book

Index 14

အပိုင်း (၁၄)

လူမိုက်ကြီးရဲ့နှလုံးသား


မိုးမခ စစ်သည်တော်၅၀၀ရါနဲ့ စစ်ချီတတ်ခဲ့သည်။ တစ်ဖက်ကရန်သူအင်းက ၂ဆများတာကြောင့် မနိုင်မှန်းသိပေမဲ့ ယောကျာ်းတို့မာန် သေခါမှာလျော့မယ် စိတ်ဖြစ် ချီတက်လာပါသည်။


"စစ်သည်တော်တို့ ငါတို့ဒီပွဲကို အားကုန်တိုက်မယ် အနိုင်ရအောင်ယူမယ် တစ်ဖက်ရန်သူတွေဘယ်လောက်များများ နောက်မဆုတ်ကြေး ဧကရီတိုင်းပြည်ရဲ့ ပြည်တွေကို ကာကွယ်ရင်နဲ့ အသေခံမယ် ငါတို့တွေအနိုင်တိုက်မယ်"!!!!!


!!!!!နိုင်အောင်တိုက်မယ်!!!!!!


စစ်သည်တော်တွေ စိတ်အားထက်သန်စွာအော်ဟစ်သံတွေ ဆူညံသွားသည်။ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ရင် အသေခံမယ် သူရဲကောင်းတွေပါ။ထိုအချိန် ကလက်ဆီကို စီး၍ လာသူကတော့ ပန်းခက်ဆူး ပါ။


"မိဖုရားကြီး ကြွချီလာပြီး"


မိုးမခ အံ့ဪစွာ မျက်လုံးပြူးနဲ့ကြည့်နေလျက်ပါ။ ပန်းက စစ်တိုက်ဝတ်စုံဝတ်ပြီးလာတာကြောင့်ဖြစ်သည်။


"မိဖုရားကြီး ဘာအတွက်ရောက်လာတာပါလဲဗျာ"


"စစ်တိုက်ဖို့ပါ မင်းသား"


"တိုက်လို့မဖြစ်ပါဘူး မိဖုရားကြီး"


"ဘာကြောင့်မဖြစ်နိုင်ရမှာလဲ ငါကဒီတိုင်းပြည်အတွက်တာဝန်အရှိဆုံးလူပဲ ဒါကြောင့် ငါဒီစစ်ပွဲကိုဉီးဆောင်မယ် ဒီမှာရှိတဲ့ရဲမက်တွေထဲမှာ စစ်ပွဲမတိုက်ချင်ဘဲ အိမ်ပြန်ချင်လဲရတယ် ရှိတဲ့သူလက်ထောင်ပြပါ"


ပန်း ရဲ့စကားကြောင့် စစ်သည်တွေအားလုံးငြိမ်သက်သွားသည်။ ပန်းကတော့ တည်ငြိမ်သောမျက်နှာဖြစ် စစ်သည်တွေရဲ့အဖြေကိုစောင့်နေသည်။ ထိုအချိန် လူတစ်ယောက်ကလက်ထောင်ပြသည်။


"ပြောပါ "


မိဖုရားကြီးတောင် စစ်ပွဲကိုရှောင်မပြေးဘဲတိုက်သေးတာ ကျွန်တော်မျိုး တို့ကဘာကြောင့်မတိုက်နိုင်ရမှာလဲဗျာ နိုင်အောင်တိုက်မယ် မိဖုရား"


"ဒါဆိုရင် တို့တွေအောင်ပွဲရအောင်တိုက်ကြတာပေါ့ ဘယ်တော့မှာနောက်မဆုတ်စေ!!!"


"နောက်မဆုတ်ဘူး နိုင်အောင်တိုပ်မယ်!!!!"


စစ်သည်တော်တွေ စိတ်အားထက်ကြွစွာအော်ဟစ်ကြသည်။ ပန်းက စစ်ရေးကိုကျွမ်းကျွင်သူပါ ။စစ်ပွဲကို ကိုယ်တိုင်းမတိုက်ဖူးပေမဲ့ ရန်သူရဲ့မြေပုံကို ကြည့်ပြီး စစ်ဗျူဟာခင်းတာအရမ်းတော်သူပါ။ ပန်းပွင့်ငယ်တိုင်းပြည်မှာလည်း သူမပဲ အကိုတော်တွေနဲ့ ဉီးဆောင်ပြီးစစ်ဗျူဟာခင်းတာပါ။


ရန်သူရဲ့နယ်မြေဘေးကို အဖွဲ့တစ်ကဉီးဆောင်တိုက်ခိုက်မယ် အလယ်ကိုတော့ လက်ရွှေးဆင်စစ်သည်တော်တွေတိုက်ခိုက်မယ် ရန်သူနယ်မြေရဲ့ အရှေ့ကိုတော့ ငါကိုယ်တိုင်တိုက်ခိုက်မယ်  တစ်ခုသတိပြုပါ ရန်သူကအင်းအားနှစ်ဆများတာကြောင့် အင်အားချင်းယှဉ်ပြီးမတိုက်ဘဲ ဉာဏ်ပညာကိုလည်းသုံးပါ ချုံခိုသင့်ရင်ချုံခိုပါ ဒဏ်ရာရသူရှိရင် အနောက်တန်းကိုပို့ပါ"


"ကောင်းပါပြီး မိဖုရားကြီး"


"အားလုံးနာလည်းရင်ပြင်ဆင်ကြစို့"


ပန်းရဲ့မျက်နှာက စစ်ပွဲကိုကြောက်လန့်တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းနေသည်။ သူမက အရာရာကို အကောင်းဆုံးရင်ဆိုင်မယ်လို ဆုံးဖြတ်ပြီးသာပါ။


ထိပ်ထား တစ်ယောက် ဒီတိုင်းပြည်ကနေထွက်ပြေးဖို့ကြိုးစားနေသည်။ စစ်ဖြစ်ရင် ဧကရီတိုင်းပြည်က အင်းအားနည်းတော့ရှုံးမယ်ဆိုတာသိထားလို့ပါ။


"မဖြစ်ဘူး ငါပြေးမှာဖြစ်မယ် မပြေးရင်စစ်ပွဲထဲငါသေမယ် ဘာယူသွားရမလဲ ဪအဖိုးတန် အရာတွေကိုအကုန်ယူသွားရမယ် ဟုတ်တယ် "


ထိပ်ထား တစ်ယောက်လောဘ ကြီးစွာ ရွေတွေအများကြီးကို အိတ်ထဲထည့်ပြီး ထုပ်ပိုး၍ ဧကရီတိုင်းပြည်ကနေအဝေးဆုံး ခိုးပြီးထွက်သွားသည်။


ပန်းပွင့်ငယ်တိုင်းပြည်ရဲ့ ဘုရင်ကြီးဆီသို့ စာတစ်ဆောင်ရောက်လာသည်။


"ဘုရင်ကြီး မင်းသမီးလေးဆီက စာလာပါတဲ့"


"ဟုတ်လား ပေးစမ်း ငါကိုယ်တော်ဖတ်ချင်ပြီး"


ဘုရင်ကြီး စာကိုအလောတကြီးဖွင့်၍ ဖတ်လိုက်သည်။


"ခမည်းတော်ကြီးနဲ့မယ်တော်ကြီး နေကောင်းရဲ့လား သမီးတော်အဆင်ပြေပါတယ် အကိုတော်တို့ကိုလည်း အရမ်းလွမ်းပါတယ် ဒီစာကို သမီးတော်ရေးနေချိန် ခမည်းတော်တို့ကို သတိရလွန်လို့ မျက်ရည်ကျနေပါသည်။နေကောင်းအောင်နေကြနော် သမီးတော်အရေးကြီးတဲ့အရာတစ်ခုကိုလုပ်ဆောင်နေရတဲ့ ဧကရီတိုင်းပြည်မှာ စစ်ပွှဲ​ြဖစ်တော့မယ် တိုင်းပြည်ရဲ့အရှင်က ဖျားနာနေတာကြောင့် မိဖုရားကြီးဖြစ်တဲ့ သမီးတော်ကဉီးဆောင်ပြီး စစ်ပွဲကိုတိုက်ရလိမ့်မယ် တကယ်လို့ စစ်ပွဲမှာ သမီးတော်သေဆုံးခဲ့ရင် ဝမ်းမနည်းပါနဲ့နော် သမီးတော်အတွက်ဂုဏ်ယူပေးပါ ခမည်းတော်တို့ အားလုံးကို သမီးတော် ကန်တော်လိုက်ပါတဲ့


သမီးတော် ပန်းခက်ဆူး


စာဆုံးတာနဲ့ ဘုရင်ကြီး သားတော်နှစ်ပါးကိုခေါ်၍ စစ်အင်းအားပြင်ဆင်ကာ ဧကရီတိုင်းပြည်သို့ချီတက်ခဲ့သည်။


ဧကရီးတိုင်းပြည်က တိုက်ပွဲကအရမ်းပြင်းထန်သဖြင့် လူအများအပြားသေဆုံးကြသည်။ ပန်းရဲ့တစ်ကိုယ်လုံးမှာ သွေးတွေပေကျံလျက်ပါ။


"မိဖုရားကြီး ရန်သူအင်အားပိုများလာပြီး"


"ဒါဆိုရင် နောက်ဆုတ်ကြမယ် ဒဏ်ရာရတဲ့လူတွေကိုအဓိကထားခေါ်ပါ ငါတို့ စစ်သည်အင်အား ဘယ်လောက်ရှိလဲ"


"၂၀၀ပဲ ရှိပါတော့တဲ့"


"ငါတို့အရှုံးပေးလို့မ​ြဖစ်ဘူး မင်းသားရဲ့အခြေနေဘယ်လိုလဲ "


"မင်းသား မြှားထိထားပါတဲ့"


"မင်းသားကို အနောက်တန်းမှာနေဖို့ ပြောလိုက်"


"မင်းသားကို ကျွန်တော်မျိုးတို့ပြောပါတဲ့ လုံးဝလက်မခံပါဘူး"


"မင်းသားကိုပြောလိုက် မိဖုရားကြီးကနောက်တန်းမှာနေဖို့ အမိန့်ပေးကြောင်း အမိန့်ကိုမနားခံရင် ထိုက်တန်အပြစ်ဒဏ်ပေးမယ်လို ချက်အကြောင်းကြားလိုက်ပါ"


"အမိန့်တော်အတိုင်းပါ မိဖုရားကြီး"


ပန်းတို့ စစ်ပွဲကတိုက်တာ၂ရက်ရှိပါပြီ ဒါကြောင့် စစ်သည်တော်တွေလည်းပင်းပန်နေကြသည်။ အရှင်က အခုထိသတိမရသေးတာကြောင့်  ပန်းမှာ သူ့ကိုစိတ်ပူရတာတစ်ဖက်ပါ။


"တောက် အကြာကြီးတိုက်နေရတာ စိတ်တိုလာပြီး"


"သည်းခံတော်မူပါ စစ်အင်အားက ကျွန်​ေတာ်တို့ဘက်ကသာပါတဲ့"


"ဘာသာတာလဲ သူတို့ဘက်က ကျဆုံးမှုကနည်းနည်းလေး ငါတို့ဘက်က ကျဆုံးတာ၆၀၀ရှိပြီး"


"ဒါပေမဲ့လည်း သူတို့ဘက်က စစ်အင်အား ၂၀၀ပဲ ရှိတာလေး ငါတို့ဘက်မှာကတစ်ထောင် အပြတ်အသတ်ကွာနေတဲ့"


"ခင်ဗျားက အခုမှာဘာလာလုပ်တာလဲ"


"ဒေါသသိပ်မ​ြကီပါနဲ့ ငါကမင်းတို့အတွက်  သတင်းယူပေးနေတာ ဒီနားမှာခေါင်ဖြစ်တဲ့ မိဖုရားကြီးရှိတဲ့နေရာပဲ အဲဒီနေရာသာ သိမ်းပိုက်လိုက်ရင် ဧကရီနန်းတော်ထဲဝင်ပြီး ဧကရီပြည်ကို သိမ်းပိုက်လို့ရပြီးလေ"


"အလွန်ကောင်းတဲ့အကြံဘဲ ခင်ဗျားက သူ့တို့ဘက်ကဆိုတော့ စစ်ဗျူဟာတွေကို သိမှာပေါ့ အဲဒီဗျူဟာကို ဘယ်လိုတွန်းလှန်မလဲဆိုတာ ရေးဆွဲပြပါ"


ဉီးရီးတော်ကြီးဆိုသူက အကုန်သိတာကြောင့် ပန်းတို့ဘက်ကစစ်ဗျူဟာကို ဘယ်လိုခုခံမလဲဆိုပြီး စီစဉ်ကြသည်။


"မိဖုရားကြီး အခြေနေမကောင်းတော့ဘူး ကျွန်တော်မျိုးတို့ဘက်မှာ အကျအဆုံးအရမ်းများနေပြီး ဒါကြောင့် လက်နက်ချသင့်ပြီးထင်ပါတဲ့"


"စစ်ဗျူဟာက ဘာကြောင့် မထိရောက်တာလဲ ငါတို့ဘက်မှာရန်သူတွေရဲ့အတွင်းလူတစ်ယောက်ရှိနေပြီး အားလုံးနောက်ဆုတ်ကြပါ!!"


ပန်းတို့နောက်ဆုတ်သော်လည်း စစ်အင်းအားက အလွန်နည်းတာကြောင့် မင်းဒဂုံတိုင်းပြည်က စစ်သည်တော်တွေဝိုင်းထားသည်။ 


"ဘယ်လိုလဲမိဖုရားကြီး အရှုံးပေးသင့်ပြီးထင်တယ်"


"သတ်ချင်သတ်ပစ်လိုက် ဘယ်တော့မှာဒူးမထောက်ဘူး"


"ဟားးစိတ်ဓာတ်ကိုတော့ကြိုက်ပြီး  ဟားး မင်းကိုတော့ ငါမသတ်ဘူး မင်းရဲ့စစ်သည်တော်တွေရဲ့ခေါင်းကိုပဲ မင်းအရှေ့မှာဖြတ်ပစ်မယ် အေး မင်းငါအရှေ့မှာဒူးထောက်ရင်တော့ ငါငဲ့ညာပေးမှာပါ"


မင်းဒဂုံ ဘုရင်ကြီးရဲ့စကားကြောင့် သူမ အံ့ကြိတ်ထားမိသည်။ စစ်သည်တော်တွေကို မျက်လုံးဝေ့ကြည့်တော့ 


"လုံးဝ ဒူးမထောက်ပါနဲ့ မိဖုရားကြီး ကျွန်တော်မျိုးတို့ ဒီတိုက်ပွဲစကတည်း သေလူလို သတ်မှတ်ပြီးသာပါ ဒါကြောင့်ဧကရီးတိုင်းပြည့်မိဖုရားကြီးက တစ်ဖက်ရန်သူကိုဒူးထောက်အရှုံးမပေးပါနဲ့ မိဖုရားကြီး"


စစ်သည်တော်တွေရဲ့စကားကြောင့် သူမ ဝမ်းသာမျက်ရည်ကျရသည်။ထိုအချိန် မင်းဒဂုံဘုရင်ကြီးက စစ်သည်တော် ၁၀ယောက်ကို ပန်းအရှေ့မှာ  ခေါင်းဖြတ်ဖို့ပြင်သည်။


ဧကရီမိဖုရားကြီး ပီသစွာ စစ်သည်တော်တွေ ခေါင်းဖြတ်မှုကို ကြည့်ရှုပါ အချိန်ရှိသေးတယ်နော် ဒူးထောက်ပြီးတောင်ပန်းဖို့"


"လုံးဝဒူးမထောက်ပါနဲ့ မိဖုရားကြီး!!!


ခေါင်းအဖြတ်ခံရမယ် စစ်သည်တော်၁၀ယောက်လုံး တစ်ပြိုင်းတည် အော်ဟစ်ကြသည်။ ပန်းကတော့ သူတို့၁၀ယောက်လုံးကိုအသေမခံနိုင်ပါ။ မိဖုရားကြီးဆိုတာ တိုင်းပြည်ကအားကိုးရတဲ့လူသားတစ်ယောက်ပါ။ ဒါကြောင့် ပန်း ရဲဝံစွာ မင်းဒဂုံဘုရင်ကြီးအရှေ့သို့လာခဲ့သည်။


"ဘယ်လိုလဲ ဒူးထောက်တော့မယ်ပေါ့ ဟားးးး"


"မိဖုရားကြီး လုံးဝဒူးမထောက်ပါနဲ့! !ကျွန်တော်မျိုးတို့အားလုံးသေရဲပါတယ်!!!!"


စစ်သည်တော်တွေရဲ့ အော်ဟစ်သံကြောင့် ပန်း လက်ထောင်ပြ၍  စကားသံကိုတိတ်ခိုင်းသည်။


"မိဖုရာကြီးတစ်ယောက်အနေနဲ့ စစ်သည်တော်တို့ရဲ့စကားကို နားမထောင်လို အနူအညွတ်တောင်ပန်းပါတယ်  မိဖုရားကြီးတစ်ပါးအနေနဲ့လည်း စစ်သည်တော်တွေကို သေခွင့်မပြုနိုင်ဘူး  

ဒါကြောင့် တစ်ဖက်ရန်သူကို ဒူးထောက်ပါမယ် အားလုံးတိတ်စွာနေပါ ဒါအမိန့်ပဲ!!!"


ဟားးးး..ဟားး.မိဖုရားကြီးက ဒူးထောက်တော့မယ်ဆိုတော့.. ဟားး ပျော်ဖို့ကောင်းတဲ့ ကဲလာ့ ငါအရှေ့မှာဒူးထောက်ပြီးတောင်ပန်း"


မင်းဒဂုံဘုရင်ကြီးက အမြင်ကပ်စရာကောင်းသောမျက်နှာထားနဲ့ နားကြားပျင်းကပ်သောရယ်သံဖြစ်ပြောသည်။ပန်း စိတ်ကိုလျော့ပစ်ပြီး ထိုလူအရှေ့မှာ ဒူးထောက်ဖို့အပြင် ဝှစ်ခနဲ့ဆိုပြီး မြှားတစ်စင်ကာ မင်းဒဂုံဘုရင်ကြီး ရဲ့လက်မောင်းကိုထိသွားသည်။


အကုန်လုံးက အံ့အားသင့်စွာ မြားပစ်တဲ့လူကိုကြည့်ကြသည်။ ထို့သူကတစ်ခြားလူမဟုတ်ပါ။နေမင်းတစ်စင်းလို့ တစ်လောကလုံးကို လောင်ကျွမ်းမဲ့ သူရိန်ပါ။


"အရှင် ပြန်လာပြီး ငါတို့တွေနိုင်တော့မယ်"


"အိမ်မက်မက်မနေကြနဲ့ စစ်အင်းအားက ငါတို့ဘက်သာပြီးသာ"


"မြားက ခေါင်းကိုမပစ်လို့..အာချောင်နေတာလား မင်းဒဂုံတိုင်းပြည်ရဲ့အရှင်သခင်ကြီးရဲ့ ဒါဆိုရင် ခေါင်းကိုတည့်တည့်ချိန်ပစ်ပေးရမှာပေါ့ "


စကားဆုံးလျှင် သူရိန် မင်းဒဂုံရဲ့ခေါင်းကိုချိန်၍ပစ်ဖို့ပြင်လျှင် မင်းဒဂုံရဲ့စစ်သည်တော်တွေတိုက်ခိုက်ကြသည်။ သူရိန်လည်း မြားနဲ့ရန်သူတွေကိုဆွဲပစ်သည်။ထိုအချိန် ပန်းပွင့်ငယ်က စစ်သည်အင်အားအများအပြားနဲ့ဝင်လာတာကြောင့် တစ်ဖက်ရန်သူတွေပြန်ပြေးကုန်သည်။မင်းဒဂုံဘုရင်ကို ဖမ်းမိသွားရသည်။ 


ဧကရီတိုင်းပြည်က ပြည်သူတွေအားလုံး စစ်နိုင်တာကြောင့်ပျော်မြူးကခုန်ကြသည်။


"သမီးတော် "


"ခမည်းတော်ကြီး"


ပန်း သူရိန်ဆီအရင်မသွားဘဲ ခမည်းတော်ကိုပြေးဖက်သည်။ ဘုရင်ကြီးကလည်း သမီးတော်ကို ဖက်ထားသည်။ အကိုတော်နှစယောက်လုံးကလည်း ပန်းနဲ့ဘုရင်ကြီးကိုအနောက်ကနေဖက်ထားသည်။


သူရိန်ကတော့ ပြုံးလျက် ညီတော်ဆီသို့သွားသည်။ ညီတော်ကလည်း ဝမ်းသားအားရ သူရိန်ကိုလှမ်းဖက်သည်။ အခုတော့အရာအားလုံးက အေးငြိမ်းနေလျက်ပါ။


"မိဖုရားကြီး ကျေးဇူးပါ ငါမရှိတုန်း တိုင်းပြည်ကိုကာကွယ်ခဲ့လို့"


"မိဖုရားကြီးတစ်ယောက်အနေနဲ့လုပ်သင့်လုပ်ထိုက်ကို လုပ်ခဲ့တာပါ ကျေးဇူးတင်ဖို့မလိုပါဘူး"


"ဒါနဲ့ ငါဘာလိုမေ့သွားတာလဲ"


"အရှင်မမှတ်မိဘူးလား"


"အားးခေါင်းကိုက်လိုက်တာ ငါဘာမှမမှတ်မိဘူး ငါသတိရလာတော့ အခြွေရံတွေပြောတဲ့စကားကြောင့် ချက်ချင်းထလိုက်လာတာ "


"အင်ပါ မမှတ်တာလည်းဖြစ်နိုင်ပါတဲ့ အရှင်ကို ကလက်ဆီကန်လိုက်လို့ မေ့သွားတာ"


"ဟမ် မဟုတ်တာမပြောနဲ့ ကလက်ဆီက ဘာကြောင့်ကန်ရမှာလေး လောကမှာသူကငါကိုအချစ်ဆုံးကို့ ကန်ဖို့ဆိုတာအဝေးကြီး"


"အဟွန်း ကလက်ဆီက ရှင်ကိုအဲဒီအချိန်မှာမုန်းသွားနေမှာပေါ့"


""ဘယ်အချိန်လဲ"


ပန်း သူဘာတစ်ခုမှမမှတ်မိတာကို နားလည်ပါတယ်။ သူ့ကပြုစားခံထားရတာလေ။


"ရှင်ကျွန်မကို တွန်းလိုက်တဲ့အချိန်ပေါ့"


"ဘာ! !ငါက မင်းကိုတွန်းတဲ့ လုံးဝမဖြစ်နိုင်တာ ငါမင်းအသားကိုဘယ်တော့မှနာကျင်အောင်လုပ်မှာမဟုတ်ဘူး"


"ဟုတ်ပါပြီး ကျွန်မအိပ်ဆောင်ပြန်တော့မယ်မိုး အရမ်းချုပ်နေပြီး အနားယူတော့မယ်"


"ငါအဆောင်မှာအိပ်လို့မရဘူးလား"


သူရိန်ရဲ့စကားကြောင့် သူမ ခေါင်းခါပြသည်။ သို့သော် သူရိန်ကတဇွတ်ဖိုးသမားဆိုတော့ ပန်းကို ပွေ့ချီ၍ အိပ်ဆောင်သို့ခေါ်ခဲ့သည်။


စာရေးသူ  သွေးမိန့်


rate now: