book

Index 13

အပိုင်း(၁၃)

လူမိုက်ကြီးရဲ့နှလုံးသား




"အရှင် ပြသာနာတက်ပါပြီး"


အလောတကြီး ပြေးလာလျှောက်တင်တဲ့ အမတ်ကိုကြည့်ပြီး သူရိန် မျက်ခုံးနှစ်ခုထိတဲ့အထိ မျက်မှောင်ကြုံ့သွားရသည်။


"ဘာအကြောင်းအရာလဲ"


မင်းသားလေး အမိန့်ကြောင့် ချစ်ကြည်ရေးယူဖို့လာတဲ့  မင်းဒဂုံကလူတွေကို သတ်လိုက်လို့စစ်ခင်းဖို့လာနေပြီး"


"ဒါဆိုရင် စစ်တိုက်ဖို့ပြင်ဆင်တာပေါ့"


"အရှင် အဲဒီလိုမလုပ်ပါနဲ့လား"


ပန်းရဲ့ တားမြစ်သံကြောင့် သူဂိန်တွေဝေသွားသည်။ ထိုနောက် သတင်းလာပို့တဲ့ အမတ်ကို မျက်ရိပ်ပြ၍ ပြန်ခိုင်းသည်။ သူအဝတ်အစားကိုချုပ်ပေးနေတဲ့ ပန်း ရဲ့အနားကိုသွားပြီး 


"ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ"


"နှမတော် အကြံပေးပါရစေ "


"ပေးပါ"

 

သူရိန် စားပွဲပေါ်တွင် မှေးထောက်၍ သူမ ကိုရွန်းရွန်းစားစားကြည့်ပြီး ပြောနေတာကြောင့် ပန်း မျက်လွှာလေးချပစ်သည်။ သူရဲ့အကြည့်စူးစူးကြောင့် သူမမျက်နှာပြင်တစ်ဝိုက်ရဲတွတ်လာသည်။


"အကြံပေးမယ်ဆို ဘာလို့စကားမပြောတော့တာလဲ"


"အရှင် နှမတော်ကို စိုက်မကြည့်ပါနဲ့ မနေတက်လို့"


"အခုကစပြီး နေတက်အောင်ကျင့်ထား ကဲ့ပြောဘာအကြံလဲ"


ပန်း သက်ပြင်းချ၍ အေးဆေးတည်ငြိမ်သောအသံဖြစ်


စစ်ခင်းရင် အရင်ဉီးဆုံးနစ်နာမှာက ပြည်သူတွေပါ အရှင့် တစ်ဘက်က အင်းအားသာတဲ့လို နှမတော်ကြားမိပါတဲ့  မင်းဒဂုံဆိုတဲ့တိုင်းပြည်ရဲ့လူတွေက တိုက်ရည်ခိုက်ရည်မှာ အရမ်းတော်ကြတယ် ပြီးတော့ မင်းသားလေးရဲ့အမိန့်ကြောင့် ချစ်ကြည်ရေးလုပ်ဖို့လာတဲ့ လူတွေသတ်ခံရရင် မင်းသားလေးကိုခေါ်ပြီး ဘာကြောင့်သတ်လဲမေးကြည့်သင့်ပါတယ် အရှင့်"


"ဘာကိုမေးကြည့်ရမလဲ ဒါသက်သက် အရှင်ရဲ့အရည်အချင်းကို အထင်သေးတာ"


"မယ်တော်ကြီး အကြောင်းမကြားဘဲ ကြွချီလာပါလား ထိုင်ပါအုံး"


"ရိုင်းပြမိရင် တောင်ပန်းပါတယ် အရှင့် အပြင်ကအစောင့်တွေတားမြစ်တော့ ရပ်နေမိပါတယ် ဒါပေမဲ့ မိဖုရားကြီး စကားကိုနားထောင်ပြီး ငြိမ်မနေသင့်ဘူးထင်လိုဝင်လာတာပါ မယ်တော်ကြီး အကြံပေးရရင် မင်းဒဂုံတိုင်းပြည်က စစ်ခင်းဖို့လာရင်တိုက်သင့်ကြောင့် အရှင်သူရိန်ဆိုတာ နေတစ်ဆင်းလို အင်အားကြီးကြောင်းသိအောင်ပြသင့်ပါတယ်"


"မယ်တော်ကြီး အကြံကိုလက်ခံပါတယ် ကဲ့ပါရောက်တုန်းရောက်ခိုက် မိဖုရားကြီးဖျော်ပေးတဲ့ဆေးရေနွမ်းကြမ်းပူပူလေး သောက်သွားပါ တိုင်းရေးပြည်ရေးကို စိတ်မပူနဲ့ "


"အရှင့်ကို ယုံကြည့်ပါတယ် ဒါပေမဲ့ မိဖုရားကြီးဆိုပြီး နေရာတကာဝင်ပါတာကိုတော့ မယ်တော်ကြီးမကြိုက်ဘူး ရေနွကြေမ်းလည်းမသောက်တော့ပါဘူး ထိပ်ထားလေး မယ်တော်ကြီးကို အကောင်းဆုံးဆေးမြစ်လုပ်ထားပေတဲ့ သွားသောက်လိုက်ပါအုံးမယ် အရှင့် ခွင့်ပြုအုံး"


"ကောင်းပါပြီး မယ်တော်ကြီး"


ပန်း ကို မယ်တော်ကြီးဘာကြောင့်သဘောမကျတာလဲ မစဉ်းစားတက်ပါ။ အရှင် ခဏခဏပြောဖူးတာက ပန်းကိုမြင်ရင် မယ်တော်ကြီးအရမ်းချစ်မယ်တယ်။အခုတော့ ချစ်ဖိုနေနေသာသာ အမုန်းဘဲရနေ၏။


"ဆရာ ဘာကြောင့် ထိပ်ထားရဲ့ ဂါထာကမစွမ်းတာလဲ ဟိုမြင်းဖြူကြီးကိုလည်း ပြုစားနေရင်တန်းလှမ်းအစွမ်းမပြတော့ဘူး အခုလည်း အရှင်ကိုပြုစားတာလည်း အစွမ်းမပြဘူး"


"အင်...ဒါဆိုရင် ဂါထာကိုအစွမ်းလျော့စေတဲ့အရာတစျခုရှိနပွေီး မြင်းဖြူကြီးကို အဆင့်အနိမ့်နဲ့ပြုစားထားလို့ ပြေတာကထားပါတော့  အရှင်ကိုတော့ အမြင့်ဆုံးပညာနဲ့ ပြုစားထားတာကို ဘာကြောင့်မစွမ်းတာလဲ ထိပ်ထား တိုင်းပြည်ကလူအကုန်လုံးကိုပြုစားလိုရလား"


"ရပါတယ် ဒါပေမဲ့ မိဖုရာကြီးကိုတော့ ပြုစားလို့မရဘူး"


"ထူးဆန်းတဲ့ နောက်မှာနန်းတော်ထဲလာပြီး အဲဒီမိဖုရားကိုကြည့်အုံးမယ် မယ်တော်ကြီး အခြေနေဘယ်လိုလဲ"


""အဟွန်း မယ်တော်ကြီးက ထိပ်ထားရဲ့ကိုယ်ပွားတောင်ဖြစ်နေပြီး အားလုံးအဆင်ပြေတဲ့"


"ကောင်းတယ် မယ်တော်ကြီးလည်း မကြာခင် ဘုရင်ကြီးလို ကျန်းမာရေးဆိုးဝါးလာတော့မယ် တိုတွေရဲ့ပန်းတိုင် အောင်မြင်ခါနီးပြီး ရော့ ဒီကြိုးကို အရှင်ရဲ့လက်မောင်းမှာရအောင်ဆွဲထားပါ "


"ဒီကြိုးက ဘာထူးခြားလဲဆရာ"


"ထိပ်ထား စိတ်ထဲကခိုင်းတဲ့အတိုင်း အရှင် မဖြစ်မနေလိုက်လုပ်လိမ့်မယ် အေး တစ်ခုသတိထား ဒီကြိုးသာ သူကိုယ်ပေါ်ကနေမရှိတော့ရင် ထိပ်ထားကို ထိခိုက်စေလိမ့်မယ်   ဒီကြိုးကို အဆင့်မြင့်ပညာတွေနဲ့လုပ်ထားတာကြောင့်  ဆွဲပေးတဲ့လူလည်း အကျိုးသက်ရောက်မှုရှိတယ် ထိပ်ထားခံနိုင်ရင်တော့ ဒီကြိုးကို အသုံးပြုနိုင်တဲ့"


အမဲရောင် ကြိုးလေးကမဲနက်စွာ တောက်ပြောင်နေသည်။ထိုကြိုးကို ထိပ်ထား မျက်ဝန်းတောက်တောက်နဲ့ကြည့်ပြီး လှမ်းယူလိုက်သည်။ထိုနောက် ကြိုးကိုင်ကြည့်ပြီး ဗီလိန်မဆန်ဆန် ကောက်ကျစ်စွာပြုံးသည်။


ကလက်ဆီနဲ့ ပန်း အမြဲတမ်းလိုလို စုံသော်လည်း သူရိန်ကတော့ ကလက်ဆီ ဆီသို့မလာတာကြောင့် ကလက်ဆီ တစ်ယောက်ငိုင်နေသည်။


"ဟေ့ ကလက်ဆီ ရော့ နင်အတွက် သစ်သီးယူလာတဲ့စားလိုက်အုံး"


"ဟီးး"


"မစားချင်ဘူးလား ဘာလိုလဲ စားလို့ကောင်းပါတယ်ဟာ ရော့ စားကြည့်"


ကလက်ဆီ ခေါင်းပြသဖြင့် ပန်းစိတ်ပူ၍ ဘာများဖြစ်နေပြီးလဲကြည့်မိသည်။


နင်နေကောင်းပါတယ် ဘာလိုမစားချင်တာလဲ မဟုတ်မှလွဲရော့ နင်သခင်ကိုသတိရနေတာလား"


ဟုတ်မှန်ကြောင်း မြည်ဟီးပြသလို ခေါင်းလည်းငြိမ့်ပြ၏။


"ဒါဆိုရင် ငါတို့သူဆီသွားကြတာပေါ့"


ပန်း ကလက်ဆီကို ခေါ်ပြီး သူရိန်ရှိမယ်ထင်သည့်နေရာသို့လာခဲ့သည်။သူရိန်က မယ်တော်ကြီး အဆောင်မှာ စကားကောင်းနေလျက်ပါ။ ထိပ်ထားလည်း ထိုနေရာမှာရှိပါသည်။


"အရှင် ထိပ်ထားလက်ဖက်ရည်ကောင်းရဲ့လား"


"ကောင်းပါတယ် ထိပ်ထားလေးအတိုင်းမွှေးပျံသင်းကြိုင်ပြီး အရသာရှိပါတယ်"


"ဟီး အရှင်ကြိုက်ရင် ထိပ်ထားကျေနပ်ပါပြီး"


မယ်တော်ကြီးကတော့ နှစ်ဉီးသာလိုက်ဖက်တဲ့ထင်တယ် ဟိုမိဖုရားကြီးကို ရာထူးကနေ ဖယ်ပြီး ထိပ်ထားကို မိဖုရားအရာပေးလိုက်ပါလား အရှင်"


"ဒါကတော့မဖြစ်နိုင်ဘူး အမတ်တွေနဲ့ရွှေးချယ်ထားတော မကောင်းဘူးလေ"


"မယ်တော်ကြီးကလည်း အရှင်ကိုဖိအားမပေးပါနဲ့ အော် အရှင်အတွက် ဒီကြိုးကို အရှင်အတွက် ထိပ်ထား လက်ဆောင်ပေးတာ အမြဲတမ်း ဝတ်ထားရမယ်နော်"


"ကြိုးလေးက အရှင်နဲ့လိုက်တယ် ထိပ်ထားလေးက ပေးတာပဲ ယူလိုက်ပါ အရှင်"


"မယ်တော်ကြီးကတောင် ယူခိုင်းနေမှာတော့ ယူလိုက်ပါမယ်"


"ဒါဆိုရင် ထိပ်ထားဝတ်ပေးမယ် "


သူရိန် လက်မောင်းကို အမဲရောင်ကြိုးလေး ဂတ်ပေးလိုက်သည်။ ထိုခဏမှာ သူရိန်ရဲ့ကိုယ်တွေပူလာတဲ့ခံစားရပါသည်။


"မယ်တော်ကြီး မိဖုရားကြီးရောက်လာကြောင်းပါ"


အစေခံရဲ့ စကားကြောင့် ထိပ်ထား မဲ့ပြုံးပြုံးသည်။ စိတ်ထဲမှာလည်း ကြိုးက စွမ်းမစွမ်း စမ်းကြည့်ရတာပေါ့"လိုတွေးမိသည်။


"ဝင်ခိုင်းလိုက်ပါ"


"ဟုတ်ကဲ့ပါ မယ်တော်ကြီး"


အစေခံ အရိုအသေပြုပြီးထွက်သွား လျှင် ပန်းဝင်လာခဲ့သည်။


"မယ်တော်ကြီးကို ဂါဝပြုပါတဲ့ "


"ဘာအကြောင်းကြောင့် လာတာလဲ"


"အရှင်ဒီမှာဆိုတာ သိလို့ပါ "


"မင်းကငါကိုဘာကြောင့်ရှာရတာလဲ"


"ဟို..ကလက်ဆီက အရှင်ကို လွမ်းနေလိုပါ အဲဒါအရှင်နဲ့တွေ့ရအောင်ပါ"


"တောက် အရေးမပါတာတွေ ကျစ် ဘယ်မှာလဲ ကလက်ဆီသွားတွေ့မယ်"


သူရိန် ဒေါသတကြီး အဆောင်ကနေထွက်သည်။ အဆောင်အရှေ့က မြက်ခင်းနုနုလေးတွေကို ကလက်ဆီးစားနေသည်။ သူရိန်ကိုမြင်လျှင် ချက်ချင်း ဝမ်းသားအားရ ခုန်ပေါက်သော်လည်း လမ်းတစ်ဝက်မှာ ကလက်ဆီ ရပ်သွားသည်။


"ကလက်ဆီ ဒီမှာအရှင်ရောက်ပြီးလာခဲ့လေး"


ကလက်ဆီက အသံကျယ်မြည်းပြီး ခေါင်းခါပြသည်။ 


"ကလက်ဆီ ငါဆီလာစမ်း ဒါအမိန့်"


သူရိန် အမိန့်သံနဲ့ပြောသော်လည်း မလာတာကြောင့် သူဘေးနားကရပ်နေတဲ့ ပန်းကို ဘာအပြစ်မှမရှိဘဲ တွန်းလိုက်သည်။


"အာ့"


ပန်း ကိုယ်နွဲ့နွဲ့လေး မြက်ခင်းပေါ်သို့ ပစ်ကျသွားသည်။ ပစ်လှဲတဲ့အချိန်မှာ လက်ကထောင်တာကြောင့် အရမ်းနာကျင်လို့ မျက်ရည်ဝဲရသည်။ ထိုနောက် သူရိန် မယုံနိုင်သောမျက်ဝန်းဖြစ်ကြည့်မိရသည်။


ဘာကြည့်နေတာလဲ မင်းမြင်းက ငါအမိန့်ကို နာမခံဘူး အဲဒီအတွက်အပြစ်ပေးတာ ရဲမက်တွေ မိဖုရားကြီးနဲ့ ကလက်ဆီကို ဆူးတုတ်နဲ့ အချက်၅၀ရိုက်စေ"


ရဲမက်တွေလည်း အရှင့်အမိန့်ကို မလွန်ဆန်ရဲ့တာကြောင့် ရိုက်ဖို့ပြင်သည်။ ကလက်ဆီက အကုန်နားလည်သဖြင့် အားလုံးကို ကန်ထုတ်ပစ်သည်။ အရင်ဆုံး သူရိန်ကို လှမ်းကန်၏။ ထိုနောက် မယ်တော်ကြီးနဲ့ထိပ်ထားကို ကန်ပစ်သည်။ ပန်းကလည်း လူတွေပျာယာခတ်နေတုန်း ကလက်တီပေါ်တက်ပြီး ထိုနေရာကနေထွက်ခွာသည်။


သူရိန်ကတော့အားပြင်းတဲ့ကန်ချက်ကြောင့် သတိမေ့သွားသည်။ မယ်တော်ကြီးနဲ့ ထိပ်ထားလည်းထိုနည်းတူပါပဲ။နန်းတော်ထဲက သမားတော်အားလုံး ကုလည်းအခြေနေကမထူးခြားပါ။


"ဟာ မောလိုက်တာ ငါတို့တွေကို ရဲမက်တွေရှာမတွေ့လောက်ဘူးထင်တယ် ဒါနဲ့ ဘာလိုအကုန်လုံးကို ကန်ပစ်ရတာလဲ"


"ဟီးးးး"


"အရမ်းမအော်နဲ့ ပုန်းနေတာသိသွားအုံးမယ်  နင်သခင်က အခုတလောပြောင်းလဲနေတယ်သိလား"


ကလက်ဆီ ဟုတ်မှန်ကြောင်းထောက်ခံသည်သဘောနဲ့ ခေါင်းငြိမ့်ပြသည်။


"ငါထင်တာ မယ်တော်ကြီးနဲ့အရှင်တို့ကို တစ်ခုခုက ထိန်းချုပ်ထားတဲ့လိုထင်တယ် ဘာလိုလဲသိလား သူတို့မျက်လုံးတွေက အသက်မဲ့နေသလိုပဲ ပြီးတော့ မင်းသမီးထိပ်ထားကို ငါမသက်ာဘူး ပုန်းနေမယ်အတူတူ သူ့အခန်းကို ခိုးဝင်ပြီး စုံးစမ်းကြည့်ရမယ် နင်ဒီမှာနေခဲ့နော် "


ကလက်ဆီက စိတ်မချသလို သူရဲ့အဝတ်အစားကို သွားနဲ့ကိုက်ထားသည်။ ပန်း က ကလက်ဆီခေါင်းကိုပွတ်ပြီး စိတ်ချကြောင်းပြော၍ ထွက်လာခဲ့သည်။


"အကိုတော်ကို ကုလိုမရဘူးလား"


"မရပါဘူး မြင်းရဲ့ကန်ချက်က အရမ်းပြင်းတာကြောင့်ပါ"


"မိဖုရားကြီးရော  ဘယ်မှာလဲ သူကုရင်ရမှာပါ ချက်ချင်းရှာဖွေ"


"ဟုတ်ကဲ့ပါမင်းသား"


မိုးမခတစ်ယောက် ပျာယာခတ်နေရသည်။ ဘာလိုလဲဆိုတော့ တစ်ဖက်မှာလည်း မင်းဒဂုံတိုင်းက စစ်တိုက်ဖို့ပြင်ဆင်နေပြီး။ အကိုတော်၊မယ်တော်ကြီး၊ထိပ်ထားတို့သတိပြန်မရသေးဘူး မိုးမခတစ်ယောက်ထဲ ဘာလုပ်ရမှန်းမသိပါ။ 


ဉီးရီးတော်ကြီးဆိုသူက နန်းတော်ကိုသိမ်းပိုက်ဖို့ တစ်ဖက်က မင်းဒဂုံတိုင်းနဲ့ပူပေါင်းလုပ်ဆောင်နေသည်။


"စစ်သူကြီး အခုလိုကူညီလိုကျေးဇူးပါ"


"ပြသာနာမရှိပါဘူး သွေးကြွေးကို သွေးနဲ့ပဲဆပ်ရမှာပေါ့ ဘုရင်သူရိန်လည်း အခုမေ့နေတဲ့လိုသတင်းကြားတဲ့ အခုညသာနန်းတေယ်ကို ဝင်စီးဖို့အကောင်းဆုံးအချိန်ပဲ"


ဒါဆိုရင်လည်း ဒီညနန်းတော်ကို ချီတက်မယ် ဧကရီတိုင်းကို သိမ်းပိုက်ပြီး ဩဇာအာဏာကြီးတဲ့ မင်းဒဂုံတိုင်းဆိုပြီး တိုင်းပြည်တွေအားလုံးကို အုပ်စိုးပစ်မယ် ဟား..ဟားးး" 


"ဒါပေါ့ အပေးအယူဆိုတာရှိတဲ့နော် "


"အဟွန်း စစ်သူကြီးက ဘုရင်အဖြစ် ဧကရီတိုင်းကိုအုပ်စိုးပေါ့"


"ဟားး ဒါဆိုရင် လှုပ်ရှားဖို့ပြင်ဆင်ရအောင်"


ပန်း ထိပ်ထားအခန်းကို ဝင်မွှေသည်။ ဘာမှမတွေ့တာကြောင့်စိတ်ညစ်ရသည်။


"တစ်ခုခုရှာတွေ့မှာဖြစ်မယ်လေ မတွေ့လိုမရဘူး "


ပန်း တီတိုးရေးရွတ်၍ နေရာအနှံရှာဖွေမိသသည်။ရှာနေရင်း တစ်စုံတစ်ရာကိုထိမိလိုက်တော့ တံခါးတစ်ခုဖွင့်သွားသည်။


"ဟမ် အခန်းတစ်ခါပါလား မွေအောကျခနျးလား"


ပန်း ဘာမှမတွေ့ဘဲ  လှေကားအတိုင်းဆင်းခဲ့သည်။ မဲမှောင်နေသောအခန်းကြောင့် ပန်းတစ်ယောက် ချွေးစီးပြန်၍ကြောက်လန့်လာရပါသည်။ အောက်ဆုံးအထိရောက်တော့ ပန်း အလန့်တကြားအော်မိရသည်။


အား လန့်လိုက်တာ သွေးတွေလား ဆိုပြီး နံရံပေယ်ကိုကြည့်မိ၏။ ပန်း လန့်လွန်လို့ အနောက်ဆုတ်မိသွားသည်။ကြောက်စရာကောင်းသောပုံတွေနဲ့ သွေးတွေကြောင့် ခေါင်မူး၍ အော့အန်ချင်မိသည်။


ဘာတွေလဲ မင်းသမီးထိပ်ထားက တကယ်စုန်မးကြီးပါလား ဒါမယ်တော်ကြီးပုံတူပါလား ဘုရင်ကြီးပုံရော့ အရှင်ပုံရော့ပါလား ဘုရား..ဘုရား..ကြောက်ဖို့ကောင်းလိုက်တာ"


ပန်းချက်ချင်း ထိုအရုပ်တွေယူလာမိသည်။ အရေးကြီးမယ်ထင်တဲ့အရာအားလုံကို အိတ်တစ်ခုနဲ့ သယ်လာမိရသည်။ထိုနောက် ထိုအခန်းကနေကနေအလျင်အမြန်ထွက်ပြေးလာခဲ့သည်။


"မိဖုရားကြီးကို ရှာတွေ့လား"


"မတွေ့ဘူးကွာ ရှာမနေနဲ့ ငါတို့နန်းတော်ကနေထွက်ပြေးရအောင်"


"ဟာ မင်းကလည်း"


"မင်းကလည်းမလုပ်နဲ့ နန်းတော်ကို မင်းဒဂုံတိုင်းပြည်က သိမ်းပိုက်တော့မှာ အရှင်ကလည်းမေ့နေတဲ့ ဒါကြောင့် နန်းတော်ထဲတန်းဖိုးကြီးတဲ့အရာယူပြီးထွက်ပြေးကြရအောင် တစ်ချို့အခြွေအရံတွေတောင်ထွက်ပြေးကုန်ပြီး"


"ဘယ်သူထွက်ပြေးတဲ့"


ရဲမက်နှစ်ဉီး လန့်သွားပြီး ချက်ချင်းဒူးထောက်၍ တောင်ပန်းစကားဆိုသည်။


"သေသင့်တဲ့အပြစ်ကို ကျူးလွန်မိပါတဲ့ မိဖုရား"


"အမှန်ပဲ ကိုယ်အမှားကိုယ်သိရင် ပြုပြင်ပါ ထွက်ပြေးနေတဲ့ အခြွေအရံအားလုံးကို ဖမ်းဆီးထားပါ "


"အမိန့်အတိုင်းပါ မိဖုရား"


"ငါအခုချက်ချင်း အရှင်အဆောင်သွားမယ်"


ပန်း ဒေါသလည်းဖြစ်ရပါသည်။ ကိုယ်တိုင်းပြည်ပျက်မယ်ဆိုရင်လည်း ဒီအတိုင်းထွက်ပြေးပေါ့ အခုတော့ လုပ်ရက်ကြတဲ့ ကိုယ်ကို့ကျေးဇူးပြုနေတဲ့ တိုင်းပြည်အပေါ် ကျေးဇူးကန်းတဲ့လူအားလုံးကို ထိုက်တန်တဲ့အပြစ်ပေးဖို့ ပန်း စီစဉ်ထားပြီးသာပါ။


ပန်း အရှင်အိပ်ဆောင်သို့ ဝင်ဝင်ချင်းချင်း မိုးမခကိုတွေ့မိရသည်။ သူမျက်နှာမှာ စိုးရိမ်တုန်လှုပ်မှုကိုပါ တစ်ပြိုင်တည်းတွေ့လိုက်မိသည်။ ပန်း ကိုမြင်တော့ မိုးမခ ဝမ်းသာအားရ ဆီးကြိုသည်။


"မိဖုရားလာတာနဲ့အတော်ပဲ အကိုတော်ကိုကြည့်ပေးပါ"


"ကြည့်ပေးလိုက်မယ် မင်းသားက တိုင်းပြည်ကို ကာကွယ်ဖို့ပြင်ဆင်ထားပါ မင်းဒဂုံတိုင်းပြည်က စစ်ချီတက်လာပြီး"


"ဟုတ်ကဲ့ပါ မိဖုရား ကျွန်တော်မျိုး သွားပြင်ဆင်ပါမယ်"

.

မိုးမခ ထွက်သွားတာနဲ့ ပန်း ဆေးတွေကို ဘုရားစာရွတ်ပြီး သူရိန် ပါးစပ်ထဲဝင်အောင်တိုက်သည်။ ဘယ်လိုတိုက်တိုက် ပြန်အန်ထွက်နေတာကြောင့် စိတ်ညစ်ရသည်။


သမားတော်ကြီး မယ်တော်ကြီးနဲ့ထိပ်ထားရော့ အဲလိုဖြစ်လား"


"မဖြစ်ပါဘူး အခုဆေးဝင်လို သတိပြန်လည်လာပါပြီး အရှင်တစ်ယောက်သာ ဆေးမဝင်တာပါ"


"ကောင်းပါပြီး သမားတော်ကြီးနဲ့ အစေခံတွေအားလုံး အခန်းထဲကနေထွက်သွားပေးကြပါ ကျွန်မတစ်ယောက်ထဲ အရှင်ကို ကုပေးချင်လို့ပါ"


"ဟုတ်ကဲ့ပါ မိဖုရာကြီး အမိန့်အတိုင်းပါ"


အကုန်လုံး အခန်းထဲကနေထွက်သွားမှာ ပန်း ဆေးရည်ကို ပါးစပ်ထည့်ထည်ပြီး သူနှုတ်ခမ်းဝကိုဟပြီး ထည့်ပစ်သည်။ နှုတ်ခမ်းချင်ထိထားတာကြောင့် အန်ထွက်မယ်အရည်တွေက အပြင်ကိုမရောက်သဖြင့် သူရိန်ကပဲမြိုချပစ်မိသည်။ဆေးတွေအကုန်တိုက်ပြီးမှာ သူရိန် လက်ကိုကိုင်ပြီး သူမ တီးတိုးရေရွတ်မိသည်။


"မြန်မြန်ပြန်သတိရပါတော့ အရှင် တိုင်းပြည်က သူတစ်ပါးတိုင်းပြည်အောက်ကိုရောက်တော့မယ် အရှင်ရဲ့ နိုးထလာပါတော့ အရှင်ကိုအရမ်းလိုအပ်နေပြီး"


စာရေးသူ သွေးမိန့်


rate now: