လူမိုက်ကြီးရဲ့နှလုံးသား
သူရိန် ရေချိုးပြီးသောအခါ သိုးမွှေးမျက်နှာသုတ်ပုဝါကြီးကို ခါးအောက်ပိုင်းကပတ်ခဲ့၍ အိပ်ဆောင်ထဲ့သို့လာခဲ့သည်။ မျက်လုံးက ရေစိုနေသော ကြမ်းပြင်တစ်လျောက်ကိုကြည့်ပြီး သူ့ပြုံးလိုက်သည်။ ခုတင်အောက်အထိ ရေစိုနေသောကြောင့် သူမ ခုတင်အောက်မှာဆိုတာ သူ့သိလိုက်သည်။
"အဟမ်း ပုန်းနေရင်ထွက်ခဲ့နော် မိရင်တော့မလွယ်ဘူး"
"ဟွန့် ထွက်စရာလား ငါကို အနိုင်ကျင့်တာကို လုံးဝမထွက်ဘူး"
ခုတင်အောက်က ပန်း နှုတ်ခမ်းကိုလှလှလေးမဲ့ပြီး တီတိုးရေရွတ်သည်။ သူ့မိသွားမှာကိုလည်း သူမ ရင်တွေအခုန်မြန်ပြီးကြောက်လန့်ရပါသည်။
"အေ ထွက်မလာဘူးပေါ့ မိရင် မလွယ်ဘူးနော် "
သူရိန် အဝတ်စားမလှဲသေးပဲ ခုတင်ပေါ်တြဲလျားချပြီး ထိုင်နေသည်။ အဝတ်စားမဝတ်ထားသဖြင့် ဖွေးဖြူဝင်းဝါသော ရင်အုံးကျယ်ကျယ်က မိန်းမပျိုတိုင်းကို ရင်ခုန်စဖွယ်ပါ။ မျက်ခုံးမွှေးထူထူကြီးကလည်း ယောကျာ်းတန်မဲ့ လှလျက်ပါ။
"တစ်ကနေ သုံးအထိ ရေတွက်မယ် အဲဒီအခါမှာထွက်မလာရင် အပြစ်အကြီးကြီးပေးခံရမယ် စရေပြီးပြီးနော် တစ်...နှစ်..ထွက်လာသင့်ပြီးနော်"
ဟွန့် လုံးဝထွက်မလာဘူး အအေးပတ်ပြီးသေရင်လည်း အသေခံလိုက်မယ်"
"သုံး...ကဲ့အချိန်စေ့တာတောင် နည်းနည်းလေးမှအလေးမထားတဲ့ သူကို အပြစ်ကြီးကြီးပေးရမယ် ပြောပြီး ခုတင်အောက်ထဲ လက်ထည့်ပြီး ပန်း ရဲ့ ခြေဖဝါးအိအိလေးကို လှမ်းဆွဲသည်။ပန်း လည်း ခြေဖဝါးကို လက်အေးအေးကြီးနဲ့အဆွဲခံလိုက်ရသဖြင့် အလန့်တကြားအော်မိရသည်။
"်အမေ့!!!
"အမေတွေ အဖေတွေလုပ်မနေနဲ့ ဘာတက်နိုင်သေးလဲဟင်"
ပန်း ကို ခုတင်အောက်နေဆွဲထုတ်၍ မျက်နှာချင်းဆိုင်အောင်လုပ်၍ ခါးကိုတင်းကျပ်နေအောင်ဖက်ထားတာကြောင့် ပန်းမျက်နှာလေး ရဲတွက်နေသည်။ သူရိန်က မျက်ခုံးပင့်လျက်ပြောပုံက အသဲယားစဖွယ်ပါ။
"ဘာမှမတက်နိုင်မှန်းသိပါတယ် ကျွန်မ ကိုလွှတ်"
ဘာလို ငါခေါ်တုန်းက ထွက်မလာတာလဲ "
"ထွက်လာတော့ရော့ ရှင်က ကျွန်မကို အလွတ်ပေးမှာမို့လို့လား"
မပေးဘူးဆိုတဲ့ သဘောဖြင် သူရိန် ခေါင်းခါပြ၏။ပန်း ကသူ့ခေါင်းခါပြတာမြင်တော့ မျက်စောင်းထိုးပစ်သည်။ ထိုအခါ သူရိန်က အသဲယားသလို့ နှုတ်ခမ်းနဲ့သွားကိုက်မိသည်။
"မင်း မျက်စောင်းအရမ်းထိုးတဲ့နော်"
"ဘာဖြစ်လဲ ကျွန်မ မျက်လုံးနဲ့ကျွန်မ ထိုးတာပဲ"
"အရမ်းစွာနေပါလား ဒီအချိန်မှာ တောင်ပန်းရင်တောင် ခွင့်လွှတ်ပေးအုံးမယ်"
သူမ မတောင်ပန်းနိုင်ဘူးဆိုတဲ့ မျက်နှာဘေနဲ့ကြည့်တော့ သူရိန်ရဲ့စိတ်တွေ မထိန်းနိုင်တော့ဘဲ သူမရဲ့ လည်တိုင်ဝင်းဝင်းလေးနမ်းမိသွာသည်။ ပန်း ကထုံးစံအတိုင်းအတင်းရုန်းကန်းလျက်ပါ။ သူရိန်ကလည်း မကြိုက်လေ ပို၍နမ်းဆိုတဲ့အတိုင်း အနမ်းတွေကိုမရပ်ပစ်ပါ။
ကျွန်မကို မနမ်းနဲ့ ကျွန်မ မကြိုက်ဘူး"
"ငါကြိုက်တယ် မင်းကိုငါအရမ်းလိုအပ်နေတဲ့ ဆို၍ သူမအတင်း ရုန်းကန်းနေတဲ့ကြားက ကြမ်းတမ်းတဲ့အနမ်းတွေနဲ့သူမကို နောက်ထပ်တစ်ချိန် သိမ်းပိုက်မိပြန်သည်။
"မယ်တော်ကြီး ပြိုင်ပွဲပြီးတော့မယ်နော် "
"အင် အိမ်ရှေ့စံလည်း ဘုရင်ရာထူးကို ဆက်ခံပြီးပြီးဆိုတော့ မိဖုရားတစ်ယောက်ကို အမြန်ဆုံးရွှေးချယ်ရမယ်လေ"
"မယ်တော်ကြီးက ဘယ်မင်းသမီးကိုနှစ်သက်လဲ"
"ပြောစရာလိုသေးလို့လား "
"ထိပ်ထားလေးလား"
"ဒါပေါ့ ထိပ်ထားလေးကို ကျွန်မ အရမ်းချစ်တယ် သူကို့မိဖုရားရာထူးပေးချင်တယ်"
"မယ်တော်ကြီး ဖြစ်ချင်သလိုဖြစ်လာမှာပါ"
အခြွေအရံရဲ့ စကားကြောင့် မယ်တော်ကြီးမျက်နှာပြုံး၏။သို့သော် မျက်လုံးတွေက အသက်မဲ့သလိုခံစားရသည်။မယ်တော်ကြီးကို ထိပ်ထားကအမြင့်ဆုံးအဆင့်ဖြစ်ပြုစားထားတာပါ။သူ့ပြောချင်တာတွေကို မယ်တော်ကြီးရဲ့နှုတ်ကထွက်အောင် စေခိုင်းနေခြင်းဖြစ်သည်။ ပြိုင်ပွဲမင်းသမီးအာစလုံးကို ထိပ်ထားက ပြုစားပြီးသာ ဒါပေမဲ့ ပန်းကို ပြုစားလို့မရပါ။ ဘာကြောင့်လဲဆိုတာကိုတော့ အဖြေရှာနေတုန်းပါ။
"တူတော် အခု မင်းအကိုတော်က ဘုရင်ဖြစ်သွားဆိုတော့ တူတော်က သာမန် မင်းသားတစ်ပါးအနေဖြင့်နေသွားတော့မယ်ပေါ့"
"တူတော်အတွက် စိတ်မပူပါနဲ့ ဉီးရီးတော်ကြီးသာ စစ်သူကြီးရာထူးကနေ ပယ်ရှားခံလိုက်ရလို့
ဆုလာဘ်တွေမရတာကိုပဲပူပင်နေပါ"
"ဟားး တူတော် ပြောင်းလဲနေပါလား "
"ပြောင်းလဲတဲ့ အဟက်"
မိုးမခရဲ့ ခြောက်ကပ်ကပ်ရယ်သံကြောင့် ဉီးရီးတော်ကြီးဆိုတဲ့လူ အထူးအဆန်းဖြစ်မိရသည်။ မိုးမခက ဘယ်တုန်းကမှအဲလိုပုံစံမဖြစ်ခဲ့တာကြောင့် ပါ။
"တူတော် ဘာကြောင့်ပြောင်းလဲရတာလဲ"
"ဉီးရီးတော်ကြီးကရော့ ဘယ်လိုထင်လဲ"
မျက်ခုံးပင့်၍ ပြန်မေးတဲ့လေသံက အနည်းငယ်မာလှသည်။
"တူတော်ရဲ့စိတ်ကို မခန့်မှန်းတတ်ဘူး ဒါပေမဲ့ တူတော်ပြောင်းလဲနေတာ ဘုရင်ကြီးနတ်ရွာစံကတည်းကပဲ"
"အမှန်ပဲ"
"တူတော် အဲလိုဖြစ်စေချင်ခဲ့တာမဟုတ်လား"
"ခွမ်းး"
မိုးမခ သောက်နေတဲ့အရက်ခွက်ကို ခွဲပစ်လိုက်သည်။ထိုနောက် စူးရှတဲ့အကြည့်နဲ့
အဲဒါလိုဖြစ်စေချင်ခဲ့တာ ဉီးရီးတော်ကြီးပါ တူတော်အခုကစပြီး ဘုရင် မဖြစ်ချင်တော့ဘူး အဲဒီ ဘုရင်ဖြစ်ချင်တဲ့စိတ်ကြောင့် ကိုယ်အဖေအရင်းကိုတောင် ပြန်သတ်ဖို့ကြံစည်မိတယ် ဒါကြောင့် တူတော် ဘုရင်နေရာကိုမလိုချင်ဘူး ဉီးရီးတော်ကြီးနဲ့လည်း မပတ်သက်ချင်တော့ဘူး"
"တူတော်အရမ်း မူးနေလိုဒီလိုစကားတွေပြောနေတာမှတ်လား ဉီးရီးတော်ကြီး သူရိန်ကို လုပ်ကြံဖိုစီစဉ်ပြီးပြီး အဲဒီအရာလုပ်ဆောင်ပြီးရင် တူတော်က ဘုရင် ဖြစ်တော့မှာ"
"ဉီးရီးတော်ကြီးက အကြံပက်စက်တာပဲ အကိုတော်ကို လုပ်ကြံဖိုစီစဉ်နေတဲ့ဆိုရင်ရပ်လိုက်ပါ ဒါသတိပေးခြင်ပါ ဆို၍ ဉီးရီးတော်ကြီး အဆောင်ကနေထွက်ခဲ့သည်။
မင်းသတိပေးတိုင်း ငါကကြောက်စရာလား မင်းကထီးနန်းကိုမလိုချင်ပေမဲ့ ငါကလိုချင်တဲ့ ဒါကြောင့် ထီးနန်းကို ငါပဲပိုင်ဆိုင်စေရမယ် ဟားးး ငါလုပ်သမျှအားလုံး မင်းကအမည်ခံရမယ် ဟားး"
ဉီးရီးတော်ကြီး အကြံပစ်စက်မှုက တကယ်နတ်ဆိုးတစ်ပါးပါပဲ။
သူရိန် မျက်လုံးဖွင့်တာနဲ့ ရင်ခွင်ထဲမှာအိပ်နေတဲ့ ပန်း ကို ပြုံးလျက်ကြည့်နေသည်။ကြည့်နေရင်နဲ့ အသဲယားလွန်သဖြင့် သူမရဲ့ပါးပြင်အိအိလေး သူရဲ့နှာခေါင်းချွန်ချွန်လေး နစ်ဝင်အောင် နမ်းရှိုက်သည်။ထိုနောက် ပြုံး၍
မင်းရဲ့ပါးပြင်လေးက ငါကိုစွဲလမ်းစေတဲ့ နမ်းမဝဘူးကွာ မင်းဘာကြောင့် ဒီလောက်တောင်လှနေရတာလဲ နှုတ်ခမ်းရဲရဲလေးကို ကြည့်မိရင် ငါရင်တွေအရမ်းခုန်တဲ့ကွာ ပြီးတော့ မင်းရဲ့မျက်စောင်းက ငါကိုကြည်နူးစေသလို အသဲယားစေတဲ့ကွာ တောင်ပန်းပါတယ် မင်းအလိုမတူဘဲ ထပ်သိမ်းပိုက်မိလို့ မင်းကိုမြင်တိုင်း ငါစိတ်တွေထိန်းချုပ်ဖို့ အရမ်းခက်လွန်တဲ့ကွာ အဲဒါအချစ်ဆိုရင် ငါမင်းကိုချစ်နေမိပြီးထင်တယ် အရင်တုန်းက ရန်သူခေါင်းကို သတ်ဖြတ်ရတာနှစ်ခြိုက်ပေမဲ့ မင်းရဲ့နှုတ်ခမ်းကို နမ်းရတာလောက်တော့မနှစ်သက်ဘူးကွာ ဟီး ငါအနားကနေထွက်မသွားပါနဲ့ကွာ"ဆို၍ သူမကို တင်းကျပ်စွာဖက်ထားမိရပြန်သည်။သူဖက်ထားလွန်လို့ထင်တယ် သူမ ရန်တွေသံလေးပေါ်လာသည်။
"အသက်ရှုကျပ်တဲ့ ဘာလိုဒီလောက်ဖက်ရတာလဲ "
"နိုးပြီးလား"
"မနိုးပဲနေမလား လူကို အသက်ရှုကျပ်အောင်ဖက်ထားတာကို့ လွတ်!!!!"
"ဘုရင်ကို အော်တဲ့ကြံ ခေါင်းဖြတ်ခံချင်ပြီးလား"
"ဖြတ်ချင်ရင်လည်း မြန်မြန်ဖြတ်ပစ် သေတာကမှာအေးသေးတဲ့ အခုတော့ စိတ်ဆင်းရဲရတဲ့"
သူမရဲ့စကားကြောင့် သူဘဝမှတစ်ခါမှမဖြစ်ဘူးတဲ့ နာကျင်ခြင်းတစ်ခု ခံစားလိုက်ရသည်။ထိုကြောင့် ဖက်ထားတဲ့ သူရဲ့လက်ကိုဖြေလျော့ပေးလိုက်သည်။
ပန်းကလည်း သူရင်ခွင်ထဲကနေရုန်းထွက်ပြီး သိမ်းပိုက်တာကိုဒေါသထွက်ပြီး ခေါင်းအုံးနဲ့ တဘုန်းဘုန်းထုရိုက်သည်။
"ဟာ နာတဲ့ကွာ"
"လှဲသေလိုက် ကျွန်မကို ရှင်နောက်တစ်ခါအဲလိုလုပ်ကြည့် တကယ်အသက်ချင်းလှဲပစ်မယ်"
"ခြိမ်းခြောက်တာကလည်း ကြောက်စရာကြီးပါလား အပျိုလေးလို ဒေါသထွက်မနေစမ်းပါနဲ့ ဒါပထမဆုံးအကြိမ်လည်းမဟုတ်တော့ဘဲနဲ့"
"အောင်မာ လူးပါးဝလို့ ရှင်ကလေး အရမ်းမုန်းဖို့ကောင်းတာပဲ "
"အဲဒီလောက်ထိ ငါကို ချစ်ကြောင်းပြောမနေနဲ့"
"ရှင်နားပါမကြားရတော့တာလား ရှင်ကိုမုန်းကြောင်းပြောနေတာလေး"
"ငါအခုပဲ ဆုံးဖြတ်ချက်ချလိုက်ပြီး"
သူမ ပြောနေတာကတစ်ခြား သူပြောတာကတစ်ခြားဖြစ်နေသည်။
"ရှင်က ဘာကို ဆုံးဖြတ်ချက်ချတာလဲ"
"ပြိုင်ပွဲလုပ်နေတာရပ်ပြီး မင်းကိုပဲ ငါမိဖုရားအဖြစ်တင်မြှောက်ဖို့"
"ရှင် အရူးမထနဲ့နော် တစ်ခြားတိုင်းပြည်က မင်းသမီးတွေ အမျက်တော်ရှလိမ့်မယ်"
"ရှချင်တာ ရှကွာ မကျေနပ်လို စစ်ခင်းရင်လည်း ပြန်တိုက်ရုံပဲ မင်းကို ငါမခွဲနိုင်ဘူး အရမ်းချစ်တယ်"
သူရိန် ချစ်တယ်ဆိုတဲ့ စကားကြောင့် ပန်း ခဏတာ ငြိမ်ကြသွားရသည်။သူရိန်က သူမ ငြိမ်နေတာကိုအခွင့်ကောင်းယူ၍ ပါးပြင်ကိုနမ်းရှိုက်လိုက်သည်။
"ဟာ ရှင်ဘာလုပ်တာလဲ "
"ချစ်လို နမ်းတာလေးကွာ လက်နဲ့သုတ်ဖို့မစဉ်းစားနဲ့ အေ သုတ်ရင် ဒီထက်ပိုနမ်းပစ်မယ်"
ပန်း သုတ်ဖို့ပြင်နေတဲ့ လက်ကိုပြန်ချမိရသည်။ထို့နောက် သူမ ရေချိုးတဲ့နေရာသို့ အမြန်ပြေးလာခဲ့သည်။
ထိပ်ထား ဘုရင်ရဲ့သွေးကို ယူဖို့ကြံနေရသည်။ သွေးကို ရရင် သူ့ထိန်းချုပ်လိုရပြီးလေ ဒါကြောင့်ပါ။ မိဖုရားရွှေးတဲ့ပြိုင်ပွဲကလည်း တစ်ဖြည်းဖြည်းခက်လာပေမဲ့ သူကတော့ပွဲတိုင်းကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
"အရှင် မဂ်လာပါ"
"မင်းသမီးထိပ်ထားပါလား မယ်တော်ကြီးဆီလာတာ ထင်တဲ့"
"ဟုတ်ကဲ့"
"ငါနဲ့စကား ခဏပြောရအောင်လား"
"ဟုတ်ကဲ့ပါ အရှင်"
ပန်းပေါင်းစုံရဲ့ ရံနံကြိုင်လှိုင်၍လှပလျက်ရှိတဲ့ ပန်းဉယျာဉ်က နန်းတော်ကြီးကို ပိုပြီးတင့်တယ်စေသည်။ ပန်းဉယျဉ် အလယ်ရဲ့အဆောင်မှာ သူရိန်နဲ့ထိပ်ထား စကားလက်ဆုံပြောဖြစ်သည်။
"မင်းသမီးထိပ်ထားကို ကျေးဇူးတင်ပါတယ်"
"အရှင်က အကြောင်းအရာမရှိဘဲကျေးဇူးတင်နေပါလား"
"စကားပြောလောသွားတဲ့ ခမည်းတော်ကြီးကိုပြုစုခဲ့လိုကျေးဇူးတင်ကြောင်းပြောတာပါ"
်"အဲဒီအတွက်ကျေးဇူးမတင်ပါနဲ့ အရှင် ကျွန်တော်မျိုးမက ခမည်းတော်ကြီးကိုချစ်ခင်လွန်လို့ပြုစုတာပါ"
"သိပါတယ် ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ"
သူတို့နှစ်ဉီး စကားပြောနေတာကို ပန်းဉယျာဉ်ရဲ့ အကွယ်တစ်နေရာမှာ မြင်နေတဲ့ မိန်းကလေးကမကျေနပ်စွာ ထိုနေရာက လှည့်ထွက်ခဲ့သည်။ထိုသူ တစ်ခြားသူမဟုတ်ပါ ပန်းခက်ဆူးဆိုတဲ့ သူမပေါ့။
"ွဟွန့် ကလက်ဆီ နင်သခင်ကလည်း အရမ်းစိတ်တိုဖို့ကောင်းတဲ့သိလား" သူ့ပြောတော့ ငါကိုအရမ်းချစ်တယ်တဲ့ အခုတော့ မင်းသမီးထိပ်ထားနဲ့ ဉယျာဉ်ထဲမှာစကားပြောနေတာ ဒါလား ငါကိုချစ်တာ "
ကလက်ဆီက ထောကျခံတဲ့သဘောဖြစ် ခေါင်းငြိမ့်ပြတော့ ပန်း လက်သီးဖွဖွနဲ့ ကလက်ဆီ ခေါင်းကိုထုမိသည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်