book

Index 10

အပိုင်း(၁၀)

လူမိုက်ကြီးရဲ့နှလုံးသား


"အားလုံးပဲ အကူအညီမပါဘဲ ချက်ပြုတ်ရမယ်နော် စည်းကမ်းတွေကိုဖတ်ပြပြီးပြီးဆိုတော့ စချက်လိုရပြီး "


အပျိုထိန်းတော်ကြီး စကားအဆုံးမှာ မင်းသမီးအားလုံးချက်ပြုတ်ကြသည်။ပန်းကတော့ ပြိုင်ပွဲကိုအကောင်းဆုံးပြိုင်ဖို့ ဆုံးဖြတ်လိုက်ရပါသည်။ ညက အဖြစ်အပျက်ကိုပြန်တွေးမိ၏။


မင်းကငါရဲ့အသက်သခင်ပဲ ငါအနားကနေမင်းကိုဘယ်မှသွားခွင့်မပြုနိုင်ဘူး ပြီးတော့ ငါမှာရန်သူတွေအများကြီးပဲ ငါဘက်မှာ ဘယ်သူမှမရှိဘူး ညီတော်ကလည်းငါကို မုန်းနေတာ ငါရဲ့မိခင်အရင်းဖြစ်တဲ့ မယ်တော်ကလည်း ချန်ထားခဲ့ပြီး အခုခမည်းတော်ကိုသတ်ဖို့ကြံစည်ပြန်ပြီး မင်းသာငါအနားမှမရှိရင် ဒီတိုင်းပြည်ကလူတွေအကုန်လုံးကို ရက်စက်စွာသတ်ဖြတ်နေလောက်ပြီး ငါအနားကနေထွက်မသွားပါနဲ့ကွာ "


ပန်းကို ဖက်ထား၍ပြောနေတဲ့ သူ့စကားတွေကြောင့် ပန်း သူ့အနားကနေထွက်မသွားဖို့ ဆုံးဖြတ်မိရပါသည်။ဒီလိုဆုံးဖြတ်ရတာကလည်း သူ့ကြောင့်အပြစ်မဲ့တဲ့လူတွေကို မသေစေချင်လို့ပါ။သူရဲ့ဒေါသကို ထိန်းချုပ်နိုင်တဲ့လူက သူမဆိုတာကိုကောင်းကောင်းနားလည်သွားလို့ပါ။ပန်းအတွေးကို အဆုံးသတ်ပြီး အစာအစားကို ကျန်းမာရေးနဲ့ ညီညွတ်စွာချက်ပြုတ်မိရပါသည်။


"အချိန်စေ့ပြီး မင်းသမီးတို့ပြင်ဆင်ထားတဲ့ င်းပွဲတွေကို စားပွဲမှာတင်ထားပေးပါ"


မင်းသမီး အားလုံးစားပွဲပေါ်ကို တင်ထားလိုက်၏။အမှတ်ပေးမဲ့ သူငါးဉီးက ဟင်းရာတွေကိုမြည်းကြည့်ကြသည်။သို့သော် ပန်းရဲ့ဟင်းပွဲကိုမြည်းရမှာကြောက်နေကြ၏။


"ဟိုမင်းသမီး ဟင်းပွဲကို မင်းအရင်မြည်းနော်"


"ဟာ မင်းပဲမြည်းကွာ အိမ်ရှေ့မင်းသား ေခါ်ပြောကတည်းက အဲဒီမင်းသမီးလက်ရာ မကောင်းမှန်းသိသာနေပြီး "


"အငြင်းပွားမနေကြနဲ့တော့ တစ်ပြိုင်ထဲအတူတူမြည်းကြမယ် မကောင်းလည်း မျက်နှာမပျက်စေနဲ့နော် အရမ်းကောင်းသလို နေပြရမယ်"


သူတို့ ၅ဉီး ပန်းရဲ့ ဟင်းပွဲကိုမြည်းကြည့်တော့ လက်ရာကောင်းမွန်တာကြောင့် စားမဝဖြစ်ရပါသည်။ပန်း ကလည်း စိတ်လှုပ်ရှားစွာ အကဲခတ်နေမိရ၏။ အမှတ်ပေးတဲ့လူ၅ဉီးက ကြိုက်နှစ်သက်ကြောင်းတွေ့မှာ သူမ သက်ပြင်းချမိရသည်။


"ကဲ့အားလုံး အနားယူကြပါ ဘယ်သူကဒီပြိုင်ပွဲထုတ်ရမလဲဆိုတာကို ညနေလောက်မှာ ပြန်ပြောမယ် အခုတော့ မင်းသမီးအားလုံးပင်ပန်းထားတာကြောင့် အနားယူပါ"


ပြိုင်ပွဲက ပြီးသွားသော်လည်း မင်းသမီးတွေအကုန် စိတ်လှုပ်ရှားစွာ အဖြေကိုစောင့်မျှော်ရအုံးမည်။


"မင်းသား စစ်သူကြီးရောက်လာပါပြီ"


"ဝင်ခဲ့"


"တူတော် ဘာအကြောင်းကြောင့် ဉီးရီးတော်ကို ေခါ်တာလဲ"


"ဒီအကြောင်းအရာကို တူတော်နဲ့ဉီးရီးတော်ဆိုတဲ့ဆွေးမျိုးစပ်တာခဏရပ်ပြီး စစ်သူကြီးနဲ့ အိမ်ရှေ့မင်းသားတို့ ဆက်ဆံရေးပဲပြောကြတာပေါ့ "


"ဟုတ်ကဲ့ပါ မင်းသား"


"မနေ့ညက လုံခြုံရေးပေါ့ဆလွန်တဲ့ လုံခြုံရေးတိုးချဲ့ပါ တာဝန်ပေါ့လျော့တဲ့အတွက် စစ်သူကြီးရာထူးကနေနုတ်ထွက်ပါ"


"တူတော် မဟုတ်ပါဘူး မင်းသား ငဲ့ညာပေးပါ"


"ပြောပြီးသာစကားကိုနှစ်ခါမပြောဘူး ​ သွားလို့ရပြီး"


သူရိန် ရဲ့စကားကြောင့် ဉီးရီးတော်ကြီးမျက်နှာပျက်ယွင်းသလို စိတ်တွေတိုရသည်။သူရိန်ကတော့ အဆိပ်ခတ်တဲ့လူကိုရှာဖွေစီစဉ်ရပါသည်။


ထိပ်ထား စိတ်လှုပ်ရှားစွာ ဘုရင်ကြီးနတ်ရွာစံတဲ့ သတင်းကိုမျှော်နေပါသည်။ထိုအချိန် ရဲမက်တစ်ဉီးက ဘာစကားပြောလိုလဲမသိဘူး ဒေါသထွက်စွာ ထိုရဲမက်ကိုအော်ပြီး အပျိုဆောင်သို့ပြန်လာခဲ့၏။ အပျိုဆောင်တွင် လူစစ်နေတာကြောင့် ထိပ်ထားပျောက်နေလို့ အပျိုထိန်း ဒေါသတွေထွက်နေရပါသည်။ 


"မင်းသမီးထိပ်ထား ဘယ်တွေသွားနေတာလဲ"


"လေညင်းသွားခံတာပါ"


"အပျိုဆောင်ကနေ ဘယ်မှသွားခွင့်မရှိဘူး ဒါစည်းကမ်းပဲ နောက်တစ်ခါချိုးဖောက်ရင် ကိုယ်တိုင်းပြည်ကိုယ်ပြန်ရမယ်"


"ဒီမှာ ရှင်အဆင့်ကအထိန်းတော်အဆင့်နော် ကျွန်မလို မင်းသမီးတွေကို မာရေကျောရေလာမပြောနဲ့"


အထိန်းတော်ကြီး မျက်နှာပျက်သွားရသလို့ စိတ်လည်းတိုမယ်ထင်ပါသည်။ တစ်​ခြားမင်းသမီးတွေကလည်း အထိန်းတော်ကြီးအပြောခံရလို ကျေနပ်ကြသည်။


"ဘာတွေဖြစ်နေကြတာလဲ"


"မယ်တော်ကြီး "


"မင်းသမီးထိပ်ထားလေး ဘာ​ပြောချင်လိုလဲ"


"ဒီအထိန်းတော်ကြီးကို မြင်းချီးကျုံးတဲ့နေရာမှာထားပေးပါ အရမ်းကြမ်းတမ်းတဲ့"


မင်းသမီးထိပ်ထားလေး ကျေနပ်အောင် မယ်တော်ကြီး လုပ်ဆောင်ပေးပါမယ်ကွယ် အထိန်းတော်ကြီး အခုချက်ချင်း မြင်းချီးကျုံးတဲ့နေရာမှာ သွားနေစေ"


"မယ်တော်ကြီး ကျွန်တော်မျိုးမ ကို သနားတော်မူပါ"


."သနားစေချင် ထိပ်ထားမင်းသမီးကို ဒူးထောက်ပြီး တောင်ပန်းလိုက်လေ"


"မယ်တော်ကြီး"


."မတောင်ပန်းနိုင်ရင် ချက်ချင်းမြင်းချီးသွားကျုံးစေ"


အထိန်းတော်ကြီးက မျက်နှာပျက်၍ မြင်းဇောင်းထဲသို့သွားလေ၏။ထိပ်ထားကတော့ အထိန်းတော်ကြီးကို အောက်လမ်းနဲ့ပြုစားဖို့ ဆုံးဖြတ်လိုက်၏။


ပန်း ပြိုင်ပွဲရဲ့အဖြေကို သိတာကြောင့်ပျော်မိရ၏။ သူရိန်ကိုလည်း ပြောပြရန် ပြင်သော်လည်း သူ သိပြီးနေပြီးလို့ တွေးမိတာကြောင့် ကလက်ဆီ ဆီသို့ လာခဲ့၏။


"ကလက်ဆီ နေကောင်းရဲ့လား ငါကိုသတိမရဘူးလားဟင်"


ကလက်ဆီက သတိရကြောင်းခေါင်းငြိမ့်ပြ၏။သူမ ကလည်း လွမ်းနေကြောင်း ကလက်ဆီရဲ့ လည်ပင်ကို ဖက်ထားမိရပါသည်။ ကလက်ဆီကလည်း ဝမ်းသာအားရ သူမကို နှုတ်သီးနဲ့ ပါးကိုနမ်း၏။


"ကလက်ဆီ ငါနင်ကိုစီးချင်တယ် ရလား."


ကလက်ဆီက သဘောတူသဖြင့် ပန်း မြင်းပေါ်ကိုတက်၍ မြင်းစီးကွင်းတဲ့ဆီသို့ ကလက်ဆီနဲ့အတူ ထွက်ခဲ့သည်။မြင်းစီးကွင်းမှာ မိုးမခ လည်း မြင်းစီးနေတာကြောင့် သူမနဲ့တိုး၏။


"အကိုတော်ရဲ့မိဖုရားလောင်းပါလား မြင်းစီးထွက်လာတဲ့ဆိုတော့ ပြိုင်စီးရအောင်လား"


"ကျွန်မ စိတ်မဝင်စားဘူး အေးဆေးဘဲစီးချင်တယ်"


"အလောင်းအစားလုပ်မယ်လေး ဉပမာကျွန်တော်ရှုံးသွားရင် ခင်ဗျားခိုင်းတာလုပ်မယ်ခင်ဗျားရှုံးရင် ကျွန်တော်ခိုင်းတာလုပ်"


ပန်း ခေါင်းထဲအကြောင်းအရာတစ်ခုတွေးမိပြီး လက်ခံလိုက်၏။ထိုနောက် မိုးမခနဲ့ သူမ မြင်းစီးပြိုင်ဖို့ပြင်ကြသည်။


"ကလက်ဆီ ငါတို့နိုင်မှာဖြစ်မယ်နော်"


"ဟီးးး"


ကဲပြိုင်ပွဲစပြီး မိုးမခက သူရဲ့မြင်းကို မတရားရိုက်၍ပြေးစေ၏။ ပန်းကတော့ ကလက်ဆီရဲ့ ဇာက်ကြိုးကို ဖွဖွလေးဆွဲ၍ ပြေးစီးသည်။ပြိုင်ပွဲက အရမ်းကောင်းမွန်ပါသသည်။တစ်ဖက်မြင်းကလည်း ဒုံးပျံပမာ ပြေးသလို ကလက်ဆီကလည်း လျှပ်စီးလက်သလို အမြန်ပြေးသည်။ ပန်းရဲ့ မျက်နှာထားက တည်ငြိမ်အေးငြိမ်းလျက်ပါ။ပြိုင်ပွဲ မှာ ကလက်ဆီက အနိုင်ရသွားတာကြောင့် ပန်း မျက်နှာလှလှလေးမှာ ချစ်စဖွယ်အပြုံးလေး ပေါ်လာရပါသည်။


"ကဲ ရှင်ရှုံးပြီးနော်"


"တောက် ဒီမြင်းကိုသားသတ်ရုံပို့ပစ်မယ်!!"


"ရှုံးမဲမဲနေပြီး ကျွန်မ ခိုင်းတာလုပ်မယ်လို့ ရှင်ပြောတဲ့နော်"


"ပြော ဘာလုပ်ရမလဲ"


အရပ်မြင့်မြင့် အသား​ဖြူဖြူ ရပ်ရည်ချောမောတဲ့ မိုးမခက ပန်းထက် အသက်ငယ်မယ်ထင်ပါသည်။ပန်း ကမိန်းကလေးဖြစ်ပြီး ရုပ်ရည်နုတာကြောင့် မိုးမခကသူ့ထက်ငယ်တဲ့လိုထင်နေသည်။


"ရှင်အသက်ဘယ်လောက်လဲ"


"ဘာလုပ်မလို့လဲ ၂၀ "


"ငါထက်ငယ်တာပဲ ငါက၂၃"


"ဟေ့!! မထင်ရဘူးဗျာ ဒါဆိုရင် ခင်ဗျားကို မမလို့ခေါ်ရမှာပေါ့"


""ဒါပေါ့ ကျွန်မ ရှင်ကိုခိုင်းမှာက ရှင်ရဲ့မြင်းကျွန်မကိုပေး"


"ပေးတဲ့ဗျာ ဒီမြင်းက အသုံးကိုမကျဘူး "


"မြင်းက အသုံးကျပါတဲ့ ရှင်ကမတရားရိုက်တာကို့ "


"ခင်ဗျား ခိုင်းချင်တာ ဒါပဲလား"


"မပြီးသေးဘူး နောက်တစ်ခုကျန်သေးတဲ့ "


မိုးမခ ရဲ့မျက်နှာတွန့်ချိတ်သွားရသလို စိတ်ထဲမှာလည်း ပန်းကို အမြင်ကပ်နေလျက်ပါ။ပန်းကတော့ ဘယ်လိုလဲဆိုတဲ့ သဘောနဲ့မျက်ခုံးပင့်ပြတော့ မိုးမခကလည်း ေပြာဆိုတဲ့သဘောနဲ့ ပခုံးလှုပ်ပြ၏။သူတိုနှစ်ယောက်ရဲ့ အမှုအရာက ဆွံအနားမကြားတွေ ပြောသလိုပုံစံဖြစ်နေသည်။


"ရှင်အကိုနဲ့တစ်ပတ်တိတိ လေ့ကျင်ရေးလုပ်ရမယ်"


"ဘာ!!"


"အရမ်းမအော်ပါနဲ့ မင်းသားလေးမိုးမခ သဘောတူထားတဲ့အတိုင်းပေါ့ "


"ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး အကိုတော်နဲ့ ကျွန်တော်က သူစိမ်းတွေလိုပဲနေကြတာ"


"ရှင်ငြင်းလို့မရဘူးနော် ကျွန်မပြောသလိုမလုပ်ရင် ရှင်ကကတိမတည်တဲ့ မင်းသားတစ်ပါးလို့ လျှောက်ပြောမှာ"


"ဟာ ခင်းဗျား မညစ်နဲ့"


"ညစ်ရအောင် မိုးမခက နွားမကြီး မှမဟုတ်တာ ပြောတဲ့အတိုင်းလုပ်ဆောင်ပြပါ မင်းသားလေးမိုးမခ တာတာ့ ပြော၍ သူမ ကလက်ဆီနဲ့ မြင်းဇောင်းသို့ပြန်လာခဲ့သည်။


ထိပ်ထား အောက်လမ်းနဲ့ ဘုရင်ကြီးကို ထပ်ပြုစားပြန်သည်။အမှောင်ခန်းထဲမှာ သူမရဲ့ အသုံးအဆောင်ချထား၍ ဘုရင်ကြီးရဲ့သွေးနဲ့ အရုပ်တစ်ရုပ်ကို သုတ်၏။အရုပ်ကိုသုတ်ပြီးတော့ ကြောက်မက်ဖွယ်ရာ အသံဖြစ်


ဒီဘုရင် အသက်တော်တော့ရှည်တဲ့ အဆိပ်ခတ်တောလည်းမသေဘူး ဒီတစ်ခါတော့လုံးဝ သေစေရမယ် ဟွန့် ထိပ်ထားဒေဝီကပဲ ဧကရီတိုင်းပြည်ရဲ့ ဘုရင်မ ဖြစ်စေရမယ်"


ထိပ်ထား ထိုသို့ပြောပြီးနောက် ဂါထာရွတ်၏။ တစ်ဘက်မှာ ဘုရင်ကြီးက အကောင်းကနေ ထသောင်းကျန်းသည်။


"ငါ..ငါ..အရမ်းပူတယ်..ငါကိုရေလောင်းပေးး"


အခြွေရံတွေ အားလုံးရောက်လာပြီး ဘုရင်ကြီးကို ထိန်းရသည်။ ဘုရင်ကြီးက အရမ်းပူတယ်ဆိုပြီး သူရဲ့ခေါင်းနဲ့အုတ်နံရံကိုစောင့်ပစ်သည်။သူရိန်ကလည်း ထိုသတင်းကြားလျှင် ချက်ချင်း ခမည်းတော်ဆီသို့ရောက်လာသည်။


"ခမည်းတော်ကြီး သတိထားပါ"


"ငါအရမ်း ပူတယ် ငါကိုအပူပျောက်အောင်လုပ်ပေး"


"ရဲမက်တစ်ယောက် မင်းသမီးပန်းခက်ဆူး ကိုချက်ချင်းသွားခေါ် အမြန်!!!"


ရဲမက်လည်း သူရိန်ရဲ့ဒေါသတကြီးအော်သံအဆုံး မှာအလျင်အမြန်ပြေး၍သွားခေါ်သည်။ ပန်းကလည်း ချက်ချင်း ဘုရင်ကြီးအဆောင်သို့ လိုက်လာပါသည်။ဘုရင်ကြီး အဆောင်မှာ ပန်း မြင်လိုက်ရတဲ့မြင်ကွင်း တကယ်ကြောက်စရာကောင်းလှသည်။ ဘုရင်ကြီးရဲ့ မျက်လုံးက အနီရောင်ဖြစ်နေ၍ တွေ့သမျှလူတွေကို ဓားတစ်ချောင်းနဲ့လိုက်ခုတ်၏ လူတွေအကုန်လုံးလည်း ကြောက်လန့်တကြားထွက်ပြေးသည်။ ပန်းလည်း ဘာလုပ်ရမှန်းမသိပေဖြစ်နေတုန်း ဘုရင်ကြီးသွေးတွေအန်၍ လှဲကျသေဆုံးသွားသည်။ 


"ခမည်းတော်ကြီး. ခမည်းတော်ကြီး..ပန်းခက်ဆူး ဘာကြောင်ကြည့်နေတာလဲ အမြန် လာစမ်းသပ်ပေး!!"


သူရိန် ဒေါသကြီးစွာအော်သံအဆုံးမှ ပန်း လည်း သတိဝင်လာ၍ သွေးခုန်နှုန်းစမ်းကြည့်တော့ စမ်းမရတာကြောင့် နည်းအမျိုးမျိုးဖြစ် ကြိုးစားလုပ်ကြည့်၏။သိုသော်မရတာကြောင့် သူရိန် ကိုမျက်ရည်ကျလျက် ခေါင်းခါပြမိရသည်။


!!!ငါ ခမည်းတော်ကြီး မသေဘူး. မင်းညာနေတာ ခမည်းတော်ကြီး သားတော်ကို ထကြည့်ပါအုံးး ညီတော်နဲ့သားတော်ကို ထားမသွားပါနဲ့!!!!


သူရိန် ဘုရင်ကြီးရဲ့အလောင်းကို ပွေ့ပိုက်ဖက်၍ ငိုနေသည်။ပန်းကလည်း ေဘးနားကနေ မျက်ရည်ကျလျက် သူရိန်ရဲ့ ပခုံးကို ဖွဖွပုတ်ပေးမိရပါသည်။တိုင်းပြည်တစ်ပြည်းလုံးက ပြည်သူတွေလည်း အော်ဟစ်ငိုကြွေးကြ၏။

"


ထိပ်ထားသခင်ကလည်း လူအရုပ်လည်း လှုပ်နေရာကနေ ရပ်သွားတော့ ဝမ်းသာစွာအော်ရယ်သည်။


ဟားးး ဟားး ဧကရီရဲ့ဘုရင်ကြီးတော့သေသွားရှာပြီး မယ်တော်ကြီးကိုလည်း ငါမိဖုရားဖြစ်ရင် သတ်ရမယ် နောက်ထပ်ပြုစားရမှာက အိမ်ရှေ့မင်းသားကိုပေါ့ ဟား..ဟား အိမရှေ့မင်းသား ငါကိုချစ်ခင်နှစ်သက်မြတ်နိုးအောင်ပြုစားရမယ် ဒါဆိုရင် ငါမိဖုရားဖြစ်ပြီးပေါ့ နောက်တော့ ဘုရင်ကိုသတ်ပြီး ဘုရင်မ နေရာကိုငါဆက်ခံရမှာပေါ့ ဟားး အတွေးနဲ့တင်ပျော်စရာကြီး"


အမှောင်အခန်းထဲ အရူးတစ်ယောက်လို ရယ်မောနေတဲ့ ထိပ်ထားရဲ့မျက်နှာက သရဲမ သဖွယ်ကြောက်ဖို့ကောင်းလှပါသည်။


ဘုရင်ကြီးအလောင်းကို ပန်းပွင်လေးတွေနဲ့အလှဆင်ထားသည်။အလောင်းဘေးမှာ မိုးမခနဲ့ သူရိန် ငိုကြွေး၏။ မိုးမခကတော့ မျက်ဝန်းတွင်မျက်ရည်တွေစီးကျနေမိသည်။ ဒီနေ့တောင် ခမညျးတျောနဲ့စကားပွောဖွစျ၏်။


"ခမည်းတော်ရဲ့သားငယ် ခမည်းတော်ဆီမလာနာကြာပြီးနော်"


"သားတော်မအားလို့ပါ ခမည်းတော်"


"ခမည်းတော် တောင်ပန်းပါတယ် သားတော်ကို အလုပ်အများကြီးခိုင်းမိလို့"


ဖခင်ရဲ့တောင်ပန်းစကားကြောင့် မိုးမခ အံ့ဪသွားရသဖြင့် ခမည်းတော်ကြီးကို ကြည့်မိရသည်။ ခမည်းတော်ကြီးက သူရဲ့ခေါင်းကိုဖီဖွလေးပွတ်၍ ပြုံးပြီး


သားငယ်လေးတောင်အရွယ်ရောက်လာပြီးပဲ အရင်တုန်းက သားငယ်ကိုအရေးမပေးလို့ စိတ်မစိုးရဘူးနော် သားငယ်ကို တာဝန်မကြီးစေချင်လို့ပါ သားတော်ကြီးကို အားကိုးတာမိလို မနာလိုမဖြစ်ရဘူးနော် အခုကစပြီး သားငယ်ကို အရေးပေးမယ်"


"ခမည်းတော်ကြီးက သားတော်ကိုချစ်တယ်ပေါ့"


"ချစ်တာပေါ့ ခမည်းတော်ကြီးမှာ ဒီသားနှစ်ယောက်ပဲရှိတာကို့ မနေ့ညက အိပ်မက်မကောင်းဘူး သားတော်က ခမည်းတော်ကို လုပ်ကြံတဲ့လို အိပ်မက်မက်မိတဲ့ "


မိုးမခ မျက်နှာပျက်သွားရသည်။ သူတကယ်ပဲ မနေ့ညက ခမည်းတော်ကြီးကို လုပ်ကြံဖို့ကြိုးပမ်းတာလေ။


ခမည်းတော်ကြီးကလည်း နေမကောင်းလို ပေါက်ကရတွေလျောက်မက်တာဖြစ်မယ်"


"ဟုတ်မယ် ကဲ့သားငယ်ကို သားကြီးဘုရင်ဖြစ်တာနဲ့ အိမ်ရှေ့စံရာထူးပေးမယ် သားကြီးနန်းရွာစံရင် သားငယ် ဘုရင်လုပ်ပေါ့"


မဖြစ်နိုင်ပါဘူး အကိုတော်ကြီးက သူရဲ့သားတွေကိုပဲ ဘုရင်လုပ်ခိုင်းမှာပေါ့"


"အဲဒီလိုမဖြစ်အောင် ခမည်းတော်ကစီမံသွားမှာပေါ့ ခမည်းတော်တို့ ပညာစမ်းတဲ့အနေဖြင့် လေ့ကငျြ့ကှငျး ဓားရေးယှဉ်ကြမယ်"


မိုးမခ နေ့လယ်က အဖြစ်ကိုပြန်တွေးရင် မျက်ရည်ကျမိရသည်။ ထိုအချိန် တစ်စုံတစ်ယောက်က ပခုံးကိုလာဆုပ်ကိုင်တာကြောင့် ကြည့်လိုက်တော့ အကိုတော်ဖြစ်နေသည်။


"ညီတော် စိတ်ဖြေပါ  ညီတော်ရဲ့ဘေးနားမှာ အကိုတော်ရှိတဲ့"


ထိုစကားကြောင့် မိုးမခ သူရိန်ကိုဖက်ပြီး မျက်ရည်ကျရသည်။ ပန်းကတော့ သူတို့ညီအစ်ကိုနှစ်ဉီး ဖက်ငိုနေတာကြောင့်ဝမိးသာမိရသည်။ ဉီးရီးတော်ကြီးကတော့ ကောက်ကျစ်သောအကြံကိုကြံနေသည်။ ထိပ်ထားကတော့ အဝမ်းနည်းဆုံးလူသားအဖြစ် ရင်ဘက်စည်တီးပြီး ငိုနေသောကြောင့် ပန်း သနားမိရပါသည်။မယ်တော်ကြီးကလည်း ဝမ်းနည်းကြေကွဲစွာဖြစ် ထိပ်ထားကို ဖက်၍ငိုကြွေးနေသည်။


အိမ်ရှေ့စံမင်းသားကို ဧကရီတိုင်းပြည်ရဲ့ဘုရင်အသစ်ဖြစ်ကြောင်းကြေငြာ၏။ 


"ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ!!"


ဘုရင်အဖြစ် ခံအပ်ပွဲမှာ သူရိန် မပျော်မွေ့ရာပါ။ခမည်းတော်ကြီး တာဝန်ကိုလွှဲယူရတာကြောင် ကျေပွန်အောင်ထမ်းဆောင်မယ်လို ဆုံးဖြတ်ချက်ချသည်။ သူရိန် ခေါင်းမှာ အရမ်းလှပ၍ရတနာအစုံဖြစ်လုပ်ထားသော သရဖူကို ဆောင်းထားသည်။ မိုးမခကလည်း ဝမ်းသာစွာဖြစ်အကိုတော်ကို ကြည့်နေသည်။ 


"ဧကရီတိုင်းပြည်ရဲ့ ပြည်သူပြည်သားအားလုံး အေးချမ်းစွာနေထိုင်နိုင်ပြီး တိုင်းပြည်တိုးတက်အောင်လုပ်ဆောင်ပါမယ် ဘုရင်တစ်ယောက်အနေနဲ့ ကတိပေးပါတဲ့ တိုင်းပြည်တွေအားလုံးထဲ ဧကရီတိုင်းပြည်က ထိပ်ဆုံးဖြစ်စေရမယ်!!!"


သူရိန်စကားအဆုံးမှာတော့ ပြည်သူတွေအားလုံးက ဝိုင်း၍လက်ခုပ်တီးက သက်တော်ရာကျော်ရှည်ပါစေလို ဆုတောင်းသည်။


"အရှင် မင်းသမီးပန်း ရောက်ပါပြီး"


"ဝင်လာခဲ့"


ပန်း လည်း ကိုယ်ကိုကိုင်း၍ သူရိန်ကိုနှုတ်ဆက်သည်။


"အရှင်ကို နှုတ်ခွန်းဆက်သပါတဲ့"


"ဟား အဲဒီလောက်ထိ ရိုသေတတ်မယ်လိုမထင်ထားဘူး "


"အောင်မယ် ရှင်နော်ကျွန်မက အရိုင်းအစိုင်းမဟုတ်ဘူး"


"အခုလိုရန်တွေ့မှာ ပန်းပွင့်ငယ်တိုင်းပြည်ရဲ့မင်းသမီးပီသပါပေရဲ့"


"ကျွန်မကို ခေါ်ရတဲ့အကြောင်းအရင်းကိုပြော"


"ကြည်စမ်း ချက်ချင်း အရိုအသေမဲ့သွားပါလား"


"အဲဒီလိုဖြစ်အောင် အရှင်ပဲလုပ်တာလေး ဘာအကြောင်းကြောင့်ခေါ်တာလဲ ပြော"


"ဘုရင် ကပြန်ကြောက်ရမယ်ပုံ ငါရေချိုးတော်မူမယ် မင်းကဂျီးတွန်းပေးရမယ်"


"ရှင်နော် တစ်ခြားရံခြွေတော်တွေကိုခိုင်း  ကျွန်မ မလုပ်ပေးနိုင်ဘူး ပြိုင်ပွဲအတွက်ပြင်ဆင်ရအုံးမယ်"ပြော၍ သူမ အခန်းဆောင်ကနေထွက်မယ်ပြင်တော့ သူရိန် အနောက်ကနေ သူမကိုပွေ့ချီလိုက်သည်။


"ဟမ်"


မင်းကိုသွားခွင့်မပြုဘူး ငါနဲ့အတူ.ရေချိုးရမယ် အခုနာအမိန့်ကိုမနာခံလိုအပြစ်ပေးတာ"


"ရှင်နော် အဲလိုလုပ်လိုမရဘူး"


"ရတာပေါ့ ရလိုပဲ မင်းကို ရေချိုးတဲ့နေရာကိုခေါ်လာပြီး"


"ကျွန်မ မချိုး.."


"ဗွမ်းးး"


ပန်း စကားမဆုံးခင် ရေချိုးဇလုံထဲကို ပစ်ချခြင်းခံလိုက်ရသည်။ထိုနောက် သူရိန်ပါ ရေချိုးဇလုံထဲဝင်သည်။ ပန်းကတော့ သူရိန် ဆံပင်ကို ဆောငျ့ဆှဲပစျ၍ အမြန်ရေချိုးဇလုံကနေထွက်၍ အဝတ်စတစ်ခုကို ခြုံပြီး သူရိနိမမြင်အောင် ခုတင်အောက်ကို ဝင်ပုန်းပစ်သည်။


နောက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: