရဲ့မြှားဒဏ်ရာကြောင့် အနားယူသင့်ကြောင်းပါ"


"ငါဒဏ်ရာက သက်သာနေပါပြီး အခုသွားမယ်"


မိုးမခ ချက်ချင်း သူရိန်ဆီသို့သွားသည်။တစ်ဖက် ထိပ်ထားကတော့ အစီရင်အတွက်ပြုလုပ်နေသည်။


"ဟွန့် နင်ရဲ့လတ်ဆတ်တဲ့သွေးတွေယူပြီး ငါအသုံးပြုရမယ် နင်ကဒီလိုမျိုးပဲထိုက်တန်တာ ဟားး နင်ကိုယ်ပေါ်က ကြာပွတ်ရာတွေကိုကြည့်ရတာ ငါအပျော်ဆုံးပဲ နင်လူလောဿနေထွက်သွားရတော့မယ် ဟားး ညယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်မလဲ ငါကတော့ ငါရဲ့ပညာတွေကိုအသုံးချပြီး အရှင်ကိုသတ်ပြီး ဘုရင်မနေရာကိုယ်မယ် ထိပ်ထားဒေဝီဆိုတဲ့ဘုရင်မကို 

ဧကရီပြည်သူတွေ ဉီးညွတ်ရမယ် ဟားးး"


မေ့လှဲနေတဲ့ ပန်းရဲ့ သွေးတွေကိုယူပြီး အစီရင်လုပ်ဖို့ပါ။ထိုအစီစဉ်က လပြည့်မှာ ထိပ်ထားက ဒီသွေးတွေကို မကောင်းဆိုးဝါးတွေကိုပူဇော်ရမှာပါ။


"အကိုတော် ဘာတွေလျောက်လုပ်နေတာလဲ"


"မှန်တာကိုပဲလုပ်တာ"


"ဘာမှန်တာလဲ မိဖုရာကြီးကြောင့် ဒီတိုင်းပြည်က သူများလက်ထဲမရောက်တာနော်"


"ဘယ်အရောက်ခံမလဲ သူကဒီတိုငိးပြည်ကို လိုချင်တာကို့ ခမည်းတော်ကြီး ဘာကြောင့်သေလဲသိလား အဲဒီကောင်မ ပြုစားလိုသေတာ မယ်တော်ကြီးကို လည်း သူပြုစားထားတာ"


"အကိုတော်မှားနေပြီး တစ်ခုခုတော့လွှဲမှားနေပြီး"


"ငါက ဘာကိုမှားရမှာလဲ မင်းလည်း အဲဒီကောင်မနဲ့ကြံရာပါတာလား"


"အကိုတော်! !!!"


"ငါကိုမအော်နဲ့ ငါမင်းရဲ့အရှင်ပဲ"


"အရှင်ဆိုရင် အရှင်နဲ့တူအောင်နေပါ "


"သက်သေခိုင်လုံနေတာပဲ ဆင်ခြေယာမြင်တာတောင် ဆင်မဟုတ်ဘူး ငြင်းချင်တုန်းလား"


"ငြင်းနေတာမဟုတ်ဘူး မိဖုရားကြီးကအဲဒီလို ဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာကိုပြောပြနေတာ ရဲရဲမြင်တိုင်းသွေးလို့ပြောရင်မှားသွားမှာပေါ့ ဆင်ခြေယာမြင်တိုင်း ဆင်လိုပြောလိုမရဘူး အကိုတော် လူတွေဖန်တီပြီး ဆင်ခြေယာကိုပြုလုပ်နိုင်ပါတဲ့ မြင်မျင်ကိုယ်တွေ့ဖြစ်မှာယုံပါ"


"သက်သေခိုင်လုံတယ်လေး"


"သက်သေ အဟက် ဒါဆိုရင် မိဖုရားကြီးလုပ်ဆောင်ခဲ့တာတွေကရော့"


"ဒါက သူများတွေသူကို့ယုံကြည်အောင် အယုံသွင်းတာ"


"အကိုတော် တကယ်ပဲလမ်းမှားကိုလျောက်နေပြီး"


"ငါကိုဝေဖန်ရတဲ့အထိအတင့်ရဲလာချည်းလား အပြင်ဘက်ရဲမက်တွေ မင်းသားကို ကြိမ်ဒဏ် အချက်၂၀၀ရိုက်စေပြီးရင် မိဖုရာကြီးနဲ့တစ်ခန်းထဲမှာ အချုပ်ကျထားစေ"


သူရိန်ရဲ့ အမိန့်သံအဆုံးမှာ မိုးမခကို ရဲမက်တွေဖမ်းခေါ်သွားသည်။ မိုးမခကလည်း ဒေါသထွက်စွာပါသွားရသည်။


စာရေးသူ သွေးမိန့်


rate now: