လူမိုက်ကြီးရဲ့နှလုံးသား
"ထိပ်ထား ကို နှင်ဆီးပန်းလေးခူးပေးပါလားဟင်"
"ရတာပေါ့"
သူရိန် နှင်းဆီပန်းကို ကရုမစိုက်ဘဲခူးမိတာကြောင့် ဆူးစူးသွား၏။ထိပ်ထားကလည်း ဒီလိုဖြစ်စေချင်လိုခူးခိုင်းတာပါ သွေးထွက်နေတဲ့ သူရိန်လက်ကိုကိုင် ပြီး ပုဝါကဖြူဖြူလေးနဲ့သုတ်ပေးသည်။
"အရှင်ရဲ့ ဘာကြောင့်ကရုမစိုက်ရတာလဲရှင့်"
"ရတယ် ဘာမှမဖြစ်ဘူး မင်းသမီးထိပ်ထားလေး
ဒီဒဏ်ရာက အသေးအမွှားပါ"
"မဟုတ်တာ ထိပ်ထားဆေးထည့်ပေးမယ်"
"ရတယ် ထိပ်ထား"
သူရိန် အတင်းငြင်း၍ အိပ်ဆောင်သို့ပြန်လာခဲ့သည်။ နှင်းဆီဆူးစူးသွားတဲ့ လက်ကိုကြည့်ပြီး ပြုံးမိသည်။
"အခြွေရံ ပန်းမင်းသမီးကို ငါဒဏ်ရာကြည့်ဖို့ခေါ်စေ"
"ဟုတ်ကဲ့ပါ အရှင်"
ပန်း ကလက်ဆီကို စကားတတွတ်တွတ်ပြောနေသည်။ သူမ ပြောနေတဲ့အကြောင်းက သူရိန်အကြောင်းပါ။ကလက်ဆီက မြက်းခင်းစိမ်းစိမ်းမှာလှဲနေ၏။ပန်း ကတော့ဘေးနားကနေ
"နင်သခင်ကအရမ်းအကျင့်ပုတ်တဲ့သိလား ဟွန့် ငါသူကိုသတ်ပစ်ရင် နင်ငါကိုစိတ်စိုးမှာလား"
"ဟီးး"
နင် စိတ်စိုးလည်း ငါမတက်နိုင်ဘူး ငါနင်သခင်ကိုအရမ်းမုန်းတယ် နှာဘူးကြီး ငါကိုလည်း အလိုမတူပဲ သိမ်းပိုက်တယ် ပြီးတော့ သူ့ကမင်းသမီးထိပ်ထားနဲ့ ကြည်နူးနေတဲ့ ဟာ ပြောနေရင်နဲ့ သူတို့နှစ်ယောက်ကို မြင်ယောင်လာပြီး မပြောတော့ဘူး အဲဒီအကြောင်း"
ပန်း တစ်ယောက် မြက်ပင်နုနုလေးကို ဆွဲနုတ်၍ ခြေမွပြီး ဒေါသကိုဖြေနေသည်။ ကလက်ဆီ ကတော့ မျက်လုံးမှိတ်ကငြိမ်နေသည်။
"မင်းသမီးပန်းကို အရှင်ခေါ်ခိုင်းကြောင်းပါ"
"ဘာကြောင့်ခေါ်တာလဲဟင်"
"ဒဏ်ရာရလို့ ဆေးထည့်ခိုင်းဖို့ထင်မိပါတဲ့"
"ဒါဆိုရင် ဆေး ယူပြီးလာခဲ့မယ်"
"ဟုတ်ကဲ့ပါ မင်းသမီး"
သူရိန် ဆူးစူးတဲ့ဒဏ်ရာကို ပိုပြီးကျယ်အောင် ဓားမြှောင်နဲ့ လှီးပစ်သည်။ သူရဲ့ လက်မှာ သွေးတွေများပြားစွာ စီးကျလာသည်။
"အရှင် မင်းသမီးပန်းရောက်လာပါပြီး"
"ဝင်ခိုင်းလိုက်"
ဝင်လာပါပြီး သူရဲ့နတ်သမီးလေး ဂါဝန်အဖြူလှလှလေးကို ဝတ်ဆင်ထား၍ ဆံပင်အရှည်ကို အနောက်နေ ထုံးဖွဲ့ထားပုံက တကယ်နန်းဆန်လှသည်။ သူမ ဆံပင်က ဒူးလောက်အထိရှည်တာကြောင့် ဆံပင်ကိုတန်ဖိုးထားတဲ့ မိန်းကလေးမှန်သိသာစေပါသည်။သူမရဲ့ မျက်နှာကသူကိုတွေ့ရင်အမြဲဆူပုတ်ပုတ်လေးဖြစ်နေသည်။
"ဟမ် ရှင်လက်ကဒဏ်ရာကများတာပဲ သွေးတွေအရမ်းထွက်နေတာပဲ ဘာလိုဖြစ်တာလဲ"
"နှင်းဆီဆူးစူးတာ"
သူအပြောကို နားထောင်ရင် သူမ အလျင်အမြန်ဆေးထည့်ပေးသည်။
ဘာလို့လုပ်ပြီး စူးတာလဲ ဒီဒဏ်ရာက နှင်းဆီဆူးစူးတာနဲ့မတူဘူး"
"ထိပ်ထားလေးက နှင်းဆီးပန်းလိုချင်တဲ့ပြောလို့ ခူးပေးတာ "
သူ့စကားကြောင့် သူမ နှုတ်ခမ်းကိုက်၍ သူနာကျင်မှာစိုးလို ဖွဖွလေးကိုင်ပြီးဆေးထည့်ပေးနေရာကနေ ချက်ချင်း ဆေးကို မတရားဖိသိပ်ထည့်ပစ်သည်။
"အားး အရမ်းမလုပ်နဲ့လေး"
"ခဏတော့ သည်းခံပေးပါ အရှင် ဒဏ်ရာကို အခုလို ဆေးဖိသိပ်ထည့်မှာ အမြန်ပျောက်မှာမို့လို့ပါနော်"
သူမ အံ့ကြိတ်တဲ့အသံနဲ့ ပြော၍ ဆေးကိုဖိသပ်ထည့်ပြီး ပတ်တီးကို အားကုန်သုံး၍ ချည်နှောင်ပေးသည်။
"အား အရမ်းနာတယ် ဖြေးဖြေးလုပ်ပါ"
"ဆေးထည့်လို့လည်း ပြီးပါပြီး အရှင် ဆောင်ကို ပြန်ကြွခွင့်ပြုပါ"
ဆို၍ သူမထရပ်တော့ သူရိန်က လှမ်းဆွဲတာကြောင့် အရိှန်မထိန်းနိုင်ဘဲ သူရိန်ပေါင်ပေါ်သို့ ထိုင်လျက်သာဖြစ်သွားရသည်။ သူရိန်ကလည်း သူမရဲ့ ပခုံးပေါ်သို့ မေးစိတင်ထားပြီး နားထင်စပ်နားကို နမ်းမိသည်။ ပန်း ရဲ့မျက်လုံးတွေ ခဏမှိတ်သွားရသည်။ သူရိန်ရဲ့အပြုအမှုကြောင့် သူမရဲ့ လက်မောင်းသားဝင်းဝင်းပေါ်က အမွှေးမျင်နုနုလေးတွေ ထောင်၍ ကြက်သိန်းတဖြန်းဖြန်းထရပါသည်။
"ဘာလုပ်တာလဲ"
"ခဏလေး ဒီလိုနေပါရစေ မင်းကိုကိုယ်အရမ်းချစ်တယ် တစ်ချိန်ချိန်မှာကိုယ်ရဲ့ အပြုအမှုတွေကြမ်းတမ်းသွားလည်း ကိုယ်အနားကနေထွက်မသွားပါနဲ့နော် "
"ရှင်တစ်ကိုယ်ကောင်းဆန်လှချည်းလား ကျွန်မက ရှင်ရဲ့ကြမ်းတမ်းစွာဆက်ဆံမှုကို သည်းခံစရာလား ဖယ်လွှတ်"
ပန်း ပြောရင် သူကိုယ်ကို တွန်းထုတ်ကာ အခန်းအပြင်သို့ထွက်ခဲ့ရာပါသည်။သူရိန်ကတော့ ကြေကွဲသောမျက်နှာဖြစ် ကျန်ခဲ့ရသည်။ထိုနောက် သူရိန် တစ်ကိုယ်တည်းတီးတိုးရေရွတ်သောစကားကို ပန်း သာကြားခဲ့လျှင် သေချာပါတဲ့ သူမ သူ့အနားကနေဘယ်တော့မှထွက်သွားမှမဟုတ်ပါဘူး။
"ကိုယ် ကြမ်းတမ်းတဲ့ခံစားမှုကို ခံစားရတော့မယ် အတက်နိုင်ဆုံးတော့ မင်းကို ကိုယ်နာကျင်အောင်မလုပ်ပါဘူး ခမည်းတော်ကြီးကိုသတ်တဲ့ လူကိုဖော်ထုတ်နိုင်တော့မှာပါ"
ထိပ်ထား ကောက်ကျစ်စွာပြုံးလျက် သူရိန်သွေးကို အရုပ်တစ်ခုမှာ သုတ်လိမ်းပြီး ဂါထာရွတ်သည်။မဲမှောင်နေသော အခန်းကြီးမှာ ဂါထာရွတ်သံ မြည်ဟိန်းနေသည်။ ထိုအခန်းသို့တစ်စုံတစ်ဉီး ဝင်လာခဲ့လျှင် သေချာပါတယ် ထိုလူ စိတ်ခြောက်ခြားပြီး သေဆုံးမယ်ဆိုတာ။အဘယ်ကြောင့်ဆိုသော် ထိုအခန်းရဲ့နံရံပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ပုံများဆွဲရေးဆွဲထားသည်။ နံရံအလယ် တည့်တည်တွင် လူအရိုးခေါင်းကြီးကိုချိတ်ဆွဲထားသည်။ အနံအသက်ကလည်း လုံးဝမကောင်းပါ ။
ဟားး ဂါထာလည်းရွတ်ပြီးပြီး မနက်ဖြန် အရှင် ကျွန်ပ်ကို တန်းတန်းဆွဲဖြစ်ပြီး ဟိုကောင်မကို ခါးသီးစေရမယ်"
ထိပ်ထားရဲ့မျက်နှာ ေချာမောေသာ်လည်း သူရဲ့အတွင်းစိတ်ကြောင့် ကြောက်စရာကောင်းလှသည်။ အဝတ်စားအမဲရောင်ဝတ်ထား၍ နှုတ်ခမ်းနီနီရဲဆိုးထားသော သူမရဲ့ အပြင်အဆင်က တကယ်စုန်းမတစ်ယောက်လိုပါပဲ။
နေရောင်ခြည်နွေးနွေးက ကုတင်ထက်မှာအိပ်ပျော်နေသော သူရိန်ရဲ့မျက်နှာပေါ်သို့ ဖြာကျနေသသညိ။ နေရောင်ခြည် ထိတွေ့မှုကြောင့် သူရိန်စိတ်တွေခက်ထန်လာသည်။
"အပြင်မှာဘယ်ရှိလဲ!!!!"
ကြောက်မက်ဖွယ်ရာအသံနဲ့ အော်ပြောသည်။အခြွေအရံများကလည်း အထိတ်တလန့် ပြေးဝင်လာသည်။
"ကျွန်တော်မျိုးမ ရှိပါတယ် အ..."
အစေခံရဲ့ စကားမဆုံးခင် ခေါင်းဖြတ်ချင်ခံလိုက်ရသည်။ အစေခံမိန်းမပျိုတွေအားလုံး သွေးပျက်ခြောက်ခြားသွားရသည်။ သူရိန်ကတော့ မဲ့ပြုံးပြုံး၍ အစေခံ မိန်းမပျို အားလုံးကိုကြည့်ပြီး
"နောက်တစ်ခါ ငါရဲ့မျက်နှာပေါ်နေရောင်မကျစေနဲ့ ကြားကြလား"
"ကြား..ကြားး.ကြားးပါတယ်အ.ရှင်"
"ဘာကြောင့် စကားတွေထစ်နေရတာလဲ ချက်ချင်း ဒီအလောင်းကိုရှင်းပစ် ပြီးရင် ငါရေချိုးမယ်"
အစေခံမလေးတွေ ပြာပြာသဲသဲနဲ့ လုပ်ကြသည်။ သူရိန်ရဲ့ မျက်နှာချောချောက ကြောက်မက်ဖွယ်ကောင်းနေလျက်ပါ။ မနက်ခင်းရဲ့အလှဟာ ကျက်သရေကင်းမဲ့စွာ နဲ့ကြောက်လန့်မှုတွေပြည့်နေလျက်ပါ။
မိဖုရားရွှေးချယ်ပွဲရဲ့နောက်ဆုံးပြိုင်ပွဲကို ပန်းနဲ့ ထိပ်ထားတို့နှစ်ဉီး အကြိတ်အနယ် ယှဉ်ပြိုင်ကြသည်။ သူတိုနှစ်ဉီးရဲ့ပြိုင်ပွဲက ပြည်သူတွေအပေါ်နွေးထွေးမှုကို ဘယ်သူကပို့နိုင်ကြောင်းပါ။နှစ်ယောက်လုံးကို အနူသည်ရောဂါဖြစ်သူများနဲ့ပေးတွေ့သည်။
"မင်းသမီး ကျွန်တော်အနားကို မကပ်ပါနဲ့ ကျွန်တော် တစ်ကိုယ်လုံး ပြည့်တွေနဲ့နူနေတာပါ မင်းသမီးကို ကူးကုန်အုံးမယ်"
"မကူးအောင် ကျွန်မ ပြင်ဆင်လာခဲ့ပါတယ် အနာကိုကြည့်ပေးမယ်နော်"
တစ်ကိုယ်လုံးပြည့်တွေ အဖုတွေပြည့်နေတဲ့ အနူသည်ကြီးကို ပန်း ကိုယ်ချင်းစာနာစွာဖြစ် မရွံမရှာ သုတ်သင်ဆေးလိမ်းပေးသည်။ အနူသည်ကြီးလည်း ဝမ်းသာစွာဖြစ် မင်းသမီးကိုကျေးဇူးတင်ကြောင်းပြောပါသည်။တစ်ဖက် အခန်းက ထိပ်ထားကတော့
"ငါအနားမကပ်နဲ့ နင်လို တစ်ကိုယ်လုံးနူနေတဲ့ ရောဂါသည်ကြီး ကြောင် ငါရောဂါရမယ်"
မင်းသမီး လာလို့ပျော်နေတဲ့အနူသည်အဒေါ်ကြီး မျက်နှာက ဝမ်းနည်းကြေကွဲမှုတွေ ရှက်ရွံ့မှုတွေနဲ့ ခေါင်းကိုငုတ်ထားသည်။ ထိပ်ထားကတော့ ရွံ့ရှာစွာဖြစ် မျက်နှာကို တွန်ရှုံလျက်နဲ့ အနူသည်အဒေါ်ကြီး စိတ်မချမ်းသာအောင်ပြောနေသည်။
"ရှင်လို အနူသည်ကြီးက ဘာလိုမြန်မြန်မသေတာလဲ ဟွန့် စိတ်ပျက်ဖို့ကောင်းလိုက်တာ နင်တို့လူမျိုးတွေကို တိုင်းပြည်မှာမထားဘဲ သတ်ပစ်သင့်တာ ငါသာမိဖုရားဖြစ်လာရင် နင်တို့လိုလူတွေကို တိုင်းပြည်ကနေနှင်ထုတ်ရင်ထုတ် မထုတ်ရင်သတ်ပစ်မယ် ရော့ ကိုယ်ဘာသာ ပြည့်တွေသေချာသုတ်စမ်း အမှတ်ပေးသူတွေလာရင် ငါလုပ်ပေးတဲ့ပြော အေး မပြောရင်နင်ရဲ့အသက်ရှင်ဖိုမမျှော်လင့်နဲ့"
ြပိုင်ပွဲပြီးဆုံး၍ အမှတ်ပေးသူတွေက ပန်းကို မိဖုရားအဖြစ်ရွှေးခြယ်လိုက်သည်။ အနူသည်ကြီးတွေက တကယ်အနူသည်ကြီးတွေမဟုတ်ပါဘူး။ အမှတ်ပေးသူတွေရဲ့ တပည့်တွေပါ။ထိုအကြောင်းကိုတော့ အမှတ်ပေးသူတွေဖုံးကွယ်ထားသည်။ ထိပ်ထားကတော့ ြပိုင်ပွှဲမှာရှုံးသွားေသာကြောင့် အမှတ်ပေးသူ ငါးဉီးကို အောက်လမ်းပညာနဲ့ပညာပေးပစ်သည်။
"မိဖုရားကြီး ကြွလာပါပြီး"
ပန်း ရဲ့ အဝတ်အစားတွေကပြောင်းလဲကုန်သည်။ မိဖုရားတစ်ယောက်လို ပြင်ဆင်ရတာကြောင့် သူမ စိတ်အနည်းကျဉ်းကျပ်မိရသည်။ ထိပ်ထား ရှုံးသွားတာကြောင့် သူမ အရမ်းပျော်မိရပါသည်။
"မိဖုရာကြီး ကျန်းမာပါစေ!!!"
ပြည်သူတွေရဲ့ ကောင်းချီးဩဘာကို သူမ အပြုံးလေးနဲ့ခံယူပါသည်။ ထိုစဉ် ဘုရင်ကြွလာသဖြင့် ပြည်သူတွေထပ်ပြီး အော်ဟစ် ဆုတောင်းသံတွေပျံနှံသွားရပါသည်။
"မင်းက ငါမိဖုရားပေါ့ အဟွန်း ငါမိဖုရားဖြစ်လာတဲ့ မင်းစိတ်ဆင်းရဲစေရမယ်"
ပန်း အလန့်တကြား သူရိန်ရဲ့မျက်နှာကို ကြည့်မိရပါသည်။ ဘာခံစားမှုမှမရှိတဲ့မျက်နှာကြောင့် သူမ ဝမ်းနည်းသွားရသည်။ပန်းရဲ့ အနားသို့ကပ်ပြီးပြောတဲ့စကားက မျော်လင့်မထားသောစကားဖြစ်နေတာကြောင့် အပြုံးလေးတွေပျောက်ကွယ်သွားရသည်။
မိုးမခ တစ်ယောက်ပြသာနာပေါင်းများစွာနဲ့ စိတ်ဆင်းရဲနေရသည်။ ကောက်ခံသောအခွန်ငွေတွေကို လမ်းမှာဓားပြတွေလုယူသွားသလို့ နယ်စပ်ဘက်ကနေ ချစ်ကြည်ရေးလာယူတဲ့ မင်းဒုံတိုင်းပြည်က လူတွေကို သူ့အမိန့်ကြောင့်သတ်ပစ်လိုက်တဲ့ဆိုသော သတင်းတွေကြောင့်ခေါင်းကိုက်ရသည်။
"တူတော် ဘာတွေဖြစ်ကုန်တာလဲ"
မသိတော့ပါဘူး ဉီးရီးတော်ကြီးရေ တူတော်ခေါင်းကိုဆင်နင်းပြီး"
"ဉီးရီးတော်ကြီး ကူညီရမလား"
"နေပါစေ တူတော် ပြသာနာ တူတော်ဘာသာဖြေရှင်းမယ် သေချာတာတစ်ခုက တူတော်ကို အကောက်ကြံနေပြီးပဲအဟွန်း အကောက်ကြံတဲ့လူက ဘယ်သူလဲဆိုတာသိလိုကတော့ သူအတွက်သေမင်းဆိုတဲ့အရာကိုမြင်တွေ့ရမယ်"
ဉီးရီးတော်ကို သေချာစိုက်ကြည့်ပြီးပြောပုံက လန့်စရာပါ။ဉီးရီးတော်ကြီးဆိုသူကလည်း မျက်နှာခဏပျက်သွားပေမဲ့ ချက်ချင်းထိန်းပြီး မိုးမခ အဆောင်ကနေထွက်သွားသည်။
"ပြောစမ်းပါအုံး မိဖုရားဖြစ်သွားပြီးဆိုတော့ ပျော်နေမှာပေါ့"
်"ရှင်ပဲ ဖြစ်အောင်လုပ်ခိုင်းတာလဲ အခုကြမှာ ဘာထပ်ဖြစ်တာတုန်း"
!!ဒုန်း! !
"အေမ့!!
မျက်နှာချင်းဆိုင် စကားပြောနေတုန်း သူရိန်ဒေါသတကြီး စားပွဲကို ရိုက်လိုက်တာကြောင့် ပန်း အလန့်တကြားအော်မိသည်။
"မင်းငါကို အရှင်သခင်လိုဆက်ဆံရမယ် ရိုင်းရိုင်းစိုင်းစိုင်းပြောပိုင်ခွင့်မရှိဘူး"
"ဒီမှာ ရှင်ကရိုသေအောင်နေရင် ကျွန်မရိုသေမှာပေါ့ "
"တိတ်စမ်း ငါကိုစကားတစ်ခွန်းမှမပြေယမိစေနဲ့ ပြောရင် လျာကိုဖြတ်ပစ်မယ်"
သူရဲ့ ခြိမ်းခြောက်သံကို ပန်း မကြောက်သော်လည်း သူ့ပြောင်းလဲနေတာကိုသတိထားမိသည့။ သူရဲ့ မျက်လုံးတွေက ဘုရင်ကြီးလို အသက်မဲ့နေတဲ့လိုခံစားမိသည်။ သူက ပန်းကိုချစ်တယ် သူရိန်မဟုတ်ကြောင်း ခဏအတွင်းသိလိုက်တာကြောင့် သူမ ငြိမ်နေပေးလိုက်သည်။
"အရှင် မင်းသမီးထိပ်ထား ကြွရောက်လာကြောင်းပါအရှင်"
"ဝင်ခဲ့ခိုင်းလိုက် မိဖုရာကြီး ကိုယ်အဆောင်ကိုပြန် ငါဒီနေ့ မင်းသမီးထိပ်ထားနဲ့စက်တော်ခေါ်မယ်"
"္ဒါဆိုရင် သူက မင်းသမီးနဲ့အတူအိပ်မယ်ပေါ့ အဲလိုမဖြစ်ရဘူး ငါရအောင်တားရမယ်"တွေးရင် ပန်း ဘေးနားက နှင်းဆီပန်းအိုး တမင်သက်သက်ခွဲပစ်ပြီး သူမ ခြေထောက်ကိုထိခိုက်အောင်လုပ်လိုက်သည်။
"ခွမ်းး အားး"
ပန်းအိုးကျကွဲသံနဲ့အတူ ပန်းရဲ့နာကျင်စွာအော်သံကြောင့် သူရိန်ပြာယာခတ်သွားသည်။
"မင်းအဆင်ခြင်မဲ့လာချည်းလား သမားတော်မြန်မြန်ခေါ် သွေးတွေအရမ်းထွက်နေပြီး"
"ကျွန်မ ဘာမှမဖြစ်ပါဘူး အရှင် သမားတော်မခေါ်ပါနဲ့ အဆောင်ရောက်ရင် ကိုယ်ဘာသာဆေးထည့်လိုက်ပါမယ် မင်းသမီးထိပ်ထားနဲ့စက်တော်ခေါ်ပါ အရှင်"
ပန်း နူညံသိမ်မွေ့စွာပြောရင် သွေးပေနေတဲ့ ခြေထောက်ဖြစ် အခန်းထဲကိုထွက်ခဲ့သည်။ ပန်းရဲ့ပါးပြင်ပေါ်က မျက်ရည်တွေအဆက်မပြတ်ကျနေလျက်ပါ။ ခြေထောက်နာတာကြောင့် နှလုံးသားက နာတာကြောင့်လား မသိပါ။ သူများ တားမြစ်မလားဆိုပြီး ပန်း မျှော်လင့်မိသော်လည်း တားမြစ်သံကထွက်မလာပါ။ထို့ကြောင့် ပန်း နှုတ်ခမ်းကိုက်၍ အခန်းအပြင်ရောက်ဖို့ အားတင်းစွာလျောက်မိသည်။ထိုအချိန် ပန်းရဲ့ကိုယ်ကို တစ်စုံတစ်ယောက်ပွေ့ချီလိုက်သည်။ ဘယ်သူလည်းဆိုတာသိနေတာကြောင့် ပန်း မျက်ရည်များနဲ့ပြုံးမိသည်။
"အခြွေရံတွေ မင်းသမီးထိပ်ထားကို သူ့အဆောင်ပြန်ပို့လိုက်ပါ"
"အရှင် ဘာကြောင့်ပြန်ခိုင်းတာလဲ အရှင်ပဲဆင့်ခေါ်ခိုင်းပြီးတော့"
"တောင်ပန်းတယ် ငါအခန်းကနေ တစ်ယောက်မကျန်အကုန်ထွက်သွားကြ!!
သူရိန်ရဲ့ စကားသံအဆုံးမှာ အားလုံးကထွက်သွားကြသည်။ ထိပ်ထားကတော့ စိတ်ထဲကနေ သူရိန်ကို ခိုင်းစေပေမဲ့ သူရိန်က ဘာမှမဖြစ်တာကြောင့် တောက် ခေါက်ပြီးပြန်ခဲ့သည်။
သူရိန် ပန်းရဲ့ကိုယ်ကို ကုတင်ပေါ်တင်ပြီး သွေးထွက်နေတဲ့ခြေဖဝါးနုနုလေးကို အဝတ်စဖြူဖြူနဲ့ သုတ်ဖို့ပြင်တော့
"ရပါတယ် အရှင့် နှမတော်ဘာသာလုပ်ပါမယ်"
"မလုပ်နဲ့ ငါလုပ်ပေးမယ် နောက်ဆိုရင် ကရုစိုက်ပါ သွေးတွေအရမ်းထွက်နေပြီး အရမ်းနာလား"
သူ့အမေးကို ပါးစပ်နဲ့မဖြေဘဲ ကလေးငယ်တစ်ယောက်လို ခေါင်းခါပြမိသည်။
ဒီလောက်သွေးတွေထွက်နေတာကို မနာဘူးပြောသေးတဲ့ ဟိုစားပွဲကမင်းယူလာတဲ့ ဆေးလား "
"ဟုတ်တယ် အရှင် သွားယူပေးပါလား ကျွန်မဘာသာထည့်လိုက်ပါမယ်"
သူရိန်က သူမကို ဘာမှမပြောဘဲ ဆေးထုပ်ကိုယူပြီး
"ဘယ်ဆေးထည့်ရမလဲ"
"ကျွန်မ ဘာသာထည့်ပါမယ်"
"ကျစ်.. ငါထည့်ပေးမယ် မေးတာကိုသာဖြေ"
"အစိမ်းရောင်မှုန့်ကို ထည့်ပေးပါ"
"ဟုတ်ပြီး ဒီဆေးကရော့"
"အဲဒီဆေးက မထည့်ရဘူး"
"မင်းမှာ တစ်ခါတည်း ဒဏ်ရာပါပျောက်ပြီးပုံမှန်အတိုင်းပြန်ဖြစ်တဲ့ ဆေးမရှိဘူးလား"
သူ့အမေးကို သူမ ခေါင်းငုတ်၍ ပါးစပ်ကို လက်နဲ့အုပ်ပြီးရယ်မိရပါသည်။
"ဘာရယ်တာလဲ"
"အရှင် အမေးကိုရယ်ချင်တာပါ အရှင်ပြောတဲ့ဆေးသာ ကျွန်မမှာ ရှိနေရင် စစ်ပွဲထဲကလူတွေမသေဘဲ အသက်ရှင်နေလောက်ပြီး"
"ဟုတ်သာ ကဲ့ဆေးတော့ထည့်ပြီးပြီး ဒီည မင်းဒီမှာအိပ်ရမယ် တစ်နေရာကိုသို့ချင်တာတို့ တစ်ခုခုကိုယူချင်တာတို့ရှိရင် ငါကိုပြော တစ်ယောက်ထဲ လမ်းလျောက်ပြီးသွားမယူမိစေနဲ့ အခုအိပ်တော့"
သူအိပ်ခိုင်းသော်လည်း သူမ မအိပ်တာကြောင့် မျက်မှောင်ကြုံ့ပြီးကြည့်တော့ သူမက ချင်ချင်း
"ရေသောက်ချင်လို့ပါ ယူပေးနိုင်မလား"
"ရော့ သောက်ပြီးအိပ်တော့"
သူ့စကားအတိုင်း သူမ ရေသောက်ပြီး ဆံပင်မှာထုံးဖွဲ့ထားတဲ့အရာတွေဖြုတ်၏။
မင်းတို့မိန်းမတွေ တော်တော်အလုပ်ရှုပ်တာပဲ အပြင်ကတစ်ယောက်လောက် မိဖုရားကိုလာပြင်ဆင်ပေးလိုက်"
သူ့ အမိန်သံအဆုံးမှာ အစေခံမှာလေး ကြောက်ကြောက်လန့်လန့်ရောက်လာ၍ ပန်း ခေါင်းပေါ်ကအရာတွေဖြုတ်ပေးသည်။သူရိန် ကတော့ ကုတင်ပေါ်မှာအိပ်နေသည်။ ပန်းလည်း အကုန်လုပ်ဆောင်ပြီးသည်နှင့် ကုတင်ပေါ်မှာလှဲအိပ်သည်။ အစေခံမလေး လည်း အပြင်သို့ပြန်ထွက်သွားသည်။
ပန်း သူရဲ့ချောမွေ့တဲ့မျက်နှာကို ငေးကြည့်နေတုန်း ရုတ်တရက် ရင်ခွင်ထဲဆွဲထည့်ခံလိုက်ရတာကြောင့် ရုန်းမိ၏။သိုသော် သူရိန်က "မင်းကို ရင်ခွင်ထဲအိပ်ချင်လိုငြိမ်ငြိမ်နေ ရုန်းရင်နောက်တစ်ဆင့်တက်မယ်နော်"တဲ့ ပန်း လည်း ရုန်းနေတာကနေ ငြိမ်ကျသွား၍ သူရင်ခွင်နွေးနွေးလေးကနေ သူရဲ့မျက်နှာကိုမော့ကြည်မိသည်။သူကတော့ မျက်လုံမဖွင့်ပါ အချိန်တွေအရမ်းကြာတော့ ပန်း မျက်လုံးလေးမေးစင်ပြီး သူရင်ခွင်မှာပါးအပ်၍အိပ်ပျော်သွားသည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်